မႏၱေလး ရတနာပံုေနျပည္ေတာ္တြင္ရွိခဲ့ေသာ လက္နက္စက္ရံုမ်ား

Posted on

ေရးသားသူ – ပါေမာကၡဦးျမင္႔ေစာ

ရတနာပံုေနျပည္ေတာ္တြင္ အေျမာက္ေသနတ္လုပ္စက္ရံု ၄ ရံု ရွိခဲ႔ ေလသည္။ ယင္းတို႔အနက္ ၂ ရံုမွာ နန္းၿမိဳ႕တြင္းမွာ တည္ရွိသည္။ က်န္ ၂ ရံုမွာ ၿမိဳ႕ေျမာက္ျပင္ အမရစံေခါင္ရပ္၊ ေရႊတေခ်ာင္း ကမ္းပါး၌ တစ္ရံု၊ ၿမိဳ႕အေနာက္ျပင္ သဂၤဇာေခ်ာင္း ကမ္းပါးတြင္ တစ္ရံု တည္ရွိသည္။ ေျမာက္ျပင္ အမရစံေခါင္ရပ္ရွိ အေျမာက္ေသနတ္ စက္ရံုကို အိမ္ေရွ႕စံ ကေနာင္မင္းသားႀကီး ရွိစဥ္ကပင္ တည္ေထာင္ ခဲ႔သည္။

၁၈၇၁ ခုႏွစ္ ဇန္နဝါရီလတြင္ နန္းၿမိဳ႕တြင္းရွိ အေျမာက္စက္ရံုမွ အလြန္ ေကာင္းမြန္ ေသသပ္သည့္ ယမ္းေတာင္႔ထိုး က်ည္ေမြ အေျမာက္ငယ္ ၂ လက္ကို ပထမဆံုးအႀကိမ္ လုပ္ေဆာင္ ေအာင္ျမင္ခဲ႔သည္။ ယင္း အေျမာက္ငယ္မွာ ၁၈ ေပါင္ အေျမာက္ဆံကို ပစ္ခတ္ႏိုင္သည္။ ေျပာင္းဝအနည္းငယ္ က်ယ္သည္မွအပ အျပစ္အနာအဆာ ေျပာစရာ မရွိေပ။ ၁၈၇၁၊ မတ္လတြင္ ေနာက္ထိုးက်ည္ေမြ အေျမာက္တစ္ခုကို သြန္းလုပ္ေအာင္ျမင္ခဲ႔သည္။ ယင္းအေျမာက္ကို ေၾကးျဖင္႔သြန္းလုပ္၍ လက္စလက္န ေကာင္းမြန္ေသသပ္သည့္အျပင္ ၂ ခ်က္ေပါက္၊ ၁၂ ခ်က္ထြက္ ေနာက္ထိုးအေျမာက္ျဖစ္သည္။

၁၈၇၁ခုႏွစ္ ႏိုဝင္ဘာ လတြင္ အေျမာက္စက္ရံုအတြင္း အေျမာက္ႀကီးငယ္မ်ား တြင္က်ယ္စြာ လုပ္ေဆာင္ရွိေနလ်က္ ေၾကးႏွင္႔သံ ေရာသြန္းသည့္ စစ္ေဆာင္ အေျမာက္ႀကီး ၁၂ လက္မွာ ၿပီးလုနီး ရွိေနသည္။ ၁၈၇၂၊ ေဖေဖာ္ဝါရီ လတြင္ အထက္ေဖၚျပပါ အေျမာက္ႀကီးမ်ားအျပင္ ၁ ေပါင္က်ည္ဝင္ ရိုင္ဖယ္အေျမာက္ငယ္ ၂ လက္လည္း ေကာင္းမြန္ေသသပ္က်နစြာ ထုတ္လုပ္ႏိုင္ခဲ႔သည္။

ယင္းႏွစ္ မတ္လတြင္ ၿမိဳ႕အေနာက္ျပင္ သဂၤဇာေခ်ာင္းကမ္းပါးရွိ လက္နက္စက္ရံုမွ လက္နက္ႀကီးငယ္ ၂၀ ထုတ္လုပ္ႏိုင္ခဲ႔သည္။ ယင္းတို႔အနက္ အခ်ိဳ႕မွာ ၄ ေပါင္၊ ၅ ေပါင္ က်ည္ဝင္ ေၾကးအေျမာက္၊ သံအေျမာက္တို႔ျဖစ္လ်က္ အခ်ိဳ႕မွာ စိန္ျဖစ္သည္။ ထိုအေတာအတြင္း မွာပင္ ယင္းစက္ရံု၌ စစ္ေသနတ္ေဟာင္း ၁၇ လက္ကို ေနာက္ထိုး ေသနတ္ (ေသနတ္ခါးခ်ိဳး) အျဖစ္သို႔ ျပင္ဆင္ေျပာင္းလဲ လုပ္ေဆာင္ ႏိုင္ခဲ႔သည္။ ထို႔ျပင္ အေျမာက္ငယ္အေဟာင္း ၄၂ လက္ကိုလည္း ေခတ္သံုးယမ္းေတာင္႔ ေနာက္ထိုး ရိုင္ဖယ္မ်ားအျဖစ္သို႔ ေျပာင္းလဲ ေအာင္ျမင္ခဲ႔သည္။

