ျပင္သစ္ျပည္ရဲ႕ အထင္ကရ ဗာဆုိင္းနန္းေတာ္အေၾကာင္း

Posted on

ျပင္သစ္လုိ႔ ဆုိလုိက္တာနဲ႔ လူအမ်ားစုေျပးျမင္မိၾကမွာက ပါရီၿမဳိ႕ ၊ အီဖယ္တာ၀ါအျပင္ ေနာက္တစ္္ခုျဖစ္တဲ့ ဗာဆုိင္းနန္းေတာ္ပါ။ ဒီတစ္ခါေတာ့ ဗာဆုိင္းနန္းေတာ္အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအျဖစ္ေ၀မွ်လိုက္ပါတယ္။

ဗာဆုိင္းနန္းေတာ္လုိ႔ အမည္တြင္တဲ့အေဆာက္အဦးဟာ ျပင္သစ္ႏုိင္ငံ ပါရီၿမဳိ႕ရဲ႕ အေနာက္ေတာင္ဘက္ ၁၅မိုင္အကြာက Île-de-France ေဒသ ဗာဆုိင္းၿမဳိ႕မွာ တည္ရွိေနၿပီး ဗာဆုိင္းရဲတုိက္လုိ႔လည္းလူသိမ်ားပါတယ္။ ဗာဆုိင္းနန္းေတာ္ရဲ႕အက်ယ္အ၀န္းကေတာ့ စတုရန္းမီတာ ၆၇၀၀၀ ျဖစ္ပါတယ္။

ျပင္သစ္ဘုရင္ လူး၀ီ ၁၃လက္ထက္တုန္းကေတာ့ ဒီနန္းေတာ္ေနရာမွာ အမဲလုိက္တဲ့အခါ သူအနားယူဖုိ႔ေဆာက္ထားတဲ့ အိမ္ငယ္ေလးတစ္လုံးသာရွိပါတယ္။ ဒီပတ္၀န္းက်င္ကလည္း ရြာေလးတစ္ရြာနဲ႔ ေတာအုပ္သာျဖစ္ပါတယ္။၁၇ရာစု လူ၀ီ ၁၄ လက္ထက္ေရာက္တဲ့အခါမွာေတာ့ အိမ္ေဘးပတ္လည္က ေျမေတြကုိပါ၀ယ္ယူလုိက္ၿပီး နန္းေတာ္ႀကီးကုိ စတင္တည္ေဆာက္ေစခဲ့ပါတယ္။ အဲဒီအခ်ိန္ကစလုိ႔ ဗာဆုိင္းနန္းေတာ္ရယ္လုိ႔ ျဖစ္လာခဲ့ပါတယ္။ ဒီေနရာဟာ၁၆၈၂ခုႏွစ္ကေန ၁၇၈၉ခုႏွစ္ထိ ရာစုႏွစ္ တစ္ခုနီးပါး  ျပင္သစ္ျပည္ရဲ႕ ႏုိင္ငံေရးအာဏာရွိရာ အဓိကေနရာတစ္ခုျဖစ္ခဲ့ပါတယ္။

ဒီနန္းေတာ္ႀကီးကို တည္ေဆာက္ဖုိ႔အတြက္ လူအင္အား ၃၀၀၀ နီးပါးကုိ အသုံးျပဳခဲ့ရပါတယ္။ ဒီနန္းေတာ္ႀကီးထဲမွာ အခန္းေပါင္း ၇၀၀ ၊ မီးဖုိေပါင္း ၁၂၀၀ နဲ႔ ေလွကားေပါင္း ၆၀ ရွိေနပါတယ္။ ဒီနန္းေတာ္ႀကီးကုိတည္ေဆာက္စဥ္က ကုန္က်ခဲ့တဲ့တန္ဖုိးကို ယေန႔ ေငြတန္ဖုိးနဲ႔တြက္မယ္ဆုိရင္ အေမရိကန္ေဒၚလာ သန္း ၂ေထာင္ခန္႔ က်သင့္မွာျဖစ္ပါတယ္။

