ေနာက္ ၁၀ ႏွစ္ၾကာလွ်င္ သင့္ကုိေနာင္တရေစမယ့္ အရာမ်ား

Posted on

ေရးသားသူ – Saya Aung Ko Latt

တကယ္လိုု႔ ေနာက္ ၁၀ ႏွစ္က်ရင္ သင္ဒါေတြေၾကာင့္ ေနာင္တရမယ္ဆိုုတာကိုု သင္ယခုုသိမယ္ဆိုုရင္ သင္ျပဳျပင္ႏိုုင္မလား။ ေဆြးေႏြးၾကည့္ၾကရေအာင္……….

၁။ မ်က္နာဖံုုးစြပ္ၿပီး အသက္ရွင္ေနထိုုင္ျခင္း

သူမ်ားရဲ႕အထင္အျမင္ကိုု အထူးအေလးထားမယ္။ သူမ်ားေ၀ဖန္မူကိုု အၿမဲစိုုးရိမ္ေနမယ္။ သူမ်ားအလိုုက် အသက္ရွင္ေနထိုုင္မယ္။သူမ်ားအထင္ႀကီးတဲ့ ပံုုစံအတိုုင္း ေနထုုိင္ျပမယ္ ဆိုုရင္ ေနာက္ဆံုုးေတာ့ ဟန္ေဆာင္မွန္းမသိ ဟန္ေဆာင္မိၿပီးသားျဖစ္သြားပါတယ္။ ကိုုယ့္ကိုုယ္ကိုု ေပ်ာက္ဆံုုးၿပီး ဂုုဏ္၊ အဆင့္အတန္း၊ အတန္းအစား စတဲ့ အတုုအေယာင္ေတြၾကားမွာ ဟိုုတူညီ၀တ္စံုု၀တ္လိုုက္၊ ဒီဖြင့္ပြဲသြားလိုုက္၊ ဟိုုေန႔စုုေ၀းလုုိက္ ဟိုုဟာ၀ိုုင္းစားလိုုက္၊ ဓါတ္ပံုုတင္လိုုက္၊ ဒီေန႔စုုေ၀းလိုုက္႔၊ ဒီဆိုုင္မွာစားလိုုက္၊ ဓါတ္ပံုုတင္လိုုက္နဲ႔ တ၀ဲလည္လည္ႏြံနစ္သလိုုပါပဲ ႏွစ္ေလနက္ေလ ျဖစ္သြားပါေတာ့တယ္။ ကိုုယ္တကယ္တန္ဖိုုးထားရမဲ့ ကိုုယ့္အိမ္ေထာင္ေရး၊ သားေရးသမီးေရးေတြ အာလံုုးလစ္ဟင္းကုုန္ပါေတာ့တယ္။

၂။ အျခားသူမ်ားမွ မိမိအိမ္မက္ကိုု အေကာင္အထည္ေဖၚေစျခင္း

လူဆိုုတာ အလြန္အံံ့ၾသစရာေကာင္းပါတယ္။ ကိုုယ့္စိတ္ကိုု ကိုုယ္မနိုုင္ရင္ သူမ်ားႏိုုင္သြားပါလိမ့္မယ္။ ကိုုယ့္ဘ၀ကိုု ကိုုယ္ကပဲ့မကိုုင္ရင္၊ သူမ်ားပဲ့ကိုုင္တဲ့ေနာက္ကိုု တေကာက္ေကာက္ လိုုက္ရပါလိမ့္မယ္။ အဲဒါေၾကာင့္ ကိုုယ့္ကိုုယ္ကိုု ယံုုၾကည္တဲ့စိတ္ အရင္ေမြးျမဴ ရပါလိ္္မ့္မယ္။

