ဖ်က္ဆီးခံခဲ့ရတဲ့ နာလႏၵာတကၠသုိလ္ႀကီး အေၾကာင္း

Posted on

ေရးသားသူ – ဘိကၡဳေကသရ(Bhikkhu Kesara)

နာလႏၵာတကၠသုိလ္ဟာ ေရွးအိႏၵိယတကၠသုိလ္ေတြထဲမွာအထင္ရွားဆုံးျဖစ္တယ္။ အိႏၵိယေရွးေဟာင္းဌာနကရွာေဖြေတြ႕ရွိခဲ့ ၿပီး အပ်က္စီး အၾကြင္းအက်န္ေတြကုိ ဆက္လက္ထိန္းသိမ္းထားပါတယ္။ တည္ေနရာေတာ့ ေရွးေဟာင္း မာဂဓတုိင္းရွိရာ ဗီဟာ ျပည္နယ္ အတြင္းမွာ ျဖစ္တယ္။ မာဂဓတုိင္းဟာ ဗုဒၶ၀ါဒ စတင္ထြန္းကားရာေနရာျဖစ္ၿပီး ယခုေခၚေ၀ၚေနတဲ့ ဗီဟာ ဆုိတဲ့ အမည္ဟာ ဒီျပည္နယ္တြင္းမွာေတြ႕ရတဲ့ ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းမ်ားစြာရဲ႕ ၀ိဟာရ ဆုိတဲ့ အမည္ကုိ အစြဲျပဳၿပီးျဖစ္ေပၚလာ တာလုိ႔ ေျပာၾကပါတယ္။ နာလႏၵာဟာ ဗုဒၶျမတ္စြာ သက္ေတာ္ထင္ရွားရွိစဥ္က စည္ကားတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့တယ္။

ဗုဒၶျမတ္စြာ ဟာ နာလႏၵာကုိ ေဒသစာရီ ၾကြခ်ီေတာ္မူခဲ့ပါတယ္။ ဒီလုိ ၾကြခ်ီေတာ္မူတဲ့အခါ အမၺ၀န သရက္ေတာေက်ာင္းမွာ ေနာက္ပါ ရဟန္း ေတာ္ေတြနဲ႔ သီတင္းသုံးေနထုိင္ေတာ္မူခဲ့ေၾကာင္း သိရတယ္။ နာလႏၵာဟာ ရွင္သာရိပုတၱရာ မေထရ္ျမတ္ရဲ႕ ဇာတိၿမိဳ႕လည္း ျဖစ္တယ္။ အေသာကမင္းႀကီးဟာ အရွင္ျမတ္ရဲ႕ဓါတ္ေတာ္ေတြကုိ ဌာပနာတည္ၿပီး အရွင္ျမတ္ ပရိနိဗၺာန္ျပဳရာေနရာမွာ ေစတီ ေတာ္တစ္ဆူတည္ထားခဲ့တယ္။

ဟရရွ သီလဒိတ် မင္းလက္ထက္မွာ ပညာသင္ယူဖုိ႔ အိႏၵိယႏုိင္ငံကုိ ေရာက္ရွိခဲ့တဲ့ နာမည္ ေက်ာ္ ခရီးသည္ တ႐ုတ္ရဟန္းေတာ္ ရႊင္က်န္ရဲ႕မွတ္တမ္းက တစ္ဆင့္ နာလႏၵာတကၠသုိလ္ရဲ႕ အေၾကာင္းအရာ အေတာ္မ်ားမ်ားကုိ သိၾကရတယ္။ ေနာက္ထပ္ အိႏၵိယကုိ လာေရာက္ၿပီး နာလႏၵတကၠသုိလ္မွာ ပညာဆည္းပူးခဲ့တဲ့ တ႐ုတ္ရဟန္းေတာ္ အိခ်င္း (၆၇၅-၆၈၅) ကလည္း သူ႔ရဲ႕ မွတ္တမ္းမွာ တကၠသုိလ္ႀကီး အေၾကာင္းကုိ ေဖာ္ျပထားပါတယ္။ သူတုိ႔ထက္ ေရွးက်တဲ့ တ႐ုတ္ ခရီးသည္ရဟန္းေတာ္ ဖာယီ ယန္ လက္ထက္ကေတာ့ နာလႏၵာဟာ သာမာန္ ဘုန္းႀကီးေက်ာင္းငယ္ တစ္ေက်ာင္းမွ်သာ ျဖစ္ေၾကာင္းသိရတယ္။ တိဘက္ သမုိင္းဆရာ တာရာနာထ ကလည္း ဒီ တကၠသုိလ္ႀကီး အေၾကာင္းေရးသားထားတယ္။

