ကမာၻတလႊား ရာဇ၀တ္မႈ အမ်ားဆုံးႏုိင္ငံမ်ား

Posted on

ယေန႔ကမာၻၾကီးဟာ ယဥ္ေက်းမႈအဆင့္အတန္းျမင့္မားလာျပီလို႔ထင္ရေပမဲ့ ဆိုးရြားလြန္းလွတဲ့ မႈခင္းျဖစ္ရပ္ေတြကေတာ့ ေန႔စဥ္နဲ႔ အမွ်ျဖစ္ေပၚေနဆဲပါ။ နိုင္္ငံတကာမွာ ျဖစ္ပြားေနတဲ့ မႈခင္းျဖစ္ရပ္ေတြကို တိက်တဲ့စာရင္းဇယားတစ္ခုကို ျပဳလုပ္လိုက္တဲ့အခါမွာေတာ့ အခုေဖာ္ျပေပးမဲ့စာရင္းထြက္ေပၚလာပါတယ္။ ဒီစာရင္းဟာနိုင္ငံအလိုက္ လူဦးေရရဲ့ လူတစ္သိန္းေလာက္ကို အေျခခံျပီး တစ္နွစ္အတြင္း ျဖစ္ေပၚတဲ့ လူသတ္မႈကဲ့သို႔ေသာ မႈခင္းျဖစ္စဥ္ၾကီးေတြကို မူတည္ျပီး တြက္ခ်က္ထားတာျဖစ္တာေၾကာင့္ အတုိင္းအတာတစ္ခုအထိေတာ့ မွန္ကန္မႈရွိတယ္လုိ႔ ဆုိရမွာပါ။

ေဖာ္ျပေပးမဲ့ကိန္းဂဏန္း အခ်က္အလက္ေတြအရ ဘယ္နိုင္ငံဟာ ျပစ္မႈအမ်ားဆံုးနိုင္ငံ ျဖစ္တယ္ဆိုတဲ့အေၾကာင္း ဗဟုသုတ အေနနဲ႔ ေလ့လာၾကည့္ရေအာင္ပါ။ ႏုိင္ငံအမည္ရဲ႕ေနာက္က ကိန္းဂဏန္းက လူ၁သိန္းမွာ ျဖစ္ပြားတဲ့ လူသတ္မႈႏႈန္းပါ။ ၃၁ ဆုိရင္ လူ ၁သိန္းမွာ ၃၁ေယာက္ဟာ ႏွစ္စဥ္အသတ္ခံေနရတယ္လုိ႔ ဆုိလုိပါတယ္။

(၁၀) ေတာင္အာဖရိက ၊ ၃၁

အာဖရိကတိုက္ရဲ့ ထိပ္တန္းနိုင္ငံ အဆင့္ရွိတဲ့ ေတာင္အာဖရိကနိုင္ငံဟာ (၂၀၁၀) ကမာၻဖလား ေဘာလံုးျပိဳင္ပြဲ လို ျပိဳင္ပြဲမ်ိဳးကို ေအာင္ျမင္ေအာင္က်င္းပနိုင္တဲ့အထိ အရွိန္အဟုန္နဲ႔ ဖြံျဖိဳးေနတဲ့ နိုင္ငံျဖစ္ပါတယ္။ နိုင္ငံေတာ္အလံမွာ ျခယ္သထားတဲ့ အေရာင္အေသြးစံုလင္ လွတာမို႔ သက္တံ့နိုင္ငံ လို႔ေတာင္တင္စားေခၚဆိုၾကတဲ့ ေတာင္အာဖရိက နိုင္ငံဟာ လူဦးေရ သန္း(၅၄)ေလာက္ေနထိုင္ၾကပါတယ္။ ဒါေပမဲ့အဲဒီ နိုင္ငံမွာေတာ့ လူသတ္မႈ၊ မုဒိမ္းမႈအပါအဝင္အလြန္ဆိုးရြားတဲ့ မႈခင္းျဖစ္စဥ္ေတြ ျဖစ္ပြားမႈ အျမင့္ဆံုး အေနအထားမွာ ရွိေနပါတယ္။

ကၽြမ္းက်င္သူေတြရဲ့ ထုတ္ျပန္တဲ့စာရင္းအရ ေတာ့ ေတာင္အာဖရိကမွာ တစ္ေန႔ကုိ လူ(၅၀)ေလာက္ဟာ သတ္ျဖတ္ျခင္းကို ခံေနရတာပါ။ တာဝန္ရွိသူေတြအေနနဲ႔ ဒီစာရင္းဟာနိုင္ငံရဲ့ တရားဥပေဒ စိုးမိုးေရးကို ေမးခြန္းထုတ္စရာ ျဖစ္ေနတယ္လို႔ဝန္ခံထားျပီး အေရးေပၚအေနအထား အျဖစ္တိုက္ဖ်တ္ဖို႔ ၾကိဳးစားေနပါတယ္။ ယခုေနာက္ပိုင္းမွာေတာ့ ေတာင္အာဖရိကနိုင္ငံရဲ့ လူသတ္မႈနႈန္းဟာ တျဖည္းျဖည္းက်ဆင္းေနပါျပီ၊၊

(၉) Saint Kitt and Nevis ၊ ၃၃.၆

ေျမာက္အေမရိကတိုက္ အေရွဘက္အင္ဒီးေတာင္တန္းေတြမွာ ရွိတဲ့ Saint Kitt and Nevis နိုင္ငံဟာ အလြန္ေသးငယ္တဲ့ နိုင္ငံငယ္ေလးျဖစ္ပါတယ္။ ဒီနိုင္ငံဟာလူဦးေရ(၅၀၀၀၀)ဝန္းက်င္သာ ေနထိုင္ၾကေပမဲ့ျပစ္မႈျဖစ္ပြားမႈႏႈန္း အလြန္မ်ားျပီး တရားဥပေဒစိုးမိုးမႈ အလြန္အားနည္းပါတယ္။ နိုင္ငံတကာစံႏူန္းျဖစ္တဲ့ လူ၁၀၀၀၀၀ႏႈန္း ကိုအေျခခံထား တြက္ခ်က္ပါက Saint Kitt and Nevis နိုင္ငံ လူဦးေရ ၃၃.၆ေယာက္ဟာ နွစ္စဥ္ ဆိုးရြားတဲ့ ျပစ္မႈက်ဴးလြန္ျခင္းခံေနရတာပါ။ ဒါေၾကာင့္သူဟာ ေတာင္အာဖရိကႏုိင္ငံရဲ႕အထက္ နံပါတ္ ၉ ျဖစ္ေနရျခင္းပါ။

