ေရာမအင္ပါယာကုိ အာခံသူ (သုိ႔) ကြ်န္သူရဲေကာင္း စပါတာကတ္

Posted on

ေရာမေခတ္က လူအခ်င္းခ်င္းကို တိရိစာၦန္သဖြယ္ ဆက္ဆံၾကတဲ့ ကၽြန္စနစ္ဆိုတာ ရွိခဲ့ပါတယ္။ အလြန္ျပင္းထန္ရက္စက္တဲ့ ေရာမလူေနမႈစနစ္ရဲ့ မွတ္တမ္းဆိုးျဖစ္တဲ့ ဒီစနစ္ ကိုမခံမရပ္ႏုိင္ၾကတဲ့ Gladiator ကၽြန္တိုက္ခိုက္ေရးသမားေတြဟာ စပါတာကတ္ရဲ့ဦးေဆာင္မႈနဲ႔ ေရာမအင္ပါယာကို ျပန္လည္ပုန္ကန္ခဲ့ၾကပါတယ္။ ကၽြန္ေတြ ရဲ့ပုန္ကန္မႈဟာ ေရာမတစ္နိုင္ငံလံုးကို ေတာင္အထိတ္တလန္႔ျဖစ္ေစခဲ့တဲ့ အထိ ၾကီးမားခဲ့ပါတယ္။ (၇၃-၇၁)ဘီစီအတြင္းျဖစ္ပြားခဲ့တဲ့ Third Servile War တိုက္ ပြဲေတြမွာ Gauls Crixus, Gannicus, Castus, Oenomaus စတဲ့ ကၽြန္သူရဲေကာင္းေတြဟာ စပါတာကတ္နဲ႔ အတူလက္တြဲျပီး ေရာမစစ္တပ္ကိုတိုက္ခိုက္ခဲ့ၾကပါတယ္။

ကၽြန္စနစ္ကို ေပ်ာက္ဆံုးသြားတဲ့အထိ ရည္ရြယ္ခ်က္ထားျပီး တိုက္ပြဲဝင္ခဲ့တဲ့ စပါတာကတ္ဦးေဆာင္တဲ့ကၽြန္ေတြဟာ လက္နက္အင္အားမမ်ွတမႈ၊ ကၽြန္အသိုင္းအဝိုင္းအားလံုးကုိ တစ္စုစည္းထဲ ျဖစ္ေအာင္ မစည္းရံုးနိုင္မႈေတြေၾကာင့္ ေနာက္ဆံုးမွာ ေရာမစစ္တပ္ရဲ့ ေခ်မႈန္းျခင္းကိုခံခဲ့ ရျပီး စပါတာကတ္ကိုယ္တိုင္ က်ဆံုးခဲ့ရပါတယ္။ ဒီေနရာမွာမ်ွေဝေပးခ်င္တာကေတာ့ သမိုင္းဆရာေတြအဆက္ဆက္အမႊမ္းတင္ခဲ့ရတဲ့ ကမာၻေက်ာ္ သူရဲေကာင္း စပါတာကတ္ရဲ့ အေၾကာင္းပဲျဖစ္ပါတယ္။

စပါတာကတ္ရဲ့ ငယ္ဘဝအေၾကာင္းကိုေတာ့ မည္သူမ်ွတိတိက်က်မသိရွိၾကပဲ သူဟာ Thracian ေၾကးစားစစ္သည္မ်ိဳးႏြယ္တစ္ဦးျဖစ္ျပီး အရြယ္ေရာက္ခ်ိန္မွာေတာ့ ေရာမစစ္တပ္မွာဝင္ ေရာက္စစ္မႈထမ္းခဲ့ပါတယ္။ ဒါေပမဲ့ေနာက္ပိုင္းမွာေတာ့ စစ္တပ္မွာဆက္လက္အမႈထမ္း လိုျခင္းမရွိတာေၾကာင့္ထြက္ေျပးခဲ့ပါတယ္။ ေရာမစစ္တပ္ရဲ့ ျပန္လည္ဖမ္းဆီးျခင္းခံရျပီးတဲ့ေနာက္ စပါတာကတ္ကို Gladiator လို႔ေခၚတဲ့ လူအခ်င္းခ်င္းျဖစ္ေစ/တိရိစာၦန္နဲ႔ျဖစ္ေစလူပံုအလယ္မွာ တိုက္ခိုက္ျပီး ေဖ်ာ္ေျဖေပးရတဲ့ ကၽြန္အတန္းအစားအျဖစ္ သတ္မွတ္ေရာင္းခ်ခဲ့ၾကပါတယ္။

