စစ္ဘုရင္နပုိလီယန္ အား ေအာင္ႏုိင္ခဲ့သူ (သုိ႔) သံမဏိၿမဳိ႕စားႀကီး

Posted on

ဝယ္လင္တန္ျမိဳ႕စားႀကီး Arthur Wellesley ဟာ အဂၤလန္ရဲ့ထင္ရွားတဲ့ စစ္ဗိုလ္ခ်ဳပ္တစ္ဦးျဖစ္ၿပီး ျပင္သစ္စစ္ဘုရင္ နပိုလီယံဘိုနာဘတ္ကို ဝါတာလူး စစ္ပြဲမွာ အနိုင္တိုက္ကာ အဂၤလန္ရဲ့ ေတာ္၀င္သူရဲေကာင္းအေနနဲ႔ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ သူ႔ရဲ႕ေနာက္နာမည္တစ္မ်ဳိးကေတာ့ သံမဏိၿမဳိ႕စားႀကီးျဖစ္ပါတယ္။ သူဟာAngola-Irish စစ္သည္အႏြယ္ဝင္တစ္ဦးျဖစ္ျပီး ၁၉ရာစုက အဂၤလန္ရဲ့ စစ္ေရးနိုင္ငံေရး က႑ေတြမွာ ဦးေဆာင္ေခါင္းရြက္တာဝန္ခံခဲ့သူျဖစ္ပါတယ္။ ဝန္ၾကီးခ်ဳပ္အျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့တဲ့ Arthur Wellesley ဟာ KG,GCB,PC,FRS စတဲ့ ဂုဏ္ထူးဘြဲ႕ထူးေတြရဲ့ပိုင္ရွင္လည္းျဖစ္ပါတယ္။

Arthur Wellesley ကိုေတာ့ ၁၇၆၉ ခုနွစ္ေမလ(၁)ရက္ေန႔မွာ အိုင္ယာလန္နိုင္ငံ ဒပ္ဗလင္ျမိဳ႕မွာ Mornington ၿမိဳ႕စား Garreta နဲ႔ Anne Hill-Trevorတို႔ကေမြးဖြားခဲ့ပါတယ္။ အရြယ္ေရာက္တဲ့အခ်ိန္မွာေတာ့ အိုင္ယာလန္နို္င္ငံက နာမည္ေက်ာ္တကၠသိုလ္တစ္ခုျဖစ္တဲ့ Protestant Ascendancy မွာတက္ေရာက္ပညာသင္ၾကားခဲ့ျပီး သူအသက္(၁၈)နွစ္အရြယ္ ၁၇၈၇ ခုနွစ္မွာေတာ့ ျဗိတိန္တပ္မေတာ္ရဲ့ အလံကိုင္ဗိုလ္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ ယင္းကာလက ျဗိတိန္ကၽြန္းဆြယ္တစ္ခုလံုးဟာေပါင္းစည္းထားျပီး United Kingdomနုိင္ငံေတြအျဖစ္ အဂၤလန္နို္င္ငံရဲ့ ၾသဇာအာဏာေအာက္မွာရွိၾကတာပါ။

အဲဒီေနာက္မွာေတာ့ အိုင္ယာလန္နိုင္ငံက ေတာ္ဝင္အဆင့္ျမင့္အရာရွိနွစ္ဦးရဲ့ သက္ေတာ္ေစာင့္အဖြဲ႕ (aided-de-camp)မွာတာဝန္ထမ္းေဆာင္ခဲ့ပါတယ္။ Arthur Wellesley ဟာ Irish House of commons လို႔ေခၚတဲ့ ျဗိတိန္ပါလီမန္ရဲ့ ေအာက္လႊတ္ေတာ္အမတ္အျဖစ္ ေရြးခ်ယ္ျခင္းကိုလည္းခံခဲ့ရသူပါ။ ၁၇၉၆ ခုနွစ္မွာေတာ့ သူဟာ ဗိုလ္မွဴးၾကီးအထိ ရာထူးတိုးျမွင့္ေပးျခင္းခံခဲ့ရဲျပီး နယ္သာလန္နိုင္ငံနဲ႔ အိႏၵိယ နိုင္ငံေတြမွာ ျဖစ္ပြားခဲ့တဲ့စစ္ပြဲေတြမွာ တိုက္ပြဲဝင္ခဲ့ပါတယ္။ သူဟာ အဂၤလိပ္ေတြနဲ႔ အိႏၵိယနိုင္ငံေတာင္ပိုင္းက Mysore ေတြနဲ႔ ျဖစ္ပြားတဲ့ Fourth Anglo-Mysore တိုက္ပြဲေတြမွာ အဂၤလိပ္စစ္တပ္ကို အနိုင္ရေအာင္ အေကာင္းဆံုးဦးေဆာင္မႈေပးခဲ့ပါတယ္။

