ဆန္းဆန္းျပားျပား ေငြေၾကးသုံးစြဲမႈမ်ား

Posted on

ေရွးယခင္က ေငြေၾကးအျဖစ္ ကမာခြံေတြနဲ႕ တိရိစာၦန္ေတြရဲ့ အရိုးေတြကို အသံုးျပဳခဲ့ၾကေပမယ့္ ယေန႔အခ်ိန္မွာေတာ့ ေငြေၾကးဆိုင္ရာသေကၤတပစၥည္းေတြဟာ ၾကီးၾကီးမားမားေျပာင္းလဲသြားျပီပဲျဖစ္ပါတယ္။ ယေန႔သံုးစြဲေနတဲ့ ေငြဒဂၤါးေတြ၊ေငြစကၠဴေတြ၊ အေၾကြးဝယ္ကဒ္ေတြနဲ႕ကမာၻအနွံ႕အျပား မွာက်ယ္က်ယ္ျပန္႔ျပန္႔သံုးစြဲလ်က္ရွိေနပါျပီ။ ဒါေပမဲ့ လူသားေတြဟာ လူရဲ့က်င္ငယ္ေရ နဲ႔ဘီယာဘူးအဖံုးကဲ့သို႔ေသာ ပစၥည္းေတြကို ေငြေၾကးဆိုင္ရာသံုးစြဲတဲ့ အမွတ္အသားအျဖစ္ အသံုးျပဳခဲ့ၾကတယ္ဆိုရင္ ၾကားသိရသူအဖို႔ ထူးဆန္းေနပါလိမ့္မယ္။ ဒီလိုသံုးစြဲခဲ့တဲ့သူေတြဟာ ဘယ္လိုနားလည္မႈ ကိုအေျခခံျပီး ဒီပစၥည္းေတြကို သံုးစြဲခဲ့ၾကပါသလဲ။ ဒီေနရာမွာ မ်ွေဝေပးခ်င္တာကေတာ့ ကမာၻေပၚမွာေငြေၾကးဆိုင္ရာေပးေခ်မႈအေနနဲ႕သံုးစြဲခဲ့ၾကတဲ့ ထူးထူးဆန္းဆန္း အရာေတြအေၾကာင္းပဲျဖစ္ပါတယ္။

(၁) Tea bricks

ကုန္လြန္ခဲ့ျပီး ကာလေတြျဖစ္တဲ့(၉)ရာစုကေန (၂၀)ရာစု အတြင္းမွာ Tea bricksလို႔ ေခၚတဲ့ အုတ္ခ်ပ္ေတြကို တာမစ္စတန္နိုင္ငံ၊ တရုတ္ႏုိင္ငံ၊ မြန္ဂိုလီးယားနိုင္ငံနဲ႕ရုရွား နိုင္ငံရဲ့အခ်ိဳ႕ေနရာေတြမွာေငြေၾကးအျဖစ္သံုးစြဲခဲ့ၾကပါတယ္။ ဒီအုတ္ခ်ပ္ေတြကို မတူညီတဲ့ အရြယ္အစား၊ ပံုစံအမ်ိဳးမ်ိဳးထုတ္လုပ္ခဲ့ၾကပါတယ္။ ဒီအုတ္ခ်ပ္တစ္ခုနဲ႔အျခားတစ္ခုဟာ မတူညီပဲ အုတ္ခ်ပ္ရဲ့ အရည္အေသြးနဲ႔ ဒီအုတ္ခ်ပ္ေပၚမွာထြင္းထုထားတဲ့ လက္ရာေတြ အေပၚမူတည္ျပီး ေငြေၾကးတန္ဖိုး အနည္းအမ်ား ခြဲျခားထားတာပါ။

