ကာယဗလ ၊ ေဟာလိ၀ုဒ္ရုပ္ရွင္ ၊ ႏုိင္ငံေရး နယ္ပယ္ ၃ခုလုံးတြင္ေအာင္ျမင္ခဲ့သူ (သုိ႔) အာႏုိး

Posted on

အာနိုးလို႔ နာမည္ၾကားလိုက္တာနဲ႔ စက္ရုပ္တစ္ေကာင္ရဲ့ ခႏၶာကိုယ္ တည္ေဆာက္ပံုမ်ိဳးနဲ႔ ကေလးကအစ လူၾကီးအထိသိတဲ့ ကမာၻေက်ာ္မင္းသားၾကီးတစ္ေယာက္ကို ေျပးျမင္မိမွာပါ။ ၁၉၈၄ ခုနွစ္ေလာက္ကထုတ္လုပ္ခဲ့တဲ့The Terminator ရုပ္ရွင္ဇာက္ကားထဲက စက္ရုပ္လူသားလို႔ျမန္မာျပည္ကသိၾကတဲ့ Arnold Alois Schwarzenegger ကို ၾသစတီးယား နိုင္ငံရဲ့ရြာငယ္ေလးတစ္ခုျဖစ္တဲ့ Thal မွာ၁၉၄၇ ခုနွစ္ ဇူလိုင္(၃၀)ရက္ေန႔မွာ ေမြးဖြားခဲ့ပါတယ္။ ၾသစတီးယားနိုင္ငံဖြား အေမရိကန္ႏုိင္ငံသားအျဖစ္ခံယူခဲ့တဲ့ Arnold ဟာကမာၻေက်ာ္ရုပ္ရွင္မင္းသား၊ ကာယဗလေမာင္ျဖစ္ရံုတင္မကပါဘူး သူဟာ ရုပ္ရွင္ဒါရိုက္တာ ၊စီးပြားေရးလုပ္ငန္းရွင္၊ ရင္းႏွီးျမဳပ္နွံသူ၊ စာေရးဆရာ၊ နာမည္ေက်ာ္ပရဟိတအလွဴရွင္၊ နိုင္ငံေရးသမားစတဲ့ မတူညီတဲ့နယ္ပယ္ေတြမွာလည္း ေအာင္ျမင္စြာရပ္တည္နိုင္သူပါ။

Arnold Alois Schwarzenegger ဟာ အေမရိကန္ျပည္ေထာင္စု Californiaျပည္နယ္ (၃၈)ဦးေျမာက္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ၂၀၀၃ ခုနွစ္ကေန ၂၀၁၁ ခုနွစ္အထိ နွစ္ၾကိမ္ဆက္ တာဝန္ထမ္းေဆာင္ခဲ့ပါေသးတယ္။ သူရဲ့ဖခင္ျဖစ္သူ Gustav Schwarzenegger ဟာ ရဲသားတစ္ဦးျဖစ္ျပီး မိခင္ျဖစ္သူ Aureliaကလည္း ရဲဝန္ထမ္းပဲျဖစ္ပါတယ္။ အာနိုးမွာ Meinhard Schwarzenegger ဆိုတဲ့အကိုတစ္ေယာက္ရွိျပီး စည္းကမ္းၾကီးလြန္းတဲ့ ခရစ္ယာန္ကတ္သလစ္ ဘာသာဝင္တစ္ဦးအျဖစ္ ၾကီးျပင္းလာတာပါ။ သူရဲ့အကိုျဖစ္တဲ့ Meinhard ကေတာ့၁၉၇၁ ခုနွစ္ ေမ(၂၀)မွာျဖစ္တဲ့ ယာဥ္တိုက္မႈနဲ႔ ေသဆံုးသြားခဲ့ပါတယ္။

သူရဲ့ဖခင္ကေတာ့ အာနိုးကိုသူ႔လိုပဲ ရဲသားတစ္ဦးျဖစ္ဖို႔ဆႏၵရွိခဲ့တာျဖစ္ျပီး မိခင္ျဖစ္သူကေတာ့ ပညာတတ္ တစ္ေယာက္ျဖစ္ေစခ်င္ခဲ့တာပါ။ Arnold Alois Schwarzenegger ဟာ အသက္(၁၄)နွစ္အရြယ္ ေက်ာင္းသားဘဝမွာ တည္းက ေက်ာင္းလက္ေရြးစင္အေလးမ အသင္းမွာ အေရြးခ်ယ္ခံခဲ့ရျပီး ဝိတ္မ အားကစားနည္းကို စတင္ထိေတြ႕ခြင့္ရခဲ့တာပါ။ ဒီအသင္းနဲ႔ အတူျပိဳင္ပြဲဝင္ဖို႔ ၾသစတီးယားနိုင္ငံ Gaza ၿမိဳ႕က ဝိတ္မအားကစားရံုကိုေရာက္ရွိခ်ိန္မွာေတာ့ အာနိုး ဟာ ဒီအားကစားကိုေရြးခ်ယ္ျပီး ထိပ္တန္းေနရာကိုရယူဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။