၃။ အဆိုုးျမင္ အပ်က္သေဘာ ေဆာင္တဲ့လူနဲ႔ အေဖၚ ျပဳျခင္း

စိတ္ညစ္စရာ၊ ပူေဆြးစရာ ခံစားခ်က္မ်ားဟာ ပတ္၀န္းက်င္ကိုု အလြန္ကူးစက္လြယ္ပါတယ္။ အစိုုးရ မေကာင္းဘူး၊ ေခတ္မေကာင္းဘူး၊ ေက်ာင္းမေကာင္းဘူး၊ လူေတြမေကာင္းဘူး၊ အိမ္သားမ်ား မေကာင္းဘူး၊ စသည္ျဖင့္ အဆိုုးျမင္သမားေတြ ရဲ႕မ်က္စိထဲမွာ ဘာတစ္ခုုမွ အေကာင္းမျမင္တတ္ပါ။ အဲဒီအဆိုုးျမင္ အပ်က္ထင္တဲ့ အက်င့္ကူူးသြားရင္ ဘာလုုပ္လုုပ္ အဆင္မေျပေတာ့ပါ။ အဲဒါေၾကာင့္ အဆိုုးျမင္တဲ့လူနဲ႔ ေတြ႔ရင္ အျမန္ေရွာင္ရွားထားပါ။ အဆိုုးျမင္တဲ့စကားမ်ားဟာ အမိုုက္ေတြပါ။ ကိုုယ္အမိုုက္ပံုုးျဖစ္တာၾကာသြားရင္ အမိႈက္ပုံပါ။ အမိႈက္ကိုက္လိုု႔ အမိုုက္ျဖစ္သြားပါေတာ့တယ္။

၄။ အတၱဆန္ျခင္း

လူ႔ဘ၀မွာ ေပ်ာ္ရႊင္စရာ အေကာင္းဆံုုးအခ်ိန္အခါဟာ ကိုုယ္နွစ္သက္တဲ့ အရာတစ္ခုုခုုကိုု သူမ်ားနဲ႔ အထူးသျဖင့္ ကိုုယ္ခ်စ္တဲ့လူမ်ားနဲ႔ မ်ွေ၀ခံစားရျခင္းပဲ ျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ ကိုုယ့္အတြက္ခ်ည္းပဲ ကိုုယ္ၾကည့္တယ္ဆိုုရင္ အတၱႀကီးၿပီး တယူသန္သြားပါေတာ့တယ္။ ေလာကႀကီးမွာ မိမိအတြက္ေသာ္၎၊ ပတ္၀န္းက်င္အတြက္ေသာ္၎၊ အက်ဳိးအယုုတ္ေစဆံုုးေသာ လူမ်ားဟာ ထိုု အတၱႀကီးတဲ့ လူမ်ားသာျဖစ္ပါတယ္။ မည္သည့္အတၱမွ် လူ႔ဘ၀ကိုု ေကာင္းက်ဳိးမေပးပါ။

၅။ အလြယ္တကူ အရံူးေပးျခင္း

ေအာင္ျမင္ဖိုု႔အတြက္ အေတြ႔အႀကံဳလိုုပါတယ္။ အေတြ႔အႀကံဳဆိုုတာ အခက္အခဲ အတားအဆီး နဲ႔ ဆံုုးရံူးမူၾကားထဲကေန ရရိွလာတာပါ။ အဲဒါေၾကာင့္ အႀကိမ္ႀကိမ္ဆံုုးရံူးမွ အႀကိမ္ႀကိမ္ အေတြ႔အႀကံဳ ရရိွၿပီး ေနာက္ဆံုုးမွ ေအာင္ျမင္သြားတဲ့ ပံုုျပင္ေတြ ခဏခဏ ၾကားဖူးၾကမွာပါ။ အလြယ္တကူ အရံူးေပးလိုုက္ေတာ့ ဘယ္ကေန အေတြ႔အႀကံဳ ရေတာ့မွာလဲ။

၆။ ေရာင့္ရဲလြယ္လြန္းျခင္း

ေရာင့္ရဲျခင္းဟာ ဘ၀ေပ်ာ္ရႊင္မူ အတြက္ အလြန္အေရးပါတဲ့ အရည္အခ်င္း တစ္ရပ္လိုု႔ ဆိုုေပမဲ့ ေရာင့္ရဲလြယ္ျခင္းဟာ ေအာင္ျမင္မူ႔အတြက္ အဟန္႔အတားျဖစ္တတ္ပါတယ္။ နည္းနည္းေလး အဆင္ေျပတာနဲ႔၊ နည္းနည္းေလး ေအာင္ျမင္လိုုက္တာနဲ႔ ကမၻာႀကီးက ဤမွ်သာဆိုုၿပီး ေရတြင္းထဲက ဖားသူငယ္လိုု ကိုုယ့္ကိုုယ္ကိုု ဟုုတ္လွၿပီလိုု႔ ေအာင့္ေမ့တတ္ပါတယ္။ အဲလိုု ဘ၀င္ျမင့္လိုုက္တာနဲ႔ တိုုးတက္မူဟာလည္း ရပ္တန္႔သြားပါေတာ့တယ္။

