ကေလးေတြရဲ႕ စစ္စစ္ေပါက္ေပါက္အေမး ၊ ဆရာေအာင္သင္းရဲ႕အေျဖ – ၂

Posted on

ကေလးေတြရဲ႕ ေမးခြန္းဆုိတဲ့ ေခါင္းစဥ္နဲ႔ ေရးခဲ့တာေတြကို ျပန္ၿပီး စစ္ၾကည့္မယ္ဆုိရင္ တုိလီမုိလီ ေဝါဟာရေတြ ျဖစ္ေနေၾကာင္း ေတြ႕ၾကရပါလိမ့္မယ္။ ဘာေၾကာင့္ ဒါေတြကို ေရးေနရသလဲ။ ဘယ္လုိအက်ဳိးေက်းဇူး ရွိမွာလဲလုိ႔ ေမးစရာ ရွိပါတယ္။ တခ်ဳိ႕ လူငယ္ေတြ သိခ်င္ေနတဲ့ ေဝါဟာရ ေလးေတြကို သိရေတာ့ သုိ႔မဟုတ္ စဥ္းစားၾကရေတာ့ ေပ်ာ္စရာ ေကာင္းတာေပါ့ကြယ္။ ငါကုိယ္တုိင္က ေဝါဟာရ စူးစမ္းတတ္သူ၊ ေလ့လာသူ ပညာရွင္တစ္ေယာက္ မဟုတ္ပါဘူး။ သုိ႔ေသာ္လဲ ခရီးသြားဟန္လြဲ ဆုိသလုိ စဥ္းစားမိတာေလးေတြကို ျပန္ေျပာရတာကုိေတာ့ျဖင့္ ဝါသနာ ပါမိတာ အမွန္ပါပဲ။ မင္းတုိ႔မွာလဲ ဒီလုိ ေတာက္တုိမယ္ရ တုိလီမုိလီေလးေတြ ရွိေနရင္ ေစ်းကြက္ဂ်ာနယ္ ကတစ္ဆင့္ ေျပာျပၾကစမ္းပါ။ ကဲ- ဒီတစ္ပတ္ေတာ့ျဖင့္-

တံခြန္စုိက္

”ဆရာေရ တံခြန္စုိက္ဆုိတာကုိ ကြၽန္ေတာ္တုိ႔အားလုံး သုံးေနၾကတာပဲ။ ကမၻာ့ေဘာလုံးပြဲ တံခြန္စုိက္ ဖလား ဆုိတာေတြကို ခဏခဏ ေျပာသံ ၾကားေနရတယ္။ ကြၽန္ေတာ္တုိ႔ သိေနတာက ဘုရားတံခြန္တုိင္၊ တံခြန္ ကုကၠားဆုိတာေတြကုိ သိေနၾကတာ။ တံခြန္စုိက္ (ခ်န္ပီယံ)ဆုိတာ ဘာေၾကာင့္ သုံးၾကတာလဲ”။

”ေအးကြ။ ငါလဲစဥ္းစားမိခဲ့တာ ခပ္ငယ္ငယ္ကတည္းက ဆုိပါေတာ့။ တံခြန္ဆုိတာမွာ ၾကက္လွ်ာဆုိတာ ရွိေသးတယ္။ သုံးေထာင့္ ခြၽန္တံခြန္ေလးေပါ့။ ေနာက္ၿပီး ရဲတံခြန္၊ ေအာင္တံခြန္ဆုိတာေတြ ရွိေသးတယ္။ အလံေတြေပါ့။ တကယ္ဆုိေတာ့ အလံဆုိတာ ျမန္မာစကား မဟုတ္ဘူးကြ။ အာရဗီစကား။ ျမန္မာရဲ႕ တံခြန္နဲ႔ အတူတူလုိ႔ပဲ ဆုိႏုိင္ပါလိမ့္မယ္။

”တံခြန္စုိက္ဆုိတာရဲ႕ ရင္းျမစ္ သုံးစြဲပုံကုိ ေတြ႕ခဲ့ဖူးတာက ငါမွတ္မိသေလာက္ ဆရာနႏၵေရးတဲ့ သံႏွင့္ ေသြးဆုိတဲ့ ဝတၴဳႀကီးထဲမွာလို႕ ထင္မိတာပဲ။ လက္ေဝွ႕ပြဲမွာ ယွဥ္ၿပဳိင္ထုိး သတ္ၾကတယ္။ အားလုံးမွာ ဗုိလ္စြဲတဲ့ လက္ေဝွ႕သမားရဲ႕ ေသွ်ာင္ထုံးမွာ ၾကက္လွ်ာတံခြန္ေလးစုိက္ထားတယ္လုိ႔ သိရတယ္။ အဲဒီလုိ ေသွ်ာင္မွာ တံခြန္ စုိက္ထားလုိက္တာက ဗုိလ္ေတာင္းတဲ့ သေဘာပဲ။ ဗုိလ္ေတာင္းတယ္ ဆုိတာက ယွဥ္ခ်င္ေသးရင္ ထြက္ခဲ့ၾကလုိ႔ စိမ္ေခၚလုိက္တာပါပဲ။ ခ်ဲလင္း လုပ္တာေပါ့ကြယ္။

”ေနာက္တစ္ခု ေတြ႕ဖူးတာ ရွိေသးတယ္။ လြတ္လပ္ေရးေန႔ ႏြားလွည္းၿပဳိင္ပြဲမွာ ေတြ႕ခဲ့ရတာပါ။ ႏြားလွည္းေတြ ၿပဳိင္ၾကၿပီး အားလုံးမွာ ပထမရတဲ့ ပထမစြဲတဲ့ လွည္းထမ္းပုိး ထိပ္လွည္းစည္းခုံးေပၚမွာ ၾကက္လွ်ာ တံခြန္ေလး ထူထားတာကုိ ေတြ႕လုိက္ခဲ့ဖူးတယ္။ တံခြန္စုိက္ပဲေပါ့။

”ခုမွ သတိရလာလုိ႔ ေမးလုိက္ရဦးမယ္။ မင္းတုိ႔ ေရခ်ိန္ဆုိတာကုိ ၾကားဖူးၾကလား”

ေရခ်ိန္

”ၾကားဖူးတယ္ဆရာ။ ေရခ်ိန္ မကုိက္ေသးဘူး။ ေရခ်ိန္ကုိက္သြားၿပီ ဆုိတာမ်ဳိးေတြေပါ့။ အထူးသျဖင့္ အရက္ေသာက္တဲ့ လူေတြသုံးၾကတဲ့ စကားပဲ။ ေသေသခ်ာခ်ာေတာ့ မသိပါဘူး။ ေရခ်ိန္အေၾကာင္းကို ေျပာျပပါဦးဆရာ”

”ဒီလုိကြယ့္။ မင္းတုိ႔ေခတ္မွာေတာ့ Stop Watch လုိ႔ ေခၚတဲ့ အခ်ိန္တုိင္း နာရီေတြ ရွိလာၾကၿပီ။ အဲဒီလုိ နာရီပစၥည္းေတြ မေပၚမီကေတာ့ ေရခ်ိန္ကုိ အသုံးျပဳၿပီး အခ်ိန္ကာလ ၾကာရွည္မႈကုိ ေရခ်ိန္နဲ႔ တုိင္းၾကရ တယ္။

