အေမရိကန္တုိ႔အား အေရးနိမ့္ေစခဲ့ေသာ ဗီယက္နမ္စစ္ပြဲ

Posted on

ဗီယက္နမ္စစ္ပြဲကို ဒုတိယေျမာက္အင္ဒိုခ်ိဳင္းနားကၽြန္းဆြယ္ စစ္ပြဲလို႔လည္းေခၚၾကျပီး အေမရိကန္တို႔ အထိနာခဲ့တဲ့စစ္ပြဲတစ္ပြဲျဖစ္ပါတယ္။ ဒီစစ္ပြဲဟာအလြန္ရူပ္ေထြးခဲ့ျပီး ဗီယက္နမ္နိုင္ငံအတြင္းသာမက အိမ္နီးခ်င္း လာအိုနဲ႔ ကေမာၻနီးယားနိုင္ငံေတြအထိ စစ္ဧရိယာ ထဲပါဝင္လာခဲ့ပါတယ္။ ၁၉၅၅ခုႏွစ္ နိုဝင္ဘာ(၁)ရက္ေန႔မွစတင္ျပီး ၁၉၇၅ခုနွစ္ ဧျပီလ(၃၀)ရက္ေန႔မွာ ေတာင္ဗီယက္နမ္ျမိဳ႔ေတာ္ဆိုင္ဂံုကို ကြန္ျမဴနစ္ေျမာက္ဗီယက္နမ္တပ္ေတြ သိမ္းပိုက္ခ်ိန္ေရာက္မွသာ ၿပီးဆံုးခဲ့ရတာပါ။

အေရွ႕ေတာင္အာရွေဒသမွာျဖစ္ပြား ခဲ့တဲ့ ကြန္ျမဴနစ္စနစ္နဲ႔ ဒီမိုကေရစီစနစ္အားျပိဳင္တဲ့ စစ္ပြဲမွာ အေမရိကန္ဦးေဆာင္တဲ့ သူရဲ့မဟာမိတ္ေတြျဖစ္တဲ့ ေတာင္ကိုရီးယား ၊ ၾသစေတးလ် ၊ထိုင္းနိုင္ငံနဲ႔သူတို႔ရဲ့ မဟာမိတ္ ေတြက ေတာင္ဗီယက္နမ္အစိုးရဘက္က ဝင္ေရာက္တိုက္ခိုက္ၾကျပီး ကြန္ျမဴနစ္စနစ္ကို အားေပးတဲ့ တရုတ္နိုင္ငံနဲ႔ရုရွားတို႔က ေျမာက္ဗီယက္နမ္ကို စစ္ေရးအရအကူအညီေပးၾကတာပါ။ စစ္ေအးတိုက္ပြဲကာလအတြင္း အေမရိကန္ဝင္ေရာက္ တိုက္ခိုက္ခဲ့တဲ့ စစ္ပြဲျဖစ္ျပီး စစ္ေရးအရသာမက ကမာၻအလယ္မွာပါ အရွက္တစ္ကြဲရႈံးနိမ့္ ခဲ့ရပါတယ္။

ဒါအျပင္ အေမရိကန္ဟာဒီတိုက္ပြဲကို မွားယြင္းစြာဆင္ႏႊဲခဲ့ေၾကာင္း အေမရိကန္ျပည္သူေတြကေတာင္ ျပစ္တင္ေဝဖန္တဲ့ နိုင္ငံတြင္းဆႏၵျပပြဲေတြျပဳလုပ္တဲ့ အထိျဖစ္ခဲ့ရပါတယ္။ ဒီဗီယက္နမ္စစ္ပြဲဟာ (၁၉)နွစ္ၾကာျဖစ္ပြားခဲ့ျပီး လာအိုျပည္တြင္းစစ္၊ကေမာၻဒီးယားျပည္တြင္းစစ္ေတြကိုပါ ျဖစ္ေပၚေစခဲ့ပါတယ္။ ဒီစစ္ပြဲေတြအျပီးမွာေတာ့ ရလဒ္အေနနဲ႔ ဗီယက္နမ္နိုင္ငံျပန္လည္ေပါင္းစည္းနိုင္ခဲ့ျပီး ဗီယက္နမ္၊ လာအိုနဲ႔ ကေမာၻဒီးယား စတဲ့ကြန္ျမဴနစ္စနစ္ကို က်င့္သံုးတဲ့ သံုးနိုင္ငံ ၁၉၇၅ မွာ အေရွေတာင္အာရွေဒသတြင္းေပၚေပါက္လာခဲ့တာပါ။

ဗီယက္နမ္စစ္ပြဲနဲ႔ ပတ္သတ္တဲ့ အျမင္အမ်ိဳးမ်ိဳးရွိျပီး ယင္းကာလက ဗီယက္နမ္ဟာ ေတာင္နွင့္ေျမာက္ဗီယက္နမ္ဆိုျပီး နွစ္ပိုင္းကြဲေနတာပါ။ ၁၉၅၄ခုနွစ္မွာ ျပင္သစ္ဆီကေန လြတ္လပ္ေရးရွိခဲ့တဲ့ ဗီယက္နမ္ဟာေတာင္နဲ႔ေျမာက္ ဆိုျပီးကြဲျပားေနတာ့ျဖစ္ျပီး ေျမာက္ဗီယက္နမ္ကို ဟိုခ်ီမင္းဦးေဆာင္တဲ့ကြန္ျမဴနစ္မ်ား ကထိန္းခ်ဳပ္ထားျပီး ေတာင္ဗီယက္နမ္ကေတာ့ ဒီမိုကေရစီအင္အားစုေတြအမ်ားစုတည္ ရွိေနျပီး အေမရိကန္နဲ႔အေနာက္အုပ္စု ၾသဇာခံအစိုးရ ကထိန္းခ်ဳပ္ထားပါတယ္။

