ေမာရစ္သွ် ႏုိင္ငံအေၾကာင္း သိေကာင္းစရာ

Posted on

ေမာရစ္သွ်ဆုိတာ အာဖိရကတုိက္ အေရွ႕ေတာင္ဘက္ကမ္းရုိးတန္း အိႏၵိယသမုဒၵရာထဲမွာ တည္ရွိေနတဲ့ ကြ်န္းႏိုင္ငံငယ္ေလးတစ္ခုျဖစ္ပါတယ္။ ေမာရစ္သွ် သမၼတႏုိင္ငံလုိ႔ေခၚၿပီး ေမာရစ္သွ်ကြ်န္း ၊ ကာဂါဒုိကြ်န္း ၊ ရုိးဒရစ္ဂ်္ကြ်န္း နဲ႔ အာဂါလီဂါကြ်န္းတုိ႔နဲ႔ ဖြဲ႔စည္းထားတဲ့ ႏုိင္ငံေလးပါ။

ႏုိင္ငံရဲ႕အက်ယ္အ၀န္းကေတာ့ စတုရန္းမုိင္ ၇၉၀ ျဖစ္ၿပီး အႀကီးဆုံးနဲ႔ ၿမဳိ႕ေတာ္ကေတာ့ လူး၀စ္ဆိပ္ကမ္းၿမဳိ႕ျဖစ္ကာ လူဦးေရ ၁သိန္းခြဲခန္႔ ေနထုိင္ပါတယ္။ ဓနသဟာယအဖြဲ႔၀င္ႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး တစ္ႏုိင္ငံလုံးလူဦးေရကေတာ့ ၁.၂၆သန္း(၂၀၁၆ စာရင္းအရ) သာ ရွိပါတယ္။

သမုိင္း

ေမာရစ္သွ်ဟာ မီးေတာင္ကြ်န္းျဖစ္ၿပီး ဒီကြ်န္းဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၈သန္းခန္႔ကတည္းက ရွိေနခဲ့ၿပီးၿပီလုိ႔ ပညာရွင္ေတြက ဆုိပါတယ္။ ေမာရစ္သွ်ရဲ႕ ပထမဆုံးနာမည္ကိုေတာ့ ေအဒီ ၉၇၅ေလာက္မွာ လူမေနတဲ့ကြ်န္းေပၚကုိ ပထမဆုံးေရာက္ခဲ့တဲ့ အာရပ္သေဘၤာသားေတြက ေပးခဲ့တာျဖစ္ၿပီး အဲဒီတုန္းကနာမည္ကေတာ့ Dina Arobi ျဖစ္ပါတယ္။

သမုိင္းအခ်က္အလက္အရေတာ့ ဒီကြ်န္းရွိေၾကာင္း ေျမပုံမွာထည့္သြင္းေရးဆြဲခဲ့သူက အီတလီပညာရွင္ Alberto Cantino ျဖစ္ၿပီး ၁၅၀၂ခုႏွစ္မွာ ထည့္ဆြဲခဲ့တာျဖစ္ပါတယ္။ ၁၅၀၇ခုႏွစ္မွာ လူမေနတဲ့ အဲဒီကြ်န္းေပၚကုိ ထပ္ေရာက္ခဲ့တဲ့ ေပၚတူဂီသေဘၤာသားေတြက Cirne လုိ႔ေပးျပန္ပါတယ္။ ေနာက္ေတာ့ Mascarenes လုိ႔ နာမည္ထပ္ေပးျပန္တယ္။

ေမာရစ္သွ်လုိ႔ ယေန႔ေခၚေနတဲ့ နာမည္ကုိေတာ့ ဒတ္ခ်္ေရတပ္ဗုိလ္ Wybrand van Warwyck က သူ အဲဒီကြ်န္းမွာ စခန္းခ်စဥ္က ဒတ္ခ်္ဘုရင္ Maurice ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ေပးခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ ဒီကြ်န္းဟာ ျပင္သစ္ကုိလုိနီ နယ္ေျမတစ္ခုျဖစ္လာပါတယ္။ ၁၈၁၀ခုႏွစ္ ၀န္းက်င္ နပုိလီယန္စစ္ပြဲကာလအတြင္းမွာ ဒီကြ်န္းဟာ ဂရိတ္ၿဗိတိန္လက္ေအာက္ကုိ ေရာက္ရွိခဲ့ပါတယ္။ ကြ်န္းရဲ႕နာမည္ကလည္း Maurice ကေန Mauritius ဆုိၿပီးျဖစ္လာပါတယ္။ ေမာရစ္သွ်မွာ ေနထုိင္သူအမ်ားစုဟာ ဒီကြ်န္းမွာစတင္အေျခခ်ခဲ့တဲ့ ျပင္သစ္လူမ်ဳိးမ်ား ၊ အာဖရိကန္မ်ား ၊ တရုတ္ကုန္သည္မ်ား ၊ creole မ်ား နဲ႔ အိႏၵိယလူမ်ဳိးမ်ားကေန ဆင္းသက္လာခဲ့ၾကသူေတြျဖစ္ပါတယ္။

