ကႏာၱရအလယ္က ကမာၻ႔အႀကီးဆုံး သဘာ၀ပန္းဥယ်ာဥ္ႀကီး

Posted on

အလြန္ပူျပင္းတဲ့ ကႏာၱရအလယ္မွာ သဘာ၀ပန္းဥယ်ာဥ္စုိက္ပ်ဳိးဖုိ႔ဆုိတာ မျဖစ္ႏုိင္ဘူးလုိ႔ ထင္ရပါတယ္။ ဒါေပမယ့္ ခတ္အမီဆုံးၿမဳိ႕တစ္ၿမဳိ႕ျဖစ္တဲ့ ၊ မုိး ကိုေတာင္ကုိယ္တုိင္ဖန္တီးၿပီး ရြာသြန္းေစမယ့္ ဒူဘုိင္းအတြက္ေတာ့ ျဖစ္ႏုိင္ပါတယ္။ ဟုတ္ပါတယ္ ၊ ဒီသဘာ၀ပန္းဥယ်ာဥ္ႀကီးဟာ ယူေအအီးႏုိင္ငံ အပူပုိင္းသဲကႏာၱရထဲမွာတည္ရွိိတဲ့ ဒူဘုိင္းၿမဳိ႕မွာတည္ရွိေနတာပါ။ ဒူဘုိင္းၿမဳိ႕ရဲ႕ Al Barsha နယ္ေျမေတာင္ပိုင္းမွာ တည္ရွိေနတာျဖစ္ပါတယ္။

ဒီပန္းဥယ်ာဥ္ႀကီးဟာ Dubai Miracle Garden ဆုိၿပီး ကမာၻေက်ာ္ပါတယ္။ အေၾကာင္းကေတာ့ အပူပိုင္း သဲကႏၱာရထဲမွာ ေဆာက္ထားတဲ့ ပန္းဥယ်ာဥ္က ေမြးပ်ံ႕လွပတဲ့ ပန္းေတြ အမ်ားႀကီး စိုက္ပ်ိဳးေပါက္ေရာက္ေနလို႔ပါပဲ။ ကမာၻ႔အႀကီးဆံုး သဘာဝပန္းဥယ်ာဥ္လည္း ျဖစ္ပါတယ္။

အက်ယ္အ၀န္းအားျဖင့္ စတုရန္းေပ ၇၈၀၀၀၀ က်ယ္ဝန္းတဲ့ ဒီပန္းဥယ်ာဥ္ႀကီးထဲမွာ ပန္းပြင့္ေပါင္း သန္း ၆၀ ေက်ာ္ကို ခင္းက်င္းျပသထားပါတယ္။ ဒီပန္းဥယ်ာဥ္ႀကီးရဲ႕ ကုန္က်စရိတ္ကေတာ့ အေမရိကန္ေဒၚလာ ၁၁သန္းျဖစ္ပါတယ္။ Arabian Ranches အနီးနားမွာ႐ွိတဲ့ ဒီပန္းဥယ်ာဥ္ႀကီးကို ၂၀၁၃ ခုႏွစ္ ခ်စ္သူမ်ားေန႔မွာ စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ႏွစ္စဥ္ လာေရာက္လည္ပတ္သူေပါင္း ၁.၅ သန္းေလာက္ ႐ွိပါတယ္။

ရာသီအလိုက္ ပန္းေတြကို ပံုစံေျပာင္းလဲ ဖြဲ႔စည္းခင္းက်င္းေလ့႐ွိတယ္။ ဒီလုိခင္းက်င္းရျခင္းအေၾကာင္းကေတာ့ ဒီႏွစ္ ဒီဥယ်ာဥ္ကိုလာေရာက္ၿပီးသူဟာ ေနာက္ႏွစ္ေရာက္တဲ့အခါမွာလည္း အရသာျမင္ကြင္းသစ္တစ္မ်ဳိးကို ခံစားေစႏုိင္ဖုိ႔ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လည္ပတ္ဖူးသူေတြကို ေနာက္တစ္ခါလာေရာက္လည္ပတ္ေစခ်င္ေအာင္ ဆြဲေဆာင္လွ်က္ရွိပါတယ္။