၁၇၉၉ မွာေတာ့ သူဟာ Seringapatam နဲ႔ Mysore ေဒသေတြရဲ့ဘုရင္ခံျဖစ္လာခဲ့ျပီး ၁၈၀၂ ခုနွစ္မွာေတာ့ ဗိုလ္ခ်ဳပ္ၾကီးအျဖစ္ရာထူးတိုးျမွင့္ေပးျခင္းကိုခံရပါတယ္။ ၁၈၀၃ ခုနွစ္မွာေတာ့ အိႏၵိယနိုင္ငံက Maratha အင္ပါယာကိုအနိုင္ရခဲ့တဲ့ Assaye တိုက္ပြဲေတြမွာ စတင္ထင္ရွားလာပါတယ္။ ၁၈၀၆ခုႏွစ္ ဧျပီလမွာေတာ့ သူဟာ KittyPakenham လို႔အမည္ရတဲ့ အိုင္ယာလန္သူတစ္ေယာက္နဲ႔ ဒပ္ဗလင္ျမိဳ႕မွာ မဂၤလာ ေဆာင္ခဲ့ပါတယ္။ မ်ားမၾကာမီမွာေတာ့ Arthur Wellesley ဟာ ဥေရာပမွာနယ္ေျမသိမ္းတိုက္ပြဲေတြ ေတာက္ေလွ်ာက္ဆင္ႏႊဲေနတဲ့ ျပင္သစ္စစ္ဘုရင္ နပိုလီယံကို ရင္ဆိုင္ရဖို႔ျဖစ္လာပါတယ္။

သူဟာဗိုလ္ခ်ဳပ္ၾကီးအဆင့္အထိ ရာထူးတိုးျမွင့္ျခင္းခံရျပီးေနာက္ Napoleonic Wars လို႔ကမာၻေပၚမွာထင္ရွားတဲ့ တုိက္ပြဲေတြအတြင္းမွာျဖစ္ပြားခဲ့တဲ့ ဥေရာပအေနာက္ေတာင္ပိုင္း ကၽြန္းဆြယ္တိုက္ပြဲေတြမွာ သူရဲ့ေျပာင္ေျမာတ္တဲ့ စစ္ဗ်ဴဟာအခင္းအက်င္းေတြေၾကာင့္ အဂၤလိပ္ေတြအသာရခဲ့ပါတယ္။ ဒါအျပင္ ၁၈၁၃ ခုႏွစ္မွာ စပိန္နိုင္ငံတြင္းမွာရွိတဲ့ Vitoria စစ္ပြဲ အျပီးမွာေတာ့ ျပင္သစ္တပ္ေတြကို ထပ္မံအနိုင္ရခဲ့တာေၾကာင့္ သူဟာျဗိတိန္စစ္တပ္ရဲ့ အျမင့္ဆံုးရာထူူးျဖစ္တဲ့ Field Marshal အျဖစ္ ခန္႔အပ္ျခင္းကိုခံခဲ့ရပါတယ္။ ၁၈၁၄ခုနွစ္ နပိုလီယံနယ္ႏွင္ဒဏ္ခံရျပီးတဲ့ေနာက္မွာ ေတာ့ သူဟာျငိမ္းခ်မ္းေရးသံတမန္အျဖစ္ ျပင္သစ္ကိုသြားေရာက္ခဲ့ျပီး ျဗိတိန္ေတာ္ဝင္မိသားစုရဲ့ အဓိက မွဴးမက္တစ္ဦးအျဖစ္ အသိအမွတ္ျပဳျခင္းခံခဲ့ရပါတယ္။

