ကမာၻ႔ေရွးဦးသမုိင္းထဲက ဗုိက္ကင္းလူမ်ဳိးတုိ႔ အေၾကာင္း

Posted on

ေရးသားသူ – Academy

Vikings ဆိုသည္မွာ ဒိန္းမတ္ ၊ ဆီြဒင္ ၊ေနာ္ေ၀စသည့္ Scandinavia ေဒသမ်ားတြင္ ေရွးေခတ္အခ်ိန္က ေနထိုင္ခဲ့သည့္လူမ်ိဳးမ်ားကို ေခၚသည္ ။ သူတို ့သည္ေအဒီ ၈၀၀ မွ ေအဒီ ၁၁၀၀ အတြင္း ဥေရာပတခြင္ က်ယ္ၿပန္ ့သည့္ ဧရိယာမ်ားကို လွည့္လည္ သြားလာၿပီး အေၿခခ်ေနထိုင္ခဲ့ႀကသည္။ ရွည္လ်ားေသာေလွမ်ားျဖင့္ ခရီးသြားလာတတ္ေသာ ဗိုက္ကင္းမ်ားသည္ စကင္ဒီေနဗီးယားႏွင့္ အဂၤလန္ကၽြန္းအပါအဝင္ ဥေရာပတိုက္တြင္ ေခတ္တေခတ္ကို ထူေထာင္ခဲ့ၾကသည္။ ထို ့ေႀကာင့္ Vikings မ်ား၏ သမိုင္းသည္ ေရွးေခတ္ကမာၻ႔သမိုင္းတြင္ အဓိကအခန္းမွ ပါ၀င္ခဲ့သည္ ။

ၾကမ္းတမ္းတဲ့ေဒသ

သူတို ့ေနထိုင္သည့္ ဥေရာပေၿမာက္ပိုင္းသည္ ျပင္းထန္သည့္ရာသီဥတုရွိကာ ေႏြရာသီတိုေတာင္းၿပီး ေဆာင္းရာသီတြင္ ေနမၿမင္ရသည့္ ေဒသမ်ားၿဖစ္သည္ ။ သူတို ့သည္ေႏြရာသီတြင္ ဂ်ံဳမ်ား ၊ မုေယာစပါးမ်ား စိုက္ပ်ိဳးၿပီး ေဆာင္းရာသီတြင္ အမဲလိုက္ၿခင္း ၊ ငါးဖမ္းၿခင္းမ်ားႏွင့္ အသက္ေမြး၀မ္းေၾကာင္းျပဳၾကသည္ ။

ထိုေဒသ သည္လူဦးေရနဲပါးၿပီး ၾကမ္းတမ္းသည့္ ရာသီဥတုရွိရာေဒသၿဖစ္သၿဖင့္ ေရာမေခတ္အခ်ိန္တြင္လဲ ရုိမန္တုိ႔ လက္ေအာက္မက်ေရာက္ သကဲ့သို ့ ခရစ္ယာန္အယူ၀ါဒမ်ားလဲၿပန္ ့ႏွံ ့လာၿခင္းမရွိခဲ့ေပ ။

နယ္ေၿမခ်ဲ ့ထြင္ၿခင္း

Vikings မ်ားသည္ အုပ္စုလိုက္တည္ရွိၾကၿပီး သူတို ့တြင္ ဘုရင့္ႏုိင္ငံဟူ၍လည္းမရွိခဲ့ေပ ။ ေအဒီ ၈၀၀ အခ်ိန္မွ စတင္ကာ Vikings မ်ားသည္ ပိုမိုေကာင္းမြန္သည့္ေဒသမ်ားကို ရွာေဖြသြားလာမႈစတင္လာခဲ့သည္ ။ သူတို ့သည္ရဲစြမ္းသတၱိႏွင့္ ၿပည့္စံုၿပီး ၊ က်ြမ္းက်င္သည့္ သေဘၤာသားမ်ားျဖစ္ကာ လွ်င္ၿမန္ေကာင္းမြန္သည့္ ရြက္ေလွမ်ားကို တည္ေဆာက္နိင္ၾကသည္ ။