”လွည္းၿပဳိင္ပြဲအေၾကာင္းကို ေျပာျပဦးမယ္။ ျမင္းပြဲမွာ ျမင္းၿပဳိင္တယ္ဆုိပါစုိ႔။ ၿပဳိင္ပြဲဝင္ျမင္းေတြ အား လုံး ၿပဳိင္ၿပီး ကြင္းထဲမွာ ေျပးၾကရ တာ။ လွည္းၿပဳိင္ပြဲဆုိရင္အဲဒီ ၿပဳိ္င္ပြဲဝင္ ႏြားလွည္းေတြ စုၿပဳံၿပီး တစ္ၿပဳိင္တည္း ေျပးၾကဖုိ႔ ၿပဳိင္ကြင္းဘယ္မွာ ရွိႏုိင္ပါ့မလဲ။ ဒီေတာ့လမ္းေၾကာင္း တစ္ခုတည္းမွာပဲ ႏြားလွည္းေတြ တစ္လွည့္စီေျပးရတယ္။ ေျပးတဲ့ အခ်ိန္ကုိ ဘယ္ေလာက္ၾကာတယ္ဆုိတာ ေရခ်ိန္နဲ႔ မွတ္ၿပီးၿပဳိင္ရတာ။

”ေရခ်ိန္ဆုိတာ ငါမွတ္မိသေလာက္ေျပာရရင္ မင္းတုိ႔သိတဲ့ ျပဒါးတုိင္လုိပါပဲ။ လက္သန္းေလာက္ရွိတဲ့ ဖန္ျပြန္ေခ်ာင္းေလးေပါ့။ အဲဒီမွာ ျပဒါးတုိင္လုိပဲ အမွတ္အသားေတြ ပါတယ္။ ဆုိပါစုိ႔ကြယ္။ အျမင့္ဆုံး ၁ဝဝ ကေနၿပီး အနိမ့္ဆုံး သုညအထိ ဆုိပါေတာ့။ အဲဒီအထဲမွာ ေရကုိ ၁ဝဝ အထိ ထည့္ထားတယ္။ ေအာက္ ဘက္က ပိတ္ထားတယ္။ လွည္းကို တာလႊတ္ဒုိင္က တာလႊတ္ေၾကာင္း အလံကုိ ႐ုိက္ျပလုိက္တယ္။ ဒါမွမဟုတ္ ေသနတ္ေဖာက္လုိက္တယ္။ ဒီေတာ့ ပန္းဝင္ဒုိင္က ဖန္ျပြန္က ေရကုိ ဖြင့္ခ်လုိက္တယ္။ ေရကတစ္ေပါက္ခ်င္း ခပ္သြက္သြက္ကေလး က်ေနတယ္။ လွည္းဘီးက ပန္းတုိင္စည္းကို နင္းမိခ်ိန္မွာ ေရခ်ိန္ကုိပိတ္ လုိက္တယ္။ ေရခ်ိန္အမွတ္ ၁ဝမွာ ပန္းဝင္တယ္ေပါ့။ ေနာက္လွည္း တစ္စီးက ေရခ်ိန္အမွတ္ ၂ဝ ပန္း ဝင္တယ္ဆုိရင္ အဲဒီလွည္းက ပုိၿပီးျမန္လုိ႔ေပါ့။

”ဒီတုန္းက ျမင္းသမားေတြ ၿပဳိင္ျမင္းပုိင္ရွင္ေတြကလဲ ေဂ်ာ္ကီကို အစီးခုိင္းၿပီး ကုိယ့္ျမင္းရဲ႕ ေျပးအားကို ေရခ်ိန္နဲ႔တုိင္းၾကတယ္လုိ႔ ၾကားဖူးတယ္။ ေရခ်ိန္တက္လာရင္ ေျပး အားျမန္တာေပါ့။ ေရခ်ိန္က်သြားရင္ ေျပးအားေႏွးသြားတာပဲေပါ့။

”မင္းတုိ႔ေျပာတဲ့ ယမကာ သမားေတြ ေရခ်ိန္မကိုက္ေသးဘူး။ ေရခ်ိန္ကိုက္ေနၿပီ ဆိုတာေတြက အဲဒီ ေရခ်ိန္ကလာတဲ့ စကားေတြေပါ့ကြာ”

ဆက္ရက္မင္းစည္းစိမ္

”ဆရာရယ္ ယမကာ ေဝါဟာ ရေတြကိုဆုိက္လာလုိ႔ ဆက္ၿပီးေမး ပါရေစဦး။ ယစ္ေထြတဲ့လူေတြကုိ ဆက္ရက္မင္းစည္းစိမ္ခံေနတယ္လုိ႔ ေျပာတတ္ၾကတယ္။ အဲဒါဆရာရယ္။ အရက္နဲ႕ဆက္ရက္က ဘယ္လုိ ဆက္စပ္ေနလုိ႔လဲ”

”ေအး၊ အဲဒါကေတာ့ ေျပာရမွာ ခပ္ခက္ခက္ပဲေဟ့။ နိပါတ္ေတာ္ ဝတၴဳတစ္ပုဒ္မွာ ဖတ္ဖူးတာက မုဆုိးတစ္ေယာက္က ေတာလည္ရင္း သစ္ပင္တစ္ပင္ရဲ႕ ေျခရင္းမွာ ငွက္ေတြ အေတာ္မ်ားမ်ား လဲက်ေနတယ္။ ေသေနတာလဲ မဟုတ္ဘူး။ ဒါနဲ႔ပဲ စူးစမ္းၾကည့္လုိက္ေတာ့ အဲဒီ သစ္ပင္ႀကီးရဲ႕ ခြဆုံသစ္ေခါင္းထဲ ေရေတြ ဝပ္ေနတာကုိ ေတြ႕ရတယ္။ ပန္းပြင့္ပန္းငုံေတြလဲ ေရထဲမွာ အနည္ထုိင္ေနတယ္။ ငွက္ေတြက ဒီေရကုိ ေသာက္မိလုိ႔ ဒီလုိျဖစ္ကုန္ၾကတာလုိ႔ ရိပ္မိတာနဲ႔ သူပါေသာက္ၾကည့္လုိက္တယ္။ သူလဲငွက္ေတြလုိ ယစ္မူး လာတာေပါ့။

ဒီမွာတင္ အရသာေတြ႕ၿပီး ပန္းပြင့္၊ ပန္းငုံေတြကုိ စုၿပီး စိမ္ရင္းက စိမ္ရည္ျဖစ္လာတာေပါ့ကြယ္။

”ပန္းပြင့္ဝတ္ရည္က ငွက္ေတြကုိ ယစ္ေစတတ္သလား မသိဘူး။ မင္းတုိ႔ၾကားဖူးၾကမွာေပါ့။ မိန္းကေလးေတြ စုမိလုိ႔ စကားမ်ားေနၾကရင္ လက္ပံပင္ ဆက္ရက္က်ေနတဲ့ အတုိင္းပဲလုိ႔ ေျပာတတ္ၾကတယ္။ ဟုတ္လား။ ဆက္ရက္ဆုိတာ အလြန္ကုိ စကားမ်ားတဲ့ ငွက္မ်ဳိးလုိ႔ ထင္မိတာပဲ။ လက္ပံဝတ္ရည္ကလဲ နည္းနည္းယစ္ေစသလား မသိဘူး။ လက္ပံဝတ္ရည္ ေသာက္လုိက္ေတာ့ ဆက္ရက္ေတြက စကားပုိၿပီးမ်ားေတာ့တာေပါ့ကြာ။

