ကမာၻေပၚက အဆန္းျပားဆုံး အေဆာက္အဦးမ်ား

Posted on

ေရးသားသူ – Florist (Living Fashion Magazine)

(၁) ေပၚတူဂီက ေက်ာက္တုံးအိမ္
1. Stone House, Portugal

မီးခတ္ေက်ာက္နဲ႔ ဆင္ဆင္တူတဲ့ ေက်ာက္ကို အသုံးၿပဳ တည္ေဆာက္ထားတဲ့ ေပၚတူဂီက ေက်ာက္တုံးအိမ္ျဖစ္ပါတယ္။ အလြန္လက္ရာေျမာက္တဲ့ ပိသုကာ ဆရာႀကီးမ်ားက မႀကာခဏ လာေရာက္ တိုက္ခိုက္ေလ့ရွိတဲ့ ဂ်ာမန္လူရိုင္းမ်ားရဲ႔ ရန္က ကာကြယ္ဖို႔ အိမ္ကို ေက်ာက္တုံးေတြႀကား လုံလုံၿခံဳၿခံဳ လက္စြမ္းျပ တည္ေဆာက္ သိမ္းဆည္း ထုဆစ္ထားဟန္ရွိတယ္။ က်ည္ဆန္ေတြရဲ႔ ဒါဏ္က ခံႏိုင္ရည္ရွိေစတဲ့ ျပတင္းတံခါးေတြရယ္ ခိုင္မာေတာင့္တင္းတဲ့ စတီး လူ၀င္တံခါးေတြရယ္ ပါရွိေနျပန္တယ္။

အထဲမွာ ငုံထားတဲ့ လူေနအိမ္ကေလးက လွပေသသပ္ၿပီး ခ်စ္စရာေကာင္းတယ္။သက္ေတာင့္သက္သာ ရွိတယ္။ မီးဖိုေနရာနဲ့ အျခားလိုအပ္တဲ့ အသုံးအေဆာင္ပစၥည္းမ်ားလည္းပါရွိတယ္။ မယုံၿကည္ႏိုင္စရာပါပဲ။ အိမ္ကေလးကေခတ္ႏွင့္အညီတည္ေဆာက္ထားေသာ္လည္း ေက်ာက္ေခတ္စတိုင္ ပုံစံကေလးကို မပ်က္ယြင္းေစခဲ့ဘူး ။

2. Dancing Building, Czech Republic

ခ်က္သမၼတႏိုင္ငံက ဒန္းစင္း ဘစ္လ္ဒင္း ကေနတဲ့ အေဆာက္အဦ ဆိုပါလား။ဘယ္လိုပါလိမ့္။ သူ႔ကို ဒန္းစင္းဘစ္လ္ဒင္း လို႔ အမ်ားက ေခၚေ၀ၚေနႀကေပမဲ့ တကယ္က “ၤFred and Ginger”လို႔ ေခၚတာပါ။ တည္ရွိတဲ့ေနရာက ခ်က္သမၼတႏိုင္ငံ ပရတ္ၿမိဳ႕မွာပါ။ ဗိသုကာဆရာေတြရဲ႔ အံ့ႀသဖြယ္ အထူးၿပဳလုပ္ခ်က္ ျဖစ္ပါတယ္။ အိပ္မက္ဆန္ၿပီး က်က္သေရ အေပါင္းနဲ႔ ျပည့္စုံေနပါသတဲ့။

Dancing House in Prague

တစ္ခုကို တစ္ခု မွီခို ကပ္ယပ္ေနပံု ထူးဆန္းတာေႀကာင့္ ကႀကိဳးကကြက္တခုလုိ ယိမ္းႏြဲ႔ေနဟန္ရွိတယ္လို႔ ျမင္ေနႀကပါတယ္ တဲ့။ ဒီဇိုင္းရွင္က ေတာ့ Vlado Milunic ၿဖစ္ၿပီး Frank Gehryႏွင့္ ပူးတြဲ တီထြင္ ေဆာက္လုပ္ခဲ့တာပါ။ သူ႔စတိုင္က အံ့ႀသဖြယ္မေကာင္းပါလား။ ခ်က္သမၼတႏိုင္ငံရဲ႔ သေကၤတတခုျဖစ္ပါတယ္တဲ့။ လူတိုင္းက လက္ဖ်ားခါရတဲ့ အေဆာက္အဦ ေပါ့။

