အသည္းခိုက္ေအာင္နာက်င္ခဲ့ရတဲ့ ၾကာပန္းေျခေထာက္ ကေလးမ်ား

Posted on

ေရးသားသူ – ရဲထက္လႈိင္

ခရစ္သကၠရာဇ္ ၁၀ ရာစု ေလာက္ကေန ၂၀ ရာစု ေလာက္အထိ တ႐ုတ္ျပည္ အႏံွ႔အျပားမွာေ ရပန္းစားခဲ့တာကေတာ့ ေျခေခ်ာင္းေလးေတြကို ခ်ိဳးၿပီး ေျခဖဝါးတြင္ကပ္ကာ ေျခေထာက္ဖြံ႔ၿဖိဳးမႈ မရွိေအာင္ တင္းေနေအာင္ ၾကပ္စည္းတဲ့ ဓေလ့ထံုးတမ္း အစဥ္အလာ တစ္ခုျဖစ္ပါတယ္။ သမီးမိန္းကေလး ၂ ႏွစ္ အ႐ြယ္ကေန ၅ ႏွစ္ အ႐ြယ္အတြင္းမွာ ဒီ႐ိုးရာကို စတင္စီမံတာမို႔လို႔ ေျခေသး မိန္းကေလးရဲ႕ ေျခဖဝါး အရွည္ဟာ အရြယ္ေရာက္ခ်ိန္မွာ သံုးလက္မ ဝန္းက်င္ေလာက္သာ ရွိတယ္လို႔ ဆိုပါတယ္။

ေရွးတ႐ုတ္ျပည္ရဲ႕ လူကုံတန္ အထက္တန္းလႊာ အသိုင္းအဝိုင္း၊ အႏုပညာရွင္မ်ားနဲ႔ အလယ္အလတ္တန္းစား မိသားစု မ်ားမွာေတာ့ ထံုးစံအရ အနည္းေလးေတာ့ သမီးဦးမ်ားကို ဒီ႐ိုးရာအစီအမံအတိုင္း မျဖစ္မေန လုပ္ေပးၾကေလ့ရွိပါတယ္။ ေရွးတ႐ုတ္ လူမ်ိဳးမ်ားဟာ ေျခေခ်ာင္း႐ိုးေလးေတြခ်ိဳးၿပီး ၾကပ္စည္း ခံထားရတဲ့ မိန္းကေလးေတြရဲ႕ ေျခေထာက္ေသးေသးေလးေတြကို အလွတရားတစ္ခု၊ ဂုဏ္ျဒပ္တစ္ခုအေနနဲ႔ တန္ဖိုးထားလြန္းလို႔ ၾကာပန္းေျခေထာက္ရယ္လို႔ တင္းစာၿပီးေတာ့ေတာင္ ေခၚခဲ့ၾကပါတယ္တဲ့။ ၾကာပန္းေျခေထာက္ ပိုင္ရွင္ အမ်ိဳးသမီးမ်ားဟာ ဒုကိၡိတ တစ္ပိုင္းျဖစ္ေနတာေၾကာင့္ အင္တိုက္အားတိုက္ လုပ္ရမယ့္ ပင္ပန္းတဲ့ အလုပ္မ်ိဳးေတြ လုပ္ဖို႔ မတတ္ႏိုင္ပါဘူး။ ဒါကိုကပဲ ပေဒသရာဇ္ေခတ္ လူကံုတန္ အသိုင္းအဝိုင္းမွာ “အလုပ္လုပ္ဖို႔မလိုေအာင္ ျပည့္စံုတယ္” ဆိုတဲ့ သေဘာ ေပၚလြင္တဲ့ ပကာသနဂုဏ္ျဒပ္တစ္မ်ိဳး ျဖစ္ခဲ့ရပါတယ္။