၁၈၁၅ မွာေတာ့အဂၤလိပ္ေတြဟာ ျပင္သစ္နဲ႔ တုိက္ပြဲေတြထပ္ျဖစ္ခဲ့ျပီး ရက္တစ္ရာစစ္ပြဲ(hundred Days)စစ္ပြဲေတြမွာေတာ့ သူဟာ ဂ်ာမန္စစ္ဗိုလ္ခ်ဳပ္ Blucher ဦးေဆာင္တဲ့ ပရပ္ရွားစစ္သည္ေတြနဲ႔ ပူးေပါင္းျပီး ျပင္သစ္ေတြ ကိုတိုက္ခိုက္ခဲ့တာပါ။ ၁၈၁၅ ဇြန္လ(၁၈)ရက္ေန႔၊ဘယ္ဂ်ီယမ္နိုင္ငံ ဝါတာလူးရြာအနီး မွာျဖစ္ပြားခဲ့တဲ့ စစ္ပြဲမွာေတာ့ Arthur Wellesley ဦးေဆာင္တဲ့့ မဟာမိတ္တပ္ေတြဟာ စစ္ပြဲဆီကိုတစ္ေက်ာ့ျပန္ဝင္လာတဲ့ နပိုလီယံရဲ့ျပင္သစ္တပ္ေတြကို ေခ်မႈန္းနိုင္ခဲ့ပါ တယ္။ ဝါတာလူးတိုက္ပြဲဟာ နပိုလီယံရဲ့ေနာက္ဆံုးတိုက္ပြဲျဖစ္ျပီး ယင္းတိုက္ပြဲမွာ အေရးနိမ့္ျပီးတဲ့ေနာက္ သူဟာဘယ္ေတာ့မွ နလန္ျပန္ထူနိုင္ခဲ့ျခင္းမရွိေတာ့ပါဘူး။

ဗိုလ္ခ်ဳပ္ၾကီးဝယ္လင္တန္ျမိဳ႕စား Arthur Wellesleyရဲ့ ဂုဏ္သတင္းကေတာ့ ဥေရာပ တစ္လႊားပ်႕ံနွံ႔သြားခဲ့ပါတယ္။ သူဟာ သူ႕သက္တမ္းတစ္ေလ်ာက္စစ္ပြဲ (၆၀)ေလာက္ ကြပ္ကဲတိုက္ခိုက္ခဲ့ျပီး အမ်ားစုကို အနိုင္တိုက္နိုင္ခဲ့ပါတယ္။ Arthur Wellesley ဟာ စစ္ေျမျပင္နဲ႔လိုက္ဖက္တဲ့ ခံစစ္ဗ်ဴဟာကိုခ်မွတ္ရာမွာ အလြန္နာမည္ၾကီးသူပါ။ သူဟာဒီ နည္းဗ်ဴဟာကို အသံုးျပဳျပီး သူ႔စစ္တပ္ထက္ အလြန္အင္အားၾကီးမားတဲ့ ရန္သူမ်ားစြာကို အနိုင္ယူနုိင္ခဲ့ပါတယ္။ သူဟာ ကမာၻစစ္ဘက္ဆိုင္ရာမွတ္တမ္းေတြမွာ အထူးခၽြန္ဆံုးေသာ ခံစစ္ဗ်ဴဟာ ခ်မွတ္နိုင္သူအျဖစ္ နာမည္ေက်ာ္ပါတယ္။

ယေန႔လက္ရွိ ကမာၻေပၚမွာရွိတဲ့ စစ္အကယ္ဒမီ ေလ့က်င့္ေရးေက်ာင္းေတြမွာေတာင္ သူရဲ့ စစ္ဘက္ဆိုင္ရာအစီစဥ္ေတြ၊ နည္းစနစ္ေတြ၊ ဗ်ဴဟာေျမာက္လႈပ္ရွားမႈေတြကို သင္ၾကားပို႔ခ်ေနရဆဲ ျဖစ္ပါတယ္။ Arthur Wellesleyဟာ နိုင္ငံအတြက္ ျပည္ပရန္စြယ္ ေတြကိုရွင္းလင္းေပးခဲ့ျပီးေနာက္ နိုင္ငံေရး ေလာကထဲကို ဝင္ေရာက္လာျပန္ပါတယ္။ သူဟာ Toryပါတီကို ကိုယ္စားျပဳျပီးေရြးေကာတ္ပြဲမွာ အနိုင္ရကာ ျဗိတိန္နိုင္ငံရဲ့ ဝန္ၾကီးခ်ဳပ္ျဖစ္လာခဲ့ပါတယ္။ သူဟာ ၁၈၂၈ ကေန ၁၈၃၄ကာလေတြအထိ ႏွစ္ၾကိမ္ဆက္ ဝန္ၾကီးခ်ဳပ္တာဝန္ကိုထမ္းေဆာင္ခဲ့ပါတယ္။ သူရဲ့ ဝန္ၾကီးခ်ဳပ္ဒုတိယ သက္တမ္းကိုေတာ့ တစ္ႏွစ္ေက်ာ္ေလာက္ပဲတာဝန္ထမ္းေဆာင္ခဲ့ရပါတယ္။ ဒါကလည္း ၁၈၂၉မွာ သူအတည္ျပဳေပးခဲ့တဲ့ ဘာသာေရးနဲ႔ပတ္သတ္တဲ့ ဥပေဒ (Catholic Relief Act )ဟာ ေဝဖန္သူေတြမ်ားလာခဲ့တာေၾကာင့္ ၁၈၃၂ မွာျပန္လည္ျပင္ဆင္တဲ့ ဥပေဒကို ျပန္လည္ျပဌန္းေပးခဲ့ရပါတယ္။