(၈) Swaziland ၊ ၃၃.၈

ဆြစ္ဇာလန္က အေအးခ်မ္းဆုံးႏုိင္ငံေတြထဲက တစ္ႏုိင္ငံျဖစ္ေပမယ့္ ဆြာဇီလန္ကေတာ့ ဆြစ္ဇာလန္နဲ႔ ဆန္႔က်င္ဘက္ပါပဲ။ အာဖရိတိုက္ေတာင္ဘက္ပိုင္းမွာ တည္ရွိတဲ့ Swaziland နိိုင္ငံဟာ လူဦးေရ(၁)သန္း ေလာက္သာရွိတဲ့ နိုင္ငံငယ္ေလးျဖစ္ပါတယ္။ ဒါေပမဲ့ ဒီနိုင္ငံရဲ့ မႈခင္းျဖစ္ပြားမႈေတြဟာ နိုင္ငံရဲ့ အရြယ္အစားနဲ႔ေတာင္လိုက္ဖက္ မႈမရွိေအာင္မ်ားျပားေနပါတယ္။

Swaziland နိုင္ငံသားအမ်ားစုဟာ ဥပေဒမဲ့လုပ္ရပ္ေတြေၾကာင့္ အသက္ဆံုးရႈံးခဲ့ရံုသာမက တစ္ဖက္မွာလည္း AIDS၊ တီဘီေရာဂါကဲ့သို႔ေသာ ေရာဂါေတြေၾကာင့္ အခ်ိန္မတန္ခင္ ေသဆံုးေနရတာပါ။ ကမာၻက်န္းမာေရး အဖြဲ႔ေတြရဲ့ တြက္ခ်က္မႈအရေတာ့ Swaziland နိုင္ငံသားေတြရဲ့ ပ်ွမ္းမ်ွသက္တမ္းဟာ နွစ္(၅၀) အထိသာ ရွိတယ္လို႔ အတည္ျပဳ ထုတ္ျပန္ထားတာပါ။

(၇) Lesotho ၊ ၃၈

Lesotho နိုင္ငံဟာ အာဖရိကတိုက္ေတာင္ပို္င္းမွာ ရွိတဲ့ လူဦးေရ(၂)သန္းေလာက္ ရွိတဲ့နိုင္ငံငယ္ေလးျဖစ္ပါတယ္။ Lesotho နိုင္ငံဟာ အထက္မွာေဖာ္ျပခဲ့တဲ့ Swaziland နိုင္ငံနည္းတူ လူသားေတြအတြက္ လံုျခံဳတဲ့ လူမႈအသိုက္အဝန္း မရွိပါဘူး။ အစိုးရကိုယ္တိုင္က နိုင္ငံတြင္းမွာျဖစ္ေနတဲ့ ဥပေဒမဲ့လုပ္ရပ္ေတြနဲ႔ က်န္းမာေရးဆိုင္ရာ ျပသနာေတြကို ထိန္းခ်ဳပ္နိုင္ျခင္း မရွိေသးပါဘူး။

ဥပေဒမဲ့လုပ္ရပ္မ်ား အမ်ားအျပားရွိေနတဲ့အျပင္ Lesothoနိုင္ငံရဲ့ လူဦးေရရဲ့ ထက္ဝက္ေလာက္ဟာ လူမႈေရး၊ က်န္းမာေရးက႑ေတြမွာ ဆိုးရြားတဲ့ အေနအထားနဲ႔ ရင္ဆိုင္ေနရတာျဖစ္ျပီး ၂၀၀၉ခုနွစ္မွာ က်န္းမာေရးဆိုင္ရာ အဖြဲ႕အစည္းေတြရဲ့ တြက္ခ်က္မႈအရေတာ့ နိုင္ငံရဲ့ အသက္(၄၀) ေအာက္ အမ်ိဳးသမီး ၅၀%ေလာက္ဟာ AIDS ေရာဂါကို ခံစားေနရတယ္ လို႔သိရပါတယ္။ ဒါဟာ Lesothoနိုင္ငံလူဦးေရရဲ့ (၂၃.၆)ရာခိုင္ႏူန္းရွိပါတယ္။

(၆) Jamacia ၊ ၃၉.၃

ေျမာက္အေမရိကတိုက္ ကာေရဘီယံပင္လယ္ထဲမွာ တည္ရွိတဲ့ ဂ်ာေမကာ နိုင္ငံဟာ ဧရိယာအက်ယ္အဝန္း ၁၁၀၀၀ စတုရန္းကီလိုမီတာ က်ယ္ဝန္းပါတယ္။ ဂ်ာေမကာဟာ လြန္ခဲ့တဲ့ ကာလေတြတုန္းကေတာ့ မူးယစ္ေဆးဝါး၊ ရာဇဝတ္မႈနဲ႔ အငတ္ေဘးကပ္ဆိုက္ မႈေတြမွာ ထိပ္တန္းမွာရွိတဲ့ နိုင္ငံအျဖစ္ ကမာၻကုလသမဂၢအဖြဲ႕ၾကီးက အသိအမွတ္ျပဳ လက္ခံထားတာပါ။

လူသတ္မႈ၊ မုဒိမ္းမႈ၊ျပန္ေပးဆြဲမႈျဖစ္စဥ္ေတြ အလြန္မ်ားျပားျပီး ဒီလုပ္ငန္းေတြကို ၾကိဳးကိုင္ေနတဲ့ ရာဇဝတ္ဂိုဏ္းေတြဟာ ဂ်ာေမကာနိုင္ငံရဲ့ ျမိဳ႕ေတာ္ Kingston မွာ အေျခစိုက္တဲ့အထိ ဥပေဒကင္းမဲ့ေနရတာပါ။ ေနာက္ပိုင္းမွာေတာ့ အေမရိကန္ျပည္ေထာင္စု အပါအဝင္ ကမာၻ႕ကုလသမဂၢက ၾကားဝင္ကူညီမႈေၾကာင့္ အေတာ္အသင့္ ျငိမ္းခ်မ္းေနျပီဆုိေပမယ့္လည္း အျခားႏုိင္ငံေတြထက္စာရင္ ရာဇ၀တ္မႈျဖစ္ပြားႏႈန္းျမင့္ေနဆဲပါ။