ကုမာရဂုပတဘုရင္ (၄၁၅ – ၄၅၅) ဟာ နာလႏၵာမွာ ပထမဆုံး ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းကုိ တည္ေဆာက္ခဲ့ တယ္လုိ႔ ယူဆရပါတယ္။ ေက်ာင္းတုိက္ရဲ႕ ရည္ရြယ္ခ်က္ဟာ ဗုဒၶ၀ါဒ က်မ္းစာေတြကုိ သင္ၾကားပုိ႔ခ်ဖုိ႔ျဖစ္တယ္။ ေက်ာင္းတုိက္ ေနရာဟာ ၿမိဳ႕နဲ႔ မနီးလြန္း မေ၀းလြန္း ေနရာမွာ တည္ရွိလုိ႔ ဒီ ရည္ရြယ္ခ်က္အတြက္ အသင့္ေတာ္ ဆုံးေနရာတစ္ခုျဖစ္ခဲ့တယ္။

နာလႏၵာ တကၠသုိလ္ႀကီးဟာ အဲဒီ ေက်ာင္းတုိက္ကေလးကေန ဖြံ႕ၿဖိဳးတုိးတက္သြားခဲ့ျခင္းျဖစ္တယ္။ ေႏွာင္းေခတ္ ဘုရင္ေတြ ျဖစ္တဲ့ ဗုဒၶဂုပတ (၄၅၅ – ၄၆၇)၊ ဇတဂထ ဂုပတ (၄၆၇ – ၅၀၀)၊ ဗလဒိတ် (၅၀၀ – ၅၂၅) နဲ႔ ၀ိဇယ ဘုရင္ (၅၂၅) တုိ႔ဟာ နာလႏၵာ တကၠသုိလ္ႀကီးအတြက္ တုိးခ်ဲ႕ေက်ာင္းေဆာင္ အေဆာက္အဦးေတြကုိ ေဆာက္လုပ္ လွဴဒါန္းခဲ့ၾကတယ္။ ဗလ ဒိတ် ဘုရင္ဟာ ေပ (၃၀၀) ဉာဏ္ေတာ္ရွိတဲ့ ဘုရား၀တ္ျပဳဖုိ႔ အခန္းေဆာင္တစ္ေဆာင္ကုိ ေဆာက္လုပ္လွဴဒါန္းခဲ့တယ္။ သူ႕ရဲ႕သား ေတာ္ကေတာ့ ပၪၥမေျမာက္ ေက်ာင္းေဆာင္ကုိ လွဴဒါန္းခဲ့တယ္လုိ႔ ဆုိပါတယ္။ ဟရရွ သီလဒိတ် ဘုရင္ကေတာ့ ဆ႒မေျမာက္ ေက်ာင္းေဆာင္နဲ႔ တကၠသုိလ္ ပတ္ပတ္လည္က အျမင့္ (၉) ေပရွိတဲ့ တံတုိင္း၀န္းႀကီးကုိ လွဴဒါန္းခဲ့တယ္။

ေအဒီ (၁၀) စုႏွစ္ ရႊင္က်န္ေရာက္ရွိတဲ့အခ်ိန္မွာ တကၠသုိလ္ႀကီးအတြင္း ေနထုိင္ၿပီး ပညာသင္ယူတဲ့ ေက်ာင္းသားေပါင္း (၁၀၀၀၀) ရွိတယ္လုိ႔ သိရပါတယ္။ ဒီေက်ာင္းသားေတြ အားလုံးမွာ အိႏၵိယႏုိင္ငံ ေဒသ အသီးသီးက လာေရာက္ပညာသင္ၾကားသူေတြ ပါ၀င္သလုိ ႏုိင္ငံရပ္ျခားက ေက်ာင္းသားေတြလည္း ပါ၀င္ေၾကာင္းသိရတယ္။ နာလႏၵာ ဆုိတာကေတာ့ အသိပညာ အတတ္ပညာကုိ ကုိယ္စားျပဳတဲ့ၾကာပန္း ဆုိတဲ့ အဓိပၸါယ္ျဖစ္ပါတယ္။ စတင္တည္ေထာင္ခ်ိန္မွ စ၍ ရာစုေပါင္း ၆ရာစု ေက်ာ္(၁၂ရာစုခန္႔အထိ) တုိးတက္စည္ပင္ခဲ့တဲ့ ဗုဒၶဘာသာဆုိင္ရာ တကၠသုိလ္ႀကီးျဖစ္ပါတယ္။ ေက်ာင္းသားမ်ားအတြက္ အေဆာင္ေပါင္း ၂၀၀ နီးပါး ပါ၀င္ပါတယ္။

