တစ္ေန႔ သစ္ပင္တစ္ပင္စုိက္ရင္း ဧရာမသစ္ေတာႀကီးကို ဖန္ဆင္းခဲ့သူ

Posted on

ေရးသားသူ – ထက္၀န

သစ္ေတာလူသားလုိ႔  ကမာၻကအမည္ေပးထားတဲ့ သူ႔နာမည္အရင္းကေတာ့ Jadav Payeng ျဖစ္ပါတယ္။ Jadav ကုိ ၁၉၆၃ ခုႏွစ္ အိႏၵိယ ႏိုင္ငံအက္ဆန္မွာ ေမြးဖြားခဲ့ပါတယ္။ ခ်ဳိ႕တဲ့ တဲ့ မိသားစုက ေမြးဖြားလာခဲ့သူျဖစ္ျပီး မိသားစုဟာ ထင္းေကာက္ ပ်ဳိးပင္စုိက္တဲ့ အလုပ္နဲ ့အသက္ေမြးခဲ့ၾကသလို Jadav ဟာလည္း ဆင္းရဲ့သား သားသမီး ပီပီ ၅ ႏွစ္သားကတညး္က ဒီအလုပ္ေတြ လုပ္ခဲ့ရပါတယ္။ ၉ ႏွစ္အရြယ္မွာ ရြာကလူငယ္အကုိအရြယ္ေတြ နဲ႔ လုိက္လံျပီး သစ္ေတာေတြထဲ ေဆးျမစ္ရွာတဲ့ ေနာက္ကုိလုိက္ခဲ့ျပီး Jadav ရဲ့ေမြးရာပါထူးျခားမႈကေတာ့ သစ္ေတာသစ္ပင္ေတြကို ခ်စ္ျမတ္နိုးျခင္းပါဘဲ။

အပင္ထူးဆန္းတာေတြ ေတြ ့ရင္ အိမ္ကုိယူလာစုိက္ပ်ဳိးတတ္ျပီး ေဆးပင္ေတြရဲ့ထူးျခားမႈအာနိသင္ကိုလညး္ ေလ့လာတတ္တဲ့သူတစ္ေယာက္ပါ။ ဒီအမူအက်င့္ေၾကာင့္ဘဲ ဖခင္ရဲ့ ႏြားႏွစ္ေကာင္ ေနမေကာင္းျဖစ္ခ်ိန္ သူစုိက္ထားတဲ့ေဆးျမစ္တစ္မ်ဳိးကုိ က်ဳိတုိက္ခဲ့မႈေၾကာင့္ ေသဆုံးခဲ့ရပါတယ္။ ရြာကလူေတြအဖုိ ့ ဒီကေလးဟာ ဟာသျဖစ္သလုိ သာမာန္ရြာသားေတြၾကား Jadav ဟာ ေပါခ်ာခ်ာကေလးတစ္ဦးျဖစ္ခဲ့ရပါတယ္။ ၁၆ ႏွစ္သားမွာ ေျမြကိုက္ခံရ၊ ေျမြျမဳိခံရမလုိျဖစ္ဖူးတယ္။ မေသဘူး။ ၁၅ ႏွစ္သားမွာ သစ္ပင္ပိခံရဖူးတယ္။ ၁၇ ႏွစ္သားမွာပဲ သစ္ခုိးဂိုဏ္းတစ္ခုနဲ ့တုိးရင္း ေျခေထာက္ကုိ ေသနတ္နဲ ့အပစ္ခံရဖူးတယ္။

