အေရာင္ပုံသ႑ာန္အဆန္းနဲ႔  ေႁမြေပြးမ်ားအေၾကာင္း

Posted on

ဒီေျမြေတြကိုေတာ့ Hairy bush (သုိ႔) spiny bush လုိ႔ေခၚပါတယ္။ ေျမြေပြးအမ်ဳိးအစားျဖစ္ၿပီး သူတုိ႔ရဲ႕မ်ဳိးစိတ္သိပၸံအမည္ကေတာ့ Atheris hispida ဆုိၿပီးျဖစ္ပါတယ္။ အာဖရိကအလယ္ပုိင္း ကြန္ဂုိ ၊ ယူဂန္ဒါ ၊ ကင္ညာ ေဒသေတြက မုိးသစ္ေတာႏွင့္ ခ်ဳံပုတ္မ်ားထဲတြင္ အေနမ်ားပါတယ္။ ဒီေျမြေတြရဲ႕ ထူးျခားခ်က္ကေတာ့ အျခားေျမြေတြနဲ႔ မတူတဲ့ အေရခြံပါရွိလုိ႔ပါ။ ဒီေျမြေတြရဲ႕ေက်ာကုနး္ အေၾကးခြံေတြဟာ ဆူးေတာင္ေတြစုိက္ထားသကဲ့သုိ႔ ေထာင္လ်က္ရွိေနပါတယ္။

ဒီေျမြေတြကို အေရာင္ ၊ အရြယ္အစား နဲ႔ ေနထုိင္မႈပုံစံကုိလုိက္ၿပီး အမ်ဳိးအစား ၃မ်ဳိးခြဲထားပါတယ္။ ဒီေျမြေတြဟာ လူေတြနဲ႔ အလြန္ေ၀းတဲ့ေဒသေတြမွာပဲ ေနထုိင္က်က္စားေလ့ရွိတဲ့အတြက္ ရွားပါးၿပီးေတြ႔ရဖုိ႔ခက္ပါတယ္။ ပုံမွန္အားျဖင့္ အရြယ္အစားေသးငယ္တဲ့ေျမြမ်ဳိးျဖစ္ၿပီး ၁၈လက္မ မွ ၂၃လက္မ၀န္းက်င္အထိ အရွည္ရွိတတ္ပါတယ္။ အမေတြဟာ အထီးေတြထက္ အရြယ္အစားပိုႀကီးပါတယ္။

အစိမ္းေရာင္ ၊ သံလြင္စိမ္း ၊ အညဳိ ၊ အ၀ါ၊ အနီ စသည္ျဖင့္ ေရာင္စုံေတြ႔ရတတ္ပါတယ္။ ဒီေျမြေတြရဲ႕ရင္ဘတ္အေရာင္ကေတာ့ အ၀ါ (သုိ႔) သံလြင္ေဖ်ာ့ေရာင္ရွိၿပီး အၿမီးကေတာ့ အျဖဴေရာင္ျဖစ္ပါတယ္။ အရွားပါးဆုံးအေရာင္ကေတာ့ အ၀ါ ၊ အနီ နဲ႔ မီးခုိးေရာင္ေတြျဖစ္ပါတယ္။ အပင္တက္အလြန္ကြ်မ္းက်င္တဲ့ ေျမြအမ်ဳိးအစားျဖစ္ပါတယ္။ မည္သည့္အပင္ကိုမဆုိ လွ်င္ျမန္စြာတက္ႏုိင္ၿပီး ၿခဳံထူတဲ့အပင္မ်ဳိးကိုေရြးတက္တတ္ကာ အပင္အျမင့္ပုိင္းမွာ ပုန္းေအာင္းေနေလ့ရွိပါတယ္။