(၅) Guatemala ၊ ၃၉.၉

အလယ္အေမရိကတိုက္မွာ ရွိတဲ့ ဂြာတီမာလာနိုင္ငံဟာလည္း ဒုစရိုက္မႈ အမ်ားဆံုးနိုင္ငံေတြထဲမွာ ပါဝင္ေနပါတယ္။ ဂြာတီမာလာနို္င္ငံဟာ အလယ္အေမရိကမွာ တည္ရွိေနတာျဖစ္ျပီး လူဦးေရ(၁၆) သန္းေလာက္ေနထိုင္ပါတယ္။ မူးယစ္ေဆးဝါး ကူးသန္းေရာင္းဝယ္ရာမွာ နာမည္ေက်ာ္ေဒသျဖစ္ျပီး ရာဇဝတ္မႈ အလြန္ထူေျပာ ပါတယ္။

တစ္နိုင္ငံလံုး အတိုင္းအတာအေနနဲ႔ ပ်ွမ္းမ်ွတစ္လကို ရာဇဝတ္မႈ (၁၀၀) ၾကိမ္ ေလာက္ျဖစ္ျပီး ကမာၻေပၚမွာ ပဥၥမေျမာတ္ ရာဇဝတ္မႈ အမ်ားဆံုးနိုင္ငံျဖစ္ပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္ဟာ အမ်ားႀကီးေလ်ာ့သြားတယ္လုိ႔ ဆုိရမွာပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ၁၉၉၀ ခုနွစ္ ခန္႕မွတ္တမ္းေတြအရဆိုရင္ေတာ့ Escuintla ျမိဳ႕တစ္ျမိဳ႕တည္းမွာတင္ ေနထိုင္တဲ႕ လူ ၁၀၀၀၀၀ မွာ ၁၆၅ ဦးအထိ ဒုစရိုက္မႈေၾကာင့္ ေသဆံုးခဲ့ရဖူးလုိ႔ပါ။

(၄)El Salvador ၊ ၄၁.၂

အယ္ဆာေဗးဒိုးနိုင္ငံဟာ (၁၉၇၉ ကေန ၁၉၉၂)အထိ အခ်ိန္အၾကာၾကီးျဖစ္ပြား ခဲ့တဲ့ ျပည္တြင္းစစ္ဒဏ္ေၾကာင့္ ယေန႔တိုင္တည္ျငိမ္မႈအားနည္း ေနရတာပါ။ အယ္ဆာေဗးဒိုး နိုင္ငံဟာ အလယ္အေမရိကမွာ တည္ရွိေနျပီး လူဦးေရ (၆.၃) သန္းေလာက္ေနထိုင္ ၾကပါတယ္။ နိုင္ငံတြင္းျဖစ္ပြားေနတဲ့ ဒုစရိုက္မႈခင္းအမ်ားစုဟာ ေဒသခံ အၾကမ္းဖက္ဂိုဏ္းေတြနဲ႔ ဆိုးသြမ္းလူငယ္ေတြေၾကာင့္ ျဖစ္ေနရတာပါ။ ၂၀၀၄ ခုနွစ္က မွတ္တမ္းေတြအရေတာ့ အယ္ဆာေဗးဒိုးနိုင္ငံလူသတ္မႈရဲ့ ၆၀ရာခိုင္ႏူန္းေလာက္ဟာ အထက္မွာေဖာ္ျပခဲ့တဲ့ ေဒသတြင္း အၾကမ္းဖက္ဂိုဏ္းေတြ အခ်င္းခ်င္း ျပန္လည္ တိုက္ခိုက္ခဲ့ၾကတဲ့ နယ္ေျမလုစစ္ပြဲေတြေၾကာင့္ ျဖစ္ပါတယ္။

(၃)Belize ၊ ၄၄.၇

ကမာၻေပၚမွာ တတိယေျမာတ္ရာဇဝတ္မႈ အမ်ားဆံုးနိုင္ငံအျဖစ္ သတ္မွတ္ျခင္းခံ ထားရတဲ့ Belize ဟာအေမရိကတိုက္ အလယ္ပိုင္းမွာတည္ရွိျပီး ၈၈၀၀ စတုရန္းမိုင္ က်ယ္ဝန္းကာ လူဦးေရ ၃၈၀၀၀၀ဦးခန္႔ ေနထိုင္ၾကပါတယ္။ အလယ္အေမရိက နိုင္ငံေတြထဲမွာေတာ့ လူဦးေရအနည္းဆံုးနိုင္ငံ ျဖစ္ပါတယ္။ Belize ရဲ့ႏုိင္ငံေတာ္ အလံဟာ အလြန္လွပျပီး ျငိမ္းခ်မ္းေအးေဆးမႈကို ေဖာ္ျပတဲ့ မိရိုးဖလာ မ်ိဳးႏြယ္စုေတြနဲ႔ ျခယ္သထားေပမဲ့ အျပင္မွာေတာ့ ျငိမ္းခ်မ္းတဲ့ နိုင္ငံမျဖစ္ခဲ့ပါဘူး။ ကၽြမ္းက်င္သူေတြရဲ့ တြက္ခ်က္မႈေတြအရေတာ့ Belize နိုင္ငံသား အေယာက္ ၁၀၀၀၀၀ မွာ (၄၅) ဦးဟာ နွစ္စဥ္ သတ္ျဖတ္ျခင္းကို ခံေနရပါတယ္။ ၂၀၀၇ ခုနွစ္ကမွတ္တမ္းေတြအရ ေတာ့ Belize နိုင္ငံမွာျဖစ္ေပၚေနတဲ့ လူသတ္မႈေတြရဲ့ ထက္ဝက္ေလာက္ကေတာ့ Belize ျမိဳ႕ေတာ္ရဲ့ ပတ္ဝန္းက်င္မွာပဲ ျဖစ္ပြားေနျခင္းပါ။