နာလႏၵာဟာ အဲဒီ ေခတ္ကာလ က အိႏၵိယမွာ အႀကီးမားဆုံး တကၠသုိလ္ႀကီးျဖစ္ခဲ့တယ္။ ေက်ာင္းတုိက္ႀကီးရဲ႕ ေက်ာင္းအုပ္ ဆရာေတာ္ဟာ အိႏၵိယရဲ႕ က်မ္းအတတ္ဆုံး သံဃာမေထရ္ျမတ္ ျဖစ္တယ္။ ရႊင္က်န္ေရာက္ရွိတဲ့အခ်ိန္မွာ ေက်ာင္းတုိက္ရဲ႕ ေက်ာင္းအုပ္ အဓိပတိ မေထရ္ဟာ သီလဘာျဒ မေထရ္ျမတ္ျဖစ္ေၾကာင္း သိရပါတယ္။ အဲဒီ ေခတ္ တကၠသုိလ္ႀကီးမွာ ေက်ာင္းသားေပါင္း (၁၀၀၀၀) ၊ စာခ် ဆရာေပါင္း (၁၅၁၀) နဲ႔ အလုပ္သမားေပါင္း (၁၅၀၀) ရွိခဲ့တယ္။

ႏုိင္ငံျခားေက်ာင္းသားေတြထဲမွာ တိဘက္၊ တ႐ုတ္၊ ဂ်ပန္၊ ကုိရီးယား၊ ဆုမၾတာ၊ ဂ်ားဗားနဲ႔ သီရိလကၤာက ေက်ာင္းသားေတြပါ၀င္ေၾကာင္းလည္းေတြ႕ရတယ္။ နာလႏၵာ တကၠသုိလ္ႀကီးမွာ ပညာသင္ယူ ခြင့္ရဖုိ႔ လူေတြ႕ႏူတ္ေမးစစ္ေဆး မူကုိ ေျဖဆုိရပါတယ္။ အ၀င္ ခန္းမႀကီးမွာ စာခ် ပါေမာကၡ တစ္ဦးက ေက်ာင္းသားသစ္ေတြကုိ ႏူတ္ေမး စစ္ေဆးၿပီး ဒီ ပါေမာကၡ ဆရာေတာ္ကုိ ဒြါရ ပ႑ိတလုိ႔ ေခၚေၾကာင္းသိရတယ္။ သကၠတ ဘာသာစကားတတ္ေျမာက္မူဟာ လုိ အပ္ခ်က္တစ္ရပ္ျဖစ္ၿပီး ဒီဘာသာစကားကုိ သုံးၿပီး သင္ၾကားပါတယ္။ အိႏၵိယမွာ အဆင့္ျမင့္ ဗုဒၶ၀ါဒစာေပေတြကုိ သင္ယူမဲ့ တ႐ုတ္ရဟန္းေတာ္ေတြဟာ ဂ်ာဗားကုိ အရင္သြားၿပီး သကၠတဘာသာ သင္ရတယ္လုိ႔ ဆုိပါတယ္။

၀င္ခြင့္စာေမးပြဲဟာ ခက္ခဲလုိ႔ ႏုိင္ငံျခားေက်ာင္းသား (၂၀) % သာ ၀င္ခြင့္ရၾကၿပီး၊ ေဒသခံေက်ာင္းသားေတြကေတာ့ (၃၀)% သာ ၀င္ခြင့္ရၾကတယ္ လုိ႔ ရႊင္က်န္ရဲ႕မွတ္တမ္းမွာ ေဖာ္ျပထားတယ္။ ဒါေၾကာင့္မုိ႔လုိ႔ ပညာေရးအဆင့္တန္းဟာ ျမင့္မားမယ္လုိ႔ ခန္႔ မွန္းရပါတယ္။ ဗုဒၶ၀ါဒ သင္ၾကားမူစံႏႈန္းအရ ဇာတ္၊ ယုံၾကည္မူ၊ လူမ်ဳိးေရး အရ ခြဲျခားမူ မရွိေၾကာင္းလည္း သိရတယ္။ တကၠသုိလ္ႀကီးမွာ ျပင္ပေက်ာင္းသား မရွိဘူး။ တကၠသုိလ္ႀကီးကုိ ဘုရင္ကလွဴဒါန္းထားတဲ့ ရြာ (၇) ရြာရဲ႕ အခြန္ေငြေတြနဲ႔ လည္ပတ္တယ္။ ဗုဒၶဘာသာ၀င္ အားလုံးအတြက္ မဟာယာနက်မ္းစာေတြကို မသင္မေနရ ျဖစ္တယ္။