ဒီ႐ိုးရာ စတင္ျဖစ္ေပၚလာပံု ယံုတမ္းစကား အဆိုတစ္ခုက ဘာေျပာသလဲဆိုေတာ့ ရွန္းဂ္ မင္းဆက္ ဘုရင္တစ္ပါးရဲ႕ လြန္စြာမွျမတ္ႏိုးရေသာ မိဖုရားငယ္ တစ္ပါးဟာ ေမြးကတည္းက ေျခေထာက္ႀကီးထြားမႈ မရွိတဲ့ ေမြးရာပါ ဒုကၡိတ တစ္ေယာက္ပါတဲ့။ ဒီမိဖုရားငယ္ဟာ သူ႔ရဲ႕ သူမ်ားနဲ႔မတူတဲ့ ဒုကၡိတေျခေထာက္ေတြအတြက္ သိမ္ငယ္ မေနရေအာင္ တစ္တိုင္းတစ္ျပည္လံုးမွာရွိတဲ့ မိန္းကေလးေတြကို သူ႔လိုေျခေထာက္မ်ိဳးရွိေအာင္ ၾကပ္စည္းကာမွပဲ မိန္းကေလး တစ္ေယာက္ရဲ႕ ၿပီးျပည့္စံုေသာ စံျပအလွျဖစ္တယ္ဆိုတဲ့ အျမင္ျဖစ္ေအာင္ ျပည္သူကို ဦးေဏွာက္ေဆးဖို႔ ဘုရင္ကို တိုက္တြန္းခဲ့ရာက စခဲ့တယ္လို႔ အဆိုရွိခဲ့ပါတယ္။ ဒီအတိုင္းသာ တကယ္မွန္တယ္ ဆိုရင္ေတာ့ သူတည္း တစ္ေယာက္ေကာင္းမႈေၾကာင့္လို႔ ဆိုရမလိုပါပဲ။

ၾကာပန္းေျခေထာက္ျဖစ္ဖို႔အတြက္ သမီးငယ္ေလးမ်ားဟာ ေျပးလႊားခုန္ေပါက္ ကစားတတ္တဲ့ ကေလးအ႐ြယ္ကေန မီးေကာင္ေပါက္ အ႐ြယ္ျဖစ္တဲ့အထိ ႏွစ္ေပါင္းမ်ားစြာ ကယိကထ အလြန္မ်ားၿပီး အင္မတန္ ဂ႐ုစိုက္ရတဲ့ အစီအမံနဲ႔ ေနၾကရရွာပါတယ္။ အ႐ိုးအခ်ိဳး ခံထားရတဲ့ ဒါဏ္ရာေျခေထာက္ကို တတ္ႏိုင္သူ လူခ်မ္းသာမ်ားကေတာ့ ေန႔စဥ္ပံုမွန္ ေဆးဖက္ဝင္သစ္ဥ သစ္ဖု တိရိစာၦန္ေသြး စတာေတြနဲ႔ ျမင့္ျမတ္တဲ့ ႐ိုးရာခပ္ဆန္ဆန္ ေဆးေၾကာသန္႔စင္ေပးတယ္လို႔ ဆိုတယ္။ ေန႔စဥ္ အ႐ိုးက်ိဳးဒါဏ္ရာကို ကလိေနသလိုလို အႀကိမ္ႀကိမ္ အခ်ိဳးခံေနရသလိုလို ျမင္မိတာေၾကာင့္ နာက်င္မႈေဝဒနာ အတိုင္းအတာဘယ္ေလာက္ ရွိမယ္ဆိုတာကို ခန္႔မွန္းၾကည့္မိပါတယ္။ ေျခသည္း ရွည္လာရင္ ေျခေခ်ာင္းေလးေတြနဲ႔ ကပ္လ်က္ အသားႏုလိုျဖစ္ေနတဲ့ ေျခဖဝါးကို ထိုးမိတဲ့အခါမွာ ပိုးဝင္ၿပီး ဒါဏ္ရာႀကီးတတ္တာေၾကာင့္ ေျခသည္းခြံ ေတာ္႐ံုနဲ႔ ျပန္မေပါက္ရေလေအာင္ ခြာပစ္ရတဲ့ သေဘာမ်ိဳးအထိ ေျခသည္းလွီးရတယ္လို႔လည္း ဆိုတယ္။