(၂) Venezuela ၊ ၅၃.၇

ေတာင္အေမရိကတိုက္ရဲ့ ေျမာက္ဘက္အစြန္ဆံုးမွာ တည္ရွိေနတဲ့ ဗင္နီဇြဲလား နိုင္ငံကိုေတာ့ ကမာၻေပၚမွာေရနံတင္ပို႔မႈ အမ်ားဆံုးနိုင္ငံေတြထဲက တစ္နိုင္ငံအျဖစ္ သာမက ဒုစရိုက္မႈ အမ်ားအျပား ျဖစ္တဲ့ေနရာအျဖစ္လည္း သိထားၾကပါတယ္။ ဗင္နီဇြဲလားနိုင္ငံမွာ မနက္ပိုင္းေအးေအးလူလူ လမ္းေလ်ာတ္ဖို႔ေတာင္ လံုျခံဳတဲ့ အေနအထားမရွိပါဘူး။ဒါေပမဲ့ က်န္ခဲ့တဲ့ နွစ္ပိုင္းေတြမွာေတာ့ အစိုးရရဲ့ နယ္ေျမရွင္းလင္း ေရးေတြေၾကာင့္ နိုင္ငံရဲ့ ေဒသအခ်ိဳ႕မွာရွိတဲ့ ၁၉ ရာခိုင္ႏူန္းေသာ ျပည္သူေတြဟာ နံနက္ ပိုင္းမွာ ေအးေအးလူလူ လမ္းေလ်ွာက္နိုင္ခဲ့ၾကပါတယ္။

လုယက္မႈ၊လူသတ္မႈ၊လက္နက္ ကိုင္တိုက္ခိုက္မႈ၊ မုဒိန္းမႈ၊ျပန္ေပးဆြဲမႈေတြက ဒီနိုင္ငံကို ကမာၻ ဒုတိယေျမာတ္ ဒုစရိုက္ အမ်ားဆံုးေနရာအျဖစ္ တြန္းပို႕ေပးေနတာပါ။ နွစ္စဥ္ နိုင္ငံသား ၁၀၀၀၀၀ မွာ လူ(၅၀) ေက်ာ္ေလာက္ဟာ သတ္ျဖတ္ျခင္းခံေနရတာပါ။ ဒီမွတ္တမ္းဟာ ၿငိမ္းခ်မ္းမႈတိုးတက္လာတယ္လို႔ ေျပာရမွာျဖစ္ျပီး က်န္ခဲ့တဲ့ ဆယ္စုနွစ္ကဆိုရင္ ေဖာ္ျပပါ အေရအတြက္ ထက္မ်ားတဲ့ လူသတ္မႈေတြကို ျမင္ေတြ႕ရမွာပါ။

(၁) Honduras ၊ ၉၀.၄

ကမာၻကုလသမဂၢအဖြဲ႕ရဲ့ မူးယစ္ေဆးဝါးနဲ႔မႈခင္းတိုက္ဖ်က္ေရးဆိုင္ရာ အဖြဲ႕ေတြရဲ့ တရားဝင္မွတ္တမ္းေတြ အရဆိုရင္ေတာ့ ေျမာက္အေမရိကတိုက္မွာ ရွိတဲ့ ဟြန္ဒူးရပ္ နိုင္ငံဟာ ကမာၻေပၚမွာ ဒုစရိုက္မႈအမ်ားဆံုးနိုင္ငံျဖစ္တယ္လို႔ သတ္မွတ္ၾကပါတယ္။ တရားဝင္လူဦးေရ ၈.၂၅ သန္းေလာက္ရွိတဲ့ ဟြန္ဒူးရပ္နိုင္ငံဟာ နိုင္ငံရဲ့ လူ ၁၀၀၀၀၀ မွာ ၁၀၀ နီးပါးေလာက္နွစ္စဥ္ လူသတ္မႈနဲ႔ ေသဆုံးေနရပါတယ္။ ဒုတိယရာဇ၀တ္မႈ အမ်ားဆုံး ဗင္နီဇြဲလားထက္ေတာင္ ႏွစ္ဆ ပိုမ်ားေနတယ္ဆုိတဲ့ သေဘာပါ။ ကမာၻမူးယစ္ရာဇာေတြရဲ့ ေျခကုပ္စခန္းမ်ားစြာ တည္ရွိေနျပီး မူးယစ္ေဆးဝါး ထုတ္လုပ္ ေရာင္းခ်မႈေတြကို အစိုးရက ထိုင္ၾကည့္ေနရတဲ့ အထိဥပေဒ ကင္းမဲ့လြန္းလွပါတယ္။

တစ္ဖက္မွာေတာ့ ဟြန္းဒူးရပ္နိုင္ငံဟာ လွပတဲ့ေနရာမ်ားစြာတည္ရွိျပီး ကမာၻလွည့္ခရီး သြားေတြကို မ်ားစြာဆြဲေဆာင္ထားနိုင္ပါတယ္။ ယင္းေနရာေတြမွာ ရံုးပိတ္ရက္ေတြမွာ ေပ်ာ္ရႊင္ဖြယ္ ရိုးရာပြဲမ်ားစြာရွိျပီး ကမာၻလွည့္ခရီးသည္ မ်ားစြာလာေရာက္လည္ပတ္ၾကပါတယ္။ ဒီလိုမ်ိဳးအခ်ိန္ေတြမွာေတာ့ ဟြန္ဒူးရပ္ အၾကမ္းဖက္သမားေတြရဲ့ ပစ္မွတ္ဟာ ကမာၻလွည့္ခရီးသည္ေတြ ျဖစ္သြားျပီး လုယက္မႈ၊ျပန္ေပးဆြဲမႈေတြကေန မုဒိမ္းက်င့္၊သတ္ျဖတ္မႈေတြအထိ လက္ရဲဇက္ရဲ လုပ္ေဆာင္ေနၾကတာပါ။ အစိုးရက အၾကမ္းဖက္တန္ျပန္ စစ္ဆင္ေရးေတြျပန္လည္ျပဳလုပ္ေပမဲ့ ရဲဝန္ထမ္းေတြကိုယ္တိုင္ သတ္ျဖတ္ျခင္းကို ခံေနရတဲ့ နိုင္ငံမ်ိဳးျဖစ္ေနတာပါ။

