ကုိယ့္ကုိယ္ကုိ သတ္ေသမယ့္ လူေပါင္း ၅၀၀ေက်ာ္ကုိ ကယ္တင္ႏုိင္ခဲ့သူ

Posted on

သူကေတာ့ ဂ်ပန္ရဲအရာရွိျဖစ္သူ Yukio Shige ပဲ ျဖစ္ပါတယ္။ ယခုအခ်ိန္မွာ သူ႔အသက္ဟာ ၇၀ ရွိပါၿပီ။ သူ႔သက္တမ္းတစ္ေလွ်ာက္မွာ ကိုယ့္ကုိယ္ကုိ သတ္ေသမယ့္ လူေပါင္းမ်ားစြာရဲ႕အသက္ကုိ ကယ္တင္ႏုိင္ခဲ့ပါတယ္။ သူကယ္တင္ခဲ့တဲ့ ကုိယ့္ကုိယ္ကုိ သတ္ေသတဲ့သူအေရအတြက္ကေတာ့ ၅၀၀ေက်ာ္ျဖစ္ပါတယ္။ ကမာၻေပၚက ကုိယ့္ကုိယ္ကုိသတ္ေသမႈအမ်ားဆုံးႏုိင္ငံတစ္ႏုိင္ငံျဖစ္တဲ့ ဂ်ပန္မွာ ဒီလုိသူရဲေကာင္းတစ္ေယာက္ရွိေနပါေသးတယ္။

တကယ္ေတာ့ Yukio ဟာ ဖူကူအိနယ္ေျမက ရဲအရာရွိေဟာင္းတစ္ေယာက္ျဖစ္ၿပီး ၀န္ထမ္းဘ၀ကို ၄၂ႏွစ္ၾကာ ထမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။ သူပင္စင္မယူခင္ေနာက္ဆုံး တာ၀န္က်ခဲ့တဲ့ေနရာကေတာ့ ဒီ Tonjinbo ေဒသမွာျဖစ္ပါတယ္။ မၾကာခဏ ကုိယ့္ကုိယ္ကုိသတ္ေသသူေတြရဲ႕ အေလာင္းေတြကို ဆယ္ယူခဲ့ရပါတယ္။

ဒီလုိအခ်ိန္မ်ဳိးမွာ Yukio ဟာ အလြန္စိတ္ထိခုိက္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ဒီလူေတြအတြက္ သူ႔မွာတာ၀န္ရွိတယ္လုိ႔ ခံယူထားၿပီး ပင္စင္ယူခ်ိန္ကစလုိ႔ အသက္ ၇၀ျပည့္တဲ့အထိ ေတာက္ေလွ်ာက္ကယ္ဆယ္ခဲ့တာပဲျဖစ္ပါတယ္။

မစၥတာ Yukio ဟာ ဖူကူအိ (Fukui) စီရင္စုမွာရွိတဲ့ တုိးဂ်င္ဘုိ(Tonjinbo) ေတာင္ကုန္းေတြတေလွ်ာက္ကုိ လွည့္လည္ေစာင့္ၾကည့္ေလ့ရွိပါတယ္။ ဒီေနရာဟာ ခရီးသြားေတြ လာေလ့ရွိတဲ့အျပင္ သတ္ေသမႈအမ်ားဆုံးျဖစ္ပြားရာ ေနရာတစ္ခုအျဖစ္လည္း နာမည္ႀကီးပါတယ္။ Yukio ဟာ ဒီေနရာတစ္၀ုိက္ကို ေန႔စဥ္ေန႔တုိင္း ေစတနာ့၀န္ထမ္း ၃ဦး နဲ႔အတူ လွည့္ပတ္ေနေလ့ရွိပါတယ္။

ဒီလုိၾကည့္ရႈ႕တဲ့အခါမွာ အေ၀းကေန လွမ္းၾကည့္ႏုိင္ဖုိ႔အတြက္ အေ၀းၾကည့္မွန္ေျပာင္းေတြကို သုံးကာ ၾကည့္ရႈ႕ေလ့ရွိပါတယ္။ သူတုိ႔ဟာ သတ္ေသဖုိ႔ႀကဳိးစားေနသူေတြကိုေတြ႔တဲ့အခါ ေျဖာင္းျဖေျပာဆုိၿပီး ဘ၀ကိုအရႈံးမေပးဖုိ႔ သတ္မေသေစဖုိ႔ အတတ္ႏုိင္ဆုံးႀကဳိးစားၾကေလ့ရွိပါတယ္။

