ျပင္သစ္အား အဂၤလိပ္တုိ႔လက္အတြင္းမွ ကယ္တင္သူ အာဇာနည္အမ်ဳိးသမီးဂ်ဳန္း

Posted on

၁၅ ရာစုႏွစ္အတြင္း က ျပင္သစ္ႏိုင္ငံကို အဂၤလိပ္တို႔၏ ေဘးမွ ကယ္တင္လိုက္ေသာ ျပင္သစ္အမ်ိဳးသမီး သူရဲေကာင္း အာဇာနည္မွာ ဂ်ဳန္းျဖစ္သည္။ ဂ်ဳန္းမွာကမၻာေပၚတြင္ ရွိခဲ့သမၽွ အမ်ိဳးသမီးမ်ားတြင္ အထင္ အရွားဆုံးတစ္ေယာက္ျဖစ္၍ သူ၏ အတၳဳပၸတၱိမွာလည္း မယုံႏိုင္ ေလာက္ေအာင္ပင္ ထူးျခားသည္။ သူ၏အမည္မွာ ျပင္သစ္ ဘာသာျဖင့္ ‘ဇန္းဒါ့’ဟု ေခၚေဝၚ၍ ‘ေအာ္လီယန္းၿမိဳ႕၏လုံမပ်ိဳ’ ဟူ၍လည္း ေခၚတြင္ေလသည္။

၁၄၁၂ ခုႏွစ္တြင္ ဒြန္ရမီလာပြီစဲၿမိဳ႕ကေလးတြင္ ေမြးဖြား၍ အနိစၥေရာက္ေသာအခါတြင္ ဂ်ဳန္းသည္ အသက္ ၂ဝ မၽွသာ ရွိေသးသည္။ ဂ်ဳန္းသည္ သူလိုငါလို သာမန္အမ်ိဳးသမီးကေလး တစ္ဦးအျဖစ္ ႀကီးျပင္းလာခဲ့သည္။ မိဘမ်ားကား ဝမ္းေရးဖူလုံ ေသာ လယ္သမားမ်ား ျဖစ္ၾကသည္။ ဂ်ဳန္းသည္ အိမ္တြင္းမႈတို႔၌ မိခင္ကိုကူညီလ်က္ ၁၃ ႏွစ္ သမီးသို႔ ေရာက္ေသာအခါ ဘုရားတရားကို အထူးေလးစားလာ သည္။ ထိုအခ်ိန္တြင္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔၏ ႏွစ္တစ္ရာ စစ္ပြဲႀကီး ျဖစ္ပြားေနစဥ္ျဖစ္၍ ျပင္သစ္ႏိုင္ငံေျမာက္ပိုင္းမွာ အဂၤလိပ္တို႔ လက္ေအာက္သို႔ က်ေရာက္လ်က္ရွိေလသည္။ ( ႏွစ္တစ္ရာစစ္ပြဲ။)

ဂ်ဳန္းသည္ ရပ္႐ြာဘုရားရွိခိုးေက်ာင္း၌ ဘုရားဝတ္ျပဳေနစဥ္ စိန္မာဂရက္ႏွင့္ စိန္ကက္သရင္းတို႔က သူ႕အားမည္သို႔ ေဆာင္ ႐ြက္ရန္ ေျပာျပေနသည္ကို ထူးျခားစြာၾကားရ၏။ ထိုထူးျခား သည့္ အျခင္းအရာကို အျခားသူမ်ားအား ေျပာျပ၍လည္း ယုံ ၾကည္ႏိုင္ဖြယ္မရွိသျဖင့္ ဂ်ဳန္းသည္ မိမိရင္ထဲတြင္ မ်ိဳသိပ္ထားရ ေလသည္။ ၄ ႏွစ္တိုင္မၽွ ထိုကဲ့သို႔ ဆက္လက္ ၾကားေနရသည္ ဟု ဆိုေလသည္။ ဂ်ဳန္းသည္ ၁၇ ႏွစ္အ႐ြယ္သို႔ေရာက္ေသာအခါ ဘိသိက္ မခံရေသးေသာ ျပင္သစ္ႏိုင္ငံဘုရင္ သတၱမခ်ားထံသို႔ သြား ေရာက္၍ အကူအညီေပးရန္ တိုက္တြန္းသံကို ၾကားရျပန္၏။ ထို႔ေၾကာင့္ မိဘေဆြမ်ိဳးသားခ်င္း မိတ္ေဆြမ်ားႏွင့္ ကိုးကြယ္ ေသာ ဘုန္းေတာ္ႀကီးမ်ားက တားျမစ္ေသာ္လည္း ခ်ားဘုရင္ ရွိရာသို႔ ထြက္ခြာလာခဲ့ေလသည္။