အထက္ပါ စာရင္းမွာ ရာဇ၀တ္မႈ နဲ႔ ပတ္သတ္ရင္ လူသိမ်ားတဲ့ ဘရာဇီး နဲ႔ မကၠဆီကိုတုိ႔ မပါ၀င္တာကို သတိထားမိမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ ဒီႏုိင္ငံေတြဟာ တစ္ႏုိင္ငံလုံး ရာဇ၀တ္မႈျဖစ္ေနတာ မဟုတ္ပဲ ၿမဳိ႕အခ်ဳိ႕မွာသာ ရာဇ၀တ္မႈေတြမ်ားျပားေနလုိ႔ပဲျဖစ္ပါတယ္။ ႏုိင္ငံအလုိက္စာရင္းမွာ မပါေပမယ့္ ၿမဳိ႕နဲ႔တြက္မယ္ဆုိရင္ေတာ့ မကၠဆီကုိက Los Cabos ၿမဳိ႕ဟာ ကမာၻမွာလူသတ္မႈအမ်ားဆုံး ၿမဳိ႕အျဖစ္ရပ္တည္ေနပါတယ္။ တစ္ႏွစ္ကို လူ ၁သိန္းမွာ ၁၁၀ ေလာက္အသတ္ခံေနရပါတယ္။

Los Cabos ေနာက္က လုိက္ေနတဲ့အျခားရာဇ၀တ္ၿမဳိ႕ေတာ္ေတြကေတာ့ ဗင္နီဇြဲလား Caracas ၿမဳိ႕ ၊ မကၠဆီကုိ Acapulco ၿမဳိ႕ ၊ ဘရာဇီးၿမဳိ႕ Natal ၊  မကၠဆီကုိ Tijuana ၿမဳိ႕တုိ႔ပဲျဖစ္ၾကပါတယ္။ ဒီစာရင္းမွာပါတဲ့ ႏုိင္ငံအားလုံးဟာ အေမရိက နဲ႔ အာဖရိကႏုိင္ငံေတြသာ ျဖစ္ပါတယ္။ ေအးခ်မ္းတဲ့ႏုိင္ငံေတြမွာ တစ္ႏွစ္ကို အမႈ ၄ ၊ ၅ မႈေတာင္ျဖစ္ဖုိ႔ ခဲယဥ္းေပမယ့္ ဒီလုိႏုိင္ငံေတြမွာက်ေတာ့ ႏွစ္စဥ္ ရာဇ၀တ္မႈေတြ ေထာင္နဲ႔ခ်ီျဖစ္ပြားေနတယ္ဆုိတာကို ဗဟုသုတအေနနဲ႔ ေ၀မွ်လုိက္ျခင္းျဖစ္ပါတယ္။

ဒီလိုမ်ဳိး ရွားရွားပါးပါး ဗဟုသုတပုိစ့္ေတြကို မလြတ္တမ္းဖတ္ခ်င္ရင္ သုတဇုန္ေပ့ကုိ ဆီးဖက္စ္လုပ္ထားလုိက္ပါ

———————-

ကမ္ဘာတလွှား ရာဇဝတ်မှု အများဆုံးနိုင်ငံများ

ယနေ့ကမ္ဘာကြီးဟာ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလာပြီလို့ထင်ရပေမဲ့ ဆိုးရွားလွန်းလှတဲ့ မှုခင်းဖြစ်ရပ်တွေကတော့ နေ့စဉ်နဲ့ အမျှဖြစ်ပေါ်နေဆဲပါ။ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်ရပ်တွေကို တိကျတဲ့စာရင်းဇယားတစ်ခုကို ပြုလုပ်လိုက်တဲ့အခါမှာတော့ အခုဖော်ပြပေးမဲ့စာရင်းထွက်ပေါ်လာပါတယ်။ ဒီစာရင်းဟာနိုင်ငံအလိုက် လူဦးရေရဲ့ လူတစ်သိန်းလောက်ကို အခြေခံပြီး တစ်နှစ်အတွင်း ဖြစ်ပေါ်တဲ့ လူသတ်မှုကဲ့သို့သော မှုခင်းဖြစ်စဉ်ကြီးတွေကို မူတည်ပြီး တွက်ချက်ထားတာဖြစ်တာကြောင့် အတိုင်းအတာတစ်ခုအထိတော့ မှန်ကန်မှုရှိတယ်လို့ ဆိုရမှာပါ။ ဖော်ပြပေးမဲ့ကိန်းဂဏန်း အချက်အလက်တွေအရ ဘယ်နိုင်ငံဟာ ပြစ်မှုအများဆုံးနိုင်ငံ ဖြစ်တယ်ဆိုတဲ့အကြောင်း ဗဟုသုတ အနေနဲ့ လေ့လာကြည့်ရအောင်ပါ။ နိုင်ငံအမည်ရဲ့နောက်က ကိန်းဂဏန်းက လူ၁သိန်းမှာ ဖြစ်ပွားတဲ့ လူသတ်မှုနှုန်းပါ။ ၃၁ ဆိုရင် လူ ၁သိန်းမှာ ၃၁ယောက်ဟာ နှစ်စဉ်အသတ်ခံနေရတယ်လို့ ဆိုလိုပါတယ်။