အဲဒီဝိတ္မရံုမွာ ယင္းကာလတုန္းက နာမည္ေက်ာ္ေမာင္စၾကာဝ႒ာေတြျဖစ္တဲ့ Reg Park, Steve Reeves,Johnny Weissmuller တို႔ရဲ့ ျပိဳင္ပြဲဝင္ဓာက္ပံုေတြကို ၾကည့္ရင္း သူလည္းတစ္ေန႔ ေမာင္စၾကာဝ႒ာတစ္ေယာက္ ျဖစ္ရမယ္လုိ႔စိတ္ပိုင္းျဖတ္ခဲ့တာပါ။ ဒါေၾကာင့္ သူ ဟာ အသက္(၁၅)နွစ္အရြယ္ ေလာက္ကစျပီး ကာယ အလွအပနဲ႔ ဝိတ္မနဲ႔ေလ့က်င့္ခန္းေတြကို စတင္ျပဳလုပ္ခဲ့ပါတယ္။(သူရဲ့တရားဝင္ဝက္ဆိုဒ္ မွာေတာ့ (၁၄)နွစ္လို႔ေဖာ္ျပထားပါတယ္)။ သူ႕ငယ္ဘဝဟာ ျပည့္စံုမႈမရွိတာေၾကာင့္ အလုပ္တစ္ဖက္နဲ႔ အားလပ္တဲ့အခ်ိန္တိုင္း အေလးမရံုကို အေျပးသြားေရာက္ေလ့က်င့္ခဲ့ရပါတယ္။

ငယ္စဥ္ဘ၀ဟာ ၾကမ္းတမ္းခဲ့ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာ အလုပ္ၾကမ္းေတြကိုေတာင္လုပ္ခဲ့ဖူးသူပါ။ သူရဲ့ဆယ္ေက်ာ္သက္ ဘဝအမ်ားစုကိုေတာ့ အေလးမရံုထဲမွာ ကုန္လြန္ေစခဲ့တယ္လို႔ သူကိုယ္တိုင္ အင္တာဗ်ဴးတစ္ခုမွာ ဝန္ခံထားပါတယ္။ သူရဲ့ရည္မွန္းခ်က္ဟာ ေမာင္စၾကာဝ႒ာ တစ္ေယာက္ျဖစ္ရမယ္ဆိုျပီး စိတ္ပိုင္းျဖတ္ထား ျပီး မျပည့္စံုမႈေတြၾကားကေန မီးကုန္ယမ္းကုန္ ေလ့က်င့္ခဲ့ရတာပါ။ သက္တမ္းလိုက္ ျပိဳင္ပြဲေတြမွာဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ျပီး ေအာင္ျမင္မႈနဲ႕ေဝးကြာခဲ့တဲ့ အေျခအေနေတြမွာ ေတာင္သူဟာ စိတ္ပ်က္အားေလ်ာ့ျခင္းမရွိပဲ သူ႕ပန္းတိုင္ဆီကိုပဲ အျမဲအာရံု စူးစိုက္ေနခဲ့တာပါ။

၁၉၆၅ခုႏွစ္ အထက္တန္းေက်ာင္းၿပီးတဲ့အခါမွာ သူဟာ ၾသစႀတီးယားစစ္တပ္ထဲကုိ ၀င္ခဲ့ပါတယ္။ ဒါေပမယ့္ စစ္ထဲ၀င္ၿပီး တစ္လအၾကာမွာ ဂ်ာမနီမွာလုပ္မယ့္ ကာယဗလေမာင္ေနာက္ဆုံးအဆင့္ ေရြးပဲမွာ ေရြးခ်ယ္ခံရတာေၾကာင့္ စစ္တပ္က မသိေအာင္သြားေရာက္ယွဥ္ၿပဳိင္ခဲ့ပါတယ္။ ျပန္လာတဲ့အခါမွာေတာ့ စစ္တပ္ရဲ႕အေရးယူျခင္းကုိခံရၿပီး တစ္ႏွစ္ေထာင္က်ခဲ့ပါတယ္။ ဒါေပမယ့္ ေထာင္ကလြတ္လြတ္ခ်င္း အေလးမရုံကုိ သူျပန္သြားတယ္။ ေန႔စဥ္ အေလးမေလ့က်င့္ခန္းေတြကို ၅နာရီအထက္ ေလ့က်င့္ခဲ့တယ္။ အဟာရေတြ လူ႔ခႏၶာကိုယ္အစိတ္အပုိင္းေတြအေၾကာင္း ေလ့လာတယ္ ၊ စာဖတ္တယ္။ အဟာရျပည့္ေစဖုိ႔ ဂရုတစိုက္ေလ့က်င့္စားတယ္။

အာနိုးရဲ့ မဆုတ္မနစ္ၾကိဳးစားမႈေတြေၾကာင့္ အသက္(၂၀)အရြယ္မွာပဲ (Mr.Olympia) ဘြဲ႕ကိုပိုုင္ဆိုင္ခဲ့ပါတယ္။ သူဟာအဲဒီဘြဲ႕ကို (၇)ၾကိမ္အထိ စံခ်ိန္တင္ရယူခဲ့တာပါ။ Mr. Universe နဲ႔ Mr.World တုိ႔ကုိ ၁၉၇၀တစ္ႏွစ္အတြင္းမွာပဲ ဆက္တုိက္ရယူႏုိင္ခဲ့ပါတယ္။ ဒါအျပင္ Bodybuilding နဲ႔ပတ္သတ္တဲ့ စာအုပ္မ်ားစြာကို ေရးသားခဲ့တဲ့အျပင္ ကိုယ္ကာယေလ့က်င့္ခန္းနဲ႔ပတ္သတ္တဲ့ အေထာက္အကူျပဳ ပစၥည္းေတြကိုလည္း သူနာမည္နဲ႔ ထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ ဒါအျပင္ အေမရိကန္ျပည္ေထာင္စုမွာ နွစ္စဥ္ Arnold Sport Festival လို႔ သူနာမည္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ေပးထားတဲ့ျပိဳင္ပြဲကို ႏွစ္စဥ္က်င္းပလ်က္ရွိပါတယ္။