သူဘ၀ကုိ သစ္ပင္လူသားျဖစ္ေစမယ့္ ျဖစ္ရပ္ကေတာ့ ၁၉၇၉ခုႏွစ္ သူ ၁၆ႏွစ္သားမွာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က သူ Brahmaputra ျမစ္ေဘးသဲေသာင္ျပင္ကို ေရာက္တဲ့အခါ ေျမြ နဲ႔ အျခားတိရစာၦန္ငယ္ေလးေပါင္းမ်ားစြာ ေသဆုံးေနတာကို ေတြ႔လုိက္ရပါတယ္။ အေၾကာင္းကေတာ့ သစ္ပင္သစ္ေတာ မရွိပဲ အပူဒါဏ္ေၾကာင့္ ေသဆုံးကုန္ၾကတာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ကိုေတြ႔ၿပီးတဲ့ေနာက္မွာ သူဟာ တိရစာၦန္အေသေကာင္ေတြကို ရွင္းလင္းၿပီး ဒီေနရာမွာသစ္ပင္ေတြစုိက္ဖုိ႔ လုိတယ္လုိ႔ေတြးမိတယ္။ ဒါေၾကာင့္ သစ္ေတာဌာနကို သြားေျပာျပခဲ့တယ္။ ဒါေပမယ့္ သစ္ေတာဌာနက ဒီေနရာမွာ ဘာအပင္မွ စုိက္လုိ႔မရေၾကာင္း ၊ ကူလည္းမကူညီႏုိင္ေၾကာင္း ျငင္းဆန္ခဲ့တယ္။ ဒါေၾကာင့္ ဘယ္သူမွ မကူလည္း တစ္ေယာက္တည္းစုိက္မယ္ဆုိတဲ့ ဆုံးျဖတ္ခ်က္နဲ႔ သူသစ္ပင္ေတြကို စစုိက္ခဲ့တယ္။ သူပထမဆုံးစုိက္ျဖစ္တာက ၀ါးပင္ေလး ၂၀ပါ။

သစ္ေတာေတြဟာ တိရစာၦန္ေတြအတြက္သာမကပဲ လူသားေတြအတြက္ပါ အေရးပါေၾကာင္း သူေထာက္ျပခ်င္ခဲ့တယ္။ ဒါေၾကာင့္ Jadav ဟာ အဲဒီအခ်ိန္ကတည္းက သစ္ေတာသစ္ပင္ေတြကုိ သူနုိင္သေလာက္ စုိက္ပ်ဳိးခဲ့ျပီး ဘဝကုိ သစ္ပင္ေတြနဲ့ ျဖတ္သန္းခဲ့ပါတယ္။ ေန႔တုိင္းေန႔တုိင္း သစ္ပင္တစ္ပင္ မျဖစ္မေနသူစုိက္ခဲ့တယ္။ စုိက္ၿပီးသားအပင္ေတြကုိလည္း ဂရုစုိက္ခဲ့တယ္။ သူသစ္ပင္ေတြကုိ စုိက္လာစုိက္လာရင္း သူ့ရြာက Binita နဲ ့ခ်စ္သူျဖစ္ခဲ့ျပီး အိမ္ေထာင္က်ခဲ့ပါတယ္။ ဒါေပမယ့္ သစ္ေတာေတြစုိက္တဲ့ သူ ့ဗီဇကုိပဲ ဆက္လုပ္ခဲ့ျပီး ဘဝကုိ ဆင္းဆင္းရဲရဲျဖတ္သန္းခဲ့ပါတယ္။ ဘဝတစ္ေလွ်ာက္လုံး ဒီလုိလုပ္လာမႈက Jadav ကုိ တစ္ေန ့မွာ အက်ဳိးေပးခဲ့ပါတယ္။ ဒါကေတာ့ 2008 ခုႏွစ္မွာ အိႏိၵယၾကဳိးဝုိင္းသစ္ေတာထိန္းသိမ္းေရးအဖြဲ ့က ထူးဆန္းစြာပဲ Jadav စုိက္ပ်ဳိးထားခဲ့တဲ့ သစ္ေတာကုိ ေရာက္ရွိခဲ့ၾကပါတယ္။