သုိ႔ေသာ္လည္း အျခား ဗုဒၶ၀ါဒဂိုဏ္း (၁၈) ဂုိဏ္းက က်မ္းစာေတြကုိလည္း သင္ယူေလ့လာႏုိင္ၿပီး သိပၸံပညာ၊ ေဆးပညာ၊ နကၡတ္ပညာ၊ ပန္းခ်ီပညာနဲ႔ စာေပဘာသာရပ္ေတြ လုိ ေလာကီဘာသာရပ္ေတြကုိလည္း သင္ယူေလ့လာႏုိင္ေၾကာင္း သိရတယ္။ ဟိႏၵဴ ဒ ႆ နရဲ႕ ၀ါဒ (၆) ခုကုိလည္း သင္ၾကားၿပီး ဟိနယာန (ေထရ၀ါဒ) က်မ္းဂန္ေတြကုိလည္း သင္ၾကားပါတယ္။ ေထရ၀ါဒဆုိင္ရာ စီးပြားကူး သန္းမူ၊ အုပ္ခ်ဳပ္မူနဲ႔ နကၡတ္ပညာေတြလည္း ပါ၀င္ေၾကာင္းသိရတယ္။ တကၠသုိလ္ရဲ႕ နကၡတ္ၾကည့္ရာ အေဆာက္အဦးဟာ အလြန္ျမင့္မားေၾကာင္းလည္း သိရတယ္။ ဘာသာရပ္ဆုိင္ရာ ပုိ႔ခ်မူေတြ၊ အယူ၀ါဒဆုိင္ရာ အေျခအတင္စကားယွဥ္ၿပိဳင္မူေတြနဲ႔ ေဆြးေႏြးမူေတြဟာ သင္ၾကားမူရဲ႕ အစိတ္ပုိင္းေတြျဖစ္တယ္။ ေန႔စဥ္ တစ္ရက္တာအတြင္းမွာ ပုိ႔ခ်သင္ၾကားမူအတန္းေပါင္း (၁၀၀) ရွိတယ္ၿပီး စည္းကမ္းတင္းၾကပ္တယ္လုိ႔ ရႊင္က်န္ရဲ႕မွတ္တမ္းမွာ ေဖာ္ျပထားတယ္။

နာလႏၵာ တကၠသုိလ္ဟာ ဧက (၃၀) က်ယ္တယ္။ ‘‘ရတန-သဂရ’’၊ ‘‘ရတန-နိဒိ’’၊ “ရတန-ရန္ဇန’’ လုိ႔ အမွည့္ေပးထားတဲ့ ႀကီး မားတဲ့ စာၾကည့္တုိက္ႀကီး သုံးခုလည္းရွိတယ္။ အဲဒီထဲက စာၾကည့္တိုက္တစ္ခုဟာ အထပ္ကုိးထပ္ပါရွိေၾကာင္းသိရတယ္။

နာလႏၵာတကၠသုိလ္ ကေန ေက်ာ္ၾကားတဲ့ ဗုဒၶစာေပပညာရွင္ေတြကေတာ့ ‘‘နာဂဇုန၊ အရိယေဒ၀၊ ဓမၼပါလ၊ သီလဘျဒ၊ သံဃ ရကၡိတ၊ ကာမလေသလ၊ ဗ၀ိေ၀က၊ ဒီဃနဂ၊ ဓမၼကိတၱိ’’ စတဲ့ မေထရ္ေတြျဖစ္တယ္။ ဒီ ရဟန္းေတာ္ေတြရဲ႕ က်မ္းဂန္ေတြကုိ တိဘက္နဲ႔ တ႐ုတ္ ဘာသာျပန္မူေတြမွာ ေတြ႕ႏုိင္ၿပီး၊ (၁၄) က်မ္းရွိတယ္။ မူရင္းဘာသာနဲ႔ က်မ္းဂန္ေတြကေတာ့ ေအဒီ ၁၂၀၀ခန္႔ မွာ တူရကီ Mamluk မင္းဆက္က Muslim invaders စစ္ဗုိလ္ မုိဟာမက္ဘက္ခီးယာခီးဂ်ီး(Bakhtiyar Khilji) နဲ႔ သူ႔စစ္တပ္ရဲ႕ မီး႐ႈိ႕ဖ်က္စီးျခင္းခံခဲ့ရပါတယ္။ တကၠသုိလ္အေဆာက္အအုံေတြကို ဖ်က္စီးျခင္း ၊ မီးရႈိ႕ျခင္း ၊ လူသူရဟန္းတုိ႔ကုိ သတ္ျဖတ္ျခင္းေတြျပဳလုပ္ျခင္းနဲ႔ အတူ နာလႏၵာတကၠသုိလ္ႀကီးဟာ ပ်က္စီးခဲ့ရပါတယ္။