Vikings ေလွမ်ားမွာ ရြက္တခုသာပါၿပီး သေဘၤာသားမ်ားကေလွာ္တက္ၿဖင့္ေလွာ္ရသည္ ။ Vikings မ်ားသည္ဥေရာပကမ္းေၿခေဒသမ်ားတြင္ လွည့္လည္သြားလာၿပီးေရာက္သည့္ေနရာတြင္ ျပသနာမ်ားကိုဖန္တီးေလ့ရွိတတ္သည္ဟုဆိုသည္ ။

ထိုေခတ္ ထိုအခ်ိန္ကဥေရာပကမ္းေၿခတေလွ်ာက္မွ လူမ်ားသည္ Vikings ေလွမ်ားကိုၿမင္လွ်င္ ေက်ာက္ရြံၿပီး ေျပးေရွာင္ပံုးေအာင္းေနၾကေလ့ရွိၾကသည္ဟုဆိုသည္ ။ လူမ်ားကို ဖမ္းဆီးၿပီး တျခားတေနရာတြင္က်ြန္အၿဖစ္ ေရာင္းစားတတ္သည္။ ၿမိဳ ့ရြာမ်ားကို လာေရာက္ကာ ေရာက္ရာေနရာတြင္ ဆက္ေၾကးေတာင္းတတ္သည္ ။ မေပးလွ်င္ ၀င္ေရာက္တိုက္ခိုက္တတ္သည္ ။

နယ္ေၿမမ်ားကိုသိမ္းယူၿပီးပိုင္ဆိုင္မွဳမ်ားကို လုယူေလ့ ရွိတတ္သည္ ။ ေဒသခံဘုရင္မ်ားကိုဖမ္းဆီးသတ္ၿဖတ္ၿပီး သူတို ့၏ဘုရင္မ်ားကိုတင္ေၿမွာက္ေလ့ရွိတတ္သည္ ။

Vikings လူမ်ိဳးမ်ား

သမိုင္းပညာရွင္မ်ားမွ Vikings လူမ်ိဳးမ်ားကို ၃ -မ်ိဳးခြဲၿခားထားသည္ ။ ၎တုိ႔မွာ ဂ်ာမနီ ၊ အဂၤလန္၊စပိန္မွသည္ ေၿမထဲပင္လယ္ ကမ္းေၿခတေလွ်ာက္ခ်ဲ ့ ထြင္ သိမ္းပိုက္ၿပီး အေၿခခ်ေနထိုင္ခဲ့ႀကသူမ်ားအား Danish Vikings ၊ ဥေရာပအေရွ ့ဖက္ရုရွား ၊ ယူကရိန္းေဒသမ်ားထိ ထိန္းခ်ဳပ္ခဲ့ၾကသည္ Swedish Vikings ၊ အိုက္စလန္, Greenland ႏွင့္ ေၿမာက္အေမရိကသို ့ လွည့္လည္သြားလာၿပီး အေၿခခ် ေနထိုင္ခဲ့ႀကသည့္ Norwegians Vikings .. တို ့ၿဖစ္ၾကသည္ ။

ထူးၿခားတဲ့ယဥ္ေက်းမႈ

Vikings မ်ားသည္ နယ္ေၿမသစ္မ်ားကို ရွာေဖြသြားလာတတ္ေသာ္လဲ အတည္တက် အေၿခခ်ေနထိုင္ေလ့မရွိၾကေပ ။ လွည့္လည္သြားလာေနထိုင္ၾကၿပီး ေရာက္ရာေဒသမွေဒသခံမ်ား၏ ယဥ္ေက်းမွဳ မ်ား လက္မွဳ အႏုပညာမ်ားကို
ယူေဆာင္လာတတ္သည္ ။

သူတို ့သည္ ထိုအခ်ိန္ကဥေရာပတြင္ အေကာင္းဆံုးေလွမ်ားကိုၿပဳလုပ္နိင္ကာ ဓါး ၊ လွံ လက္နက္မ်ားကိုလည္း ခ်ြန္ထက္ေအာင္ၿပဳလုပ္နိင္စြမ္း ရွိသူမ်ားၿဖစ္သည္ ။ အထူးၿခားဆံုး ေရႊထည္မ်ား ၊ သစ္သားရုပ္ထုမ်ား ၊ ေက်ာက္ရုပ္တုမ်ားကိုလဲဖန္တီးနိင္သူမ်ားျဖစ္ၾကသည္ ။