အာနိုးဟာ ကမာ႔ၻကာယဗလအားကစားျပိဳင္ပြဲေတြရဲ့ Greatest Player အျဖစ္ သတ္မွတ္ျခင္းကိုခံခဲ့ရပါတယ္။ ကာယဗလေလာကကုိ ၿငီးေငြ႔လာတဲ့အာႏုိးဟာ အသက္ ၃၃ႏွစ္မွာပဲ ဒီေလာကက အနားယူခဲ့တယ္။ အမွန္တကယ္ အာနိုးကို ကမာၻေက်ာ္ေစခဲ့တာကေတာ့ ကာယဗလထက္ ရုပ္ရွင္ဇာက္ကားေတြမွာပါတဲ့ သူရဲ့ သရုပ္ေဆာင္ ခ်က္ေတြေၾကာင့္ျဖစ္ပါတယ္။ ေဟာလီးဝုဒ္အေက်ာ္အေမာ္ေတြရဲ့ ေက်ာ္ၾကားသူေတြရဲ့ ေလ်ာက္လမ္း(Hollywood Walk of Fame)မွာ ၾကယ္ပြင့္ထြင္းထုဂုဏ္ျပဳျခင္းခံရတဲ့ အာနိုးဟာသူရဲ့ပထမဆံုးရုပ္ရွင္ဇာက္ကားျဖစ္တဲ့ Sword-and-sorcery ဆိုတဲ့ကားနဲ႔ ရုပ္ရွင္ေလာကထဲကိုဝင္ေရာက္လာပါတယ္။ ယင္းေနာက္၁၉၈၂ခုနွစ္မွာရိုက္ကူးခဲ့တဲ့ Conan the Barbarian ဆိုတဲ့ဇာက္ကားနဲ႔ စတင္ေအာင္ျမင္လာခဲ့ပါတယ္။

ဒီဇာက္ကားဟာ ရုပ္ရွင္လက္မွတ္ေတြကုန္တဲ့အထိ ရံုဝင္စံခ်ိန္ခ်ိဳးခဲ့ျပီး ရိုက္ကူးစဥ္က အေမရိကန္ေဒၚလာ(၁၆)သန္းကုန္က်ခဲ့ေပမဲ့ ဝင္ေငြ (၁၃၀)သန္းအထိရခဲ့တဲ့ အထိေအာင္ျမင္ခဲ့ပါတယ္။ ပရိသတ္ေတြရဲ့ေတာင္းဆိုမႈေၾကာင့္ဒီကားရဲ့ ေနာက္ဆက္တြဲဇာက္ကားေတြေတာင္ ထပ္မံရိုက္ကူးရဖို႔ ျဖစ္လာတာပါ။၁၉၈၃ ခုနွစ္မွာေတာ့ အာႏုိးဟာ အေမရိကန္နိုင္ငံသားအျဖစ္ခံယူခဲ့ပါတယ္။ ေဟာလီးဝုဒ္မွာ အရွိန္ရလာတဲ့ အာနိုးဟာ ၁၉၈၄ခုႏွစ္မွာေတာ့ သူနာမည္ကိုကမာၻက အသိအမွတ္ျပဳေစတဲ့ The Terminator အမည္ရတဲ့ သိပၸံအက္ရွင္ ဇာက္ကားမွာပါဝင္သရုပ္ေဆာင္ခဲ့ပါတယ္။ တစ္ကားလုံးမွာ စကားလုံး ၇၄လုံးသာေျပာခဲ့ရေပမယ့္ ဒီဇာတ္ကားမွာပါဝင္တဲ့ အာနိုး ရဲ့သရုပ္ေဆာင္ခ်က္ေတြဟာ ပီျပင္သက္ဝင္လွတာေၾကာင့္ တကယ့္အျပင္က လူသား စက္ရုပ္အလား ကမာၻရုပ္ရွင္ေဝဖန္ေရးဆရာေတြ ကေတာင္ခ်ီးက်ဴးခံခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

ဒီဇာက္ကားရဲ့ေအာင္ျမင္မႈဟာ ဒီမွာတင္ရပ္ဆိုင္းသြားျခင္း မရွိဘဲ ပရိသတ္ရဲ့ေတာင္းဆိုမႈေတြအရ ၁၉၉၁ ခုနွစ္မွာ Terminator-2;Judgment Day ၂၀၀၃ ခုနွစ္မွာေတာ့ Terminator-3; Rise of the Machines၊ ၂၀၁၅ ခုနွစ္မွာ ေတာ့ Terminator Genisys ဇာက္ကားေတြအထိေတာင္ အာနိုးဟာ ဆက္တိုက္ သရုပ္ေဆာင္ခဲ့ရပါတယ္။ အျခားနာမည္ေက်ာ္ဇာက္ကားေတြမွာလည္း သူဟာ ပါဝင္သရုပ္ ေဆာင္ခဲ့ျပီး သူရဲ့ နာမည္ေက်ာ္ဇာက္ကားအခ်ိဳ႕ကေတာ့ Commdo (၁၉၈၅)၊ The Running Man (၁၉၈၇)၊ Predator(၁၉၈၇) ၊Twins(၁၉၈၈)၊Total Recall (၁၉၉၀) Kindergarten Cop (၁၉၉၀)၊ True Lies(၁၉၉၄) ဇာက္ကားေတြျဖစ္ပါတယ္။