ဗာဆုိင္းနန္းေတာ္ရဲ႕ စိတ္၀င္စားဖြယ္အခ်က္မ်ား

ျပင္သစ္ဘုရင္ လူ၀ီ ၁၄ဟာ သူ႔ရဲ႕ Louvre ေတာ္၀င္နန္းေတာ္ကေန ဗာဆုိင္းနန္းေတာ္ကို ၁၆၈၂ခုနွစ္မွာ ေရႊ႕ေျပာင္းေနထုိင္ခဲ့တာျဖစ္ပါတယ္။

ဗာဆုိင္းနန္းေတာ္ရဲ႕ ဥယ်ာဥ္အက်ယ္အ၀န္းကေတာ့ ဧက ၃ေသာင္းေက်ာ္ရွိၿပီး ဒီက်ယ္၀န္းလွတဲ့ ဥယ်ာဥ္ၿခံႀကီးထဲမွာ ရုပ္တုေပါင္း ၄၀၀ေက်ာ္ နဲ႔ ေရပန္းေပါင္း ၁၄၀၀ ခန္႔ကို အလွဆင္ထားပါတယ္။ ႏွစ္ ၃၀၀ေက်ာ္ၾကာျမင့္ၿပီးျဖစ္တဲ့အတြက္ ယေန႔အခါမွာေတာ့ အေကာင္းပကတိ ေရပန္းေပါင္း ၅၀ေက်္ာပဲ က်န္ရွိပါေတာ့တယ္။

ဗာဆုိင္းနန္းေတာ္ထဲမွာပဲ အျခားနန္းေတာ္ငယ္ႏွစ္ခုကို ထည့္သြင္းတည္ေဆာက္ထားပါေသးတယ္။ ဒီအထဲက တစ္ခုရဲ႕နာမည္ကုိေတာ့ Petit Trianon လုိ႔ေခၚၿပီး ဘုရင္မ Marie Antoinette တကုိယ္ရည္နားေနတဲ့ေနရာအျဖစ္ အသုံးျပဳခဲ့ပါတယ္။

ဗာဆုိင္းနန္းေတ္ာႀကီးထဲမွာ ပရိေဘာဂပစၥည္းေပါင္း ၅၀၀၀ေက်ာ္အျပင္ ပန္းခ်ီကားေပါင္း ၆၀၀၀ခန္႔ကိုလည္း ခ်ိတ္ဆြဲထားပါေသးတယ္။

နန္းေတာ္မီးဖုိေခ်ာင္ကလည္း အလြန္ႀကီးမားက်ယ္၀န္းၿပီး ဘုရင့္စားေတာ္ေဆာင္နဲ႔ အလြန္ေ၀းပါတယ္။ ဘယ္ေလာက္ေတာင္ေ၀းသလဲဆုိရင္ ခ်က္ပီးစပူပူေႏြးေႏြးဟင္းလ်ာေတြကို ယူလာၿပီး ဘုရင့္ဆီေရာက္တဲ့အခါမွာေတာ့ ေအးသြားတဲ့အထိပါပဲ။ ဘုရင့္စားေတာ္ေဆာင္ဟာ ဧည့္သည္ေပါင္း ၆၀၀ကို တစ္ၿပဳိင္တည္းဧည့္ခံႏုိင္တဲ့အထိ ႀကီးပါတယ္။

ဒီနန္းေတာ္ႀကီးထဲမွာ ဘုရင့္ရဲ႕အမႈကို ထမ္းေဆာင္ေပးဖုိ႔ထားတဲ့ အေစခံခ်ည္းပဲ ၂၀၀ ခန္႔ရွိပါတယ္။ ဒီအထဲက အခ်ဳိ႕ရဲ႕အလုပ္ကေတာ့ ဘုရင့္အညစ္အေၾကးအုိးကို သြန္ဖုိ႔အတြက္သာျဖစ္ပါတယ္။ နန္းေတာ္ႀကီးဟာ ႀကီးမားခန္႔ညားေပမယ့္ အိမ္သာအျဖစ္ အေပါက္ေဖာက္ထားၿပီး ေအာက္မွာအုိးခံထားတဲ့စနစ္ကိုသာ သုံးခဲ့တာျဖစ္ပါတယ္။