ခ်ားဘုရင္ႏွင့္ေတြ႕ေသာအခါ ျပင္သစ္ႏိုင္ငံေတာ္အေရးကို ဘုရားသခင္၏ အလိုေတာ္အရ ကူညီရန္ လာေရာက္ေၾကာင္း ေလၽွာက္တင္ေလသည္။ ခ်ားကလည္း ဂ်ဳန္း၏ ေလၽွာက္တင္ ခ်က္ကို ယုံၾကည္လ်က္ ကူညီရန္ ခြင့္ျပဳလိုက္၏။ ခ်ားမွာ ဘုရင္ဟု အမည္ခံယူထားေသာ္လည္း ဘိသိက္မခံရေသးေခ်။ ထို႔ေၾကာင့္ခ်ားအား ျပင္သစ္ဘာသာျဖင့္ ဒိုဖန္ဟုေခၚေလသည္။ ခ်ားသည္ ဘ႑ာေရးအလြန္ခ်ိဳ႕တဲ့ေသာေၾကာင့္ ဆင္းရဲစြာ ေနထိုင္ရသည္။ သို႔ျဖစ္၍ အဂၤလိပ္တို႔၏ ရန္စြယ္ကို စြမ္းစြမ္း တမံ တြန္းလွန္ႏိုင္မည့္ အင္အားေတာင့္တင္းေသာ စစ္တပ္ႀကီး မ်ားကို ဖြဲ႕စည္းကာ ႐ြပ္႐ြပ္ခၽြံခၽြံ မတိုက္ခိုက္ႏိုင္ခဲ့ေခ်။ ထိုအခ်ိန္ တြင္ ျပင္သစ္တစ္ႏိုင္ငံလုံးလိုလိုပင္ အဂၤလိပ္တို႔ လက္ေအာက္ ေရာက္ေနၿပီးလၽွင္ ေအာ္လီယန္းၿမိဳ႕ႀကီးမွာလည္း က်ဆုံးလုဆဲဆဲ ျဖစ္ေနေလသည္။

ခ်ား၏ အမိန္႔ျဖင့္ ဂ်ဳန္းသည္ ေသာင္းခ်ီေသာစစ္တပ္ႀကီးကို ကြပ္ကဲ အုပ္ခ်ဳပ္ခြင့္ ရေလသည္။ ထို႔ေၾကာင့္ ခ်ပ္ဝတ္တန္ဆာတို႔ကို ဆင္ျမန္းကာ ဂ်ဳန္းသည္ ျပင္သစ္အလံေတာ္ႀကီးကို တလူလူ ဝင့္ထူၿပီးလၽွင္ တပ္ဦးမွေန၍ ရဲဝံ့စြာ ခ်ီတက္ေလေတာ့သည္။ ေနာက္ပါတပ္သားမ်ားလည္း မ်ားစြာ စိတ္အားတက္ႂကြလ်က္ လိုက္ပါၾကသည္။ ဂ်ဳန္း၏တပ္ႀကီးသည္လည္း တိုက္ပြဲတစ္ခု ၿပီးတစ္ခု ေအာင္ျမင္လ်က္ရွိသည္။ ၁၄၂၉ ခုႏွစ္၊ ေမလတြင္ ရန္သူ႕လက္တြင္းသို႔ က်လုဆဲဆဲ ေအာ္လီယန္းၿမိဳ႕ႀကီးကို ကယ္ တင္ႏိုင္ခဲ့သည္။ ဂ်ဳန္းကိုယ္တိုင္ ေရွ႕ေဆာင္လ်က္ တိုက္ခိုက္ သျဖင့္ ရန္သူတို႔အေရးနိမ့္၍ ဆုတ္ခြာ ထြက္ေျပးၾကရသည္။ ယင္းသို႔ျဖင့္ ေအာ္လီယန္းၿမိဳ႕တိုက္ပြဲမွာ ႏိုင္ငံသမိုင္းတြင္ ထင္ရွားခဲ့ေလသည္။