ေမာရစ္သွ်ႏုိင္ငံဟာ ၁၆၃၈ခုႏွစ္ကေန ၁၇၁၀ခုႏွစ္အထိ ဒတ္ခ်္ေတြရဲ႕လက္ေအာက္ ၊ ၁၇၁၅ကေန ၁၈၁၀ထိ ျပင္သစ္ေတြရဲ႕လက္ေအာက္ ၊ ၁၈၁၀ကေန ၁၉၆၈ခုႏွစ္အထိ အဂၤလိပ္တုိ႔လက္ေအာက္ေရာက္ရွိခဲ့ရပါတယ္။ ၿဗိတိသွ်တုိ႔လက္ေအာက္မွာ ေမာရစ္သွ်ဟာ ၿဗိတိသွ်အင္ပါယာရဲ႕ အဓိကသၾကားထုတ္လုပ္တဲ့ ကုိလုိနီနယ္ေျမျဖစ္ခဲ့ပါတယ္။ ဒတ္ခ်္ေတြလက္ထက္ကတည္းက ႀကံပင္ေတြကုိစုိက္ပ်ဳိးခဲ့တာျဖစ္ၿပီး အဂၤလိပ္တို႔လက္ထက္မွာေတာ့ ေျမပုိင္ရွင္ေတြဟာ ကြ်န္အေျမာက္အမ်ားကိုေခၚယူကာ အႀကီးအက်ယ္စီးပြားျဖစ္စုိက္ပ်ဳိးခဲ့ၾကပါတယ္။

ဒီအထဲမွာ အာဖရိကလူမ်ဳိးေတြအျပင္ အိႏၵိယစစ္သား ၉၀၀၀ကိုလည္းေခၚယူခုိင္းေစခဲ့တာျဖစ္ပါတယ္။ ၁၈၃၅ခုႏွစ္မွာေတာ့ လႊတ္ေတာ္ကေန ကြ်န္စနစ္ကို ဖ်က္သိမ္းခဲ့တဲ့အခါ ေျမပုိင္ရွင္ေတြဟာ အာဖရိကကြ်န္ေတြကို နစ္နာေၾကးမ်ား ျပန္လည္ေပးေလွ်ာ္ခဲ့ရပါတယ္။ ၁၉၆၈ခုႏွစ္မွာ လြတ္လပ္ေရးရၿပီးတဲ့ေနာက္ သမၼတႏုိင္ငံအျဖစ္ကုိေတာ့ ၁၉၉၂ခုႏွစ္မွာ စတင္ေျပာင္းလဲခဲ့ပါတယ္။

အလံ

ေမာရစ္သွ်ရဲ႕အလံမွာေတာ့ အနီ ၊ အျပာ ၊ အ၀ါ ၊ အစိမ္း အေရာင္းေလးမ်ဳိးပါရွိပါတယ္။ အနီကေတာ့ ကုိယ္ပုိင္အုပ္ခ်ဳပ္ေရး နဲ႔ လြတ္လပ္ေရးကို ကုိယ္စားျပဳပါတယ္။ အျပာကေတာ့ သမုဒၵရာေရျပင္၀ုိင္းရံထားတဲ့ ကြ်န္းႏုိင္ငံျဖစ္တာကို ကုိယ္စားျပဳပါတယ္။ အ၀ါေရာင္ကေတာ့ ေတာက္ပတဲ့အနာဂါတ္ကို ရည္ညႊန္းၿပီး အစိမ္းကေတာ့ စုိက္ပ်ဳိးေရးအလြန္ျဖစ္ထြန္းတဲ့ ကြ်န္းဆုိတာကို ေဖာ္ျပထားတာပဲျဖစ္ပါတယ္။

ပတ္၀န္းက်င္မွာေတာ့ မီးေတာင္ေသေတြ ၊ စမ္းေခ်ာင္းေတြ ၊ ေရတံခြန္ေတြ ၊ ျမစ္ေတြ ရွိၿပီး တစ္ႏုိင္ငံလုံးရဲ႕ေနရာအမ်ားစုကုိ သစ္ေတာမ်ားက ဖုံးလႊမ္းထားလွ်က္ရွိပါတယ္။ ကမာၻ႔တတိယအႀကီးဆုံး သႏာၱေက်ာက္တန္းဟာ ဒီမွာရွိေနတာျဖစ္ၿပီး ဒီေက်ာက္တန္းဟာ ကမ္းေျခေတြကို ငါးမန္းေတြေရာက္မလာေအာင္ ကာကြယ္ေပးထားပါတယ္။ ေမာရစ္သွ်မွာ အျဖဴေရာင္သဲကမ္းေျခေပါင္းမ်ားစြာရွိၿပီး အဲဒီကမ္းေျခေတြရဲ႕အလ်ားကုိေပါင္းလုိက္မယ္ဆုိရင္ ၉၃မုိင္ခန္႔ ရွိပါသတဲ့။

ေမာရစ္သွ်ရဲ႕ အပူဆုံးလေတြဟာ ဇန္န၀ါရီ နဲ႔ ေဖေဖာ္၀ါရီလျဖစ္ၿပီး အေအးဆုံးလေတြကေတာ့ ဇူလုိင္ နဲ႔ ၾသဂုတ္လေတြျဖစ္ပါတယ္။ သြားေရာက္လည္ပတ္ဖုိ႔ အေကာင္းဆုံးအခ်ိန္ကေတာ့ မပူမေအး ေနလုိ႔ေကာင္းတဲ့ ေမလ ကေန ဒီဇင္ဘာလ အတြင္း အခ်ိန္ျဖစ္ပါတယ္။ မုန္တုိင္းေတြလည္း မၾကာခဏတုိက္ခတ္တတ္ေလ့ရွိတဲ့ အခ်ိန္ကေတာ့ ဇန္န၀ါရီလကေန မတ္လအတြင္းျဖစ္ပါတယ္။