၁၉၉၇ခုနွစ္မွာေတာ့ အာႏုိးဟာ နွလံုးခြဲစိတ္ကုသကာ အဆို႔ရွင္တပ္ဆင္ခဲ့ရပါတယ္။ အာနိုးဟာ နိုင္ငံေရးေလာကကို ဝင္ေရာက္လာခဲ့ခ်ိန္မွာ လည္းေအာင္ျမင္မႈေတြရရွိခဲ့ပါ ေသးတယ္။ သူဟာ ရီဗက္္ပလီကန္(Republican)ပါတီဝင္ တစ္ေယာက္ျဖစ္ျပီး ၂၀၀၃ခုနွစ္ ေအာက္တိုဘာ (၇)ရက္ေန႔မွာေတာ့ ကယ္လီဖိုးနီးယား ျပည္နယ္ရဲ့ အုပ္ခ်ဳပ္ေရးမွဴး အျဖစ္ Gray Davis ေနရာမွာ အစားထိုးေရြးခ်ယ္ျခင္း ခံခဲ့ရပါတယ္။ နိုဝင္ဘာ(၁၇) ရက္ေန႔မွာေတာ့ သူဟာ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ က်မ္းသစၥာ က်ိန္ဆိုခဲ့ကာ Gray Davis ရဲ့က်န္တဲ့ သက္တမ္းကို ဆက္လက္ထမ္းေဆာင္ ခဲ့ပါတယ္။ သူရဲ့လုပ္ေဆာင္မႈေတြဟာ ေကာင္းမြန္လွတာေၾကာင့္ ၂၀၀၆ ခုနွစ္ျပည္နယ္အုပ္ခ်ဳပ္ ေရးမွဴးေရြးခ်ယ္ပြဲမွာလည္း ထပ္မံအေရြးခ်ယ္ခံခဲ့ရျပီး ၂၀၁၁ခုနွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

သူဟာတက္ၾကြတဲ့ နိုင္ငံေရးသမားျဖစ္ျပီး ျပဳျပင္ေျပာင္းလဲေရး ဝါဒီတစ္ဦးျဖစ္ပါတယ္။ နိုင္ငံေရး ေလာကမွာေတာ့ သူရဲ့လုပ္ေဖာ္ ကိုင္ဖက္ေတြက သူရဲ့ ခႏၶာကိုယ္တုတ္ခိုင္သန္မာမႈကိုၾကည့္ျပီး Austrian Oak(ၾသစေတးလ် ဝက္သစ္ခ်ပင္) ၊ သူရဲ့ ဇာက္ေကာင္နာမည္ျဖစ္တဲ့ Arnie လို႔လည္း ခ်စ္စနိုးနဲ႔ ေခၚဆိုေလ့ရွိပါတယ္။ အာနိုးဟာ ၁၉၈၆ ခုနွစ္မွာေတာ့ Maria Shriver နဲ႔ လက္ထပ္ခဲ့ပါတယ္။ သူမဟာ လုပ္ၾကံခံခဲ့ရတဲ့ သမၼတ ကေနဒီရဲ့ ေျမးေတာ္စပ္ ပါတယ္။ ၁၉၉၅ခုနွစ္မွာေတာ့ သူဟာ လူမႈအက်ိဳးျပဳလုပ္ငန္းတစ္ခု အေနနဲ႔(ICG)လို႔ေခၚတဲ့ လူငယ္ေတြကို ပညာေရး၊ ယဥ္ေက်းမႈ၊ ပူးေပါင္းဆက္ဆံေရးဆိုင္ရာ ပညာရပ္ေတြ သင္ၾကားေပးတဲ့ ေဖာင္ေဒးရွင္းတစ္ခုကိုတည္ေထာင္ေပးျပီး အေမရိကန္တစ္ခြင္က ေက်ာင္းမတက္နိုင္တဲ့ ကေလးေပါင္း ၂၅၀၀၀၀ ေလာက္ကိုအကူအညီ ေပးနိုင္ခဲ့ပါတယ္။

ဒါအျပင္ ၂၀၀၂ ခုနွစ္မွာ လူငယ္ဖြံျဖိဳးေရး အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ After school After Star ကိုုေလာ့အိမ္ဂ်လိျမိဳ႕မွာ အဖြဲ႕ခြဲတစ္ခုအျဖစ္ ဖြင့္လွစ္ေပးခဲ့ပါတယ္။ အဲဒီ ASAS ဆိုတဲ့ အဖြဲ႕ဟာ ေက်ာင္းျပီးသြားတဲ့လူငယ္ေတြကို က်န္းမာေရး၊ ႀကံ့ခိုင္ေရး၊ အဟာရျပည့္ဝေရး လုပ္ငန္းစဥ္ေတြကို ဦးစားေပးေဆာင္ရြက္တာပါ။ အာနိုးဟာ အေမရိကန္ရဲ့ အဓိက မဟာမိတ္ျဖစ္တဲ့ အစၥေရးနိုင္ငံအေပၚ အျမဲေထာက္ခံအားေပးမႈ ျပဳလုပ္ေလ့ရွိပါတယ္။ ဒါအျပင္ အေမရိကန္ဦးေဆာင္တဲ့ေနတိုးတပ္ဖြဲ႕ဝင္ေတြရဲ့ ၂၀၀၃ ခုနွစ္မွာ အီရတ္ကိုဝင္ေရာက္တိုက္ခိုက္ခဲ့တဲ့လုပ္ရပ္၊ ၂၀၁၁ခုနွစ္မွာ လစ္ဗ်ားကိုဝင္ေရာက္တိုက္ခိုက္ခဲ့တာကိုလည္း ေထာက္ခံခဲ့ပါတယ္။

၂၀၁၇ ခုနွစ္ ဧျပီလ(၂၈)ရက္ေန႔မွာေတာ့ ျပင္သစ္နိုင္ငံကေပးအပ္တဲ့ Order National de la Legion d’Honneur ဆုကို ရရွိခဲ့ပါတယ္။ ကာယဗလရုပ္ရွင္နဲ႔ ႏုိင္ငံေရး နယ္ပယ္အားလုံးမွာ ေအာင္ျမင္မႈရခဲ့တဲ့ အာႏုိးဟာ အခုဆုိရင္ အသက္ ၇၁ႏွစ္ရွိေနၿပီျဖစ္ၿပီး ေဒၚလာ သန္း ၄၀၀ေက်ာ္ ၾကြယ္၀သူလည္းျဖစ္ပါတယ္။ အာနိုးဟာ ယေန႔အခ်ိန္ထိ အသက္ၾကီးလာျပီလို႔ မခံစားရပဲ၊ စိန္ေခၚမႈ အသစ္ေတြၾကားထဲလုပ္ငန္း တာဝန္ေတြလုပ္ေဆာင္ေနရင္းေက်နပ္ေပ်ာ္ရႊင္ ေနပါေၾကာင္းထုတ္ေဖာ္ ေၿပာၾကားထားပါတယ္။  ေအာင္ျမင္မႈတိုင္းဟာ တိုက္ဆိုင္မႈေၾကာင့္၊ ကံေၾကာင့္မဟုတ္ပဲမိမိနဲ႕သာသက္ဆိုင္ေၾကာင္းလည္း လူငယ္ေတြကို သတိေပးမိန္႕ခြန္းေတြေျပာျပဖူးပါတယ္။
မင္းဘဝမွာေအာင္ျမင္ခ်င္ရင္