နိုင္ငံေရးဖိအားအခ်ိဳ႕ေၾကာင့္ ဝန္ၾကီးခ်ဳပ္ ဒုတိယသက္တမ္း တစ္ႏွစ္ေက်ာ္ကာလ ၁၈၃၄ အေစာပိုင္းကာလမွာ သူဟာရာထူးကေနႏႈတ္ထြက္ခဲ့တာပါ။ ယင္းေနာက္သူဟာ ကြန္ဆာေဗးတစ္ပါတီကိုကူးေျပာင္းခဲ့ျပီး ျဗိတိန္ပါလီမန္ရဲ့ House of Lords (အထက္လႊတ္ေတာ္မွာ) ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့ျပီး ၁၈၄၆ ခုႏွစ္မွာေတာ့ ႏိုင္ငံေရးေလာက ကေန အနားယူသြားခဲ့ပါတယ္။ သူဟာနိုင္ငံေရးေလာက ကအနားယူခဲ့ေပမဲ့ ျဗိတိန္စစ္တပ္ရဲ့ အေရးပါတဲ့ ညႊန္ၾကားသူတစ္ေယာက္အျဖစ္ေတာ့ ရပ္တည္ေနဆဲပါ။

ဝယ္လင္တန္ၿမိဳ႕စားႀကီးဟာ ႏိုင္ငံေရးမွာ လူထုႏွင့္ သေဘာကြဲလြဲ မႈရွိခဲ့ေသာ္လည္း  လူထုက သူ႔ရဲ႕ေစတနာကိုလည္းေကာင္း၊ စစ္မက္ေရးရာ၌ ထူးခၽြန္မႈကိုလည္းေကာင္း ေထာက္၍ ၾကည္ၫိုၿမဲ ၾကည္ၫိုခဲ့ၾကပါတယ္။ Arthur Wellesleyဟာ ၁၈၅၂ခုႏွစ္ စက္တင္ဘာ(၁၄)ရက္ေန႔မွာေတာ့ အဂၤလန္နို္င္ငံ Dealျမိဳ႕မွာရွိတဲ့ Walmer ရဲတိုက္မွာကြယ္လြန္ခဲ့ပါတယ္။ ကြယ္လြန္ခ်ိန္မွာ အသက္ (၈၃)နွစ္အရြယ္ရွိေနျပီျဖစ္ပါတယ္။ အစိုးရကသူကိုဂုဏ္ျပဳတဲ့အေနနဲ႔ အထိမ္းအမွတ္ ေနရာမ်ားစြာကိုဖန္တီးေပးခဲ့ျပီး အဂၤလန္နိုင္ငံ၊လိဒ္ျမိဳ႕မွာရွိမွာေတာ့သူရဲ့ေၾကးရုပ္တုတည္ရွိပါတယ္။ သူရဲ့အုတ္ဂူကိုေတာ့ လန္ဒန္ျမိဳ႔မွာရွိတဲ့ St Paul’s ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း မွာ ထားရွိပါတယ္။

——————————-

စစ်ဘုရင်နပိုလီယန် အား အောင်နိုင်ခဲ့သူ (သို့) သံမဏိမြို့စားကြီး (unicode)