ထို႔ေနာက္ေရာမအာဏာပိုင္ေတြက စပါတာကတ္ကို Gladiator တိုက္ခိုက္ေရးသင္တန္းေက်ာင္းကို ပို႔ေဆာင္ခဲ့ ျပီးတိုက္ခိုက္ေရး ပညာသင္ေတြကိုသင္ၾကားေစခဲ့ပါတယ္။ ဒီလိုပညာရပ္ေတြသင္ၾကား ေပးတဲ့ရည္ရြယ္ခ်က္ကေတာ့ ေရာမအထက္တန္းလႊာ အသိုင္းအဝိုင္းနဲ ႔ကၽြန္ပိုင္ရွင္ေတြကို အေကာင္းဆံုးအရည္အေသြးေတြကိုထုတ္ျပနိုင္ဖို႔ပါ။ Gladiator ေတြဟာလူေထာင္နဲ႔ ခ်ီျပီးၾကည့္ရႈၾကနိုင္ၾကတဲ့တိုက္ခိုက္ေရးသတ္ကြင္းေတြထဲမွာ အခ်င္းခ်င္းေသဆံုးသြားတဲ့အထိ သတ္ျဖတ္ျပရတာပါ။

ဒီလိုစက္ဆုတ္စရာ ေရာမအထက္တန္းလႊာအသိုင္းအဝိုင္း ကိုေတာ္လွန္ဖို႔ စိတ္ဆႏၵျပင္းျပေနတဲ့ စပါတာကတ္ဟာ Gladiatorဘဝနဲ႔ လူသတ္ပြဲမ်ားစြာကို အနိုင္ရေအာင္ဆင္ႏႊဲျပီး ပုန္ကန္မဲ့အခြင့္အေရးကိုေစာင့္ေနခဲ့ပါတယ္။ သူနဲ႔ရည္ရြယ္ခ်က္တူတဲ့ Gladiator ေတြဟာလည္းသူနဲ႔အတူ ပူးေပါင္းျပီး ဒီစနစ္ကိုေတာ္လွန္ရန္ သေဘာတူညီခဲ့ပါတယ္။ သူတို႔အားလံုးရဲ့ရည္ရြယ္ခ်က္ကေတာ့ ကၽြန္ အျဖစ္ကေန လြတ္ေျမာတ္ျပီး အိမ္ကိုျပန္ရဖို႔အတြက္ပါ။ ၇၃ ဘီစီမွာေတာ့ စပါတာကတ္ ဦးေဆာင္တဲ့ ကၽြန္ေတြဟာ Gladiator တိုက္ခိုက္ေရးသင္တန္းေက်ာင္းကေန လြတ္ေျမာက္ဖို႔ အခြင့္အေရး ရရွိခဲ့ျပီး သစၥာေဖာက္တခ်ိဳ႕ေၾကာင့္ ကၽြန္(၇၀)ဦးခန္႔ပဲ လြတ္ေျမာတ္နိုင္ခဲ့ပါတယ္။

ေရာမစစ္တပ္က လက္နက္နဲ႔ခ်ပ္ဝတ္တန္ဆာ အခ်ိဳ႕ကို ခိုးယူလာနိုင္တဲ့ စပါတာကတ္ဦးေဆာင္တဲ့ ကၽြန္ေတြဟာ ပြန္ေပျမိဳ႕အနီးမွာရွိတဲ့ Vesuvius မီးေတာင္ႀကီးေပၚမွာစခန္းခ်ျပီး စစ္တပ္ငယ္ေလးတစ္ခုကို ဖြဲ႕စည္းခဲ့ၾကပါတယ္။ ေရာမအာဏာပိုင္ေတြဟာ ဒီကၽြန္ေတြရဲ့ပုန္ကန္မႈကို ႏွိမ္နင္းရန္ စစ္သည္အင္အား (၃၀၀၀)ပါဝင္တဲ့စစ္တပ္ကို စစ္သူၾကီး Claudius Glaberကိုဦးေဆာင္ေစျပီးတိုက္ခိုက္ ေစခဲ့ပါတယ္။ Glaberဟာ စပါတာကတ္ဦးေဆာင္တဲ့ကၽြန္ေတြတပ္စြဲထားတဲ့ Vesuvius ေတာင္ကိုဝန္းရံျပီး ကၽြန္ေတြထြက္လာမဲ့အခ်ိန္ကိုေစာင့္ဆိုင္းေနခဲ့ပါတယ္။ သူ႔အေတြး ကေတာ့ ေနာက္ဆံုးမွာ အစာေရစာငတ္ျပတ္မႈေၾကာင့္ ကၽြန္ေတြထြက္လာမွာပဲလို႔ယူဆ ခဲ့ပါတယ္။