Dodo ငွက္

ေမာရစ္သွ်ရဲ႕ အထိမ္းအမွတ္တိရစာၦန္ကေတာ့ Dodo ငွက္ျဖစ္ပါတယ္။ Dodo ငွက္ေတြဟာ အျမင့္အားျဖင့္ ၃ေပ ၃လက္မ ဒါမွမဟုတ္ ၁မီတာ နီးပါး ရွိပါတယ္။ အေလးခ်ိန္ ၁၀ ကီလိုဂရမ္ ကေန ၁၈ကီလိုဂရမ္ အထိ အေလးခ်ိန္ ရွိျပီး စားတဲ့အစာ ကေတာ့ သစ္သီးနဲ႔ သစ္ေစ့ေတြ စားပါတယ္။ အေမႊးထူျပီး မာေၾကာတဲ့ အေရခြံ ရွိပါတယ္။

ငွက္ဆိုေပမယ့္ ငွက္ကုလားအုတ္ လိုပဲ ပ်ံလို႔ မရပါဘူး။ Dodo ငွက္ေတြရဲ႕ စံေပ်ာ္ရာ ေနရာ ကေတာ့ ေမာရစ္သွ်ကြ်န္းမွာပါ။ အခုထိ တရား၀င္ အသိအမွတ္ ျပဳထားခ်က္အရ Dodo ငွက္ေတြဟာ ၁၆၆၂ ေလာက္မွာ ေမာရစ္သွ်ကြ်န္းကေန အျပီးအပိုင္ ေပ်ာက္ကြယ္ သြားၾကတယ္လုိ႔ ဆိုၾကပါတယ္။

ေမာရစ္သွ်ဟာ အာဖရိကႏုိင္ငံေတြထဲက လူဦးေရအထူထပ္ဆုံးႏုိင္ငံတစ္ခုျဖစ္ပါတယ္။ ၁စတုရန္းမုိင္မွာ လူဦးေရ ၁၆၀၁ေယာက္ ေနထိုင္တဲ့အထိ ထူထပ္ပါတယ္။ ျပင္သစ္စကား ၊အဂၤလိပ္စကား နဲ႔ Creole စကားေတြကို အဓိကေျပာဆုိၾကပါတယ္။ လူမ်ဳိးေပါင္းမ်ားစြာေနထုိင္ေပမယ့္ ဒီကြ်န္းမွာေနထိုင္သူေတြဟာ အမ်ားအားျဖင့္ အိႏၵိယနဲ႔ဆင္တဲ့ အ၀တ္အစားေတြကိုပဲ ၀တ္ဆင္ေလ့ရွိၾကပါတယ္။ ကုိးကြယ္မႈအေနနဲ႔ ဆုိရင္ေတာ့ ဟိႏၵဴဘာသာကုိးကြယ္သူ ၄၈% ၊ ခရစ္ယာန္ဘာသာ၀င္ ၃၂% ၊ အစၥလမ္ ၁၇% နဲ႔ ဗုဒၶဘာသာအပါအ၀င္ အျခားဘာသာေတြကို အနည္းငယ္သာကုိးကြယ္ၾကပါတယ္။

သၾကား နဲ႔ လက္ဖက္ကေတာ့ ဒီႏုိင္ငံရဲ႕အဓိက စီးပြားေရးထုတ္ကုန္ျဖစ္ၿပီး ခရီးသြားလာေရးကေတာ့ ဒုတိယျဖစ္ပါတယ္။ ေမာရစ္သွ် ဟာ ကမာၻ႔အတုိးတက္ဆုံး ကြ်န္းႏုိင္ငံအျဖစ္ ၃ႀကိမ္ဆက္တုိက္ သတ္မွတ္ခံထားရတဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။

အံၾသစရာေကာင္းတာကေတာ့ ဒီကြ်န္းႏုိ္င္ငံငယ္ေလးဟာ ခ်မ္းသာလြန္းတဲ့ႏုိင္ငံႀကီးေတြသာ လုပ္ႏုိင္တဲ့အရာေတာ္ေတာ္မ်ားမ်ားကိုု ျပည္သူေတြအတြက္ လုပ္ေပးႏုိင္တာပါ။ ေသးငယ္တဲ့နာမက်န္းျဖစ္တာကေန မ်ားစြာကုန္က်ႏုိင္တဲ့ခြဲစိတ္မႈေတြအထိ အခမဲ့က်န္းမာေရးကုသမႈေပးပါတယ္။ ကေလးငယ္ေတြ အေျခခံပညာကေန တကၠသုိလ္ေတြတက္တဲ့အထိ ပို႔ေဆာင္ေရးအပါအ၀င္ ပညာသင္ၾကားေရး အားလုံးဟာ အခမဲ့ေပးပါသတဲ့။ ဒီလုိေပးေနေပမယ့္ ေမာရစ္သွ်ဟာ ခ်မ္းသာတဲ့ႏုိင္ငံ မဟုတ္သလုိ သဘာ၀အရင္းအျမစ္ေပါမ်ားလြန္းတဲ့ ႏုိင္ငံတစ္ႏုိင္ငံလည္း မဟုတ္ျပန္ပါဘူး။

