Thutazone
Wednesday, December 11, 2019
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

သတိပြုရမယ့် ကုန်းပေါ်တွင်ရေနစ်ခြင်း

by Thutamm
August 12, 2019
1 min read
0
သတိပြုရမယ့် ကုန်းပေါ်တွင်ရေနစ်ခြင်း
Share on FacebookShare on Twitter

သတိပြုရမယ့် Dry Drowning နဲ့ Secondary Drowning

ရေးသားသူ – ကိုမျိုး(လွမ်းမပြေသုတရပ်ဝန်း)

အင်တာနက်ပေါ်မှာ သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ အဲဒါကတော့… အမေရိကန်နိုင်ငံက အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အိမ်နီးနားချင်းက ရေကူးကန်တစ်ခုမှာ ရေသွားကစားရာကနေ ပြန်လာပြီး သူဟာ အတော်လေး နွမ်းနယ်နေတဲ့အကြောင်း၊ အရမ်းလည်း အိပ်ချင်နေတဲ့အကြောင်း မိခင်ဖြစ်သူကို ပြောပြီး အိပ်ယာထဲမှာ သွားအိပ်လိုက်တယ်လို့ ဆိုပါတယ်… မိခင်ဖြစ်သူကလည်း ကလေးတွေရဲ့ သဘာဝအရ တနေ့ကုန် ကစားထားလို့ ပင်ပန်းတာလို့ ယူဆထားပြီး သားဖြစ်သူကို သံသယ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ခဏအကြာ သားဖြစ်သူကို သွားကြည့်လိုက်တဲ့ အချိန်မှာ ပါးစပ်ကနေ အမြုပ်တွေ ထွက်ပြီး အသက် မရှုတော့တာကို တအံ့တသြ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံဝန်ထမ်းတွေက ကလေးဟာ Dry drowning ကြောင့် ဆုံးသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ Dry drowning ရေ မတော်တဆဖြစ်တဲ့သူ ဦးရေဟာ ၁ နှစ်ကို ခန့်မှန်းခြေ ၄,၀၀၀ ခန့် ရှိပြီး… သူတို့ထဲက အရေအတွက် ၄၀၀ ကနေ ၆၀၀ လောက်ဟာ နှစ်စဉ် အသက် ဆုံးရှုံးနေတယ်လို့လည်း သိရပါတယ်။

Dry Drowning နဲ့ Secondary Drowning ဆိုတာ ဘာလဲ?

မိမိအပါအဝင် ကလေးမိဘတွေဟာ ကလေးတွေကို ရေကူးကန်တွေ၊ ရေချိုးခန်းတွေမှာ ရေပေးချိုး၊ ရေပေးကစားလေ့ ရှိပါတယ်။ ဒီလို ကစားပြီးလို့ ရေအပြင်ဘက် ရောက်တာနဲ့ ရေဘေးအန္တရာယ် မရှိတော့ဘူးလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Dry drowning နဲ့ Secondary drowning ဆိုတာဟာ ရေထဲမှာ ရှိနေစဉ် ရေနစ်သေဆုံးတာ မဟုတ်ပဲ… ကလေးတွေ ရေချိုး၊ ရေကစားပြီးလို့ ခန္ဓာကိုယ်က ရေတွေကို ခြောက်သွေ့အောင် တဘက်နဲ့သုတ်၊ အဝတ်အစားလဲ… စသဖြင့် ဒီလိုလုပ်နေချိန် နာရီပိုင်း အတွင်းမှာ ဖြစ်ပွားတဲ့ ရေမရှိတဲ့နေရာမှာ ရေနစ်သေဆုံးတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်သား ရပါတယ်။

ဒီလိုပုံစံနဲ့ ရေနစ်တာဟာ… ကလေးတွေ သူတို့ ကိုယ်တိုင် ရေကန်ထဲမှာ ရေကစားနေတဲ့အချိန် (ဒါမှမဟုတ်) ကလေးမိဘတွေက သူတို့ရဲ့ ကလေးတွေကို ချစ်စနိုးနဲ့ ခေါင်းကို ရေထဲနှစ်ပြီး ကစားနေတဲ့ အချိန်တွေမှာ မတော်တဆ (ရေမွန်းပြီး) ရေတွေကို သူတို့ရဲ့ နှာခေါင်းတွေကတဆင့် ရှူသွင်း မိလိုက်တဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။