(၂) Urine

ဒီသံုးစြဲတဲ့စနစ္ကေတာ့ အေတာ္ေလးထူးဆန္းျပီး မ်က္ေမွာက္ေခတ္မွာ သံုးစြဲေနၾကတာပါ။ လူရဲ့ ဆီးကိုေငြေၾကးပံုစံ ေပးေခ်မႈအေနနဲ႕ အခ်ိဳ႕အက်ဥ္းေထာင္ေတြမွာ သံုးစြဲ ေနၾကတာပါ။ တစ္ခါတစ္ရံမွာေတာ့ မူးယစ္ေဆးနဲ႔ပတ္သတ္ျပီး ေရွာင္တစ္ခင္ စစ္ေဆး မႈေတြကိုအက်ဥ္းေထာင္ေတြမွာျပဳလုပ္ေလ့ရွိပါတယ္။ဒီလိုစစ္ေဆးရာမွာတာဝန္ရွိသူေတြဟာအက်ဥ္းသားရဲ့ ဆီးနမူနာကိုသာယူျပီးစစ္ေဆးၾကပါတယ္။မူးယစ္ေဆးသံုးစြဲေၾကာင္း ထင္ရွားပါက ထပ္ဆင့္ျပစ္ဒဏ္ေတြထပ္မံ အေရးယူျခင္းခံရပါတယ္။ အဲဒီအခါမွာ အက်ဥ္းေထာင္ထဲကမူးယစ္ေဆးသံုးစြဲေနသူေတြဟာ သူတို႕ရဲ့ ဆီးနမူနာကို တာဝန္ရွိသူေတြကို ေပးဖို႕အခက္အခဲၾကီးစြာ ျဖစ္ရပါတယ္။ ဒါေၾကာင့္သူတို႔ဟာ တစ္ျခား အက်ဥ္းသား(မူးယစ္ေဆးမသံုးတဲ့သူ)ရဲ့ ဆီးနမူနာကို ရယူရန္ ပို္င္ဆိုင္မႈတန္ဖိုးတစ္ခုနဲ႕ ကမ္းလွမ္းခဲ့ၾကပါတယ္။ ဒါေၾကာင့္ လူသားေတြရဲ့ ဆီးဟာ တစ္ခ်ိဳ႕ေသာ အက်ဥ္းေထာင္ ေတြမွာေတာ့ ေပးေခ်မႈဆိုင္ရာ တန္ဖိုးတစ္ခု အေနနဲ႔ သတ္မွတ္အသံုးျပဳေနတာပါ။

(၃) Laundary detergents

ပံုပါျမင္ရတဲ့ Tide အမ်ိဳးအစား အဝတ္အထည္ အစြန္းခၽြတ္ေဆးဟာ ဒီေငြေၾကးဆိုင္ ရာေပးေခ်မႈစာရင္းမွာ ပါဝင္လာမယ္လို႔ ဘယ္သူကမွေတြးမိမယ္မထင္ပါဘူး။ လက္ရွိ အေနအထားမွာေတာ့ ဒီနာမည္ေက်ာ္အစြန္းခၽြတ္ေဆးဟာ မူးယစ္ေဆးဝါးေရာင္းခ်သူေတြအတြက္ အလြန္အေရးပါတဲ့ပစၥည္းတစ္ခုျဖစ္ေနတာပါ။ ဒီအစြန္းခၽြတ္ေဆးဟာ လူသိမ်ားျပီး အလြန္ေရာင္းေကာင္းတဲ့ထုတ္ကုန္တစ္ခု ျဖစ္တာေၾကာင့္ မူးယစ္ေဆးဝါး ကုန္သည္ေတြဟာ ဒီဘူးေတြထဲမွာ မူးယစ္ေဆးဝါးေတြကို သုိေလွာင္ျပီးတစ္ေနရာကေန တစ္ေနရာကို သက္သာင့္သက္သာ သယ္ေဆာင္ေရာင္းခ်ေနတာပါ။ ဒီအစြန္း ခၽြတ္ေဆးဟာ အိမ္တိုင္းမွာ၊ေနရာတိုင္းမွာရွိတာေၾကာင့္ အာဏာပိုင္ေတြ အေနနဲ႔မ်က္စိ လည္စရာျဖစ္ေနတာပါ။ ဒုစရိုက္ေလာကရဲ့ ေမွာင္ခိုေစ်းကြက္မွာ ေဆးေျခာက္နဲ႕ ကိုကင္းထည့္ထားတဲ့ အဲဒီအစြန္းခၽြတ္ေဆး 150-0z ဘူးတစ္ဘူးဟာ အေမရိကန္ ေဒၚလာ (၁၀)ေဒၚလာတန္ဖိုးရွိေနတာပါ။

(၄) Katanga Cross

ဒီၾကက္ေျခခတ္ကိုျမင္လိုက္ရင္ေတာ့ ဒီအရာဟာ ကၽြန္ပ္တို႔ဘိုးဘြားေတြလက္ ထက္ထဲက တည္ေဆာက္ခဲ့တဲ့ လက္မႈပစၥည္းတစ္ခုလို႔ထင္ေကာင္း ထင္္နို္င္ပါတယ္။ ဒီေၾကးနီနဲ႔ျပဳလုပ္ထားတဲ့ၾကက္ေျခခတ္ကို (၁၉)ရာစုကေန(၂၀)ရာစုအေစာပိုင္းကာလ ေတြအထိ ကြန္ဂိုသမၼတနိုင္ငံရဲ့ တရားဝင္ ေငြေၾကးအေနနဲ႕ အသံုးျပဳခဲ့ၾကပါတယ္။ Katanga ဆိုတဲ့အမည္ကေတာ့ ကြန္ဂိုနိုင္ငံက ျပည္နယ္တစ္ခုရဲ့နာမည္ျဖစ္ျပီး အဲဒီ ၾကက္ေၾကခတ္ကို ပံုစံအမ်ိဳးမ်ိဳးနဲ့ထုတ္လုပ္ျပီး ေငြေၾကးဆိုင္ရာ အမွတ္အသားအေန နဲ႔ သံုးစြဲခဲ့ၾကတာပါ။ ဒီေၾကးနီၾကက္ေျခခတ္ရဲ့ အခ်င္းဟာ (၂၀)cm အထိရွိျပီး 1kg အထိအေလးခ်ိန္ရွိပါတယ္။