ဒီအေၾကာင္းကိုၾကိဳတင္ေတြးမိတဲ့ စပါတာကတ္ဟာမတူညီကြဲျပားတဲ့ စစ္ဗ်ဴဟာတစ္ခုကို အသံုးျပဳျပီး ေရာမစစ္တပ္ကို ေခ်မႈန္းခဲ့ပါတယ္။ စပါတာကတ္ေခါင္းေဆာင္ တဲ့ Gladiator ေတြဟာ Vesuvius ေတာင္ေပၚမွာရွိတဲ့ စပ်စ္ႏြယ္ေတြကို ႀကိဳးအျဖစ္အသံုးျပဳျပီး ေတာင္ေစာင္းေတြကခိုဆင္းကာ တိုက္ခိုက္ခဲ့ၾကပါတယ္။ ေရာမစစ္တပ္ရဲ့ေနာက္ေက်ာကို မထင္မွတ္ထားတဲ့ေနရာေတြကေန ရုတ္တရတ္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၾကတာမို႔ ေရာမစစ္သည္မ်ားစြာက်ဆံုးခဲ့ျပီး တပ္လံုးကၽြတ္ နီးပါး ကၽြန္ေတြရဲ့သတ္ျဖတ္ျခင္းကိုခံခဲ့ရပါတယ္။

ဒီသတင္းကိုၾကားသိတဲ့ေရာမ အာဏာပိုင္ေတြဟာ ေနာက္ထပ္ စစ္သည္ (၆၀၀၀)ပါတဲ့ စစ္တပ္ကိုထပ္မံေစလႊတ္ျပီး တိုက္ခိုက္ေစျပန္ခဲ့ပါတယ္။ ဒီတစ္ၾကိမ္မွာလည္း စပါတာကတ္ဦးေဆာင္တဲ့ ကၽြန္ေတြ သာေအာင္ပြဲခံနိုင္ခဲ့ၾကတာမို႔ ကၽြန္ေတြရဲ့ေတာ္လွန္ေရးဟာ ေရာမအင္ပါယာတစ္ခြင္ ပ်ံ႕နွံ႔သြားခဲ့ပါတယ္။ အဲေနာက္ေတာ့ စပါတာကတ္ဦးေဆာင္တဲ့ကၽြန္ေတြဟာ ေရာမတပ္ေတြ အေပၚအၾကိမ္ၾကိမ္ေအာင္ပြဲခံနိုင္ျပီး မ်ားစြာေသာ ကၽြန္ေတြဟာလည္း စပါတာကတ္နဲ႕ ပူးေပါင္းလာၾကပါတယ္။ မၾကာခင္မွာပဲ စပါတာကတ္လက္ေအာက္မွာ ကၽြန္လူတန္းစား (၇၀၀၀၀)ေလာက္ရွိတဲ့ တပ္မေတာ္တစ္ခုျဖစ္လာခဲ့ပါတယ္။ Gladiator ေတြဟာဝင္ ေရာက္လာတဲ့ကၽြန္ေတြကို စစ္မက္ပညာရပ္ေတြသင္ၾကားေပးျပီး ေရာမနိုင္ငံကို ကို လံုးဝက်ဆံုးသြားတဲ့အထိတိုက္ခိုက္ဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။

ဒီဆံုးျဖတ္ခ်က္ဟာ စပါတာကတ္ဦးေဆာင္တဲ့ကၽြန္ေတြရဲ့ အဓိကအမွားျဖစ္ျပီး ေျခကုတ္ေနရာတစ္ခုမထူေထာင္ပဲ ေရာမစစ္တပ္ကို လိုက္လံတိုက္ခိုက္ေနတဲ့ အေနအထားဟာ ကာလၾကာလာတဲ့အခါ စစ္ပန္းမႈျဖစ္လာရပါတယ္။ ဒါအျပင္ လိုအပ္တဲ့ရိကၡာကိုလည္း ကိုယ္တိုင္ထုတ္လုပ္နိုင္တဲ့ စီမံခန္႔ခြဲမႈမ်ိဳးမလုပ္ပဲ လိုက္လံတိုက္ခိုက္ျပီးရယူေနရတဲ့ အေျခေနကလည္း မလိုလားအပ္တဲ့ အင္အားျပဳန္းတီးမႈေတြကိုျဖစ္ေစပါတယ္။ စပါတာကတ္ရဲ့စစ္တပ္ဟာ အီတလီနိုင္ငံေျမာက္ပိုင္းမွာစခန္းခ်ျပီး လူသူလက္နက္စုေဆာင္းမႈေတြကို ျပဳလုပ္ေနခဲ့ပါတယ္။ ဒီအခ်ိန္မွာ ေရာမအင္ပါယာတစ္ခုလံုး ပြတ္ေလာရိုက္ေနခဲ့ျပီး ကၽြန္ေတြရဲ့ေတာ္လွန္ေရးအေပၚ ေတာ္ဝင္အသိုင္းအဝိုင္းထိ ေၾကာက္ရြံမႈေတြျဖစ္လာ ရပါတယ္။