လြတ္လပ္ေရးရၿပီးခ်ိန္မွာ တိုင္းျပည္ရဲ့ စီးပြားေရးဟာ ႀကံကေန သႀကားထုတ္လုပ္ တဲ့ လုပ္ငန္းတခုတည္း ရိွရာကေန ေနာက္ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း ေငြေႀကးေစ်းကြက္၊ အ၀တ္အထည္ထုတ္လုပ္မႈ၊ သစ္သီး၀လံအႀကီးအက်ယ္ျဖစ္ထြန္းမႈ နဲ႔ ကမၻာလွည့္ခရီးသြားလုပ္ငန္းေတြကိုပါ တုိးခ်ဲ႕ႏုိင္ခဲ့ၿပီး အခုဆိုရင္ နည္းပညာလုပ္ငန္းေတြကိုပါ အေတာ္အသင့္လုပ္ေဆာင္ႏုိင္ခဲ့တဲ့ ကြ်န္းႏုိင္ငံေလးျဖစ္ေနပါၿပီ။

ဒီႏုိင္ငံရဲ႕ ခ်မ္းသာမႈဟာ အသင့္အတင့္မွာရွိေနၿပီး ကမာၻ႔အဆင့္အရေတာ့ နံပါတ္ ၆၁ မွာရွိပါတယ္။ ႏုိင္ငံသား တစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်ႏွစ္စဥ္၀န္ေငြကလည္း တခ်ိန္က ေဒၚလာ ၄၀၀ ၀န္းက်င္သာရွိခဲ့ရာကေန ယခုအခ်ိန္မွာေတာ့ ၂၁၆၂၈ ေဒၚလာအထိတုိးတက္လာခဲ့ၿပီျဖစ္ပါတယ္။

အစုိးရဟာ ႏုိင္ငံရဲ႕အျခားနယ္ပယ္ေတြ အသုံးစရိတ္ကိုေလွ်ာ့ခ်ၿပီး က်န္းမာေရး နဲ႔ ပညာေရးကို အထူးေဆာင္ရြက္ေပးပါတယ္။ အဆက္ဆက္အစုိးရေတြဟာ ပညာေရးကုိ အားေပးမႈေၾကာင့္ ေမာရစ္သွ်လူငယ္ေတြရဲ႕ စာတတ္ေျမာ္ကမႈႏႈန္းဟာ ၁၉၉၀ မွာ ၉၀%  သာရွိခဲ့ေပမယ့္ ယေန႔မွာေတာ့ ၉၉%အထိ တုိးတက္လာခဲ့ၿပီျဖစ္ပါတယ္။

ေမာရစ္သွ်ရဲ႕တာ၀န္ရွိသူေတြကေတာ့ သူတုိ႔ႏုိင္ငံ ဒီလုိတျဖည္းျဖည္းတုိးတက္ေနတာဟာ လူသားအရင္းအျမစ္ကို တုိးတက္ေအာင္ ပံ့ပိုးေနတာေၾကာင့္လုိ႔ ဆုိေလ့ရွိပါတယ္။ ထူးျခားတာေနာက္တစ္ခုကေတာ့ ဒီႏုိင္ငံလူဦးေရစုစုေပါင္းရဲ႕ ၉၀%ခန္႔ဟာ ကုိယ္ပုိင္အိမ္ပုိင္ဆုိင္မႈရွိတဲ့သူေတြျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံမွာေတာင္ အိမ္ပိုင္ဆုိင္သူ ရာခုိင္ႏႈန္းက ၇၀ သာ ရွိပါတယ္။

ေမာရစ္သွ်မွာ ပုံမွန္စစ္တပ္မရွိပါဘူး။ အဖြဲ႔၀င္ေပါင္း ၁ေသာင္းခန္႔နဲ႔ ဖြဲ႔စည္းထားတဲ့ ရဲဌာနသာ ရွိပါတယ္။ ႏုိင္ငံရဲ႕လုံၿခဳံေရးကို တပ္ဖြဲ႔၀င္ ၈၀၀၀ ကတာ၀န္ယူေစာင့္ေရွာက္ပါတယ္။ တပ္ဖြဲ႔၀င္ ၁၅၀၀ခန္႔ကေတာ့ အၿမဲတမ္းလွည့္လည္ေနတတ္ၿပီး ကြ်န္းပတ္၀န္းက်င္လုံၿခဳံေရးကိုေတာ့ တပ္ဖြဲ႔၀င္ ၅၀၀ က တာ၀န္ယူထားပါတယ္။ ဒီမုိကေရစီႏုိင္ငံျဖစ္တဲ့ ေမာရစ္သွ်ဟာ ငါးႏွစ္တစ္ႀကိမ္ အစိုးရကိုေရြးခ်ယ္ေလ့ရွိပါတယ္။ ေမာရစ္သွ်ရဲ႕ လက္ရွိသမၼတကေတာ့ Barlen Vyapoory ပဲျဖစ္ပါတယ္။

