ကမာၻ႔သမုိင္းထဲက အက္ဇတက္လူမ်ိဳး တုိ႔အေၾကာင္း

Posted on

ေျမာက္အေမရိကတိုက္ရွိ မကၠဆီကိုႏိုင္ငံကို ေရွးကစပိန္လူမ်ိဳးမ်ား အုပ္ခ်ဳပ္ခဲ့ဖူး၍ စပိန္လူမ်ိဳးမ်ား မေရာက္မီက ထိုျပည္ကို နာဝါအဆက္အႏြယ္ျဖစ္ေသာ လူမ်ိဳးမ်ားက အုပ္ခ်ဳပ္ခဲ့၏။ နာဝါဆိုသည့္အမည္မွာ ေျမာက္ပိုင္းမွ ေရာက္လာသူမ်ားအားလုံးကို ေပါင္းစပ္ေခၚေဝၚေသာ အမည္ ျဖစ္၍ သူတို႔အထဲတြင္ အထင္ရွားဆုံးလူမ်ိဳးမွာ အက္ဇတက္ လူမ်ိဳးျဖစ္၏။ အက္ဇတက္လူမ်ိဳး၏ အဆက္အႏြယ္မ်ားကို မကၠဆီကိုၿမိဳ႕၌ ယခုေတြ႕ျမင္ႏိုင္ေသး၏။ အက္ဇတက္တို႔ ဘာသာ စကားမွာ အယ္ရီဇိုးနားႏွင့္ နယူးမကၠဆီကိုျပည္နယ္တို႔ရွိ တိုင္း ရင္းသားမ်ား၏ စကားမ်ားႏွင့္ ဆက္သြယ္ေနသျဖင့္ အက္ဇ တက္တို႔သည္ ထိုတိုင္းရင္းသားမ်ားႏွင့္ ေသြးသားေတာ္စပ္ဟန္ လကၡဏာရွိ၏။

ယင္းတို႔သည္ ပထမ၌အျခားနာဝါလူမ်ိဳးမ်ားႏွင့္ သင့္ျမတ္စြာေနထိုင္ခဲ့ေသာ္လည္း ေနာင္အခါ တန္ခိုးႀကီးလာ၍ အျခားလူမ်ိဳးမ်ားကို ႏိုင္ထက္စီးနင္း ျပဳက်င့္ၾက၏။ ၁၃၂၅ ခုႏွစ္၌ ေတေနာ႔တီး တလန္းၿမိဳ႕ကို တည္ၾက၏။ သူတို႔၏ ႏိုင္ငံသည္ မကၠဆီကိုေကြ႕မွ အတြင္းပိုင္းရွိ ေတာင္တန္းမ်ား အထိ၊ ေတာင္ဘက္တြင္ ဂြာတီမာလာႏုိင္ငံအထိ က်ယ္ဝန္း၏၊၊

အက္ဇတက္လူမ်ိဳးသည္ ထိုအခါက ကမၻာသစ္ဟုေခၚ ေသာ ေျမာက္အေမရိကတိုက္ႏွင့္ ေတာင္အေမရိကတိုက္တို႔၌ အယဥ္ေက်းဆုံးလူမ်ိဳးျဖစ္၏။ ထိုလူမ်ိဳး၏ႏိုင္ငံ၌ ႏိုင္ငံသူ ႏိုင္ငံသားမ်ားကို ကာကြယ္ေစာင့္ေရွာက္ရန္ ျပဳလုပ္ထားေသာ တရားဥပေဒမ်ား၊ တရား႐ုံးမ်ားရွိ၏။ ကၽြန္မ်ားကိုပင္ မတရား မျပဳလုပ္ရေခ်။ ရာဇဝတ္မႈက်ဴးလြန္သူမ်ားသည္ ႀကီးေလးေသာ အျပစ္ဒဏ္ကို ခံၾကရ၏။