သူတစ္ေယာက္တညး္ လေပါင္း ႏွစ္ေပါင္းမ်ားစြာ ကင္းလွည့္ကူညီေနၿပီးတဲ့ေနာက္မွာ ေဒသခံလူငယ္ေတြကလည္း ၀ုိင္းကူညီတာေၾကာင့္ NPO ဆုိတဲ့အဖြဲ႔ေလးျဖစ္လာခဲ့ပါတယ္။ Yukio ဦးေဆာင္တဲ့ဒီအဖြဲ႔ေလးဟာ ၁၁ႏွစ္အတြင္းမွာ ကုိယ့္ကုိယ္ကုိ သတ္ေသမယ့္ လူေပါင္း ၅၀၀ေက်ာ္ရဲ႕ အသက္ကို ကယ္တင္ခဲ့ႏုိင္ပါတယ္။

၂၀၀၃ခုႏွစ္ကတည္းက ကယ္ဆယ္မႈေတြကို လုပ္ေဆာင္ခဲ့တဲ့ Yukio ဟာ အခုအခ်ိန္မွာေတာ့ ဒီပရဟိတအလုပ္ကုိ ဆက္လက္လုပ္ခ်င္ေနေပမယ့္ သူ႔အသက္အရြယ္ေၾကာင့္နားလုိက္ရပါၿပီ။ သူအနားမယူခင္ ေနာက္ဆုံးကယ္ခဲ့တဲ့သူေတြကေတာ့ အေၾကြးေတြနစ္ေနတဲ့ စားေသာက္ဆုိင္ပုိင္ရွင္ စုံတြဲႏွစ္ေယာက္ျဖစ္ပါတယ္။ သူတုိ႔ဟာ ပင္လယ္ထဲကုိခုန္ခ်ၿပီး ကုိယ့္ကုိယ္ကုိသတ္ေသၾကဖုိ႔ ျပင္ဆင္ထားခဲ့ၾကပါတယ္။

Yukio ေတြ႔သြားတဲ့အခါမွာေတာ့ သူကုိယ္တုိင္တတ္ႏုိင္သေလာက္ ကူညီေပးမယ္လုိ႔ေျပာၿပီး သူတုိ႔အသက္ကုိ ကယ္တင္ခဲ့ႏုိင္ပါတယ္။ ၀မ္းနည္းဖုိ႔ေကာင္းတာကေတာ့ အဲဒီအခ်ိန္တုန္းက ဒီစုံတြဲဟာ သတ္မေသခဲ့ၾကေပမယ့္ ေနာက္ ၅ရက္အၾကာမွာေတာ့ ဆြဲႀကဳိးခ်ၿပီး သတ္ေသသြားၾကပါတယ္။ Yukio အလြန္ပဲစိတ္ထိခုိက္ခဲ့ရပါတယ္။

တုိက္အျမင့္ေတြ ၊ ေတာင္ကုန္းေပၚေတြကေန ခုန္ခ်ဖုိ႔ႀကဳိးစားသူေတြ ၊ ဒါမွမဟုတ္ တနည္းနည္းနဲ႔ သတ္ေသဖုိ႔ႀကဳိးစားသူေတြကို မစၥတာ Yukio ဟာ သူတတ္ႏုိင္သေလာက္ အစြမ္းကုန္တားၿပီး ကယ္ဆယ္ေလ့ရွိပါတယ္။ Yukio ဟာ သတ္ေသဖုိ႔ ႀကဳိးစားသူေတြရဲ႕ ဘ၀ကို တတ္ႏိုင္သေလာက္ ကူညီၿပီး သူတုိ႔ရဲ႕ဘ၀ေတြကို ျပန္လည္ရွင္သန္ေစခဲ့တဲ့ ရွာမွရွားတဲ့ သူရဲေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။

———————————-

ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်း ၅၀၀ကျော်ကို ကယ်တင်နိုင်ခဲ့သူ (unicode)

သူကတော့ ဂျပန်ရဲအရာရှိဖြစ်သူ Yukio Shige ပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ သူ့အသက်ဟာ ၇၀ ရှိပါပြီ။ သူ့သက်တမ်းတစ်လျှောက်မှာ ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူကယ်တင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူအရေအတွက်ကတော့ ၅၀၀ကျော်ဖြစ်ပါတယ်။ ကမ္ဘာပေါ်က ကိုယ့်ကိုယ်ကိုသတ်သေမှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်မှာ ဒီလိုသူရဲကောင်းတစ်ယောက်ရှိနေပါသေးတယ်။

တကယ်တော့ Yukio ဟာ ဖူကူအိနယ်မြေက ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ဝန်ထမ်းဘဝကို ၄၂နှစ်ကြာ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူပင်စင်မယူခင်နောက်ဆုံး တာဝန်ကျခဲ့တဲ့နေရာကတော့ ဒီ Tonjinbo ဒေသမှာဖြစ်ပါတယ်။ မကြာခဏ ကိုယ့်ကိုယ်ကိုသတ်သေသူတွေရဲ့ အလောင်းတွေကို ဆယ်ယူခဲ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ Yukio ဟာ အလွန်စိတ်ထိခိုက်လေ့ရှိပါတယ်။ ဒါကြောင့် ဒီလူတွေအတွက် သူ့မှာတာဝန်ရှိတယ်လို့ ခံယူထားပြီး ပင်စင်ယူချိန်ကစလို့ အသက် ၇၀ပြည့်တဲ့အထိ တောက်လျှောက်ကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်။

မစ္စတာ Yukio ဟာ ဖူကူအိ (Fukui) စီရင်စုမှာရှိတဲ့ တိုးဂျင်ဘို(Tonjinbo) တောင်ကုန်းတွေတလျှောက်ကို လှည့်လည်စောင့်ကြည့်လေ့ရှိပါတယ်။ ဒီနေရာဟာ ခရီးသွားတွေ လာလေ့ရှိတဲ့အပြင် သတ်သေမှုအများဆုံးဖြစ်ပွားရာ နေရာတစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။ Yukio ဟာ ဒီနေရာတစ်ဝိုက်ကို နေ့စဉ်နေ့တိုင်း စေတနာ့ဝန်ထမ်း ၃ဦး နဲ့အတူ လှည့်ပတ်နေလေ့ရှိပါတယ်။ ဒီလိုကြည့်ရှု့တဲ့အခါမှာ အဝေးကနေ လှမ်းကြည့်နိုင်ဖို့အတွက် အဝေးကြည့်မှန်ပြောင်းတွေကို သုံးကာ ကြည့်ရှု့လေ့ရှိပါတယ်။ သူတို့ဟာ သတ်သေဖို့ကြိုးစားနေသူတွေကိုတွေ့တဲ့အခါ ဖြောင်းဖြပြောဆိုပြီး ဘဝကိုအရှုံးမပေးဖို့ သတ်မသေစေဖို့ အတတ်နိုင်ဆုံးကြိုးစားကြလေ့ရှိပါတယ်။

သူတစ်ယောက်တည်း လပေါင်း နှစ်ပေါင်းများစွာ ကင်းလှည့်ကူညီနေပြီးတဲ့နောက်မှာ ဒေသခံလူငယ်တွေကလည်း ဝိုင်းကူညီတာကြောင့် NPO ဆိုတဲ့အဖွဲ့လေးဖြစ်လာခဲ့ပါတယ်။ Yukio ဦးဆောင်တဲ့ဒီအဖွဲ့လေးဟာ ၁၁နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကို သတ်သေမယ့် လူပေါင်း ၅၀၀ကျော်ရဲ့ အသက်ကို ကယ်တင်ခဲ့နိုင်ပါတယ်။

၂၀၀၃ခုနှစ်ကတည်းက ကယ်ဆယ်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ Yukio ဟာ အခုအချိန်မှာတော့ ဒီပရဟိတအလုပ်ကို ဆက်လက်လုပ်ချင်နေပေမယ့် သူ့အသက်အရွယ်ကြောင့်နားလိုက်ရပါပြီ။ သူအနားမယူခင် နောက်ဆုံးကယ်ခဲ့တဲ့သူတွေကတော့ အကြွေးတွေနစ်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင် စုံတွဲနှစ်ယောက်ဖြစ်ပါတယ်။ သူတို့ဟာ ပင်လယ်ထဲကိုခုန်ချပြီး ကိုယ့်ကိုယ်ကိုသတ်သေကြဖို့ ပြင်ဆင်ထားခဲ့ကြပါတယ်။ Yukio တွေ့သွားတဲ့အခါမှာတော့ သူကိုယ်တိုင်တတ်နိုင်သလောက် ကူညီပေးမယ်လို့ပြောပြီး သူတို့အသက်ကို ကယ်တင်ခဲ့နိုင်ပါတယ်။ ဝမ်းနည်းဖို့ကောင်းတာကတော့ အဲဒီအချိန်တုန်းက ဒီစုံတွဲဟာ သတ်မသေခဲ့ကြပေမယ့် နောက် ၅ရက်အကြာမှာတော့ ဆွဲကြိုးချပြီး သတ်သေသွားကြပါတယ်။ Yukio အလွန်ပဲစိတ်ထိခိုက်ခဲ့ရပါတယ်။

တိုက်အမြင့်တွေ ၊ တောင်ကုန်းပေါ်တွေကနေ ခုန်ချဖို့ကြိုးစားသူတွေ ၊ ဒါမှမဟုတ် တနည်းနည်းနဲ့ သတ်သေဖို့ကြိုးစားသူတွေကို မစ္စတာ Yukio ဟာ သူတတ်နိုင်သလောက် အစွမ်းကုန်တားပြီး ကယ်ဆယ်လေ့ရှိပါတယ်။ Yukio ဟာ သတ်သေဖို့ ကြိုးစားသူတွေရဲ့ ဘဝကို တတ်နိုင်သလောက် ကူညီပြီး သူတို့ရဲ့ဘ၀တွေကို ပြန်လည်ရှင်သန်စေခဲ့တဲ့ ရှာမှရှားတဲ့ သူရဲကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။

Leave a Reply