နန္းၿမိဳ႕တြင္း လက္နက္စက္ရံုတြင္ ျမန္မာအမ်ိဳးသားႏွင္႔ အိႏၵိယ အမ်ိဳးသား အလုပ္သမားေပါင္း ၁၀၀ ခန္႔ရွိသည္။ ၁၈၇၂ မတ္လ ၁၉ ရက္ေန႔တြင္ ဝန္ႀကီးမွဴးႀကီးမ်ားေရွ႕သို႔ ဆံုလည္အေျမာက္ႀကီးကို ထုတ္လုပ္ ေအာင္ျမင္ေၾကာင္း ျပသႏိုင္ခဲ႔သည္။ ယင္း ဆံုလည္ အေျမာက္မွာ ယမ္းေတာင္႔ ၆ ေတာင္႔ထိုးျဖစ္၍ တစ္ခ်က္ပစ္တိုင္း ယမ္းေတာင္႔အိမ္လည္သျဖင္႔ ေျခာက္လံုးျပဴးေသနတ္ သေဘာသြား အတိုင္းပင္ျဖစ္သည္။

ရတနာပံု အေျမာက္ေသနတ္စက္ရံု ၄ ရံုမွ ၁၈၇၁ ႏွင္႔ ၁၈၇၂ ႏွစ္မ်ား အတြင္း က်ည္ေမြအေျမာက္ငယ္မ်ား၊ ေနာက္ထိုးက်ည္ေမြ အေျမာက္ႀကီးမ်ားကို ထုတ္လုပ္ႏိုင္၍ ၁၅ လက္ထက္မနည္း ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္သည္။ တစ္လလွ်င္ အေျမာက္ငယ္ ၃ လက္၊ ၄ လက္ခန္႔ ထုတ္လုပ္ႏိုင္သည္။ ၆ ေပါင္က်ည္ဝင္ ေရွ႕ထိုး သံအေျမာက္၊ ေၾကးအေျမာက္တို႔ကိုလည္း သြန္းလုပ္ႏိုင္ခဲ႔သည္။ နန္းၿမိဳ႕တြင္းရွိ လက္နက္စက္ရံု ၂ ရံုတြင္ တူဆံမ်ား၊ တူမီး ေသနတ္မ်ား ျပဳလုပ္ခဲ႔သည္။ ၁၈၇၄၊ ႏိုဝင္ဘာလအထိ တူမီး ေသနတ္ေပါင္း ၄၅၀-ခန္႔ လုပ္ေဆာင္ၿပီးစီးခဲ႔သည္။

၁၈၇၅ ခုႏွစ္ အတြင္း နန္းၿမိဳ႕တြင္းရွိ လက္နက္စက္ရံု၌ အေျမာက္ငယ္မ်ားႏွင္႔ ေသနတ္ေပါင္း ၂၀၀၀ ထုတ္လုပ္ႏုိင္ခဲ့သည္အထိ ေအာင္ျမင္ခဲ႔သည္။ ၿမိဳ႕ေျမာက္ျပင္ရွိ အေျမာက္ေသနတ္စက္ရံုတြင္ ေရျမဳပ္ဗံုးႀကီး ၁၀ လံုးကို ထုတ္လုပ္ခဲ႔သည္။ သီေပါမင္းလက္ထက္ ေျမာက္ျပင္ အမရစံေခါင္ရပ္ရွိ ေသနတ္စက္ရံုမွ ဗထက္ၿခိဳက္ေခၚ ေနာက္ထိုး ေသနတ္ ၅၀၀ ေက်ာ္မွ် ထုတ္လုပ္ႏိုင္ခဲ႔သည္။