ေျခေခ်ာင္းေလးေတြ တစ္ေခ်ာင္းနဲ႔ တစ္ေခ်ာင္း ကပ္ေနတဲ့ ၾကားေတြရယ္၊ ေျခဖဝါးနဲ႔ က်ိဳးေနတဲ့ေျခေခ်ာင္းေလးေတြျပားကပ္ေန ၾကားေနရာေတြကို ပံုမွန္ေဆးေၾကာသုတ္သင္ျခင္း မရွိပါက အနံ႔အသက္မ်ား မခံမရပ္ႏ္ုင္ေအာင္ ဆိုးဝါးတတ္တယ္လို႔လည္း သိရပါတယ္။ အလည္အလတ္ လူတန္းစားမ်ားမွာေတာ့ ေျခေထာက္ကို တစ္ပတ္မွာ ႏွစ္ႀကိမ္ သံုးႀကိမ္ေလာက္သာ ေဆးေၾကာ သုတ္သင္ျခင္းအမႈကို လုပ္ႏိုင္ၾကတယ္လို႔ ဆိုတယ္။ ဆင္းရဲသား နင္းျပား လူတန္းစားချမာမွာေတာ႔ ေျခေသးဖို႔ အခြင့္အလမ္း မသာခဲ့ၾကရွာလို႔ သူတို႔အရွင္သခင္မမ်ားရဲ႕ ၾကာပန္းေျခေထာက္ေတြကို ၾကည့္ၿပီး အားက် အိပ္မက္မက္ၾက ရရွာပါသတဲ့။ ေျခေထာက္ေသးလြန္းလို႔ ေျခဖ်ားေထာက္သြားသလို ဟန္ခ်က္ထိန္းၿပီး လႈပ္လီလႈပ္လဲ့သြားေနရတဲ့ အ႐ြယ္ေရာက္ၿပီးမိန္းကေလးတစ္ေယာက္ရဲ႕ အသြင္အျပင္ဟာ ေရွးတ႐ုတ္ ပုရိသေတြအတြက္ေတာ့ အထူးရင္ခုန္စရာ ျဖစ္ရပါတယ္လို႔ လဲသိရတယ္။

မန္ခ်ဴးမင္းဆက္လက္ထက္မွာ ဒီ႐ိုးရာဓေလ့ထံုးတမ္းကို တိုက္ဖ်က္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။ တ႐ုတ္ျပည္တနံ တလ်ားမွာ ဟတ္ခါးလို႔ေခၚတဲ့ တ႐ုတ္တိုင္းရင္းသား လူမ်ိဳးတစ္မ်ိဳးကလြဲရင္ က်န္တဲ့ တ႐ုတ္ျပည္ႀကီးတစ္ခုလံုးမွာ ဒီၾကာပန္းေျခေထာက္ ထံုးတမ္းအစဥ္အလာကို လက္မခံ မက်င့္သံုးတဲ့ အရပ္ေဒသရယ္လို႔ သီးျခားေဖာ္ျပထားတာ မေတြ႔ရပါဘူး။ ဟတ္ခါးဆိုတာ ျမန္မာအေခၚ တ႐ုတ္ လက္တိုမ်ိဳး ဆိုလိုတာ ျဖစ္ေကာင္းျဖစ္လိမ့္မယ္ ထင္ပါတယ္။

ေဒါက္တာဆြန္ယက္ဆင္တို႔ ပေဒသရာဇ္စံနစ္ကို အျပဳတ္တိုက္ၿပီး သမၼတႏိုင္ငံတည္ေထာင္တဲ့ အခ်ိန္ေလာက္ကေန ၾကာပန္းေျခေထာက္ ႐ိုးရာတေျဖးေျဖးခ်င္း ေပ်ာက္ကြယ္ၿပီး ယေန႔ေခတ္အခ်ိန္မွာေတာ့ လြန္စြာေရွးက်တဲ့ ေဒသ အနည္းငယ္မွာ အသက္ ၇၀ ေက်ာ္ ၈၀ အ႐ြယ္ ၾကာပန္းေျခေထာက္ပိုင္ရွင္ အမ်ိဳးသမီးႀကီးမ်ားကို ႀကိဳၾကား ႀကိဳၾကားသာ ေတြ႔ႏိုင္ပါေတာ့တယ္တဲ့။