ထိုတိုက္ပြဲႀကီး အၿပီးတြင္ မိမိၾကည္ၫိုေလးစားလွေသာ ခ်ားကို ဘုရင္အျဖစ္ ဘိသိက္ခံႏိုင္ေအာင္ ေဆာင္႐ြက္သည္။ ျပင္သစ္ဘုရင္တို႔သည္ ရိမ္းၿမိဳ႕တြင္ ဘိသိက္ခံရၿမဲအစဥ္အလာ ရွိရာ ထိုၿမိဳ႕ဆီတြင္ ရန္သူတို႔ မရွင္းလင္းေသာ္လည္း ဂ်ဳန္းက တာဝန္ယူ ေစာင့္ေရွာက္ကာကြယ္ၿပီးလၽွင္ ထိုၿမိဳ႕၌ ခ်ားကို ဘိသိက္ခံေစသည္။ ယင္းသို႔ျဖင့္ ဂ်ဳန္းသည္ ေယာက္်ားေကာင္း တို႔ ေဆာင္႐ြက္ႏိုင္ခဲေသာ ကိစၥမ်ားကိုပင္ ေအာင္ျမင္ခဲ့သျဖင့္ သူ၏ ဂုဏ္သတင္းမွာ လြန္စြာ ထင္လင္းခဲ့ေလသည္။

ထို႔ေနာက္တြင္ သူၾကားေနၾကျဖစ္ေသာ ၫႊန္ၾကားခ်က္မ်ား ကို မၾကားရေတာ့သျဖင့္ သူ႕အလုပ္ၿပီးၿပီဟု ယူဆကာ ေနရပ္ သို႔ျပန္မည္ျပဳ၏။ သို႔ေသာ္ ခ်ားဘုရင္က တားထားေသးသျဖင့္ တိုက္ပြဲမ်ားတြင္ ဆက္လက္ေခါင္းေဆာင္ေနရျပန္သည္။ ဤသို႔ အံ့ဖြယ္သရဲကိစၥတို႔ကို ေဆာင္႐ြက္ခဲ့ေသာဂ်ဳန္းမွာ ေနာက္ဆုံး တြင္ ဒုကၡႏွင့္ ေတြ႕ရသည္။ ကြန္ၿပိန္ၿမိဳ႕ကို ဗာဂန္ဒီျပည္သားတို႔ ဝန္းရံထားရာ ထိုၿမိဳ႕ကို ကယ္တင္ရန္အတြက္ ဂ်ဳန္းသည္ ေခါင္းေဆာင္လ်က္ တိုက္ ေသာ္လည္း စစ္ေရးနိမ့္၍ ဂ်ဳန္းမွာ အဖမ္းခံခဲ့ရေလသည္။ ထိုအခါ ဂ်ဳန္းကူညီ၍ ဘုရင္ျဖစ္လာေသာ ခ်ားသည္ သူအား ကယ္ဆယ္ရန္ မႀကိဳးစားခဲ့ေခ်။

ထို႔ေၾကာင့္ ကယ္မည့္သူကင္းေဝးေသာ ဂ်ဳန္းကို ဗာဂန္ဒီ ျပည္သားတို႔က အဂၤလိပ္တို႔အား ေရာင္းခ်လိုက္ေလသည္။ ဂ်ဳန္းေၾကာင့္ စစ္ေရးနိမ့္ေသာ အဂၤလိပ္တို႔သည္ ႐ႉအန္းၿမိဳ႕တြင္ ဂ်ဳန္းကိုခ်ဳပ္ေႏွာင္ထားၾကသည္။ အဂၤလိပ္တို႔၏ ႏွိပ္စက္ညွဥ္း ပန္းျခင္းကိုလည္း ဂ်ဳန္းခံရ၏။ အဂၤလိပ္တို႔က ဂ်ဳန္းကို စုန္းမ ျဖစ္၍သာ ဤမၽွအံ့ဖြယ္သရဲမ်ားကို ထူးကဲစြာ ေဆာင္႐ြက္ႏိုင္ သည္ဟု စြဲခ်က္တင္၍ထားေလသည္။ ကူညီအားေပးမည့္သူ မရွိေသာ္လည္း ဂ်ဳန္းသည္ ရဲဝံ့တည္ၾကည္စြာျဖင့္ ျပန္လည္ ေခ်ပခဲ့၏။