”ေနာက္ၿပီး ဦးပုညရဲ႕ ဝိဇယမင္းသား ျပဇာတ္ထဲက စာတစ္ပုဒ္ကိုလဲ သတိရမိျပန္တယ္။ ဝိဇယမင္းသားကုိ ျပည္ႏွင္ဒဏ္ေပးၿပီး ပင္လယ္ေၾကာ ေမွ်ာလုိက္လုိ႔ သီဟုိဠ္ကြၽန္း ေရာက္လာတဲ့အခါ ဝိဇယမင္းသား ျမည္တမ္းတဲ့ စကားက ဗ်ာၾကြယ္ညႇိဳးေအာင္ ႐ႈိ႐ုိးေျမႇာင္က၊ ဖုိးေခါင္ရင့္ၾကည္၊ ပန္းဝတ္ရည္ႏွစ္၊ ေသာက္မူးယစ္လုိ႔၊ ခ်စ္စရာ သူ႔ကုိယ္နဲ႔၊ ခုလုိမ်ားျမည္ေတာ့၊ ျပည္ေတာ္ကုိ လြမ္းလွခ်ည္ရဲ႕ ငယ္ကြၽန္မ်ားတဲ့။ ဒါက ငါမွတ္မိတဲ့ ဝိဇယျပဇာတ္က စာကုိ ရြတ္ျပလုိက္ရတာ။ တျခားကဗ်ာ စာေပေတြမွာလဲ ဝတ္ရည္နဲ႔ မူးယစ္ေၾကာင္း ေတြ႕ရတတ္ပါတယ္။

”ဒီေတာ့ ဆက္ရက္မင္း စည္းစိမ္ဆုိတာ ပန္းဝတ္မႈန္စိမ္ရည္နဲ႔ ဇိမ္ခံမိန္းေမာေနတာကုိ ေျပာတယ္လုိ႔ ထင္မိတာပဲ”

”ေနာက္ၿပီး သူတုိ႔ေျပာတတ္ၾကတဲ့ ပုလင္းတူဘူးဆုိ႔ ဆုိတာ”

”ဟာ-အဲဒါက ဘာဆုိင္လဲကြ။ Friend to Friend သူငယ္အခ်င္းခ်င္းေတြပဲကြ။ ဖရင့္တူ ဖရင့္လုိ႔ ေျပာတာပါ။ ေနာက္ေတာ့ ဖရင္းက ပုလင္းျဖစ္သြားၿပီး ပုလင္းတူပုလင္း။ ေနာက္ေတာ့ ပုလင္းတူ ဘူးဆုိ႔လုိ႔ အေျပာင္အျပက္ ေျပာၾကတာေတြပါ။

”ကဲ-ထားလုိက္ေတာ့၊ ငါေျပာခဲ့တဲ့ တံခြန္စုိက္တုိ႔၊ ေရခ်ိန္တုိ႔၊ ဆက္ရက္မင္းစည္းစိမ္တုိ႔ ဆုိတာေတြဟာလဲ ငါ့ဘာသာ မွန္းဆေျပာရတာကုိးကြယ့္။ မွားေနရင္၊ တိမ္းေနရင္လဲ လွမ္းၿပီး စာေရးၾကေပါ့ကြာ”

မၿပံဳးဘဲနဲ႕ ဝါးလံုးခြဲရယ္ခ်င္

ေမး ။ ။ ”ဆရာ- မၿပံဳးဘဲနဲ႕ ဝါး လုံးခြဲရယ္ခ်င္ ဆိုတဲ့စကားသုံးကို စာေတြထဲမွာ ေတြ႕ရတတ္တယ္။ ေရွး ေခတ္ဝတၴဳေတြမွာဆိုရင္ ပိုလို႕ေတာင္ ေတြ႕ရတတ္ပါေသးတယ္။ ဝါးလံုးခြဲ တာနဲ႕ရယ္တာ ဆက္စပ္လို႕မရဘဲျဖစ္ ေနတယ္။ ဘယ္လိုလဲဆရာ”

ကြၽန္ေတာ္ကလည္း ရယ္ေမာ လိုက္မိပါတယ္။ ၿပီးမွ-

ေျဖ ။ ။ ေအးကြ၊ ငါလဲ ငယ္ငယ္ကတည္းက ၾကားခဲ့ဖူးပါတယ္။ အားရပါးရ ရယ္တာကိုဆိုလိုေၾကာင္းေတာ့ သိသေပါ့ကြယ္။ ဒါေပမယ့္ ဝါးလံုးခြဲနဲ႕ ဆက္စပ္လုိ႕ကို မရခဲ့ဘူး။ ငါသိလာရပံုကုိ ေျပာရရင္ ရယ္စရာ ေတာ့အေကာင္းသား။ ဒုတိယကမၻာ စစ္ႀကီးၿပီးလို႕ေတာ ေက်းလက္ေတြ ဆီေျပး လႊားေရွာင္တိမ္းရာက ၿမိဳ႕ထဲ ျပထဲျပန္ဝင္လာၾကေတာ့ ၿမိဳ႕က ျပာပံု ျဖစ္ေနၿပီ။ ဒီေတာ့ ကိုယ္အိမ္ကိုယ့္ ယာကို ကိုယ့္ဘာသာကုိယ္ေဆာက္ ၾကရတာကိုး။ ကိုယ့္ဘာသာကိုယ္ ဆိုေသာ္လဲ အခ်င္းခ်င္း ဝိုင္းဝန္းၿပီး ေဆာက္ၾကရတာေပါ့ေလ။ သစ္ႀကီး ဝါးႀကီးမဟုတ္ဘဲ သစ္ငယ္ ဝါးငယ္ နဲ႕ ယာယီေဆာက္ၾကရတာကိုး။ ဒီ ေတာ့မွ ဝါးလံုးခြဲသံကုိ ေသခ်ာၾကား ခဲ့ရဖူးတာပါ။

ဒီလိုကြယ့္။ ဝါးမွာအဆစ္ေတြ ရွိတာေတာ့ မင္းတို႕သိၿပီးသားပဲ။ ဒီအဆစ္ေတြကို တစ္ဆစ္စီခြဲေနတာ မဟုတ္ဘူး။ ဝါးလံုးအဖ်ားဘက္ကို ဓားနဲ႕တစ္ခ်က္ ထက္ျခမ္းဟလိုက္တယ္။ တစ္ဆစ္ေလာက္ ခြဲလိုက္တယ္။ ဝါးလံုးက ထက္ျခမ္းဟ သြားၿပီေပါ့။ ဒီေတာ့ တစ္ျခမ္းကို ေျခနဲ႕နင္း ေနာက္တစ္ျခမ္းကို လက္နဲ႕ဆြဲ ၿပီးမလိုက္ေတာ့ ဝါးဆစ္ေတြေတာက္ ေလွ်ာက္ျပဳတ္ၿပီး ကြဲသြားကုန္ေတာ့တာပဲ။ ဝါးလံုးဆိုတာက အေခါင္းပြ မဟုတ္လား။ အဆစ္ေတြထဲမွာ ေလကခိုေနေသးတာကိုး။ ဒီေတာ့ ခြမ္းခနဲ႕ တစ္ခ်က္ျမည္မဟုတ္ေတာ့ဘဲ ဆက္တိုက္ စက္ေသနတ္ပစ္လိုက္သလို ခြမ္း၊ ခြမ္း ျမည္သြားလိုက္တာ ဟိန္းသြားတာပဲ။