ေမာရစ္သွ်မွာ ယူနက္စကုိက ကမာၻ႔အေမြအႏွစ္အျဖစ္ထိမ္းသိမ္းထားတဲ့ ေနရာႏွစ္ခုရွိၿပီး အဲဒါေတြကေတာ့ အိႏၵိယအလုပ္သမားေတြ ၁၈၄၉ခုႏွစ္က တည္ေဆာက္ခဲ့တဲ့ ပထမဆုံးအေဆာက္အဦး ျဖစ္တဲ့ Aapravasi Ghat နဲ႔ Le Morne Brabant ကြ်န္းဆြယ္တုိ႔ပဲျဖစ္ပါတယ္။ ေမာရစ္သွ်ရဲ႕ လူ ၁သိန္းအထက္ေနထုိင္တဲ့ ၿမဳိ႕ႀကီး ၃ၿမဳိ႕ကေတာ့ လူး၀စ္ဆိပ္ကမ္းၿမဳိ႕ ၊ Beau Bassin ၿမဳိ႕နဲ႔ Vacoas ၿမဳိ႕ေတြပဲ ျဖစ္ပါတယ္။

ေမာရစ္သွ်ရဲ႕ ထင္ရွားတဲ့ေနရာေတြကေတာ့ Rochester ေရတံခြန္ ၊ Black River Gorges အမ်ဳိးသားဥယ်ာဥ္ ၊ Seven Coloured Earth Of Chamarel ၊ Ile Aux Aigrettes ၊ ေမာရစ္သွ် ရုကၡေဗဒဥယာ်ဥ္ ၊ ေရေအာက္ေရတံခြန္ ၊
Ganga Talao-grand Bassin ၊ La Vanille မိေက်ာင္းဥယ်ာဥ္ ၊ ၁၉ရာစုရဲတုိက္ De Labourdonnais ၊ ၿမဳိ႕လယ္ေစ်း နဲ႔ Eureka Creole House တုိ႔ပဲျဖစ္ပါတယ္။

သုတဇုန္

———————

မောရစ်သျှ ဆိုတဲ့ နိုင်ငံလေးအကြောင်း (unicode)

မောရစ်သျှဆိုတာ အာဖိရကတိုက် အရှေ့တောင်ဘက်ကမ်းရိုးတန်း အိန္ဒိယသမုဒ္ဒရာထဲမှာ တည်ရှိနေတဲ့ ကျွန်းနိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ မောရစ်သျှ သမ္မတနိုင်ငံလို့ခေါ်ပြီး မောရစ်သျှကျွန်း ၊ ကာဂါဒိုကျွန်း ၊ ရိုးဒရစ်ဂ်ျကျွန်း နဲ့ အာဂါလီဂါကျွန်းတို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံလေးပါ။ နိုင်ငံရဲ့အကျယ်အဝန်းကတော့ စတုရန်းမိုင် ၇၉၀ ဖြစ်ပြီး အကြီးဆုံးနဲ့ မြို့တော်ကတော့ လူးဝစ်ဆိပ်ကမ်းမြို့ဖြစ်ကာ လူဦးရေ ၁သိန်းခွဲခန့် နေထိုင်ပါတယ်။ ဓနသဟာယအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံးလူဦးရေကတော့ ၁.၂၆သန်း(၂၀၁၆ စာရင်းအရ) သာ ရှိပါတယ်။

သမိုင်း

မောရစ်သျှဟာ မီးတောင်ကျွန်းဖြစ်ပြီး ဒီကျွန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၈သန်းခန့်ကတည်းက ရှိနေခဲ့ပြီးပြီလို့ ပညာရှင်တွေက ဆိုပါတယ်။ မောရစ်သျှရဲ့ ပထမဆုံးနာမည်ကိုတော့ အေဒီ ၉၇၅လောက်မှာ လူမနေတဲ့ကျွန်းပေါ်ကို ပထမဆုံးရောက်ခဲ့တဲ့ အာရပ်သင်္ဘောသားတွေက ပေးခဲ့တာဖြစ်ပြီး အဲဒီတုန်းကနာမည်ကတော့ Dina Arobi ဖြစ်ပါတယ်။ သမိုင်းအချက်အလက်အရတော့ ဒီကျွန်းရှိကြောင်း မြေပုံမှာထည့်သွင်းရေးဆွဲခဲ့သူက အီတလီပညာရှင် Alberto Cantino ဖြစ်ပြီး ၁၅၀၂ခုနှစ်မှာ ထည့်ဆွဲခဲ့တာဖြစ်ပါတယ်။ ၁၅၀၇ခုနှစ်မှာ လူမနေတဲ့ အဲဒီကျွန်းပေါ်ကို ထပ်ရောက်ခဲ့တဲ့ ပေါ်တူဂီသင်္ဘောသားတွေက Cirne လို့ပေးပြန်ပါတယ်။ နောက်တော့ Mascarenes လို့ နာမည်ထပ်ပေးပြန်တယ်။

မောရစ်သျှလို့ ယနေ့ခေါ်နေတဲ့ နာမည်ကိုတော့ ဒတ်ခ်ျရေတပ်ဗိုလ် Wybrand van Warwyck က သူ အဲဒီကျွန်းမှာ စခန်းချစဉ်က ဒတ်ခ်ျဘုရင် Maurice ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်တော့ ဒီကျွန်းဟာ ပြင်သစ်ကိုလိုနီ နယ်မြေတစ်ခုဖြစ်လာပါတယ်။ ၁၈၁ဝခုနှစ် ဝန်းကျင် နပိုလီယန်စစ်ပွဲကာလအတွင်းမှာ ဒီကျွန်းဟာ ဂရိတ်ဗြိတိန်လက်အောက်ကို ရောက်ရှိခဲ့ပါတယ်။ ကျွန်းရဲ့နာမည်ကလည်း Maurice ကနေ Mauritius ဆိုပြီးဖြစ်လာပါတယ်။ မောရစ်သျှမှာ နေထိုင်သူအများစုဟာ ဒီကျွန်းမှာစတင်အခြေချခဲ့တဲ့ ပြင်သစ်လူမျိုးများ ၊ အာဖရိကန်များ ၊ တရုတ်ကုန်သည်များ ၊ creole များ နဲ့ အိန္ဒိယလူမျိုးများကနေ ဆင်းသက်လာခဲ့ကြသူတွေဖြစ်ပါတယ်။