သို႔ရာတြင္ ၁၄၃၁ ခုႏွစ္၊ ေမလတြင္ မီး႐ႈိ႕သတ္ျခင္း ကို ခံရေလသည္။ ဂ်ဳန္းအနိစၥေရာက္ၿပီး၍ အႏွစ္ ၅ဝဝ ခန္႔ ၾကာမွ ဂ်ဳန္း၌ အျပစ္မရွိဟု ျပန္လည္ဆုံးျဖတ္ကာ ဗရင္ဂ်ီ ဂိုဏ္းသူေတာ္စင္စာရင္းတြင္ သြတ္သြင္းကာ စိန္ဂ်ဳန္းအျဖစ္ ေလးစားၾကည္ညဳိၾကသည္။ ယင္းသို႔ျဖင့္ ကမၻာေၾကေသာ္လည္း ဥဒါန္း မေၾကႏိုင္သည့္ အာဇာနည္ဂ်ဳန္းမွာ ေၾကကြဲဝမ္းနည္းဖြယ္ရာ ဇာတ္သိမ္းခဲ့ရေပသည္။

ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ ၃

—————–

ပြင်သစ်အား အင်္ဂလိပ်တို့လက်အတွင်းမှ ကယ်တင်သူ အာဇာနည်အမျိုးသမီးဂျုန်း (unicode)

၁၅ ရာစုနှစ်အတွင်း က ပြင်သစ်နိုင်ငံကို အင်္ဂလိပ်တို့၏ ဘေးမှ ကယ်တင်လိုက်သော ပြင်သစ်အမျိုးသမီး သူရဲကောင်း အာဇာနည်မှာ ဂျုန်းဖြစ်သည်။ ဂျုန်းမှာကမ္ဘာပေါ်တွင် ရှိခဲ့သမျှ အမျိုးသမီးများတွင် အထင် အရှားဆုံးတစ်ယောက်ဖြစ်၍ သူ၏ အတ္ထုပ္ပတ္တိမှာလည်း မယုံနိုင် လောက်အောင်ပင် ထူးခြားသည်။ သူ၏အမည်မှာ ပြင်သစ် ဘာသာဖြင့် ‘ဇန်းဒါ့’ဟု ခေါ်ဝေါ်၍ ‘အော်လီယန်းမြို့၏လုံမပျို’ ဟူ၍လည်း ခေါ်တွင်လေသည်။

၁၄၁၂ ခုနှစ်တွင် ဒွန်ရမီလာပွီစဲမြို့ကလေးတွင် မွေးဖွား၍ အနိစ္စရောက်သောအခါတွင် ဂျုန်းသည် အသက် ၂ဝ မျှသာ ရှိသေးသည်။ ဂျုန်းသည် သူလိုငါလို သာမန်အမျိုးသမီးကလေး တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ မိဘများကား ဝမ်းရေးဖူလုံ သော လယ်သမားများ ဖြစ်ကြသည်။ ဂျုန်းသည် အိမ်တွင်းမှုတို့၌ မိခင်ကိုကူညီလျက် ၁၃ နှစ် သမီးသို့ ရောက်သောအခါ ဘုရားတရားကို အထူးလေးစားလာ သည်။ ထိုအချိန်တွင် အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ နှစ်တစ်ရာ စစ်ပွဲကြီး ဖြစ်ပွားနေစဉ်ဖြစ်၍ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်လျက်ရှိလေသည်။ ( နှစ်တစ်ရာစစ်ပွဲ။)

ဂျုန်းသည် ရပ်ရွာဘုရားရှိခိုးကျောင်း၌ ဘုရားဝတ်ပြုနေစဉ် စိန်မာဂရက်နှင့် စိန်ကက်သရင်းတို့က သူ့အားမည်သို့ ဆောင် ရွက်ရန် ပြောပြနေသည်ကို ထူးခြားစွာကြားရ၏။ ထိုထူးခြား သည့် အခြင်းအရာကို အခြားသူများအား ပြောပြ၍လည်း ယုံ ကြည်နိုင်ဖွယ်မရှိသဖြင့် ဂျုန်းသည် မိမိရင်ထဲတွင် မျိုသိပ်ထားရ လေသည်။ ၄ နှစ်တိုင်မျှ ထိုကဲ့သို့ ဆက်လက် ကြားနေရသည် ဟု ဆိုလေသည်။ ဂျုန်းသည် ၁၇ နှစ်အရွယ်သို့ရောက်သောအခါ ဘိသိက် မခံရသေးသော ပြင်သစ်နိုင်ငံဘုရင် သတ္တမချားထံသို့ သွား ရောက်၍ အကူအညီပေးရန် တိုက်တွန်းသံကို ကြားရပြန်၏။ ထို့ကြောင့် မိဘဆွေမျိုးသားချင်း မိတ်ဆွေများနှင့် ကိုးကွယ် သော ဘုန်းတော်ကြီးများက တားမြစ်သော်လည်း ချားဘုရင် ရှိရာသို့ ထွက်ခွာလာခဲ့လေသည်။