(၅) Rai Stones

Rai Stones ေတြဟာ သမိုင္းတစ္ေလွ်ာက္အၾကီးမားဆံုးထုထည္ရွိတဲ့ ေငြေၾကးေတြ ျဖစ္ေကာင္းျဖစ္နို္င္ပါတယ္။ ဒီ Rai Stones ေတြကို ခရိုေအးရွားနိုင္ငံ Adriatic ပင္လယ္ ထဲက Rap ကၽြန္းစုမွာ AD ၅၀၀ ဝန္းက်င္ေလာက္ကအသံုးျပဳခဲ့ၾကတာပါ။ Rai Stone တစ္ခုခ်င္းစီမွာကိုယ္ပိုင္သမိုင္းေခါင္းစဥ္တစ္ခုရွိျပီး အဲဒီေက်ာက္တံုးေတြရဲ့တန္ဖိုးကိုပါ ဆံုးျဖတ္နိုင္ပါတယ္။ ယင္းကာလက အဲဒီ Rai Stones ေတြကို ခက္ခက္ခဲခဲဖန္တီးခဲ့ရျပီး တစ္ေနရာကေနတစ္ေနရာကို ခဲယဥ္းစြာသယ္ေဆာင္ခဲ့ရပံုပါ။ ဒါအျပင္ Rai Stones ေတြရဲ့ ေငြေၾကးဆိုင္ရာတန္ဖိုးအနည္းအမ်ားကို ဘယ္လိုတြက္ခ်က္ခဲ့ၾကပါသလဲ ဆိုတာလည္း စဥ္းစားစရာျဖစ္ခဲ့ပါတယ္။

(၆) Lobi snakes

အာဖရိကတိုက္ ဂါနာနိုင္ငံမွာရွိတဲ့ Lobi လူမ်ိဳးႏြယ္ေတြဟာ ေျမြေတြကို သူတို႔လူမ်ိဳး ရဲ့ယဥ္ေက်းမႈသမိုင္းေၾကာင္းမွာ အေရးပါတဲ့ေနရာကေနပါဝင္တယ္လို႔အယူရွိၾကပါတယ္။ လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းကိုသာ အဓိကလုပ္ကိုင္ၾကတဲ့ Lobi ေတြအတြက္ သူတို႔ရဲ့ လုပ္ငန္းခြင္မွာ မ်ားစြာေသာအႏၱရာယ္ရွိတဲ့ ေျမြမ်ိဳးစံုနဲ႔ၾကံဳေတြ႔ေနရပါတယ္။ ပံုမွာပါတဲ့ သံနဲ႔ျပဳလုပ္ထားတဲ့ ေျမြရုပ္ကေလးေတြကို ေဆာင္ထားမယ္ဆိုရင္ေတာ့ အဲဒီေျမြအႏၱရာယ္ေတြကေန ေရွာင္ရွားႏုိင္မယ္လို႔ Lobi မ်ိဳးႏြယ္ေတြကယံုၾကည္ၾကတာပါ။ ဒါေၾကာင့္ အဲဒီသံနဲ႕ျပဳလုပ္ထားတဲ့ ေျမြရုပ္ထုေတြဟာ Lobi လူမ်ိဳးစုေတြအၾကားမွာ တန္ဖိုးရွိတဲ့ ေငြေၾကးဆိုင္ရာ သေကၤတတစ္ခု အေနနဲ႔ ယေန႔တိုင္ သံုးစြဲလ်က္ရွိေနဆဲျဖစ္ပါတယ္။

(၇) Dolphin Teeth

ယခုေဖာ္္ျပမဲ့ အေၾကာင္းအရာကေတာ့ ယံုၾကည္္ဖို႕အေတာ္ခက္ခဲပါတယ္။ ေဆာ္လမြန္ ကၽြန္းစုနိုင္ငံမွာေတာ့ လင္းပိုင္ရဲ့သြားေတြကို ေငြေၾကးအျဖစ္ သံုးစြဲေနတယ္လုိ႔ ဆုိပါတယ္။ အဂၤလန္နိုင္ငံအေျခစိုက္ Royal Society Open Science ဂ်ာနယ္ရဲ့ေဖာ္ျပခ်က္အရဆိုရင္ေတာ့ ၁၉၇၆ ကေန ၂၀၁၃ ခုနွစ္အထိ ေငြေၾကးအျဖစ္ အသံုးျပဳေနတဲ့ လင္းပိုင္ေတြရဲ့ သြားကို ရရွိရန္ ရည္ရြယ္ခ်က္နဲ႔ လူသားေတြရဲ့ သတ္ျဖတ္မႈေၾကာင့္ လင္းပိုင္ေကာင္ေရ ၁၅၄၀၀ အထိေသဆံုးခဲ့ရျပီျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ အလြန္ဆိုးရြားတဲ့အေျခအေနျဖစ္ျပီး လင္းပိုင္ေတြမ်ိဳးတံုးသြားနိုင္တဲ့ အေျခအေနပါ။