မောရစ်သျှနိုင်ငံဟာ ၁၆၃၈ခုနှစ်ကနေ ၁၇၁ဝခုနှစ်အထိ ဒတ်ခ်ျတွေရဲ့လက်အောက် ၊ ၁၇၁၅ကနေ ၁၈၁ဝထိ ပြင်သစ်တွေရဲ့လက်အောက် ၊ ၁၈၁ဝကနေ ၁၉၆၈ခုနှစ်အထိ အင်္ဂလိပ်တို့လက်အောက်ရောက်ရှိခဲ့ရပါတယ်။ ဗြိတိသျှတို့လက်အောက်မှာ မောရစ်သျှဟာ ဗြိတိသျှအင်ပါယာရဲ့ အဓိကသကြားထုတ်လုပ်တဲ့ ကိုလိုနီနယ်မြေဖြစ်ခဲ့ပါတယ်။ ဒတ်ခ်ျတွေလက်ထက်ကတည်းက ကြံပင်တွေကိုစိုက်ပျိုးခဲ့တာဖြစ်ပြီး အင်္ဂလိပ်တို့လက်ထက်မှာတော့ မြေပိုင်ရှင်တွေဟာ ကျွန်အမြောက်အများကိုခေါ်ယူကာ အကြီးအကျယ်စီးပွားဖြစ်စိုက်ပျိုးခဲ့ကြပါတယ်။ ဒီအထဲမှာ အာဖရိကလူမျိုးတွေအပြင် အိန္ဒိယစစ်သား ၉၀၀ဝကိုလည်းခေါ်ယူခိုင်းစေခဲ့တာဖြစ်ပါတယ်။ ၁၈၃၅ခုနှစ်မှာတော့ လွှတ်တော်ကနေ ကျွန်စနစ်ကို ဖျက်သိမ်းခဲ့တဲ့အခါ မြေပိုင်ရှင်တွေဟာ အာဖရိကကျွန်တွေကို နစ်နာကြေးများ ပြန်လည်ပေးလျှော်ခဲ့ရပါတယ်။ ၁၉၆၈ခုနှစ်မှာ လွတ်လပ်ရေးရပြီးတဲ့နောက် သမ္မတနိုင်ငံအဖြစ်ကိုတော့ ၁၉၉၂ခုနှစ်မှာ စတင်ပြောင်းလဲခဲ့ပါတယ်။

အလံ

မောရစ်သျှရဲ့အလံမှာတော့ အနီ ၊ အပြာ ၊ အဝါ ၊ အစိမ်း အရောင်းလေးမျိုးပါရှိပါတယ်။ အနီကတော့ ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ လွတ်လပ်ရေးကို ကိုယ်စားပြုပါတယ်။ အပြာကတော့ သမုဒ္ဒရာရေပြင်ဝိုင်းရံထားတဲ့ ကျွန်းနိုင်ငံဖြစ်တာကို ကိုယ်စားပြုပါတယ်။ အဝါရောင်ကတော့ တောက်ပတဲ့အနာဂါတ်ကို ရည်ညွှန်းပြီး အစိမ်းကတော့ စိုက်ပျိုးရေးအလွန်ဖြစ်ထွန်းတဲ့ ကျွန်းဆိုတာကို ဖော်ပြထားတာပဲဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာတော့ မီးတောင်သေတွေ ၊ စမ်းချောင်းတွေ ၊ ရေတံခွန်တွေ ၊ မြစ်တွေ ရှိပြီး တစ်နိုင်ငံလုံးရဲ့နေရာအများစုကို သစ်တောများက ဖုံးလွှမ်းထားလျှက်ရှိပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး သန္တာကျောက်တန်းဟာ ဒီမှာရှိနေတာဖြစ်ပြီး ဒီကျောက်တန်းဟာ ကမ်းခြေတွေကို ငါးမန်းတွေရောက်မလာအောင် ကာကွယ်ပေးထားပါတယ်။ မောရစ်သျှမှာ အဖြူရောင်သဲကမ်းခြေပေါင်းများစွာရှိပြီး အဲဒီကမ်းခြေတွေရဲ့အလျားကိုပေါင်းလိုက်မယ်ဆိုရင် ၉၃မိုင်ခန့် ရှိပါသတဲ့။

မောရစ်သျှရဲ့ အပူဆုံးလတွေဟာ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီလဖြစ်ပြီး အအေးဆုံးလတွေကတော့ ဇူလိုင် နဲ့ ဩဂုတ်လတွေဖြစ်ပါတယ်။ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ကတော့ မပူမအေး နေလို့ကောင်းတဲ့ မေလ ကနေ ဒီဇင်ဘာလ အတွင်း အချိန်ဖြစ်ပါတယ်။ မုန်တိုင်းတွေလည်း မကြာခဏတိုက်ခတ်တတ်လေ့ရှိတဲ့ အချိန်ကတော့ ဇန်နဝါရီလကနေ မတ်လအတွင်းဖြစ်ပါတယ်။