၇။ အခ်ိန္ဆြဲျခင္း

အခ်ိန္ဆိုုတာမ်ဳိးက ကိုုယ္ထင္သေလာက္မမ်ားပါဘူး။ အသက္ ၈၀ အထိ အသက္ရွင္တာေတာင္မွ ရက္ေပါင္း သံုုးေသာင္းေလာက္ပဲ ရိွပါတယ္။ ငယ္ရြယ္တဲ့အခ်ိန္၊ ေက်ာင္းတက္တဲ့ အခိ်န္၊ အိုုမင္းတဲ့ အခ်ိန္ အားလံုုးကိုု ႏူတ္လိုုက္ရင္ အလုုပ္လုုပ္လိုု႔ ေကာင္းတဲ့ အခ်ိန္ ဘယ္ေလာက္မွ မရိွပါဘူး။ မနက္ဖန္က်မွ၊ မနက္ဖန္က်မွ ဆိုုၿပီး အခ်ိန္ဆြဲတတ္တဲ့ သူမ်ားဟာ ဘယ္ေတာ့မွ မၿပီးဆံုုးႏိုုင္ေတာ့တဲ့ “ မနက္ဖန္” ထဲမွာပဲ ၿပီးဆံုုးသြားပါေတာ့တယ္။

၈။ ပ်င္းရိျခင္း

ပ်င္းရိျခင္းဟာ အလြန္ေၾကာက္စရာ ေကာင္းတဲ့ ေရာဂါဆိုုးတစ္မ်ဳိးျဖစ္ပါတယ္။ မနက္ ၉ နာရီခြဲမွ အလုုပ္ဆင္းတယ္။ ၁၀ ခြဲဆိုုရင္ လၻက္ရည္ေသာက္ခ်ိန္ေရာက္ၿပီ။ ၁၁ နာရီမွာ ျပန္အလုုပ္ဆင္းတယ္။ ၁၂ မထိုုးခင္မွာ ထမင္းစားခ်ိ္န္ေရာက္ၿပီ။ ေန႔လည္ ၂ နာရီက်မွ အလုုပ္ျပန္ဆင္းတယ္။ ၄ နာရီေက်ာ္ေက်ာ္ဆိုုရင္ ေရမိုုးခ်ဳိးၿပီး အိမ္ျပန္ဖိုု႔ ျပင္ဆင္ၿပီ။ ဒါေတာင္မွ ဟိုုပစၥည္းျပတ္လိုု႔ ၊ ဒီအသံုုးအေဆာင္မရိွလိုု႔ တစ္ေယာက္ပစၥည္းထြက္၀ယ္ရင္ ေနာက္ကလူေတြ တစ္ပံုုႀကီး ေစာင့္ဆိုုင္းေနတာမ်ဳိး ထည့္မတြက္ေသးပါ။ ဒီလိုုသာ ပ်င္းရိေနမယ္ဆိုုရင္ ဘယ္မွာတိုုးတက္ႏိုုင္တဲ့နည္းလမ္း ရွာေတြ႔မလဲ။

Ref: WeChat
Aung Ko Latt

———————-

နောက် ၁၀ နှစ်ကြာလျှင် သင့်ကိုနောင်တရစေမယ့် အရာများ (unicode)

ရေးသားသူ – Saya Aung Ko Latt

တကယ်လို့ နောက် ၁၀ နှစ်ကျရင် သင်ဒါတွေကြောင့် နောင်တရမယ်ဆိုတာကို သင်ယခုသိမယ်ဆိုရင် သင်ပြုပြင်နိုင်မလား။ ဆွေးနွေးကြည့်ကြရအောင်……….