3. La Pedrera, Spain

စပိန္ႏိုင္ငံ ဘာစီလိုနာက အေဆာက္အဦးပါ။ လာပီထရီရာ ဒါမွမဟုတ္ ကာဆာမီလာအေဆာက္အဦျဖစ္ပါတယ္။ဒီဇိုင္းဆရာက အန္တိုနီဂူဒီ ျဖစ္ပါတယ္။သူက စိတ္ကူးခပ္ယဥ္ယဥ္ရယ္။ဒီအေဆာက္အဦကို မဂၤလာ သတို႔ သမီး သတို႔႔သားမ်ားအတြက္ အထူးတလည္ စီစဥ္ထားတာျဖစ္ပါတယ္။ စတိုင္ကေတာ့ အက်သား။ ကမၻာတလႊားက ခရီးသြားဧည့္သည္မ်ား တေမ့တေမာ တအံတႀသ ေငးႀက့ည္ႀကရပါသတဲ့။ အထူးေျပာင္ေျမာက္္လွတဲ့ လက္ရာမ်ားပါပဲ။

4. Forest Spiral – Hundertwasser Building, Germany

ဂ်ာမဏီ ႏိုင္ငံက Hundertwasser Building ပါ။တခုနဲ့တခု လိမ္္က်စ္ပတ္ရစ္ခ်ိတ္ဆက္ ခိုင္မာစြာ တည္ေဆာက္ထားပါတယ္။ Forest Spiral လို႔လည္း ေခၚပါတယ္။ေႏြးေထြးၿပီး သက္ေတာင့္သက္သာရွိတယ္။စမတ္လည္းက်တယ္။ဒီဇိုင္းနာ Friedensreich Hundertwasser ဟာ အႏုသုခုမဆရာစစ္စစ္ ျဖစ္တဲ့အတိုင္း ေျပာင္ေျမာက္ဆန္းသစ္တဲ့ လက္ရာေတြကို တီထြင္ ဖန္တီးႏိုင္ခဲ့တယ္။ၿပီးျပည့္စုံတဲ့ ဗိသုကာ ဆရာႀကီးမ်ားပါပဲ။

5. Cathedral of Brasilia, Brazil

ဘရာဇီးႏိုင္ငံက ဘုရားေက်ာင္းပါ။ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ႀကီးစီရင္စု နယ္ေျမအတြင္းမွာတည္ရွိၿပီး ဒီဇိုင္းဆရာ ေအာ္စကာ နီမီယာရဲ႔ ခန္းနားသိုက္ၿမိဳက္ ထယ္၀ါလြန္းတဲ့ အ့ံဖြယ္ အေဆာက္အဦးပါ။မီးအလင္းေပးမွဳ အကြက္ေစ့ၿပီး လူတိုင္းအျမင္မွာ တင့္တယ္လွပျခင္းရွိသတဲ့။

6. National Centre for the Performing Arts, China

ဒါက တရုတ္ျပည္က ပါေဖာမင့္မ်ားျပသရာ ေနရွင္နယ္စင္တာ တဲ့။ NCPAပါ။ ၆ႏွစ္လုံးလုံး အခ်ိန္ယူ တည္ေဆာက္ခဲ့ရတာပါ။၂၀၀၁မွာ တည္ေဆာက္ခဲံၿပီး ၂၀၀၇မွ ၿပီးစီးခဲ့တယ္။ ဒီပေရာဂ်က္ကို အေကာင္အထည္ေဖၚခဲ့သူက ေပါ အင္ထရူး ပါတဲ့။ သာမန္ ရွိရိုးရွိစဥ္ထက္ ပိုမို လြန္ကဲတဲ့ ဥသ႑ာန္ အေဆာက္အဦပါ။ လူတို႔ၿပဳျပင္ ဖန္တီးထားတဲ့ ေရကန္ တစ္ခုႏွယ္ တိုက္တယ္နီယန္ ႏွင့္ ဖန္သားတို႔ကို ေရာေႏွာဆက္စပ္ တည္ေဆာက္ထားတယ္ ။ တကယ့္ အံ့ဖြယ္ပါပဲ။