နာလႏၵာတကၠသုိလ္ဟာ ကမာၻေပၚမွာ ပထမဆုံး စာေပသင္ယူေလ့လာေရးနဲ႔ အသိဉာဏ္ရွာေဖြေရး မီးျပတုိက္ႀကီးျဖစ္ခဲ့ၿပီး ႏွစ္ တစ္ေထာင္ၾကာေအာင္ ထြန္းကားခဲ့တယ္။ မာဂဓတုိင္းထိ ထုိးေဖာက္၀င္ေရာက္လာခဲ့တဲ့ ဘက္ခ္တိယာရဲ႕ စစ္တပ္ဟာ နာလႏၵာ တကၠသုိလ္ႀကီးကုိ မီးတုိက္ဖ်က္ဆီးခဲ့တယ္။ ဒီျဖစ္ရပ္ဟာ ရဟန္းေတာ္ေတြ ဆြမ္းစားေနခ်ိန္မွာ ျဖစ္ပ်က္ခဲ့တာလုိ႔ ဆို ၿပီး ေရွးေဟာင္းအေထာက္ထားေတြ တူးေဖာ္တဲ့အခါ အေရးတႀကီး စြန္႔ပစ္ခဲ့ဟန္ရွိတဲ့ အစားအစာေဟာင္းေတြကုိ ေတြ႕ရွိၾကရပါတယ္။ အေစ့အဆံေတြသုိေလွာင္ရာ အေဆာက္အဦးေတြမွာ ေတြ႕ရွိခဲ့တဲ့ မီးၾကြင္းေနတဲ့ အေစ့ဆန္ေဟာင္းေတြဟာ ဒီျဖစ္ရပ္ ကုိသက္ေသျပဳေနၾကတယ္။

ဘိကၡဳေကသရ
ref: The Six Buddhist Universities of Ancient India by D. Amarasiri Weeraratne

————————

ဖျက်ဆီးခံခဲ့ရတဲ့ နာလန္ဒာတက္ကသိုလ်ကြီး အကြောင်း (unicode)

ရေးသားသူ – ဘိက္ခုကေသရ(Bhikkhu Kesara)

နာလန္ဒာတက္ကသိုလ်ဟာ ရှေးအိန္ဒိယတက္ကသိုလ်တွေထဲမှာအထင်ရှားဆုံးဖြစ်တယ်။ အိန္ဒိယရှေးဟောင်းဌာနကရှာဖွေတွေ့ရှိခဲ့ ပြီး အပျက်စီး အကြွင်းအကျန်တွေကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ တည်နေရာတော့ ရှေးဟောင်း မာဂဓတိုင်းရှိရာ ဗီဟာ ပြည်နယ် အတွင်းမှာ ဖြစ်တယ်။ မာဂဓတိုင်းဟာ ဗုဒ္ဓဝါဒ စတင်ထွန်းကားရာနေရာဖြစ်ပြီး ယခုခေါ်ဝေါ်နေတဲ့ ဗီဟာ ဆိုတဲ့ အမည်ဟာ ဒီပြည်နယ်တွင်းမှာတွေ့ရတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများစွာရဲ့ ဝိဟာရ ဆိုတဲ့ အမည်ကို အစွဲပြုပြီးဖြစ်ပေါ်လာ တာလို့ ပြောကြပါတယ်။ နာလန္ဒာဟာ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က စည်ကားတဲ့ မြို့တစ်မြို့ဖြစ်ခဲ့တယ်။

ဗုဒ္ဓမြတ်စွာ ဟာ နာလန္ဒာကို ဒေသစာရီ ကြွချီတော်မူခဲ့ပါတယ်။ ဒီလို ကြွချီတော်မူတဲ့အခါ အမ္ဗဝန သရက်တောကျောင်းမှာ နောက်ပါ ရဟန်း တော်တွေနဲ့ သီတင်းသုံးနေထိုင်တော်မူခဲ့ကြောင်း သိရတယ်။ နာလန္ဒာဟာ ရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဇာတိမြို့လည်း ဖြစ်တယ်။ အသောကမင်းကြီးဟာ အရှင်မြတ်ရဲ့ဓါတ်တော်တွေကို ဌာပနာတည်ပြီး အရှင်မြတ် ပရိနိဗ္ဗာန်ပြုရာနေရာမှာ စေတီ တော်တစ်ဆူတည်ထားခဲ့တယ်။

ဟရရှ သီလဒိတျ မင်းလက်ထက်မှာ ပညာသင်ယူဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့တဲ့ နာမည် ကျော် ခရီးသည် တရုတ်ရဟန်းတော် ရွှင်ကျန်ရဲ့မှတ်တမ်းက တစ်ဆင့် နာလန္ဒာတက္ကသိုလ်ရဲ့ အကြောင်းအရာ အတော်များများကို သိကြရတယ်။ နောက်ထပ် အိန္ဒိယကို လာရောက်ပြီး နာလန္ဒတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့တဲ့ တရုတ်ရဟန်းတော် အိချင်း (၆၇၅-၆၈၅) ကလည်း သူ့ရဲ့ မှတ်တမ်းမှာ တက္ကသိုလ်ကြီး အကြောင်းကို ဖော်ပြထားပါတယ်။ သူတို့ထက် ရှေးကျတဲ့ တရုတ် ခရီးသည်ရဟန်းတော် ဖာယီ ယန် လက်ထက်ကတော့ နာလန္ဒာဟာ သာမာန် ဘုန်းကြီးကျောင်းငယ် တစ်ကျောင်းမျှသာ ဖြစ်ကြောင်းသိရတယ်။ တိဘက် သမိုင်းဆရာ တာရာနာထ ကလည်း ဒီ တက္ကသိုလ်ကြီး အကြောင်းရေးသားထားတယ်။