ဦးေခါင္းႀကီး ၊ မ်က္လုံးႀကီး ၊ ပါးစပ္ေပါက္လည္းႀကီးတဲ့ေျမြေတြပါ။ သူတုိ႔ရဲ႕အစာမ်ားကေတာ့ ငွက္မ်ား ၊ ပုတ္သင္ညဳိမ်ား ၊ ဖားမ်ားျဖစ္ပါတယ္။ သားေကာင္ေတြကုိ ဖမ္းတဲ့ေနရာမွာ သူတုိ႔ရဲ႕အၿမီးကို သစ္ကုိင္းတြင္ခ်ိတ္ကာ ျပင္းထန္တဲ့ အဆိပ္နဲ႔ တုိက္ခုိက္ၿပီး ဖမ္းေလ့ရွိပါတယ္။ ဒီေျမြေတြရဲ႕ အဆိပ္ဟာ အေကာင္ရဲ႕သက္တမ္းေပၚမူတည္ၿပီး ျပင္းထန္ေလ့ရွိပါတယ္။

ဒီေျမြသာလူကို ေပါက္မိမယ္ဆုိရင္ေတာ့ အသက္ရွင္ဖုိ႔မျဖစ္ႏုိင္ပါဘူး။ ဒီေျမြအတြက္ အဆိပ္ေျဖေဆးမရွိလုိ႔ပါ။ ကံေကာင္းတာက ဒီေျမြေတြကို အာဖရိကအလယ္ပုိင္းေဒသ ေတာနက္ေတြကလြဲၿပီး တျခားဘယ္ေနရာမွာမွ မေတြ႔ရတာပါပဲ။

သူတို႔ရဲ႕ မိတ္လုိက္ရာသီကေတာ့ အမ်ားအားျဖင့္ ေအာက္တုိဘာလျဖစ္ပါတယ္။ ေျမြမေတြဟာ တခါအေကာင္ေပါက္လွ်င္ ၉ေကာင္မွ ၁၂ ေကာင္ထိေပါက္ႏိုင္ၿပီး မတ္လႏွင့္ ဧၿပီလတုိ႔တြင္သာ အမ်ားအားျဖင့္ သားေပါက္ေလ့ရွိပါတယ္။ ေျမြေပါက္ကေလးေတြဟာ ၃လ (သုိ႔) ၄လ တြင္ အေရာင္အေသြးစုံလင္တဲ့ေျမြေတြျဖစ္လာကာ အသက္ ၂ႏွစ္ကေန ၃ႏွစ္အေရာက္မွာေတာ့ အရြယ္ေရာက္ေျမြျဖစ္လာပါတယ္။ ဒီေျမြေတြရဲ႕သက္တမ္းကေတာ့ ၁၀ႏွစ္ကေန ၁၂ႏွစ္ အထိ ျဖစ္ပါတယ္။

VIDEO

——————–

အရောင်ပုံသဏ္ဍာန်အဆန်းနဲ့  မြွေပွေးများအကြောင်း (unicode)

ဒီမြွေတွေကိုတော့ Hairy bush (သို့) spiny bush လို့ခေါ်ပါတယ်။ မြွေပွေးအမျိုးအစားဖြစ်ပြီး သူတို့ရဲ့မျိုးစိတ်သိပ္ပံအမည်ကတော့ Atheris hispida ဆိုပြီးဖြစ်ပါတယ်။ အာဖရိကအလယ်ပိုင်း ကွန်ဂို ၊ ယူဂန်ဒါ ၊ ကင်ညာ ဒေသတွေက မိုးသစ်တောနှင့် ချုံပုတ်များထဲတွင် အနေများပါတယ်။ ဒီမြွေတွေရဲ့ ထူးခြားချက်ကတော့ အခြားမြွေတွေနဲ့ မတူတဲ့ အရေခွံပါရှိလို့ပါ။ ဒီမြွေတွေရဲ့ကျောကုန်း အကြေးခွံတွေဟာ ဆူးတောင်တွေစိုက်ထားသကဲ့သို့ ထောင်လျက်ရှိနေပါတယ်။

ဒီမြွေတွေကို အရောင် ၊ အရွယ်အစား နဲ့ နေထိုင်မှုပုံစံကိုလိုက်ပြီး အမျိုးအစား ၃မျိုးခွဲထားပါတယ်။ ဒီမြွေတွေဟာ လူတွေနဲ့ အလွန်ဝေးတဲ့ဒေသတွေမှာပဲ နေထိုင်ကျက်စားလေ့ရှိတဲ့အတွက် ရှားပါးပြီးတွေ့ရဖို့ခက်ပါတယ်။ ပုံမှန်အားဖြင့် အရွယ်အစားသေးငယ်တဲ့မြွေမျိုးဖြစ်ပြီး ၁၈လက်မ မှ ၂၃လက်မဝန်းကျင်အထိ အရှည်ရှိတတ်ပါတယ်။ အမတွေဟာ အထီးတွေထက် အရွယ်အစားပိုကြီးပါတယ်။