ေနာက္ဆံုးမွာေတာ့ ေရာမအင္ပါယာ အေကာင္းဆံုးစစ္သည္ေတြနဲ႔ ဖြဲ႕စည္း ထားတဲ့ ေရွတန္းစစ္ေျမျပင္ေရာက္တပ္ေတြကို အသံုးျပဳျပီး တိုက္ခိုက္ရန္ဆံုးျဖတ္ခဲ့ၾကပါတယ္။ စစ္သည္အင္အား (၅၀၀၀၀)ပါတဲ့ ယင္းစစ္တပ္ကို နာမည္ေက်ာ္စစ္သူၾကီး ေတြျဖစ္တဲ့ Crassus နဲ႕Pompey တို႔ကိုဦးေဆာင္ေစကာ ကၽြန္ေတြကိုနွိမ္နင္းေစခဲ့ပါတယ္ Crassus နဲ႕Pompey တို႔ ဦးေဆာင္တဲ့ ေရာမစစ္တပ္နဲ႔ ကၽြန္ေတာ္လွန္သူေတြဟာ ယခုအီတလီနိုင္ငံမွာရွိတဲ့ Senerchia ေဒသမွာရွိတဲ့ Sele ျမစ္ကမ္းေဘးမွာ အျပင္းအထန္တိုက္ခိုက္ခဲ့ၾကပါတယ္။

ဒီတစ္ခါမွာေတာ့စပါတာကတ္ဦးေဆာင္တဲ့ ကၽြန္တပ္မေတာ္ဟာ ရႈံးနိမ့္ခဲ့ရျပီး ဒီတိုက္ပြဲမွာစပါတာကတ္ ကိုယ္တိုင္က်ဆံုးခဲ့ရပါတယ္။ ကၽြန္ေတြရဲ့ ေတာ္လွန္ေရးဟာ အႀကိမ္ႀကိမ္ေအာင္ျမင္မႈရခဲ့ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ေနာက္ဆံုးမွာေတာ့ က်ဆံုးခဲ့ရပါေတာ့တယ္။ ေရာမေတြဟာ ဒီစစ္ပြဲမွာဖမ္းဆီးရမိတဲ့ ကၽြန္သံု႕ပန္း (၆၀၀၀) ေလာက္ကို ကားစင္တင္ျပီးသတ္ျဖတ္ကာ ကၽြန္ေတာ္လွန္ေရးစတင္ခဲ့တဲ့ Capua အရပ္မွ ေရာမအထိ Appian Way လမ္းတေလွ်ာက္မွာ အတန္းလိုက္ စီတန္းမႈေတြျပဳလုပ္ကာစံျပျဖစ္ေစခဲ့ပါတယ္။

စပါတာကတ္နဲ႔ပတ္သတ္ျပီးသိမွတ္စရာအခ်ိဳ႕ကေတာ့

(၁)စပါတာကတ္ဦးေဆာင္တဲ့ကၽြန္ေတြရဲ့ေတာ္လွန္ေရးကိုေတာ့ သမိုင္းပညာရွင္ေတြ က Third Servile Warလို႔အမည္ေပးခဲ့ၾကပါတယ္။

(၂) ဒီေတာ္လွန္ေရးအစျပဳခဲ့တဲ့ Gladiator တိုက္ခိုက္ေရးေက်ာင္းကိုတိုက္ခိုက္မႈမွာ စပါတာကတ္ဦးေဆာင္တဲ့ Gladiator ေတြဟာ မီးဖိုေခ်ာင္သံုးပစၥည္းေတြကိုလက္နက္ အျဖစ္အသံုးျပဳျပီး လြတ္ေျမာတ္ခဲ့ၾကတာပါ။ (Gladiatorေတြရဲ့လက္နက္ေတြဟာ အျခား အခ်ိန္ေတြမွာ သိမ္းဆည္းျခင္းခံရျပီး ျပိဳင္ပြဲဝင္ခ်ိန္မွထုတ္ေပးတာပါ)