ကုမာရဂုပတဘုရင် (၄၁၅ – ၄၅၅) ဟာ နာလန္ဒာမှာ ပထမဆုံး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို တည်ဆောက်ခဲ့ တယ်လို့ ယူဆရပါတယ်။ ကျောင်းတိုက်ရဲ့ ရည်ရွယ်ချက်ဟာ ဗုဒ္ဓဝါဒ ကျမ်းစာတွေကို သင်ကြားပို့ချဖို့ဖြစ်တယ်။ ကျောင်းတိုက် နေရာဟာ မြို့နဲ့ မနီးလွန်း မဝေးလွန်း နေရာမှာ တည်ရှိလို့ ဒီ ရည်ရွယ်ချက်အတွက် အသင့်တော် ဆုံးနေရာတစ်ခုဖြစ်ခဲ့တယ်။

နာလန္ဒာ တက္ကသိုလ်ကြီးဟာ အဲဒီ ကျောင်းတိုက်ကလေးကနေ ဖွံ့ဖြိုးတိုးတက်သွားခဲ့ခြင်းဖြစ်တယ်။ နှောင်းခေတ် ဘုရင်တွေ ဖြစ်တဲ့ ဗုဒ္ဓဂုပတ (၄၅၅ – ၄၆၇)၊ ဇတဂထ ဂုပတ (၄၆၇ – ၅၀၀)၊ ဗလဒိတျ (၅၀၀ – ၅၂၅) နဲ့ ဝိဇယ ဘုရင် (၅၂၅) တို့ဟာ နာလန္ဒာ တက္ကသိုလ်ကြီးအတွက် တိုးချဲ့ကျောင်းဆောင် အဆောက်အဦးတွေကို ဆောက်လုပ် လှူဒါန်းခဲ့ကြတယ်။ ဗလ ဒိတျ ဘုရင်ဟာ ပေ (၃၀၀) ဉာဏ်တော်ရှိတဲ့ ဘုရားဝတ်ပြုဖို့ အခန်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တယ်။ သူ့ရဲ့သား တော်ကတော့ ပဉ္စမမြောက် ကျောင်းဆောင်ကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဟရရှ သီလဒိတျ ဘုရင်ကတော့ ဆဋ္ဌမမြောက် ကျောင်းဆောင်နဲ့ တက္ကသိုလ် ပတ်ပတ်လည်က အမြင့် (၉) ပေရှိတဲ့ တံတိုင်းဝန်းကြီးကို လှူဒါန်းခဲ့တယ်။

အေဒီ (၁၀) စုနှစ် ရွှင်ကျန်ရောက်ရှိတဲ့အချိန်မှာ တက္ကသိုလ်ကြီးအတွင်း နေထိုင်ပြီး ပညာသင်ယူတဲ့ ကျောင်းသားပေါင်း (၁၀ ၀၀၀) ရှိတယ်လို့ သိရပါတယ်။ ဒီကျောင်းသားတွေ အားလုံးမှာ အိန္ဒိယနိုင်ငံ ဒေသ အသီးသီးက လာရောက်ပညာသင်ကြားသူတွေ ပါဝင်သလို နိုင်ငံရပ်ခြားက ကျောင်းသားတွေလည်း ပါဝင်ကြောင်းသိရတယ်။ နာလန္ဒာ ဆိုတာကတော့ အသိပညာ အတတ်ပညာကို ကိုယ်စားပြုတဲ့ကြာပန်း ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ စတင်တည်ထောင်ချိန်မှ စ၍ ရာစုပေါင်း ၆ရာစု ကျော်(၁၂ရာစုခန့်အထိ) တိုးတက်စည်ပင်ခဲ့တဲ့ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ကျောင်းသားများအတွက် အဆောင်ပေါင်း ၂၀၀ နီးပါး ပါဝင်ပါတယ်။

နာလန္ဒာဟာ အဲဒီ ခေတ်ကာလ က အိန္ဒိယမှာ အကြီးမားဆုံး တက္ကသိုလ်ကြီးဖြစ်ခဲ့တယ်။ ကျောင်းတိုက်ကြီးရဲ့ ကျောင်းအုပ် ဆရာတော်ဟာ အိန္ဒိယရဲ့ ကျမ်းအတတ်ဆုံး သံဃာမထေရ်မြတ် ဖြစ်တယ်။ ရွှင်ကျန်ရောက်ရှိတဲ့အချိန်မှာ ကျောင်းတိုက်ရဲ့ ကျောင်းအုပ် အဓိပတိ မထေရ်ဟာ သီလဘာဒြ မထေရ်မြတ်ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ ခေတ် တက္ကသိုလ်ကြီးမှာ ကျောင်းသားပေါင်း (၁၀ ၀၀၀) ၊ စာချ ဆရာပေါင်း (၁၅၁၀) နဲ့ အလုပ်သမားပေါင်း (၁၅၀၀) ရှိခဲ့တယ်။