အရက္ေသစာ ေသာက္စားေသာ လူငယ္မ်ား၊ မိဘပိုက္ဆံကို ျဖဳန္းတီးေသာလူငယ္မ်ားသည္ ေသဒဏ္ခံၾကရ၏။ ကေလးသူငယ္မ်ားကို ပုခက္တြင္း၌ရွိစဥ္က စ၍ လိမၼာယဥ္ေက်းေအာင္ မိဘမ်ားကသြန္သင္ဆုံးမၾကရ၏။ လူႀကီးမိဘကို ႐ိုေသရမည္၊ ဆင္းရဲသားဒုကၡသည္မ်ားကိုၾကင္နာ ရမည္၊ စကားေျပာေလာဘမႀကီးႏွင့္၊ သူမ်ားေျပာေနစဥ္ ျဖတ္ မေျပာႏွင့္၊ စကားကို ခ်ဲ႕ထြင္မေျပာႏွင့္၊ သူတစ္ပါး၏အျပစ္ကို မ႐ႈႏွင့္ စသည္ျဖင့္ ဩဝါဒေပးထား၏။

မိန္းမမ်ားသည္ အလုပ္အကိုင္မ်ား၌ မ်ားေသာအားျဖင့္ ေယာက္်ားမ်ားႏွင့္တန္းတူ လုပ္ေဆာင္ၾကရ၏။ အခ်ိဳ႕အမ်ိဳးသမီး မ်ားသည္ စာေရးစာဖတ္ အဆိုအကပညာကို သင္ၾကားၾက၏။ ေဗဒင္ပညာ၊ နကၡတ္ပညာမ်ားကိုပင္ ေလ့လာၾက၏။ အက္ဇတက္လူမ်ိဳးတို႔၏ နကၡတ္ပညာသည္ အၾကမ္းစား မဟုတ္ေခ်။ သူတို႔သည္ ရာသီခြင္မ်ားကိုညိွ၍ သူတို႔၌ ခုႏွစ္ရာစုႏွစ္မွ စတင္ေရတြက္ေသာ ျပကၡဒိန္ပင္ ရွိေလသည္။ ထို ျပကၡဒိန္ကို ေက်ာက္တုံးႀကီးတစ္ခုေပၚတြင္ ထြင္း၍ ထားသည္။

ေက်ာက္တုံး ႀကီးမွာသုံးေပထူ၍ အခ်င္းေပ ၂ဝ ရွိၿပီးလၽွင္ အေလးခ်ိန္ အားျဖင့္ တန္ ၂ဝ စီးသည္။ ထိုပညာ ကို အက္ဇတက္လူမ်ိဳး သည္ ေတာ္လတက္လူမ်ိဳးထံမွ ရယူေကာင္းရယူေပမည္။ ထို ေတာ္လတက္လူမ်ိဳးသည္ အက္ဇတက္လူမ်ိဳး မေနထိုင္မီက ေနထိုင္သြားေသာ လူမ်ိဳးျဖစ္သည္။ တစ္ဖန္ ထိုေတာ္လတက္ လူမ်ိဳးက ယဥ္ေက်းမႈမ်ားကို မာယာလူမ်ိဳးထံမွ အတုယူျခင္းျဖစ္သည္။ ထိုမာယာလူမ်ိဳးက ဂြာတီမားလေျမာက္ဘက္ပိုင္းတြင္ ေက်ာက္တုံးမ်ားျဖင့္ ေဆာက္လုပ္ထားသည့္ ၿမိဳ႕ႀကီးမ်ားကို ခရစ္ ၅ဝ ျပည့္ႏွစ္ခန္႔ကပင္ ျပဳလုပ္ခဲ့ၾကသည္။

Aztec Empire အား ေအဒီ ၁၄၀၀ – အခ်ိန္ကစတင္တည္ေထာင္ခဲ့သည္ ။ အင္ပါယာ၏ၿမိဳ ့ေတာ္မွာ Tenochtitlán ၿမိဳ ့ၿဖစ္ၿပီး ယေန ့မကၠဆီကိုတြင္ တည္ရွိသည္ ။