ဒီလုိတစ္ခါခင္းက်င္းတဲ့အခါမွာ ၀န္ထမ္းေပါင္း ၄၀၀ေက်ာ္ ဟာ အခ်ိန္ ၂လယူကာ ခင္းက်င္းရတာျဖစ္ပါတယ္။ စုစုေပါင္း ပန္းမ်ဳိးစိတ္ေပါင္း ၆၀ေက်ာ္ နဲ႔ ခင္းက်င္းထားတာျဖစ္ၿပီး ပန္းေတြကိုေရွရွည္ခံေစဖုိ႔အတြက္ အစက္ခ်စုိက္ပ်ဳိးနည္းစနစ္ကို အသုံးျပဳထားတာျဖစ္ပါတယ္။ ဒီလုိ အစက္ခ်စနစ္ကို သုံးတာေတာင္ တစ္ေန႔တစ္ေန႔ ေရလီတာေပါင္း ၇သိန္းခြဲခန္႔ကုန္က်ပါတယ္။ ဒါေပမယ့္ re-uses waste water စနစ္ကိုသုံးထားတာေၾကာင့္ အကုန္အက်သက္သာေစတယ္လုိ႔ သိရပါတယ္။

ဒီပန္းၿခံႀကီးထဲမွာ အရုပ္ေတြ ၊ ငွက္ေတြ ၊ အိမ္ေတြ ၊ ဒီဇုိင္းအမ်ဳိးမ်ဳိးကုိ ပန္းေရာင္စုံနဲ႔ ခင္းက်င္းထားၿပီး အဲဒီထဲမွာ အထူးျခားဆုံးကေတာ့  Emirates Airbus A380 ေလယာဥ္ႀကီးျဖစ္ပါတယ္။ တကယ့္အျပင္က ေလယာဥ္နဲ႔ အတုိင္းအတာက အစ အတူတူျဖစ္ေအာင္ ပန္းေတြနဲ႔တည္ေဆာက္ထားတာျဖစ္ၿပီး ပန္းေပါင္း ၅သိန္းခန္႔ကို အသုံးျပဳရပါတယ္။ ဒီခင္းက်င္းမႈဟာ ၂၀၁၆ ခုႏွစ္မွာေတာ့ ” ကမၻာ့အႀကီးဆံုး ပန္းအလွဆင္မႈ” အျဖစ္ ဂင္းနစ္မွတ္တမ္းဝင္သြားခဲ့တယ္။


ဒီပန္းၿခံႀကီးမွာ ပန္းေတြအျပင္ အလြန္လွပတဲ့ေရာင္စုံလိပ္ျပာေတြကိုလည္း ထားရွိထားပါေသးတယ္။ လိပ္ျပာမ်ဳိးစိတ္ေပါင္း ၂၆ခုရွိၿပီး အေရအတြက္အားျဖင့္ လိပ္ျပာေကာင္ေရ ၁၅၀၀၀ ခန္႔ ရွိေနျပန္ပါတယ္။

ဒူဘုိင္းမွာရွိတဲ့ေနရာအမ်ားစုဟာ ေခတ္မီတဲ့ေစ်း၀ယ္စင္တာေတြ ၊ အလုံပိတ္ေနရာေတြျဖစ္တာေၾကာင့္ လူေတြဟာသဘာ၀ကို အလုိရွိၾကပါတယ္။ ဒါေၾကာင့္လည္း ဒီပန္းၿခံႀကီးကုိ မၾကာခဏလာေလ့ရွိတာလုိ႔ ဒီပန္းဥယ်ာဥ္ႀကီးရဲ႕ တာ၀န္ခံျဖစ္သူက ဆုိပါတယ္။ ပန္းေတြေရရွည္ခံေစဖုိ႔အတြက္ ဒီပန္းဥယ်ာဥ္ႀကီးကို အလြန္ပူျပင္းၿပီး ပ်မ္းမွ်အပူခ်ိန္ ၄၀ဒီဂရီဆဲစီးယပ္ ခန္႔ရွိတဲ့ ဇြန္လကေန စက္တင္ဘာလအထိ ပိတ္ထားေလ့ရွိပါတယ္။ တစ္ႏွစ္နဲ႔တစ္ႏွစ္ဖြင့္ခ်ိန္မတူေပမယ့္ အမ်ားအားျဖင့္ ႏုိ၀င္ဘာလမွာ ျပန္လည္ဖြင့္လွစ္ေလ့ရွိပါတယ္။