ဝယ်လင်တန်မြို့စားကြီး Arthur Wellesley ဟာ အင်္ဂလန်ရဲ့ထင်ရှားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာဘတ်ကို ဝါတာလူး စစ်ပွဲမှာ အနိုင်တိုက်ကာ အင်္ဂလန်ရဲ့ တော်ဝင်သူရဲကောင်းအနေနဲ့ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ သူ့ရဲ့နောက်နာမည်တစ်မျိုးကတော့ သံမဏိမြို့စားကြီးဖြစ်ပါတယ်။ သူဟာAngola-Irish စစ်သည်အနွယ်ဝင်တစ်ဦးဖြစ်ပြီး ၁၉ရာစုက အင်္ဂလန်ရဲ့ စစ်ရေးနိုင်ငံရေး ကဏ္ဍတွေမှာ ဦးဆောင်ခေါင်းရွက်တာဝန်ခံခဲ့သူဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ Arthur Wellesley ဟာ KG,GCB,PC,FRS စတဲ့ ဂုဏ်ထူးဘွဲ့ထူးတွေရဲ့ပိုင်ရှင်လည်းဖြစ်ပါတယ်။

Arthur Wellesley ကိုတော့ ၁၇၆၉ ခုနှစ်မေလ(၁)ရက်နေ့မှာ အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့မှာ Mornington မြို့စား Garreta နဲ့ Anne Hill-Trevorတို့ကမွေးဖွားခဲ့ပါတယ်။ အရွယ်ရောက်တဲ့အချိန်မှာတော့ အိုင်ယာလန်န်ိုင်ငံက နာမည်ကျော်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Protestant Ascendancy မှာတက်ရောက်ပညာသင်ကြားခဲ့ပြီးသူအသက်(၁၈)နှစ်အရွယ် ၁၇၈၇ ခုနှစ်မှာတော့ ဗြိတိန်တပ်မတော်ရဲ့ အလံကိုင်ဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယင်းကာလက ဗြိတိန်ကျွန်းဆွယ်တစ်ခုလုံးဟာပေါင်းစည်းထားပြီး United Kingdomနိုင်ငံတွေအဖြစ် အင်္ဂလန်န်ိုင်ငံရဲ့ ဩဇာအာဏာအောက်မှာရှိကြတာပါ။

အဲဒီနောက်မှာတော့ အိုင်ယာလန်နိုင်ငံက တော်ဝင်အဆင့်မြင့်အရာရှိနှစ်ဦးရဲ့ သက်တော်စောင့်အဖွဲ့ (aided-de-camp)မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Arthur Wellesley ဟာ Irish House of commons လို့ခေါ်တဲ့ ဗြိတိန်ပါလီမန်ရဲ့ အောက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခြင်းကိုလည်းခံခဲ့ရသူပါ။ ၁၇၉၆ ခုနှစ်မှာတော့ သူဟာ ဗိုလ်မှူးကြီးအထိ ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရဲပြီး နယ်သာလန်နိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေမှာ တိုက်ပွဲဝင်ခဲ့ပါတယ်။ သူဟာ အင်္ဂလိပ်တွေနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက Mysore တွေနဲ့ ဖြစ်ပွားတဲ့ Fourth Anglo-Mysoreတိုက်ပွဲတွေမှာ အင်္ဂလိပ်စစ်တပ်ကို အနိုင်ရအောင် အကောင်းဆုံးဦးဆောင်မှုပေးခဲ့ပါတယ်။

၁၇၉၉ မှာတော့ သူဟာSeringapatam နဲ့ Mysore ဒေသတွေရဲ့ဘုရင်ခံဖြစ်လာခဲ့ပြီး ၁၈၀၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးအဖြစ်ရာထူးတိုးမြှင့်ပေးခြင်းကိုခံရပါတယ်။ ၁၈၀၃ ခုနှစ်မှာတော့ အိန္ဒိယနိုင်ငံက Maratha အင်ပါယာကိုအနိုင်ရခဲ့တဲ့ Assaye တိုက်ပွဲတွေမှာ စတင်ထင်ရှားလာပါတယ်။ ၁၈၀၆ခုနှစ် ဧပြီလမှာတော့ သူဟာ KittyPakenham လို့အမည်ရတဲ့ အိုင်ယာလန်သူတစ်ယောက်နဲ့ ဒပ်ဗလင်မြို့မှာ မင်္ဂလာ ဆောင်ခဲ့ပါတယ်။ များမကြာမီမှာတော့ Arthur Wellesley ဟာ ဥရောပမှာနယ်မြေသိမ်းတိုက်ပွဲတွေ တောက်လျှောက်ဆင်နွှဲနေတဲ့ ပြင်သစ်စစ်ဘုရင် နပိုလီယံကို ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။