၁၅ဝ၂ ခုႏွစ္တြင္ နန္းစံလၽွက္ရွိေသာ အက္ဇတက္ လူမ်ိဳးတို႔၏ဘုရင္မွာ ဒုတိယမြန္တီဇူမာျဖစ္၏။ သူသည္ ရရွိေသာအခြန္ဘ႑ာျဖင့္ ေတေနာ႔တီးတလန္းၿမိဳ႕ေတာ္ကို မၾကာ ခဏ မြမ္းမံခ်ဲ႕ထြင္ျပင္ဆင္၏။ ထိုေတေနာ႔တီးတလန္း ၿမိဳ႕ေတာ္ ကား ယခုမကၠဆီကိုႏိုင္ငံ၏ ၿမိဳ႕ေတာ္မကၠဆီကိုၿမိဳ႕ပင္ ျဖစ္၏။ ၿမိဳ႕ထဲ၌ တူးေျမာင္းမ်ားကို ေဖာက္လုပ္ထား၏။ သစ္ကိုင္း သစ္ခက္တို႔ျဖင့္ ေရေပၚကၽြန္းကေလးမ်ားကို ဖန္တီးျပဳလုပ္ၿပီး လၽွင္ ထိုကၽြန္းကေလးမ်ားေပၚတြင္ လွပဆန္းၾကယ္ေသာသစ္ပင္ မ်ားႏွင့္ အဖိုးတန္ေဆးဝါးပင္မ်ားကို စိုက္ပ်ိဳးထား၏။

ထူးဆန္း ၍ရွားပါးေသာ တိရိစၧာန္မ်ားကိုလည္း အလွေမြးျမဴထား၏။ အက္ဇတက္လူမ်ိဳးသည္ ပန္းခ်ီ၊ ပန္းပု၊ ပန္းတိမ္၊ ပုရန္၊ ေက်ာက္ဆစ္၊ ဗိသုကာ စေသာ အတတ္မ်ားကိုလည္း တတ္ကၽြမ္းၾကၿပီးလၽွင္ လွပဆန္းျပားေသာ အထည္အလိပ္မ်ား ကိုလည္း ရက္လုပ္တတ္ၾက၏။ အိုးခြက္အလုပ္တြင္လည္း ကၽြမ္းက်င္ၾကသည္။

 

မြန္တီဇူမာသည္မႉးမတ္ေက်းကၽြန္မ်ားၿခံရံလၽွက္ထယ္ဝါ ခန္႔ညားစြာေနထိုင္၏။ သူ၏နန္းေတာ္၌ လွပေသာ ဥယ်ာဥ္မ်ား ျပဳလုပ္ထား၏။ စာေပႏွင့္အႏုပညာကို အထူးအားေပး၏။ ထိုသို႔လၽွင္ အက္ဇတက္လူမ်ိဳးတို႔သည္ သူတို႔ေခတ္ အခါက ယဥ္ေက်းမႈ၌ အထက္တန္းက်ခဲ့ေသာ္လည္း သူတို႔ လူမ်ိဳး၏သမိုင္း၌ အ႐ုပ္ဆိုးလွေသာ အမည္းကြက္ႀကီးတစ္ခု စြန္းထင္လ်က္ရွိေပသည္။ ထိုအမည္းကြက္ႀကီးကား သူတို႔၌ လူသတ္ၿပီးလၽွင္ ယဇ္ပူေဇာ္ေသာအေလ့ရွိျခင္းျဖစ္၏။ေတေနာ႔တီး တလန္းၿမိဳ႕ေတာ္၌ အီဂ်စ္ျပည္ရွိ ပိရမစ္ႀကီးမ်ားႏွင့္ ခပ္ဆင္ဆင္ တူေသာ ေက်ာက္တိုက္ႀကီးမ်ားကို ယခုတိုင္ ေတြ႕ျမင္ႏိုင္၏။ ထိုေက်ာက္တိုက္ႀကီးမ်ားမွာ လူကိုသတ္၍ ယဇ္ပူေဇာ္ရာေမၽွာ္စင္ ႀကီးမ်ားျဖစ္၏။