Florist (Living Fashion Magazine)
My-World Phyo Phyo Blog

———————-

ကမ္ဘာပေါ်က အဆန်းပြားဆုံး အဆောက်အဦးများ (unicode)

ရေးသားသူ – Florist (Living Fashion Magazine)

(၁)ပေါ်တူဂီက ကျောက်တုံးအိမ်
1. Stone House, Portugal

မီးခတ်ကျောက်နဲ့ ဆင်ဆင်တူတဲ့ ကျောက်ကို အသုံးပြု တည်ဆောက်ထားတဲ့ ပေါ်တူဂီက ကျောက်တုံးအိမ်ဖြစ်ပါတယ်။ အလွန်လက်ရာမြောက်တဲ့ ပိသုကာ ဆရာကြီးများက မကြာခဏ လာရောက် တိုက်ခိုက်လေ့ရှိတဲ့ ဂျာမန်လူရိုင်းများရဲ့ ရန်က ကာကွယ်ဖို့ အိမ်ကို ကျောက်တုံးတွေကြား လုံလုံခြုံခြုံ လက်စွမ်းပြ တည်ဆောက် သိမ်းဆည်း ထုဆစ်ထားဟန်ရှိတယ်။ ကျည်ဆန်တွေရဲ့ ဒါဏ်က ခံနိုင်ရည်ရှိစေတဲ့ ပြတင်းတံခါးတွေရယ် ခိုင်မာတောင့်တင်းတဲ့ စတီး လူဝင်တံခါးတွေရယ် ပါရှိနေပြန်တယ်။
အထဲမှာ ငုံထားတဲ့ လူနေအိမ်ကလေးက လှပသေသပ်ပြီး ချစ်စရာကောင်းတယ်။သက်တောင့်သက်သာ ရှိတယ်။ မီးဖိုနေရာနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းများလည်းပါရှိတယ်။ မယုံကြည်နိုင်စရာပါပ။ဲ
အိမ်ကလေးကခေတ်နှင့်အညီတည်ဆောက်ထားသော်လည်း ကျောက်ခေတ်စတိုင် ပုံစံကလေးကို မပျက်ယွင်းစေခဲ့ဘူး ။

2. Dancing Building, Czech Republic

ချက်သမ္မတနိုင်ငံက ဒန်းစင်း ဘစ်လ်ဒင်း ကနေတဲ့ အဆောက်အဦ ဆိုပါလား။ဘယ်လိုပါလိမ့်။ သူ့ကို ဒန်းစင်းဘစ်လ်ဒင်း လို့ အများက ခေါ်ဝေါ်နေကြပေမဲ့ တကယ်က “ၤFred and Ginger”လို့ ခေါ်တာပါ။ တည်ရှိတဲ့နေရာက ချက်သမ္မတနိုင်ငံ ပရတ်မြို့မှာပါ။ ပိသုကာဆရာတွေရဲ့ အံ့ဩဖွယ် အထူးပြုလုပ်ချက် ဖြစ်ပါတယ်။ အိပ်မက်ဆန်ပြီး ကျက်သရေ အပေါင်းနဲ့ ပြည့်စုံနေပါသတဲ့။ တစ်ခုကို တစ်ခု မှီခို ကပ်ယပ်နေပုံ ထူးဆန်းတာကြောင့် ကကြိုးကကွက်တခုလို ယိမ်းနွဲ့နေဟန်ရှိတယ်လို့ မြင်နေကြပါတယ် တဲ့။ ဒီဇိုင်းရှင်က တော့ Vlado Milunic ဖြစ်ပြီး Frank Gehryနှင့် ပူးတွဲ တီထွင် ဆောက်လုပ်ခဲ့တာပါ။ သူ့စတိုင်က အံ့ဩဖွယ်မကောင်းပါလား။ ချက်သမ္မတနိုင်ငံရဲ့ သင်္ကေတတခုဖြစ်ပါတယ်တဲ့။ လူတိုင်းက လက်ဖျားခါရတဲ့ အဆောက်အဦ ပေါ့။