အဲဒီအခ်ိန္မွာ အိမ္ေတြကလဲ ဟိုအိမ္ဒီအိမ္ တစ္ၿပိဳင္တည္းေဆာက္ ေနၾကတာဆိုေတာ့ ဝါးလံုးခြဲ သံေတြဟာ တခြမ္းခြမ္း ျမည္ေနေတာ့တာပဲ။ ငါလဲ အဲဒီအသံေတြကို ၾကားရေတာ့မွ ဝါးလံုးခြဲ ရယ္သံဆုိတာ ဒါမ်ဳိးကို ေျပာတာပါလားလို႕ သေဘာေပါက္ ခဲ့ရပါတယ္။ ရယ္လိုက္တာမ်ား ဝါးလံုးခြဲလုိက္သလိုပဲ ဆုိတာလဲ သေဘာ ေပါက္သြားခဲ့တယ္။ ဝါးဟားဟား ဆုိတာ ဝါးလံုးခြဲတာေပါ့ကြာ။

ႏွာေခါင္းက်ည္ေပြ႕ ေတြ႕မယ္

ေမး ။ ။ ”ဆရာ၊ ႏွာေခါင္းက်ည္ ေပြ႕ေတြ႕မယ္လို႕ ေျပာတတ္ၾကပါတယ္။ ဒီလိုအတိုင္းသာဆိုရင္ ဒုကၡေရာက္လိမ့္မယ္လို႕ ဆုိလိုေၾကာင္းကိုေတာ့ သေဘာေပါက္ပါတယ္။ ဒါေပမယ့္ ဘာေၾကာင့္ ဒီလိုေျပာတာလဲ ဆိုတာ…”

ေျဖ ။ ။ ”ေအး- အဲဒါကိုေတာ့ ငါခပ္ငယ္ငယ္က ပံုျပင္ေလးတစ္ခု ဖတ္ခဲ့ဖူးတယ္။ ပံုျပင္ဆိုကတည္းက တကယ့္ျဖစ္ရပ္ မဟုတ္ဘူးဆုိတာေတာ့ နားလည္ထားရမွာေပါ့ကြယ္။ ဒီလုိ ကြယ့္-

”တစ္ခါက လူတစ္ေယာက္က တေစၧမေၾကာက္ဘူးလို႕ သူ႕အေပါင္း အသင္းေတြကိုေျပာၿပီး အေလာင္းအစားနဲ႕ သခ်ဳႋင္းမွာသြားအိပ္သတဲ့။ ညသန္းေခါင္ေလာက္က်ေတာ့ တေစၧ ေလးငါးေကာင္က ေရာက္လာပါေလေရာ။ ဒီေတာ့ သူကလဲ တေစၧေတြ ၾကားထဲကုိ တေစၧေယာင္ေဆာင္ ဝင္သြားၿပီး သူတို႕နဲ႕အတူ မီးလႈံေနဆုိကိုး။ ဒီေတာ့ တေစၧတစ္ေကာင္က ”ေဟ့- လူေစာ္နံတယ္ကြ”လို႕ ေျပာသတဲ့။ က်န္တဲ့တေစၧေတြကလဲ ”ဟုတ္တယ္ေဟ့၊ လူေစာ္နံတယ္” လို႕ေျပာသတ့ဲ။ ဒါနဲ႕ပဲ တေစၧတစ္ေကာင္က တေစၧေတြနံပါတ္စဥ္ေရ မယ္ဆိုၿပီးေရေတာ့ ဒီေကာင္လူပဲဆို ၿပီးေတြ႕သြားတာေပါ့။ ဒီမွာတင္ဝိုင္းၿပီး သူ႕ႏွာေခါင္းကို ဆြဲလိုက္ၾကတာ ႏွာေခါင္းက အရွည္ႀကီး ျဖစ္သြားပါေလေရာ။ မနက္လင္းလို႕ အိမ္ျပန္ ေရာက္ေတာ့ ပံုပ်က္ပန္းပ်က္ေနတဲ့ သူ႕ႏွာေခါင္းႀကီးေၾကာင့္ အျပင္မထြက္ ဝ့ံေတာ့ဘူးေပါ့ေလ။ သူ႕သူငယ္ခ်င္း ကအိမ္လာၿပီး အျဖစ္အပ်က္ေမးေတာ့ သူက အားလံုးကုိျပန္ေျပာျပတယ္။

ဒီမွာတင္ သူငယ္ခ်င္းျဖစ္သူက ငါႀကိဳးစားၾကည့္ဦးမယ္ကြာလို႕ ေျပာၿပီးသခ်ဳႋင္းကို သြားျပန္တယ္။ ညသန္းေခါင္ေလာက္ ေရာက္ေတာ့ ခါတိုင္းလုိပဲ တေစၧေတြစုေဝးေရာက္ လာၾက ျပန္တယ္။ အဲဒီလို စုေဝးၾကေတာ့ လူေစာ္နံတယ္လို႕ျဖစ္လာၾက ျပန္ပါ ေလေရာ။ ဒီတစ္ခါမွာေတာ့ သူငယ္ခ်င္း ျဖစ္သူရဲ႕ အေတြ႕အႀကံဳကို သိၿပီးသား ျဖစ္ေနေလေတာ့ ဒုတိယလူက သူကပဲစၿပီး အမွတ္စဥ္ကို ေရးလိုက္ျပန္တယ္။ ဒါေပမယ့္ သူက သူ႕ကိုယ္သူကို ခ်န္ၿပီး လက္ညႇိဳးထိုး ေရျပရင္း ထင္ေနၾကလို႕ပါကြာ။ လူမပါပါဘူးလို႕ ေျပာျပလိုက္တယ္။ ဒီေတာ့မွ တေစၧေတြက ခါတိုင္းလိုပဲ စပ္မိစပ္ရာ စကားေျပာၾကတာေပါ့ေလ။ ခဏရွိေတာ့မွ အဲဒီသူငယ္ခ်င္းက ”ခုမွေျပာရဦးမယ္ မေန႕ညက ႏွာေခါင္းကုိ ငါတို႕ဝိုင္းဆြဲလႊတ္လုိက္တဲ့ လူေတာ့ ဘယ္လိုျဖစ္ေနမလဲ မသိဘူး” လို႕ေျပာလိုက္တယ္။ ဒီေတာ့ တေစၧတစ္ေကာင္က အိမ္ထဲက အိမ္ျပင္ထြက္ဝံ့မွာ မဟုတ္ေတာ့ဘူးေပါ့ကြာ” လို႕ေျပာတယ္။ ဒီေတာ့ ေနာက္တစ္ေကာင္က ဆက္ၿပီးေျပာတယ္။ ”အဲဒီလူက ေမာင္းစင္က ေမာင္းခြက္ေပၚမွာ ပက္လက္လွန္ၿပီးေန၊ ေမာင္းတံုးကိုေျမႇာက္၊ အဲဒီေမာင္းက်ည္ေပြ႕နဲ႕ သူႏွာေခါင္းကို အသာတို႕လိုက္ရင္ ႏွာေခါင္းက တိုဝင္သြားၿပီး နဂိုအတိုင္း ျဖစ္သြားမွာေပါ့ကြာ”လို႕ ေျပာသတဲ့။