Dodo ငှက်

မောရစ်သျှရဲ့ အထိမ်းအမှတ်တိရစ္ဆာန်ကတော့ Dodo ငှက်ဖြစ်ပါတယ်။ Dodo ငှက်တွေဟာ အမြင့်အားဖြင့် ၃ပေ ၃လက်မ ဒါမှမဟုတ် ၁မီတာ နီးပါး ရှိပါတယ်။ အလေးချိန် ၁၀ ကီလိုဂရမ် ကနေ ၁၈ကီလိုဂရမ် အထိ အလေးချိန် ရှိပြီး စားတဲ့အစာ ကတော့ သစ်သီးနဲ့ သစ်စေ့တွေ စားပါတယ်။ အမွှေးထူပြီး မာကြောတဲ့ အရေခွံ ရှိပါတယ်။ ငှက်ဆိုပေမယ့် ငှက်ကုလားအုတ် လိုပဲ ပျံလို့ မရပါဘူး။ Dodo ငှက်တွေရဲ့ စံပျော်ရာ နေရာ ကတော့ မောရစ်သျှကျွန်းမှာပါ။ အခုထိ တရားဝင် အသိအမှတ် ပြုထားချက်အရ Dodo ငှက်တွေဟာ ၁၆၆၂ လောက်မှာ မောရစ်သျှကျွန်းကနေ အပြီးအပိုင် ပျောက်ကွယ် သွားကြတယ်လို့ ဆိုကြပါတယ်။

မောရစ်သျှဟာ အာဖရိကနိုင်ငံတွေထဲက လူဦးရေအထူထပ်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ ၁စတုရန်းမိုင်မှာ လူဦးရေ ၁၆၀၁ယောက် နေထိုင်တဲ့အထိ ထူထပ်ပါတယ်။ ပြင်သစ်စကား ၊အင်္ဂလိပ်စကား နဲ့ Creole စကားတွေကို အဓိကပြောဆိုကြပါတယ်။ လူမျိုးပေါင်းများစွာနေထိုင်ပေမယ့် ဒီကျွန်းမှာနေထိုင်သူတွေဟာ အများအားဖြင့် အိန္ဒိယနဲ့ဆင်တဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်လေ့ရှိကြပါတယ်။ ကိုးကွယ်မှုအနေနဲ့ ဆိုရင်တော့ ဟိန္ဒူဘာသာကိုးကွယ်သူ ၄၈% ၊ ခရစ်ယာန်ဘာသာဝင် ၃၂% ၊ အစ္စလမ် ၁၇% နဲ့ ဗုဒ္ဓဘာသာအပါအဝင် အခြားဘာသာတွေကို အနည်းငယ်သာကိုးကွယ်ကြပါတယ်။

သကြား နဲ့ လက်ဖက်ကတော့ ဒီနိုင်ငံရဲ့အဓိက စီးပွားရေးထုတ်ကုန်ဖြစ်ပြီး ခရီးသွားလာရေးကတော့ ဒုတိယဖြစ်ပါတယ်။ မောရစ်သျှ ဟာ ကမ္ဘာ့အတိုးတက်ဆုံး ကျွန်းနိုင်ငံအဖြစ် ၃ကြိမ်ဆက်တိုက် သတ်မှတ်ခံထားရတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အံဩစရာကောင်းတာကတော့ ဒီကျွန်းန်ိုင်ငံငယ်လေးဟာ ချမ်းသာလွန်းတဲ့နိုင်ငံကြီးတွေသာ လုပ်နိုင်တဲ့အရာတော်တော်များများကို ပြည်သူတွေအတွက် လုပ်ပေးနိုင်တာပါ။ သေးငယ်တဲ့နာမကျန်းဖြစ်တာကနေ များစွာကုန်ကျနိုင်တဲ့ခွဲစိတ်မှုတွေအထိ အခမဲ့ကျန်းမာရေးကုသမှုပေးပါတယ်။ ကလေးငယ်တွေ အခြေခံပညာကနေ တက္ကသိုလ်တွေတက်တဲ့အထိ ပို့ဆောင်ရေးအပါအဝင် ပညာသင်ကြားရေး အားလုံးဟာ အခမဲ့ပေးပါသတဲ့။ ဒီလိုပေးနေပေမယ့် မောရစ်သျှဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်သလို သဘာဝအရင်းအမြစ်ပေါများလွန်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း မဟုတ်ပြန်ပါဘူး။