အံၾသစရာပါဘဲ၊ ဧကေထာင္ခ်ီျဖစ္ေနတဲ့ သစ္ေတာနဲ့ သစ္ေတာအတြင္းလာေရာက္ က်က္စားေနထုိင္တဲ့ ေတာတိရိစာၧန္ေတြ အပါအဝင္ ဆင္ေကာင္ေရ ၁၁၅ ေကာင္ကုိပါ ေတြ ့ရွိခဲ့ၾကပါတယ္။ ဒါတင္မကေသးပဲ က်ားေကာင္ေရ အမ်ားအျပားကုိပါ ေတြ ့ခဲ့မႈက Jadav ကုိ အိႏိၵယသစ္ေတာ ထိန္းသိမ္းေရးအဖြဲ ့က သြားေရာက္ေတြ ့ရွိခဲ့ပါေတာ့တယ္။ ဒီလုိသစ္ေတာၾကီးျဖစ္လာဖုိ ့ Jadav ဟာ ဘဝတစ္ခုလုံးေပးဆပ္ခဲ့ရသလုိ သူ့မိန္းမနဲ ့ အမ်ဳိးေတြပုိင္တဲ့ ႏြားနဲ ့ကၽႊဲ အေကာင္ေရ ၁၀၀ နီးပါး က်ားဆြဲခံခဲ့ရပါတယ္။ အိႏိၵယ အစုိးရက ခ်က္ခ်င္းဆုိသလုိ ဒီလူသားကုိ ပံပုိးမႈမ်ားစြာ ေပးခဲ့ျပီး Jadav ဟာလည္း media ေတြမွာ သတင္းၾကီးလာခဲ့ပါတယ္။

Interview မ်ားစြာ Program မ်ားစြာက ေခၚယူေမးျမန္းခဲ့သလုိ အိႏိၵယအစုိးရ ကေပးတဲ ့ Highest Civilian Award In India ဆု၊ School of Environmental Science ကေပးတဲ့ Honor Human ဆု၊ Indian Institute of Forest Management အျပင္ Sir ဘြဲ ့အျဖစ္ Honorable President of India ဆုၾကီးကုိပါ ၂၀၁၅ ခုႏွစ္မွာ ေပးအပ္ျခင္းခံခဲ့ရပါတယ္။ ဒါ့အျပင္ Forest Man ဆိုျပီး လူသိမ်ားလာတဲ့ Jadav ဟာ မ်ဳိးဆက္သစ္လူငယ္မ်ားအတြက္ စံျပအျဖစ္ Biographical Children’s စာအုပ္မွာပါ အညႊန္းခံခဲ့ရပါတယ္။

Jadav အေၾကာင္းကုိ ရုိက္ခဲ့တဲ ့ Documentary Flim ဟာလည္း ဆုေပါင္းမ်ားစြာ ရခဲ့သလုိ Jadav ဟာ အိႏိၵယ ရဲ့ ၂၁ ရာစု စံျပ လူသားေတြထဲ ပါဝင္ခဲ့တယ္။ သူစုိက္ခဲ့တဲ့သစ္ေတာဟာ လက္ရွိမွာ ၁၃၆၀ ဧကအထိ က်ယ္သလုိ ေတာရုိင္း တိရစာၦန္ေပါင္းမ်ားစြာ အသက္ရွင္ေနရာတစ္ခုလညး္ျဖစ္လာခဲ့ပါတယ္။ အခုဆုိရင္  Jadav ရဲ႕အသက္ဟာ ၅၀ ရွိသြားသလုိ သူစုိက္ခဲ့တဲ့ သစ္ေတာႀကီးဟာလည္း နယူးေယာက္က ကမာၻေက်ာ္ Central Park ဥယ်ာဥ္ထက္ေတာင္ ပုိႀကီးသြားခဲ့ၿပီး ဧက ၁၃၀၀ေက်ာ္ေတာင္ ရွိသြားပါၿပီ။