(၁)မင္းရဲ့ပန္းတိုင္ ကိုအရင္ရွာပါ။
(၂)အိမ္မက္အၾကီးၾကီးမက္ပါ။
(၃)မေကာင္းျမင္ဝါဒီေတြကိုလ်စ္လ်ဴျပဳပါ။

(၄)ျပင္းျပင္းထန္ထန္ၾကိဳးစားပါ
(၅) ယူပဲမယူပါနဲ႔ တစ္ခုခုကိုျပန္ေပးပါ ၊ ကမာၻၾကီးကို ေျပာင္းလဲပါဆိုတဲ့ Arnold Alois Schwarzenegger နည္းလမ္းေတြဟာ အတုယူစရာ အလြန္ေကာင္းလွပါတယ္။ သူဟာ ေအာင္ျမင္တဲ့ဘဝကုိတည္ေဆာက္ရာမွာ အၾကိမ္ ၾကိမ္က်ဆံုးခဲ့ပါေသာ္လည္း ေနာက္ဆံုးမွာေတာ့ သူရဲ့ရုပ္ရွင္ကားထဲက နာမည္ေက်ာ္ ဒိုင္ယာေလာ့ျဖစ္တဲ့ (I ‘m back) ငါျပန္လာျပီ ဆိုတဲ့အတိုင္း ကမာၻၾကီး အတြက္သူဟာ အၾကိမ္ၾကိမ္ ျပန္လာေနဦးမွာပါ။

——————————-

ကာယဗလ ၊ ဟောလိဝုဒ်ရုပ်ရှင် ၊ နိုင်ငံရေး နယ်ပယ် ၃ခုလုံးတွင်အောင်မြင်ခဲ့သူ (သို့) အာနိုး (unicode)

အာနိုးလို့ နာမည်ကြားလိုက်တာနဲ့ စက်ရုပ်တစ်ကောင်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံမျိုးနဲ့ ကလေးကအစ လူကြီးအထိသိတဲ့ ကမ္ဘာကျော်မင်းသားကြီးတစ်ယောက်ကို ပြေးမြင်မိမှာပါ။ ၁၉၈၄ ခုနှစ်လောက်ကထုတ်လုပ်ခဲ့တဲ့The Terminator ရုပ်ရှင်ဇာက်ကားထဲက စက်ရုပ်လူသားလို့မြန်မာပြည်ကသိကြတဲ့ Arnold Alois Schwarzenegger ကို ဩစတီးယား နိုင်ငံရဲ့ရွာငယ်လေးတစ်ခုဖြစ်တဲ့ Thal မှာ၁၉၄၇ ခုနှစ် ဇူလိုင်(၃၀)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ ဩစတီးယားနိုင်ငံဖွား အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့တဲ့ Arnold ဟာကမ္ဘာကျော်ရုပ်ရှင်မင်းသား၊ ကာယဗလမောင်ဖြစ်ရုံတင်မကပါဘူး သူဟာ ရုပ်ရှင်ဒါရိုက်တာ ၊စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြုပ်နှံသူ၊ စာရေးဆရာ၊ နာမည်ကျော်ပရဟိတအလှူရှင်၊ နိုင်ငံရေးသမားစတဲ့ မတူညီတဲ့နယ်ပယ်တွေမှာလည်း အောင်မြင်စွာရပ်တည်နိုင်သူပါ။

Arnold Alois Schwarzenegger ဟာ အမေရိကန်ပြည်ထောင်စု Californiaပြည်နယ် (၃၈)ဦးမြောက်အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ သူရဲ့ဖခင်ဖြစ်သူ Gustav Schwarzenegger ဟာ ရဲသားတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ Aureliaကလည်းရဲဝန်ထမ်းပဲဖြစ်ပါတယ်။ အာနိုးမှာ Meinhard Schwarzenegger ဆိုတဲ့အကိုတစ်ယောက်ရှိပြီး စည်းကမ်းကြီးလွန်းတဲ့ ခရစ်ယာန်ကတ်သလစ် ဘာသာဝင်တစ်ဦးအဖြစ် ကြီးပြင်းလာတာပါ။ သူရဲ့အကိုဖြစ်တဲ့ Meinhard ကတော့၁၉၇၁ ခုနှစ် မေ(၂၀)မှာဖြစ်တဲ့ ယာဉ်တိုက်မှုနဲ့ သေဆုံးသွားခဲ့ပါတယ်။