ချားဘုရင်နှင့်တွေ့သောအခါ ပြင်သစ်နိုင်ငံတော်အရေးကို ဘုရားသခင်၏ အလိုတော်အရ ကူညီရန် လာရောက်ကြောင်း လျှောက်တင်လေသည်။ ချားကလည်း ဂျုန်း၏ လျှောက်တင် ချက်ကို ယုံကြည်လျက် ကူညီရန် ခွင့်ပြုလိုက်၏။ ချားမှာ ဘုရင်ဟု အမည်ခံယူထားသော်လည်း ဘိသိက်မခံရသေးချေ။ ထို့ကြောင့်ချားအား ပြင်သစ်ဘာသာဖြင့် ဒိုဖန်ဟုခေါ်လေသည်။ ချားသည် ဘဏ္ဍာရေးအလွန်ချို့တဲ့သောကြောင့် ဆင်းရဲစွာ နေထိုင်ရသည်။ သို့ဖြစ်၍ အင်္ဂလိပ်တို့၏ ရန်စွယ်ကို စွမ်းစွမ်း တမံ တွန်းလှန်နိုင်မည့် အင်အားတောင့်တင်းသော စစ်တပ်ကြီး များကို ဖွဲ့စည်းကာ ရွပ်ရွပ်ချွံချွံ မတိုက်ခိုက်နိုင်ခဲ့ချေ။ ထိုအချိန် တွင် ပြင်သစ်တစ်နိုင်ငံလုံးလိုလိုပင် အင်္ဂလိပ်တို့ လက်အောက် ရောက်နေပြီးလျှင် အော်လီယန်းမြို့ကြီးမှာလည်း ကျဆုံးလုဆဲဆဲ ဖြစ်နေလေသည်။

ချား၏ အမိန့်ဖြင့် ဂျုန်းသည် သောင်းချီသောစစ်တပ်ကြီးကို ကွပ်ကဲ အုပ်ချုပ်ခွင့် ရလေသည်။ ထို့ကြောင့် ချပ်ဝတ်တန်ဆာတို့ကို ဆင်မြန်းကာ ဂျုန်းသည် ပြင်သစ်အလံတော်ကြီးကို တလူလူ ဝင့်ထူပြီးလျှင် တပ်ဦးမှနေ၍ ရဲဝံ့စွာ ချီတက်လေတော့သည်။ နောက်ပါတပ်သားများလည်း များစွာ စိတ်အားတက်ကြွလျက် လိုက်ပါကြသည်။ ဂျုန်း၏တပ်ကြီးသည်လည်း တိုက်ပွဲတစ်ခု ပြီးတစ်ခု အောင်မြင်လျက်ရှိသည်။ ၁၄၂၉ ခုနှစ်၊ မေလတွင် ရန်သူ့လက်တွင်းသို့ ကျလုဆဲဆဲ အော်လီယန်းမြို့ကြီးကို ကယ် တင်နိုင်ခဲ့သည်။ ဂျုန်းကိုယ်တိုင် ရှေ့ဆောင်လျက် တိုက်ခိုက် သဖြင့် ရန်သူတို့အရေးနိမ့်၍ ဆုတ်ခွာ ထွက်ပြေးကြရသည်။ ယင်းသို့ဖြင့် အော်လီယန်းမြို့တိုက်ပွဲမှာ နိုင်ငံသမိုင်းတွင် ထင်ရှားခဲ့လေသည်။