“လူေတြဟာ သဘာ၀တရားကို တေန႔တျခားဖ်က္ဆီးေနၾကတယ္ ၊ ထိန္းသိမ္းဖုိ႔ေတာ့ေမ့ေလ်ာ့ေနၾကတယ္။ ကြ်န္ေတာ့္သစ္ပင္ေတြကိုေတာ့ ဘယ္သူမွအခုတ္မခံႏုိင္ဘူး ၊ သစ္ပင္ေတြကို ခုတ္မယ့္အတူတူ ကွ်န္ေတ္ာ့ကုိသာ ခုတ္သြားပါ ၊ ဒီေနရာဟာ ၿမဳိ႕ျပနဲ႔ မတူပါဘူး ၊ ၿမဳိ႕က အိမ္ေတြထဲမွာ အဲကြန္းဖြင့္ၿပီး ျပင္ပေရာက္ရင္ ညစ္ညမ္းတဲ့ေလကိုပဲ ရႈေနရတယ္ ၊ သန္႔ရွင္းလတ္ဆတ္တဲ့ ေလေကာင္းေလသန္႔ကုိ ရဖုိ႔ ၊ ရာသီဥတုကို ထိမ္းသိမ္းဖုိ႔ သစ္ပင္ေတြဟာ မရွိလုိအပ္ပါတယ္ “လုိ႔ Jadav က ဆုိပါတယ္။

Reference: Strange Obsession of Jadav, The Forest Man of India Book

———————-

တစ်နေ့ သစ်ပင်တစ်ပင်စိုက်ရင်း ဧရာမသစ်တောကြီးကို ဖန်ဆင်းခဲ့သူ (unicode)

သစ်တောလူသားလို့  ကမ္ဘာကအမည်ပေးထားတဲ့ သူ့နာမည်အရင်းကတော့ Jadav Payeng ဖြစ်ပါတယ်။ Jadav ကို ၁၉၆၃ ခုနှစ် အိန္ဒိယ နိုင်ငံအက်ဆန်မှာ မွေးဖွားခဲ့ပါတယ်။ ချို့တဲ့ တဲ့ မိသားစုက မွေးဖွားလာခဲ့သူဖြစ်ပြီး မိသားစုဟာ ထင်းကောက် ပျိုးပင်စိုက်တဲ့ အလုပ်နဲ့အသက်မွေးခဲ့ကြသလို Jadav ဟာလည်း ဆင်းရဲ့သား သားသမီး ပီပီ ၅ နှစ်သားကတည်းက ဒီအလုပ်တွေ လုပ်ခဲ့ရပါတယ်။ ၉ နှစ်အရွယ်မှာ ရွာကလူငယ်အကိုအရွယ်တွေ နဲ့ လိုက်လံပြီး သစ်တောတွေထဲ ဆေးမြစ်ရှာတဲ့ နောက်ကိုလိုက်ခဲ့ပြီး Jadav ရဲ့မွေးရာပါထူးခြားမှုကတော့ သစ်တောသစ်ပင်တွေကို ချစ်မြတ်နိုးခြင်းပါဘဲ။

အပင်ထူးဆန်းတာတွေ တွေ့ရင် အိမ်ကိုယူလာစိုက်ပျိုးတတ်ပြီး ဆေးပင်တွေရဲ့ထူးခြားမှုအာနိသင်ကိုလည်း လေ့လာတတ်တဲ့သူတစ်ယောက်ပါ။ ဒီအမူအကျင့်ကြောင့်ဘဲ ဖခင်ရဲ့ နွားနှစ်ကောင် နေမကောင်းဖြစ်ချိန် သူစိုက်ထားတဲ့ဆေးမြစ်တစ်မျိုးကို ကျိုတိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရပါတယ်။ ရွာကလူတွေအဖို့ ဒီကလေးဟာ ဟာသဖြစ်သလို သာမာန်ရွာသားတွေကြား Jadav ဟာ ပေါချာချာကလေးတစ်ဦးဖြစ်ခဲ့ရပါတယ်။ ၁၆ နှစ်သားမှာ မြွေကိုက်ခံရ၊ မြွေမြိုခံရမလိုဖြစ်ဖူးတယ်။ မသေဘူး။ ၁၅ နှစ်သားမှာ သစ်ပင်ပိခံရဖူးတယ်။ ၁၇ နှစ်သားမှာပဲ သစ်ခိုးဂိုဏ်းတစ်ခုနဲ့တိုးရင်း ခြေထောက်ကို သေနတ်နဲ့အပစ်ခံရဖူးတယ်။