လွတ်လပ်ရေးရပြီးချိန်မှာ တိုင်းပြည်ရဲ့ စီးပွားရေးဟာ ကြံကနေ သကြားထုတ်လုပ် တဲ့ လုပ်ငန်းတခုတည်း ရှိရာကနေ နောက်နှစ်ပေါင်း ၃၀ ကျော်အတွင်း ငွေကြေးဈေးကွက်၊ အဝတ်အထည်ထုတ်လုပ်မှု၊ သစ်သီးဝလံအကြီးအကျယ်ဖြစ်ထွန်းမှု နဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေကိုပါ တိုးချဲ့နိုင်ခဲ့ပြီး အခုဆိုရင် နည်းပညာလုပ်ငန်းတွေကိုပါ အတော်အသင့်လုပ်ဆောင်နိုင်ခဲ့တဲ့ ကျွန်းနိုင်ငံလေးဖြစ်နေပါပြီ။ ဒီနိုင်ငံရဲ့ ချမ်းသာမှုဟာ အသင့်အတင့်မှာရှိနေပြီး ကမ္ဘာ့အဆင့်အရတော့ နံပါတ် ၆၁ မှာရှိပါတယ်။ နိုင်ငံသား တစ်ဦးချင်းစီရဲ့ ပျမ်းမျှနှစ်စဉ်ဝန်ငွေကလည်း တချိန်က ဒေါ်လာ ၄၀၀ ဝန်းကျင်သာရှိခဲ့ရာကနေ ယခုအချိန်မှာတော့ ၂၁၆၂၈ အထိတိုးတက်လာခဲ့ပြီဖြစ်ပါတယ်။

အစိုးရဟာ နိုင်ငံရဲ့အခြားနယ်ပယ်တွေ အသုံးစရိတ်ကိုလျှော့ချပြီး ကျန်းမာရေး နဲ့ ပညာရေးကို အထူးဆောင်ရွက်ပေးပါတယ်။ အဆက်ဆက်အစိုးရတွေဟာ ပညာရေးကို အားပေးမှုကြောင့် မောရစ်သျှလူငယ်တွေရဲ့ စာတတ်မြော်ကမှုနှုန်းဟာ ၁၉၉၀ မှာ ၉၀%  သာရှိခဲ့ပေမယ့် ယနေ့မှာတော့ ၉၉%အထိ တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ မောရစ်သျှရဲ့တာဝန်ရှိသူတွေကတော့ သူတို့နိုင်ငံ ဒီလိုတဖြည်းဖြည်းတိုးတက်နေတာဟာ လူသားအရင်းအမြစ်ကို တိုးတက်အောင် ပံ့ပိုးနေတာကြောင့်လို့ ဆိုလေ့ရှိပါတယ်။ ထူးခြားတာနောက်တစ်ခုကတော့ ဒီနိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၉၀%ခန့်ဟာ ကိုယ်ပိုင်အိမ်ပိုင်ဆိုင်မှုရှိတဲ့သူတွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတောင် အိမ်ပိုင်ဆိုင်သူ ရာခိုင်နှုန်းက ၇၀ သာ ရှိပါတယ်။

မောရစ်သျှမှာ ပုံမှန်စစ်တပ်မရှိပါဘူး။ အဖွဲ့ဝင်ပေါင်း ၁သောင်းခန့်နဲ့ ဖွဲ့စည်းထားတဲ့ ရဲဌာနသာ ရှိပါတယ်။ နိုင်ငံရဲ့လုံခြုံရေးကို တပ်ဖွဲ့ဝင် ၈၀၀၀ ကတာဝန်ယူစောင့်ရှောက်ပါတယ်။ တပ်ဖွဲ့ဝင် ၁၅၀ဝခန့်ကတော့ အမြဲတမ်းလှည့်လည်နေတတ်ပြီး ကျွန်းပတ်ဝန်းကျင်လုံခြုံရေးကိုတော့ တပ်ဖွဲ့ဝင် ၅၀၀ က တာဝန်ယူထားပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ မောရစ်သျှဟာ ငါးနှစ်တစ်ကြိမ် အစိုးရကိုရွေးချယ်လေ့ရှိပါတယ်။ မောရစ်သျှရဲ့ လက်ရှိသမ္မတကတော့ Barlen Vyapoory ပဲဖြစ်ပါတယ်။

မောရစ်သျှမှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ်ထိမ်းသိမ်းထားတဲ့ နေရာနှစ်ခုရှိပြီး အဲဒါတွေကတော့ အိန္ဒိယအလုပ်သမားတွေ ၁၈၄၉ခုနှစ်က တည်ဆောက်ခဲ့တဲ့ ပထမဆုံးအဆောက်အဦး အကြွင်းအကျန်ဖြစ်တဲ့ Aapravasi Ghat နဲ့ Le Morne Brabant ကျွန်းဆွယ်တို့ပဲဖြစ်ပါတယ်။ မောရစ်သျှရဲ့ လူ ၁သိန်းအထက်နေထိုင်တဲ့ မြို့ကြီး ၃မြို့ကတော့ လူးဝစ်ဆိပ်ကမ်းမြို့ ၊ Beau Bassin မြို့နဲ့ Vacoas မြို့တွေပဲ ဖြစ်ပါတယ်။

မောရစ်သျှရဲ့ ထင်ရှားတဲ့နေရာတွေကတော့ Rochester ရေတံခွန် ၊ Black River Gorges အမျိုးသားဥယျာဉ် ၊ Seven Coloured Earth Of Chamarel ၊ Ile Aux Aigrettes ၊ မောရစ်သျှ ရုက္ခဗေဒဥယာ်ဉ် ၊ ရေအောက်ရေတံခွန် ၊
Ganga Talao-grand Bassin ၊ La Vanille မိကျောင်းဥယျာဉ် ၊ ၁၉ရာစုရဲတိုက် De Labourdonnais ၊ မြို့လယ်ဈေး နဲ့ Eureka Creole House တို့ပဲဖြစ်ပါတယ်။

သုတဇုန်

Leave a Reply