၁။ မျက်နာဖုံးစွပ်ပြီး အသက်ရှင်နေထိုင်ခြင်း

သူများရဲ့အထင်အမြင်ကို အထူးအလေးထားမယ်။ သူများဝေဖန်မူကို အမြဲစိုးရိမ်နေမယ်။ သူများအလိုကျ အသက်ရှင်နေထိုင်မယ်။သူများအထင်ကြီးတဲ့ ပုံစံအတိုင်း နေထိုင်ပြမယ် ဆိုရင် နောက်ဆုံးတော့ ဟန်ဆောင်မှန်းမသိ ဟန်ဆောင်မိပြီးသားဖြစ်သွားပါတယ်။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးပြီး ဂုဏ်၊ အဆင့်အတန်း၊ အတန်းအစား စတဲ့ အတုအယောင်တွေကြားမှာ ဟိုတူညီဝတ်စုံဝတ်လိုက်၊ ဒီဖွင့်ပွဲသွားလိုက်၊ ဟိုနေ့စုဝေးလိုက် ဟိုဟာဝိုင်းစားလိုက်၊ ဓါတ်ပုံတင်လိုက်၊ ဒီနေ့စုဝေးလိုက့်၊ ဒီဆိုင်မှာစားလိုက်၊ ဓါတ်ပုံတင်လိုက်နဲ့ တဝဲလည်လည်နွံနစ်သလိုပါပဲ နှစ်လေနက်လေ ဖြစ်သွားပါတော့တယ်။ ကိုယ်တကယ်တန်ဖိုးထားရမဲ့ ကိုယ့်အိမ်ထောင်ရေး၊ သားရေးသမီးရေးတွေ အာလုံးလစ်ဟင်းကုန်ပါတော့တယ်။

၂။ အခြားသူများမှ မိမိအိမ်မက်ကို အကောင်အထည်ဖေါ်စေခြင်း

လူဆိုတာ အလွန်အံ့ဩစရာကောင်းပါတယ်။ ကိုယ့်စိတ်ကို ကိုယ်မနိုင်ရင် သူများနိုင်သွားပါလိမ့်မယ်။ ကိုယ့်ဘဝကို ကိုယ်ကပဲ့မကိုင်ရင်၊ သူများပဲ့ကိုင်တဲ့နောက်ကို တကောက်ကောက် လိုက်ရပါလိမ့်မယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ် အရင်မွေးမြူ ရပါလိ်မ့်မယ်။

၃။ အဆိုးမြင် အပျက်သဘော ဆောင်တဲ့လူနဲ့ အဖေါ် ပြုခြင်း

စိတ်ညစ်စရာ၊ ပူဆွေးစရာ ခံစားချက်များဟာ ပတ်ဝန်းကျင်ကို အလွန်ကူးစက်လွယ်ပါတယ်။ အစိုးရ မကောင်းဘူး၊ ခေတ်မကောင်းဘူး၊ ကျောင်းမကောင်းဘူး၊ လူတွေမကောင်းဘူး၊ အိမ်သားများ မကောင်းဘူး၊ စသည်ဖြင့် အဆိုးမြင်သမားတွေ ရဲ့မျက်စိထဲမှာ ဘာတစ်ခုမှ အကောင်းမမြင်တတ်ပါ။ အဲဒီအဆိုးမြင် အပျက်ထင်တဲ့ အကျင့်ကူးသွားရင် ဘာလုပ်လုပ် အဆင်မပြေတော့ပါ။ အဲဒါကြောင့် အဆိုးမြင်တဲ့လူနဲ့ တွေ့ရင် အမြန်ရှောင်ရှားထားပါ။ အဆိုးမြင်တဲ့စကားများဟာ အမိုက်တွေပါ။ ကိုယ်အမိုက်ပုံးဖြစ်တာကြာသွားရင် အမှိုက်ပုံပါ။ အမှိုက်ကိုက်လို့ အမိုက်ဖြစ်သွားပါတော့တယ်။

၄။ အတ္တဆန်ခြင်း

လူ့ဘဝမှာ ပျော်ရွှင်စရာ အကောင်းဆုံးအချိန်အခါဟာ ကိုယ်နှစ်သက်တဲ့ အရာတစ်ခုခုကို သူများနဲ့ အထူးသဖြင့် ကိုယ်ချစ်တဲ့လူများနဲ့ မျှဝေခံစားရခြင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ ကိုယ့်အတွက်ချည်းပဲ ကိုယ်ကြည့်တယ်ဆိုရင် အတ္တကြီးပြီး တယူသန်သွားပါတော့တယ်။ လောကကြီးမှာ မိမိအတွက်သော်၎င်း၊ ပတ်ဝန်းကျင်အတွက်သော်၎င်း၊ အကျိုးအယုတ်စေဆုံးသော လူများဟာ ထို အတ္တကြီးတဲ့ လူများသာဖြစ်ပါတယ်။ မည်သည့်အတ္တမျှ လူ့ဘဝကို ကောင်းကျိုးမပေးပါ။