ယေန ့အခ်ိန္အထိ Vikings တို ့၏ပံုၿပင္မ်ား ၊ ၀တၳဳမ်ား ၊ သမိုင္းမွတ္တမ္းမ်ားသည္ ဥေရာပေၿမာက္ပိုင္း ေဒသမ်ားတြင္ ဂုက္ယူ၀င့္ၾကြားစြာ ရွင္သန္ေနဆဲၿဖစ္သည္ ။ Vikings တို ့၏ အေၾကာင္းကို ရိုက္ကူးထားသည့္ ရုပ္ရွင္မ်ားလဲ အမ်ားအၿပားရွိသည္ ။

Academy Page

—————-

ကမ္ဘာ့ရှေးဦးသမိုင်းထဲက ဗိုက်ကင်းလူမျိုးတို့ အကြောင်း (unicode)

ရေးသားသူ – Academy

Vikings ဆိုသည်မှာ ဒိန်းမတ် ၊ ဆွီဒင် ၊နော်ဝေစသည့် Scandinavia ဒေသများတွင် ရှေးခေတ်အချိန်က နေထိုင်ခဲ့သည့်လူမျိုးများကို ခေါ်သည် ။ သူတို့သည်အေဒီ ၈၀၀ မှ အေဒီ ၁၁၀၀ အတွင်း ဥရောပတခွင် ကျယ်ပြန့်သည့် ဧရိယာများကို လှည့်လည် သွားလာပြီး အခြေချနေထိုင်ခဲ့ကြသည်။ ရှည်လျားသောလှေများဖြင့် ခရီးသွားလာတတ်သော ဗိုက်ကင်းများသည် စကင်ဒီနေဗီးယားနှင့် အင်္ဂလန်ကျွန်းအပါအဝင် ဥရောပတိုက်တွင် ခေတ်တခေတ်ကို ထူထောင်ခဲ့ကြသည်။ ထို့ကြောင့် Vikings များ၏ သမိုင်းသည် ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် အဓိကအခန်းမှ ပါဝင်ခဲ့သည် ။

ကြမ်းတမ်းတဲ့ဒေသ

သူတို့နေထိုင်သည့် ဥရောပမြောက်ပိုင်းသည် ပြင်းထန်သည့်ရာသီဥတုရှိကာ နွေရာသီတိုတောင်းပြီး ဆောင်းရာသီတွင် နေမမြင်ရသည့် ဒေသများဖြစ်သည် ။ သူတို့သည်နွေရာသီတွင် ဂျုံများ ၊ မုယောစပါးများ စိုက်ပျိုးပြီး ဆောင်းရာသီတွင် အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်းများနှင့် အသက်မွေးဝမ်းကြောင်းပြုကြသည် ။

ထိုဒေသ သည်လူဦးရေနဲပါးပြီး ကြမ်းတမ်းသည့် ရာသီဥတုရှိရာဒေသဖြစ်သဖြင့် ရောမခေတ်အချိန်တွင်လဲ ရိုမန်တို့ လက်အောက်မကျရောက် သကဲ့သို့ ခရစ်ယာန်အယူဝါဒများလဲပြန့်နှံ့လာခြင်းမရှိခဲ့ပေ ။

နယ်မြေချဲ့ထွင်ခြင်း

Vikings များသည် အုပ်စုလိုက်တည်ရှိကြပြီး သူတို့တွင် ဘုရင့်နိုင်ငံဟူ၍လည်းမရှိခဲ့ပေ ။ အေဒီ ၈၀၀ အချိန်မှ စတင်ကာ Vikings များသည် ပိုမိုကောင်းမွန်သည့်ဒေသများကို ရှာဖွေသွားလာမှုစတင်လာခဲ့သည် ။ သူတို့သည်ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး ၊ ကျွမ်းကျင်သည့် သင်္ဘောသားများဖြစ်ကာ လျှင်မြန်ကောင်းမွန်သည့် ရွက်လှေများကို တည်ဆောက်နိင်ကြသည် ။