(၃) စပါတာကတ္ဟာက်ဆံုးသြားတယ္လို႔ဆိုၾကေပမဲ့ စစ္ေျမျပင္မွာ သူရဲ့ရုပ္အေလာင္းကို ေရာမေတြ ရွာမေတြ႕ခဲ့ပါဘူး။ ဒါေပမဲ့သူဟာ တိုက္ပြဲမွာ က်ဆံုးခဲ့တာျဖစ္ေၾကာင္းသမိုင္းပညာရွင္ေတြက အခိုင္အမာဆိုၾကပါတယ္။

(၄) စပါတာကတ္ဦးေဆာင္တဲ့ကၽြန္ေတာ္လွန္ေရးကို ေအာင္ျမင္စြာနွိမ္နင္းခဲ့တဲ့ ေရာမ စစ္သူၾကီးနွစ္ေယာက္ျဖစ္တဲ့ Crassusနဲ႕Pompeyတို႔ဟာေရာမအုပ္ခ်ဳပ္ေရးရဲ့အဓိက အေရးပါတဲ့ ေကာင္စစ္ဝန္ရာထူး ေနရာေတြမွာေတာင္ ေရြးခ်ယ္ျခင္းခံခဲ့ရတာပါ။

(၅)၁၉၆၀ မွာေတာ့ စပါတာကတ္အေၾကာင္းကို အေမရိကန္ဒါရိုက္တာ၊ရုပ္ရွင္မင္း သား၊ထုတ္လုပ္သူ Kirk Douglasကရုပ္ရွင္ အျဖစ္ဖန္တီးခဲ့ျပီး ေအာ္စတာဆု(၄)ခု ရတဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။

———————–

ရောမအင်ပါယာကို အာခံသူ (သို့) ကျွန်သူရဲကောင်း စပါတာကတ် (unicode)

ရောမခေတ်က လူအချင်းချင်းကို တိရိစ္ဆာန်သဖွယ် ဆက်ဆံကြတဲ့ ကျွန်စနစ်ဆိုတာ ရှိခဲ့ပါတယ်။ အလွန်ပြင်းထန်ရက်စက်တဲ့ ရောမလူနေမှုစနစ်ရဲ့ မှတ်တမ်းဆိုးဖြစ်တဲ့ ဒီစနစ် ကိုမခံမရပ်နိုင်ကြတဲ့ Gladiator ကျွန်တိုက်ခိုက်ရေးသမားတွေဟာ စပါတာကတ်ရဲ့ဦးဆောင်မှုနဲ့ ရောမအင်ပါယာကို ပြန်လည်ပုန်ကန်ခဲ့ကြပါတယ်။ ကျွန်တွေ ရဲ့ပုန်ကန်မှုဟာ ရောမတစ်နိုင်ငံလုံးကို တောင်အထိတ်တလန့်ဖြစ်စေခဲ့တဲ့ အထိ ကြီးမားခဲ့ပါတယ်။ (၇၃-၇၁)ဘီစီအတွင်းဖြစ်ပွားခဲ့တဲ့ Third Servile War တိုက် ပွဲတွေမှာ Gauls Crixus,Gannicus,Castus,Oenomaus စတဲ့ ကျွန်သူရဲကောင်းတွေဟာ စပါတာကတ်နဲ့ အတူလက်တွဲပြီး ရောမစစ်တပ်ကိုတိုက်ခိုက်ခဲ့ကြပါတယ်။

ကျွန်စနစ်ကို ပျောက်ဆုံးသွားတဲ့အထိ ရည်ရွယ်ချက်ထားပြီး တိုက်ပွဲဝင်ခဲ့တဲ့ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေဟာ လက်နက်အင်အားမမျှတမှု၊ ကျွန်အသိုင်းအဝိုင်းအားလုံးကို တစ်စုစည်းထဲ ဖြစ်အောင် မစည်းရုံးနိုင်မှုတွေကြောင့် နောက်ဆုံးမှာ ရောမစစ်တပ်ရဲ့ ချေမှုန်းခြင်းကိုခံခဲ့ ရပြီး စပါတာကတ်ကိုယ်တိုင် ကျဆုံးခဲ့ရပါတယ်။ ဒီနေရာမှာမျှဝေပေးချင်တာကတော့ သမိုင်းဆရာတွေအဆက်ဆက်အမွှမ်းတင်ခဲ့ရတဲ့ ကမ္ဘာကျော် သူရဲကောင်း စပါတာကတ်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။