ကြန္ျမဴနစ္ဝါဒၾကီးစိုးတဲ့ ေျမာက္ဗီယက္နမ္က အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔ေတြရဲ့ အျမင္ကေတာ့ အေမရိကန္ဟာ ပထမအင္ဒိုခ်ိဳင္းနားကၽြန္းဆြယ္တိုက္ပြဲတုန္းက ျပင္သစ္ေတြလိုပဲ ဗီယက္နမ္နိုင္ငံအေပၚ နယ္ခ်ဲ႕ခ်င္တဲ့ရည္ရြယ္ခ်က္နဲ႔ တိုက္ခိုက္တာ ျဖစ္တယ္လို႔ယူဆၾကပါတယ္။ ဒါအျပင္ ၁၉၅၄ ခုနွစ္ ဂ်ီနီဗာၿငိမ္းခ်မ္းေရး ညီလာခံအရ သေဘာတူညီမႈကို ေဖာက္ဖ်က္ခဲ့တာလို႔လည္း စြပ္စြဲေျပာဆိုခဲ့ၾကပါတယ္။ ဒါအျပင္ ဗီယက္နမ္ျပည္တြင္းစစ္ပြဲကို အေမရိကန္ပါဝင္တိုက္ခိုက္ခဲ့တဲ့ ၁၉၆၅ ကေန ၁၉၇၀ အထိၾကားကာလေတြမွာ စစ္ပြဲရဲ့ျဖစ္စဥ္ေတြဟာ အစပိုင္းနဲ႔မတူပဲ ပိုမိုခက္ခဲလာ ျပီး အေသအေပ်ာက္အမ်ားဆံုးေသာ ကာလေတြအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။

အေမရိကန္ဟာ သူမ်ားနိုင္ငံရဲ့ျပည္တြင္းေရးကို ထင္ထင္ရွားရွား ေစာ္ကားတယ္လို႔လည္းသတ္ မွတ္ခဲ့ၾကတာပါ။ ေတာင္ဗီယက္နမ္သမၼတနုိင္ငံအစိုးရရဲ့ အျမင္မွာေတာ့ ေျမာက္ဗီယက္နမ္ဟာ ဗီယက္နမ္တစ္နိုင္ငံလံုးကို ကြန္ျမဴနစ္စနစ္ကိုသြတ္သြင္းဖို႕ အားထုတ္ေနတာျဖစ္ျပီး ဒီစနစ္ဟာ ဗီယက္နမ္တစ္နိုင္ငံလံုးကို ဆင္းရဲတြင္းထဲပို႔ေဆာင္မယ္လို႕ယူဆၾကပါတယ္။ ေျမာက္ဗီယက္နမ္ရဲ့ က်ဴးေက်ာ္ရန္စေနမႈကို စစ္ေရးနည္းလမ္းကလြဲျပီး အျခားေျဖရွင္းစရာ နည္းလမ္းမရွိဟု ယူဆေနတာပါ။ အေမရိကန္အစိုးရအေနနဲ႔ ကလည္း ကမာၻေပၚမွာတစ္စတစ္စ ၾကီးထြားလာတဲ့ကြန္ျမဴနစ္စနစ္ ကိုထိန္းခ်ဳပ္ဖို႔လိုအပ္တယ္လို႔ယူဆထားတာပါ။

ဒါေၾကာင့္ေတာင္ဗီယက္နမ္အေနနဲ႔ကြန္ ျမဴနစ္နိုင္ငံအျဖစ္ သိမ္းသြင္းခံရမဲ့ အျဖစ္ကိုမလိုလားပါဘူး။ ကြန္ျမဴနစ္စနစ္ရဲ့ စီးပြားေရး၊ နိုင္ငံေရးပံုစံဟာ အေမရိကန္ရဲ့ ဒီမိုကေရစီစနစ္နဲ႔ လံုးဝဆန္႔က်င္ကြဲျပားေနတာ ေၾကာင့္လည္းျဖစ္ပါတယ္။ အေစာပိုင္းမွာ စစ္ေရးအရအၾကံေပးမႈနဲ႔သာ အကူအညီေပးေပမဲ့ ေနာက္ပိုင္းမွာ ေျမျပင္တပ္ေတြကိုပါေစလႊတ္ျပီး တိုက္ခိုက္ေစခဲ့ပါတယ္။ ၁၉၅၀ခုႏွစ္ ေလာက္ကတည္းက အေမရိကန္ရဲ့ စစ္ေရးဆိုင္ရာအၾကံေပးအဖြဲ႕ေတြဟာ ေတာင္ဗီယက္နမ္ရဲ့ျမိဳ႕ေတာ္ ဆိုင္ဂံုကိုေရာက္ရွိလာခဲ့ပါတယ္။ ဒီအဖြဲ႔ေတြဟာ ျပင္သစ္စစ္တပ္ျပီးတဲ့ေနာက္ အင္ဒိုခ်ိဳင္းနားေဒသကို ဒုတိယေျမာက္ေျခခ်တဲ့ မဟာမိတ္တပ္ေတြရဲ့ ေျခလွမ္းျဖစ္ပါတယ္။

ပထမအင္ဒိုခ်ိဳင္းနားစစ္ပြဲကာလတုန္းက အေမရိကန္ဟာ ျပင္သစ္စစ္တပ္အတြက္ ေငြေၾကးနဲ႔နည္းပညာအမ်ားၾကီး ပ့့ံပိုးကူညီခဲ့ တာလည္းျဖစ္ပါတယ္။ FNL(the National Liberation Front)လို႔ေခၚတဲ့ ေတာင္ဗီယက္နမ္ကကြန္ျမဴနစ္ဗီယက္ေကာင္းေတြကို ေျမာက္ဗီယက္နမ္(ဟႏိြဳင္းအစိုးရ)က ေထာက္ပ့ံကူညီေပးထားပါတယ္။ ေပ်ာက္ၾကားစစ္ဆင္ေရးေတြနဲ႔ နာမည္ေက်ာ္ခဲ့တဲ့ ဗီယက္ေကာင္းေတြဟာေတာင္ဗီယက္နမ္ရဲ့ ကြန္ျမဴနစ္ဝါဒဆန္႔က်င္တဲ့ ေဒသေတြကို ဝင္ေရာက္တိုက္ခိုက္မႈေတြကိုျပဳလုပ္ျပီး ေတာင္ဗီယက္နမ္တပ္ေတြနဲ႔တိုက္ပြဲေတြေနရာ အႏွံ႕ျဖစ္ပြားေနခဲ့ပါတယ္။