ဒီနန္းေတာ္ထဲမွာ Hall of Mirrors လုိ႔ေခၚတဲ့အခန္းတစ္ခန္းရွိပါတယ္။ မွန္ခ်ပ္ေပါင္း ၃၅၇ခုတပ္ဆင္ထားတဲ့အခန္းျဖစ္ပါတယ္။ မူလကေတာ့ ဖေယာင္းတုိင္ ၃၀၀၀ ခန္႔ုကိုအလွဆင္ထားၿပီး မီးထြန္းလုိက္တဲ့အခါမွာ မွန္ခ်ပ္ေတြရဲ႕အလင္းျပန္မႈေၾကာင့္ တစ္ခန္းလုံးလင္းထိန္သြားၿပီး အလြန္လွတဲ့ေနရာတစ္ခုျဖစ္သြားတယ္လုိ႔ သိရပါတယ္။

ဒီအခန္းကို တခါတရံမွာေတာ့ Bloody Hall of Mirrors လုိ႔ေခၚၾကပါေသးတယ္။ အေၾကာင္းကေတာ့ ဒီမွန္ေတြလုပ္နည္းပညာကုိ သင္ေပးခဲ့တဲ့ ဗင္းနစ္မွန္ပညာရွင္ေတြကို အဆုံးစီရင္ခဲ့တဲ့ေနရာလည္း ျဖစ္ေနလုိ႔ပါ။

နန္းေတာ္ႀကီးဟာ အေကာင္းတကာ့အေကာင္းဆုံးပစၥည္းမ်ားကို သုံးကာတည္ေဆာက္ထားသလုိ အေပါ့သြားတဲ့အုိးေတြကိုေတာင္ ေငြထည္အစစ္နဲ႔ျပဳလုပ္ထားပါေသးတယ္။ ဒါေပမယ့္ ၿဗိတိန္နဲ႔စစ္ျဖစ္တဲ့အခါမွာေတာ့ စစ္စရိတ္အတြက္ ဒီေငြထည္ပစၥည္းေတြကုိ အရည္က်ဳိၿပီး အသုံးျပဳခဲ့ရပါတယ္။

ဗာဆုိင္းနန္းေတာ္ရဲ႕ ဒီဇုိင္းကို ၁၇ရာစုအစ ဥေရာပႏိုင္ငံအသီးသီးရဲ႕ ထင္ရွားတဲ့အေဆာက္အဦးေတြကို စုေပါင္းပုံတူယူတည္ေဆာက္ထားတာျဖစ္ပါတယ္။ ျပင္သစ္ေတာ္လွန္ေရးစတင္တဲ့အခါမွာေတာ့ ဗာဆုိင္းနန္းေတာ္က အႏုပညာပစၥည္းေတြကို Louvreနန္းေတာ္ကို ျပန္လည္ေရႊ႕ေျပာင္းခဲ့ရပါတယ္။

အဲဒီအခ်ိန္တုန္းက ျပင္သစ္ျပည္သူေတြဟာ ဒီနန္းေတာ္ကို မွားယြင္းတဲ့မေကာင္းဆုိး၀ါးတစ္ခုလုိ႔ပဲသတ္မွတ္ထားၾကပါတယ္။ အေၾကာင္းကေတာ့ ျပည္သူေတြဟာ အလြန္ဆင္းရဲေနၿပီး ငတ္တလွည့္ျပတ္တလွည့္ျဖစ္ေနခ်ိန္မွာ ဘုရင္မ ေငြအေျမာက္အမ်ားကုန္က်ခံၿပီး ဒီနန္းေတာ္ကိုတည္ေဆာက္ခဲ့လုိ႔ျဖစ္ပါတယ္။

ဗာဆုိင္းနန္းေတာ္ဟာ ျပင္သစ္ေတာ္လွန္ေရးကို စတင္ရာေနရာျဖစ္သလုိ အဆုံးသတ္ေပးရာေနရာလည္းျဖစ္ပါတယ္။ ျပင္သစ္-ဂ်ာမန္စစ္ပြဲ စစ္ေျပၿငိမ္းေရးကို ဒီနန္းေတာ္မွာလက္မွတ္ေရးထုိးခဲ့သလုိ ၊ ပထမကမာၻစစ္ကို ၿပီးဆုံးေစခဲ့တဲ့ စာခ်ဳပ္ေတြထဲကတစ္ခုျဖစ္တဲ့ ဗာဆုိင္းစာခ်ဳပ္ကို ဗာဆုိင္းနန္းေတာ္က Hall of Mirrors ခန္းမထဲမွာ ေရးထုိးခဲ့ပါတယ္။