သူရဲ့ဖခင်ကတော့ အာနိုးကိုသူ့လိုပဲ ရဲသားတစ်ဦးဖြစ်ဖို့ဆန္ဒရှိခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူကတော့ ပညာတတ် တစ်ယောက်ဖြစ်စေချင်ခဲ့တာပါ။ Arnold Alois Schwarzenegger ဟာ အသက်(၁၄)နှစ်အရွယ် ကျောင်းသားဘဝမှာ တည်းက ကျောင်းလက်ရွေးစင်အလေးမ အသင်းမှာ အရွေးချယ်ခံခဲ့ရပြီး ဝိတ်မ အားကစားနည်းကို စတင်ထိတွေ့ခွင့်ရခဲ့တာပါ။ ဒီအသင်းနဲ့ အတူပြိုင်ပွဲဝင်ဖို့ ဩစတီးယားနိုင်ငံ Gaza မြို့က ဝိတ်မအားကစားရုံကိုရောက်ရှိချိန်မှာတော့ အာနိုး ဟာ ဒီအားကစားကိုရွေးချယ်ပြီး ထိပ်တန်းနေရာကိုရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီဝိတ်မရုံမှာ ယင်းကာလတုန်းက နာမည်ကျော်မောင်စကြာဝဋ္ဌာတွေဖြစ်တဲ့ Reg Park, Steve Reeves,Johnny Weissmuller တို့ရဲ့ ပြိုင်ပွဲဝင်ဓာက်ပုံတွေကို ကြည့်ရင်း သူလည်းတစ်နေ့ မောင်စကြာဝဋ္ဌာတစ်ယောက် ဖြစ်ရမယ်လို့စိတ်ပိုင်းဖြတ်ခဲ့တာပါ။ ဒါကြောင့် သူ ဟာ အသက်(၁၅)နှစ်အရွယ် လောက်ကစပြီး ကာယ အလှအပနဲ့ ဝိတ်မနဲ့လေ့ကျင့်ခန်းတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။(သူရဲ့တရားဝင်ဝက်ဆိုဒ် မှာတော့ (၁၄)နှစ်လို့ဖော်ပြထားပါတယ်)။ သူ့ငယ်ဘဝဟာ ပြည့်စုံမှုမရှိတာကြောင့် အလုပ်တစ်ဖက်နဲ့ အားလပ်တဲ့အချိန်တိုင်း အလေးမရုံကို အပြေးသွားရောက်လေ့ကျင့်ခဲ့ရပါတယ်။

ငယ်စဉ်ဘဝဟာ ကြမ်းတမ်းခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်ကြမ်းတွေကိုတောင်လုပ်ခဲ့ဖူးသူပါ။ သူရဲ့ဆယ်ကျော်သက် ဘဝအများစုကိုတော့ အလေးမရုံထဲမှာ ကုန်လွန်စေခဲ့တယ်လို့ သူကိုယ်တိုင် အင်တာဗျူးတစ်ခုမှာ ဝန်ခံထားပါတယ်။ သူရဲ့ရည်မှန်းချက်ဟာ မောင်စကြာဝဋ္ဌာ တစ်ယောက်ဖြစ်ရမယ်ဆိုပြီး စိတ်ပိုင်းဖြတ်ထား ပြီး မပြည့်စုံမှုတွေကြားကနေ မီးကုန်ယမ်းကုန် လေ့ကျင့်ခဲ့ရတာပါ။ သက်တမ်းလိုက် ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်မြင်မှုနဲ့ဝေးကွာခဲ့တဲ့ အခြေအနေတွေမှာ တောင်သူဟာ စိတ်ပျက်အားလျော့ခြင်းမရှိပဲ သူ့ပန်းတိုင်ဆီကိုပဲ အမြဲအာရုံ စူးစိုက်နေခဲ့တာပါ။

၁၉၆၅ခုနှစ် အထက်တန်းကျောင်းပြီးတဲ့အခါမှာ သူဟာ ဩစတြီးယားစစ်တပ်ထဲကို ဝင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ထဲဝင်ပြီး တစ်လအကြာမှာ ဂျာမနီမှာလုပ်မယ့် ကာယဗလမောင်နောက်ဆုံးအဆင့် ရွေးပဲမှာ ရွေးချယ်ခံရတာကြောင့် စစ်တပ်က မသိအောင်သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြန်လာတဲ့အခါမှာတော့ စစ်တပ်ရဲ့အရေးယူခြင်းကိုခံရပြီး တစ်နှစ်ထောင်ကျခဲ့ပါတယ်။ ဒါပေမယ့် ထောင်ကလွတ်လွတ်ချင်း အလေးမရုံကို သူပြန်သွားတယ်။ နေ့စဉ် အလေးမလေ့ကျင့်ခန်းတွေကို ၅နာရီအထက် လေ့ကျင့်ခဲ့တယ်။ အဟာရတွေ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း လေ့လာတယ် ၊ စာဖတ်တယ်။ အဟာရပြည့်စေဖို့ ဂရုတစိုက်လေ့ကျင့်စားတယ်။

အာနိုးရဲ့ မဆုတ်မနစ်ကြိုးစားမှုတွေကြောင့် အသက်(၂၀)အရွယ်မှာပဲ (Mr.Olympia) ဘွဲ့ကိုပိုင်ဆိုင်ခဲ့ပါတယ်။ သူဟာအဲဒီဘွဲ့ကို (၇)ကြိမ်အထိ စံချိန်တင်ရယူခဲ့တာပါ။ Mr. Universe နဲ့ Mr.World တို့ကို ၁၉၇ဝတစ်နှစ်အတွင်းမှာပဲ ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ ဒါအပြင် Bodybuilding နဲ့ပတ်သတ်တဲ့ စာအုပ်များစွာကို ရေးသားခဲ့တဲ့အပြင် ကိုယ်ကာယလေ့ကျင့်ခန်းနဲ့ပတ်သတ်တဲ့ အထောက်အကူပြု ပစ္စည်းတွေကိုလည်း သူနာမည်နဲ့ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒါအပြင် အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် Arnold Sport Festival လို့ သူနာမည်ကို ဂုဏ်ပြုတဲ့အနေနဲ့ပေးထားတဲ့ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပါတယ်။