”ဒီေတာ့မွ သူငယ္ခ်င္းက မွတ္သားထားလိုက္ၿပီး မုိးလင္းခါနီး တေစၧေတြ အစုခြဲျပန္ၾကေတာ့မွ သူက အိမ္ျပန္လာခဲ့တယ္။ အိမ္ျပန္ေရာက္ေတာ့ သူ႕ရဲ႕သူငယ္ခ်င္း ႏွာေခါင္းကို တေစၧေတြ ေျပာတဲ့အတိုင္း ေမာင္းက်ည္ေပြ႕နဲ႕ တို႕လိုက္တာနဲ႕ ႏွာေခါင္း ကတိုဝင္ၿပီး ပင္ကိုအတိုင္း ျပန္ျဖစ္ သြားသတဲ့။

”ဒါေၾကာင့္ ေရွ႕ေနာက္ မစဥ္းစားဘဲ ထင္ရာျမင္ရာေတြကို လုပ္တတ္တဲ့ လူကိုေတြ႕ရင္ ဒီေကာင္ကေတာ့ ႏွာေခါင္းက်ည္ေပြ႕ ေတြ႕ေတာ့မွာပဲလို႕ ေျပာတတ္ၾကပါတယ္။

”အဲဒါ ငါၾကားဖူးတဲ့ ႏွာေခါင္း က်ည္ေပြ႕ ပံုျပင္ပါပဲဗ်ား။ တစ္ျခား လူႀကီးသူမ ေတြကိုလဲ ေမးၾကည့္ၾက ဦးေပါ့ကြယ္”

ဆရာေအာင္သင္းရဲ႕-ကေလးေတြရဲ႕ေမးခြန္း မွ

——————–

ကလေးတွေရဲ့ စစ်စစ်ပေါက်ပေါက်အမေး ၊ ဆရာအောင်သင်းရဲ့အဖြေ – ၂ (unicode)

ကလေးတွေရဲ့ မေးခွန်းဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့တာတွေကို ပြန်ပြီး စစ်ကြည့်မယ်ဆိုရင် တိုလီမိုလီ ဝေါဟာရတွေ ဖြစ်နေကြောင်း တွေ့ကြရပါလိမ့်မယ်။ ဘာကြောင့် ဒါတွေကို ရေးနေရသလဲ။ ဘယ်လိုအကျိုးကျေးဇူး ရှိမှာလဲလို့ မေးစရာ ရှိပါတယ်။ တချို့ လူငယ်တွေ သိချင်နေတဲ့ ဝေါဟာရ လေးတွေကို သိရတော့ သို့မဟုတ် စဉ်းစားကြရတော့ ပျော်စရာ ကောင်းတာပေါ့ကွယ်။ ငါကိုယ်တိုင်က ဝေါဟာရ စူးစမ်းတတ်သူ၊ လေ့လာသူ ပညာရှင်တစ်ယောက် မဟုတ်ပါဘူး။ သို့သော်လဲ ခရီးသွားဟန်လွဲ ဆိုသလို စဉ်းစားမိတာလေးတွေကို ပြန်ပြောရတာကိုတော့ဖြင့် ဝါသနာ ပါမိတာ အမှန်ပါပဲ။ မင်းတို့မှာလဲ ဒီလို တောက်တိုမယ်ရ တိုလီမိုလီလေးတွေ ရှိနေရင် ဈေးကွက်ဂျာနယ် ကတစ်ဆင့် ပြောပြကြစမ်းပါ။ ကဲ- ဒီတစ်ပတ်တော့ဖြင့်-

တံခွန်စိုက်
”ဆရာရေ တံခွန်စိုက်ဆိုတာကို ကျွန်တော်တို့အားလုံး သုံးနေကြတာပဲ။ ကမ္ဘာ့ဘောလုံးပွဲ တံခွန်စိုက် ဖလား ဆိုတာတွေကို ခဏခဏ ပြောသံ ကြားနေရတယ်။ ကျွန်တော်တို့ သိနေတာက ဘုရားတံခွန်တိုင်၊ တံခွန် ကုက္ကားဆိုတာတွေကို သိနေကြတာ။ တံခွန်စိုက် (ချန်ပီယံ)ဆိုတာ ဘာကြောင့် သုံးကြတာလဲ”။

”အေးကွ။ ငါလဲစဉ်းစားမိခဲ့တာ ခပ်ငယ်ငယ်ကတည်းက ဆိုပါတော့။ တံခွန်ဆိုတာမှာ ကြက်လျှာဆိုတာ ရှိသေးတယ်။ သုံးထောင့် ချွန်တံခွန်လေးပေါ့။ နောက်ပြီး ရဲတံခွန်၊ အောင်တံခွန်ဆိုတာတွေ ရှိသေးတယ်။ အလံတွေပေါ့။ တကယ်ဆိုတော့ အလံဆိုတာ မြန်မာစကား မဟုတ်ဘူးကွ။ အာရဗီစကား။ မြန်မာရဲ့ တံခွန်နဲ့ အတူတူလို့ပဲ ဆိုနိုင်ပါလိမ့်မယ်။

”တံခွန်စိုက်ဆိုတာရဲ့ ရင်းမြစ် သုံးစွဲပုံကို တွေ့ခဲ့ဖူးတာက ငါမှတ်မိသလောက် ဆရာနန္ဒရေးတဲ့ သံနှင့် သွေးဆိုတဲ့ ဝတ္ထုကြီးထဲမှာလို့ ထင်မိတာပဲ။ လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ထိုး သတ်ကြတယ်။ အားလုံးမှာ ဗိုလ်စွဲတဲ့ လက်ဝှေ့သမားရဲ့ သျှောင်ထုံးမှာ ကြက်လျှာတံခွန်လေးစိုက်ထားတယ်လို့ သိရတယ်။ အဲဒီလို သျှောင်မှာ တံခွန် စိုက်ထားလိုက်တာက ဗိုလ်တောင်းတဲ့ သဘောပဲ။ ဗိုလ်တောင်းတယ် ဆိုတာက ယှဉ်ချင်သေးရင် ထွက်ခဲ့ကြလို့ စိမ်ခေါ်လိုက်တာပါပဲ။ ချဲလင်း လုပ်တာပေါ့ကွယ်။

”နောက်တစ်ခု တွေ့ဖူးတာ ရှိသေးတယ်။ လွတ်လပ်ရေးနေ့ နွားလှည်းပြိုင်ပွဲမှာ တွေ့ခဲ့ရတာပါ။ နွားလှည်းတွေ ပြိုင်ကြပြီး အားလုံးမှာ ပထမရတဲ့ ပထမစွဲတဲ့ လှည်းထမ်းပိုး ထိပ်လှည်းစည်းခုံးပေါ်မှာ ကြက်လျှာ တံခွန်လေး ထူထားတာကို တွေ့လိုက်ခဲ့ဖူးတယ်။ တံခွန်စိုက်ပဲပေါ့။

”ခုမှ သတိရလာလို့ မေးလိုက်ရဦးမယ်။ မင်းတို့ ရေချိန်ဆိုတာကို ကြားဖူးကြလား”

ရေချိန်
”ကြားဖူးတယ်ဆရာ။ ရေချိန် မကိုက်သေးဘူး။ ရေချိန်ကိုက်သွားပြီ ဆိုတာမျိုးတွေပေါ့။ အထူးသဖြင့် အရက်သောက်တဲ့ လူတွေသုံးကြတဲ့ စကားပဲ။ သေသေချာချာတော့ မသိပါဘူး။ ရေချိန်အကြောင်းကို ပြောပြပါဦးဆရာ”