Vikings လှေများမှာ ရွက်တခုသာပါပြီး သင်္ဘောသားများကလှော်တက်ဖြင့်လှော်ရသည် ။ Vikings များသည်ဥရောပကမ်းခြေဒေသများတွင် လှည့်လည်သွားလာပြီးရောက်သည့်နေရာတွင် ပြသနာများကိုဖန်တီးလေ့ရှိတတ်သည်ဟုဆိုသည် ။

ထိုခေတ် ထိုအချိန်ကဥရောပကမ်းခြေတလျှောက်မှ လူများသည် Vikings လှေများကိုမြင်လျှင် ကျောက်ရွံပြီး ပြေးရှောင်ပုံးအောင်းနေကြလေ့ရှိကြသည်ဟုဆိုသည် ။ လူများကို ဖမ်းဆီးပြီး တခြားတနေရာတွင်ကျွန်အဖြစ် ရောင်းစားတတ်သည်။ မြို့ရွာများကို လာရောက်ကာ ရောက်ရာနေရာတွင် ဆက်ကြေးတောင်းတတ်သည် ။ မပေးလျှင် ဝင်ရောက်တိုက်ခိုက်တတ်သည် ။

နယ်မြေများကိုသိမ်းယူပြီးပိုင်ဆိုင်မှုများကို လုယူလေ့ ရှိတတ်သည် ။ ဒေသခံဘုရင်များကိုဖမ်းဆီးသတ်ဖြတ်ပြီး သူတို့၏ဘုရင်များကိုတင်မြှောက်လေ့ရှိတတ်သည် ။

Vikings လူမျိုးများ

သမိုင်းပညာရှင်များမှ Vikings လူမျိုးများကို ၃ -မျိုးခွဲခြားထားသည် ။ ၎င်းတို့မှာ ဂျာမနီ ၊ အင်္ဂလန်၊စပိန်မှသည် မြေထဲပင်လယ် ကမ်းခြေတလျှောက်ချဲ့ ထွင် သိမ်းပိုက်ပြီး အခြေချနေထိုင်ခဲ့ကြသူများအား Danish Vikings ၊ ဥရောပအရှေ့ဖက်ရုရှား ၊ ယူကရိန်းဒေသများထိ ထိန်းချုပ်ခဲ့ကြသည် Swedish Vikings ၊ အိုက်စလန်, Greenland နှင့် မြောက်အမေရိကသို ့ လှည့်လည်သွားလာပြီး အခြေချ နေထိုင်ခဲ့ကြသည့် Norwegians Vikings .. တို့ဖြစ်ကြသည် ။

ထူးခြားတဲ့ယဉ်ကျေးမှု

Vikings များသည် နယ်မြေသစ်များကို ရှာဖွေသွားလာတတ်သော်လဲ အတည်တကျ အခြေချနေထိုင်လေ့မရှိကြပေ ။ လှည့်လည်သွားလာနေထိုင်ကြပြီး ရောက်ရာဒေသမှဒေသခံများ၏ ယဉ်ကျေးမှု များ လက်မှု အနုပညာများကို
ယူဆောင်လာတတ်သည် ။

သူတို့သည် ထိုအချိန်ကဥရောပတွင် အကောင်းဆုံးလှေများကိုပြုလုပ်နိင်ကာ ဓါး ၊ လှံ လက်နက်များကိုလည်း ချွန်ထက်အောင်ပြုလုပ်နိင်စွမ်း ရှိသူများဖြစ်သည် ။ အထူးခြားဆုံး ရွှေထည်များ ၊ သစ်သားရုပ်ထုများ ၊ ကျောက်ရုပ်တုများကိုလဲဖန်တီးနိင်သူများဖြစ်ကြသည် ။

ယနေ့အချိန်အထိ Vikings တို့၏ပုံပြင်များ ၊ ဝတ္ထုများ ၊ သမိုင်းမှတ်တမ်းများသည် ဥရောပမြောက်ပိုင်း ဒေသများတွင် ဂုက်ယူဝင့်ကြွားစွာ ရှင်သန်နေဆဲဖြစ်သည် ။ Vikings တို့၏ အကြောင်းကို ရိုက်ကူးထားသည့် ရုပ်ရှင်များလဲ အများအပြားရှိသည် ။

Academy Page

Leave a Reply