စပါတာကတ်ရဲ့ ငယ်ဘဝအကြောင်းကိုတော့ မည်သူမျှတိတိကျကျမသိရှိကြပဲ သူဟာ Thracian ကြေးစားစစ်သည်မျိုးနွယ်တစ်ဦးဖြစ်ပြီး အရွယ်ရောက်ချိန်မှာတော့ ရောမစစ်တပ်မှာဝင် ရောက်စစ်မှုထမ်းခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းမှာတော့ စစ်တပ်မှာဆက်လက်အမှုထမ်း လိုခြင်းမရှိတာကြောင့်ထွက်ပြေးခဲ့ပါတယ်။ ရောမစစ်တပ်ရဲ့ ပြန်လည်ဖမ်းဆီးခြင်းခံရပြီးတဲ့နောက် စပါတာကတ်ကို Gladiator လို့ခေါ်တဲ့ လူအချင်းချင်းဖြစ်စေ/တိရိစ္ဆာန်နဲ့ဖြစ်စေလူပုံအလယ်မှာ တိုက်ခိုက်ပြီး ဖျော်ဖြေပေးရတဲ့ ကျွန်အတန်းအစားအဖြစ် သတ်မှတ်ရောင်းချခဲ့ကြပါတယ်။

ထို့နောက်ရောမအာဏာပိုင်တွေက စပါတာကတ်ကို Gladiator တိုက်ခိုက်ရေးသင်တန်းကျောင်းကို ပို့ဆောင်ခဲ့ ပြီးတိုက်ခိုက်ရေး ပညာသင်တွေကိုသင်ကြားစေခဲ့ပါတယ်။ ဒီလိုပညာရပ်တွေသင်ကြား ပေးတဲ့ရည်ရွယ်ချက်ကတော့ ရောမအထက်တန်းလွှာ အသိုင်းအဝိုင်းနဲ့ကျွန်ပိုင်ရှင်တွေကို အကောင်းဆုံးအရည်အသွေးတွေကိုထုတ်ပြနိုင်ဖို့ပါ။ Gladiator တွေဟာလူထောင်နဲ့ ချီပြီးကြည့်ရှုကြနိုင်ကြတဲ့တိုက်ခိုက်ရေးသတ်ကွင်းတွေထဲမှာ အချင်းချင်းသေဆုံးသွားတဲ့အထိ သတ်ဖြတ်ပြရတာပါ။

ဒီလိုစက်ဆုတ်စရာ ရောမအထက်တန်းလွှာအသိုင်းအဝိုင်း ကိုတော်လှန်ဖို့ စိတ်ဆန္ဒပြင်းပြနေတဲ့ စပါတာကတ်ဟာ Gladiatorဘဝနဲ့ လူသတ်ပွဲများစွာကို အနိုင်ရအောင်ဆင်နွှဲပြီး ပုန်ကန်မဲ့အခွင့်အရေးကိုစောင့်နေခဲ့ပါတယ်။ သူနဲ့ရည်ရွယ်ချက်တူတဲ့ Gladiator တွေဟာလည်းသူနဲ့အတူ ပူးပေါင်းပြီး ဒီစနစ်ကိုတော်လှန်ရန် သဘောတူညီခဲ့ပါတယ်။ သူတို့အားလုံးရဲ့ရည်ရွယ်ချက်ကတော့ ကျွန် အဖြစ်ကနေ လွတ်မြောတ်ပြီး အိမ်ကိုပြန်ရဖို့အတွက်ပါ။ ၇၃ ဘီစီမှာတော့ စပါတာကတ် ဦးဆောင်တဲ့ ကျွန်တွေဟာ Gladiator တိုက်ခိုက်ရေးသင်တန်းကျောင်းကနေ လွတ်မြောက်ဖို့ အခွင့်အရေး ရရှိခဲ့ပြီး သစ္စာဖောက်တချို့ကြောင့် ကျွန်(၇၀)ဦးခန့်ပဲ လွတ်မြောတ်နိုင်ခဲ့ပါတယ်။

ရောမစစ်တပ်က လက်နက်နဲ့ချပ်ဝတ်တန်ဆာ အချို့ကို ခိုးယူလာနိုင်တဲ့ စပါတာကတ်ဦးဆောင်တဲ့ ကျွန်တွေဟာ ပွန်ပေမြို့အနီးမှာရှိတဲ့ Vesuvius မီးတောင်ကြီးပေါ်မှာစခန်းချပြီး စစ်တပ်ငယ်လေးတစ်ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။ ရောမအာဏာပိုင်တွေဟာ ဒီကျွန်တွေရဲ့ပုန်ကန်မှုကို နှိမ်နင်းရန် စစ်သည်အင်အား (၃၀၀၀)ပါဝင်တဲ့စစ်တပ်ကို စစ်သူကြီး Claudius Glaberကိုဦးဆောင်စေပြီးတိုက်ခိုက် စေခဲ့ပါတယ်။ Glaberဟာ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေတပ်စွဲထားတဲ့ Vesuvius တောင်ကိုဝန်းရံပြီး ကျွန်တွေထွက်လာမဲ့အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ သူ့အတွေး ကတော့ နောက်ဆုံးမှာ အစာရေစာငတ်ပြတ်မှုကြောင့် ကျွန်တွေထွက်လာမှာပဲလို့ယူဆ ခဲ့ပါတယ်။