ကဲ ေအာက္က ဗီဒီယုိကုိၾကည့္ၿပီး ခဏေလာက္သြားလည္ၾကည့္ပါ 🙂

သုတဇုန္

————————

ကန္တာရအလယ်က ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်ကြီး (unicode)

အလွန်ပူပြင်းတဲ့ ကန္တာရအလယ်မှာ သဘာဝပန်းဥယျာဉ်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ရပါတယ်။ ဒါပေမယ့် ခတ်အမီဆုံးမြို့တစ်မြို့ဖြစ်တဲ့ ၊ မိုး ကိုတောင်ကိုယ်တိုင်ဖန်တီးပြီး ရွာသွန်းစေမယ့် ဒူဘိုင်းအတွက်တော့ ဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ် ၊ ဒီသဘာဝပန်းဥယျာဉ်ကြီးဟာ ယူအေအီးနိုင်ငံ အပူပိုင်းသဲကန္တာရထဲမှာတည်ရှိတဲ့ ဒူဘိုင်းမြို့မှာတည်ရှိနေတာပါ။ ဒူဘိုင်းမြို့ရဲ့ Al Barsha နယ်မြေတောင်ပိုင်းမှာ တည်ရှိနေတာဖြစ်ပါတယ်။

ဒီပန်းဥယျာဉ်ကြီးဟာ Dubai Miracle Garden ဆိုပြီး ကမ္ဘာကျော်ပါတယ်။ အကြောင်းကတော့ အပူပိုင်း သဲကန္တာရထဲမှာ ဆောက်ထားတဲ့ ပန်းဥယျာဉ်က မွေးပျံ့လှပတဲ့ ပန်းတွေ အများကြီး စိုက်ပျိုးပေါက်ရောက်နေလို့ပါပဲ။ ကမ္ဘာ့အကြီးဆုံး သဘာဝပန်းဥယျာဉ်လည်း ဖြစ်ပါတယ်။

အကျယ်အဝန်းအားဖြင့် စတုရန်းပေ ၇၈၀၀၀၀ ကျယ်ဝန်းတဲ့ ဒီပန်းဥယျာဉ်ကြီးထဲမှာ ပန်းပွင့်ပေါင်း သန်း ၆၀ ကျော်ကို ခင်းကျင်းပြသထားပါတယ်။ ဒီပန်းဥယျာဉ်ကြီးရဲ့ ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၁၁သန်းဖြစ်ပါတယ်။ Arabian Ranches အနီးနားမှာရှိတဲ့ ဒီပန်းဥယျာဉ်ကြီးကို ၂၀၁၃ ခုနှစ် ချစ်သူများနေ့မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နှစ်စဉ် လာရောက်လည်ပတ်သူပေါင်း ၁.၅ သန်းလောက် ရှိပါတယ်။