(၈) Shells

ပံုမွာေဖာ္ျပထားတဲ့ ခရုခြံေတြကို ေငြေၾကးအျဖစ္အသံုးျပဳေနတာကေတာ့ ဒီပစၥည္း ေတြရဲ့ လွပတဲ့သြင္ျပင္ေၾကာင့္ျဖစ္ေကာင္းျဖစ္နိုင္ပါလိမ့္မယ္။ Shells Money ေတြကို အာရွ၊အာဖရိက၊ အေမရိက၊ ၾသစေတးလ်တိုက္ေတြမွာရွိတဲ့ ေဒသအခ်ိဳ႕မွာ တစ္ခ်ိန္တစ္ခါတုန္းကေတာ့ ေငြေၾကးအျဖစ္သံုးစြဲခဲ့ၾကပါတယ္။ သမိုင္္းသုေတသနပညာရွင္ေတြရဲ့ ေတြ႔ရွိခ်က္အရဆိုရင္ေတာ့ ဒီလွပတဲ့ေရာင္စံုခရုခြံေတြကို ၁၂၀၀BC ေလာက္ကတည္းက ေငြေၾကးဆိုင္ရာ သေကၤတအျဖစ္အသံုးျပဳေနၾကတာလို႔ အခိုင္အမာေျပာဆိုၾကပါတယ္။ ကမာၻေပၚက ေဝးလံေခါင္ဖ်ား ေဒသေတြမွာလည္း ယေန႔အခ်ိန္ထိ ဒီခရုခြံေတြကို ေငြေၾကးဆိုင္ရာ ေပးေခ်မႈအျဖစ္ သံုးစြဲလ်က္ရွိေနဆဲပါပဲ၊၊

(၉) Arrowheads

ပံုမွာေဖာ္ျပထားတဲ့ Arrowheads(ျမွားေခါင္း) အရြယ္အစားအမ်ိဳးမ်ိဳးကို ပင္လယ္နက္ ေျမာက္ပိုင္းမွာရွိတဲ့ ေဒသအခ်ိဳ႕ေတြမွာ ေရွးအခါက တြင္တြင္က်ယ္က်ယ္အသံုးျပဳခဲ့ ၾကပါတယ္။ Arrowheadsေတြကို ေငြသားနဲ႔တူညီတဲ့တန္ဖိုး အေနနဲ႕သတ္မွတ္ျပီး ယင္းေဒသေတြမွာသံုးစြဲခဲ့ၾကတာပါ။ Arrowheadsေတြရဲ့ မာေက်ာတဲ့ အစိတ္အပိုင္း ပံုသ႑န္ေတြေၾကာင့္ လက္နက္အေနနဲ႔ပါ ေရွးကာလကသံုးခဲ့ၾကတယ္လို႔ ပညာရွင္ေတြ ကယူဆခဲ့ၾကတာပါ။ Arrowheads ေငြေၾကးေတြဟာ ပံုစံအမ်ိဳးမ်ိဳးထုတ္လုပ္ခဲ့ၾကျပီး အဲဒီ Arrowheadsေတြကို ယွက္ေထြးတဲ့ပံုစံရွိတဲ့ လင္းပိုင္နဲ႔ ငါးမ်ိဳးစိတ္အခ်ိဳ႕ရဲ့ ခႏၶာ ကိုယ္အစိတ္အပိုင္းကေန ရယူခဲ့ၾကတာပါ။

(၁၀) Parmigiano Reggiano Cheese

ဥေရာပမွာရွိတဲ့အီတလီလူမ်ိဳးေတြဟာ ႏြားနို႔ကေနထုတ္လုပ္တဲ့ဒိန္ခဲကိုနွစ္သက္ၾကပါတယ္။ စားေသာက္တဲ့အရာတစ္ခုထက္ပိုျပီး အေလးထားၾကတာေၾကာင့္ အီတလီနိုင္ငံ ကဘဏ္တစ္ခုျဖစ္တဲ့ Credito Emiliano ဘဏ္ ကေန အီတလီနိုင္ငံထုတ္ဒိန္ခဲေတြကို ေငြေပးေခ်မႈ ပံုစံတစ္ခုအေနနဲ႔အသိအမွတ္ျပဳခဲ့ပါတယ္။ ၁၉၅၃ကတည္းက ဒီအီတလီ အေျခစိုက္ဘဏ္ဟာ အေသးစားေခ်းေငြလုပ္ငန္းေတြမွာ Parmigiano Reggiano Cheese ေတြနဲ႔ ေပးေခ်ဖို႔သေဘာတူညီခဲ့တာပါ။ ဒါေၾကာင့္ အီတလီနိုင္ငံရဲ့ ဒိန္ခဲထုတ္လုပ္မႈေစ်းကြက္ဟာ အလြန္ၾကီးမားလာတာပါ။