လူတစ္ေယာက္ကို ေမြးခါစ အ႐ြယ္ကစလို႔ ဘယ္သူနဲ႔မွ မေတြ႔ေစပဲ ဘာဆိုဘာမွ မရွိေအာင္ ေျပာင္သလင္းခါေနတဲ့ အခန္းငယ္တစ္ခန္းထဲမွာ ႏွစ္ေပါင္းသံုးဆယ္ေလာက္ အလံုပိတ္ၿပီး အသက္ဆက္ရွင္ေစမယ္ ဆိုရင္ ဒီလူဟာ အလွတရားဆိုတာကို ဘယ္လို နားလည္ၿပီး ဘယ္လိုအဓိပၸါယ္ ဖြင့္ဆိုမွာပါလိမ့္လို႔ ေတြးေနမိေတာ့တာပါပဲ။

ရဲထက္လႈိင္

——————

အသည်းခိုက်အောင်နာကျင်ခဲ့ရတဲ့ ကြာပန်းခြေထောက် ကလေးများ (unicode)

ရေးသားသူ – ရဲထက်လှိုင်

ခရစ်သက္ကရာဇ် ၁၀ ရာစု လောက်ကနေ ၂၀ ရာစု လောက်အထိ တရုတ်ပြည် အနှံ့အပြားမှာေ ရပန်းစားခဲ့တာကတော့ ခြေချောင်းလေးတွေကို ချိုးပြီး ခြေဖဝါးတွင်ကပ်ကာ ခြေထောက်ဖွံ့ဖြိုးမှု မရှိအောင် တင်းနေအောင် ကြပ်စည်းတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ တစ်ခုဖြစ်ပါတယ်။ သမီးမိန်းကလေး ၂ နှစ် အရွယ်ကနေ ၅ နှစ် အရွယ်အတွင်းမှာ ဒီရိုးရာကို စတင်စီမံတာမို့လို့ ခြေသေး မိန်းကလေးရဲ့ ခြေဖဝါး အရှည်ဟာ အရွယ်ရောက်ချိန်မှာ သုံးလက်မ ဝန်းကျင်လောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ရှေးတရုတ်ပြည်ရဲ့ လူကုံတန် အထက်တန်းလွှာ အသိုင်းအဝိုင်း၊ အနုပညာရှင်များနဲ့ အလယ်အလတ်တန်းစား မိသားစု များမှာတော့ ထုံးစံအရ အနည်းလေးတော့ သမီးဦးများကို ဒီရိုးရာအစီအမံအတိုင်း မဖြစ်မနေ လုပ်ပေးကြလေ့ရှိပါတယ်။ ရှေးတရုတ် လူမျိုးများဟာ ခြေချောင်းရိုးလေးတွေချိုးပြီး ကြပ်စည်း ခံထားရတဲ့ မိန်းကလေးတွေရဲ့ ခြေထောက်သေးသေးလေးတွေကို အလှတရားတစ်ခု၊ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ တန်ဖိုးထားလွန်းလို့ ကြာပန်းခြေထောက်ရယ်လို့ တင်းစာပြီးတော့တောင် ခေါ်ခဲ့ကြပါတယ်တဲ့။ ကြာပန်းခြေထောက် ပိုင်ရှင် အမျိုးသမီးများဟာ ဒုက္ခိတ တစ်ပိုင်းဖြစ်နေတာကြောင့် အင်တိုက်အားတိုက် လုပ်ရမယ့် ပင်ပန်းတဲ့ အလုပ်မျိုးတွေ လုပ်ဖို့ မတတ်နိုင်ပါဘူး။ ဒါကိုကပဲ ပဒေသရာဇ်ခေတ် လူကုံတန် အသိုင်းအဝိုင်းမှာ “အလုပ်လုပ်ဖို့မလိုအောင် ပြည့်စုံတယ်” ဆိုတဲ့ သဘော ပေါ်လွင်တဲ့ ပကာသနဂုဏ်ဒြပ်တစ်မျိုး ဖြစ်ခဲ့ရပါတယ်။