Dry drowning ရေနစ်တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေ အကြောင်းအရင်း တွေကတော့… ရေကစားနေစဉ်အတွင်း ကလေးငယ် မတော်တဆ ရှူရှိုက်မိလိုက်တဲ့ ရေတွေဟာ အဆုတ်ထဲထိ ရောက်ရှိမသွားပဲ လေဝင်အသက်ရှူ လမ်းကြောင်းကို ရုတ်တရက် ဆိုးကျိုးသက်ရောက်မှု တစ်ခု ဖြစ်စေ ပါတယ်။ ဒီလိုနဲ့ ကုန်းပေါ် ရောက်တဲ့ အချိန် Asphyxiation ခေါ် အောက်ဆီဂျင် လုံလောက်စွာ မရရှိတော့ပဲ အသက်ရှူမဝတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

 

Secondary drowning (Delayed drowning လည်း ခေါ်ပါတယ်) ကတော့ Dry drowning နဲ့ အနည်းငယ် ကွာခြားပါတယ်။ သူကတော့ ကလေးငယ် ရှူသွင်းလိုက်မိတဲ့ ရေတွေဟာ ပွင့်နေတဲ့ လေလမ်းကြောင်းအတိုင်း အဆုတ်ထဲကို ရောက်ရှိ နေရာ ယူသွားတာ ဖြစ်ပါတယ်။ အဆိုပါ အဆုတ်ထဲရှိ ရေတွေဟာ ခန္ဓာကိုယ်တွင်း လည်ပတ်နေတဲ့ သွေးထဲသို့ အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အဟန့်အတား ဖြစ်စေပြီး… နောက်ဆုံး ဦးနှောက်ကပါ အောက်ဆီဂျင် လုံလောက်စွာ မရတော့တဲ့ထိ ပြဿနာ ဖြစ်လာပါတယ်။ ဒီလို အခြေအနေကို ‘Pulmonary edema’ လို့လည်း ခေါ်တယ်လို့ သိရပါတယ်။

Dry drowning ရေနစ်တဲ့ လက္ခဏာတွေက အများအားဖြင့် ရေ မတော်တဆဖြစ်ပြီး ခဏအတွင်းမှာ ဖြစ်ပေါ်လာပြီး… Secondary drowning ရဲ့ လက္ခဏာတွေကတော့ ယေဘုယျအားဖြင့် ရေ မတော်တဆဖြစ်ပြီးနောက်ပိုင်း ၁ နာရီကနေ ၂၄ နာရီအတွင်း (တချို့ဆေးစာတွေမှာ ၁ နာရီကနေ ၇၂ နာရီကြား) မှာ စတင် ဖြစ်ပေါ်တယ်လို့ Children’s Hospital of Pittsburgh ရဲ့ အရေးပေါ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Raymond Pitetti က ဆိုပါတယ်။

ဒီလို ရေမတော်တဆမှုဟာ လူကြီးတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် လူကြီးတွေလို ခန္ဓာကိုယ် ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကလေးငယ်တွေမှာ ပိုပြီး အဖြစ်များတာ တွေ့ရတယ်လို့ ဒေါက်တာ Pitetti က ပြောပါတယ်။

၂ မျိုးလုံးဟာ အတော်လေး ဖြစ်ခဲတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ရေနစ်တဲ့ ဖြစ်စဉ်တွေ အားလုံးထဲမှာ ဒီလိုပုံစံနဲ့ ရေနစ်တာဟာ ၁ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း အကြား မှာသာ ရှိတယ်လို့ အမေရိကန်နိုင်ငံရှိ Florida Hospital Tampa ဆေးရုံက ဒေါက်တာ James Orlowski ကလည်း ဆိုထားပါတယ်။ ဒါပေမယ့် သတိတော့ ထားရပါမယ်။