သူဟာဗိုလ်ချုပ်ကြီးအဆင့်အထိ ရာထူးတိုးမြှင့်ခြင်းခံရပြီးနောက် Napoleonic Wars လို့ကမ္ဘာပေါ်မှာထင်ရှားတဲ့ တိုက်ပွဲတွေအတွင်းမှာဖြစ်ပွားခဲ့တဲ့ ဥရောပအနောက်တောင်ပိုင်း ကျွန်းဆွယ်တိုက်ပွဲတွေမှာ သူရဲ့ပြောင်မြောတ်တဲ့ စစ်ဗျူဟာအခင်းအကျင်းတွေကြောင့် အင်္ဂလိပ်တွေအသာရခဲ့ပါတယ်။ ဒါအပြင် ၁၈၁၃ ခုနှစ်မှာ စပိန်နိုင်ငံတွင်းမှာရှိတဲ့ Vitoria စစ်ပွဲ အပြီးမှာတော့ ပြင်သစ်တပ်တွေကို ထပ်မံအနိုင်ရခဲ့တာကြောင့် သူဟာဗြိတိန်စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ Field Marshal အဖြစ် ခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ ၁၈၁၄ခုနှစ် နပိုလီယံနယ်နှင်ဒဏ်ခံရပြီးတဲ့နောက်မှာ တော့ သူဟာငြိမ်းချမ်းရေးသံတမန်အဖြစ် ပြင်သစ်ကိုသွားရောက်ခဲ့ပြီး ဗြိတိန်တော်ဝင်မိသားစုရဲ့ အဓိက မှူးမက်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

၁၈၁၅ မှာတော့အင်္ဂလိပ်တွေဟာ ပြင်သစ်နဲ့ တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပြီး ရက်တစ်ရာစစ်ပွဲ(hundred Days)စစ်ပွဲတွေမှာတော့ သူဟာ ဂျာမန်စစ်ဗိုလ်ချုပ် Blucher ဦးဆောင်တဲ့ ပရပ်ရှားစစ်သည်တွေနဲ့ ပူးပေါင်းပြီး ပြင်သစ်တွေ ကိုတိုက်ခိုက်ခဲ့တာပါ။ ၁၈၁၅ ဇွန်လ(၁၈)ရက်နေ့၊ဘယ်ဂျီယမ်နိုင်ငံ ဝါတာလူးရွာအနီး မှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာတော့ Arthur Wellesley ဦးဆောင်တဲ့ မဟာမိတ်တပ်တွေဟာ စစ်ပွဲဆီကိုတစ်ကျော့ပြန်ဝင်လာတဲ့ နပိုလီယံရဲ့ပြင်သစ်တပ်တွေကို ချေမှုန်းနိုင်ခဲ့ပါ တယ်။ ဝါတာလူးတိုက်ပွဲဟာ နပိုလီယံရဲ့နောက်ဆုံးတိုက်ပွဲဖြစ်ပြီး ယင်းတိုက်ပွဲမှာ အရေးနိမ့်ပြီးတဲ့နောက် သူဟာဘယ်တော့မှ နလန်ပြန်ထူနိုင်ခဲ့ခြင်းမရှိတော့ပါဘူး။

ဗိုလ်ချုပ်ကြီးဝယ်လင်တန်မြို့စား Arthur Wellesleyရဲ့ ဂုဏ်သတင်းကတော့ ဥရောပ တစ်လွှားပျံ့နှံ့သွားခဲ့ပါတယ်။ သူဟာ သူ့သက်တမ်းတစ်လျောက်စစ်ပွဲ (၆၀)လောက် ကွပ်ကဲတိုက်ခိုက်ခဲ့ပြီး အများစုကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ Arthur Wellesley ဟာ စစ်မြေပြင်နဲ့လိုက်ဖက်တဲ့ ခံစစ်ဗျူဟာကိုချမှတ်ရာမှာ အလွန်နာမည်ကြီးသူပါ။ သူဟာဒီ နည်းဗျူဟာကို အသုံးပြုပြီး သူ့စစ်တပ်ထက် အလွန်အင်အားကြီးမားတဲ့ ရန်သူများစွာကို အနိုင်ယူနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာစစ်ဘက်ဆိုင်ရာမှတ်တမ်းတွေမှာ အထူးချွန်ဆုံးသော ခံစစ်ဗျူဟာ ချမှတ်နိုင်သူအဖြစ် နာမည်ကျော်ပါတယ်။