”ဒီလိုကွယ့်။ မင်းတို့ခေတ်မှာတော့ Stop Watch လို့ ခေါ်တဲ့ အချိန်တိုင်း နာရီတွေ ရှိလာကြပြီ။ အဲဒီလို နာရီပစ္စည်းတွေ မပေါ်မီကတော့ ရေချိန်ကို အသုံးပြုပြီး အချိန်ကာလ ကြာရှည်မှုကို ရေချိန်နဲ့ တိုင်းကြရ တယ်။

”လှည်းပြိုင်ပွဲအကြောင်းကို ပြောပြဦးမယ်။ မြင်းပွဲမှာ မြင်းပြိုင်တယ်ဆိုပါစို့။ ပြိုင်ပွဲဝင်မြင်းတွေ အား လုံး ပြိုင်ပြီး ကွင်းထဲမှာ ပြေးကြရ တာ။ လှည်းပြိုင်ပွဲဆိုရင်အဲဒီ ပ်ြိုင်ပွဲဝင် နွားလှည်းတွေ စုပြုံပြီး တစ်ပြိုင်တည်း ပြေးကြဖို့ ပြိုင်ကွင်းဘယ်မှာ ရှိနိုင်ပါ့မလဲ။ ဒီတော့လမ်းကြောင်း တစ်ခုတည်းမှာပဲ နွားလှည်းတွေ တစ်လှည့်စီပြေးရတယ်။ ပြေးတဲ့ အချိန်ကို ဘယ်လောက်ကြာတယ်ဆိုတာ ရေချိန်နဲ့ မှတ်ပြီးပြိုင်ရတာ။

”ရေချိန်ဆိုတာ ငါမှတ်မိသလောက်ပြောရရင် မင်းတို့သိတဲ့ ပြဒါးတိုင်လိုပါပဲ။ လက်သန်းလောက်ရှိတဲ့ ဖန်ပြွန်ချောင်းလေးပေါ့။ အဲဒီမှာ ပြဒါးတိုင်လိုပဲ အမှတ်အသားတွေ ပါတယ်။ ဆိုပါစို့ကွယ်။ အမြင့်ဆုံး ၁ဝဝ ကနေပြီး အနိမ့်ဆုံး သုညအထိ ဆိုပါတော့။ အဲဒီအထဲမှာ ရေကို ၁ဝဝ အထိ ထည့်ထားတယ်။ အောက် ဘက်က ပိတ်ထားတယ်။ လှည်းကို တာလွှတ်ဒိုင်က တာလွှတ်ကြောင်း အလံကို ရိုက်ပြလိုက်တယ်။ ဒါမှမဟုတ် သေနတ်ဖောက်လိုက်တယ်။ ဒီတော့ ပန်းဝင်ဒိုင်က ဖန်ပြွန်က ရေကို ဖွင့်ချလိုက်တယ်။ ရေကတစ်ပေါက်ချင်း ခပ်သွက်သွက်ကလေး ကျနေတယ်။ လှည်းဘီးက ပန်းတိုင်စည်းကို နင်းမိချိန်မှာ ရေချိန်ကိုပိတ် လိုက်တယ်။ ရေချိန်အမှတ် ၁ဝမှာ ပန်းဝင်တယ်ပေါ့။ နောက်လှည်း တစ်စီးက ရေချိန်အမှတ် ၂ဝ ပန်း ဝင်တယ်ဆိုရင် အဲဒီလှည်းက ပိုပြီးမြန်လို့ပေါ့။

”ဒီတုန်းက မြင်းသမားတွေ ပြိုင်မြင်းပိုင်ရှင်တွေကလဲ ဂျော်ကီကို အစီးခိုင်းပြီး ကိုယ့်မြင်းရဲ့ ပြေးအားကို ရေချိန်နဲ့တိုင်းကြတယ်လို့ ကြားဖူးတယ်။ ရေချိန်တက်လာရင် ပြေး အားမြန်တာပေါ့။ ရေချိန်ကျသွားရင် ပြေးအားနှေးသွားတာပဲပေါ့။

”မင်းတို့ပြောတဲ့ ယမကာ သမားတွေ ရေချိန်မကိုက်သေးဘူး။ ရေချိန်ကိုက်နေပြီ ဆိုတာတွေက အဲဒီ ရေချိန်ကလာတဲ့ စကားတွေပေါ့ကွာ”

ဆက်ရက်မင်းစည်းစိမ်
”ဆရာရယ် ယမကာ ဝေါဟာ ရတွေကိုဆိုက်လာလို့ ဆက်ပြီးမေး ပါရစေဦး။ ယစ်ထွေတဲ့လူတွေကို ဆက်ရက်မင်းစည်းစိမ်ခံနေတယ်လို့ ပြောတတ်ကြတယ်။ အဲဒါဆရာရယ်။ အရက်နဲ့ဆက်ရက်က ဘယ်လို ဆက်စပ်နေလို့လဲ”

”အေး၊ အဲဒါကတော့ ပြောရမှာ ခပ်ခက်ခက်ပဲဟေ့။ နိပါတ်တော် ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးတာက မုဆိုးတစ်ယောက်က တောလည်ရင်း သစ်ပင်တစ်ပင်ရဲ့ ခြေရင်းမှာ ငှက်တွေ အတော်များများ လဲကျနေတယ်။ သေနေတာလဲ မဟုတ်ဘူး။ ဒါနဲ့ပဲ စူးစမ်းကြည့်လိုက်တော့ အဲဒီ သစ်ပင်ကြီးရဲ့ ခွဆုံသစ်ခေါင်းထဲ ရေတွေ ဝပ်နေတာကို တွေ့ရတယ်။ ပန်းပွင့်ပန်းငုံတွေလဲ ရေထဲမှာ အနည်ထိုင်နေတယ်။ ငှက်တွေက ဒီရေကို သောက်မိလို့ ဒီလိုဖြစ်ကုန်ကြတာလို့ ရိပ်မိတာနဲ့ သူပါသောက်ကြည့်လိုက်တယ်။ သူလဲငှက်တွေလို ယစ်မူး လာတာပေါ့။

ဒီမှာတင် အရသာတွေ့ပြီး ပန်းပွင့်၊ ပန်းငုံတွေကို စုပြီး စိမ်ရင်းက စိမ်ရည်ဖြစ်လာတာပေါ့ကွယ်။

”ပန်းပွင့်ဝတ်ရည်က ငှက်တွေကို ယစ်စေတတ်သလား မသိဘူး။ မင်းတို့ကြားဖူးကြမှာပေါ့။ မိန်းကလေးတွေ စုမိလို့ စကားများနေကြရင် လက်ပံပင် ဆက်ရက်ကျနေတဲ့ အတိုင်းပဲလို့ ပြောတတ်ကြတယ်။ ဟုတ်လား။ ဆက်ရက်ဆိုတာ အလွန်ကို စကားများတဲ့ ငှက်မျိုးလို့ ထင်မိတာပဲ။ လက်ပံဝတ်ရည်ကလဲ နည်းနည်းယစ်စေသလား မသိဘူး။ လက်ပံဝတ်ရည် သောက်လိုက်တော့ ဆက်ရက်တွေက စကားပိုပြီးများတော့တာပေါ့ကွာ။