(၁၁) Bottle Caps

အာဖရိကတိုက္မွာရွိတဲ့ ကင္မရြန္းနိုင္ငံမွာေတာ့ ဘီယာပုလင္း အဖံုးေတြကိုေငြေၾကးဆိုင္ရာဆုအေနနဲ႔ သတ္မွတ္ေပးပါတယ္။ ဒါကလည္း ဘီယာခ်က္စက္ရံုေတြအၾကား အျပန္အလွန္ ေစ်းကြတ္ျမွင့္တင္တဲ့အေနနဲ႔ ေသာက္သံုးသူေတြကိုမက္လံုးေပးတာ လည္းျဖစ္ပါတယ္။ အထက္မွာေဖာ္ျပခဲ့တဲ့ ေငြေၾကးအျဖစ္သံုးစြဲတဲ့အရာေတြက ထူးျခားတာေၾကာင့္ ဗဟုသုတအေနနဲ႔ ေ၀မွ်လုိက္ျခင္းျဖစ္ပါတယ္။

သုတဇုန္

—————————

ဆန်းဆန်းပြားပြား ငွေကြေးသုံးစွဲမှုများ (unicode)

ရှေးယခင်က ငွေကြေးအဖြစ် ကမာခွံတွေနဲ့ တိရိစ္ဆာန်တွေရဲ့ အရိုးတွေကို အသုံးပြုခဲ့ကြပေမယ့် ယနေ့အချိန်မှာတော့ ငွေကြေးဆိုင်ရာသင်္ကေတပစ္စည်းတွေဟာ ကြီးကြီးမားမားပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ ယနေ့သုံးစွဲနေတဲ့ ငွေဒင်္ဂါးတွေ၊ငွေစက္ကူတွေ၊ အကြွေးဝယ်ကဒ်တွေနဲ့ကမ္ဘာအနှံ့အပြား မှာကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလျက်ရှိနေပါပြီ။ ဒါပေမဲ့ လူသားတွေဟာ လူရဲ့ကျင်ငယ်ရေ နဲ့ဘီယာဘူးအဖုံးကဲ့သို့သော ပစ္စည်းတွေကို ငွေကြေးဆိုင်ရာသုံးစွဲတဲ့ အမှတ်အသားအဖြစ် အသုံးပြုခဲ့ကြတယ်ဆိုရင် ကြားသိရသူအဖို့ ထူးဆန်းနေပါလိမ့်မယ်။ ဒီလိုသုံးစွဲခဲ့တဲ့သူတွေဟာ ဘယ်လိုနားလည်မှု ကိုအခြေခံပြီး ဒီပစ္စည်းတွေကို သုံးစွဲခဲ့ကြပါသလဲ။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာငွေကြေးဆိုင်ရာပေးချေမှုအနေနဲ့သုံးစွဲခဲ့ကြတဲ့ ထူးထူးဆန်းဆန်း အရာတွေအကြောင်းပဲဖြစ်ပါတယ်။

(၁) Tea bricks

ကုန်လွန်ခဲ့ပြီး ကာလတွေဖြစ်တဲ့(၉)ရာစုကနေ (၂၀)ရာစု အတွင်းမှာ Tea bricksလို့ ခေါ်တဲ့ အုတ်ချပ်တွေကို တာမစ်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနဲ့ရုရှား နိုင်ငံရဲ့အချို့နေရာတွေမှာငွေကြေးအဖြစ်သုံးစွဲခဲ့ကြပါတယ်။ ဒီအုတ်ချပ်တွေကို မတူညီတဲ့ အရွယ်အစား၊ ပုံစံအမျိုးမျိုးထုတ်လုပ်ခဲ့ကြပါတယ်။ ဒီအုတ်ချပ်တစ်ခုနဲ့အခြားတစ်ခုဟာ မတူညီပဲ အုတ်ချပ်ရဲ့ အရည်အသွေးနဲ့ ဒီအုတ်ချပ်ပေါ်မှာထွင်းထုထားတဲ့ လက်ရာတွေ အပေါ်မူတည်ပြီး ငွေကြေးတန်ဖိုး အနည်းအများ ခွဲခြားထားတာပါ။