နိုင်ငံခြားကျောင်းသားတွေထဲမှာ တိဘက်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဆုမတြာ၊ ဂျားဗားနဲ့ သီရိလင်္ကာက ကျောင်းသားတွေပါဝင်ကြောင်းလည်းတွေ့ရတယ်။ နာလန္ဒာ တက္ကသိုလ်ကြီးမှာ ပညာသင်ယူ ခွင့်ရဖို့ လူတွေ့နူတ်မေးစစ်ဆေး မူကို ဖြေဆိုရပါတယ်။ အဝင် ခန်းမကြီးမှာ စာချ ပါမောက္ခ တစ်ဦးက ကျောင်းသားသစ်တွေကို နူတ်မေး စစ်ဆေးပြီး ဒီ ပါမောက္ခ ဆရာတော်ကို ဒွါရ ပဏ္ဍိတလို့ ခေါ်ကြောင်းသိရတယ်။ သက္ကတ ဘာသာစကားတတ်မြောက်မူဟာ လို အပ်ချက်တစ်ရပ်ဖြစ်ပြီး ဒီဘာသာစကားကို သုံးပြီး သင်ကြားပါတယ်။ အိန္ဒိယမှာ အဆင့်မြင့် ဗုဒ္ဓဝါဒစာပေတွေကို သင်ယူမဲ့ တရုတ်ရဟန်းတော်တွေဟာ ဂျာဗားကို အရင်သွားပြီး သက္ကတဘာသာ သင်ရတယ်လို့ ဆိုပါတယ်။

ဝင်ခွင့်စာမေးပွဲဟာ ခက်ခဲလို့ နိုင်ငံခြားကျောင်းသား (၂၀) % သာ ဝင်ခွင့်ရကြပြီး၊ ဒေသခံကျောင်းသားတွေကတော့ (၃၀)% သာ ဝင်ခွင့်ရကြတယ် လို့ ရွှင်ကျန်ရဲ့မှတ်တမ်းမှာ ဖော်ပြထားတယ်။ ဒါကြောင့်မို့လို့ ပညာရေးအဆင့်တန်းဟာ မြင့်မားမယ်လို့ ခန့် မှန်းရပါတယ်။ ဗုဒ္ဓဝါဒ သင်ကြားမူစံနှုန်းအရ ဇာတ်၊ ယုံကြည်မူ၊ လူမျိုးရေး အရ ခွဲခြားမူ မရှိကြောင်းလည်း သိရတယ်။ တက္ကသိုလ်ကြီးမှာ ပြင်ပကျောင်းသား မရှိဘူး။ တက္ကသိုလ်ကြီးကို ဘုရင်ကလှူဒါန်းထားတဲ့ ရွာ (၇) ရွာရဲ့ အခွန်ငွေတွေနဲ့ လည်ပတ်တယ်။ ဗုဒ္ဓဘာသာဝင် အားလုံးအတွက် မဟာယာနကျမ်းစာတွေကို မသင်မနေရ ဖြစ်တယ်။

သို့သော်လည်း အခြား ဗုဒ္ဓဝါဒဂိုဏ်း (၁၈) ဂိုဏ်းက ကျမ်းစာတွေကိုလည်း သင်ယူလေ့လာနိုင်ပြီး သိပ္ပံပညာ၊ ဆေးပညာ၊ နက္ခတ်ပညာ၊ ပန်းချီပညာနဲ့ စာပေဘာသာရပ်တွေ လို လောကီဘာသာရပ်တွေကိုလည်း သင်ယူလေ့လာနိုင်ကြောင်း သိရတယ်။ ဟိန္ဒူ ဒ ဿ နရဲ့ ဝါဒ (၆) ခုကိုလည်း သင်ကြားပြီး ဟိနယာန (ထေရဝါဒ) ကျမ်းဂန်တွေကိုလည်း သင်ကြားပါတယ်။ ထေရဝါဒဆိုင်ရာ စီးပွားကူး သန်းမူ၊ အုပ်ချုပ်မူနဲ့ နက္ခတ်ပညာတွေလည်း ပါဝင်ကြောင်းသိရတယ်။ တက္ကသိုလ်ရဲ့ နက္ခတ်ကြည့်ရာ အဆောက်အဦးဟာ အလွန်မြင့်မားကြောင်းလည်း သိရတယ်။ ဘာသာရပ်ဆိုင်ရာ ပို့ချမူတွေ၊ အယူဝါဒဆိုင်ရာ အခြေအတင်စကားယှဉ်ပြိုင်မူတွေနဲ့ ဆွေးနွေးမူတွေဟာ သင်ကြားမူရဲ့ အစိတ်ပိုင်းတွေဖြစ်တယ်။ နေ့စဉ် တစ်ရက်တာအတွင်းမှာ ပို့ချသင်ကြားမူအတန်းပေါင်း (၁၀၀) ရှိတယ်ပြီး စည်းကမ်းတင်းကြပ်တယ်လို့ ရွှင်ကျန်ရဲ့မှတ်တမ်းမှာ ဖော်ပြထားတယ်။

