သင္ဘာေၾကာင့္ ထြန္းထြန္းေပါက္ေပါက္ မျဖစ္ေသးတာလဲ

Posted on

ေရးသားသူ – Saya Aung Ko Latt

၁။ ဆင္ေျခအရမ္းမ်ားတယ္။

တစ္ခုုခုုကိုု မလုုပ္ခ်င္ရင္၊ လုုပ္လိုုစိတ္မရိွရင္ အေၾကာင္းျပခ်က္ေတြ၊ ဆင္ေျခေတြ ရာေထာင္မက ရွာေတြ႔ႏိုုင္ပါတယ္။ တကယ့္လုုပ္ခ်င္တဲ့လူေတြအတြက္က်ေတာ့ နည္းလမ္းအၿမဲရွာေတြ႔ပါတယ္။

၂။ တစ္ခုုခုု ကိုု အၿမဲေၾကာက္တယ္။

ဆံုုးရံူးမွာေၾကာက္တယ္။ ဂုုဏ္ငယ္မွာေၾကာက္တယ္။ သူမ်ားဟားမွာကိုု ေၾကာက္တယ္။ အဆင္မေျပမွာ ေၾကာက္တယ္။ ေခတ္ပ်က္မွာက္ိုုေၾကာက္တယ္။ စသည္ျဖင့္ ေၾကာက္ျခင္းမ်ားစြာနဲ႔ ဘယ္ေတာ့မွ အေၾကာက္သံတရာကေန ရုုန္းမထြက္ေတာ့ပါဘူး။

၃။ သင္ယူဖိုု႔ ျငင္းဆန္တယ္။

လုုပ္လည္းမလုုပ္တတ္ဘူး၊ သင္ဖိုု႔လည္းအခ်ိန္မေပးခ်င္ဘူး။ ပိုုက္ဆံေတာ့ မ်ားမ်ားရခ်င္တယ္။ အခုုေ၇တြင္းတူး၊ အခုုေရၾကည္ေသာက္ခ်င္တယ္။

၄။ ခ်ီတံုုခ်တံုု ျဖစ္တယ္။

နားေယာင္လြယ္တယ္။ သူမ်ားကိုု အႀကံေတာင္းလြန္းတယ္။ ဟိုုလိုုလိုု ဒီလိုုိလုုိ ခ်ီတံုုခ်တံုု ျဖစ္တယ္။

၅။ အခ်ိန္ဆြဲတယ္။

မၿပီးဆံုုးႏိုုင္ေတာ့တဲ့ မနက္ဖန္မ်ားစြာနဲ႔ ဘယ္ေတာ့မွ မစျဖစ္ေတာ့ပါဘူး။

၆။ ေကာက္ရိုုးမီးဆန္တယ္။ အဖ်ားရူးတယ္။

ဘာလုုပ္လုုပ္၊ အစပိုုင္းအရမ္းတက္ၾကြတယ္။ ေကာက္ရိုုးမီးလိုုပါပဲ၊ ခဏေလးေတာက္တယ္။ အဖ်ားရူးရူးသြားတယ္။

ရ။ သူမ်ားျငင္းဆိုုမွာကိုု အၿမဲစိုုးရိမ္တယ္။

သူမ်ား No ေျပာမွာကိုု အရမ္းေၾကာက္တယ္။ အရမ္းစိုုးရိမ္ႀကီးတယ္။ မစခင္မွာပဲ လက္ေလွ်ာ့သြားတတ္တယ္။

၈။ ကိုုယ့္ကိုုယ္ကိုု ေဘာင္ခတ္တယ္။

ဟိုုအလုုပ္ေတာ့ မသင့္ေတာ္ဘူး၊ ဒီအလုုပ္ေတာ့ ငါ့အဆင့္နဲ႔ဆိုုရင္ သိမ္ငယ္တယ္။ ခရီးေ၀းေ၀းသြားဖိုု႔ မိဘနဲ႔ မခြဲႏိုုင္ဘူး။ အနီးအနား စက္ရံုုေတြက်ေတာ့ လုုပ္ခနည္းတယ္။ မ်က္နာငယ္မွာ ဆိုုးလိုု႔၊ အမ်ဳိးေျပာမွာေၾကာက္လိုု႔ စသည္ျဖင့္ ေဘာင္အမ်ဳိးမ်ဳိး ကေန ရုုန္းမထြက္ေတာ့ပါဘူး။

၉ ။ လက္ေတြ႔မဆန္ဘူး

အၿမဲစိတ္ကူးယဥ္တယ္။ စိတ္ကူးယဥ္တာအျပစ္မေျပာလိုုေပမဲ့ ပထမေျခလွမ္း မစျဖစ္တာကျပသနာပါ။ ကံေကာင္းမူေတြ၊ လဒ္လာပေတြ တခါထဲ နတ္သၾကားဆီက က်လာေတာ့မဲ့အတိုုင္းပါပဲ။ ကံေကာင္းေအာင္ အၿမဲေမ်ာ္လင့္ေနတဲ့လူစားမ်ဳိးပါ။ ေဗဒင္ေမး ၀ါသနာပါတဲ့လူစားမ်ဳိးပါ။ အၿမဲထီထိုုးတတ္ပါတယ္။

က်ေနာ္ကေတာ့ အခ်ဳိ႔အခ်က္ေတြၿငိေနသလိုုပဲ၊ ျပဳျပင္ရေတာ့မွာေပါ႔၊ သင္ေကာ တစ္ခ်က္ခ်က္နဲ႔ တိုုက္ဆိုုင္မိပါသလား။

Ref: WeChat
Aung Ko Latt

———————–

သင်ဘာကြောင့် ထွန်းထွန်းပေါက်ပေါက် မဖြစ်သေးတာလဲ (unicode)

ရေးသားသူ – Saya Aung Ko Latt

၁။ ဆင်ခြေအရမ်းများတယ်။

တစ်ခုခုကို မလုပ်ချင်ရင်၊ လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ၊ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။

၂။ တစ်ခုခု ကို အမြဲကြောက်တယ်။

ဆုံးရူံးမှာကြောက်တယ်။ ဂုဏ်ငယ်မှာကြောက်တယ်။ သူများဟားမှာကို ကြောက်တယ်။ အဆင်မပြေမှာ ကြောက်တယ်။ ခေတ်ပျက်မှာက်ိုကြောက်တယ်။ စသည်ဖြင့် ကြောက်ခြင်းများစွာနဲ့ ဘယ်တော့မှ အကြောက်သံတရာကနေ ရုန်းမထွက်တော့ပါဘူး။

၃။ သင်ယူဖို့ ငြင်းဆန်တယ်။

လုပ်လည်းမလုပ်တတ်ဘူး၊ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။

၄။ ချီတုံချတုံ ဖြစ်တယ်။

နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။

၅။ အချိန်ဆွဲတယ်။

မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၆။ ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်။

ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ၊ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။

ရ။ သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်။

သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။

၈။ ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်။

ဟိုအလုပ်တော့ မသင့်တော်ဘူး၊ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည်ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး။

၉ ။ လက်တွေ့မဆန်ဘူး

အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြသနာပါ။ ကံကောင်းမူတွေ၊ လဒ်လာပတွေ တခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်။

ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ၊ ပြုပြင်ရတော့မှာပေါ့၊ သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား။

Ref: WeChat
Aung Ko Latt

Leave a Reply