(၂) Urine

ဒီသုံးစွဲတဲ့စနစ်ကတော့ အတော်လေးထူးဆန်းပြီး မျက်မှောက်ခေတ်မှာ သုံးစွဲနေကြတာပါ။ လူရဲ့ ဆီးကိုငွေကြေးပုံစံ ပေးချေမှုအနေနဲ့ အချို့အကျဉ်းထောင်တွေမှာ သုံးစွဲ နေကြတာပါ။ တစ်ခါတစ်ရံမှာတော့ မူးယစ်ဆေးနဲ့ပတ်သတ်ပြီး ရှောင်တစ်ခင် စစ်ဆေး မှုတွေကိုအကျဉ်းထောင်တွေမှာပြုလုပ်လေ့ရှိပါတယ်။ဒီလိုစစ်ဆေးရာမှာတာဝန်ရှိသူတွေဟာအကျဉ်းသားရဲ့ ဆီးနမူနာကိုသာယူပြီးစစ်ဆေးကြပါတယ်။မူးယစ်ဆေးသုံးစွဲကြောင်း ထင်ရှားပါက ထပ်ဆင့်ပြစ်ဒဏ်တွေထပ်မံ အရေးယူခြင်းခံရပါတယ်။ အဲဒီအခါမှာ အကျဉ်းထောင်ထဲကမူးယစ်ဆေးသုံးစွဲနေသူတွေဟာ သူတို့ရဲ့ ဆီးနမူနာကို တာဝန်ရှိသူတွေကို ပေးဖို့အခက်အခဲကြီးစွာ ဖြစ်ရပါတယ်။ ဒါကြောင့်သူတို့ဟာ တစ်ခြား အကျဉ်းသား(မူးယစ်ဆေးမသုံးတဲ့သူ)ရဲ့ ဆီးနမူနာကို ရယူရန် ပ်ိုင်ဆိုင်မှုတန်ဖိုးတစ်ခုနဲ့ ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါကြောင့် လူသားတွေရဲ့ ဆီးဟာ တစ်ချို့သော အကျဉ်းထောင် တွေမှာတော့ ပေးချေမှုဆိုင်ရာ တန်ဖိုးတစ်ခု အနေနဲ့ သတ်မှတ်အသုံးပြုနေတာပါ။

(၃) Laundary detergents

ပုံပါမြင်ရတဲ့ Tide အမျိုးအစား အဝတ်အထည် အစွန်းချွတ်ဆေးဟာ ဒီငွေကြေးဆိုင် ရာပေးချေမှုစာရင်းမှာ ပါဝင်လာမယ်လို့ ဘယ်သူကမှတွေးမိမယ်မထင်ပါဘူး။ လက်ရှိ အနေအထားမှာတော့ ဒီနာမည်ကျော်အစွန်းချွတ်ဆေးဟာ မူးယစ်ဆေးဝါးရောင်းချသူတွေအတွက် အလွန်အရေးပါတဲ့ပစ္စည်းတစ်ခုဖြစ်နေတာပါ။ ဒီအစွန်းချွတ်ဆေးဟာ လူသိများပြီး အလွန်ရောင်းကောင်းတဲ့ထုတ်ကုန်တစ်ခု ဖြစ်တာကြောင့် မူးယစ်ဆေးဝါး ကုန်သည်တွေဟာ ဒီဘူးတွေထဲမှာ မူးယစ်ဆေးဝါးတွေကို သိုလှောင်ပြီးတစ်နေရာကနေ တစ်နေရာကို သက်သာင့်သက်သာ သယ်ဆောင်ရောင်းချနေတာပါ။ ဒီအစွန်း ချွတ်ဆေးဟာ အိမ်တိုင်းမှာ၊နေရာတိုင်းမှာရှိတာကြောင့် အာဏာပိုင်တွေ အနေနဲ့မျက်စိ လည်စရာဖြစ်နေတာပါ။ ဒုစရိုက်လောကရဲ့ မှောင်ခိုဈေးကွက်မှာ ဆေးခြောက်နဲ့ ကိုကင်းထည့်ထားတဲ့ အဲဒီအစွန်းချွတ်ဆေး 150-0z ဘူးတစ်ဘူးဟာ အမေရိကန် ဒေါ်လာ (၁၀)ဒေါ်လာတန်ဖိုးရှိနေတာပါ။

(၄) Katanga Cross

ဒီကြက်ခြေခတ်ကိုမြင်လိုက်ရင်တော့ ဒီအရာဟာ ကျွန်ပ်တို့ဘိုးဘွားတွေလက် ထက်ထဲက တည်ဆောက်ခဲ့တဲ့ လက်မှုပစ္စည်းတစ်ခုလို့ထင်ကောင်း ထင်န်ိုင်ပါတယ်။ ဒီကြေးနီနဲ့ပြုလုပ်ထားတဲ့ကြက်ခြေခတ်ကို (၁၉)ရာစုကနေ(၂၀)ရာစုအစောပိုင်းကာလ တွေအထိ ကွန်ဂိုသမ္မတနိုင်ငံရဲ့ တရားဝင် ငွေကြေးအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။ Katanga ဆိုတဲ့အမည်ကတော့ ကွန်ဂိုနိုင်ငံက ပြည်နယ်တစ်ခုရဲ့နာမည်ဖြစ်ပြီး အဲဒီ ကြက်ကြေခတ်ကို ပုံစံအမျိုးမျိုးနဲ့ထုတ်လုပ်ပြီး ငွေကြေးဆိုင်ရာ အမှတ်အသားအနေ နဲ့ သုံးစွဲခဲ့ကြတာပါ။ ဒီကြေးနီကြက်ခြေခတ်ရဲ့ အချင်းဟာ (၂၀)cm အထိရှိပြီး 1kg အထိအလေးချိန်ရှိပါတယ်။