အစိမ်းရောင် ၊ သံလွင်စိမ်း ၊ အညို ၊ အဝါ၊ အနီ စသည်ဖြင့် ရောင်စုံတွေ့ရတတ်ပါတယ်။ ဒီမြွေတွေရဲ့ရင်ဘတ်အရောင်ကတော့ အဝါ (သို့) သံလွင်ဖျော့ရောင်ရှိပြီး အမြီးကတော့ အဖြူရောင်ဖြစ်ပါတယ်။ အရှားပါးဆုံးအရောင်ကတော့ အဝါ ၊ အနီ နဲ့ မီးခိုးရောင်တွေဖြစ်ပါတယ်။ အပင်တက်အလွန်ကျွမ်းကျင်တဲ့ မြွေအမျိုးအစားဖြစ်ပါတယ်။ မည်သည့်အပင်ကိုမဆို လျှင်မြန်စွာတက်နိုင်ပြီး ခြုံထူတဲ့အပင်မျိုးကိုရွေးတက်တတ်ကာ အပင်အမြင့်ပိုင်းမှာ ပုန်းအောင်းနေလေ့ရှိပါတယ်။

ဦးခေါင်းကြီး ၊ မျက်လုံးကြီး ၊ ပါးစပ်ပေါက်လည်းကြီးတဲ့မြွေတွေပါ။ သူတို့ရဲ့အစာများကတော့ ငှက်များ ၊ ပုတ်သင်ညိုများ ၊ ဖားများဖြစ်ပါတယ်။ သားကောင်တွေကို ဖမ်းတဲ့နေရာမှာ သူတို့ရဲ့အမြီးကို သစ်ကိုင်းတွင်ချိတ်ကာ ပြင်းထန်တဲ့ အဆိပ်နဲ့ တိုက်ခိုက်ပြီး ဖမ်းလေ့ရှိပါတယ်။ ဒီမြွေတွေရဲ့ အဆိပ်ဟာ အကောင်ရဲ့သက်တမ်းပေါ်မူတည်ပြီး ပြင်းထန်လေ့ရှိပါတယ်။

ဒီမြွေသာလူကို ပေါက်မိမယ်ဆိုရင်တော့ အသက်ရှင်ဖို့မဖြစ်နိုင်ပါဘူး။ ဒီမြွေအတွက် အဆိပ်ဖြေဆေးမရှိလို့ပါ။ ကံကောင်းတာက ဒီမြွေတွေကို အာဖရိကအလယ်ပိုင်းဒေသ တောနက်တွေကလွဲပြီး တခြားဘယ်နေရာမှာမှ မတွေ့ရတာပါပဲ။

သူတို့ရဲ့ မိတ်လိုက်ရာသီကတော့ အများအားဖြင့် အောက်တိုဘာလဖြစ်ပါတယ်။ မြွေမတွေဟာ တခါအကောင်ပေါက်လျှင် ၉ကောင်မှ ၁၂ ကောင်ထိပေါက်နိုင်ပြီး မတ်လနှင့် ဧပြီလတို့တွင်သာ အများအားဖြင့် သားပေါက်လေ့ရှိပါတယ်။ မြွေပေါက်ကလေးတွေဟာ ၃လ (သို့) ၄လ တွင် အရောင်အသွေးစုံလင်တဲ့မြွေတွေဖြစ်လာကာ အသက် ၂နှစ်ကနေ ၃နှစ်အရောက်မှာတော့ အရွယ်ရောက်မြွေဖြစ်လာပါတယ်။ ဒီမြွေတွေရဲ့သက်တမ်းကတော့ ၁၀နှစ်ကနေ ၁၂နှစ် အထိ ဖြစ်ပါတယ်။

Leave a Reply