အာနိုးဟာ ကမာ့ၻကာယဗလအားကစားပြိုင်ပွဲတွေရဲ့ Greatest Player အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရပါတယ်။ ကာယဗလလောကကို ငြီးငွေ့လာတဲ့အာနိုးဟာ အသက် ၃၃နှစ်မှာပဲ ဒီလောကက အနားယူခဲ့တယ်။ အမှန်တကယ် အာနိုးကို ကမ္ဘာကျော်စေခဲ့တာကတော့ ကာယဗလထက် ရုပ်ရှင်ဇာက်ကားတွေမှာပါတဲ့ သူရဲ့ သရုပ်ဆောင် ချက်တွေကြောင့်ဖြစ်ပါတယ်။ ဟောလီးဝုဒ်အကျော်အမော်တွေရဲ့ ကျော်ကြားသူတွေရဲ့ လျောက်လမ်း(Hollywood Walk of Fame)မှာ ကြယ်ပွင့်ထွင်းထုဂုဏ်ပြုခြင်းခံရတဲ့ အာနိုးဟာသူရဲ့ပထမဆုံးရုပ်ရှင်ဇာက်ကားဖြစ်တဲ့ Sword-and-sorcery ဆိုတဲ့ကားနဲ့ ရုပ်ရှင်လောကထဲကိုဝင်ရောက်လာပါတယ်။ ယင်းနောက်၁၉၈၂ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Conan the Barbarian ဆိုတဲ့ဇာက်ကားနဲ့ စတင်အောင်မြင်လာခဲ့ပါတယ်။

ဒီဇာက်ကားဟာ ရုပ်ရှင်လက်မှတ်တွေကုန်တဲ့အထိ ရုံဝင်စံချိန်ချိုးခဲ့ပြီး ရိုက်ကူးစဉ်က အမေရိကန်ဒေါ်လာ(၁၆)သန်းကုန်ကျခဲ့ပေမဲ့ ဝင်ငွေ (၁၃၀)သန်းအထိရခဲ့တဲ့ အထိအောင်မြင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့်ဒီကားရဲ့ နောက်ဆက်တွဲဇာက်ကားတွေတောင် ထပ်မံရိုက်ကူးရဖို့ ဖြစ်လာတာပါ။၁၉၈၃ ခုနှစ်မှာတော့ အာနိုးဟာ အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့ပါတယ်။ ဟောလီးဝုဒ်မှာ အရှိန်ရလာတဲ့ အာနိုးဟာ ၁၉၈၄ခုနှစ်မှာတော့ သူနာမည်ကိုကမ္ဘာက အသိအမှတ်ပြုစေတဲ့ The Terminator အမည်ရတဲ့ သိပ္ပံအက်ရှင် ဇာက်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ တစ်ကားလုံးမှာ စကားလုံး ၇၄လုံးသာပြောခဲ့ရပေမယ့် ဒီဇာတ်ကားမှာပါဝင်တဲ့ အာနိုး ရဲ့သရုပ်ဆောင်ချက်တွေဟာ ပီပြင်သက်ဝင်လှတာကြောင့် တကယ့်အပြင်က လူသား စက်ရုပ်အလား ကမ္ဘာရုပ်ရှင်ဝေဖန်ရေးဆရာတွေ ကတောင်ချီးကျူးခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ဒီဇာက်ကားရဲ့အောင်မြင်မှုဟာ ဒီမှာတင်ရပ်ဆိုင်းသွားခြင်း မရှိဘဲ ပရိသတ်ရဲ့တောင်းဆိုမှုတွေအရ ၁၉၉၁ ခုနှစ်မှာ Terminator-2;Judgment Day ၂၀၀၃ ခုနှစ်မှာတော့ Terminator-3; Rise of the Machines၊ ၂၀၁၅ ခုနှစ်မှာ တော့ Terminator Genisys ဇာက်ကားတွေအထိတောင် အာနိုးဟာ ဆက်တိုက် သရုပ်ဆောင်ခဲ့ရပါတယ်။ အခြားနာမည်ကျော်ဇာက်ကားတွေမှာလည်း သူဟာ ပါဝင်သရုပ် ဆောင်ခဲ့ပြီး သူရဲ့ နာမည်ကျော်ဇာက်ကားအချို့ကတော့ Commdo (၁၉၈၅)၊ The Running Man (၁၉၈၇)၊ Predator(၁၉၈၇) ၊Twins(၁၉၈၈)၊Total Recall (၁၉၉၀) Kindergarten Cop (၁၉၉၀)၊ True Lies(၁၉၉၄) ဇာက်ကားတွေဖြစ်ပါတယ်။