3. La Pedrera, Spain

စပိန်နိုင်ငံ ဘာစီလိုနာက အဆောက်အဦပါ။ လာပီထရီရာ ဒါမှမဟုတ် ကာဆာမီလာအဆောက်အဦဖြစ်ပါတယ်။ဒီဇိုင်းဆရာက အန်တိုနီဂူဒီ ဖြစ်ပါတယ်။သူက စိတ်ကူးခပ်ယဉ်ယဉ်ရယ်။ဒီအဆောက်အဦကို မင်္ဂလာ သတို့ သမီး သတို့သားများအတွက် အထူးတလည် စီစဉ်ထားတာဖြစ်ပါတယ်။ စတိုင်ကတော့ အကျသား။ ကမ္ဘာတလွှားက ခရီးသွားဧည့်သည်များ တမေ့တမော တအံတဩ ငေးကြ့ည်ကြရပါသတဲ့။ အထူးပြောင်မြောက်လှတဲ့ လက်ရာများပါပဲ။

4. Forest Spiral – Hundertwasser Building, Germany

ဂျာမဏီ နိုင်ငံက Hundertwasser Building ပါ။တခုနဲ့တခု လိမ်ကျစ်ပတ်ရစ်ချိတ်ဆက် ခိုင်မာစွာ တည်ဆောက်ထားပါတယ်။ Forest Spiral လို့လည်း ခေါ်ပါတယ်။နွေးထွေးပြီး သက်တောင့်သက်သာရှိတယ်။စမတ်လည်းကျတယ်။ဒီဇိုင်းနာ Friedensreich Hundertwasser ဟာ အနုသုခုမဆရာစစ်စစ် ဖြစ်တဲ့အတိုင်း ပြောင်မြောက်ဆန်းသစ်တဲ့ လက်ရာတွေကို တီထွင် ဖန်တီးနိုင်ခဲ့တယ်။ပြီးပြည့်စုံတဲ့ ပိသုကာ ဆရာကြီးများပါပဲ။

5. Cathedral of Brasilia, Brazil

ဘရာဇီးနိုင်ငံက ဘုရားကျောင်းပါ။ဂိုဏ်းချုပ်ဘုန်းတော်ကြီးစီရင်စု နယ်မြေအတွင်းမှာတည်ရှိပြီး ဒီဇိုင်းဆရာ အော်စကာ နီမီယာရဲ့ ခန်းနားသိုက်မြိုက် ထယ်ဝါလွန်းတဲ့ အံ့ဖွယ် အဆောက်အဦးပါ။မီးအလင်းပေးမှု အကွက်စေ့ပြီး လူတိုင်းအမြင်မှာ တင့်တယ်လှပခြင်းရှိသတဲ့။

6. National Centre for the Performing Arts, China

ဒါက တရုတ်ပြည်က ပါဖောမင့်များပြသရာ နေရှင်နယ်စင်တာ တဲ့။ NCPAပါ။ ၆နှစ်လုံးလုံး အချိန်ယူ တည်ဆောက်ခဲ့ရတာပါ။၂၀၀၁မှာ တည်ဆောက်ခံပြီး ၂၀၀၇မှ ပြီးစီးခဲ့တယ်။ ဒီပရောဂျက်ကို အကောင်အထည်ဖေါ်ခဲ့သူက ပေါ အင်ထရူး ပါတဲ့။ သာမန် ရှိရိုးရှိစဉ်ထက် ပိုမို လွန်ကဲတဲ့ ဥသဏ္ဍာန် အဆောက်အဦပါ။ လူတို့ပြုပြင် ဖန်တီးထားတဲ့ ရေကန် တစ်ခုနှယ် တိုက်တယ်နီယန် နှင့် ဖန်သားတို့ကို ရောနှောဆက်စပ် တည်ဆောက်ထားတယ် ။ တကယ့် အံ့ဖွယ်ပါပဲ။

Florist (Living Fashion Magazine)
My-World Phyo Phyo Blog

Leave a Reply