ဒီအကြောင်းကိုကြိုတင်တွေးမိတဲ့ စပါတာကတ်ဟာမတူညီကွဲပြားတဲ့ စစ်ဗျူဟာတစ်ခုကို အသုံးပြုပြီး ရောမစစ်တပ်ကို ချေမှုန်းခဲ့ပါတယ်။ စပါတာကတ်ခေါင်းဆောင် တဲ့ Gladiator တွေဟာ Vesuvius တောင်ပေါ်မှာရှိတဲ့ စပျစ်နွယ်တွေကို ကြိုးအဖြစ်အသုံးပြုပြီး တောင်စောင်းတွေကခိုဆင်းကာ တိုက်ခိုက်ခဲ့ကြပါတယ်။ ရောမစစ်တပ်ရဲ့နောက်ကျောကို မထင်မှတ်ထားတဲ့နေရာတွေကနေ ရုတ်တရတ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာမို့ ရောမစစ်သည်များစွာကျဆုံးခဲ့ပြီး တပ်လုံးကျွတ် နီးပါး ကျွန်တွေရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။

ဒီသတင်းကိုကြားသိတဲ့ရောမ အာဏာပိုင်တွေဟာ နောက်ထပ် စစ်သည် (၆၀၀၀)ပါတဲ့ စစ်တပ်ကိုထပ်မံစေလွှတ်ပြီး တိုက်ခိုက်စေပြန်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း စပါတာကတ်ဦးဆောင်တဲ့ ကျွန်တွေ သာအောင်ပွဲခံနိုင်ခဲ့ကြတာမို့ ကျွန်တွေရဲ့တော်လှန်ရေးဟာ ရောမအင်ပါယာတစ်ခွင် ပျံ့နှံ့သွားခဲ့ပါတယ်။ အဲနောက်တော့ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေဟာ ရောမတပ်တွေ အပေါ်အကြိမ်ကြိမ်အောင်ပွဲခံနိုင်ပြီး များစွာသော ကျွန်တွေဟာလည်း စပါတာကတ်နဲ့ ပူးပေါင်းလာကြပါတယ်။ မကြာခင်မှာပဲ စပါတာကတ်လက်အောက်မှာ ကျွန်လူတန်းစား (၇၀၀၀၀)လောက်ရှိတဲ့ တပ်မတော်တစ်ခုဖြစ်လာခဲ့ပါတယ်။ Gladiator တွေဟာဝင် ရောက်လာတဲ့ကျွန်တွေကို စစ်မက်ပညာရပ်တွေသင်ကြားပေးပြီး ရောမနိုင်ငံကို ကို လုံးဝကျဆုံးသွားတဲ့အထိတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေရဲ့ အဓိကအမှားဖြစ်ပြီး ခြေကုတ်နေရာတစ်ခုမထူထောင်ပဲ ရောမစစ်တပ်ကို လိုက်လံတိုက်ခိုက်နေတဲ့ အနေအထားဟာ ကာလကြာလာတဲ့အခါ စစ်ပန်းမှုဖြစ်လာရပါတယ်။ ဒါအပြင် လိုအပ်တဲ့ရိက္ခာကိုလည်း ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့ စီမံခန့်ခွဲမှုမျိုးမလုပ်ပဲ လိုက်လံတိုက်ခိုက်ပြီးရယူနေရတဲ့ အခြေနေကလည်း မလိုလားအပ်တဲ့ အင်အားပြုန်းတီးမှုတွေကိုဖြစ်စေပါတယ်။ စပါတာကတ်ရဲ့စစ်တပ်ဟာ အီတလီနိုင်ငံမြောက်ပိုင်းမှာစခန်းချပြီး လူသူလက်နက်စုဆောင်းမှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ရောမအင်ပါယာတစ်ခုလုံး ပွတ်လောရိုက်နေခဲ့ပြီး ကျွန်တွေရဲ့တော်လှန်ရေးအပေါ် တော်ဝင်အသိုင်းအဝိုင်းထိ ကြောက်ရွံမှုတွေဖြစ်လာ ရပါတယ်။