၁၉၉၇ခုနှစ်မှာတော့ အာနိုးဟာ နှလုံးခွဲစိတ်ကုသကာ အဆို့ရှင်တပ်ဆင်ခဲ့ရပါတယ်။ အာနိုးဟာ နိုင်ငံရေးလောကကို ဝင်ရောက်လာခဲ့ချိန်မှာ လည်းအောင်မြင်မှုတွေရရှိခဲ့ပါ သေးတယ်။ သူဟာ ရီဗက်ပလီကန်(Republican)ပါတီဝင် တစ်ယောက်ဖြစ်ပြီး ၂၀၀၃ခုနှစ် အောက်တိုဘာ (၇)ရက်နေ့မှာတော့ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး အဖြစ် Gray Davis နေရာမှာ အစားထိုးရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ နိုဝင်ဘာ(၁၇) ရက်နေ့မှာတော့ သူဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကာ Gray Davis ရဲ့ကျန်တဲ့ သက်တမ်းကို ဆက်လက်ထမ်းဆောင် ခဲ့ပါတယ်။ သူရဲ့လုပ်ဆောင်မှုတွေဟာ ကောင်းမွန်လှတာကြောင့် ၂၀၀၆ ခုနှစ်ပြည်နယ်အုပ်ချုပ် ရေးမှူးရွေးချယ်ပွဲမှာလည်း ထပ်မံအရွေးချယ်ခံခဲ့ရပြီး ၂၀၁၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူဟာတက်ကြွတဲ့ နိုင်ငံရေးသမားဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေး လောကမှာတော့ သူရဲ့လုပ်ဖော် ကိုင်ဖက်တွေက သူရဲ့ ခန္ဓာကိုယ်တုတ်ခိုင်သန်မာမှုကိုကြည့်ပြီး Austrian Oak(ဩစတေးလျ ဝက်သစ်ချပင်) ၊ သူရဲ့ ဇာက်ကောင်နာမည်ဖြစ်တဲ့ Arnie လို့လည်း ချစ်စနိုးနဲ့ ခေါ်ဆိုလေ့ရှိပါတယ်။ အာနိုးဟာ ၁၉၈၆ ခုနှစ်မှာတော့ Maria Shriver နဲ့ လက်ထပ်ခဲ့ပါတယ်။ သူမဟာ လုပ်ကြံခံခဲ့ရတဲ့ သမ္မတ ကနေဒီရဲ့ မြေးတော်စပ် ပါတယ်။ ၁၉၉၅ခုနှစ်မှာတော့ သူဟာ လူမှုအကျိုးပြုလုပ်ငန်းတစ်ခု အနေနဲ့(ICG)လို့ခေါ်တဲ့ လူငယ်တွေကို ပညာရေး၊ ယဉ်ကျေးမှု၊ ပူးပေါင်းဆက်ဆံရေးဆိုင်ရာ ပညာရပ်တွေ သင်ကြားပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုကိုတည်ထောင်ပေးပြီး အမေရိကန်တစ်ခွင်က ကျောင်းမတက်နိုင်တဲ့ ကလေးပေါင်း ၂၅၀၀၀၀ လောက်ကိုအကူအညီ ပေးနိုင်ခဲ့ပါတယ်။

ဒါအပြင် ၂၀၀၂ ခုနှစ်မှာ လူငယ်ဖွံဖြိုးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ After school After Star ကိုလော့အိမ်ဂျလိမြို့မှာ အဖွဲ့ခွဲတစ်ခုအဖြစ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီ ASAS ဆိုတဲ့ အဖွဲ့ဟာ ကျောင်းပြီးသွားတဲ့လူငယ်တွေကို ကျန်းမာရေး၊ ကြံ့ခိုင်ရေး၊ အဟာရပြည့်ဝရေး လုပ်ငန်းစဉ်တွေကို ဦးစားပေးဆောင်ရွက်တာပါ။ အာနိုးဟာ အမေရိကန်ရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အစ္စရေးနိုင်ငံအပေါ် အမြဲထောက်ခံအားပေးမှု ပြုလုပ်လေ့ရှိပါတယ်။ ဒါအပြင် အမေရိကန်ဦးဆောင်တဲ့နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ ၂၀၀၃ ခုနှစ်မှာ အီရတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်၊ ၂၀၁၁ခုနှစ်မှာ လစ်ဗျားကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကိုလည်း ထောက်ခံခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဧပြီလ(၂၈)ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကပေးအပ်တဲ့ Order National de la Legion d’Honneur ဆုကို ရရှိခဲ့ပါတယ်။ ကာယဗလရုပ်ရှင်နဲ့ နိုင်ငံရေး နယ်ပယ်အားလုံးမှာ အောင်မြင်မှုရခဲ့တဲ့ အာနိုးဟာ အခုဆိုရင် အသက် ၇၁နှစ်ရှိနေပြီဖြစ်ပါတယ်။ အာနိုးဟာ ယနေ့အချိန်ထိ အသက်ကြီးလာပြီလို့ မခံစားရပဲ၊ စိန်ခေါ်မှု အသစ်တွေကြားထဲလုပ်ငန်း တာဝန်တွေလုပ်ဆောင်နေရင်းကျေနပ်ပျော်ရွှင် နေပါကြောင်းထုတ်ဖော် ပြောကြားထားပါတယ်။  အောင်မြင်မှုတိုင်းဟာ တိုက်ဆိုင်မှုကြောင့်၊ ကံကြောင့်မဟုတ်ပဲမိမိနဲ့သာသက်ဆိုင်ကြောင်းလည်း လူငယ်တွေကို သတိပေးမိန့်ခွန်းတွေပြောပြဖူးပါတယ်။

မင်းဘဝမှာအောင်မြင်ချင်ရင်
(၁)မင်းရဲ့ပန်းတိုင် ကိုအရင်ရှာပါ။
(၂)အိမ်မက်အကြီးကြီးမက်ပါ။
(၃)မကောင်းမြင်ဝါဒီတွေကိုလျစ်လျူပြုပါ။

(၄)ပြင်းပြင်းထန်ထန်ကြိုးစားပါ
(၅) ယူပဲမယူပါနဲ့ တစ်ခုခုကိုပြန်ပေးပါ ၊ ကမ္ဘာကြီးကို ပြောင်းလဲပါဆိုတဲ့ Arnold Alois Schwarzenegger နည်းလမ်းတွေဟာ အတုယူစရာ အလွန်ကောင်းလှပါတယ်။ သူဟာ အောင်မြင်တဲ့ဘဝကိုတည်ဆောက်ရာမှာ အကြိမ် ကြိမ်ကျဆုံးခဲ့ပါသော်လည်း နောက်ဆုံးမှာတော့ သူရဲ့ရုပ်ရှင်ကားထဲက နာမည်ကျော် ဒိုင်ယာလော့ဖြစ်တဲ့ (I ‘m back) ငါပြန်လာပြီ ဆိုတဲ့အတိုင်း ကမ္ဘာကြီး အတွက်သူဟာ အကြိမ်ကြိမ် ပြန်လာနေဦးမှာပါ။

Leave a Reply