ဒီရိုးရာ စတင်ဖြစ်ပေါ်လာပုံ ယုံတမ်းစကား အဆိုတစ်ခုက ဘာပြောသလဲဆိုတော့ ရှန်းဂ် မင်းဆက် ဘုရင်တစ်ပါးရဲ့ လွန်စွာမှမြတ်နိုးရသော မိဖုရားငယ် တစ်ပါးဟာ မွေးကတည်းက ခြေထောက်ကြီးထွားမှု မရှိတဲ့ မွေးရာပါ ဒုက္ခိတ တစ်ယောက်ပါတဲ့။ ဒီမိဖုရားငယ်ဟာ သူ့ရဲ့ သူများနဲ့မတူတဲ့ ဒုက္ခိတခြေထောက်တွေအတွက် သိမ်ငယ် မနေရအောင် တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ မိန်းကလေးတွေကို သူ့လိုခြေထောက်မျိုးရှိအောင် ကြပ်စည်းကာမှပဲ မိန်းကလေး တစ်ယောက်ရဲ့ ပြီးပြည့်စုံသော စံပြအလှဖြစ်တယ်ဆိုတဲ့ အမြင်ဖြစ်အောင် ပြည်သူကို ဦးဏှောက်ဆေးဖို့ ဘုရင်ကို တိုက်တွန်းခဲ့ရာက စခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။ ဒီအတိုင်းသာ တကယ်မှန်တယ် ဆိုရင်တော့ သူတည်း တစ်ယောက်ကောင်းမှုကြောင့်လို့ ဆိုရမလိုပါပဲ။

ကြာပန်းခြေထောက်ဖြစ်ဖို့အတွက် သမီးငယ်လေးများဟာ ပြေးလွှားခုန်ပေါက် ကစားတတ်တဲ့ ကလေးအရွယ်ကနေ မီးကောင်ပေါက် အရွယ်ဖြစ်တဲ့အထိ နှစ်ပေါင်းများစွာ ကယိကထ အလွန်များပြီး အင်မတန် ဂရုစိုက်ရတဲ့ အစီအမံနဲ့ နေကြရရှာပါတယ်။ အရိုးအချိုး ခံထားရတဲ့ ဒါဏ်ရာခြေထောက်ကို တတ်နိုင်သူ လူချမ်းသာများကတော့ နေ့စဉ်ပုံမှန် ဆေးဖက်ဝင်သစ်ဥ သစ်ဖု တိရိစ္ဆာန်သွေး စတာတွေနဲ့ မြင့်မြတ်တဲ့ ရိုးရာခပ်ဆန်ဆန် ဆေးကြောသန့်စင်ပေးတယ်လို့ ဆိုတယ်။ နေ့စဉ် အရိုးကျိုးဒါဏ်ရာကို ကလိနေသလိုလို အကြိမ်ကြိမ် အချိုးခံနေရသလိုလို မြင်မိတာကြောင့် နာကျင်မှုဝေဒနာ အတိုင်းအတာဘယ်လောက် ရှိမယ်ဆိုတာကို ခန့်မှန်းကြည့်မိပါတယ်။ ခြေသည်း ရှည်လာရင် ခြေချောင်းလေးတွေနဲ့ ကပ်လျက် အသားနုလိုဖြစ်နေတဲ့ ခြေဖဝါးကို ထိုးမိတဲ့အခါမှာ ပိုးဝင်ပြီး ဒါဏ်ရာကြီးတတ်တာကြောင့် ခြေသည်းခွံ တော်ရုံနဲ့ ပြန်မပေါက်ရလေအောင် ခွာပစ်ရတဲ့ သဘောမျိုးအထိ ခြေသည်းလှီးရတယ်လို့လည်း ဆိုတယ်။