သူဘဝကို သစ်ပင်လူသားဖြစ်စေမယ့် ဖြစ်ရပ်ကတော့ ၁၉၇၉ခုနှစ် သူ ၁၆နှစ်သားမှာ ဖြစ်ပါတယ်။ အဲဒီအချိန်က သူ Brahmaputra မြစ်ဘေးသဲသောင်ပြင်ကို ရောက်တဲ့အခါ မြွေ နဲ့ အခြားတိရစ္ဆာန်ငယ်လေးပေါင်းများစွာ သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ အကြောင်းကတော့ သစ်ပင်သစ်တော မရှိပဲ အပူဒါဏ်ကြောင့် သေဆုံးကုန်ကြတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုတွေ့ပြီးတဲ့နောက်မှာ သူဟာ တိရစ္ဆာန်အသေကောင်တွေကို ရှင်းလင်းပြီး ဒီနေရာမှာသစ်ပင်တွေစိုက်ဖို့ လိုတယ်လို့တွေးမိတယ်။ ဒါကြောင့် သစ်တောဌာနကို သွားပြောပြခဲ့တယ်။ ဒါပေမယ့် သစ်တောဌာနက ဒီနေရာမှာ ဘာအပင်မှ စိုက်လို့မရကြောင်း ၊ ကူလည်းမကူညီနိုင်ကြောင်း ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် ဘယ်သူမှ မကူလည်း တစ်ယောက်တည်းစိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သူသစ်ပင်တွေကို စစိုက်ခဲ့တယ်။ သူပထမဆုံးစိုက်ဖြစ်တာက ဝါးပင်လေး ၂ဝပါ။

သစ်တောတွေဟာ တိရစ္ဆာန်တွေအတွက်သာမကပဲ လူသားတွေအတွက်ပါ အရေးပါကြောင်း သူထောက်ပြချင်ခဲ့တယ်။ ဒါကြောင့် Jadav ဟာ အဲဒီအချိန်ကတည်းက သစ်တောသစ်ပင်တွေကို သူနိုင်သလောက် စိုက်ပျိုးခဲ့ပြီး ဘဝကို သစ်ပင်တွေနဲ့ ဖြတ်သန်းခဲ့ပါတယ်။ နေ့တိုင်းနေ့တိုင်း သစ်ပင်တစ်ပင် မဖြစ်မနေသူစိုက်ခဲ့တယ်။ စိုက်ပြီးသားအပင်တွေကိုလည်း ဂရုစိုက်ခဲ့တယ်။ သူသစ်ပင်တွေကို စိုက်လာစိုက်လာရင်း သူ့ရွာက Binita နဲ့ချစ်သူဖြစ်ခဲ့ပြီး အိမ်ထောင်ကျခဲ့ပါတယ်။ ဒါပေမယ့် သစ်တောတွေစိုက်တဲ့ သူ့ဗီဇကိုပဲ ဆက်လုပ်ခဲ့ပြီး ဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး ဒီလိုလုပ်လာမှုက Jadav ကို တစ်နေ့မှာ အကျိုးပေးခဲ့ပါတယ်။ ဒါကတော့ 2008 ခုနှစ်မှာ အိန္ဒိယကြိုးဝိုင်းသစ်တောထိန်းသိမ်းရေးအဖွဲ့က ထူးဆန်းစွာပဲ Jadav စိုက်ပျိုးထားခဲ့တဲ့ သစ်တောကို ရောက်ရှိခဲ့ကြပါတယ်။