ေျမာက္ဗီယက္နမ္တပ္မေတာ္(NVA)ဟာလည္း ေနာက္ပိုင္းမွာ FNLအဖြဲ႔ေတြနဲ႔ပူးေပါင္းျပီး ၁၉၅၉ ကေနစတင္ျပီး ေတာင္ဗီယက္နမ္တပ္ေတြကို ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ဒီစစ္ပြဲမွာပါဝင္ ပတ္သတ္မႈေတြတစ္စတစ္စ ထက္မ်ားလာျပီး ၁၉၆၀ သမၼတကေနဒီလက္ထက္မွာ ေတာ့ အေမရိကန္စစ္သည္ေထာင္နဲ့ခ်ီျပီး ေတာင္ဗီယက္နမ္တပ္ေတြဘက္ကေန ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ ၁၉၅၉ ခုနွစ္ကေန ၁၉၆၃ ကာလအတြင္းေတြမွာ အေမရိကန္စစ္သည္ ၁၆၀၀၀ ခန္႔ဗီယက္နမ္စစ္ေျမျပင္မွာတာဝန္ထမ္းေဆာင္ေစခဲ့ပါၿပီ။ ၁၉၆၄ ခုနွစ္အေရာက္မွာေတာ့ အေမရိကန္စစ္သည္ ၂၃၀၀၀ ခန္႔ေရာက္ ရွိေနျပီျဖစ္ပါတယ္။

သမၼတကေနဒီလုပ္ၾကံခံရျပီးေနာက္ အေမရိကန္သမၼတျဖစ္လာတဲ့ Lyndon B.Johnson လက္ထက္ မွာ ေျမာက္ဗီယက္နမ္တို႔က Gulf of Tonkin ေဒသမွာ ဆိုက္ကပ္ထားတဲ့ အေမရိကန္ေရတပ္ကို နွစ္ၾကိမ္တိုင္တိုက္ခိုက္ခဲ့ေၾကာင္း စြပ္စြဲကာ ေျမာက္ဗီယက္နမ္ပိုင္Da Nangျမိဳ႕ကို၁၉၆၅ မွာဝင္ေရာက္တိုက္ခိုက္ခဲ့ၾကပါေတာ့တယ္။ အေမရိကန္နဲ႔ေတာင္ဗီယက္နမ္တပ္ေတြဟာ ေျမာက္ဗီယက္နမ္ကိုေျမျပင္တပ္ေတြသာမကပဲ လေၾကာင္းကေန ျပင္းျပင္းထန္ထန္ဗံုးၾကဲတိုက္ခိုက္ခဲ့ၾကပါတယ္။ အေမရိကန္ေတြဟာ နည္းပညာအကူအညီနဲ႔ ေလေၾကာင္းကေန ေျမာက္ဗီယက္နမ္ကို အဆတ္ မျပတ္ဗံုးက်ဲတိုက္ခိုက္နုိင္ခဲ့ေပမယ့္ ေျမျပင္တပ္ေတြရဲ့ အေျခအေနကေတာ့ အထူးဆိုးရြားခဲ့ တာပါ။

ေျမမ်က္ႏွာသြင္ျပင္နဲ႔ တိုက္ပြဲဝင္ရတဲ့ပံုစံေတြဟာ ကြဲျပားတာေၾကာင့္လည္း အေမရိကန္နဲ႔သူမဟာမိတ္တပ္ေတြဟာ ဗီယက္နမ္ရဲ့ ေျပာက္က်ားစစ္ဆင္ေရးေတြမွာ အထိအခိုက္အက်အဆံုးမ်ားလာပါတယ္။ ဟိုခ်ီမင္းဦးေဆာင္တဲ့ေျမာက္ဗီယက္နမ္ေတြရဲ့ ျပင္းထန္တဲ့အမ်ိဳးသားေရးစိတ္ဓာက္ေတြေၾကာင့္ အေမရိကန္ထုိးစစ္ေတြဟာ တပ္လံုးကၽြတ္က်ဆံုးသြားတဲ့အထိအေရးနိမ့္ခဲ့ရတာပါ။

အေမရိကန္ရဲ့ ေခတ္မီနည္းပညာသံုးလက္နက္ေတြကို ဗီယက္နမ္ေတြက ခ်ဴခ်ီေျမေအာက္လိုဏ္ဂူကဲ့သို႕ေသာ(ယင္းလိုဏ္ဂူဟာ ဗီယက္နမ္ေတြရဲ့ေအာင္ေျမျဖစ္ျပီး (၇၅)မိုင္ရွည္လ်ားပါတယ္)ခံတပ္ေတြတည္ေဆာက္ ကာ ေအာင္ျမင္စြာခုခံခဲ့တာပါ။ ေျမာက္ဗီယက္နမ္ေတြရဲ့ စိတ္ဓာက္ပိုင္းဟာ အလြန္အံံ့ ၾသသင့္စရာျဖစ္ခဲ့ျပီး ဒီလိုေျမေအာက္လိုဏ္ဂူက်ဥ္းက်ဥ္းေလးေတြမွာ (၁၂)နွစ္ေလာက္ ၊တစ္ေန႔ကိုအဟာရအျဖစ္ ေခါပ္ဆြဲတစ္ပြဲသာစားျပီးေနထိုင္ကာ စစ္တိုက္ခဲ့ၾကပါသတဲ့၊၊