ဒုတိယကမာၻစစ္မွာေတာ့ စစ္ဒါဏ္ေၾကာင့္ ဗာဆုိင္းနန္းေတာ္ နဲ႔ ဥယ်ာဥ္ေနရာအခ်ဳိ႕ပ်က္စီးခဲ့ရပါတယ္။ ဒါေပမယ့္ ျမန္ျမန္ဆန္ဆန္ပဲ ကုန္က်စရိတ္ႀကီးစြာနဲ႔ ျပန္လည္ျပင္ဆင္ႏုိင္ခဲ့ပါတယ္။

ဗာဆုိင္းနန္းေတာ္ဟာ ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုအျဖစ္ သတ္မွတ္ထားျခင္းခံရၿပီး ႏွစ္စဥ္ လာေရာက္လည္ပတ္သူေပါင္း ၈သန္းကေန ၁၀သန္းအထိရွိတဲ့ေနရာလည္းျဖစ္ပါတယ္။

နန္းေတာ္ႀကီးကို ၃မိနစ္ေလာက္သြားလည္မယ္ဆုိရင္ ေအာက္ကဗီဒီယုိကို ၾကည့္လုိက္ပါ 🙂

——————–

ပြင်သစ်ပြည်ရဲ့ အထင်ကရ ဗာဆိုင်းနန်းတော်အကြောင်း (unicode)

ပြင်သစ်လို့ ဆိုလိုက်တာနဲ့ လူအများစုပြေးမြင်မိကြမှာက ပါရီမြို့ ၊ အီဖယ်တာဝါအပြင် နောက်တစ်ခုဖြစ်တဲ့ ဗာဆိုင်းနန်းတော်ပါ။ ဒီတစ်ခါတော့ ဗာဆိုင်းနန်းတော်အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအဖြစ်ဝေမျှလိုက်ပါတယ်။

ဗာဆိုင်းနန်းတော်လို့ အမည်တွင်တဲ့အဆောက်အဦးဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အနောက်တောင်ဘက် ၁၅မိုင်အကွာက Île-de-France ဒေသ ဗာဆိုင်းမြို့မှာ တည်ရှိနေပြီး ဗာဆိုင်းရဲတိုက်လို့လည်းလူသိများပါတယ်။ ဗာဆိုင်းနန်းတော်ရဲ့အကျယ်အဝန်းကတော့ စတုရန်းမီတာ ၆၇၀၀၀ ဖြစ်ပါတယ်။

ပြင်သစ်ဘုရင် လူးဝီ ၁၃လက်ထက်တုန်းကတော့ ဒီနန်းတော်နေရာမှာ အမဲလိုက်တဲ့အခါ သူအနားယူဖို့ဆောက်ထားတဲ့ အိမ်ငယ်လေးတစ်လုံးသာရှိပါတယ်။ ဒီပတ်ဝန်းကျင်ကလည်း ရွာလေးတစ်ရွာနဲ့ တောအုပ်သာဖြစ်ပါတယ်။၁၇ရာစု လူဝီ ၁၄ လက်ထက်ရောက်တဲ့အခါမှာတော့ အိမ်ဘေးပတ်လည်က မြေတွေကိုပါဝယ်ယူလိုက်ပြီး နန်းတော်ကြီးကို စတင်တည်ဆောက်စေခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဗာဆိုင်းနန်းတော်ရယ်လို့ ဖြစ်လာခဲ့ပါတယ်။ ဒီနေရာဟာ၁၆၈၂ခုနှစ်ကနေ ၁၇၈၉ခုနှစ်ထိ ရာစုနှစ် တစ်ခုနီးပါး  ပြင်သစ်ပြည်ရဲ့ နိုင်ငံရေးအာဏာရှိရာ အဓိကနေရာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီနန်းတော်ကြီးကို တည်ဆောက်ဖို့အတွက် လူအင်အား ၃၀၀၀ နီးပါးကို အသုံးပြုခဲ့ရပါတယ်။ ဒီနန်းတော်ကြီးထဲမှာ အခန်းပေါင်း ၇၀၀ ၊ မီးဖိုပေါင်း ၁၂၀၀ နဲ့ လှေကားပေါင်း ၆၀ ရှိနေပါတယ်။ ဒီနန်းတော်ကြီးကိုတည်ဆောက်စဉ်က ကုန်ကျခဲ့တဲ့တန်ဖိုးကို ယနေ့ ငွေတန်ဖိုးနဲ့တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၂ထောင်ခန့် ကျသင့်မှာဖြစ်ပါတယ်။