(၁၀) တောင်အာဖရိက ၊ ၃၁

အာဖရိကတိုက်ရဲ့ ထိပ်တန်းနိုင်ငံ အဆင့်ရှိတဲ့ တောင်အာဖရိကနိုင်ငံဟာ (၂၀၁၀) ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ လို ပြိုင်ပွဲမျိုးကို အောင်မြင်အောင်ကျင်းပနိုင်တဲ့အထိ အရှိန်အဟုန်နဲ့ ဖွံဖြိုးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံတော်အလံမှာ ခြယ်သထားတဲ့ အရောင်အသွေးစုံလင် လှတာမို့ သက်တံ့နိုင်ငံ လို့တောင်တင်စားခေါ်ဆိုကြတဲ့ တောင်အာဖရိက နိုင်ငံဟာ လူဦးရေ သန်း(၅၄)လောက်နေထိုင်ကြပါတယ်။ ဒါပေမဲ့အဲဒီ နိုင်ငံမှာတော့ လူသတ်မှု၊ မုဒိမ်းမှုအပါအဝင်အလွန်ဆိုးရွားတဲ့ မှုခင်းဖြစ်စဉ်တွေ ဖြစ်ပွားမှု အမြင့်ဆုံး အနေအထားမှာ ရှိနေပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ထုတ်ပြန်တဲ့စာရင်းအရ တော့ တောင်အာဖရိကမှာ တစ်နေ့ကို လူ(၅၀)လောက်ဟာ သတ်ဖြတ်ခြင်းကို ခံနေရတာပါ။ တာဝန်ရှိသူတွေအနေနဲ့ ဒီစာရင်းဟာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ဝန်ခံထားပြီး အရေးပေါ်အနေအထား အဖြစ်တိုက်ဖျတ်ဖို့ ကြိုးစားနေပါတယ်။ ယခုနောက်ပိုင်းမှာတော့ တောင်အာဖရိကနိုင်ငံရဲ့ လူသတ်မှုနှုန်းဟာ တဖြည်းဖြည်းကျဆင်းနေပါပြီ၊၊

(၉) Saint Kitt and Nevis ၊ ၃၃.၆

မြောက်အမေရိကတိုက် အရှေဘက်အင်ဒီးတောင်တန်းတွေမှာ ရှိတဲ့ Saint Kitt and Nevis နိုင်ငံဟာ အလွန်သေးငယ်တဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဒီနိုင်ငံဟာလူဦးရေ(၅၀၀၀၀)ဝန်းကျင်သာ နေထိုင်ကြပေမဲ့ပြစ်မှုဖြစ်ပွားမှုနှုန်း အလွန်များပြီး တရားဥပဒေစိုးမိုးမှု အလွန်အားနည်းပါတယ်။ နိုင်ငံတကာစံနူန်းဖြစ်တဲ့ လူ၁၀၀၀၀၀နှုန်း ကိုအခြေခံထား တွက်ချက်ပါက Saint Kitt and Nevis နိုင်ငံ လူဦးရေ ၃၃.၆ယောက်ဟာ နှစ်စဉ် ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်ခြင်းခံနေရတာပါ။ ဒါကြောင့်သူဟာ တောင်အာဖရိကနိုင်ငံရဲ့အထက် နံပါတ် ၉ ဖြစ်နေရခြင်းပါ။

(၈) Swaziland ၊ ၃၃.၈

ဆွစ်ဇာလန်က အအေးချမ်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပေမယ့် ဆွာဇီလန်ကတော့ ဆွစ်ဇာလန်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ အာဖရိတိုက်တောင်ဘက်ပိုင်းမှာ တည်ရှိတဲ့ Swaziland နိုင်ငံဟာ လူဦးရေ(၁)သန်း လောက်သာရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံရဲ့ မှုခင်းဖြစ်ပွားမှုတွေဟာ နိုင်ငံရဲ့ အရွယ်အစားနဲ့တောင်လိုက်ဖက် မှုမရှိအောင်များပြားနေပါတယ်။ Swaziland နိုင်ငံသားအများစုဟာ ဥပဒေမဲ့လုပ်ရပ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရုံသာမက တစ်ဖက်မှာလည်း AIDS၊ တီဘီရောဂါကဲ့သို့သော ရောဂါတွေကြောင့် အချိန်မတန်ခင် သေဆုံးနေရတာပါ။ ကမ္ဘာကျန်းမာရေး အဖွဲ့တွေရဲ့ တွက်ချက်မှုအရတော့ Swaziland နိုင်ငံသားတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ နှစ်(၅၀) အထိသာ ရှိတယ်လို့ အတည်ပြု ထုတ်ပြန်ထားတာပါ။

(၇) Lesotho ၊ ၃၈

Lesotho နိုင်ငံဟာ အာဖရိကတိုက်တောင်ပ်ိုင်းမှာ ရှိတဲ့ လူဦးရေ(၂)သန်းလောက် ရှိတဲ့နိုင်ငံငယ်လေးဖြစ်ပါတယ်။ Lesotho နိုင်ငံဟာ အထက်မှာဖော်ပြခဲ့တဲ့ Swaziland နိုင်ငံနည်းတူ လူသားတွေအတွက် လုံခြုံတဲ့ လူမှုအသိုက်အဝန်း မရှိပါဘူး။ အစိုးရကိုယ်တိုင်က နိုင်ငံတွင်းမှာဖြစ်နေတဲ့ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဥပဒေမဲ့လုပ်ရပ်များ အများအပြားရှိနေတဲ့အပြင် Lesothoနိုင်ငံရဲ့ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ လူမှုရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ ဆိုးရွားတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ၂၀၀၉ခုနှစ်မှာ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တွက်ချက်မှုအရတော့ နိုင်ငံရဲ့ အသက်(၄၀) အောက် အမျိုးသမီး ၅၀%လောက်ဟာ AIDS ရောဂါကို ခံစားနေရတယ် လို့သိရပါတယ်။ ဒါဟာ Lesothoနိုင်ငံလူဦးရေရဲ့ (၂၃.၆)ရာခိုင်နူန်းရှိပါတယ်။

(၆) Jamacia ၊ ၃၉.၃

မြောက်အမေရိကတိုက် ကာရေဘီယံပင်လယ်ထဲမှာ တည်ရှိတဲ့ ဂျာမေကာ နိုင်ငံဟာ ဧရိယာအကျယ်အဝန်း ၁၁၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ဂျာမေကာဟာ လွန်ခဲ့တဲ့ ကာလတွေတုန်းကတော့ မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုနဲ့ အငတ်ဘေးကပ်ဆိုက် မှုတွေမှာ ထိပ်တန်းမှာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးက အသိအမှတ်ပြု လက်ခံထားတာပါ။ လူသတ်မှု၊ မုဒိမ်းမှု၊ပြန်ပေးဆွဲမှုဖြစ်စဉ်တွေ အလွန်များပြားပြီး ဒီလုပ်ငန်းတွေကို ကြိုးကိုင်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ ဂျာမေကာနိုင်ငံရဲ့ မြို့တော် Kingston မှာ အခြေစိုက်တဲ့အထိ ဥပဒေကင်းမဲ့နေရတာပါ။ နောက်ပိုင်းမှာတော့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂက ကြားဝင်ကူညီမှုကြောင့် အတော်အသင့် ငြိမ်းချမ်းနေပြီဆိုပေမယ့်လည်း အခြားနိုင်ငံတွေထက်စာရင် ရာဇဝတ်မှုဖြစ်ပွားနှုန်းမြင့်နေဆဲပါ။

