ျခေသၤ့ၿမဳိ႕ေတာ္ရဲ႕ ဧရာမသူရဲေကာင္း (သုိ႔) လီကြမ္ယု

Posted on

ကြယ္လြန္သြားၿပီျဖစ္တဲ့ ႏိုင္ငံျပဳ ေခါင္းေဆာင္ႀကီး လီကြမ္ယုဟာ စင္ကာပူႏိုင္ငံ ကို ျခင္ေပါတဲ့ ႏြံေတာ အဆင့္ကေန ကမၻာ့ထိပ္ တန္းႏုိင္ငံ ျဖစ္ေအာင္ ဦးေဆာင္မႈေပးခဲ့သူ ျဖစ္ပါတယ္။ လီကို စင္ကာပူႏိုင္ငံရဲ႕ ပထမဆံုး ၀န္ႀကီးခ်ဳပ္ လို႔ ေျပာရံုနဲ႔တင္ မလံုေလာက္ပါဘူး။ သူဟာ ေခတ္သစ္ စင္ကာပူႏိုင္ငံကို ထူေထာင္သူတစ္ေယာက္ ၊ အေမရိကန္သမၼတေဟာင္း ဘာရတ္အုိးဘားမားရဲ႕ စကားနဲ႔ဆိုရင္ သမုိင္းရဲ႕ ဧရာမတကယ့္ပုဂၢဳိလ္ ႀကီး ျဖစ္သလို စင္ကာပူ မ်ဳိးဆက္သစ္ေတြ အတြက္ ဧရာမ သူရဲေကာင္းႀကီးတစ္ဦး ျဖစ္ပါတယ္။

အခက္အခဲေတြ ၾကားထဲက စင္ကာပူကို သူ ဘယ္လုိ ထူေထာင္ခဲ့သလဲ၊ ကြယ္လြန္ခ်ိန္မွာ ဘယ္လို အေမြမ်ဳိးေတြ ခ်န္ရစ္ထားခဲ့ ပါသလဲဆိုတာ စိတ္၀င္စားစရာပါ။ လီကြမ္ယုကို ၁၉၂၃ ခုႏွစ္က တရုတ္လူမ်ဳိး မိဘေတြက ေမြးဖြားပါတယ္။ အဲဒီအခ်ိန္က စင္ကာပူကြ်န္းဟာ ၿဗိတိသွ်လက္ေအာက္ခံ၊ ၿဗိတိသွ်မေလးယားျပည္လို႔ ေခၚတဲ့ ကိုလိုနီနယ္ေျမရဲ႕ အစိတ္အပိုင္းပဲ ရွိပါေသး တယ္။ အဲဒီနယ္ေျမမွာ မေလးကြ်န္းဆြယ္ေဒသနဲ႔ စင္ကာပူကြ်န္း တို႔ ပါ၀င္ပါတယ္။လီကြမ္ယုဟာ ငယ္စဥ္ကတည္းက ေက်ာင္းပညာမွာ ထူးခြ်န္သူ ျဖစ္ပါတယ္။ တႏို္င္ငံလံုးမွာ ပထမရခဲ့ၿပီး အဂၤလန္ႏိုင္ငံ ကိန္းဘရစ္ခ်္တကၠသိုလ္ ဥပေဒေက်ာင္းကို တက္ခြင့္ရပါတယ္။

ဒုတိယကမၻာစစ္ကာလမွာ စင္ကာပူကြ်န္းကို ဂ်ပန္လက္ေအာက္ မက်ေရာက္ေအာင္ အဂၤလိပ္ေတြ မကာ ကြယ္ႏုိင္ခဲ့တာကို ၾကံဳခဲ့ရတဲ့ လီကြမ္ယုဟာ စင္ကာပူကို သူကိုယ္တုိင္ စီမံ အုပ္ခ်ဳပ္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ ကိန္းဘရစ္ခ်္ကေန ဘြဲ႔ရတဲ့အခါ လီကြမ္ယုဟာ စင္ကာပူကို ျပန္သြားခဲ့ပါတယ္။ လီကြမ္ယုဟာ ၁၉၅၀ ခုႏွစ္မွာ သူငယ္ခ်င္းျဖစ္တဲ့ လုပ္ေဖာ္ကိုင္ဖက္ ေရွ႕ေန ကြာေဂ်ာက္ခ်ဴးနဲ႔ လက္ထပ္ ပါတယ္။

၁၉၅၄ ခုႏွစ္ ႏို၀င္ဘာ ၁၂ ရက္ေန႔မွာ လီကြမ္ယုဟာ ျပည္သူ႔လႈပ္ရွားမႈ ပါတီ (ပီေအပီ) ကို ထူေထာင္ ခဲ့တယ္။ သူရဲ႕ ရည္မွန္းခ်က္က စင္ကာပူမွာ ၿဗိတိသွ်ကိုလိုနီအစိုးရ အုပ္ခ်ဳပ္ေရးကို အဆံုးသတ္ၿပီး ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေအာင္ ႀကိဳးစားဖို႔ ျဖစ္ပါတယ္။ ၁၉၅၉ ခုႏွစ္ ေရြးေကာက္ပြဲမွာ ပီေအပီပါတီက တခဲနက္ အႏိုင္ရပါတယ္။ စင္ကာပူဟာ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ ရိွိတဲ့ႏိုင္ငံ ျဖစ္လာၿပီး လီကြမ္ယုဟာ ပထမဆံုး ၀န္ႀကီးခ်ဳပ္ ျဖစ္လာပါတယ္။ ၁၉၆၃ ခုႏွစ္မွာ စင္ကာပူဟာ မေလးျပည္ေထာင္စုသစ္ (မေလးယား)မွာ ပါ၀င္ခဲ့ေပမဲ့ ျပည္ေထာင္စု သက္တမ္းဟာ ၂ ႏွစ္ေတာင္ မခံပါဘူး။ မေလးရွားကေန စင္ကာပူ ခြဲထုတ္ခံရတဲ့ အခါမွာ စိတ္ဓာတ္ မာေက်ာတဲ့ လီကြမ္ယုဟာ မ်က္ရည္က်ခဲ့ပါတယ္။

“အရမ္း စိတ္ထိခိုက္ရတယ္။ က်ေနာ္ ဘ၀တေလွ်ာက္လံုးမွာ က်ေနာ္ လူလားေျမာက္တဲ့ အခ်ိန္ကစလို႔ မေလးရွားနဲ႔ စင္ကာပူ ေပါင္းစည္းမႈကို ယုံၾကည္ခဲ့တယ္။ က်ေနာ္တို႔ဟာ ပထ၀ီ အေနအထားအရသာမက၊ စီးပြားေရးအရ၊ လူမ်ဳိးေရး ေနာက္ခံသမုိင္းေၾကာင္းအရ ဆက္စပ္ေနတယ္ မဟုတ္လား” လို႔ လီကြမ္ယု က ေျပာခဲ့တာပါ။ ဒီလိုနဲ႔ဘဲ ၁၉၆၅ ခုႏွစ္မွာ စင္ကာပူဟာ မေလးရွားနဲ႔ မသက္ဆုိင္ေတာ့ဘဲ လံုး၀ လြတ္လပ္တဲ့နိုင္ငံ အျဖစ္ ေၾကညာလိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ လီကြမ္ယုဟာ ၿမိဳ႕တၿမိဳ႕စာ ႏိုင္ငံငယ္ေလးကို ႏိုင္ငံ တကာ အသိအမွတ္ျပဳမႈရေအာင္ အားသြန္ ႀကိဳးပမ္းခဲ့ပါေတာ့တယ္။

၁ လအၾကာမွာပဲ လြတ္လပ္တဲ့ စင္ကာပူႏိုင္ငံဟာ ကုလသမဂၢအဖြဲ႔၀င္ႏိုင္ငံ ျဖစ္လာ ခဲ့တယ္။ ေနာက္ထပ္ ၂ ႏွစ္အၾကာမွာေတာ့ အေရွ႔႕ေတာင္အာရွႏိုင္ငံမ်ားအသင္း(အာဆီယံ) အဖြဲ႔ကို စတင္ ထူေထာင္တဲ့အခါ စင္ကာပူဟာ မူလအဖြဲ႔၀င္ႏိုင္ငံ ျဖစ္လာပါတယ္။ စင္ကာပူဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အလုပ္လက္မဲ့ ျပႆ နာ၊ အိုးမဲ့အိမ္မဲ့ ျပသနာ၊ လာဘ္ေပးလာဘ္ ယူ ျပႆနာေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္ လီကြမ္ယုရဲ႕ ဦးေဆာင္မႈေအာက္မွာ ျပည္သူတဦးခ်င္း ၀င္ေငြဟာ ဆက္လက္ တုိးတက္လာခဲ့ပါတယ္။

၁၉၆၀ ခုႏွစ္ေလာက္မွာ တဦးခ်င္း ၀င္ေငြဟာ အေမရိကန္ ေဒၚလာ ၄၀၀ ပဲ ရွိခဲ့ရာကေန ၁၉၈၀ ျပည့္ လြန္ႏွစ္ေတြအေရာက္မွာေတာ့ ေဒၚလာ ၇၀၀၀ ေက်ာ္အထိ ရွိလာပါတယ္။ လူတုိင္း အလုပ္ရွိလာၿပီး အုိးအိမ္ အေျခတက် ရွိလာပါတယ္။ အစိုးရအိမ္ရာမွာ ေနထုိင္သူ ဦးေရကလည္း နဂိုက ၉ ရာခုိင္ႏႈန္း ရွိရာကေန ၈၁ ရာခုိင္ႏႈန္းအထိ မ်ားလာပါတယ္။ ပီေအပီပါတီရဲ႕ စီးပြားေရးဗ်ဴဟာကေတာ့ ႏုိင္ငံျခား ရင္းႏွီးျမႇဳပ္ႏံွမႈေတြနဲ႔ ကြ်မ္းက်င္မႈေတြကို ဖိတ္ေခၚၿပီး စင္ကာပူကို ပို႔ကုန္ေတြ အေျမာက္အျမားတင္ပို႔တဲ့ႏိုင္ငံ ျဖစ္ေအာင္ ႀကိဳးပမ္း အားထုတ္ခဲ့တာပါပဲ။ စင္ကာပူ ရဲ႕ ဖြံံ႔ၿဖိဳးေရးနည္းဗ်ဴဟာကို ႏိုင္ငံတကာအင္အားႀကီးႏိုင္ငံေတြက ခ်ီးက်းခဲ့ရတဲ့ အထိ ေအာင္ျမင္ခဲ့ပါတယ္။

စင္ကာပူနဲ႔ တရုတ္ စီးပြားေရးအဖြဲ႔က လင္းခ်န္အန္းက “စင္ကာပူမွာ သယံဇာတဆုိတာ မရွိသေလာက္ပဲ။ ဒါေၾကာင့္ လီကြမ္ယုက စက္မႈလုပ္ငန္းကို ဖြံ႔ၿဖဳိးေအာင္ အားထုတ္ခဲ့တယ္။ စင္ကာပူလြတ္လပ္ေရး ရၿပီး တဲ့ေနာက္မွာ စက္မႈလုပ္ငန္း ဖြံ႔ၿဖိဳးေအာင္ ႀကိဳးပမ္းခဲ့တယ္။ အရင္လံုး လုပ္အားအေပၚ မွီခုိရတဲ့ အထည္ခ်ဳပ္ လုပ္ငန္း၊ ထုတ္လုပ္မႈ လုပ္ငန္းေတြကေန စခဲ့တယ္။ ဖြံ႔ၿဖိဳးေရး အရွိန္ရလာတဲ့အခါမွာ နည္းပညာအဆင္ျမင့္ လုပ္ငန္းအဆင့္ကို တျဖည္းျဖည္း ေျပာင္းလဲၿပီး ေနာက္တဆင့္ တက္လွမ္းခဲ့ တယ္’”လို႔ ေျပာပါတယ္။

တရုတ္ရဲ႕ ဧရာမေခါင္းေဆာင္ႀကီး တိန္႔ေရွာင္ဖိန္ ကိုယ္တုိင္ကလည္း ၁၉၉၂ ခုႏွစ္မွာ တရုတ္ျပည္ မွာ ျပဳျပင္ေျပာင္းလဲေရးေတြကို စတင္ အေကာင္အထည္ေဖာ္တဲ့အခ်ိန္က စင္ကာပူကို နမူနာ ယူခဲ့တာပါ။ ဒါေပမယ့္ စင္ကာပူရဲ ႔ လက္ရွိ ေအာင္ျမင္မႈေတြအေပၚ လီယြမ္ယု တေယာက္ စိတ္ခ်ခဲ့ တာေတာ့ မဟုတ္ပါဘူး။ စီအန္အန္နဲ႔ အင္တာဗ်ဴးမွာ လီကြမ္ယုက
” ဒီႏုိင္ငံကို က်ေနာ္ ေအာက္ေျခကေန စခဲ့တယ္။ ဆင္းရဲတဲ့ႏိုင္ငံ ဘ၀ကေန ႏွစ္ေပါင္း ၃၀၊ ၄၀ အတြင္းမွာ ထိပ္တန္းႏိုင္ငံ ျဖစ္လာေအာင္ တျဖည္းျဖည္းျခင္း ေျပာင္းလဲခဲ့ တယ္။ အခုေတာ့ ေခါင္းေဆာင္မႈအပိုင္းမွာ ေျပာင္းလဲသြားပါၿပီ၊ ျပႆနာအသစ္ကလည္း ေပၚလာတယ္။ လူေတြ က လက္ရွိ ေအာင္ျမင္မႈေတြကို ခုိင္မာတယ္လို႔ ထင္ေနၾကတယ္။ က်ေနာ္ကေတာ့ ဒီလို မထင္ဘူး။ က်ေနာ့္အျမင္အရ အစိုးရက အားနည္းရင္၊ စြမ္းေဆာင္ရည္ ညံ့ဖ်င္းရင္ ႀကိဳးစားထားသမွ် အားလံုး သဲထဲ ေရသြန္ ျဖစ္လိမ့္မယ္။

လူမ်ားစုကလည္း လက္ရွိ ေအာင္ျမင္မႈကို အေျခခုိင္ၿပီလို႔ ထင္ေနတယ္။ ဒါေၾကာင့္ အေနာက္ႏိုင္ငံေတြမွာလို ႏွစ္ပါတီ စနစ္မ်ဳိးကို စဥ္းစားလာၾကတယ္။ သူတို႔ ေျပာခ်င္တာကလည္း ရိုးရိုးေလးပါပဲ။ ကမၻာ့အဆင့္မီ ခ်မ္းသာတဲ့ႏုိင္ငံမွာ ကမၻာ့စံခ်ိန္မီ လႊတ္ေတာ္လည္း ရွိရမယ္လို႔ ဆုိၾကတယ္။ အဆင့္မီတဲ့ အတုိက္အခံပါတီဆုိတာလည္း ရွိရမယ္၊ အာဏာအလြဲ အေျပာင္းဆုိတာလည္း ရွိရမယ္ လို႔ ျမင္ၾကတာေပါ့။ စင္ကာပူကို ဒီလမ္းေၾကာင္းအတုိင္း ေမာင္းႏွင္မယ္ဆုိရင္ က်ေနာ္ေတာ့ ၀မ္းနည္းရမွာ ပဲ”လို႔ ေျပာပါတယ္။

စင္ကာပူမွာ လူဦးေရ ၅ ဒသမ ၆ သန္းရွိပါတယ္၊ ၁၉၅၀ ျပည့္လြန္ႏွစ္ေတြက လူမ်ဳိးေရး ပဋိပကၡေတြ ရွိခဲ့တာေၾကာင့္ တရုတ္၊ အိႏၵိယနဲ႔ မေလးလူမ်ဳိးေတြ အသိုင္းအ၀ုိင္းၾကားမွာ သဟဇာတ ရွိွိရွိ ေနထုိင္ႏိုင္ဖို႔ အတြက္ စည္းကမ္းေတြ သတ္မွတ္ထားပါတယ္။။ စင္ကာပူမွာ အဂၤလိပ္ဘာသာ စကားကို ရံုးသံုးဘာသာ စကားအျဖစ္ သတ္မွတ္ထား ပါတယ္။ ဒါဟာလည္း စင္ကာပူကြ်န္းေပၚမွာ ေနထုိင္တဲ့ လူမ်ားစု တရုတ္၊ မေလးနဲ႔ လူနည္းစု အိႏၵိယႏြယ္ဖြားေတြ ၾကားမွာ ၿငိမ္းခ်မ္း ဖို႔ ရည္ရြယ္တယ္လို႔ ဆုိပါတယ္။

စင္ကာပူမွာ လိင္မႈကိစၥကို တရား၀င္္ခြင့္ျပဳထားေပမယ့္ အျပာရုပ္ရွင္ေတြ၊ ဓာတ္ပံုေတြကို ပိတ္ပင္ထားပါ တယ္။ စင္ကာပူမွာ အဂၤလိပ္စကားကို အားေပးတဲ့ စည္းရံုးလႈပ္ရွားမႈေတြ ရွိပါတယ္။ ယဥ္ေက်းသိမ္ေမြ႔ဖို႔၊ သန္႔ရွင္းဖို႔ လႈံ႔ေဆာ္မႈေတြ ရွိသလို၊ အလုပ္မ်ားၿပီး အပ်ဳိႀကီး လူပ်ဳိႀကီး ျဖစ္ေနသူေတြကိုလည္း အိမ္ေထာင္ျပဳဖို႔ လႈံ႔ေဆာ္မႈေတြ ရွိပါတယ္။ စင္ကာပူရဲ႕ လာဘ္ေပးလာဘ္ယူမႈ တုိက္ဖ်က္ေရးဟာလည္း အႀကီးအက်ယ္ ေအာင္ျမင္မႈ ရခဲ့ပါတယ္။ ဒီလို တုိက္ဖ်က္ဖို႔ အတြက္ ဥပေဒေတြ ျပဌာန္းႏိုင္သလို၊ အျပစ္ေပး အေရးယူမႈကိုလည္း ထိထိေရာက္ေရာက္ ေဆာင္ ရြက္ႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

လီကြမ္ယုဟာ ၿဗိတိသွ်၀န္ႀကီးခ်ဳပ္ မာဂရက္ သက္ခ်ာကို အားက်သူ ျဖစ္ပါတယ္။ စင္ကာပူဟာ ၿဗိတိန္ပံုစံ ဒီမုိကေရစီအတုိင္း အရြယ္ေရာက္သူတုိင္း မဲေပးခြင့္ ရွိပါတယ္။ ဒါေပမယ့္ လီကြမ္ယုဟာ ဆန္႔က်င္ဘက္ အျမင္ေတြကိုေတာ့ သည္းမခံသူ ျဖစ္ပါတယ္။ သူရဲ႕ ပီေအပီပါတီကပဲ တုိင္းျပည္ကို အုပ္ခ်ဳပ္ထားပါတယ္။ ႏုိင္ငံေရး အတုိက္အခံေတြကို ဖိႏွိပ္တဲ့ အတြက္ လည္း ေ၀ဖန္ခံပါတယ္။ မီဒီယာ လြတ္လပ္ခြင့္နဲ႔ ပတ္သက္လာရင္လည္း စင္ကာပူဟာ ႏုိင္ငံေပါင္း ၁၈၀ ထဲမွာ ၁၅၃ ပဲ ရွိပါတယ္။

စင္ကာပူ ႀကိမ္ဒဏ္ဟာ ကမၻာမွာ နာမည္ႀကီးသလို၊ လူသတ္မႈနဲ႔ မူးယစ္ေမွာင္ခုိမႈေတြ အတြက္ ေသ ဒဏ္ေပးပါတယ္။ ႏိုင္ငံေရး အတုိက္အခံေတြ၊ မီဒီယာေတြကို တရားစြဲတဲ့ ကိစၥနဲ႔ လီကြမ္ယုကို တြဲျမင္ၾက ပါတယ္။ လီကြမ္ယုဟာ ၁၉၉၀ ခုႏွစ္မွာ ၀န္ႀကီးခ်ဳပ္ ဘ၀ကေန အနားယူခဲ့ေပမယ့္ ဂိုေခ်ာက္ေတာင္ လက္ထက္မွာ လည္း အစိုးရအဖြဲ႔အေပၚ ၾသဇာႀကီးသူအျဖစ္ ဆက္ရွိပါတယ္။ ၂၀၀၄ ခုႏွစ္မွာ သူ႔သားႀကီး လီရွန္လြန္း ၀န္ႀကီးခ်ဳပ္ ျဖစ္လာတဲ့ အခါမွာလည္း သူဟာ နည္းေပးလမ္းျပ ၀န္ႀကီးအျဖစ္ တရား၀င္ရာထူးကို ဆက္ယူ ခဲ့ၿပီး ၂၀၁၁ ခုႏွစ္က်ေတာ့မွ တရား၀င္ ရာထူးကေန အနားယူခဲ့ပါတယ္။ ဒီမတုိင္ခင္ ၁ ႏွစ္မွာ ဇနီးျဖစ္သူ ကြယ္လြန္ ခဲ့ပါတယ္။

စင္ကာပူကို အႏွစ္ ၃၀ ၾကာ ဦးေဆာင္ခဲ့တဲ့ လီကြမ္ယုဟာ သံယံဇာတ မရွိတဲ့ ကိုလိုနီ လက္ေအာက္ခံ ကြ်န္းႏိုင္ငံေလးကို စီးပြားေရး အားေကာင္းတဲ့ အာရွက်ား ျဖစ္ေအာင္ ဦးေဆာင္ေပးခဲ့သူ တိုင္းျပည္အက်ဳိး တြက္ လိမၼာပါးနပ္စြာ ေဆာင္ရြက္ခဲ့သူ ျဖစ္ပါတယ္။ လီကြမ္ယုက “စင္ကာပူက ႏိုင္ငံေသးေသးေလး ဆုိေတာ့ ကမၻာ့အေျခအေနကို မ်က္ေျခမျပတ္ ေစာင့္ ၾကည့္ေနရတယ္။ ကိုယ့္အတြက္ အက်ဳိးရွိမယ့္ ကိစၥဆုိရင္ ခ်က္ခ်င္း အသံုး ခ်တတ္ရတယ္။ ေလလာခုိက္မွာ ရြက္လႊင့္ရတာေပါ့၊ ဒါေပမယ့္ ကိုယ္အတြက္ အက်ဳိးမရွိတဲ့ကိစၥ ဆုိရင္ေတာ့ ရြက္ကို ျပန္ေခါက္သိမ္း လုိက္။ ေလၿငိမ္တဲ့ အထိ ျပန္ေစာင့္ရတာေပါ့”လို႔ ေျပာပါတယ္။

ဒါေၾကာင့္ သူ႔ကို ေခတ္သစ္ စင္ကာပူကို ထူေထာင္သူ အျဖစ္သာမက၊ အာရွတုိက္မွာ ၾသဇာအႀကီးဆံုး ႏုိင္ ငံေရးေခါင္းေဆာင္ေတြထဲက တေယာက္အျဖစ္ အသိအမွတ္ျပဳ အသိအမွတ္ျပဳ ၾကပါတယ္။ တုိက္တုိက္ဆုိင္ဆုိင္ လီကြမ္ယု ကြယ္လြန္သြားတဲ့ ၂၀၁၅ ခုႏွစ္ဟာ စင္ကာပူႏိုင္ငံကို ထူေထာင္ခဲ့တာ ႏွစ္ ၅၀ ေရႊရတုျပည့္တဲ့ႏွစ္ ျဖစ္ပါတယ္။ ဒီလိုထူးျခားတဲ့ အခ်ိန္အခါမ်ဳိးမွာ စင္ကာပူရဲ႕ ေခါင္းေဆာင္ႀကီးဟာ ျပည္ သူေတြနဲ႔ အတူ ရွိမေနႏိုင္ေတာ့ပါဘူး။

လီကြမ္ယုရဲ ႔ မဲဆႏၵနယ္ေျမက ေရာဘင္တန္က ‘”ျပည္သူေတြကေတာ့ ဒီအခ်ိန္ကို ႀကိဳတင္ ေမွ်ာ္လင့္ထားၾက ပါတယ္။ တကယ္ ၀မ္းနည္းမိပါတယ္။ ဒီႏွစ္မွာ က်င္းပဖို႔ ရွိတဲ့ စင္ကာပူႏိုင္ငံ ေရႊရတု ေပ်ာ္ပြဲရႊင္ပြဲကို သူ မေတြ႔ လိုက္ရေတာ့ဘူးေပါ့။ တကယ္ ၀မ္းနည္း စိတ္မေကာင္း ျဖစ္ရပါတယ္။ တကယ္ေတာ့ ေဆးရံုေပၚမွာ အေျခအေန ဆုိးေနတယ္ဆုိကတည္းက ႀကိဳတင္ ခန္႔မွန္းလို႔ေတာ့ ရတာေပါ့။ စင္ကာပူႏိုင္ငံအတြက္ ၀မ္းနည္း စရာေကာင္းတဲ့ ေန႔တေန႔ ပါပဲ’လို႔ေျပာပါတယ္။

လီကြမ္ယုရဲ႕ မဲဆႏၵနယ္ေျမက ေရာ္ဘင္နတ္ကလည္း လီကြမ္ယုရဲ႕တိုင္းျပည္အတြက္ ေပးဆပ္မႈေတြနဲ႔ ပတ္သက္ၿပီး “က်ေနာ္တို႔ကို နမူနာျပသြားတဲ့ သူရဲ႕ တန္ဖိုးေတြ၊ သူ႔ရဲ႕ ဇြဲ၊ ယံုၾကည္ခ်က္ေတြ၊ စင္ကာပူ အတြက္ ေပးဆပ္မႈေတြ၊ စင္ကာပူ ျပည္သူေတြအတြက္ ေပးဆပ္မႈေတြ အမ်ားႀကီးပဲ။ ရင္ထဲမွာ ဘယ္လိုမွ မေဖာ္ျပတတ္ေအာင္ ၀မ္းနည္း ရတယ္”လို႔ ေျပာပါတယ္။ စင္ကာပူကို သန္႔ရွင္းၿပီး စိမ္းလန္းတဲ့ႏုိင္ငံ ျဖစ္ေစရမယ္ဆုိတဲ့ ရည္မွန္းခဲ့တဲ့အတုိင္းပဲ ဒီေန႔ စင္ကာပူဟာ အာရွမွာ ေနခ်င္စဖြယ္ အေကာင္းဆံုးႏိုင္ငံ၊ လာဘ္ေပးလာဘ္ယူမႈ အကင္းဆံုး ႏုိင္ငံ ျဖစ္ပါတယ္။

ကိုလံဘီယာ တကၠသိုလ္က ႏုိင္ငံေရးသိပၸံ ပါေမာကၡ ဒန္နီေမာ္ေဇက လီကြမ္ယုရဲ႕ ေကာင္းျမတ္တဲ့ အေမြကို ေျပာမယ္ဆုိရင္ လာဘ္ေပးလာဘ္ယူမႈကို တုိက္ဖ်က္ျခင္းပဲ လို႔ ေျပာပါတယ္။ အေမရိကန္ သမၼတေဟာင္း ဘာရတ္ အုိးဘားမားကလည္း လီကြမ္ယုဟာ သမုိင္းရဲ႕ ဧရာမ တကယ့္ ပုဂၢဳိလ္ႀကီး တဦး ျဖစ္တယ္လို႔ ေနာက္ဆံုး ခ်ီးက်ဴးစကား ဆုိပါတယ္။ ဒါေပမယ့္ ၾသဇာၾကီးတဲ့ နယူးေယာက္ တုိင္းမ္သတင္းစာႀကီး ကေတာ့ လီကြမ္ယုရဲ႕ အေလာင္း ေျမမက်ခင္ မွာ သူ႔ခ်န္ထားခဲ့တဲ့ အေမြေတြကို ျပန္လည္ သံုးသပ္သင့္တယ္လုိ႔ အၾကံေပးထားပါတယ္။ ေခါင္းေဆာင္ တေယာက္ရဲ႕ အရည္အခ်င္းကို ရုပ္၀ထၳဳပုိင္း ေအာင္ျမင္မႈ တခုတည္းနဲ႔ တုိင္းတာဖို႔ မသင့္ဘူးလို႔ လည္း ေထာက္ျပပါတယ္။ ေနာင္မ်ဳိးဆက္ေတြအေနနဲ႔ စင္ကာပူကို စီးပြားေရးအရ ေအာင္ျမင္တဲ့ႏုိင္ငံ အျဖစ္ သာမက၊ ႏိုင္ငံေရး အရပါ ေအာင္ျမင္တဲ့ စံျပႏုိင္ငံ ျဖစ္ေအာင္ ႀကိဳးပမ္းသင့္တယ္လို႔ တုိက္တြန္း ထားပါတယ္။

DVB Burmese

———————–

ခြင်္သေ့မြို့တော်ရဲ့ ဧရာမသူရဲကောင်း (သို့) လီကွမ်ယု (unicode)

ကွယ်လွန်သွားပြီဖြစ်တဲ့ နိုင်ငံပြု ခေါင်းဆောင်ကြီး လီကွမ်ယုဟာ စင်ကာပူနိုင်ငံ ကို ခြင်ပေါတဲ့ နွံတော အဆင့်ကနေ ကမ္ဘာ့ထိပ် တန်းနိုင်ငံ ဖြစ်အောင် ဦးဆောင်မှုပေးခဲ့သူ ဖြစ်ပါတယ်။ လီကို စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ် လို့ ပြောရုံနဲ့တင် မလုံလောက်ပါဘူး။ သူဟာ ခေတ်သစ် စင်ကာပူနိုင်ငံကို ထူထောင်သူတစ်ယောက် ၊ အမေရိကန်သမ္မတဟောင်း ဘာရတ်အိုးဘားမားရဲ့ စကားနဲ့ဆိုရင် သမိုင်းရဲ့ ဧရာမတကယ့်ပုဂ္ဂိုလ် ကြီး ဖြစ်သလို စင်ကာပူ မျိုးဆက်သစ်တွေ အတွက် ဧရာမ သူရဲကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။

အခက်အခဲတွေ ကြားထဲက စင်ကာပူကို သူ ဘယ်လို ထူထောင်ခဲ့သလဲ၊ ကွယ်လွန်ချိန်မှာ ဘယ်လို အမွေမျိုးတွေ ချန်ရစ်ထားခဲ့ ပါသလဲဆိုတာ စိတ်ဝင်စားစရာပါ။ လီကွမ်ယုကို ၁၉၂၃ ခုနှစ်က တရုတ်လူမျိုး မိဘတွေက မွေးဖွားပါတယ်။ အဲဒီအချိန်က စင်ကာပူကျွန်းဟာ ဗြိတိသျှလက်အောက်ခံ၊ ဗြိတိသျှမလေးယားပြည်လို့ ခေါ်တဲ့ ကိုလိုနီနယ်မြေရဲ့ အစိတ်အပိုင်းပဲ ရှိပါသေး တယ်။ အဲဒီနယ်မြေမှာ မလေးကျွန်းဆွယ်ဒေသနဲ့ စင်ကာပူကျွန်း တို့ ပါဝင်ပါတယ်။လီကွမ်ယုဟာ ငယ်စဉ်ကတည်းက ကျောင်းပညာမှာ ထူးချွန်သူ ဖြစ်ပါတယ်။ တန်ိုင်ငံလုံးမှာ ပထမရခဲ့ပြီး အင်္ဂလန်နိုင်ငံ ကိန်းဘရစ်ခ်ျတက္ကသိုလ် ဥပဒေကျောင်းကို တက်ခွင့်ရပါတယ်။

ဒုတိယကမ္ဘာစစ်ကာလမှာ စင်ကာပူကျွန်းကို ဂျပန်လက်အောက် မကျရောက်အောင် အင်္ဂလိပ်တွေ မကာ ကွယ်နိုင်ခဲ့တာကို ကြုံခဲ့ရတဲ့ လီကွမ်ယုဟာ စင်ကာပူကို သူကိုယ်တိုင် စီမံ အုပ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိန်းဘရစ်ခ်ျကနေ ဘွဲ့ရတဲ့အခါ လီကွမ်ယုဟာ စင်ကာပူကို ပြန်သွားခဲ့ပါတယ်။ လီကွမ်ယုဟာ ၁၉၅၀ ခုနှစ်မှာ သူငယ်ချင်းဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် ရှေ့နေ ကွာဂျောက်ချူးနဲ့ လက်ထပ် ပါတယ်။

၁၉၅၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ လီကွမ်ယုဟာ ပြည်သူ့လှုပ်ရှားမှု ပါတီ (ပီအေပီ) ကို ထူထောင် ခဲ့တယ်။ သူရဲ့ ရည်မှန်းချက်က စင်ကာပူမှာ ဗြိတိသျှကိုလိုနီအစိုးရ အုပ်ချုပ်ရေးကို အဆုံးသတ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ရွေးကောက်ပွဲမှာ ပီအေပီပါတီက တခဲနက် အနိုင်ရပါတယ်။ စင်ကာပူဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိတဲ့နိုင်ငံ ဖြစ်လာပြီး လီကွမ်ယုဟာ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ၁၉၆၃ ခုနှစ်မှာ စင်ကာပူဟာ မလေးပြည်ထောင်စုသစ် (မလေးယား)မှာ ပါဝင်ခဲ့ပေမဲ့ ပြည်ထောင်စု သက်တမ်းဟာ ၂ နှစ်တောင် မခံပါဘူး။ မလေးရှားကနေ စင်ကာပူ ခွဲထုတ်ခံရတဲ့ အခါမှာ စိတ်ဓာတ် မာကျောတဲ့ လီကွမ်ယုဟာ မျက်ရည်ကျခဲ့ပါတယ်။

“အရမ်း စိတ်ထိခိုက်ရတယ်။ ကျနော် ဘဝတလျှောက်လုံးမှာ ကျနော် လူလားမြောက်တဲ့ အချိန်ကစလို့ မလေးရှားနဲ့ စင်ကာပူ ပေါင်းစည်းမှုကို ယုံကြည်ခဲ့တယ်။ ကျနော်တို့ဟာ ပထဝီ အနေအထားအရသာမက၊ စီးပွားရေးအရ၊ လူမျိုးရေး နောက်ခံသမိုင်းကြောင်းအရ ဆက်စပ်နေတယ် မဟုတ်လား” လို့ လီကွမ်ယု က ပြောခဲ့တာပါ။ ဒီလိုနဲ့ဘဲ ၁၉၆၅ ခုနှစ်မှာ စင်ကာပူဟာ မလေးရှားနဲ့ မသက်ဆိုင်တော့ဘဲ လုံး၀ လွတ်လပ်တဲ့နိုင်ငံ အဖြစ် ကြေညာလိုက်ပါတယ်။ အဲဒီနောက်မှာတော့ လီကွမ်ယုဟာ မြို့တမြို့စာ နိုင်ငံငယ်လေးကို နိုင်ငံ တကာ အသိအမှတ်ပြုမှုရအောင် အားသွန် ကြိုးပမ်းခဲ့ပါတော့တယ်။

၁ လအကြာမှာပဲ လွတ်လပ်တဲ့ စင်ကာပူနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ခဲ့တယ်။ နောက်ထပ် ၂ နှစ်အကြာမှာတော့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) အဖွဲ့ကို စတင် ထူထောင်တဲ့အခါ စင်ကာပူဟာ မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။ စင်ကာပူဟာ ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လက်မဲ့ ပြဿ နာ၊ အိုးမဲ့အိမ်မဲ့ ပြဿ နာ၊ လာဘ်ပေးလာဘ် ယူ ပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လီကွမ်ယုရဲ့ ဦးဆောင်မှုအောက်မှာ ပြည်သူတဦးချင်း ဝင်ငွေဟာ ဆက်လက် တိုးတက်လာခဲ့ပါတယ်။

၁၉၆၀ ခုနှစ်လောက်မှာ တဦးချင်း ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၄၀၀ ပဲ ရှိခဲ့ရာကနေ ၁၉၈၀ ပြည့် လွန်နှစ်တွေအရောက်မှာတော့ ဒေါ်လာ ၇၀၀၀ ကျော်အထိ ရှိလာပါတယ်။ လူတိုင်း အလုပ်ရှိလာပြီး အိုးအိမ် အခြေတကျ ရှိလာပါတယ်။ အစိုးရအိမ်ရာမှာ နေထိုင်သူ ဦးရေကလည်း နဂိုက ၉ ရာခိုင်နှုန်း ရှိရာကနေ ၈၁ ရာခိုင်နှုန်းအထိ များလာပါတယ်။ ပီအေပီပါတီရဲ့ စီးပွားရေးဗျူဟာကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကျွမ်းကျင်မှုတွေကို ဖိတ်ခေါ်ပြီး စင်ကာပူကို ပို့ကုန်တွေ အမြောက်အမြားတင်ပို့တဲ့နိုင်ငံ ဖြစ်အောင် ကြိုးပမ်း အားထုတ်ခဲ့တာပါပဲ။ စင်ကာပူ ရဲ့ ဖွံံ႔ဖြိုးရေးနည်းဗျူဟာကို နိုင်ငံတကာအင်အားကြီးနိုင်ငံတွေက ချီးကျးခဲ့ရတဲ့ အထိ အောင်မြင်ခဲ့ပါတယ်။

စင်ကာပူနဲ့ တရုတ် စီးပွားရေးအဖွဲ့က လင်းချန်အန်းက “စင်ကာပူမှာ သယံဇာတဆိုတာ မရှိသလောက်ပဲ။ ဒါကြောင့် လီကွမ်ယုက စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးအောင် အားထုတ်ခဲ့တယ်။ စင်ကာပူလွတ်လပ်ရေး ရပြီး တဲ့နောက်မှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးအောင် ကြိုးပမ်းခဲ့တယ်။ အရင်လုံး လုပ်အားအပေါ် မှီခိုရတဲ့ အထည်ချုပ် လုပ်ငန်း၊ ထုတ်လုပ်မှု လုပ်ငန်းတွေကနေ စခဲ့တယ်။ ဖွံ့ဖြိုးရေး အရှိန်ရလာတဲ့အခါမှာ နည်းပညာအဆင်မြင့် လုပ်ငန်းအဆင့်ကို တဖြည်းဖြည်း ပြောင်းလဲပြီး နောက်တဆင့် တက်လှမ်းခဲ့ တယ်’”လို့ ပြောပါတယ်။

တရုတ်ရဲ့ ဧရာမခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ကိုယ်တိုင်ကလည်း ၁၉၉၂ ခုနှစ်မှာ တရုတ်ပြည် မှာ ပြုပြင်ပြောင်းလဲရေးတွေကို စတင် အကောင်အထည်ဖော်တဲ့အချိန်က စင်ကာပူကို နမူနာ ယူခဲ့တာပါ။ ဒါပေမယ့် စင်ကာပူရဲ့ လက်ရှိ အောင်မြင်မှုတွေအပေါ် လီယွမ်ယု တယောက် စိတ်ချခဲ့ တာတော့ မဟုတ်ပါဘူး။ စီအန်အန်နဲ့ အင်တာဗျူးမှာ လီကွမ်ယုက
” ဒီနိုင်ငံကို ကျနော် အောက်ခြေကနေ စခဲ့တယ်။ ဆင်းရဲတဲ့နိုင်ငံ ဘဝကနေ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်းမှာ ထိပ်တန်းနိုင်ငံ ဖြစ်လာအောင် တဖြည်းဖြည်းခြင်း ပြောင်းလဲခဲ့ တယ်။ အခုတော့ ခေါင်းဆောင်မှုအပိုင်းမှာ ပြောင်းလဲသွားပါပြီ၊ ပြဿနာအသစ်ကလည်း ပေါ်လာတယ်။ လူတွေ က လက်ရှိ အောင်မြင်မှုတွေကို ခိုင်မာတယ်လို့ ထင်နေကြတယ်။ ကျနော်ကတော့ ဒီလို မထင်ဘူး။ ကျနော့်အမြင်အရ အစိုးရက အားနည်းရင်၊ စွမ်းဆောင်ရည် ညံ့ဖျင်းရင် ကြိုးစားထားသမျှ အားလုံး သဲထဲ ရေသွန် ဖြစ်လိမ့်မယ်။

လူများစုကလည်း လက်ရှိ အောင်မြင်မှုကို အခြေခိုင်ပြီလို့ ထင်နေတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေမှာလို နှစ်ပါတီ စနစ်မျိုးကို စဉ်းစားလာကြတယ်။ သူတို့ ပြောချင်တာကလည်း ရိုးရိုးလေးပါပဲ။ ကမ္ဘာ့အဆင့်မီ ချမ်းသာတဲ့နိုင်ငံမှာ ကမ္ဘာ့စံချိန်မီ လွှတ်တော်လည်း ရှိရမယ်လို့ ဆိုကြတယ်။ အဆင့်မီတဲ့ အတိုက်အခံပါတီဆိုတာလည်း ရှိရမယ်၊ အာဏာအလွဲ အပြောင်းဆိုတာလည်း ရှိရမယ် လို့ မြင်ကြတာပေါ့။ စင်ကာပူကို ဒီလမ်းကြောင်းအတိုင်း မောင်းနှင်မယ်ဆိုရင် ကျနော်တော့ ဝမ်းနည်းရမှာ ပဲ”လို့ ပြောပါတယ်။

စင်ကာပူမှာ လူဦးရေ ၅ ဒသမ ၆ သန်းရှိပါတယ်၊ ၁၉၅၀ ပြည့်လွန်နှစ်တွေက လူမျိုးရေး ပဋိပက္ခတွေ ရှိခဲ့တာကြောင့် တရုတ်၊ အိန္ဒိယနဲ့ မလေးလူမျိုးတွေ အသိုင်းအဝိုင်းကြားမှာ သဟဇာတ ရှိွိရှိ နေထိုင်နိုင်ဖို့ အတွက် စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။။ စင်ကာပူမှာ အင်္ဂလိပ်ဘာသာ စကားကို ရုံးသုံးဘာသာ စကားအဖြစ် သတ်မှတ်ထား ပါတယ်။ ဒါဟာလည်း စင်ကာပူကျွန်းပေါ်မှာ နေထိုင်တဲ့ လူများစု တရုတ်၊ မလေးနဲ့ လူနည်းစု အိန္ဒိယနွယ်ဖွားတွေ ကြားမှာ ငြိမ်းချမ်း ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

စင်ကာပူမှာ လိင်မှုကိစ္စကို တရားဝင်ခွင့်ပြုထားပေမယ့် အပြာရုပ်ရှင်တွေ၊ ဓာတ်ပုံတွေကို ပိတ်ပင်ထားပါ တယ်။ စင်ကာပူမှာ အင်္ဂလိပ်စကားကို အားပေးတဲ့ စည်းရုံးလှုပ်ရှားမှုတွေ ရှိပါတယ်။ ယဉ်ကျေးသိမ်မွေ့ဖို့၊ သန့်ရှင်းဖို့ လှုံ့ဆော်မှုတွေ ရှိသလို၊ အလုပ်များပြီး အပျိုကြီး လူပျိုကြီး ဖြစ်နေသူတွေကိုလည်း အိမ်ထောင်ပြုဖို့ လှုံ့ဆော်မှုတွေ ရှိပါတယ်။ စင်ကာပူရဲ့ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးဟာလည်း အကြီးအကျယ် အောင်မြင်မှု ရခဲ့ပါတယ်။ ဒီလို တိုက်ဖျက်ဖို့ အတွက် ဥပဒေတွေ ပြဌာန်းနိုင်သလို၊ အပြစ်ပေး အရေးယူမှုကိုလည်း ထိထိရောက်ရောက် ဆောင် ရွက်နိုင်တာကြောင့် ဖြစ်ပါတယ်။

လီကွမ်ယုဟာ ဗြိတိသျှဝန်ကြီးချုပ် မာဂရက် သက်ချာကို အားကျသူ ဖြစ်ပါတယ်။ စင်ကာပူဟာ ဗြိတိန်ပုံစံ ဒီမိုကရေစီအတိုင်း အရွယ်ရောက်သူတိုင်း မဲပေးခွင့် ရှိပါတယ်။ ဒါပေမယ့် လီကွမ်ယုဟာ ဆန့်ကျင်ဘက် အမြင်တွေကိုတော့ သည်းမခံသူ ဖြစ်ပါတယ်။ သူရဲ့ ပီအေပီပါတီကပဲ တိုင်းပြည်ကို အုပ်ချုပ်ထားပါတယ်။ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်တဲ့ အတွက် လည်း ဝေဖန်ခံပါတယ်။ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လာရင်လည်း စင်ကာပူဟာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ ၁၅၃ ပဲ ရှိပါတယ်။

စင်ကာပူ ကြိမ်ဒဏ်ဟာ ကမ္ဘာမှာ နာမည်ကြီးသလို၊ လူသတ်မှုနဲ့ မူးယစ်မှောင်ခိုမှုတွေ အတွက် သေ ဒဏ်ပေးပါတယ်။ နိုင်ငံရေး အတိုက်အခံတွေ၊ မီဒီယာတွေကို တရားစွဲတဲ့ ကိစ္စနဲ့ လီကွမ်ယုကို တွဲမြင်ကြ ပါတယ်။ လီကွမ်ယုဟာ ၁၉၉၀ ခုနှစ်မှာ ဝန်ကြီးချုပ် ဘဝကနေ အနားယူခဲ့ပေမယ့် ဂိုချောက်တောင် လက်ထက်မှာ လည်း အစိုးရအဖွဲ့အပေါ် ဩဇာကြီးသူအဖြစ် ဆက်ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာ သူ့သားကြီး လီရှန်လွန်း ဝန်ကြီးချုပ် ဖြစ်လာတဲ့ အခါမှာလည်း သူဟာ နည်းပေးလမ်းပြ ဝန်ကြီးအဖြစ် တရားဝင်ရာထူးကို ဆက်ယူ ခဲ့ပြီး ၂၀၁၁ ခုနှစ်ကျတော့မှ တရားဝင် ရာထူးကနေ အနားယူခဲ့ပါတယ်။ ဒီမတိုင်ခင် ၁ နှစ်မှာ ဇနီးဖြစ်သူ ကွယ်လွန် ခဲ့ပါတယ်။

စင်ကာပူကို အနှစ် ၃၀ ကြာ ဦးဆောင်ခဲ့တဲ့ လီကွမ်ယုဟာ သံယံဇာတ မရှိတဲ့ ကိုလိုနီ လက်အောက်ခံ ကျွန်းနိုင်ငံလေးကို စီးပွားရေး အားကောင်းတဲ့ အာရှကျား ဖြစ်အောင် ဦးဆောင်ပေးခဲ့သူ တိုင်းပြည်အကျိုး တွက် လိမ္မာပါးနပ်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ လီကွမ်ယုက “စင်ကာပူက နိုင်ငံသေးသေးလေး ဆိုတော့ ကမ္ဘာ့အခြေအနေကို မျက်ခြေမပြတ် စောင့် ကြည့်နေရတယ်။ ကိုယ့်အတွက် အကျိုးရှိမယ့် ကိစ္စဆိုရင် ချက်ချင်း အသုံး ချတတ်ရတယ်။ လေလာခိုက်မှာ ရွက်လွှင့်ရတာပေါ့၊ ဒါပေမယ့် ကိုယ်အတွက် အကျိုးမရှိတဲ့ကိစ္စ ဆိုရင်တော့ ရွက်ကို ပြန်ခေါက်သိမ်း လိုက်။ လေငြိမ်တဲ့ အထိ ပြန်စောင့်ရတာပေါ့”လို့ ပြောပါတယ်။

ဒါကြောင့် သူ့ကို ခေတ်သစ် စင်ကာပူကို ထူထောင်သူ အဖြစ်သာမက၊ အာရှတိုက်မှာ ဩဇာအကြီးဆုံး နိုင် ငံရေးခေါင်းဆောင်တွေထဲက တယောက်အဖြစ် အသိအမှတ်ပြု အသိအမှတ်ပြု ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် လီကွမ်ယု ကွယ်လွန်သွားတဲ့ ၂၀၁၅ ခုနှစ်ဟာ စင်ကာပူနိုင်ငံကို ထူထောင်ခဲ့တာ နှစ် ၅၀ ရွှေရတုပြည့်တဲ့နှစ် ဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့ အချိန်အခါမျိုးမှာ စင်ကာပူရဲ့ ခေါင်းဆောင်ကြီးဟာ ပြည် သူတွေနဲ့ အတူ ရှိမနေနိုင်တော့ပါဘူး။

လီကွမ်ယုရဲ့ မဲဆန္ဒနယ်မြေက ရောဘင်တန်က ‘”ပြည်သူတွေကတော့ ဒီအချိန်ကို ကြိုတင် မျှော်လင့်ထားကြ ပါတယ်။ တကယ် ဝမ်းနည်းမိပါတယ်။ ဒီနှစ်မှာ ကျင်းပဖို့ ရှိတဲ့ စင်ကာပူနိုင်ငံ ရွှေရတု ပျော်ပွဲရွှင်ပွဲကို သူ မတွေ့ လိုက်ရတော့ဘူးပေါ့။ တကယ် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ တကယ်တော့ ဆေးရုံပေါ်မှာ အခြေအနေ ဆိုးနေတယ်ဆိုကတည်းက ကြိုတင် ခန့်မှန်းလို့တော့ ရတာပေါ့။ စင်ကာပူနိုင်ငံအတွက် ဝမ်းနည်း စရာကောင်းတဲ့ နေ့တနေ့ ပါပဲ’လို့ပြောပါတယ်။

လီကွမ်ယုရဲ့ မဲဆန္ဒနယ်မြေက ရော်ဘင်နတ်ကလည်း လီကွမ်ယုရဲ့တိုင်းပြည်အတွက် ပေးဆပ်မှုတွေနဲ့ ပတ်သက်ပြီး “ကျနော်တို့ကို နမူနာပြသွားတဲ့ သူရဲ့ တန်ဖိုးတွေ၊ သူ့ရဲ့ ဇွဲ၊ ယုံကြည်ချက်တွေ၊ စင်ကာပူ အတွက် ပေးဆပ်မှုတွေ၊ စင်ကာပူ ပြည်သူတွေအတွက် ပေးဆပ်မှုတွေ အများကြီးပဲ။ ရင်ထဲမှာ ဘယ်လိုမှ မဖော်ပြတတ်အောင် ဝမ်းနည်း ရတယ်”လို့ ပြောပါတယ်။ စင်ကာပူကို သန့်ရှင်းပြီး စိမ်းလန်းတဲ့နိုင်ငံ ဖြစ်စေရမယ်ဆိုတဲ့ ရည်မှန်းခဲ့တဲ့အတိုင်းပဲ ဒီနေ့ စင်ကာပူဟာ အာရှမှာ နေချင်စဖွယ် အကောင်းဆုံးနိုင်ငံ၊ လာဘ်ပေးလာဘ်ယူမှု အကင်းဆုံး နိုင်ငံ ဖြစ်ပါတယ်။

ကိုလံဘီယာ တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒန်နီမော်ဇေက လီကွမ်ယုရဲ့ ကောင်းမြတ်တဲ့ အမွေကို ပြောမယ်ဆိုရင် လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ခြင်းပဲ လို့ ပြောပါတယ်။ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုးဘားမားကလည်း လီကွမ်ယုဟာ သမိုင်းရဲ့ ဧရာမ တကယ့် ပုဂ္ဂိုလ်ကြီး တဦး ဖြစ်တယ်လို့ နောက်ဆုံး ချီးကျူးစကား ဆိုပါတယ်။ ဒါပေမယ့် ဩဇာကြီးတဲ့ နယူးယောက် တိုင်းမ်သတင်းစာကြီး ကတော့ လီကွမ်ယုရဲ့ အလောင်း မြေမကျခင် မှာ သူ့ချန်ထားခဲ့တဲ့ အမွေတွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ အကြံပေးထားပါတယ်။ ခေါင်းဆောင် တယောက်ရဲ့ အရည်အချင်းကို ရုပ်ဝထ္ထုပိုင်း အောင်မြင်မှု တခုတည်းနဲ့ တိုင်းတာဖို့ မသင့်ဘူးလို့ လည်း ထောက်ပြပါတယ်။ နောင်မျိုးဆက်တွေအနေနဲ့ စင်ကာပူကို စီးပွားရေးအရ အောင်မြင်တဲ့နိုင်ငံ အဖြစ် သာမက၊ နိုင်ငံရေး အရပါ အောင်မြင်တဲ့ စံပြနိုင်ငံ ဖြစ်အောင် ကြိုးပမ်းသင့်တယ်လို့ တိုက်တွန်း ထားပါတယ်။

DVB Burmese

Leave a Reply