Dry Drowning နဲ့ Secondary Drowning ၂ မျိုးလုံးမှာ တူညီတဲ့ လက္ခဏာ တွေကတော့ အသက်ရှူရ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘက်အောင့်ခြင်း၊ အလွန့်အကျွံ ပင်ပန်းနွမ်းနယ်လာခြင်း…. တွေပဲ ဖြစ်ပါတယ်… ဒါ့အပြင် ကလေးဟာ စိတ်ဆိုးမာန်ဆိုးဖြစ်ခြင်း စတဲ့ အမူအရာ ပြောင်းလဲ လာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်… ဒီလက္ခဏာတွေ အားလုံးဟာ ကလေးငယ်ရဲ့ ဦးနှောက်က အောက်ဆီဂျင် လုံလောက်စွာ မရရှိတဲ့သဘော သက်ရောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလက္ခဏာတွေ အားလုံးကို ကလေးမိဘတွေက သတိမပြုမိဘဲ အချိန်မီ မကုသဘူးဆိုရင် အသက် ဆုံးရှုံးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်။

မိမိရဲ့ကလေးဟာ အထက်မှာ ဖော်ပြခဲ့အတိုင်း ရေကစားပြီးတဲ့အချိန် Dry Drowning နဲ့ Secondary Drowning တွေထဲက ရှေ့ပြေး လက္ခဏာ တစ်ခုခု ပြနေပြီဆိုရင် နီးစပ်ရာမှာ ဆေးရုံမှာ ဆေးဝါး အကူအညီ ရယူပါ။ မျက်ခြေမပြတ် စောင့်ကြည့်ပါ။ ဒီလက္ခဏာတွေဟာ သူ့အလိုလို ပျောက်သွားတယ် ဆိုရင်တောင်မှ ဓာတ်မှန်ရိုက်ပြီး ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ကလေးငယ်တွေ ရေကူးကန်၊ ရေချိုးကန်တွေမှာ ရေကစားစဉ် Water Safety ရေလုံခြုံမှု ရှိပြီး ရေမတော်တဆမှုက ကင်းဝေးစေဖို့ အတွက် American Academy of Emergency Medicine က အကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာ Mark Reiter က ကလေးမိဘတွေကို-
(၁) ရေထဲ (ဒါမှမဟုတ်) ရေအနီးအနားမှာ ရှိနေတဲ့ ကလေးတွေကို အမြဲတမ်း မျက်ခြေမပျက် အနီးကပ် စောင့်ကြည့်ဖို့…
(၂) ကလေးတွေကို အသက်ကယ် ပစ္စည်းတွေ ရှိတဲ့ နေရာတွေမှာသာ ရေကစားခွင့် ပြုဖို့နဲ့..
(၃) ရေကစားတဲ့ ကလေးတွေကိုလည်း လူကြီးတွေရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိစေဖို့ အကြံပြုထားပါတယ်….။

What is dry drowning?

(မိမိလို မသိသေးတဲ့ ဘဝတူ ကလေး မိဘများအတွက် ဗဟုသုတအနေနဲ့ ရေးသား တင်ပြပေးလိုက်တာပါ… Cause and Effect နဲ့ Prevention အပိုင်းကိုသာ တင်ပြလိုတဲ့အတွက် ဆေးနဲ့သက်ဆိုင်တဲ့ အသုံးအနှုန်းများ ရေးထားတာ မရှင်း မလင်း ဖြစ်ခဲ့ရင် မိမိရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်…)

ကိုမျိုး(လွမ်းမပြေသုတရပ်ဝန်း)
https://lwanmapyay.blogspot.com/

Ref:
https://www.webmd.com/children/features/secondary-drowning-dry-drowning#1
http://www.homehealthyrecipes.com/this-boy-died-an-hour-after-swimming-all-parents-should-see-this/
http://www.parents-space.com/drowning-types-summer-dangers/

Tags: healthknowledge
Next Post
ကန္တာရအလယ်က ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်ကြီး

ကန္တာရအလယ်က ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်ကြီး

Discussion about this post

Trending

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 
Knowledge

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 

by Thutamm
December 11, 2019
မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်
Knowledge

မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်

by Thutamm
December 11, 2019
ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 
Amazing

ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 

by Thutamm
December 11, 2019
ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 
History

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 

by Thutamm
December 9, 2019
အမေရိကန်တွေ အရက်ကို နိုင်ငံလုံးကျွတ် ဖျက်သိမ်းခဲ့စဉ်က
History

အမေရိကန်တွေ အရက်ကို နိုင်ငံလုံးကျွတ် ဖျက်သိမ်းခဲ့စဉ်က

by Thutamm
December 8, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

 

Null