အက္ဇတက္တို႔သည္ စစ္ပြဲ၌ဖမ္းဆီးရမိေသာ ရန္သူမ်ားကို ခ်က္ခ်င္းသတ္မျပစ္ေခ်။ သူတို႔ပြဲေတာ္ေန႔က်မွ ထိုစစ္သုံ႔ပန္းမ်ားကို ေမၽွာ္စင္ႀကီးသို႔ ေခၚသြားၿပီးလၽွင္ အရွင္ လတ္လတ္သတ္၍ သူတို႔နတ္ကို ပူေဇာ္ပသၾက၏။ ဟာနန္ဒိုေကာတက္ေခါင္းေဆာင္သည့္ စပိန္တို႔သည္ အက္ဇတက္ဘုရင္ကို ပုန္ကန္ျခားနားေသာ တိုင္းရင္းသားမ်ား ႏွင့္ ပူးေပါင္းကာ အက္ဇတက္တို႔ကို တိုက္ခိုက္ရာ ေအာင္ျမင္ ၍ ၁၅၂၁ ခုႏွစ္၌ အက္ဇတက္ႏိုင္ငံႀကီး ပ်က္စီးသြားေလသည္။

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၅)
Myanmar Wikipedia

——————-

ကမ္ဘာ့သမိုင်းထဲက အက်ဇတက်လူမျိုး တို့အကြောင်း (unicode)

မြောက်အမေရိကတိုက်ရှိ မက္ကဆီကိုနိုင်ငံကို ရှေးကစပိန်လူမျိုးများ အုပ်ချုပ်ခဲ့ဖူး၍ စပိန်လူမျိုးများ မရောက်မီက ထိုပြည်ကို နာဝါအဆက်အနွယ်ဖြစ်သော လူမျိုးများက အုပ်ချုပ်ခဲ့၏။ နာဝါဆိုသည့်အမည်မှာ မြောက်ပိုင်းမှ ရောက်လာသူများအားလုံးကို ပေါင်းစပ်ခေါ်ဝေါ်သော အမည် ဖြစ်၍ သူတို့အထဲတွင် အထင်ရှားဆုံးလူမျိုးမှာ အက်ဇတက် လူမျိုးဖြစ်၏။ အက်ဇတက်လူမျိုး၏ အဆက်အနွယ်များကို မက္ကဆီကိုမြို့၌ ယခုတွေ့မြင်နိုင်သေး၏။ အက်ဇတက်တို့ ဘာသာ စကားမှာ အယ်ရီဇိုးနားနှင့် နယူးမက္ကဆီကိုပြည်နယ်တို့ရှိ တိုင်း ရင်းသားများ၏ စကားများနှင့် ဆက်သွယ်နေသဖြင့် အက်ဇ တက်တို့သည် ထိုတိုင်းရင်းသားများနှင့် သွေးသားတော်စပ်ဟန် လက္ခဏာရှိ၏။

ယင်းတို့သည် ပထမ၌အခြားနာဝါလူမျိုးများနှင့် သင့်မြတ်စွာနေထိုင်ခဲ့သော်လည်း နောင်အခါ တန်ခိုးကြီးလာ၍ အခြားလူမျိုးများကို နိုင်ထက်စီးနင်း ပြုကျင့်ကြ၏။ ၁၃၂၅ ခုနှစ်၌ တေနော့တီး တလန်းမြို့ကို တည်ကြ၏။ သူတို့၏ နိုင်ငံသည် မက္ကဆီကိုကွေ့မှ အတွင်းပိုင်းရှိ တောင်တန်းများ အထိ၊ တောင်ဘက်တွင် ဂွာတီမာလာနိုင်ငံအထိ ကျယ်ဝန်း၏၊၊