၁၉၆၇ ကာလေတြမွာ အေမရိကန္ေလယာဥ္ေတြက အၾကိမ္ေပါင္း တစ္သိန္းငါးေသာင္းေက်ာ္ ႀကဲခ်ခဲ့တာမို႔ ဒုတိယကမာၻစစ္ကာလ တုန္းကရန္သူေတြကို က်ဲခ်တဲ့ ဗံုးအေရအတြက္ထက္ပိုမ်ားေနပါတယ္။ ဒါအျပင္ ၁၉၆၉ အေရာက္မွာေတာ့ အေမရိကန္စစ္သည္ ငါးသိန္းေလးေသာင္းေက်ာ္အထိသံုးစြဲကာ ဒီဗီယက္နမ္စစ္ပြဲကိုအရွိန္ျမွင့္တင္ခဲ့တာပါ။ အေမရိကန္နိုင္ငံအတြင္းမွာလည္းဒီစစ္ပြဲနဲ႔ ပတ္သတ္ျပီး ေဝဖန္မႈေတြျမင့္တက္လာျပီး လက္ရွိသမၼတ Johnson ကိုယ္တိုင္၁၉၆၈ အေမရိကန္သမၼတေရြးေကာတ္ပြဲမွာ ဝင္မျပိဳင္တဲ့အေျခေနထိေတာင္ျဖစ္ခဲ့ရပါတယ္။ ေနာက္တက္လာတဲ့ Richard Nixon လက္ထက္မွာေတာ့ ဆႏၵျပမႈေတြပိုမိုျပင္းထန္လာ တဲ့အတြက္ အေမရိကန္တပ္အခ်ိဳ႕ကို ေတာင္ဗီယက္နမ္ကေန ရုတ္သိမ္းမႈေတြနည္းနည္းခ်င္းျပဳလုပ္လာခဲ့ေပမဲ့ ေလေၾကာင္းဆိုင္ရာတိုက္ခိုက္မႈေတာ့ဆက္လက္ လုပ္ေဆာင္ခဲ့ပါတယ္။

၁၉၇၀ ခုနွစ္မွာေတာ့ ေျမာက္ဗီယက္နမ္ရဲ့အဓိက မဟာမိတ္ျဖစ္ တဲ့ကေမာၻနီးယားနိုင္ငံကို အေမရိကန္ကဗံုးၾကဲတိုက္ခိုက္ခဲ့ပါတယ္။ ဒါေပမဲ့ ေျမျပင္စစ္ ပြဲေတြမွာေတာ့ အေမရိကန္ဗိုလ္ခ်ဳပ္အခ်ိဳ႕ကေတာင္ ဆက္လက္တိုက္ပြဲဝင္ျခင္းမျပဳရန္ သမၼတထံစာေရးသားေတာင္းဆိုျခင္းေတြျပဳခဲ့တာပါ။ တစ္ျဖည္းျဖည္းက်ဥ္းေျမာင္းလာတဲ့ စစ္ေရးအေနအထားနဲ႔ အေမရိကန္ေတြဆုတ္ခြာလာခဲ့ၾကရာ ၁၉၇၂မွာေတာ့ အေမရိကန္စစ္သည္ ၆၀၀၀ေက်ာ္သာ စစ္ေျမျပင္မွာက်န္ရွိပါေတာ့တယ္။ ေျမာက္ပိုင္းကြန္ျမဴနစ္ေတြ ဟာ အေမရိကန္နဲ႕ေတာင္ဗီယက္နမ္ေတြရဲ့စစ္ေရးဆိုင္ရာအခ်က္အခ်ာက်တဲ့ေနရာ ေတာ္ေတာ္မ်ားမ်ားကိုဝင္ေရာက္သိမ္းပိုက္ခဲ့တဲ့အခ်ိန္ထိ အေမရိကန္ေတြဟာလည္း ဆိုင္ဂုံကိုအေျချပဳျပီး တျဖည္းျဖည္းဆုတ္ခြာေနခဲ့ၾကတာပါ။

ယင္းကာလေတြမွာေစ့ စပ္ညိဳႏိႈင္းမႈေတြျပဳလုပ္ခဲ့ေပမဲ့ တရုတ္နဲ႔ရုရွားတို႔ရဲ့ ေထာက္ခံပ့ံပိုးမႈ အခိုင္အမာရရွိထားတဲ့ ဗီယက္နမ္ကြန္ျမဴနစ္ေတြဟာ ဗီယက္နမ္ကိုျပန္လည္ေပါင္းစည္းျပီးကြန္ျမဴနစ္နိုင္ငံ တည္ေထာင္ဖို႔ဆႏၵျပင္းျပေနတာေၾကာင့္ ေအာင္ျမင္မႈမရွိခဲ့ပါဘူး။ ၁၉၇၅ ဧျပီလ(၂၇) ရက္ေန႔မွာေတာ့ ရာဂဏန္းသာက်န္ရွိတဲ့ အေမရိကန္စစ္သည္ေတြဟာ ေတာင္ဗီယက္နမ္ျမိဳ႔ေတာ္ ဆိုင္ဂံု(ယခု ဟိုခ်ီမင္း)ျမိဳ႕မွ ရဟတ္ယာဥ္မ်ားနဲ႔ အလံုးစံုဆုတ္ခြာခဲ့ရပါ ေတာ့တယ္။ အေမရိကန္စစ္တပ္နဲ႔အတူ  ေတာင္ဗီယက္နမ္အစိုးရအဖြဲ႔ဝင္မ်ားစြာနဲ႔ စစ္ဘက္ဆိုင္ရာဗိုလ္ခ်ဳပ္အမ်ားစုဟာလည္း အေမရိကန္ျပည္ေထာင္စုကို အျပီးေျပာင္းေရြအေျခခ်ခဲ့ၾကပါတယ္။