နောက်ဆုံးမှာတော့ ရောမအင်ပါယာ အကောင်းဆုံးစစ်သည်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ရှေတန်းစစ်မြေပြင်ရောက်တပ်တွေကို အသုံးပြုပြီး တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်သည်အင်အား (၅၀၀၀၀)ပါတဲ့ ယင်းစစ်တပ်ကို နာမည်ကျော်စစ်သူကြီး တွေဖြစ်တဲ့ Crassus နဲ့Pompey တို့ကိုဦးဆောင်စေကာ ကျွန်တွေကိုနှိမ်နင်းစေခဲ့ပါတယ် Crassus နဲ့Pompey တို့ ဦးဆောင်တဲ့ ရောမစစ်တပ်နဲ့ ကျွန်တော်လှန်သူတွေဟာ ယခုအီတလီနိုင်ငံမှာရှိတဲ့ Senerchia ဒေသမှာရှိတဲ့ Sele မြစ်ကမ်းဘေးမှာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြပါတယ်။

ဒီတစ်ခါမှာတော့စပါတာကတ်ဦးဆောင်တဲ့ ကျွန်တပ်မတော်ဟာ ရှုံးနိမ့်ခဲ့ရပြီး ဒီတိုက်ပွဲမှာစပါတာကတ် ကိုယ်တိုင်ကျဆုံးခဲ့ရပါတယ်။ ကျွန်တွေရဲ့ တော်လှန်ရေးဟာ အကြိမ်ကြိမ်အောင်မြင်မှုရခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် နောက်ဆုံးမှာတော့ ကျဆုံးခဲ့ရပါတော့တယ်။ ရောမတွေဟာ ဒီစစ်ပွဲမှာဖမ်းဆီးရမိတဲ့ ကျွန်သုံ့ပန်း (၆၀၀၀) လောက်ကို ကားစင်တင်ပြီးသတ်ဖြတ်ကာ ကျွန်တော်လှန်ရေးစတင်ခဲ့တဲ့ Capua အရပ်မှ ရောမအထိ Appian Way လမ်းတလျှောက်မှာ အတန်းလိုက် စီတန်းမှုတွေပြုလုပ်ကာစံပြဖြစ်စေခဲ့ပါတယ်။

စပါတာကတ်နဲ့ပတ်သတ်ပြီးသိမှတ်စရာအချို့ကတော့

(၁)စပါတာကတ်ဦးဆောင်တဲ့ကျွန်တွေရဲ့တော်လှန်ရေးကိုတော့ သမိုင်းပညာရှင်တွေ က Third Servile Warလို့အမည်ပေးခဲ့ကြပါတယ်။

(၂) ဒီတော်လှန်ရေးအစပြုခဲ့တဲ့ Gladiator တိုက်ခိုက်ရေးကျောင်းကိုတိုက်ခိုက်မှုမှာ စပါတာကတ်ဦးဆောင်တဲ့ Gladiator တွေဟာ မီးဖိုချောင်သုံးပစ္စည်းတွေကိုလက်နက် အဖြစ်အသုံးပြုပြီး လွတ်မြောတ်ခဲ့ကြတာပါ။ (Gladiatorတွေရဲ့လက်နက်တွေဟာ အခြား အချိန်တွေမှာ သိမ်းဆည်းခြင်းခံရပြီး ပြိုင်ပွဲဝင်ချိန်မှထုတ်ပေးတာပါ)

(၃) စပါတာကတ်ဟာကျဆုံးသွားတယ်လို့ဆိုကြပေမဲ့ စစ်မြေပြင်မှာ သူရဲ့ရုပ်အလောင်းကို ရောမတွေ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့သူဟာ တိုက်ပွဲမှာ ကျဆုံးခဲ့တာဖြစ်ကြောင်းသမိုင်းပညာရှင်တွေက အခိုင်အမာဆိုကြပါတယ်။

(၄) စပါတာကတ်ဦးဆောင်တဲ့ကျွန်တော်လှန်ရေးကို အောင်မြင်စွာနှိမ်နင်းခဲ့တဲ့ ရောမ စစ်သူကြီးနှစ်ယောက်ဖြစ်တဲ့ Crassusနဲ့Pompeyတို့ဟာရောမအုပ်ချုပ်ရေးရဲ့အဓိက အရေးပါတဲ့ ကောင်စစ်ဝန်ရာထူး နေရာတွေမှာတောင် ရွေးချယ်ခြင်းခံခဲ့ရတာပါ။

(၅)၁၉၆၀ မှာတော့ စပါတာကတ်အကြောင်းကို အမေရိကန်ဒါရိုက်တာ၊ရုပ်ရှင်မင်း သား၊ထုတ်လုပ်သူ Kirk Douglasကရုပ်ရှင် အဖြစ်ဖန်တီးခဲ့ပြီး အော်စတာဆု(၄)ခု ရတဲ့အထိ အောင်မြင်ခဲ့ပါတယ်။

Leave a Reply