အက်ဇတက်လူမျိုးသည် ထိုအခါက ကမ္ဘာသစ်ဟုခေါ် သော မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့၌ အယဉ်ကျေးဆုံးလူမျိုးဖြစ်၏။ ထိုလူမျိုး၏နိုင်ငံ၌ နိုင်ငံသူ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ပြုလုပ်ထားသော တရားဥပဒေများ၊ တရားရုံးများရှိ၏။ ကျွန်များကိုပင် မတရား မပြုလုပ်ရချေ။ ရာဇဝတ်မှုကျူးလွန်သူများသည် ကြီးလေးသော အပြစ်ဒဏ်ကို ခံကြရ၏။

အရက်သေစာ သောက်စားသော လူငယ်များ၊ မိဘပိုက်ဆံကို ဖြုန်းတီးသောလူငယ်များသည် သေဒဏ်ခံကြရ၏။ ကလေးသူငယ်များကို ပုခက်တွင်း၌ရှိစဉ်က စ၍ လိမ္မာယဉ်ကျေးအောင် မိဘများကသွန်သင်ဆုံးမကြရ၏။ လူကြီးမိဘကို ရိုသေရမည်၊ ဆင်းရဲသားဒုက္ခသည်များကိုကြင်နာ ရမည်၊ စကားပြောလောဘမကြီးနှင့်၊ သူများပြောနေစဉ် ဖြတ် မပြောနှင့်၊ စကားကို ချဲ့ထွင်မပြောနှင့်၊ သူတစ်ပါး၏အပြစ်ကို မရှုနှင့် စသည်ဖြင့် ဩဝါဒပေးထား၏။

မိန်းမများသည် အလုပ်အကိုင်များ၌ များသောအားဖြင့် ယောက်ျားများနှင့်တန်းတူ လုပ်ဆောင်ကြရ၏။ အချို့အမျိုးသမီး များသည် စာရေးစာဖတ် အဆိုအကပညာကို သင်ကြားကြ၏။ ဗေဒင်ပညာ၊ နက္ခတ်ပညာများကိုပင် လေ့လာကြ၏။ အက်ဇတက်လူမျိုးတို့၏ နက္ခတ်ပညာသည် အကြမ်းစား မဟုတ်ချေ။ သူတို့သည် ရာသီခွင်များကိုညှိ၍ သူတို့၌ ခုနှစ်ရာစုနှစ်မှ စတင်ရေတွက်သော ပြက္ခဒိန်ပင် ရှိလေသည်။ ထို ပြက္ခဒိန်ကို ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထွင်း၍ ထားသည်။

ကျောက်တုံး ကြီးမှာသုံးပေထူ၍ အချင်းပေ ၂ဝ ရှိပြီးလျှင် အလေးချိန် အားဖြင့် တန် ၂ဝ စီးသည်။ ထိုပညာ ကို အက်ဇတက်လူမျိုး သည် တော်လတက်လူမျိုးထံမှ ရယူကောင်းရယူပေမည်။ ထို တော်လတက်လူမျိုးသည် အက်ဇတက်လူမျိုး မနေထိုင်မီက နေထိုင်သွားသော လူမျိုးဖြစ်သည်။ တစ်ဖန် ထိုတော်လတက် လူမျိုးက ယဉ်ကျေးမှုများကို မာယာလူမျိုးထံမှ အတုယူခြင်းဖြစ်သည်။ ထိုမာယာလူမျိုးက ဂွာတီမားလမြောက်ဘက်ပိုင်းတွင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် မြို့ကြီးများကို ခရစ် ၅ဝ ပြည့်နှစ်ခန့်ကပင် ပြုလုပ်ခဲ့ကြသည်။