ေနာက္ဆံုးမွာေတာ့ ဗီယက္နမ္ကြန္ျမဴနစ္ေတြဟာ ဆိုင္ဂံုကိုသိိမ္းပိုက္နိုင္ခဲ့ျပီး ဗီယက္နမ္ကို ျပန္လည္ေပါင္းစည္းကာ ကြန္ျမဴနစ္နိုင္ငံအျဖစ္ထူေထာင္လိုက္ပါ ေတာ့တယ္။ ဗီယက္နမ္စစ္ပြဲအတြင္း ဗီယက္နမ္စစ္သည္နဲ႔ အရပ္သား စုစုေပါင္း ၉၆၆၀၀၀ ကေန ၃.၈ သန္းအထိေသဆံုးခဲ့ရျပီး အျခားကေမာၻဒီးယားနိုင္ငံသား ၂၇၅၀၀၀ ကေန ၃၁၀၀၀၀ၾကား၊ လာအိုနိုင္ငံသား ၂၀၀၀၀ကေန ၆၂၀၀၀ၾကား၊ အေမရိကန္စစ္သည္ ၅၈၂၂၀ အထိေသဆံုးခဲ့ရပါတယ္။ ေသဆံုးသူအမ်ား စုဟာ အရပ္သားေတြျဖစ္ျပီး ဗီယက္နမ္လူမ်ိဳး (၁၀)သန္းခန္႔စစ္ေဘးဒုကၡသည္ျဖစ္ခဲ့ ရပါတယ္။

အေမရိကန္ အေနနဲ႔ဒီစစ္ပြဲကို အေမရိကန္ေဒၚလာ ဘီလီယံရာနဲ႔ခ်ီသုံးကာ ကာလ ရွည္စစ္ပြဲကိုဆင္ႏႊဲခဲ့ရျပီး ေနာက္ဆံုးမွာေတာ့ အေမရိကန္ႏုိင္ငံရဲ့ သမိုင္းတေလ်ာက္ ပထမဆံုး ရႈံးနိမ့္တဲ့ စစ္ပြဲအျဖစ္ အက်ည္းတန္စြာသမိုင္းမွတ္တမ္း က်န္ရွိခဲ့ရပါတယ္။ အေမရိကန္ေတြကေတာ့ သူတုိ႔ရႈံးနိမ့္ျခငး္မဟုတ္ပဲ စစ္ပြဲထဲမွ ႏႈတ္ထြက္ျခင္းသာျဖစ္ေၾကာင္း ေျပာေလ့ရွိပါတယ္။

—————————–

အမေရိကန်တို့အား အရေးနိမ့်စေခဲ့သော ဗီယက်နမ်စစ်ပွဲ (unicode)

ဗီယက်နမ်စစ်ပွဲကို ဒုတိယမြောက်အင်ဒိုချိုင်းနားကျွန်းဆွယ် စစ်ပွဲလို့လည်းခေါ်ကြပြီး အမေရိကန်တို့ အထိနာခဲ့တဲ့စစ်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီစစ်ပွဲဟာအလွန်ရူပ်ထွေးခဲ့ပြီး ဗီယက်နမ်နိုင်ငံအတွင်းသာမက အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောနီးယားနိုင်ငံတွေအထိ စစ်ဧရိယာ ထဲပါဝင်လာခဲ့ပါတယ်။ ၁၉၅၅ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့မှစတင်ပြီး ၁၉၇၅ခုနှစ် ဧပြီလ(၃၀)ရက်နေ့မှာ တောင်ဗီယက်နမ်မြို့တော်ဆိုင်ဂုံကို ကွန်မြူနစ်မြောက်ဗီယက်နမ်တပ်တွေ သိမ်းပိုက်ချိန်ရောက်မှသာ ပြီးဆုံးခဲ့ရတာပါ။

အရှေ့တောင်အာရှဒေသမှာဖြစ်ပွား ခဲ့တဲ့ ကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီစနစ်အားပြိုင်တဲ့ စစ်ပွဲမှာ အမေရိကန်ဦးဆောင်တဲ့ သူရဲ့မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား ၊ ဩစတေးလျ ၊ထိုင်းနိုင်ငံနဲ့သူတို့ရဲ့ မဟာမိတ် တွေက တောင်ဗီယက်နမ်အစိုးရဘက်က ဝင်ရောက်တိုက်ခိုက်ကြပြီး ကွန်မြူနစ်စနစ်ကို အားပေးတဲ့ တရုတ်နိုင်ငံနဲ့ရုရှားတို့က မြောက်ဗီယက်နမ်ကို စစ်ရေးအရအကူအညီပေးကြတာပါ။ စစ်အေးတိုက်ပွဲကာလအတွင်း အမေရိကန်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပြီး စစ်ရေးအရသာမက ကမ္ဘာအလယ်မှာပါ အရှက်တစ်ကွဲရှုံးနိမ့် ခဲ့ရပါတယ်။

ဒါအပြင် အမေရိကန်ဟာဒီတိုက်ပွဲကို မှားယွင်းစွာဆင်နွှဲခဲ့ကြောင်း အမေရိကန်ပြည်သူတွေကတောင် ပြစ်တင်ဝေဖန်တဲ့ နိုင်ငံတွင်းဆန္ဒပြပွဲတွေပြုလုပ်တဲ့ အထိဖြစ်ခဲ့ရပါတယ်။ ဒီဗီယက်နမ်စစ်ပွဲဟာ (၁၉)နှစ်ကြာဖြစ်ပွားခဲ့ပြီး လာအိုပြည်တွင်းစစ်၊ကမ္ဘောဒီးယားပြည်တွင်းစစ်တွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီစစ်ပွဲတွေအပြီးမှာတော့ ရလဒ်အနေနဲ့ ဗီယက်နမ်နိုင်ငံပြန်လည်ပေါင်းစည်းနိုင်ခဲ့ပြီး ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား စတဲ့ကွန်မြူနစ်စနစ်ကို ကျင့်သုံးတဲ့ သုံးနိုင်ငံ ၁၉၇၅ မှာ အရှေတောင်အာရှဒေသတွင်းပေါ်ပေါက်လာခဲ့တာပါ။

ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သတ်တဲ့ အမြင်အမျိုးမျိုးရှိပြီး ယင်းကာလက ဗီယက်နမ်ဟာ တောင်နှင့်မြောက်ဗီယက်နမ်ဆိုပြီး နှစ်ပိုင်းကွဲနေတာပါ။ ၁၉၅၄ခုနှစ်မှာ ပြင်သစ်ဆီကနေ လွတ်လပ်ရေးရှိခဲ့တဲ့ ဗီယက်နမ်ဟာတောင်နဲ့မြောက် ဆိုပြီးကွဲပြားနေတာ့ဖြစ်ပြီး မြောက်ဗီယက်နမ်ကို ဟိုချီမင်းဦးဆောင်တဲ့ကွန်မြူနစ်များ ကထိန်းချုပ်ထားပြီး တောင်ဗီယက်နမ်ကတော့ ဒီမိုကရေစီအင်အားစုတွေအများစုတည် ရှိနေပြီး အမေရိကန်နဲ့အနောက်အုပ်စု ဩဇာခံအစိုးရ ကထိန်းချုပ်ထားပါတယ်။

ကွန်မြူနစ်ဝါဒကြီးစိုးတဲ့ မြောက်ဗီယက်နမ်က အမျိုးသားလွတ်မြောက်ရေးအဖွဲ့တွေရဲ့ အမြင်ကတော့ အမေရိကန်ဟာ ပထမအင်ဒိုချိုင်းနားကျွန်းဆွယ်တိုက်ပွဲတုန်းက ပြင်သစ်တွေလိုပဲ ဗီယက်နမ်နိုင်ငံအပေါ် နယ်ချဲ့ချင်တဲ့ရည်ရွယ်ချက်နဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ယူဆကြပါတယ်။ ဒါအပြင် ၁၉၅၄ ခုနှစ် ဂျီနီဗာငြိမ်းချမ်းရေး ညီလာခံအရ သဘောတူညီမှုကို ဖောက်ဖျက်ခဲ့တာလို့လည်း စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ ဒါအပြင် ဗီယက်နမ်ပြည်တွင်းစစ်ပွဲကို အမေရိကန်ပါဝင်တိုက်ခိုက်ခဲ့တဲ့ ၁၉၆၅ ကနေ ၁၉၇၀ အထိကြားကာလတွေမှာ စစ်ပွဲရဲ့ဖြစ်စဉ်တွေဟာ အစပိုင်းနဲ့မတူပဲ ပိုမိုခက်ခဲလာ ပြီး အသေအပျောက်အများဆုံးသော ကာလတွေအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အမေရိကန်ဟာ သူများနိုင်ငံရဲ့ပြည်တွင်းရေးကို ထင်ထင်ရှားရှား စော်ကားတယ်လို့လည်းသတ် မှတ်ခဲ့ကြတာပါ။ တောင်ဗီယက်နမ်သမ္မတနိုင်ငံအစိုးရရဲ့ အမြင်မှာတော့ မြောက်ဗီယက်ဟာ ဗီယက်နမ်တစ်နိုင်ငံလုံးကို ကွန်မြူနစ်စနစ်ကိုသွတ်သွင်းဖို့ အားထုတ်နေတာဖြစ်ပြီး ဒီစနစ်ဟာ ဗီယက်နမ်တစ်နိုင်ငံလုံးကို ဆင်းရဲတွင်းထဲပို့ဆောင် မယ်လို့ယူဆကြပါတယ်။ မြောက်ဗီယက်နမ်ရဲ့ ကျူးကျော်ရန်စနေမှုကို စစ်ရေးနည်းလမ်းကလွဲပြီး အခြားဖြေရှင်းစရာ နည်းလမ်းမရှိဟု ယူဆနေတာပါ။ အမေရိကန်အစိုးရအနေနဲ့ ကလည်း ကမ္ဘာပေါ်မှာတစ်စတစ်စ ကြီးထွားလာတဲ့ကွန်မြူနစ်စနစ် ကိုထိန်းချုပ်ဖို့လိုအပ်တယ်လို့ယူဆထားတာပါ။

ဒါကြောင့်တောင်ဗီယက်နမ်အနေနဲ့ကွန် မြူနစ်နိုင်ငံအဖြစ် သိမ်းသွင်းခံရမဲ့ အဖြစ်ကိုမလိုလားပါဘူး။ ကွန်မြူနစ်စနစ်ရဲ့ စီးပွားရေး၊ နိုင်ငံရေးပုံစံဟာ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်နဲ့ လုံးဝဆန့်ကျင်ကွဲပြားနေတာ ကြောင့်လည်းဖြစ်ပါတယ်။ အစောပိုင်းမှာ စစ်ရေးအရအကြံပေးမှုနဲ့သာ အကူအညီပေးပေမဲ့ နောက်ပိုင်းမှာ မြေပြင်တပ်တွေကိုပါစေလွှတ်ပြီး တိုက်ခိုက်စေခဲ့ပါတယ်။ ၁၉၅ဝခုနှစ် လောက်ကတည်းက အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာအကြံပေးအဖွဲ့တွေဟာ တောင်ဗီယက်နမ်ရဲ့မြို့တော် ဆိုင်ဂုံကိုရောက်ရှိလာခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာ ပြင်သစ်စစ်တပ်ပြီးတဲ့နောက် အင်ဒိုချိုင်းနားဒေသကို ဒုတိယမြောက်ခြေချတဲ့ မဟာမိတ်တပ်တွေရဲ့ ခြေလှမ်းဖြစ်ပါတယ်။

ပထမအင်ဒိုချိုင်းနားစစ်ပွဲကာလတုန်းက အမေရိကန်ဟာ ပြင်သစ်စစ်တပ်အတွက် ငွေကြေးနဲ့နည်းပညာအများကြီး ပံ့ပိုးကူညီခဲ့ တာလည်းဖြစ်ပါတယ်။ FNL(the National Liberation Front)လို့ခေါ်တဲ့ တောင်ဗီယက်နမ်ကကွန်မြူနစ်ဗီယက်ကောင်းတွေကို မြောက်ဗီယက်နမ်(ဟနွိုင်းအစိုးရ)က ထောက်ပံ့ကူညီပေးထားပါတယ်။ ပျောက်ကြားစစ်ဆင်ရေးတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဗီယက်ကောင်းတွေဟာတောင်ဗီယက်နမ်ရဲ့ ကွန်မြူနစ်ဝါဒဆန့်ကျင်တဲ့ ဒေသတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေကိုပြုလုပ်ပြီး တောင်ဗီယက်နမ်တပ်တွေနဲ့တိုက်ပွဲတွေနေရာ အနှံ့ဖြစ်ပွားနေခဲ့ပါတယ်။