ျမန္မာလူငယ္မ်ားကို အိႏၵိယ၊ အီတလီ၊ ျပင္သစ္ႏွင္႔ အဂၤလန္ ႏိုင္ငံမ်ားသို႔ ပညာေတာ္သင္မ်ား ေစလႊတ္ၿပီး စက္ရံုမ်ားကို ဦးေဆာင္ေစသည္။ အီတာလ်ံလူမ်ိဳး စကာလာဆိုသူကို ေသနတ္ စက္ဆရာႀကီးအျဖစ္ ႀကီးမွဴးလုပ္ေဆာင္ေစသည္။ ဥေရာပ-အာရွသား အတတ္ပညာရွင္တစ္ဦးလည္း ရွိသည္။ ၁၈၈၅၊ ဒီဇင္ဘာလ ၂ ရက္ေန႔ ဂ်င္နရယ္ပရင္ဒါဂတ္ ဦးေဆာင္သည့္ ၿဗိတိသွ် ျပည္သိမ္းတပ္က စက္ရံုအတြင္းရွိ လက္နက္မ်ိဳးစံုကို သိမ္းဆည္း ဖ်က္ဆီးခဲ႔သည္။

ပါေမာကၡဦးျမင္႔ေစာ

——————–

မန္တလေး ရတနာပုံနေပြည်တော်တွင်ရှိခဲ့သော လက်နက်စက်ရုံများ (unicode)

ရေးသားသူ – ပါမောက္ခဦးမြင့်စော

ရတနာပုံနေပြည်တော်တွင် အမြောက်သေနတ်လုပ်စက်ရုံ ၄ ရုံ ရှိခဲ့ လေသည်။ ယင်းတို့အနက် ၂ ရုံမှာ နန်းမြို့တွင်းမှာ တည်ရှိသည်။ ကျန် ၂ ရုံမှာ မြို့မြောက်ပြင် အမရစံခေါင်ရပ်၊ ရွှေတချောင်း ကမ်းပါး၌ တစ်ရုံ၊ မြို့အနောက်ပြင် သင်္ဂဇာချောင်း ကမ်းပါးတွင် တစ်ရုံ တည်ရှိသည်။ မြောက်ပြင် အမရစံခေါင်ရပ်ရှိ အမြောက်သေနတ် စက်ရုံကို အိမ်ရှေ့စံ ကနောင်မင်းသားကြီး ရှိစဉ်ကပင် တည်ထောင် ခဲ့သည်။

၁၈၇၁ ခုနှစ် ဇန်နဝါရီလတွင် နန်းမြို့တွင်းရှိ အမြောက်စက်ရုံမှ အလွန် ကောင်းမွန် သေသပ်သည့် ယမ်းတောင့်ထိုး ကျည်မွေ အမြောက်ငယ် ၂ လက်ကို ပထမဆုံးအကြိမ် လုပ်ဆောင် အောင်မြင်ခဲ့သည်။ ယင်း အမြောက်ငယ်မှာ ၁၈ ပေါင် အမြောက်ဆံကို ပစ်ခတ်နိုင်သည်။ ပြောင်းဝအနည်းငယ် ကျယ်သည်မှအပ အပြစ်အနာအဆာ ပြောစရာ မရှိပေ။ ၁၈၇၁၊ မတ်လတွင် နောက်ထိုးကျည်မွေ အမြောက်တစ်ခုကို သွန်းလုပ်အောင်မြင်ခဲ့သည်။ ယင်းအမြောက်ကို ကြေးဖြင့်သွန်းလုပ်၍ လက်စလက်န ကောင်းမွန်သေသပ်သည့်အပြင် ၂ ချက်ပေါက်၊ ၁၂ ချက်ထွက် နောက်ထိုးအမြောက်ဖြစ်သည်။

၁၈၇၁ခုနှစ် နိုဝင်ဘာ လတွင် အမြောက်စက်ရုံအတွင်း အမြောက်ကြီးငယ်များ တွင်ကျယ်စွာ လုပ်ဆောင်ရှိနေလျက် ကြေးနှင့်သံ ရောသွန်းသည့် စစ်ဆောင် အမြောက်ကြီး ၁၂ လက်မှာ ပြီးလုနီး ရှိနေသည်။ ၁၈၇၂၊ ဖေဖော်ဝါရီ လတွင် အထက်ဖေါ်ပြပါ အမြောက်ကြီးများအပြင် ၁ ပေါင်ကျည်ဝင် ရိုင်ဖယ်အမြောက်ငယ် ၂ လက်လည်း ကောင်းမွန်သေသပ်ကျနစွာ ထုတ်လုပ်နိုင်ခဲ့သည်။

ယင်းနှစ် မတ်လတွင် မြို့အနောက်ပြင် သင်္ဂဇာချောင်းကမ်းပါးရှိ လက်နက်စက်ရုံမှ လက်နက်ကြီးငယ် ၂၀ ထုတ်လုပ်နိုင်ခဲ့သည်။ ယင်းတို့အနက် အချို့မှာ ၄ ပေါင်၊ ၅ ပေါင် ကျည်ဝင် ကြေးအမြောက်၊ သံအမြောက်တို့ဖြစ်လျက် အချို့မှာ စိန်ဖြစ်သည်။ ထိုအတောအတွင်း မှာပင် ယင်းစက်ရုံ၌ စစ်သေနတ်ဟောင်း ၁၇ လက်ကို နောက်ထိုး သေနတ် (သေနတ်ခါးချိုး) အဖြစ်သို့ ပြင်ဆင်ပြောင်းလဲ လုပ်ဆောင် နိုင်ခဲ့သည်။ ထို့ပြင် အမြောက်ငယ်အဟောင်း ၄၂ လက်ကိုလည်း ခေတ်သုံးယမ်းတောင့် နောက်ထိုး ရိုင်ဖယ်များအဖြစ်သို့ ပြောင်းလဲ အောင်မြင်ခဲ့သည်။