(၅) Guatemala ၊ ၃၉.၉

အလယ်အမေရိကတိုက်မှာ ရှိတဲ့ ဂွာတီမာလာနိုင်ငံဟာလည်း ဒုစရိုက်မှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ဂွာတီမာလာန်ိုင်ငံဟာ အလယ်အမေရိကမှာ တည်ရှိနေတာဖြစ်ပြီး လူဦးရေ(၁၆) သန်းလောက်နေထိုင်ပါတယ်။ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရာမှာ နာမည်ကျော်ဒေသဖြစ်ပြီး ရာဇဝတ်မှု အလွန်ထူပြော ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပျှမ်းမျှတစ်လကို ရာဇဝတ်မှု (၁၀၀) ကြိမ် လောက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ ပဥ္စမမြောတ် ရာဇဝတ်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ဟာ အများကြီးလျော့သွားတယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၀ ခုနှစ် ခန့်မှတ်တမ်းတွေအရဆိုရင်တော့ Escuintla မြို့တစ်မြို့တည်းမှာတင် နေထိုင်တဲ့ လူ ၁၀၀၀၀၀ မှာ ၁၆၅ ဦးအထိ ဒုစရိုက်မှုကြောင့် သေဆုံးခဲ့ရဖူးလို့ပါ။

(၄)El Salvador ၊ ၄၁.၂

အယ်ဆာဗေးဒိုးနိုင်ငံဟာ (၁၉၇၉ ကနေ ၁၉၉၂)အထိ အချိန်အကြာကြီးဖြစ်ပွား ခဲ့တဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ယနေ့တိုင်တည်ငြိမ်မှုအားနည်း နေရတာပါ။ အယ်ဆာဗေးဒိုး နိုင်ငံဟာ အလယ်အမေရိကမှာ တည်ရှိနေပြီး လူဦးရေ (၆.၃) သန်းလောက်နေထိုင် ကြပါတယ်။ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ ဒုစရိုက်မှုခင်းအများစုဟာ ဒေသခံ အကြမ်းဖက်ဂိုဏ်းတွေနဲ့ ဆိုးသွမ်းလူငယ်တွေကြောင့် ဖြစ်နေရတာပါ။ ၂၀၀၄ ခုနှစ်က မှတ်တမ်းတွေအရတော့ အယ်ဆာဗေးဒိုးနိုင်ငံလူသတ်မှုရဲ့ ၆ဝရာခိုင်နူန်းလောက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ ဒေသတွင်း အကြမ်းဖက်ဂိုဏ်းတွေ အချင်းချင်း ပြန်လည် တိုက်ခိုက်ခဲ့ကြတဲ့ နယ်မြေလုစစ်ပွဲတွေကြောင့် ဖြစ်ပါတယ်။

(၃)Belize ၊ ၄၄.၇

ကမ္ဘာပေါ်မှာ တတိယမြောတ်ရာဇဝတ်မှု အများဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံ ထားရတဲ့ Belize ဟာအမေရိကတိုက် အလယ်ပိုင်းမှာတည်ရှိပြီး ၈၈၀၀ စတုရန်းမိုင် ကျယ်ဝန်းကာ လူဦးရေ ၃၈၀၀၀၀ဦးခန့် နေထိုင်ကြပါတယ်။ အလယ်အမေရိက နိုင်ငံတွေထဲမှာတော့ လူဦးရေအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ Belize ရဲ့နိုင်ငံတော် အလံဟာ အလွန်လှပပြီး ငြိမ်းချမ်းအေးဆေးမှုကို ဖော်ပြတဲ့ မိရိုးဖလာ မျိုးနွယ်စုတွေနဲ့ ခြယ်သထားပေမဲ့ အပြင်မှာတော့ ငြိမ်းချမ်းတဲ့ နိုင်ငံမဖြစ်ခဲ့ပါဘူး။ ကျွမ်းကျင်သူတွေရဲ့ တွတ်ချက်မှုတွေအရတော့ Belize နိုင်ငံသား အယောက် ၁၀၀၀၀၀ မှာ (၄၅) ဦးဟာ နှစ်စဉ် သတ်ဖြတ်ခြင်းကို ခံနေရပါတယ်။ ၂၀၀၇ ခုနှစ်ကမှတ်တမ်းတွေအရ တော့ Belize နိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေရဲ့ ထက်ဝက်လောက်ကတော့ Belize မြို့တော်ရဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်ပွားနေခြင်းပါ။