မြောက်ဗီယက်နမ်တပ်မတော်(NVA)ဟာလည်း နောက်ပိုင်းမှာ FNLအဖွဲ့တွေနဲ့ပူးပေါင်းပြီး ၁၉၅၉ ကနေစတင်ပြီး တောင်ဗီယက်နမ်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ဒီစစ်ပွဲမှာပါဝင် ပတ်သတ်မှုတွေတစ်စတစ်စ ထက်များလာပြီး ၁၉၆၀ သမ္မတကနေဒီလက်ထက်မှာ တော့ အမေရိကန်စစ်သည်ထောင်နဲ့ချီပြီး တောင်ဗီယက်နမ်တပ်တွေဘက်ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်ကနေ ၁၉၆၃ ကာလအတွင်းတွေမှာ အမေရိကန်စစ်သည် ၁၆၀၀၀ ခန့်ဗီယက်နမ်စစ်မြေပြင်မှာတာဝန်ထမ်းဆောင်စေခဲ့ပါပြီ။ ၁၉၆၄ ခုနှစ်အရောက်မှာတော့ အမေရိကန်စစ်သည် ၂၃၀၀၀ ခန့်ရောက် ရှိနေပြီဖြစ်ပါတယ်။

သမ္မတကနေဒီလုပ်ကြံခံရပြီးနောက် အမေရိကန်သမ္မတဖြစ်လာတဲ့ Lyndon B.Johnson လက်ထက် မှာ မြောက်ဗီယက်နမ်တို့က Gulf of Tonkin ဒေသမှာ ဆိုက်ကပ်ထားတဲ့ အမေရိကန်ရေတပ်ကို နှစ်ကြိမ်တိုင်တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲကာ မြောက်ဗီယက်နမ်ပိုင်Da Nangမြို့ကို၁၉၆၅ မှာဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတော့တယ်။ အမေရိကန်နဲ့တောင်ဗီယက်နမ်တပ်တွေဟာ မြောက်ဗီယက်နမ်ကိုမြေပြင်တပ်တွေသာမကပဲ လကြောင်းကနေ ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါတယ်။ အမေရိကန်တွေဟာ နည်းပညာအကူအညီနဲ့ လေကြောင်းကနေ မြောက်ဗီယက်နမ်ကို အဆတ် မပြတ်ဗုံးကျဲတိုက်ခိုက်နိုင်ခဲ့ပေမယ့် မြေပြင်တပ်တွေရဲ့ အခြေအနေကတော့ အထူးဆိုးရွားခဲ့ တာပါ။

မြေမျက်နှာသွင်ပြင်နဲ့ တိုက်ပွဲဝင်ရတဲ့ပုံစံတွေဟာ ကွဲပြားတာကြောင့်လည်း အမေရိကန်နဲ့သူမဟာမိတ်တပ်တွေဟာ ဗီယက်နမ်ရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေမှာ အထိအခိုက်အကျအဆုံးများလာပါတယ်။ ဟိုချီမင်းဦးဆောင်တဲ့မြောက်ဗီယက်နမ်တွေရဲ့ ပြင်းထန်တဲ့အမျိုးသားရေးစိတ်ဓာက်တွေကြောင့် အမေရိကန်ထိုးစစ်တွေဟာ တပ်လုံးကျွတ်ကျဆုံးသွားတဲ့အထိအရေးနိမ့်ခဲ့ရတာပါ။ အမေရိကန်ရဲ့ ခေတ်မီနည်းပညာသုံးလက်နက်တွေကို ဗီယက်နမ်တွေက ချူချီမြေအောက်လိုဏ်ဂူကဲ့သို့သော(ယင်းလိုဏ်ဂူဟာ ဗီယက်နမ်တွေရဲ့အောင်မြေဖြစ်ပြီး (၇၅)မိုင်ရှည်လျားပါတယ်)ခံတပ်တွေတည်ဆောက် ကာ အောင်မြင်စွာခုခံခဲ့တာပါ။ မြောက်ဗီယက်နမ်တွေရဲ့ စိတ်ဓာက်ပိုင်းဟာ အလွန်အံ့ ဩသင့်စရာဖြစ်ခဲ့ပြီး ဒီလိုမြေအောက်လိုဏ်ဂူကျဉ်းကျဉ်းလေးတွေမှာ (၁၂)နှစ်လောက် ၊တစ်နေ့ကိုအဟာရအဖြစ် ခေါပ်ဆွဲတစ်ပွဲသာစားပြီးနေထိုင်ကာ စစ်တိုက်ခဲ့ကြပါသတဲ့၊၊

၁၉၆၇ ကာလတွေမှာ အမေရိကန်လေယာဉ်တွေက အကြိမ်ပေါင်း တစ်သိန်းငါးသောင်းကျော် ကြဲချခဲ့တာမို့ ဒုတိယကမ္ဘာစစ်ကာလ တုန်းကရန်သူတွေကို ကျဲချတဲ့ ဗုံးအရေအတွက်ထက်ပိုများနေပါတယ်။ ဒါအပြင် ၁၉၆၉ အရောက်မှာတော့ အမေရိကန်စစ်သည် ငါးသိန်းလေးသောင်းကျော်အထိသုံးစွဲကာ ဒီဗီယက်နမ်စစ်ပွဲကိုအရှိန်မြှင့်တင်ခဲ့တာပါ။ အမေရိကန်နိုင်ငံအတွင်းမှာလည်းဒီစစ်ပွဲနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေမြင့်တက်လာပြီး လက်ရှိသမ္မတ Johnson ကိုယ်တိုင်၁၉၆၈ အမေရိကန်သမ္မတရွေးကောတ်ပွဲမှာ ဝင်မပြိုင်တဲ့အခြေနေထိတောင်ဖြစ်ခဲ့ရပါတယ်။ နောက်တက်လာတဲ့ Richard Nixon လက်ထက်မှာတော့ ဆန္ဒပြမှုတွေပိုမိုပြင်းထန်လာ တဲ့အတွက် အမေရိကန်တပ်အချို့ကို တောင်ဗီယက်နမ်ကနေ ရုတ်သိမ်းမှုတွေနည်းနည်းချင်းပြုလုပ်လာခဲ့ပေမဲ့ လေကြောင်းဆိုင်ရာတိုက်ခိုက်မှုတော့ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