ခြေချောင်းလေးတွေ တစ်ချောင်းနဲ့ တစ်ချောင်း ကပ်နေတဲ့ ကြားတွေရယ်၊ ခြေဖဝါးနဲ့ ကျိုးနေတဲ့ခြေချောင်းလေးတွေပြားကပ်နေ ကြားနေရာတွေကို ပုံမှန်ဆေးကြောသုတ်သင်ခြင်း မရှိပါက အနံ့အသက်များ မခံမရပ်န်ုင်အောင် ဆိုးဝါးတတ်တယ်လို့လည်း သိရပါတယ်။ အလည်အလတ် လူတန်းစားများမှာတော့ ခြေထောက်ကို တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက်သာ ဆေးကြော သုတ်သင်ခြင်းအမှုကို လုပ်နိုင်ကြတယ်လို့ ဆိုတယ်။ ဆင်းရဲသား နင်းပြား လူတန်းစားခမြာမှာတော့ ခြေသေးဖို့ အခွင့်အလမ်း မသာခဲ့ကြရှာလို့ သူတို့အရှင်သခင်မများရဲ့ ကြာပန်းခြေထောက်တွေကို ကြည့်ပြီး အားကျ အိပ်မက်မက်ကြ ရရှာပါသတဲ့။ ခြေထောက်သေးလွန်းလို့ ခြေဖျားထောက်သွားသလို ဟန်ချက်ထိန်းပြီး လှုပ်လီလှုပ်လဲ့သွားနေရတဲ့ အရွယ်ရောက်ပြီးမိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ဟာ ရှေးတရုတ် ပုရိသတွေအတွက်တော့ အထူးရင်ခုန်စရာ ဖြစ်ရပါတယ်လို့ လဲသိရတယ်။

မန်ချူးမင်းဆက်လက်ထက်မှာ ဒီရိုးရာဓလေ့ထုံးတမ်းကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ တရုတ်ပြည်တနံ တလျားမှာ ဟတ်ခါးလို့ခေါ်တဲ့ တရုတ်တိုင်းရင်းသား လူမျိုးတစ်မျိုးကလွဲရင် ကျန်တဲ့ တရုတ်ပြည်ကြီးတစ်ခုလုံးမှာ ဒီကြာပန်းခြေထောက် ထုံးတမ်းအစဉ်အလာကို လက်မခံ မကျင့်သုံးတဲ့ အရပ်ဒေသရယ်လို့ သီးခြားဖော်ပြထားတာ မတွေ့ရပါဘူး။ ဟတ်ခါးဆိုတာ မြန်မာအခေါ် တရုတ် လက်တိုမျိုး ဆိုလိုတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် ထင်ပါတယ်။

ဒေါက်တာဆွန်ယက်ဆင်တို့ ပဒေသရာဇ်စံနစ်ကို အပြုတ်တိုက်ပြီး သမ္မတနိုင်ငံတည်ထောင်တဲ့ အချိန်လောက်ကနေ ကြာပန်းခြေထောက် ရိုးရာတဖြေးဖြေးချင်း ပျောက်ကွယ်ပြီး ယနေ့ခေတ်အချိန်မှာတော့ လွန်စွာရှေးကျတဲ့ ဒေသ အနည်းငယ်မှာ အသက် ၇၀ ကျော် ၈၀ အရွယ် ကြာပန်းခြေထောက်ပိုင်ရှင် အမျိုးသမီးကြီးများကို ကြိုကြား ကြိုကြားသာ တွေ့နိုင်ပါတော့တယ်တဲ့။

လူတစ်ယောက်ကို မွေးခါစ အရွယ်ကစလို့ ဘယ်သူနဲ့မှ မတွေ့စေပဲ ဘာဆိုဘာမှ မရှိအောင် ပြောင်သလင်းခါနေတဲ့ အခန်းငယ်တစ်ခန်းထဲမှာ နှစ်ပေါင်းသုံးဆယ်လောက် အလုံပိတ်ပြီး အသက်ဆက်ရှင်စေမယ် ဆိုရင် ဒီလူဟာ အလှတရားဆိုတာကို ဘယ်လို နားလည်ပြီး ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုမှာပါလိမ့်လို့ တွေးနေမိတော့တာပါပဲ။

ရဲထက်လှိုင်

Leave a Reply