ရာသီအလိုက် ပန်းတွေကို ပုံစံပြောင်းလဲ ဖွဲ့စည်းခင်းကျင်းလေ့ရှိတယ်။ ဒီလိုခင်းကျင်းရခြင်းအကြောင်းကတော့ ဒီနှစ် ဒီဥယျာဉ်ကိုလာရောက်ပြီးသူဟာ နောက်နှစ်ရောက်တဲ့အခါမှာလည်း အရသာမြင်ကွင်းသစ်တစ်မျိုးကို ခံစားစေနိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း လည်ပတ်ဖူးသူတွေကို နောက်တစ်ခါလာရောက်လည်ပတ်စေချင်အောင် ဆွဲဆောင်လျှက်ရှိပါတယ်။ ဒီလိုတစ်ခါခင်းကျင်းတဲ့အခါမှာ ဝန်ထမ်းပေါင်း ၄၀၀ကျော် ဟာ အချိန် ၂လယူကာ ခင်းကျင်းရတာဖြစ်ပါတယ်။ စုစုပေါင်း ပန်းမျိုးစိတ်ပေါင်း ၆၀ကျော် နဲ့ ခင်းကျင်းထားတာဖြစ်ပြီး ပန်းတွေကိုရှေရှည်ခံစေဖို့အတွက် အစက်ချစိုက်ပျိုးနည်းစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒီလို အစက်ချစနစ်ကို သုံးတာတောင် တစ်နေ့တစ်နေ့ ရေလီတာပေါင်း ၇သိန်းခွဲခန့်ကုန်ကျပါတယ်။ ဒါပေမယ့် re-uses waste water စနစ်ကိုသုံးထားတာကြောင့် အကုန်အကျသက်သာစေတယ်လို့ သိရပါတယ်။

ဒီပန်းခြံကြီးထဲမှာ အရုပ်တွေ ၊ ငှက်တွေ ၊ အိမ်တွေ ၊ ဒီဇိုင်းအမျိုးမျိုးကို ပန်းရောင်စုံနဲ့ ခင်းကျင်းထားပြီး အဲဒီထဲမှာ အထူးခြားဆုံးကတော့  Emirates Airbus A380 လေယာဉ်ကြီးဖြစ်ပါတယ်။ တကယ့်အပြင်က လေယာဉ်နဲ့ အတိုင်းအတာက အစ အတူတူဖြစ်အောင် ပန်းတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ပန်းပေါင်း ၅သိန်းခန့်ကို အသုံးပြုရပါတယ်။ ဒီခင်းကျင်းမှုဟာ ၂၀၁၆ ခုနှစ်မှာတော့ ” ကမ္ဘာ့အကြီးဆုံး ပန်းအလှဆင်မှု” အဖြစ် ဂင်းနစ်မှတ်တမ်းဝင်သွားခဲ့တယ်။

ဒီပန်းခြံကြီးမှာ ပန်းတွေအပြင် အလွန်လှပတဲ့ရောင်စုံလိပ်ပြာတွေကိုလည်း ထားရှိထားပါသေးတယ်။ လိပ်ပြာမျိုးစိတ်ပေါင်း ၂၆ခုရှိပြီး အရေအတွက်အားဖြင့် လိပ်ပြာကောင်ရေ ၁၅၀၀၀ ခန့် ရှိနေပြန်ပါတယ်။

ဒူဘိုင်းမှာရှိတဲ့နေရာအများစုဟာ ခေတ်မီတဲ့ဈေးဝယ်စင်တာတွေ ၊ အလုံပိတ်နေရာတွေဖြစ်တာကြောင့် လူတွေဟာသဘာဝကို အလိုရှိကြပါတယ်။ ဒါကြောင့်လည်း ဒီပန်းခြံကြီးကို မကြာခဏလာလေ့ရှိတာလို့ ဒီပန်းဥယျာဉ်ကြီးရဲ့ တာဝန်ခံဖြစ်သူက ဆိုပါတယ်။ ပန်းတွေရေရှည်ခံစေဖို့အတွက် ဒီပန်းဥယျာဉ်ကြီးကို အလွန်ပူပြင်းပြီး ပျမ်းမျှအပူချိန် ၄ဝဒီဂရီဆဲစီးယပ် ခန့်ရှိတဲ့ ဇွန်လကနေ စက်တင်ဘာလအထိ ပိတ်ထားလေ့ရှိပါတယ်။ တစ်နှစ်နဲ့တစ်နှစ်ဖွင့်ချိန်မတူပေမယ့် အများအားဖြင့် နိုဝင်ဘာလမှာ ပြန်လည်ဖွင့်လှစ်လေ့ရှိပါတယ်။

ကဲ အောက်က ဗီဒီယိုကိုကြည့်ပြီး ခဏလောက်သွားလည်ကြည့်ပါ 🙂

သုတဇုန်

Leave a Reply