”နောက်ပြီး ဦးပုညရဲ့ ဝိဇယမင်းသား ပြဇာတ်ထဲက စာတစ်ပုဒ်ကိုလဲ သတိရမိပြန်တယ်။ ဝိဇယမင်းသားကို ပြည်နှင်ဒဏ်ပေးပြီး ပင်လယ်ကြော မျှောလိုက်လို့ သီဟိုဠ်ကျွန်း ရောက်လာတဲ့အခါ ဝိဇယမင်းသား မြည်တမ်းတဲ့ စကားက ဗျာကြွယ်ညှိုးအောင် ရှိုရိုးမြှောင်က၊ ဖိုးခေါင်ရင့်ကြည်၊ ပန်းဝတ်ရည်နှစ်၊ သောက်မူးယစ်လို့၊ ချစ်စရာ သူ့ကိုယ်နဲ့၊ ခုလိုများမြည်တော့၊ ပြည်တော်ကို လွမ်းလှချည်ရဲ့ ငယ်ကျွန်များတဲ့။ ဒါက ငါမှတ်မိတဲ့ ဝိဇယပြဇာတ်က စာကို ရွတ်ပြလိုက်ရတာ။ တခြားကဗျာ စာပေတွေမှာလဲ ဝတ်ရည်နဲ့ မူးယစ်ကြောင်း တွေ့ရတတ်ပါတယ်။

”ဒီတော့ ဆက်ရက်မင်း စည်းစိမ်ဆိုတာ ပန်းဝတ်မှုန်စိမ်ရည်နဲ့ ဇိမ်ခံမိန်းမောနေတာကို ပြောတယ်လို့ ထင်မိတာပဲ”

”နောက်ပြီး သူတို့ပြောတတ်ကြတဲ့ ပုလင်းတူဘူးဆို့ ဆိုတာ”

”ဟာ-အဲဒါက ဘာဆိုင်လဲကွ။ Friend to Friend သူငယ်အချင်းချင်းတွေပဲကွ။ ဖရင့်တူ ဖရင့်လို့ ပြောတာပါ။ နောက်တော့ ဖရင်းက ပုလင်းဖြစ်သွားပြီး ပုလင်းတူပုလင်း။ နောက်တော့ ပုလင်းတူ ဘူးဆို့လို့ အပြောင်အပြက် ပြောကြတာတွေပါ။

”ကဲ-ထားလိုက်တော့၊ ငါပြောခဲ့တဲ့ တံခွန်စိုက်တို့၊ ရေချိန်တို့၊ ဆက်ရက်မင်းစည်းစိမ်တို့ ဆိုတာတွေဟာလဲ ငါ့ဘာသာ မှန်းဆပြောရတာကိုးကွယ့်။ မှားနေရင်၊ တိမ်းနေရင်လဲ လှမ်းပြီး စာရေးကြပေါ့ကွာ”

မပြုံးဘဲနဲ့ ဝါးလုံးခွဲရယ်ချင်

မေး ။ ။ ”ဆရာ- မပြုံးဘဲနဲ့ ဝါး လုံးခွဲရယ်ချင် ဆိုတဲ့စကားသုံးကို စာတွေထဲမှာ တွေ့ရတတ်တယ်။ ရှေး ခေတ်ဝတ္ထုတွေမှာဆိုရင် ပိုလို့တောင် တွေ့ရတတ်ပါသေးတယ်။ ဝါးလုံးခွဲ တာနဲ့ရယ်တာ ဆက်စပ်လို့မရဘဲဖြစ် နေတယ်။ ဘယ်လိုလဲဆရာ”

ကျွန်တော်ကလည်း ရယ်မော လိုက်မိပါတယ်။ ပြီးမှ-

ဖြေ ။ ။ အေးကွ၊ ငါလဲ ငယ်ငယ်ကတည်းက ကြားခဲ့ဖူးပါတယ်။ အားရပါးရ ရယ်တာကိုဆိုလိုကြောင်းတော့ သိသပေါ့ကွယ်။ ဒါပေမယ့် ဝါးလုံးခွဲနဲ့ ဆက်စပ်လို့ကို မရခဲ့ဘူး။ ငါသိလာရပုံကို ပြောရရင် ရယ်စရာ တော့အကောင်းသား။ ဒုတိယကမ္ဘာ စစ်ကြီးပြီးလို့တော ကျေးလက်တွေ ဆီပြေး လွှားရှောင်တိမ်းရာက မြို့ထဲ ပြထဲပြန်ဝင်လာကြတော့ မြို့က ပြာပုံ ဖြစ်နေပြီ။ ဒီတော့ ကိုယ်အိမ်ကိုယ့် ယာကို ကိုယ့်ဘာသာကိုယ်ဆောက် ကြရတာကိုး။ ကိုယ့်ဘာသာကိုယ် ဆိုသော်လဲ အချင်းချင်း ဝိုင်းဝန်းပြီး ဆောက်ကြရတာပေါ့လေ။ သစ်ကြီး ဝါးကြီးမဟုတ်ဘဲ သစ်ငယ် ဝါးငယ် နဲ့ ယာယီဆောက်ကြရတာကိုး။ ဒီ တော့မှ ဝါးလုံးခွဲသံကို သေချာကြား ခဲ့ရဖူးတာပါ။

ဒီလိုကွယ့်။ ဝါးမှာအဆစ်တွေ ရှိတာတော့ မင်းတို့သိပြီးသားပဲ။ ဒီအဆစ်တွေကို တစ်ဆစ်စီခွဲနေတာ မဟုတ်ဘူး။ ဝါးလုံးအဖျားဘက်ကို ဓားနဲ့တစ်ချက် ထက်ခြမ်းဟလိုက်တယ်။ တစ်ဆစ်လောက် ခွဲလိုက်တယ်။ ဝါးလုံးက ထက်ခြမ်းဟ သွားပြီပေါ့။ ဒီတော့ တစ်ခြမ်းကို ခြေနဲ့နင်း နောက်တစ်ခြမ်းကို လက်နဲ့ဆွဲ ပြီးမလိုက်တော့ ဝါးဆစ်တွေတောက် လျှောက်ပြုတ်ပြီး ကွဲသွားကုန်တော့တာပဲ။ ဝါးလုံးဆိုတာက အခေါင်းပွ မဟုတ်လား။ အဆစ်တွေထဲမှာ လေကခိုနေသေးတာကိုး။ ဒီတော့ ခွမ်းခနဲ့ တစ်ချက်မြည်မဟုတ်တော့ဘဲ ဆက်တိုက် စက်သေနတ်ပစ်လိုက်သလို ခွမ်း၊ ခွမ်း မြည်သွားလိုက်တာ ဟိန်းသွားတာပဲ။

အဲဒီအချိန်မှာ အိမ်တွေကလဲ ဟိုအိမ်ဒီအိမ် တစ်ပြိုင်တည်းဆောက် နေကြတာဆိုတော့ ဝါးလုံးခွဲ သံတွေဟာ တခွမ်းခွမ်း မြည်နေတော့တာပဲ။ ငါလဲ အဲဒီအသံတွေကို ကြားရတော့မှ ဝါးလုံးခွဲ ရယ်သံဆိုတာ ဒါမျိုးကို ပြောတာပါလားလို့ သဘောပေါက် ခဲ့ရပါတယ်။ ရယ်လိုက်တာများ ဝါးလုံးခွဲလိုက်သလိုပဲ ဆိုတာလဲ သဘော ပေါက်သွားခဲ့တယ်။ ဝါးဟားဟား ဆိုတာ ဝါးလုံးခွဲတာပေါ့ကွာ။