ဗာဆိုင်းနန်းတော်ရဲ့ စိတ်ဝင်စားဖွယ်အချက်များ

ပြင်သစ်ဘုရင် လူဝီ ၁၄ဟာ သူ့ရဲ့ Louvre တော်ဝင်နန်းတော်ကနေ ဗာဆိုင်းနန်းတော်ကို ၁၆၈၂ခုနှစ်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့တာဖြစ်ပါတယ်။

ဗာဆိုင်းနန်းတော်ရဲ့ ဥယျာဉ်အကျယ်အဝန်းကတော့ ဧက ၃သောင်းကျော်ရှိပြီး ဒီကျယ်ဝန်းလှတဲ့ ဥယျာဉ်ခြံကြီးထဲမှာ ရုပ်တုပေါင်း ၄၀၀ကျော် နဲ့ ရေပန်းပေါင်း ၁၄၀၀ ခန့်ကို အလှဆင်ထားပါတယ်။ နှစ် ၃၀၀ကျော်ကြာမြင့်ပြီးဖြစ်တဲ့အတွက် ယနေ့အခါမှာတော့ အကောင်းပကတိ ရေပန်းပေါင်း ၅၀ကျေ်ာပဲ ကျန်ရှိပါတော့တယ်။

ဗာဆိုင်းနန်းတော်ထဲမှာပဲ အခြားနန်းတော်ငယ်နှစ်ခုကို ထည့်သွင်းတည်ဆောက်ထားပါသေးတယ်။ ဒီအထဲက တစ်ခုရဲ့နာမည်ကိုတော့ Petit Trianon လို့ခေါ်ပြီး ဘုရင်မ Marie Antoinette တကိုယ်ရည်နားနေတဲ့နေရာအဖြစ် အသုံးပြုခဲ့ပါတယ်။

ဗာဆိုင်းနန်းတော်ကြီးထဲမှာ ပရိဘောဂပစ္စည်းပေါင်း ၅၀၀၀ကျော်အပြင် ပန်းချီကားပေါင်း ၆၀၀ဝခန့်ကိုလည်း ချိတ်ဆွဲထားပါသေးတယ်။

နန်းတော်မီးဖိုချောင်ကလည်း အလွန်ကြီးမားကျယ်ဝန်းပြီး ဘုရင့်စားတော်ဆောင်နဲ့ အလွန်ဝေးပါတယ်။ ဘယ်လောက်တောင်ဝေးသလဲဆိုရင် ချက်ပီးစပူပူနွေးနွေးဟင်းလျာတွေကို ယူလာပြီး ဘုရင့်ဆီရောက်တဲ့အခါမှာတော့ အေးသွားတဲ့အထိပါပဲ။ ဘုရင့်စားတော်ဆောင်ဟာ ဧည့်သည်ပေါင်း ၆၀ဝကို တစ်ပြိုင်တည်းဧည့်ခံနိုင်တဲ့အထိ ကြီးပါတယ်။

ဒီနန်းတော်ကြီးထဲမှာ ဘုရင့်ရဲ့အမှုကို ထမ်းဆောင်ပေးဖို့ထားတဲ့ အစေခံချည်းပဲ ၂၀၀ ခန့်ရှိပါတယ်။ ဒီအထဲက အချို့ရဲ့အလုပ်ကတော့ ဘုရင့်အညစ်အကြေးအိုးကို သွန်ဖို့အတွက်သာဖြစ်ပါတယ်။ နန်းတော်ကြီးဟာ ကြီးမားခန့်ညားပေမယ့် အိမ်သာအဖြစ် အပေါက်ဖောက်ထားပြီး အောက်မှာအိုးခံထားတဲ့စနစ်ကိုသာ သုံးခဲ့တာဖြစ်ပါတယ်။