၁၉၇၀ ခုနှစ်မှာတော့ မြောက်ဗီယက်နမ်ရဲ့အဓိက မဟာမိတ်ဖြစ် တဲ့ကမ္ဘောနီးယားနိုင်ငံကို အမေရိကန်ကဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ မြေပြင်စစ် ပွဲတွေမှာတော့ အမေရိကန်ဗိုလ်ချုပ်အချို့ကတောင် ဆက်လက်တိုက်ပွဲဝင်ခြင်းမပြုရန် သမ္မတထံစာရေးသားတောင်းဆိုခြင်းတွေပြုခဲ့တာပါ။ တစ်ဖြည်းဖြည်းကျဉ်းမြောင်းလာတဲ့ စစ်ရေးအနေအထားနဲ့ အမေရိကန်တွေဆုတ်ခွာလာခဲ့ကြရာ ၁၉၇၂မှာတော့ အမေရိကန်စစ်သည် ၆၀၀၀ကျော်သာ စစ်မြေပြင်မှာကျန်ရှိပါတော့တယ်။ မြောက်ပိုင်းကွန်မြူနစ်တွေ ဟာ အမေရိကန်နဲ့တောင်ဗီယက်နမ်တွေရဲ့စစ်ရေးဆိုင်ရာအချက်အချာကျတဲ့နေရာ တော်တော်များများကိုဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အချိန်ထိ အမေရိကန်တွေဟာလည်း ဆိုင်ဂုံကိုအခြေပြုပြီး တဖြည်းဖြည်းဆုတ်ခွာနေခဲ့ကြတာပါ။

ယင်းကာလတွေမှာစေ့ စပ်ညိုနှိုင်းမှုတွေပြုလုပ်ခဲ့ပေမဲ့ တရုတ်နဲ့ရုရှားတို့ရဲ့ ထောက်ခံပံ့ပိုးမှု အခိုင်အမာရရှိထားတဲ့ ဗီယက်နမ်ကွန်မြူနစ်တွေဟာ ဗီယက်နမ်ကိုပြန်လည်ပေါင်းစည်းပြီးကွန်မြူနစ်နိုင်ငံ တည်ထောင်ဖို့ဆန္ဒပြင်းပြနေတာကြောင့် အောင်မြင်မှုမရှိခဲ့ပါဘူး။ ၁၉၇၅ ဧပြီလ(၂၇) ရက်နေ့မှာတော့ ရာဂဏန်းသာကျန်ရှိတဲ့ အမေရိကန်စစ်သည်တွေဟာ တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ(ယခု ဟိုချီမင်း)မြို့မှ ရဟတ်ယာဉ်များနဲ့ အလုံးစုံဆုတ်ခွာခဲ့ရပါ တော့တယ်။ အမေရိကန်စစ်တပ်နဲ့အတူ  တောင်ဗီယက်နမ်အစိုးရအဖွဲ့ဝင်များစွာနဲ့ စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်အများစုဟာလည်း အမေရိကန်ပြည်ထောင်စုကို အပြီးပြောင်းရွေအခြေချခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ ဗီယက်နမ်ကွန်မြူနစ်တွေဟာ ဆိုင်ဂုံကိုသိမ်းပိုက်နိုင်ခဲ့ပြီး ဗီယက်နမ်ကို ပြန်လည်ပေါင်းစည်းကာ ကွန်မြူနစ်နိုင်ငံအဖြစ်ထူထောင်လိုက်ပါ တော့တယ်။ ဗီယက်နမ်စစ်ပွဲအတွင်း ဗီယက်နမ်စစ်သည်နဲ့ အရပ်သား စုစုပေါင်း ၉၆၆၀၀၀ ကနေ ၃.၈ သန်းအထိသေဆုံးခဲ့ရပြီး အခြားကမ္ဘောဒီးယားနိုင်ငံသား ၂၇၅၀၀၀ ကနေ ၃၁၀၀၀၀ကြား၊ လာအိုနိုင်ငံသား ၂၀၀၀ဝကနေ ၆၂၀၀၀ကြား၊ အမေရိကန်စစ်သည် ၅၈၂၂၀ အထိသေဆုံးခဲ့ရပါတယ်။ သေဆုံးသူအများ စုဟာ အရပ်သားတွေဖြစ်ပြီး ဗီယက်နမ်လူမျိုး (၁၀)သန်းခန့်စစ်ဘေးဒုက္ခသည်ဖြစ်ခဲ့ ရပါတယ်။ အမေရိကန် အနေနဲ့ဒီစစ်ပွဲကို အမေရိကန်ဒေါ်လာ ဘီလီယံရာနဲ့ချီသုံးကာ ကာလ ရှည်စစ်ပွဲကိုဆင်နွှဲခဲ့ရပြီး နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံရဲ့ သမိုင်းတလျောက် ပထမဆုံး ရှုံးနိမ့်တဲ့ စစ်ပွဲအဖြစ် အကျည်းတန်စွာသမိုင်းမှတ်တမ်း ကျန်ရှိခဲ့ရပါတယ်။ အမေရိကန်တွေကတော့ သူတို့ရှုံးနိမ့်ခြင်းမဟုတ်ပဲ စစ်ပွဲထဲမှ နှုတ်ထွက်ခြင်းသာဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။

Leave a Reply