နှာခေါင်းကျည်ပွေ့ တွေ့မယ်

မေး ။ ။ ”ဆရာ၊ နှာခေါင်းကျည် ပွေ့တွေ့မယ်လို့ ပြောတတ်ကြပါတယ်။ ဒီလိုအတိုင်းသာဆိုရင် ဒုက္ခရောက်လိမ့်မယ်လို့ ဆိုလိုကြောင်းကိုတော့ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဒီလိုပြောတာလဲ ဆိုတာ…”

ဖြေ ။ ။ ”အေး- အဲဒါကိုတော့ ငါခပ်ငယ်ငယ်က ပုံပြင်လေးတစ်ခု ဖတ်ခဲ့ဖူးတယ်။ ပုံပြင်ဆိုကတည်းက တကယ့်ဖြစ်ရပ် မဟုတ်ဘူးဆိုတာတော့ နားလည်ထားရမှာပေါ့ကွယ်။ ဒီလို ကွယ့်-

”တစ်ခါက လူတစ်ယောက်က တစ္ဆေမကြောက်ဘူးလို့ သူ့အပေါင်း အသင်းတွေကိုပြောပြီး အလောင်းအစားနဲ့ သချုႋင်းမှာသွားအိပ်သတဲ့။ ညသန်းခေါင်လောက်ကျတော့ တစ္ဆေ လေးငါးကောင်က ရောက်လာပါလေရော။ ဒီတော့ သူကလဲ တစ္ဆေတွေ ကြားထဲကို တစ္ဆေယောင်ဆောင် ဝင်သွားပြီး သူတို့နဲ့အတူ မီးလှုံနေဆိုကိုး။ ဒီတော့ တစ္ဆေတစ်ကောင်က ”ဟေ့- လူစော်နံတယ်ကွ”လို့ ပြောသတဲ့။ ကျန်တဲ့တစ္ဆေတွေကလဲ ”ဟုတ်တယ်ဟေ့၊ လူစော်နံတယ်” လို့ပြောသတဲ့။ ဒါနဲ့ပဲ တစ္ဆေတစ်ကောင်က တစ္ဆေတွေနံပါတ်စဉ်ရေ မယ်ဆိုပြီးရေတော့ ဒီကောင်လူပဲဆို ပြီးတွေ့သွားတာပေါ့။ ဒီမှာတင်ဝိုင်းပြီး သူ့နှာခေါင်းကို ဆွဲလိုက်ကြတာ နှာခေါင်းက အရှည်ကြီး ဖြစ်သွားပါလေရော။ မနက်လင်းလို့ အိမ်ပြန် ရောက်တော့ ပုံပျက်ပန်းပျက်နေတဲ့ သူ့နှာခေါင်းကြီးကြောင့် အပြင်မထွက် ဝံ့တော့ဘူးပေါ့လေ။ သူ့သူငယ်ချင်း ကအိမ်လာပြီး အဖြစ်အပျက်မေးတော့ သူက အားလုံးကိုပြန်ပြောပြတယ်။

ဒီမှာတင် သူငယ်ချင်းဖြစ်သူက ငါကြိုးစားကြည့်ဦးမယ်ကွာလို့ ပြောပြီးသချုႋင်းကို သွားပြန်တယ်။ ညသန်းခေါင်လောက် ရောက်တော့ ခါတိုင်းလိုပဲ တစ္ဆေတွေစုဝေးရောက် လာကြ ပြန်တယ်။ အဲဒီလို စုဝေးကြတော့ လူစော်နံတယ်လို့ဖြစ်လာကြ ပြန်ပါ လေရော။ ဒီတစ်ခါမှာတော့ သူငယ်ချင်း ဖြစ်သူရဲ့ အတွေ့အကြုံကို သိပြီးသား ဖြစ်နေလေတော့ ဒုတိယလူက သူကပဲစပြီး အမှတ်စဉ်ကို ရေးလိုက်ပြန်တယ်။ ဒါပေမယ့် သူက သူ့ကိုယ်သူကို ချန်ပြီး လက်ညှိုးထိုး ရေပြရင်း ထင်နေကြလို့ပါကွာ။ လူမပါပါဘူးလို့ ပြောပြလိုက်တယ်။ ဒီတော့မှ တစ္ဆေတွေက ခါတိုင်းလိုပဲ စပ်မိစပ်ရာ စကားပြောကြတာပေါ့လေ။ ခဏရှိတော့မှ အဲဒီသူငယ်ချင်းက ”ခုမှပြောရဦးမယ် မနေ့ညက နှာခေါင်းကို ငါတို့ဝိုင်းဆွဲလွှတ်လိုက်တဲ့ လူတော့ ဘယ်လိုဖြစ်နေမလဲ မသိဘူး” လို့ပြောလိုက်တယ်။ ဒီတော့ တစ္ဆေတစ်ကောင်က အိမ်ထဲက အိမ်ပြင်ထွက်ဝံ့မှာ မဟုတ်တော့ဘူးပေါ့ကွာ” လို့ပြောတယ်။ ဒီတော့ နောက်တစ်ကောင်က ဆက်ပြီးပြောတယ်။ ”အဲဒီလူက မောင်းစင်က မောင်းခွက်ပေါ်မှာ ပက်လက်လှန်ပြီးနေ၊ မောင်းတုံးကိုမြှောက်၊ အဲဒီမောင်းကျည်ပွေ့နဲ့ သူနှာခေါင်းကို အသာတို့လိုက်ရင် နှာခေါင်းက တိုဝင်သွားပြီး နဂိုအတိုင်း ဖြစ်သွားမှာပေါ့ကွာ”လို့ ပြောသတဲ့။

”ဒီတော့မှ သူငယ်ချင်းက မှတ်သားထားလိုက်ပြီး မိုးလင်းခါနီး တစ္ဆေတွေ အစုခွဲပြန်ကြတော့မှ သူက အိမ်ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ့ရဲ့သူငယ်ချင်း နှာခေါင်းကို တစ္ဆေတွေ ပြောတဲ့အတိုင်း မောင်းကျည်ပွေ့နဲ့ တို့လိုက်တာနဲ့ နှာခေါင်း ကတိုဝင်ပြီး ပင်ကိုအတိုင်း ပြန်ဖြစ် သွားသတဲ့။

”ဒါကြောင့် ရှေ့နောက် မစဉ်းစားဘဲ ထင်ရာမြင်ရာတွေကို လုပ်တတ်တဲ့ လူကိုတွေ့ရင် ဒီကောင်ကတော့ နှာခေါင်းကျည်ပွေ့ တွေ့တော့မှာပဲလို့ ပြောတတ်ကြပါတယ်။

”အဲဒါ ငါကြားဖူးတဲ့ နှာခေါင်း ကျည်ပွေ့ ပုံပြင်ပါပဲဗျား။ တစ်ခြား လူကြီးသူမ တွေကိုလဲ မေးကြည့်ကြ ဦးပေါ့ကွယ်”

ဆရာအောင်သင်းရဲ့-ကလေးတွေရဲ့မေးခွန်း မှ

Leave a Reply