၅။ အလွယ်တကူ အရူံးပေးခြင်း

အောင်မြင်ဖို့အတွက် အတွေ့အကြုံလိုပါတယ်။ အတွေ့အကြုံဆိုတာ အခက်အခဲ အတားအဆီး နဲ့ ဆုံးရူံးမူကြားထဲကနေ ရရှိလာတာပါ။ အဲဒါကြောင့် အကြိမ်ကြိမ်ဆုံးရူံးမှ အကြိမ်ကြိမ် အတွေ့အကြုံ ရရှိပြီး နောက်ဆုံးမှ အောင်မြင်သွားတဲ့ ပုံပြင်တွေ ခဏခဏ ကြားဖူးကြမှာပါ။ အလွယ်တကူ အရူံးပေးလိုက်တော့ ဘယ်ကနေ အတွေ့အကြုံ ရတော့မှာလဲ။

၆။ ရောင့်ရဲလွယ်လွန်းခြင်း

ရောင့်ရဲခြင်းဟာ ဘ၀ပျော်ရွှင်မူ အတွက် အလွန်အရေးပါတဲ့ အရည်အချင်း တစ်ရပ်လို့ ဆိုပေမဲ့ ရောင့်ရဲလွယ်ခြင်းဟာ အောင်မြင်မူ့အတွက် အဟန့်အတားဖြစ်တတ်ပါတယ်။ နည်းနည်းလေး အဆင်ပြေတာနဲ့၊ နည်းနည်းလေး အောင်မြင်လိုက်တာနဲ့ ကမ္ဘာကြီးက ဤမျှသာဆိုပြီး ရေတွင်းထဲက ဖားသူငယ်လို ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အောင့်မေ့တတ်ပါတယ်။ အဲလို ဘဝင်မြင့်လိုက်တာနဲ့ တိုးတက်မူဟာလည်း ရပ်တန့်သွားပါတော့တယ်။

၇။ အချိန်ဆွဲခြင်း

အချိန်ဆိုတာမျိုးက ကိုယ်ထင်သလောက်မများပါဘူး။ အသက် ၈၀ အထိ အသက်ရှင်တာတောင်မှ ရက်ပေါင်း သုံးသောင်းလောက်ပဲ ရှိပါတယ်။ ငယ်ရွယ်တဲ့အချိန်၊ ကျောင်းတက်တဲ့ အချိန်၊ အိုမင်းတဲ့ အချိန် အားလုံးကို နူတ်လိုက်ရင် အလုပ်လုပ်လို့ ကောင်းတဲ့ အချိန် ဘယ်လောက်မှ မရှိပါဘူး။ မနက်ဖန်ကျမှ၊ မနက်ဖန်ကျမှ ဆိုပြီး အချိန်ဆွဲတတ်တဲ့ သူများဟာ ဘယ်တော့မှ မပြီးဆုံးနိုင်တော့တဲ့ “ မနက်ဖန်” ထဲမှာပဲ ပြီးဆုံးသွားပါတော့တယ်။

၈။ ပျင်းရိခြင်း

ပျင်းရိခြင်းဟာ အလွန်ကြောက်စရာ ကောင်းတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပါတယ်။ မနက် ၉ နာရီခွဲမှ အလုပ်ဆင်းတယ်။ ၁၀ ခွဲဆိုရင် လ္ဘက်ရည်သောက်ချိန်ရောက်ပြီ။ ၁၁ နာရီမှာ ပြန်အလုပ်ဆင်းတယ်။ ၁၂ မထိုးခင်မှာ ထမင်းစားခ်ျိန်ရောက်ပြီ။ နေ့လည် ၂ နာရီကျမှ အလုပ်ပြန်ဆင်းတယ်။ ၄ နာရီကျော်ကျော်ဆိုရင် ရေမိုးချိုးပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပြီ။ ဒါတောင်မှ ဟိုပစ္စည်းပြတ်လို့ ၊ ဒီအသုံးအဆောင်မရှိလို့ တစ်ယောက်ပစ္စည်းထွက်ဝယ်ရင် နောက်ကလူတွေ တစ်ပုံကြီး စောင့်ဆိုင်းနေတာမျိုး ထည့်မတွက်သေးပါ။ ဒီလိုသာ ပျင်းရိနေမယ်ဆိုရင် ဘယ်မှာတိုးတက်နိုင်တဲ့နည်းလမ်း ရှာတွေ့မလဲ။

Ref: WeChat
Aung Ko Latt

Leave a Reply