(၅) Rai Stones

Rai Stones တွေဟာ သမိုင်းတစ်လျှောက်အကြီးမားဆုံးထုထည်ရှိတဲ့ ငွေကြေးတွေ ဖြစ်ကောင်းဖြစ်န်ိုင်ပါတယ်။ ဒီ Rai Stones တွေကို ခရိုအေးရှားနိုင်ငံ Adriatic ပင်လယ် ထဲက Rap ကျွန်းစုမှာ AD ၅၀၀ ဝန်းကျင်လောက်ကအသုံးပြုခဲ့ကြတာပါ။ Rai Stone တစ်ခုချင်းစီမှာကိုယ်ပိုင်သမိုင်းခေါင်းစဉ်တစ်ခုရှိပြီး အဲဒီကျောက်တုံးတွေရဲ့တန်ဖိုးကိုပါ ဆုံးဖြတ်နိုင်ပါတယ်။ ယင်းကာလက အဲဒီ Rai Stones တွေကို ခက်ခက်ခဲခဲဖန်တီးခဲ့ရပြီး တစ်နေရာကနေတစ်နေရာကို ခဲယဉ်းစွာသယ်ဆောင်ခဲ့ရပုံပါ။ ဒါအပြင် Rai Stones တွေရဲ့ ငွေကြေးဆိုင်ရာတန်ဖိုးအနည်းအများကို ဘယ်လိုတွက်ချက်ခဲ့ကြပါသလဲ ဆိုတာလည်း စဉ်းစားစရာဖြစ်ခဲ့ပါတယ်။

(၆) Lobi snakes

အာဖရိကတိုက် ဂါနာနိုင်ငံမှာရှိတဲ့ Lobi လူမျိုးနွယ်တွေဟာ မြွေတွေကို သူတို့လူမျိုး ရဲ့ယဉ်ကျေးမှုသမိုင်းကြောင်းမှာ အရေးပါတဲ့နေရာကနေပါဝင်တယ်လို့အယူရှိကြပါတယ်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြတဲ့ Lobi တွေအတွက် သူတို့ရဲ့ လုပ်ငန်းခွင်မှာ များစွာသောအန္တရာယ်ရှိတဲ့ မြွေမျိုးစုံနဲ့ကြုံတွေ့နေရပါတယ်။ ပုံမှာပါတဲ့ သံနဲ့ပြုလုပ်ထားတဲ့ မြွေရုပ်ကလေးတွေကို ဆောင်ထားမယ်ဆိုရင်တော့ အဲဒီမြွေအန္တရာယ်တွေကနေ ရှောင်ရှားနိုင်မယ်လို့ Lobi မျိုးနွယ်တွေကယုံကြည်ကြတာပါ။ ဒါကြောင့် အဲဒီသံနဲ့ပြုလုပ်ထားတဲ့ မြွေရုပ်ထုတွေဟာ Lobi လူမျိုးစုတွေအကြားမှာ တန်ဖိုးရှိတဲ့ ငွေကြေးဆိုင်ရာ သင်္ကေတတစ်ခု အနေနဲ့ ယနေ့တိုင် သုံးစွဲလျက်ရှိနေဆဲဖြစ်ပါတယ်။

(၇) Dolphin Teeth

ယခုဖော်္ပြမဲ့ အကြောင်းအရာကတော့ ယုံကြည်ဖို့အတော်ခက်ခဲပါတယ်။ ဆော်လမွန် ကျွန်းစုနိုင်ငံမှာတော့ လင်းပိုင်ရဲ့သွားတွေကို ငွေကြေးအဖြစ် သုံးစွဲနေတယ်လို့ ဆိုပါတယ်။ အင်္ဂလန်နိုင်ငံအခြေစိုက် Royal Society Open Science ဂျာနယ်ရဲ့ဖော်ပြချက်အရဆိုရင်တော့ ၁၉၇၆ ကနေ ၂၀၁၃ ခုနှစ်အထိ ငွေကြေးအဖြစ် အသုံးပြုနေတဲ့ လင်းပိုင်တွေရဲ့ သွားကို ရရှိရန် ရည်ရွယ်ချက်နဲ့ လူသားတွေရဲ့ သတ်ဖြတ်မှုကြောင့် လင်းပိုင်ကောင်ရေ ၁၅၄၀၀ အထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အလွန်ဆိုးရွားတဲ့အခြေအနေဖြစ်ပြီး လင်းပိုင်တွေမျိုးတုံးသွားနိုင်တဲ့ အခြေအနေပါ။