ဒီနန်းတော်ထဲမှာ Hall of Mirrors လို့ခေါ်တဲ့အခန်းတစ်ခန်းရှိပါတယ်။ မှန်ချပ်ပေါင်း ၃၅၇ခုတပ်ဆင်ထားတဲ့အခန်းဖြစ်ပါတယ်။ မူလကတော့ ဖယောင်းတိုင် ၃၀၀၀ ခန်ု့ကိုအလှဆင်ထားပြီး မီးထွန်းလိုက်တဲ့အခါမှာ မှန်ချပ်တွေရဲ့အလင်းပြန်မှုကြောင့် တစ်ခန်းလုံးလင်းထိန်သွားပြီး အလွန်လှတဲ့နေရာတစ်ခုဖြစ်သွားတယ်လို့ သိရပါတယ်။

ဒီအခန်းကို တခါတရံမှာတော့ Bloody Hall of Mirrors လို့ခေါ်ကြပါသေးတယ်။ အကြောင်းကတော့ ဒီမှန်တွေလုပ်နည်းပညာကို သင်ပေးခဲ့တဲ့ ဗင်းနစ်မှန်ပညာရှင်တွေကို အဆုံးစီရင်ခဲ့တဲ့နေရာလည်း ဖြစ်နေလို့ပါ။

နန်းတော်ကြီးဟာ အကောင်းတကာ့အကောင်းဆုံးပစ္စည်းများကို သုံးကာတည်ဆောက်ထားသလို အပေါ့သွားတဲ့အိုးတွေကိုတောင် ငွေထည်အစစ်နဲ့ပြုလုပ်ထားပါသေးတယ်။ ဒါပေမယ့် ဗြိတိန်နဲ့စစ်ဖြစ်တဲ့အခါမှာတော့ စစ်စရိတ်အတွက် ဒီငွေထည်ပစ္စည်းတွေကို အရည်ကျိုပြီး အသုံးပြုခဲ့ရပါတယ်။

ဗာဆိုင်းနန်းတော်ရဲ့ ဒီဇိုင်းကို ၁၇ရာစုအစ ဥရောပနိုင်ငံအသီးသီးရဲ့ ထင်ရှားတဲ့အဆောက်အဦးတွေကို စုပေါင်းပုံတူယူတည်ဆောက်ထားတာဖြစ်ပါတယ်။ ပြင်သစ်တော်လှန်ရေးစတင်တဲ့အခါမှာတော့ ဗာဆိုင်းနန်းတော်က အနုပညာပစ္စည်းတွေကို Louvreနန်းတော်ကို ပြန်လည်ရွှေ့ပြောင်းခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက ပြင်သစ်ပြည်သူတွေဟာ ဒီနန်းတော်ကို မှားယွင်းတဲ့မကောင်းဆိုးဝါးတစ်ခုလို့ပဲသတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ ပြည်သူတွေဟာ အလွန်ဆင်းရဲနေပြီး ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေချိန်မှာ ဘုရင်မ ငွေအမြောက်အများကုန်ကျခံပြီး ဒီနန်းတော်ကိုတည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။

ဗာဆိုင်းနန်းတော်ဟာ ပြင်သစ်တော်လှန်ရေးကို စတင်ရာနေရာဖြစ်သလို အဆုံးသတ်ပေးရာနေရာလည်းဖြစ်ပါတယ်။ ပြင်သစ်-ဂျာမန်စစ်ပွဲ စစ်ပြေငြိမ်းရေးကို ဒီနန်းတော်မှာလက်မှတ်ရေးထိုးခဲ့သလို ၊ ပထမကမ္ဘာစစ်ကို ပြီးဆုံးစေခဲ့တဲ့ စာချုပ်တွေထဲကတစ်ခုဖြစ်တဲ့ ဗာဆိုင်းစာချုပ်ကို ဗာဆိုင်းနန်းတော်က Hall of Mirrors ခန်းမထဲမှာ ရေးထိုးခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်မှာတော့ စစ်ဒါဏ်ကြောင့် ဗာဆိုင်းနန်းတော် နဲ့ ဥယျာဉ်နေရာအချို့ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်ပဲ ကုန်ကျစရိတ်ကြီးစွာနဲ့ ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။

Leave a Reply