ထိုတိုက်ပွဲကြီး အပြီးတွင် မိမိကြည်ညိုလေးစားလှသော ချားကို ဘုရင်အဖြစ် ဘိသိက်ခံနိုင်အောင် ဆောင်ရွက်သည်။ ပြင်သစ်ဘုရင်တို့သည် ရိမ်းမြို့တွင် ဘိသိက်ခံရမြဲအစဉ်အလာ ရှိရာ ထိုမြို့ဆီတွင် ရန်သူတို့ မရှင်းလင်းသော်လည်း ဂျုန်းက တာဝန်ယူ စောင့်ရှောက်ကာကွယ်ပြီးလျှင် ထိုမြို့၌ ချားကို ဘိသိက်ခံစေသည်။ ယင်းသို့ဖြင့် ဂျုန်းသည် ယောက်ျားကောင်း တို့ ဆောင်ရွက်နိုင်ခဲသော ကိစ္စများကိုပင် အောင်မြင်ခဲ့သဖြင့် သူ၏ ဂုဏ်သတင်းမှာ လွန်စွာ ထင်လင်းခဲ့လေသည်။

ထို့နောက်တွင် သူကြားနေကြဖြစ်သော ညွှန်ကြားချက်များ ကို မကြားရတော့သဖြင့် သူ့အလုပ်ပြီးပြီဟု ယူဆကာ နေရပ် သို့ပြန်မည်ပြု၏။ သို့သော် ချားဘုရင်က တားထားသေးသဖြင့် တိုက်ပွဲများတွင် ဆက်လက်ခေါင်းဆောင်နေရပြန်သည်။ ဤသို့ အံ့ဖွယ်သရဲကိစ္စတို့ကို ဆောင်ရွက်ခဲ့သောဂျုန်းမှာ နောက်ဆုံး တွင် ဒုက္ခနှင့် တွေ့ရသည်။ ကွန်ပြိန်မြို့ကို ဗာဂန်ဒီပြည်သားတို့ ဝန်းရံထားရာ ထိုမြို့ကို ကယ်တင်ရန်အတွက် ဂျုန်းသည် ခေါင်းဆောင်လျက် တိုက် သော်လည်း စစ်ရေးနိမ့်၍ ဂျုန်းမှာ အဖမ်းခံခဲ့ရလေသည်။ ထိုအခါ ဂျုန်းကူညီ၍ ဘုရင်ဖြစ်လာသော ချားသည် သူအား ကယ်ဆယ်ရန် မကြိုးစားခဲ့ချေ။

ထို့ကြောင့် ကယ်မည့်သူကင်းဝေးသော ဂျုန်းကို ဗာဂန်ဒီ ပြည်သားတို့က အင်္ဂလိပ်တို့အား ရောင်းချလိုက်လေသည်။ ဂျုန်းကြောင့် စစ်ရေးနိမ့်သော အင်္ဂလိပ်တို့သည် ရှူအန်းမြို့တွင် ဂျုန်းကိုချုပ်နှောင်ထားကြသည်။ အင်္ဂလိပ်တို့၏ နှိပ်စက်ညှဉ်း ပန်းခြင်းကိုလည်း ဂျုန်းခံရ၏။ အင်္ဂလိပ်တို့က ဂျုန်းကို စုန်းမ ဖြစ်၍သာ ဤမျှအံ့ဖွယ်သရဲများကို ထူးကဲစွာ ဆောင်ရွက်နိုင် သည်ဟု စွဲချက်တင်၍ထားလေသည်။ ကူညီအားပေးမည့်သူ မရှိသော်လည်း ဂျုန်းသည် ရဲဝံ့တည်ကြည်စွာဖြင့် ပြန်လည် ချေပခဲ့၏။

သို့ရာတွင် ၁၄၃၁ ခုနှစ်၊ မေလတွင် မီးရှို့သတ်ခြင်း ကို ခံရလေသည်။ ဂျုန်းအနိစ္စရောက်ပြီး၍ အနှစ် ၅ဝဝ ခန့် ကြာမှ ဂျုန်း၌ အပြစ်မရှိဟု ပြန်လည်ဆုံးဖြတ်ကာ ဗရင်ဂျီ ဂိုဏ်းသူတော်စင်စာရင်းတွင် သွတ်သွင်းကာ စိန်ဂျုန်းအဖြစ် လေးစားကြည်ညိုကြသည်။ ယင်းသို့ဖြင့် ကမ္ဘာကြေသော်လည်း ဥဒါန်း မကြေနိုင်သည့် အာဇာနည်ဂျုန်းမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းခဲ့ရပေသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ ၃

Leave a Reply