အံဩစရာပါဘဲ၊ ဧကထောင်ချီဖြစ်နေတဲ့ သစ်တောနဲ့ သစ်တောအတွင်းလာရောက် ကျက်စားနေထိုင်တဲ့ တောတိရိစ္ဆာန်တွေ အပါအဝင် ဆင်ကောင်ရေ ၁၁၅ ကောင်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ ဒါတင်မကသေးပဲ ကျားကောင်ရေ အများအပြားကိုပါ တွေ့ခဲ့မှုက Jadav ကို အိန္ဒိယသစ်တော ထိန်းသိမ်းရေးအဖွဲ့က သွားရောက်တွေ့ရှိခဲ့ပါတော့တယ်။ ဒီလိုသစ်တောကြီးဖြစ်လာဖို့ Jadav ဟာ ဘဝတစ်ခုလုံးပေးဆပ်ခဲ့ရသလို သူ့မိန်းမနဲ့ အမျိုးတွေပိုင်တဲ့ နွားနဲ့ကျွှဲ အကောင်ရေ ၁၀၀ နီးပါး ကျားဆွဲခံခဲ့ရပါတယ်။ အိန္ဒိယ အစိုးရက ချက်ချင်းဆိုသလို ဒီလူသားကို ပံပိုးမှုများစွာ ပေးခဲ့ပြီး Jadav ဟာလည်း media တွေမှာ သတင်းကြီးလာခဲ့ပါတယ်။

Interview များစွာ Program များစွာက ခေါ်ယူမေးမြန်းခဲ့သလို အိန္ဒိယအစိုးရ ကပေးတဲ့ Highest Civilian Award In India ဆု၊ School of Environmental Science ကပေးတဲ့ Honor Human ဆု၊ Indian Institute of Forest Management အပြင် Sir ဘွဲ့အဖြစ် Honorable President of India ဆုကြီးကိုပါ ၂၀၁၅ ခုနှစ်မှာ ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ဒါ့အပြင် Forest Man ဆိုပြီး လူသိများလာတဲ့ Jadav ဟာ မျိုးဆက်သစ်လူငယ်များအတွက် စံပြအဖြစ် Biographical Children’s စာအုပ်မှာပါ အညွှန်းခံခဲ့ရပါတယ်။

Jadav အကြောင်းကို ရိုက်ခဲ့တဲ့ Documentary Flim ဟာလည်း ဆုပေါင်းများစွာ ရခဲ့သလို Jadav ဟာ အိန္ဒိယ ရဲ့ ၂၁ ရာစု စံပြ လူသားတွေထဲ ပါဝင်ခဲ့တယ်။ သူစိုက်ခဲ့တဲ့သစ်တောဟာ လက်ရှိမှာ ၁၃၆၀ ဧကအထိ ကျယ်သလို တောရိုင်း တိရစ္ဆာန်ပေါင်းများစွာ အသက်ရှင်နေရာတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်  Jadav ရဲ့အသက်ဟာ ၅၀ ရှိသွားသလို သူစိုက်ခဲ့တဲ့ သစ်တောကြီးဟာလည်း နယူးယောက်က ကမ္ဘာကျော် Central Park ဥယျာဉ်ထက်တောင် ပိုကြီးသွားခဲ့ပြီး ဧက ၁၃၀၀ကျော်တောင် ရှိသွားပါပြီ။

“လူတွေဟာ သဘာဝတရားကို တနေ့တခြားဖျက်ဆီးနေကြတယ် ၊ ထိန်းသိမ်းဖို့တော့မေ့လျော့နေကြတယ်။ ကျွန်တော့်သစ်ပင်တွေကိုတော့ ဘယ်သူမှအခုတ်မခံနိုင်ဘူး ၊ သစ်ပင်တွေကို ခုတ်မယ့်အတူတူ ကျှန်တော့်ကိုသာ ခုတ်သွားပါ ၊ ဒီနေရာဟာ မြို့ပြနဲ့ မတူပါဘူး ၊ မြို့က အိမ်တွေထဲမှာ အဲကွန်းဖွင့်ပြီး ပြင်ပရောက်ရင် ညစ်ညမ်းတဲ့လေကိုပဲ ရှုနေရတယ် ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရဖို့ ၊ ရာသီဥတုကို ထိမ်းသိမ်းဖို့ သစ်ပင်တွေဟာ မရှိလိုအပ်ပါတယ် “လို့ Jadav က ဆိုပါတယ်။

Reference: Strange Obsession of Jadav, The Forest Man of India Book

Leave a Reply