၁၅ဝ၂ ခုနှစ်တွင် နန်းစံလျှက်ရှိသော အက်ဇတက် လူမျိုးတို့၏ဘုရင်မှာ ဒုတိယမွန်တီဇူမာဖြစ်၏။ သူသည် ရရှိသောအခွန်ဘဏ္ဍာဖြင့် တေနော့တီးတလန်းမြို့တော်ကို မကြာ ခဏ မွမ်းမံချဲ့ထွင်ပြင်ဆင်၏။ ထိုတေနော့တီးတလန်း မြို့တော် ကား ယခုမက္ကဆီကိုနိုင်ငံ၏ မြို့တော်မက္ကဆီကိုမြို့ပင် ဖြစ်၏။ မြို့ထဲ၌ တူးမြောင်းများကို ဖောက်လုပ်ထား၏။ သစ်ကိုင်း သစ်ခက်တို့ဖြင့် ရေပေါ်ကျွန်းကလေးများကို ဖန်တီးပြုလုပ်ပြီး လျှင် ထိုကျွန်းကလေးများပေါ်တွင် လှပဆန်းကြယ်သောသစ်ပင် များနှင့် အဖိုးတန်ဆေးဝါးပင်များကို စိုက်ပျိုးထား၏။

ထူးဆန်း ၍ရှားပါးသော တိရိစ္ဆာန်များကိုလည်း အလှမွေးမြူထား၏။ အက်ဇတက်လူမျိုးသည် ပန်းချီ၊ ပန်းပု၊ ပန်းတိမ်၊ ပုရန်၊ ကျောက်ဆစ်၊ ဗိသုကာ စသော အတတ်များကိုလည်း တတ်ကျွမ်းကြပြီးလျှင် လှပဆန်းပြားသော အထည်အလိပ်များ ကိုလည်း ရက်လုပ်တတ်ကြ၏။ အိုးခွက်အလုပ်တွင်လည်း ကျွမ်းကျင်ကြသည်။

မွန်တီဇူမာသည်မှူးမတ်ကျေးကျွန်များခြံရံလျှက်ထယ်ဝါ ခန့်ညားစွာနေထိုင်၏။ သူ၏နန်းတော်၌ လှပသော ဥယျာဉ်များ ပြုလုပ်ထား၏။ စာပေနှင့်အနုပညာကို အထူးအားပေး၏။ ထိုသို့လျှင် အက်ဇတက်လူမျိုးတို့သည် သူတို့ခေတ် အခါက ယဉ်ကျေးမှု၌ အထက်တန်းကျခဲ့သော်လည်း သူတို့ လူမျိုး၏သမိုင်း၌ အရုပ်ဆိုးလှသော အမည်းကွက်ကြီးတစ်ခု စွန်းထင်လျက်ရှိပေသည်။ ထိုအမည်းကွက်ကြီးကား သူတို့၌ လူသတ်ပြီးလျှင် ယဇ်ပူဇော်သောအလေ့ရှိခြင်းဖြစ်၏။တေနော့တီး တလန်းမြို့တော်၌ အီဂျစ်ပြည်ရှိ ပိရမစ်ကြီးများနှင့် ခပ်ဆင်ဆင် တူသော ကျောက်တိုက်ကြီးများကို ယခုတိုင် တွေ့မြင်နိုင်၏။ ထိုကျောက်တိုက်ကြီးများမှာ လူကိုသတ်၍ ယဇ်ပူဇော်ရာမျှော်စင် ကြီးများဖြစ်၏။

အက်ဇတက်တို့သည် စစ်ပွဲ၌ဖမ်းဆီးရမိသော ရန်သူများကို ချက်ချင်းသတ်မပြစ်ချေ။ သူတို့ပွဲတော်နေ့ကျမှ ထိုစစ်သုံ့ပန်းများကို မျှော်စင်ကြီးသို့ ခေါ်သွားပြီးလျှင် အရှင် လတ်လတ်သတ်၍ သူတို့နတ်ကို ပူဇော်ပသကြ၏။ ဟာနန်ဒိုကောတက်ခေါင်းဆောင်သည့် စပိန်တို့သည် အက်ဇတက်ဘုရင်ကို ပုန်ကန်ခြားနားသော တိုင်းရင်းသားများ နှင့် ပူးပေါင်းကာ အက်ဇတက်တို့ကို တိုက်ခိုက်ရာ အောင်မြင် ၍ ၁၅၂၁ ခုနှစ်၌ အက်ဇတက်နိုင်ငံကြီး ပျက်စီးသွားလေသည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
Myanmar Wikipedia

Leave a Reply