နန်းမြို့တွင်း လက်နက်စက်ရုံတွင် မြန်မာအမျိုးသားနှင့် အိန္ဒိယ အမျိုးသား အလုပ်သမားပေါင်း ၁၀၀ ခန့်ရှိသည်။ ၁၈၇၂ မတ်လ ၁၉ ရက်နေ့တွင် ဝန်ကြီးမှူးကြီးများရှေ့သို့ ဆုံလည်အမြောက်ကြီးကို ထုတ်လုပ် အောင်မြင်ကြောင်း ပြသနိုင်ခဲ့သည်။ ယင်း ဆုံလည် အမြောက်မှာ ယမ်းတောင့် ၆ တောင့်ထိုးဖြစ်၍ တစ်ချက်ပစ်တိုင်း ယမ်းတောင့်အိမ်လည်သဖြင့် ခြောက်လုံးပြူးသေနတ် သဘောသွား အတိုင်းပင်ဖြစ်သည်။

ရတနာပုံ အမြောက်သေနတ်စက်ရုံ ၄ ရုံမှ ၁၈၇၁ နှင့် ၁၈၇၂ နှစ်များ အတွင်း ကျည်မွေအမြောက်ငယ်များ၊ နောက်ထိုးကျည်မွေ အမြောက်ကြီးများကို ထုတ်လုပ်နိုင်၍ ၁၅ လက်ထက်မနည်း အောင်မြင်စွာ ထုတ်လုပ်နိုင်သည်။ တစ်လလျှင် အမြောက်ငယ် ၃ လက်၊ ၄ လက်ခန့် ထုတ်လုပ်နိုင်သည်။ ၆ ပေါင်ကျည်ဝင် ရှေ့ထိုး သံအမြောက်၊ ကြေးအမြောက်တို့ကိုလည်း သွန်းလုပ်နိုင်ခဲ့သည်။ နန်းမြို့တွင်းရှိ လက်နက်စက်ရုံ ၂ ရုံတွင် တူဆံများ၊ တူမီး သေနတ်များ ပြုလုပ်ခဲ့သည်။ ၁၈၇၄၊ နိုဝင်ဘာလအထိ တူမီး သေနတ်ပေါင်း ၄၅၀-ခန့် လုပ်ဆောင်ပြီးစီးခဲ့သည်။

၁၈၇၅ ခုနှစ် အတွင်း နန်းမြို့တွင်းရှိ လက်နက်စက်ရုံ၌ အမြောက်ငယ်များနှင့် သေနတ်ပေါင်း ၂၀၀၀ ထုတ်လုပ်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ မြို့မြောက်ပြင်ရှိ အမြောက်သေနတ်စက်ရုံတွင် ရေမြုပ်ဗုံးကြီး ၁၀ လုံးကို ထုတ်လုပ်ခဲ့သည်။ သီပေါမင်းလက်ထက် မြောက်ပြင် အမရစံခေါင်ရပ်ရှိ သေနတ်စက်ရုံမှ ဗထက်ခြိုက်ခေါ် နောက်ထိုး သေနတ် ၅၀၀ ကျော်မျှ ထုတ်လုပ်နိုင်ခဲ့သည်။

မြန်မာလူငယ်များကို အိန္ဒိယ၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန် နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ပြီး စက်ရုံများကို ဦးဆောင်စေသည်။ အီတာလျံလူမျိုး စကာလာဆိုသူကို သေနတ် စက်ဆရာကြီးအဖြစ် ကြီးမှူးလုပ်ဆောင်စေသည်။ ဥရောပ-အာရှသား အတတ်ပညာရှင်တစ်ဦးလည်း ရှိသည်။ ၁၈၈၅၊ ဒီဇင်ဘာလ ၂ ရက်နေ့ ဂျင်နရယ်ပရင်ဒါဂတ် ဦးဆောင်သည့် ဗြိတိသျှ ပြည်သိမ်းတပ်က စက်ရုံအတွင်းရှိ လက်နက်မျိုးစုံကို သိမ်းဆည်း ဖျက်ဆီးခဲ့သည်။

ပါမောက္ခဦးမြင့်စော

Leave a Reply