နာလန္ဒာ တက္ကသိုလ်ဟာ ဧက (၃၀) ကျယ်တယ်။ ‘‘ရတန-သဂရ’’၊ ‘‘ရတန-နိဒိ’’၊ “ရတန-ရန်ဇန’’ လို့ အမှည့်ပေးထားတဲ့ ကြီး မားတဲ့ စာကြည့်တိုက်ကြီး သုံးခုလည်းရှိတယ်။ အဲဒီထဲက စာကြည့်တိုက်တစ်ခုဟာ အထပ်ကိုးထပ်ပါရှိကြောင်းသိရတယ်။

နာလန္ဒာတက္ကသိုလ် ကနေ ကျော်ကြားတဲ့ ဗုဒ္ဓစာပေပညာရှင်တွေကတော့ ‘‘နာဂဇုန၊ အရိယဒေ၀၊ ဓမ္မပါလ၊ သီလဘဒြ၊ သံဃ ရက္ခိတ၊ ကာမလသေလ၊ ဗဝိဝေက၊ ဒီဃနဂ၊ ဓမ္မကိတ္တိ’’ စတဲ့ မထေရ်တွေဖြစ်တယ်။ ဒီ ရဟန်းတော်တွေရဲ့ ကျမ်းဂန်တွေကို တိဘက်နဲ့ တရုတ် ဘာသာပြန်မူတွေမှာ တွေ့နိုင်ပြီး၊ (၁၄) ကျမ်းရှိတယ်။ မူရင်းဘာသာနဲ့ ကျမ်းဂန်တွေကတော့ အေဒီ ၁၂၀ဝခန့် တူရကီ Mamluk မင်းဆက်က Muslim invaders စစ်ဗိုလ် မိုဟာမက်ဘက်ခီးယာခီးဂျီး(Bakhtiyar Khilji) နဲ့ သူ့စစ်တပ်ရဲ့ မီးရှို့ဖျက်စီးခြင်းခံခဲ့ရပါတယ်။ တက္ကသိုလ်အဆောက်အအုံတွေကို ဖျက်စီးခြင်း ၊ မီးရှို့ခြင်း ၊ လူသူရဟန်းတို့ကို သတ်ဖြတ်ခြင်းတွေပြုလုပ်ခြင်းနဲ့ အတူ နာလန္ဒာတက္ကသိုလ်ကြီးဟာ ပျက်စီးခဲ့ရပါတယ်။

နာလန္ဒာတက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး စာပေသင်ယူလေ့လာရေးနဲ့ အသိဉာဏ်ရှာဖွေရေး မီးပြတိုက်ကြီးဖြစ်ခဲ့ပြီး နှစ် တစ်ထောင်ကြာအောင် ထွန်းကားခဲ့တယ်။ မာဂဓတိုင်းထိ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ဘက်ခ်တိယာရဲ့ စစ်တပ်ဟာ နာလန္ဒာ တက္ကသိုလ်ကြီးကို မီးတိုက်ဖျက်ဆီးခဲ့တယ်။ ဒီဖြစ်ရပ်ဟာ ရဟန်းတော်တွေ ဆွမ်းစားနေချိန်မှာ ဖြစ်ပျက်ခဲ့တာလို့ ဆို ပြီး ရှေးဟောင်းအထောက်ထားတွေ တူးဖော်တဲ့အခါ အရေးတကြီး စွန့်ပစ်ခဲ့ဟန်ရှိတဲ့ အစားအစာဟောင်းတွေကို တွေ့ရှိကြရပါတယ်။ အစေ့အဆံတွေသိုလှောင်ရာ အဆောက်အဦးတွေမှာ တွေ့ရှိခဲ့တဲ့ မီးကြွင်းနေတဲ့ အစေ့ဆန်ဟောင်းတွေဟာ ဒီဖြစ်ရပ် ကိုသက်သေပြုနေကြတယ်။

ဘိက္ခုကေသရ
ref: The Six Buddhist Universities of Ancient India by D. Amarasiri Weeraratne

 

Leave a Reply