(၂) Venezuela ၊ ၅၃.၇

တောင်အမေရိကတိုက်ရဲ့ မြောက်ဘက်အစွန်ဆုံးမှာ တည်ရှိနေတဲ့ ဗင်နီဇွဲလား နိုင်ငံကိုတော့ ကမ္ဘာပေါ်မှာရေနံတင်ပို့မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် သာမက ဒုစရိုက်မှု အများအပြား ဖြစ်တဲ့နေရာအဖြစ်လည်း သိထားကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ မနက်ပိုင်းအေးအေးလူလူ လမ်းလျောတ်ဖို့တောင် လုံခြုံတဲ့ အနေအထားမရှိပါဘူး။ဒါပေမဲ့ ကျန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ အစိုးရရဲ့ နယ်မြေရှင်းလင်း ရေးတွေကြောင့် နိုင်ငံရဲ့ ဒေသအချို့မှာရှိတဲ့ ၁၉ ရာခိုင်နူန်းသော ပြည်သူတွေဟာ နံနက် ပိုင်းမှာ အေးအေးလူလူ လမ်းလျှောက်နိုင်ခဲ့ကြပါတယ်။ လုယက်မှု၊လူသတ်မှု၊လက်နက် ကိုင်တိုက်ခိုက်မှု၊ မုဒိန်းမှု၊ပြန်ပေးဆွဲမှုတွေက ဒီနိုင်ငံကို ကမ္ဘာ ဒုတိယမြောတ် ဒုစရိုက် အများဆုံးနေရာအဖြစ် တွန်းပို့ပေးနေတာပါ။ နှစ်စဉ် နိုင်ငံသား ၁၀၀၀၀၀ မှာ လူ(၅၀) ကျော်လောက်ဟာ သတ်ဖြတ်ခြင်းခံနေရတာပါ။ ဒီမှတ်တမ်းဟာ ငြိမ်းချမ်းမှုတိုးတက်လာတယ်လို့ ပြောရမှာဖြစ်ပြီး ကျန်ခဲ့တဲ့ ဆယ်စုနှစ်ကဆိုရင် ဖော်ပြပါ အရေအတွက် ထက်များတဲ့ လူသတ်မှုတွေကို မြင်တွေ့ရမှာပါ။

(၁) Honduras ၊ ၉၀.၄

ကမ္ဘာကုလသမဂ္ဂအဖွဲ့ရဲ့ မူးယစ်ဆေးဝါးနဲ့မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့တွေရဲ့ တရားဝင်မှတ်တမ်းတွေ အရဆိုရင်တော့ မြောက်အမေရိကတိုက်မှာ ရှိတဲ့ ဟွန်ဒူးရပ် နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုစရိုက်မှုအများဆုံးနိုင်ငံဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ တရားဝင်လူဦးရေ ၈.၂၅ သန်းလောက်ရှိတဲ့ ဟွန်ဒူးရပ်နိုင်ငံဟာ နိုင်ငံရဲ့ လူ ၁၀၀၀၀၀ မှာ ၁၀၀ နီးပါးလောက်နှစ်စဉ် လူသတ်မှုနဲ့ သေဆုံးနေရပါတယ်။ ဒုတိယရာဇဝတ်မှု အများဆုံး ဗင်နီဇွဲလားထက်တောင် နှစ်ဆ ပိုများနေတယ်ဆိုတဲ့ သဘောပါ။ ကမ္ဘာမူးယစ်ရာဇာတွေရဲ့ ခြေကုပ်စခန်းများစွာ တည်ရှိနေပြီး မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှုတွေကို အစိုးရက ထိုင်ကြည့်နေရတဲ့ အထိဥပဒေ ကင်းမဲ့လွန်းလှပါတယ်။ တစ်ဖက်မှာတော့ ဟွန်းဒူးရပ်နိုင်ငံဟာ လှပတဲ့နေရာများစွာတည်ရှိပြီး ကမ္ဘာလှည့်ခရီး သွားတွေကို များစွာဆွဲဆောင်ထားနိုင်ပါတယ်။ ယင်းနေရာတွေမှာ ရုံးပိတ်ရက်တွေမှာ ပျော်ရွှင်ဖွယ် ရိုးရာပွဲများစွာရှိပြီး ကမ္ဘာလှည့်ခရီးသည် များစွာလာရောက်လည်ပတ်ကြပါတယ်။ ဒီလိုမျိုးအချိန်တွေမှာတော့ ဟွန်ဒူးရပ် အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်သွားပြီး လုယက်မှု၊ပြန်ပေးဆွဲမှုတွေကနေ မုဒိမ်းကျင့်၊သတ်ဖြတ်မှုတွေအထိ လက်ရဲဇက်ရဲ လုပ်ဆောင်နေကြတာပါ။ အစိုးရက အကြမ်းဖက်တန်ပြန် စစ်ဆင်ရေးတွေပြန်လည်ပြုလုပ်ပေမဲ့ ရဲဝန်ထမ်းတွေကိုယ်တိုင် သတ်ဖြတ်ခြင်းကို ခံနေရတဲ့ နိုင်ငံမျိုးဖြစ်နေတာပါ။

အထက်ပါ စာရင်းမှာ ရာဇဝတ်မှု နဲ့ ပတ်သတ်ရင် လူသိများတဲ့ ဘရာဇီး နဲ့ မက္ကဆီကိုတို့ မပါဝင်တာကို သတိထားမိမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေဟာ တစ်နိုင်ငံလုံး ရာဇဝတ်မှုဖြစ်နေတာ မဟုတ်ပဲ မြို့အချို့မှာသာ ရာဇဝတ်မှုတွေများပြားနေလို့ပဲဖြစ်ပါတယ်။ နိုင်ငံအလိုက်စာရင်းမှာ မပါပေမယ့် မြို့နဲ့တွက်မယ်ဆိုရင်တော့ မက္ကဆီကိုက Los Cabos မြို့ဟာ ကမ္ဘာမှာလူသတ်မှုအများဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။ တစ်နှစ်ကို လူ ၁သိန်းမှာ ၁၁၀ လောက်အသတ်ခံနေရပါတယ်။ Los Cabos နောက်က လိုက်နေတဲ့အခြားရာဇဝတ်မြို့တော်တွေကတော့ ဗင်နီဇွဲလား Caracas မြို့ ၊ မက္ကဆီကို Acapulco မြို့ ၊ ဘရာဇီးမြို့ Natal ၊  မက္ကဆီကို Tijuana မြို့တို့ပဲဖြစ်ကြပါတယ်။ ဒီစာရင်းမှာပါတဲ့ နိုင်ငံအားလုံးဟာ အမေရိက နဲ့ အာဖရိကနိုင်ငံတွေသာ ဖြစ်ပါတယ်။ အေးချမ်းတဲ့နိုင်ငံတွေမှာ တစ်နှစ်ကို အမှု ၄ ၊ ၅ မှုတောင်ဖြစ်ဖို့ ခဲယဉ်းပေမယ့် ဒီလိုနိုင်ငံတွေမှာကျတော့ နှစ်စဉ် ရာဇဝတ်မှုတွေ ထောင်နဲ့ချီဖြစ်ပွားနေတယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply