နက္ပကြ်န္း (သုိ႔) ၿဂဳိဟ္ျပာႀကီးရဲ႕အေၾကာင္း

Posted on

နက္ပကၽြန္းၿဂိဳလ္ သည္ ေနအဖြဲ႕အစည္းအတြင္း၌ ၈ ခုေျမာက္ႏွင့္ ေနမွအေဝးဆုံးၿဂိဳလ္ျဖစ္သည္။နက္ပကၽြန္းသည္ ဓာတ္ေငြ႕အေျမာက္အမ်ားႏွင့္ ဖြဲ႕စည္းထားေသာ ၿဂိဳလ္ျဖစ္ၿပီး ျမင္နိုင္ရန္ခက္ခဲေသာ ခါးပတ္ကြင္း ၄ ခုရွိသည္။ ေနအဖြဲ႕အစည္းအတြင္ စတုတၳေျမာက္အႀကီးဆုံးႏွင့္ တတိယေျမာက္အေလးဆုံးၿဂိဳလ္ျဖစ္သည္။  နက္ပကၽြန္းၿဂိဳလ္သည္ ေရာမနတ္ဘုရား ပိုဆီဒြန္ (Poseidon) ကို အေၾကာင္းျပဳ၍ မွည့္ေခၚထားျခင္းျဖစ္ၿပီး သူ၏ အာကာသဆိုင္ရာ သေကၤတမွာ Astronomical symbol for Neptune ျဖစ္သည္။

နက္ပကၽြန္းၿဂိဳဟ္သည္ ကမၻာၿဂိဳဟ္ထက္ ၁၇ ဆပိုေလးကာ ထုထည္အားျဖင့္ ၅၈ဆ ပုိႀကီးပါတယ္။ ေနမွ ၃ဝ.၁ AU ကြာေဝးသည္။ နက္ပကၽြန္းၿဂိဳဟ္သည္ သာမန္မ်က္စိႏွင့္ မျမင္ရေပ။ ယင္းအား ရွာေဖြေလ့လာမႈထက္ သခၤ်ာနည္းလမ္းအရ ႀကိဳတင္ခန႔္မွန္းျခင္းျဖင့္ေတြ႕ရွိသည့္ တစ္ခုတည္းေသာၿဂိဳဟ္တစ္စင္းပင္ျဖစ္သည္။ နက္ပကၽြန္းၿဂိဳဟ္အား ဗြိဳင္ေယဂ်ာ ၂ အာကာသယာဥ္မွ ၁၉၈၉ ခုႏွစ္ ဩဂုတ္လ ၂၅ ရက္ေန႔တြင္ လည္ပတ္ခဲ့သည္။ ေနာက္ပိုင္းတြင္ ဟာဘဲလ္ အာကာသမွန္ေျပာင္းႏွင့္ ေျမျပင္အေျခစိုက္ တယ္လီစကုပ္ႀကီးမ်ားက အေသးစိတ္က်ေသာ ေလ့လာမႈမ်ားအား လုပ္ေဆာင္နိုင္ခဲ့သည္။

နက္ပကၽြန္းၿဂိဳလ္၏ေလထု (ၿဂိဳလ္၏အေပၚတြင္လႊင့္ေမ်ာေနေသာ ဓာတ္ေငြ႕အလႊာ) မွာ ဟိုက္ဒရိုဂ်င္ဓာတ္ေငြ႕ ႏွင့္ ဟီလီယံဓာတ္ေငြ႕တို႔ျဖင့္ ဖြဲ႕စည္းထားၿပီး မီသိန္းဓာတ္အနည္းငယ္မၽွပါဝင္သည္။ ထို႔ေၾကာင့္ ၿဂိဳလ္၏အေရာင္မွာ အျပာေရာင္ျဖစ္ေနသည္။ နက္ပကၽြန္းၿဂိဳလ္၏ အျပာေရာင္မွာ မီသိန္းဓာတ္ေငြ႕ ဆတူမၽွပါရွိေသာ ယူေရးနပ္ၿဂိဳလ္၏အျပာေရာင္ထက္ မ်ားစြာပို၍ေတာက္ပသည္။ ထို႔ေၾကာင့္ နက္ပကၽြန္းၿဂိဳလ္ အျပာေရာင္ေတာက္ပျခင္းမွာ အျခားအေၾကာင္းမ်ားလည္း ရွိနိုင္သည္။ နက္ပကၽြန္းၿဂိဳလ္၏ မ်က္ႏွာျပင္ေပၚတြင္ တိုက္ခတ္ေသာ ေလမွာ ေနအဖြဲ႕အစည္း အတြင္းရွိ အျခားၿဂိဳလ္မ်ားႏွင့္ ႏွိုင္းယွဥ္လၽွင္ အျပင္းထန္ဆုံးျဖစ္ၿပီး အျမန္ဆုံးအေနႏွင့္ တစ္နာရီလၽွင္ ၂၁၀၀ ကီလိုမီတာႏႈန္း (မိုင္ ၁၃၀၀ ႏႈန္း) အထိတိုက္ခတ္သည္ဟု တိုင္းတာရရွိသည္။

ရွာေဖြေတြ႕ရွိမႈ

နက္ပကၽြန္းၿဂိဳဟ္အား ရွာေဖြေတြ႕ရွိခဲ့သူ အာဘိန္လီ ဗဲရီယာ အခ်ိဳ႕ေသာ အေစာဆုံး မွတ္တမ္းမ်ားအား တယ္လီစကုပ္မ်ားမွ ျပဳလုပ္ခဲ့သည္။ ၁၆၁၂ ခုႏွစ္ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္ ဂယ္လီလီယိုမွ မွတ္တမ္းတင္ခဲ့သည္။ သူသည္ ၾကယ္တစ္စင္းႏွင့္ နက္ပကၽြန္းၿဂိဳဟ္အား မွားယြင္းခဲ့ဟန္တူသည္။ နက္ပကၽြန္းၿဂိဳဟ္ကို အာကာသပညာရွင္မ်ား ျဖစ္ေသာ အာဘိန္လီဗဲရီယာ(Urbain Le Verrier) ႏွင့္ ဂၽြန္ေကာ့ရွ္အဒမ္(John Couch Adams) တို႔က ရွာေဖြေတြ႕ရွိခဲ့ျခင့္းျဖစ္ၿပီး ၂ ဦးစလုံးမွာ ရွာေဖြေတြ႕ရွိမႈအတြက္ ဂုဏ္ျပဳခံခဲ့ရသည္။ ထိုၿဂိဳဟ္မွာ တယ္လီစကုပ္ကို သုံး၍ ရွာေဖြေတြ႕ရွိခဲ့ျခင္းမဟုတ္ပဲ သခ်ၤာနည္းျဖင့္တြက္ခ်က္မႈေၾကာင့္ ရွာေဖြေတြ႕ရွိခဲ့ေသာ ပထမဆုံးၿဂိဳဟ္ျဖစ္သည္။

ၿဂိဳဟ္ရံလမ်ား

နက္ပကၽြန္းၿဂိဳဟ္တြင္ ၿဂိဳဟ္ရံလ ၁၄ စင္းရွိသည္။ ထရီတြန္ (Triton)သည္ အႀကီးဆုံးျဖစ္ၿပီး ထိုၿဂိဳဟ္အား ရွာေဖြေတြ႕ရွိခဲ့ၿပီး ၁၇ ရက္အၾကာတြင္ ဝီလီယံ ဟာရွယ္ဆိုသူမွ ရွာေဖြေတြ႕ရွိခဲ့ျခင္း ျဖစ္ပါသည္။ တခ်ိန္တုန္းကမူ က်ဴးပါး ခါးပတ္ထဲမွ ၿဂိဳဟ္သိမ္ဟု သတ္မွတ္ခဲ့ႏိုင္ေကာင္းပါသည္။ ၁၉၈၉ ခုႏွစ္တြင္ ထ႐ိုင္တြန္သည္ ကမၻာေျမႏွင့္ အနီးဆုံးအကြာအေဝးသို႔ ေရာက္ရွိခဲ့ပါသည္။ ထ႐ိုင္တြန္သည္ ေနာင္ႏွစ္ေပါင္း ၃.၆ ဘီလီယံအၾကာတြင္ က်ိဳးေၾကပ်က္စီးသြားမည္ျဖစ္သည္။ ထ႐ိုင္တြန္၏ ပတ္လမ္းမွာ အျခားသာမန္ၿဂိဳဟ္ရံလမ်ားႏွင့္ဆန္႔က်င္ဘက္ ပတ္လမ္းအတိုင္း ၂၃ ဒီဂရီတိမ္းေစာင္းလ်က္ နက္ပကၽြန္းၿဂိဳဟ္အား လွည့္ပတ္ေနသည္။ ထ႐ိုင္တန္သည္ ကၽြန္ေတာ္တို႔ ကမၻာၿဂိဳဟ္ရံလႏွင့္ ပလူတိုၿဂိဳဟ္သိမ္ထက္ပင္ ႀကီးမားပါသည္။

နက္ပကၽြန္းၿဂိဳဟ္၏ အျခားဒုတိယအႀကီးဆုံးၿဂိဳဟ္ရံလမွာ နီရီး (Nereid) ျဖစ္ၿပီး ၁၉၈၉ ခုႏွစ္တြင္ ဗြိင္ေယဂ်ာ ၂ မွ ေတြ႕ရွိခဲ့သည္။ နီးရီးၿဂိဳဟ္ရံလသည္ ထ႐ိုင္တြန္၏ ဝ.၂၅ ရာခိုင္ႏႈန္းေသာ ထုထည္သာ ရွိသည္။ အျခားေသာ ပုံစံမမွန္ေသာ အတြင္းဘက္ၿဂိဳဟ္ရံလမ်ားအား ၂ဝဝ၂ ခုႏွစ္မွ ၂ဝဝ၄ ခုႏွစ္တြင္ ရွာေဖြေတြ႕ရွိခဲ့သည္။ ေနာက္ဆုံးႏွင့္ အေသးငယ္ဆုံးေသာ ၿဂိဳဟ္ရံလကိုမူ ၂ဝ၁၃ ခုႏွစ္တြင္ ရွာေဖြေတြ႕ရွိခဲ့သည္။

ယူေရးနပ္ၿဂိဳဟ္သည္ သူ၏ေနပတ္လမ္းေၾကာင္းအတြင္း ထူးျခားေသာ ေ႐ြ႕လ်ားမႈမ်ားေၾကာင့္ အာကာသပညာရွင္မ်ားသည္ ၿဂိဳဟ္အသစ္ကို ရွာေဖြေစခဲ့သည္။ နက္ပကၽြန္းၿဂိဳဟ္ကို ဗြိဳင္ေယဂ်ာ ၂ အာကာသယာဥ္တစ္စင္းကသာ ၁၉၈၉ ခုႏွစ္ ဩဂုတ္လ ၂၅ရက္တြင္ ေရာက္ရွိခဲ့ေသးသည္။  နတ္ပကၽြန္းမွာ အလြန္ႀကီးမားတဲ့မုန္တိုင္း “မဟာေမွာင္မဲေသာအစက္”ဟု လူသိတဲ့မုန္တိုင္းကို ဗြိဳင္ေယဂ်ာ ၂ အာကာသယာဥ္က ၁၉၈၉ ခုႏွစ္မွာ ေတြ႕ခဲ့သည္။ မည္သို႔ပင္ဆိုေစကာမူ အေမွာင္စက္ႀကီးအား ၁၉၉၄ ခုႏွစ္တြင္ ျမင္ခဲ့ရသည္ မဟုတ္ပါ။ ထိုအခ်ိန္ေနာက္ပိုင္းကတည္းက အသစ္ေသာ အစက္မ်ားကိုလည္း ျမင္ခဲ့ရပါသည္။ အဘယ္ေၾကာင့္ အမည္းစက္ ေပ်ာက္ကြယ္ခဲ့သည္ကိုမူ မသိရေပ။ နာဆာ၏ အနာဂါတ္အာကာသယာဥ္မ်ားက နက္ပကၽြန္းၿဂိဳဟ္အေၾကာင္း ပိုမိုသိရွိရန္ အႀကံေပးထားပါသည္။

နက္ပကြ်န္းၿဂဳိဟ္အေၾကာင္း စိတ္၀င္စားစရာ  အခ်က္မ်ား

၁။ ကမာၻေျမေပၚက ေပါင္ ၁၀၀ ရွိတဲ့လူဟာ နက္ပကြ်န္းၿဂဳိဟ္ေပၚေရာက္တဲ့အခါမွာ ေပါင္ ၁၁၀ ျဖစ္သြားပါလိမ့္မယ္။ နက္ပကြ်န္းရဲ႕ ကမာၻရဲ႕ ေျမဆြဲအားကြာျခားခ်က္ေၾကာင့္ျဖစ္ပါတယ္။ နက္ပကြ်န္းရဲ႕ေျမဆြဲအားဟာ ကမာၻထက္ ၁.၁၃ဆ ပုိမ်ားပါတယ္။

၂။ ကမာၻမွာ ၂၄နာရီဟာ ၁ရက္ျဖစ္ေပမယ့္ နက္ပကြ်န္းၿဂဳိဟ္ေပၚမွာေတာ့ ၁၆နာရီဟာ ၁ရက္ျဖစ္ပါတယ္။

၃။ ၿဂဳိဟ္ႀကီးရွစ္လုံးထဲမွာ နက္ပကြ်န္းဟာ အေ၀းဆုံးၿဂဳိဟ္ျဖစ္ၿပီး ေနကေန မုိင္သန္းေပါင္း ၃ေထာင္ခန္႔ ကြာေ၀းပါတယ္။ ကမာၻနဲ႔ေနရဲ႕အကြာအေ၀းထက္ အဆ ၃၀ ပုိေ၀းတာျဖစ္ပါတယ္။

၄။ ၿဂဳိဟ္ႀကီးရွစ္လုံးအနက္ က်န္ၿဂဳိဟ္အားလုံးကုိ ကမာၻကေန သာမန္မ်က္စိနဲ႔ျမင္ရေပမယ့္ နက္ပကြ်န္းၿဂဳိဟ္ကိုေတာ့ အားေကာင္းတဲ့တယ္လီစကုပ္နဲ႔ ၾကည့္မွ ျမင္ရပါလိမ့္မယ္။ ကမာၻ နဲ႔ နက္ပကြ်န္းၿဂဳိဟ္ဟာ မုိင္သန္းေပါင္း ၂၇၀၀ ကြာေ၀းပါတယ္။

၅။ နက္ပကြ်န္းၿဂဳိဟ္ဟာ ေနကုိတစ္ပတ္ပတ္ရန္ၾကာခ်ိန္ဟာ ကမာၻေျမရဲ႕ႏွစ္ေပါင္း ၁၆၅ႏွစ္ ျဖစ္ပါတယ္။

၆။ တခါတရံမွာ ပလူတုိၿဂဳိဟ္ဟာ နက္ပကြ်န္းၿဂဳိဟ္လမ္းေၾကာင္းကို ျဖတ္သန္းသြားေလ့ရွိပါတယ္။ ဒါေပမယ့္ ဘယ္တုန္းကမွ ဒီၿဂဳိဟ္ႏွစ္ခုဟာ တုိက္မိျခင္းမရွိခဲ့ပါဘူး။

၇။ နက္ပကြ်န္းၿဂဳိဟ္ေပၚမွာျဖစ္ေပၚေလ့ရွိတဲ့ မုန္တုိင္းေတြဟာ ရက္သတၱပတ္ အနည္းငယ္ကေန ႏွစ္ေပါင္း ရာနဲ႔ခ်ီၿပီးၾကာေလ့ရွိပါတယ္။

၈။ နက္ပကြ်န္းရဲ႕ အႀကီးဆုံးၿဂဳိဟ္ရံလျဖစ္တဲ့ Triton ဟာ ေနစၾက၀ဠာအဖြဲ႔အစည္းမွာ အေအးဆုံးေနရာလုိ႔ ဆုိႏုိင္ပါတယ္။ ဒီၿဂဳိဟ္ရံလရဲ႕ အပူခ်ိန္ဟာ အႏုတ္ ၂၃၅ဒီဂရီဆဲစီးယပ္ အထိက်ဆင္းေလ့ရွိပါတယ္။

၉။ ေစတန္ၿဂဳိဟ္လုိပဲ နက္ပကြ်န္းမွာ ၿဂဳိဟ္ကြင္းေတြရွိေနေပမယ့္ ေစတန္ၿဂဳိဟ္ရဲ႕ ၿဂဳိဟ္ကြင္းေတြလုိ လွပၿပီးအေရာင္စုံျခင္း မရွိပါဘူး။ နက္ပကြ်န္းမွာ ၿဂဳိဟ္ကြင္း ငါးခုရွိေပမယ့္ အလြန္ပါးလႊာၿပီး အစိတ္အပုိင္းေတာ္ေတ္ာမ်ားမ်ားကို ျမင္ႏုိင္ျခင္း မရွိပါဘူး။ ၿဂဳိဟ္ကြင္းေတြရဲ႕နာမည္ကုိ နကၡတ္ေဗဒပညာရွင္ေတြျဖစ္တဲ့  Galle, Le Verrier, Lassell , Arago နဲ႔ Adams တုိ႔ရဲ႕အမည္ကိုေပးထားပါတယ္။

၁၀။ နက္ပကြ်န္းဟာ ေလးခုေျမာက္အႀကီးဆုံးၿဂဳိဟ္ျဖစ္ၿပီး သူ႔ရဲ႕ေႏြရာသီ နဲ႔ ေဆာင္းရာသီေတြဟာ ၄၁ႏွစ္ စီၾကာျမင့္ပါတယ္။

Beautiful Facts of Neptune – factretriever
Myanmar Wikipedia

————

နက်ပကျွန်း (သို့) ဂြိုဟ်ပြာကြီးရဲ့အကြောင်း (unicode)

နက်ပကျွန်းဂြိုလ် သည် နေအဖွဲ့အစည်းအတွင်း၌ ၈ ခုမြောက်နှင့် နေမှအဝေးဆုံးဂြိုလ်ဖြစ်သည်။နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အများနှင့် ဖွဲ့စည်းထားသော ဂြိုလ်ဖြစ်ပြီး မြင်နိုင်ရန်ခက်ခဲသော ခါးပတ်ကွင်း ၄ ခုရှိသည်။ နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုလ်ဖြစ်သည်။  နက်ပကျွန်းဂြိုလ်သည် ရောမနတ်ဘုရား ပိုဆီဒွန် (Poseidon) ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ Astronomical symbol for Neptune ဖြစ်သည်။

နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပိုလေးကာ ထုထည်အားဖြင့် ၅၈ဆ ပိုကြီးပါတယ်။ နေမှ ၃ဝ.၁ AU ကွာဝေးသည်။ နက်ပကျွန်းဂြိုဟ်သည် သာမန်မျက်စိနှင့် မမြင်ရပေ။ ယင်းအား ရှာဖွေလေ့လာမှုထက် သင်္ချာနည်းလမ်းအရ ကြိုတင်ခန့်မှန်းခြင်းဖြင့်တွေ့ရှိသည့် တစ်ခုတည်းသောဂြိုဟ်တစ်စင်းပင်ဖြစ်သည်။ နက်ပကျွန်းဂြိုဟ်အား ဗွိုင်ယေဂျာ ၂ အာကာသယာဉ်မှ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် လည်ပတ်ခဲ့သည်။ နောက်ပိုင်းတွင် ဟာဘဲလ် အာကာသမှန်ပြောင်းနှင့် မြေပြင်အခြေစိုက် တယ်လီစကုပ်ကြီးများက အသေးစိတ်ကျသော လေ့လာမှုများအား လုပ်ဆောင်နိုင်ခဲ့သည်။

နက်ပကျွန်းဂြိုလ်၏လေထု (ဂြိုလ်၏အပေါ်တွင်လွှင့်မျောနေသော ဓာတ်ငွေ့အလွှာ) မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် ဟီလီယံဓာတ်ငွေ့တို့ဖြင့် ဖွဲ့စည်းထားပြီး မီသိန်းဓာတ်အနည်းငယ်မျှပါဝင်သည်။ ထို့ကြောင့် ဂြိုလ်၏အရောင်မှာ အပြာရောင်ဖြစ်နေသည်။ နက်ပကျွန်းဂြိုလ်၏ အပြာရောင်မှာ မီသိန်းဓာတ်ငွေ့ ဆတူမျှပါရှိသော ယူရေးနပ်ဂြိုလ်၏အပြာရောင်ထက် များစွာပို၍တောက်ပသည်။ ထို့ကြောင့် နက်ပကျွန်းဂြိုလ် အပြာရောင်တောက်ပခြင်းမှာ အခြားအကြောင်းများလည်း ရှိနိုင်သည်။ နက်ပကျွန်းဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် တိုက်ခတ်သော လေမှာ နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုလ်များနှင့် နှိုင်းယှဉ်လျှင် အပြင်းထန်ဆုံးဖြစ်ပြီး အမြန်ဆုံးအနေနှင့် တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာနှုန်း (မိုင် ၁၃၀၀ နှုန်း) အထိတိုက်ခတ်သည်ဟု တိုင်းတာရရှိသည်။

ရှာဖွေတွေ့ရှိမှု

နက်ပကျွန်းဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့သူ အာဘိန်လီ ဗဲရီယာ အချို့သော အစောဆုံး မှတ်တမ်းများအား တယ်လီစကုပ်များမှ ပြုလုပ်ခဲ့သည်။ ၁၆၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂယ်လီလီယိုမှ မှတ်တမ်းတင်ခဲ့သည်။ သူသည် ကြယ်တစ်စင်းနှင့် နက်ပကျွန်းဂြိုဟ်အား မှားယွင်းခဲ့ဟန်တူသည်။ နက်ပကျွန်းဂြိုဟ်ကို အာကာသပညာရှင်များ ဖြစ်သော အာဘိန်လီဗဲရီယာ(Urbain Le Verrier) နှင့် ဂျွန်ကော့ရှ်အဒမ်(John Couch Adams) တို့က ရှာဖွေတွေ့ရှိခဲ့ခြင့်းဖြစ်ပြီး ၂ ဦးစလုံးမှာ ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ပြုခံခဲ့ရသည်။ ထိုဂြိုဟ်မှာ တယ်လီစကုပ်ကို သုံး၍ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ သင်္ချာနည်းဖြင့်တွက်ချက်မှုကြောင့် ရှာဖွေတွေ့ရှိခဲ့သော ပထမဆုံးဂြိုဟ်ဖြစ်သည်။

ဂြိုဟ်ရံလများ

နက်ပကျွန်းဂြိုဟ်တွင် ဂြိုဟ်ရံလ ၁၄ စင်းရှိသည်။ ထရီတွန် (Triton)သည် အကြီးဆုံးဖြစ်ပြီး ထိုဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ဝီလီယံ ဟာရှယ်ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ တချိန်တုန်းကမူ ကျူးပါး ခါးပတ်ထဲမှ ဂြိုဟ်သိမ်ဟု သတ်မှတ်ခဲ့နိုင်ကောင်းပါသည်။ ၁၉၈၉ ခုနှစ်တွင် ထရိုင်တွန်သည် ကမ္ဘာမြေနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိခဲ့ပါသည်။ ထရိုင်တွန်သည် နောင်နှစ်ပေါင်း ၃.၆ ဘီလီယံအကြာတွင် ကျိုးကြေပျက်စီးသွားမည်ဖြစ်သည်။ ထရိုင်တွန်၏ ပတ်လမ်းမှာ အခြားသာမန်ဂြိုဟ်ရံလများနှင့်ဆန့်ကျင်ဘက် ပတ်လမ်းအတိုင်း ၂၃ ဒီဂရီတိမ်းစောင်းလျက် နက်ပကျွန်းဂြိုဟ်အား လှည့်ပတ်နေသည်။ ထရိုင်တန်သည် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရံလနှင့် ပလူတိုဂြိုဟ်သိမ်ထက်ပင် ကြီးမားပါသည်။

နက်ပကျွန်းဂြိုဟ်၏ အခြားဒုတိယအကြီးဆုံးဂြိုဟ်ရံလမှာ နီရီး (Nereid) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗွိင်ယေဂျာ ၂ မှ တွေ့ရှိခဲ့သည်။ နီးရီးဂြိုဟ်ရံလသည် ထရိုင်တွန်၏ ဝ.၂၅ ရာခိုင်နှုန်းသော ထုထည်သာ ရှိသည်။ အခြားသော ပုံစံမမှန်သော အတွင်းဘက်ဂြိုဟ်ရံလများအား ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးနှင့် အသေးငယ်ဆုံးသော ဂြိုဟ်ရံလကိုမူ ၂ဝ၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ယူရေးနပ်ဂြိုဟ်သည် သူ၏နေပတ်လမ်းကြောင်းအတွင်း ထူးခြားသော ရွေ့လျားမှုများကြောင့် အာကာသပညာရှင်များသည် ဂြိုဟ်အသစ်ကို ရှာဖွေစေခဲ့သည်။ နက်ပကျွန်းဂြိုဟ်ကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်တစ်စင်းကသာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့သေးသည်။  နတ်ပကျွန်းမှာ အလွန်ကြီးမားတဲ့မုန်တိုင်း “မဟာမှောင်မဲသောအစက်”ဟု လူသိတဲ့မုန်တိုင်းကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်က ၁၉၈၉ ခုနှစ်မှာ တွေ့ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အမှောင်စက်ကြီးအား ၁၉၉၄ ခုနှစ်တွင် မြင်ခဲ့ရသည် မဟုတ်ပါ။ ထိုအချိန်နောက်ပိုင်းကတည်းက အသစ်သော အစက်များကိုလည်း မြင်ခဲ့ရပါသည်။ အဘယ်ကြောင့် အမည်းစက် ပျောက်ကွယ်ခဲ့သည်ကိုမူ မသိရပေ။ နာဆာ၏ အနာဂါတ်အာကာသယာဉ်များက နက်ပကျွန်းဂြိုဟ်အကြောင်း ပိုမိုသိရှိရန် အကြံပေးထားပါသည်။

နက်ပကျွန်းဂြိုဟ်အကြောင်း စိတ်ဝင်စားစရာ  အချက်များ

၁။ ကမ္ဘာမြေပေါ်က ပေါင် ၁၀၀ ရှိတဲ့လူဟာ နက်ပကျွန်းဂြိုဟ်ပေါ်ရောက်တဲ့အခါမှာ ပေါင် ၁၁၀ ဖြစ်သွားပါလိမ့်မယ်။ နက်ပကျွန်းရဲ့ ကမ္ဘာရဲ့ မြေဆွဲအားကွာခြားချက်ကြောင့်ဖြစ်ပါတယ်။ နက်ပကျွန်းရဲ့မြေဆွဲအားဟာ ကမ္ဘာထက် ၁.၁၃ဆ ပိုများပါတယ်။

၂။ ကမ္ဘာမှာ ၂၄နာရီဟာ ၁ရက်ဖြစ်ပေမယ့် နက်ပကျွန်းဂြိုဟ်ပေါ်မှာတော့ ၁၆နာရီဟာ ၁ရက်ဖြစ်ပါတယ်။

၃။ ဂြိုဟ်ကြီးရှစ်လုံးထဲမှာ နက်ပကျွန်းဟာ အဝေးဆုံးဂြိုဟ်ဖြစ်ပြီး နေကနေ မိုင်သန်းပေါင်း ၃ထောင်ခန့် ကွာဝေးပါတယ်။ ကမ္ဘာနဲ့နေရဲ့အကွာအဝေးထက် အဆ ၃၀ ပိုဝေးတာဖြစ်ပါတယ်။

၄။ ဂြိုဟ်ကြီးရှစ်လုံးအနက် ကျန်ဂြိုဟ်အားလုံးကို ကမ္ဘာကနေ သာမန်မျက်စိနဲ့မြင်ရပေမယ့် နက်ပကျွန်းဂြိုဟ်ကိုတော့ အားကောင်းတဲ့တယ်လီစကုပ်နဲ့ ကြည့်မှ မြင်ရပါလိမ့်မယ်။ ကမ္ဘာ နဲ့ နက်ပကျွန်းဂြိုဟ်ဟာ မိုင်သန်းပေါင်း ၂၇၀၀ ကွာဝေးပါတယ်။

၅။ နက်ပကျွန်းဂြိုဟ်ဟာ နေကိုတစ်ပတ်ပတ်ရန်ကြာချိန်ဟာ ကမ္ဘာမြေရဲ့နှစ်ပေါင်း ၁၆၅နှစ် ဖြစ်ပါတယ်။

၆။ တခါတရံမှာ ပလူတိုဂြိုဟ်ဟာ နက်ပကျွန်းဂြိုဟ်လမ်းကြောင်းကို ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဒီဂြိုဟ်နှစ်ခုဟာ တိုက်မိခြင်းမရှိခဲ့ပါဘူး။

၇။ နက်ပကျွန်းဂြိုဟ်ပေါ်မှာဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းတွေဟာ ရက်သတ္တပတ် အနည်းငယ်ကနေ နှစ်ပေါင်း ရာနဲ့ချီပြီးကြာလေ့ရှိပါတယ်။
၈။ နက်ပကျွန်းရဲ့ အကြီးဆုံးဂြိုဟ်ရံလဖြစ်တဲ့ Triton ဟာ နေစကြဝဠာအဖွဲ့အစည်းမှာ အအေးဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ ဒီဂြိုဟ်ရံလရဲ့ အပူချိန်ဟာ အနုတ် ၂၃၅ဒီဂရီဆဲစီးယပ် အထိကျဆင်းလေ့ရှိပါတယ်။

၉။ စေတန်ဂြိုဟ်လိုပဲ နက်ပကျွန်းမှာ ဂြိုဟ်ကွင်းတွေရှိနေပေမယ့် စေတန်ဂြိုဟ်ရဲ့ ဂြိုဟ်ကွင်းတွေလို လှပပြီးအရောင်စုံခြင်း မရှိပါဘူး။ နက်ပကျွန်းမှာ ဂြိုဟ်ကွင်း ငါးခုရှိပေမယ့် အလွန်ပါးလွှာပြီး အစိတ်အပိုင်းတော်တော်များများကို မြင်နိုင်ခြင်း မရှိပါဘူး။ ဂြိုဟ်ကွင်းတွေရဲ့နာမည်ကို နက္ခတ်ဗေဒပညာရှင်တွေဖြစ်တဲ့  Galle, Le Verrier, Lassell , Arago နဲ့ Adams တို့ရဲ့အမည်ကိုပေးထားပါတယ်။

၁၀။ နက်ပကျွန်းဟာ လေးခုမြောက်အကြီးဆုံးဂြိုဟ်ဖြစ်ပြီး သူ့ရဲ့နွေရာသီ နဲ့ ဆောင်းရာသီတွေဟာ ၄၁နှစ် စီကြာမြင့်ပါတယ်။

Beautiful Facts of Neptune – factretriever
Myanmar Wikipedia

 

Leave a Reply