ယနေ့လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ စစ်အကယ်ဒမီ လေ့ကျင့်ရေးကျောင်းတွေမှာတောင် သူရဲ့ စစ်ဘက်ဆိုင်ရာအစီစဉ်တွေ၊ နည်းစနစ်တွေ၊ ဗျူဟာမြောက်လှုပ်ရှားမှုတွေကို သင်ကြားပို့ချနေရဆဲ ဖြစ်ပါတယ်။ Arthur Wellesleyဟာ နိုင်ငံအတွက် ပြည်ပရန်စွယ် တွေကိုရှင်းလင်းပေးခဲ့ပြီးနောက် နိုင်ငံရေး လောကထဲကို ဝင်ရောက်လာပြန်ပါတယ်။ သူဟာ Toryပါတီကို ကိုယ်စားပြုပြီးရွေးကောတ်ပွဲမှာ အနိုင်ရကာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၈၂၈ ကနေ ၁၈၃၄ကာလတွေအထိ နှစ်ကြိမ်ဆက် ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ သူရဲ့ ဝန်ကြီးချုပ်ဒုတိယ သက်တမ်းကိုတော့ တစ်နှစ်ကျော်လောက်ပဲတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ဒါကလည်း ၁၈၂၉မှာ သူအတည်ပြုပေးခဲ့တဲ့ ဘာသာရေးနဲ့ပတ်သတ်တဲ့ ဥပဒေ (Catholic Relief Act )ဟာ ဝေဖန်သူတွေများလာခဲ့တာကြောင့် ၁၈၃၂ မှာပြန်လည်ပြင်ဆင်တဲ့ ဥပဒေကို ပြန်လည်ပြဌန်းပေးခဲ့ရပါတယ်။

နိုင်ငံရေးဖိအားအချို့ကြောင့် ဝန်ကြီးချုပ် ဒုတိယသက်တမ်း တစ်နှစ်ကျော်ကာလ ၁၈၃၄ အစောပိုင်းကာလမှာ သူဟာရာထူးကနေနှုတ်ထွက်ခဲ့တာပါ။ ယင်းနောက်သူဟာ ကွန်ဆာဗေးတစ်ပါတီကိုကူးပြောင်းခဲ့ပြီး ဗြိတိန်ပါလီမန်ရဲ့ House of Lords (အထက်လွှတ်တော်မှာ) ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၈၄၆ ခုနှစ်မှာတော့ နိုင်ငံရေးလောက ကနေ အနားယူသွားခဲ့ပါတယ်။ သူဟာနိုင်ငံရေးလောက ကအနားယူခဲ့ပေမဲ့ ဗြိတိန်စစ်တပ်ရဲ့ အရေးပါတဲ့ ညွှန်ကြားသူတစ်ယောက်အဖြစ်တော့ ရပ်တည်နေဆဲပါ။

ဝယ်လင်တန်မြို့စားကြီးဟာ နိုင်ငံရေးမှာ လူထုနှင့် သဘောကွဲလွဲ မှုရှိခဲ့သော်လည်း  လူထုက သူ့ရဲ့စေတနာကိုလည်းကောင်း၊ စစ်မက်ရေးရာ၌ ထူးချွန်မှုကိုလည်းကောင်း ထောက်၍ ကြည်ညိုမြဲ ကြည်ညိုခဲ့ကြပါတယ်။ Arthur Wellesleyဟာ ၁၈၅၂ခုနှစ် စက်တင်ဘာ(၁၄)ရက်နေ့မှာတော့ အင်္ဂလန်န်ိုင်ငံ Dealမြို့မှာရှိတဲ့ Walmer ရဲတိုက်မှာကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် (၈၃)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ အစိုးရကသူကိုဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် နေရာများစွာကိုဖန်တီးပေးခဲ့ပြီးအင်္ဂလန်နိုင်ငံ၊လိဒ်မြို့မှာရှိမှာတော့သူရဲ့ကြေးရုပ်တုတည်ရှိပါတယ်။ သူရဲ့အုတ်ဂူကိုတော့ လန်ဒန်မြို့မှာရှိတဲ့ St Paul’s ခရစ်ယာန်ဘုရားရှိခိုးကျောင်း မှာ ထားရှိပါတယ်။

Leave a Reply