(၈) Shells

ပုံမှာဖော်ပြထားတဲ့ ခရုခွံတွေကို ငွေကြေးအဖြစ်အသုံးပြုနေတာကတော့ ဒီပစ္စည်း တွေရဲ့ လှပတဲ့သွင်ပြင်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ Shells Money တွေကို အာရှ၊အာဖရိက၊ အမေရိက၊ ဩစတေးလျတိုက်တွေမှာရှိတဲ့ ဒေသအချို့မှာ တစ်ချိန်တစ်ခါတုန်းကတော့ ငွေကြေးအဖြစ်သုံးစွဲခဲ့ကြပါတယ်။ သမိုင်းသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်အရဆိုရင်တော့ ဒီလှပတဲ့ရောင်စုံခရုခွံတွေကို ၁၂၀၀BC လောက်ကတည်းက ငွေကြေးဆိုင်ရာ သင်္ကေတအဖြစ်အသုံးပြုနေကြတာလို့ အခိုင်အမာပြောဆိုကြပါတယ်။ ကမ္ဘာပေါ်က ဝေးလံခေါင်ဖျား ဒေသတွေမှာလည်း ယနေ့အချိန်ထိ ဒီခရုခွံတွေကို ငွေကြေးဆိုင်ရာ ပေးချေမှုအဖြစ် သုံးစွဲလျက်ရှိနေဆဲပါပဲ၊၊

(၉) Arrowheads

ပုံမှာဖော်ပြထားတဲ့ Arrowheads(မြှားခေါင်း) အရွယ်အစားအမျိုးမျိုးကို ပင်လယ်နက် မြောက်ပိုင်းမှာရှိတဲ့ ဒေသအချို့တွေမှာ ရှေးအခါက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ ကြပါတယ်။ Arrowheadsတွေကို ငွေသားနဲ့တူညီတဲ့တန်ဖိုး အနေနဲ့သတ်မှတ်ပြီး ယင်းဒေသတွေမှာသုံးစွဲခဲ့ကြတာပါ။ Arrowheadsတွေရဲ့ မာကျောတဲ့ အစိတ်အပိုင်း ပုံသဏ္ဍန်တွေကြောင့် လက်နက်အနေနဲ့ပါ ရှေးကာလကသုံးခဲ့ကြတယ်လို့ ပညာရှင်တွေ ကယူဆခဲ့ကြတာပါ။ Arrowheads ငွေကြေးတွေဟာ ပုံစံအမျိုးမျိုးထုတ်လုပ်ခဲ့ကြပြီး အဲဒီ Arrowheadsတွေကို ယှက်ထွေးတဲ့ပုံစံရှိတဲ့ လင်းပိုင်နဲ့ ငါးမျိုးစိတ်အချို့ရဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းကနေ ရယူခဲ့ကြတာပါ။

(၁၀) Parmigiano Reggiano Cheese

ဥရောပမှာရှိတဲ့အီတလီလူမျိုးတွေဟာ နွားနို့ကနေထုတ်လုပ်တဲ့ဒိန်ခဲကိုနှစ်သက်ကြပါတယ်။ စားသောက်တဲ့အရာတစ်ခုထက်ပိုပြီး အလေးထားကြတာကြောင့် အီတလီနိုင်ငံ ကဘဏ်တစ်ခုဖြစ်တဲ့ Credito Emiliano ဘဏ် ကနေ အီတလီနိုင်ငံထုတ်ဒိန်ခဲတွေကို ငွေပေးချေမှု ပုံစံတစ်ခုအနေနဲ့အသိအမှတ်ပြုခဲ့ပါတယ်။ ၁၉၅၃ကတည်းက ဒီအီတလီ အခြေစိုက်ဘဏ်ဟာ အသေးစားချေးငွေလုပ်ငန်းတွေမှာ Parmigiano Reggiano Cheese တွေနဲ့ ပေးချေဖို့သဘောတူညီခဲ့တာပါ။ ဒါကြောင့် အီတလီနိုင်ငံရဲ့ ဒိန်ခဲထုတ်လုပ်မှုဈေးကွက်ဟာ အလွန်ကြီးမားလာတာပါ။

(၁၁) Bottle Caps

အာဖရိကတိုက်မှာရှိတဲ့ ကင်မရွန်းနိုင်ငံမှာတော့ ဘီယာပုလင်း အဖုံးတွေကိုငွေကြေးဆိုင်ရာဆုအနေနဲ့ သတ်မှတ်ပေးပါတယ်။ ဒါကလည်း ဘီယာချက်စက်ရုံတွေအကြား အပြန်အလှန် ဈေးကွတ်မြှင့်တင်တဲ့အနေနဲ့ သောက်သုံးသူတွေကိုမက်လုံးပေးတာ လည်းဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ငွေကြေးအဖြစ်သုံးစွဲတဲ့အရာတွေက ထူးခြားတာကြောင့် ဗဟုသုတအနေနဲ့ ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

Leave a Reply