ကမာၻေက်ာ္ ဖန္ကမ္းေျခ ၃ ခုအေၾကာင္း

Posted on

သဘာ၀တရားႀကီးရဲ႕ အံၾသဖြယ္ဖန္တီးမႈေတြထဲမွာ ဖန္ကမ္းေျခေတြလည္း အပါအ၀င္ျဖစ္ပါတယ္။ အေမရိကန္ ကယ္လီဖုိးနီးယား နဲ႔ ရုရွား Ussuri ပင္လယ္ေအာ္က ဖန္ကမ္းေျခေတြအေၾကာင္းကေတာ့ လူသိမ်ားပါတယ္။ ထုိ႔အတူ ဂ်ပန္ႏုိင္ငံမွာ ရွိတဲ့ ေရာင္စုံဖန္ကမ္းေျခေလးတစ္ခုရွိေနပါတယ္။ ဒီတစ္ခါေတာ့ သုတဇုန္မိတ္ေဆြမ်ားအတြက္ ဒီဖန္ကမ္းေျခ ၃ခု အေၾကာင္းကို ေ၀မွ်သြားပါမယ္။

၁။ ကယ္လီဖုိးနီးယားက ဖန္ကမ္းေျခ ၊ အေမရိကန္

ဒီ ဖန္ကမ္းေျခ(Glass Beach) ကေတာ့ အေမရိကန္ ကယ္လီဖုိးနီယားျပည္နယ္က ကမ္းရုိးတန္းၿမဳိ႕ေလးျဖစ္တဲ့ Fort Bragg ၿမဳိ႕အနီးမွာတည္ရွိပါတယ္။ ဒီကမ္းေျခတစ္ေလ်ာက္မွာ​ေတာ့ ေရာင္စံုဖန္တံုး ၊ ဖန္စ​ေတြနဲ႔ ေက်ာက္စရစ္ခဲေလးမ်ား ​ေရာလ်က္​တည္​ရွိ​ေန တာေၾကာင့္ ျမင္​ရသူေတြကို အံၾသၾကည့္ႏူးေစမွာ ျဖစ္ပါတယ္။

ဖန္ကမ္းေျချဖစ္ေပၚလာျခင္းအစကေတာ့ ၁၉၀၆ခုႏွစ္ကစလုိ႔ အဲဒီေဒသမွာ ေနထုိင္ၾကသူေတြဟာ သံဗူး ၊ ဖန္ပုလင္း ၊ အသုံးအေဆာင္ပစၥည္း ၊ ယာဥ္ေတစတဲ့ အမႈိက္သရုိက္ေတြကုိ အဲဒီေနရာမွာ စုပုံလႊင့္ပစ္ၾကတဲ့အတြက္ အမႈိက္ပုံျဖစ္လာပါတယ္။ အမႈိက္ေတြေလ်ာ့နည္းေစဖုိ႔ မီးေတြရႈိ႕ၾကပါတယ္။ ၁၉၄၃ခုႏွစ္မွာ ေတာ့ အမႈိက္လုံး၀ပုံလုိ႔ မရေတာ့ေလာက္ေအာင္ မ်ားျပားလာတဲ့အတြက္ ေနာက္တစ္ေနရာကိုေရြ႕ၿပီး အမႈိက္ပစ္ၾကျပန္ပါတယ္။ ဒါေပမယ့္ အဲဒီေနာက္တစ္ေနရာကအမႈိက္ပုံကလည္း ၁၉၄၉ခုႏွစ္မွာ ျပည့္သြားျပန္တဲ့အတြက္ ေနာက္တစ္ေနရာကုိ ထပ္ေရႊ႕ၿပီးပုံၾကျပန္ပါတယ္။ အဲဒီေနရာကိုေတာ့ ၁၉၆၇ခုႏွစ္အထိ သုံးခဲ့ၾကပါတယ္။ အဲဒီေနာက္ဆုံးေနရာဟာ အခုဖန္ကမ္းေျချဖစ္လာမယ့္ ေနရာျဖစ္ပါတယ္။

၁၉၆၇ခုႏွစ္မွာေတာ့ ကယ္လီဖုိးနီးယားေရအရင္းအျမစ္ ထိမ္းခ်ဳပ္မႈအဖြဲ႔ နဲ႔ ၿမဳိ႕နယ္ေခါင္းေဆာင္ေတြဟာ အဲဒီေနရာေတြမွာ အမႈိက္ပစ္ျခင္းကုိ လုံး၀ပိတ္ပင္လုိက္ပါတယ္။ ေနရာတုိင္းလုိလုိမွာ အမႈိက္ေတြေၾကာင့္ ညစ္ပတ္ေနၿပီး ေဒသခံေတြရဲ႕က်န္းမာေရးကိုပါ ထိခုိက္လာတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ အဲဒီ၀န္းက်င္ကုိ သန္႔ရွင္းေစဖုိ႔အတြက္ သန္႔ရွင္းေရး program ေပါင္းမ်ားစြာကို ျပဳလုပ္ခဲ့ေပမယ့္ အမႈိက္ေတြထူထဲမ်ားျပားလြန္းတာေၾကာင့္ သတၱဳအမႈိက္ေတြေလာက္ကုိသာ ဖယ္ရွားႏုိင္ခဲ့ၿပီး ကုန္စင္ေအာင္ဖယ္ရွားႏုိင္ျခင္း မရွိပဲ လက္ေလွ်ာ့ခဲ့ရပါတယ္။

ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးတဲ့ေနာက္မွာ အဲဒီအမႈိက္ပုံဟာ ေရာင္စုံ ဖန္ကမ္းေျခအျဖစ္ေျပာင္းလဲသြားပါတယ္။ ဒီလုိျဖစ္ရျခင္းအေၾကာင္းကေတာ့ လူသားေတြေၾကာင့္ မဟုတ္ပဲ သဘာ၀တရားႀကီးရဲ႕ အံၾသဖြယ္အစြမ္းေၾကာင့္ပါ။ လႈိင္းေတြဟာ အမႈိက္သရုိက္ေတြကုိ ပင္လယ္ၾကမ္းျပင္ထဲသုိ႔ ဆြဲခ်လုိက္ၿပီး ကမ္းဆီျပန္ခတ္လာတဲ့လႈိင္းေတြက ဖန္ပုလင္းေတြ ၊ ေျမအုိးစတာေတြကုိ ေခ်ာမြတ္ေစတဲ့ ဖန္တုံးဖန္ခဲေလးေတြအျဖစ္ေျပာင္းလဲေစခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္တစ္၀ုိက္တုန္းက စလုိ႔နာမည္ေက်ာ္လာခဲ့ေပမယ့္ ဒီေနရာကို လည္ပတ္သူေတြအား ေျခဖ၀ါးခ်ည္းသက္သက္ နင္းခြင့္မျပဳခဲ့ပါဘူး။

လုံး၀မထိခုိက္ႏုိင္ေၾကာင္း စမ္းသပ္ၿပီးတဲ့ေနာက္ ၂၀၁၅ခုႏွစ္မွာေတာ့ တရား၀င္ေျခနင္းခြင့္ေပးခဲ့ပါတယ္။ ၁၈ ဧက အက်ယ္​ရွိတဲ့ ဒီကမ္​း​ေျခတ​ေလ်ာက္​လွည္​့ပတ္​ သြားလာၾကေပမယ့္ ဖန္​ကြဲမ်ား ထိခိုက္​ျခင္​း၊ ရွျခင္​း၊ စူးျခင္​းမ်ိဳး လံုးဝ ျဖစ္​​ေပၚျခင္​း မရွိဘူးလို႔လည္​း သိရပါတယ္။ သဘာ၀တရားႀကီးက ေျပာင္းလဲေပးလုိက္တဲ့ ဒီဖန္ကမ္းေျခဟာ ႏွစ္စဥ္ ကမာၻလွည့္ခရီးသြား သိန္းေပါင္းမ်ားစြာကို ဆြဲေဆာင္ႏုိင္တဲ့ ေနရာတစ္ခု ျဖစ္လာခဲ့ပါၿပီ။

VIDEO

 ၂။ USsuri ပင္လယ္ေအာ္ ဖန္ကမ္းေျခ ၊ ရုရွား

ရုရွားက USsuri ပင္လယ္ေအာ္ဟာ ဆုိဗီယက္ေခတ္တုန္းက အရက္ပုလင္းခြံ နဲ႔ ေၾကြပုလင္းခြံေတြကို စြန္႔ပစ္ရာ ေနရာတစ္ခုျဖစ္ပါတယ္။ အဲဒီတုန္းက ဒီေနရာဟာ ပုလင္းခြံေပါင္းမ်ားစြာနဲ႔ စုပုံေနတဲ့ေနရာျဖစ္ပါတယ္။ ပုလင္းကြဲေတြနဲ႔ ထိခိုက္ႏုိင္တာေၾကာင့္ အဲဒီေနရာကို လူေတြသာမက တိရစာၦန္မ်ားကပါ ေရွာင္ရွားခဲ့ၾ႕ပါတယ္။

ဒါေပမယ့္ ႏွစ္ေျပာင္းမ်ားစြာ ၾကာလာခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ သဘာ၀ႀကီးက ဒီအရာေတြကုိ ေျပာင္းလဲေပးလုိက္ပါတယ္။ Vladivostok ၿမဳိ႕အနီးမွာ ရွိတဲ့ ဒီကမ္းေျခဟာ အခုအခ်ိန္မွာေတာ့ အလွပဆုံး ကမ္းေျခတစ္ခု ျဖစ္လုိ႔ေနပါၿပီ။ အေၾကာင္းကေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္ ေျမာက္ပစ္စိဖိတ္ လႈိင္းေတြ နဲ႔ တုိက္ခတ္တဲ့ေလေတြဟာ ပုလင္းေတြ၊ ေၾကြေတြကုိ အစိတ္စိတ္ခြဲေျခၿပီး ေခ်ာမြတ္ေစခဲ့အတြက္ေၾကာင့္ပါ။ အခ်ိန္နဲ႔ သဘာ၀တရားႀကီးရဲ႕ အံၾသဖြယ္ ဖန္တီးမႈပါ။

တစ္ခ်ိန္က အႏၱရာယ္ေနရာတစ္ခုအျဖစ္ ပိတ္ပင္ခံထားရတဲ့ ဒီပင္လယ္ေအာ္တစ္၀ုိက္ဟာ ယခုအခ်ိန္မွာေတာ့ အလြန္လွပတဲ့ ဒီဖန္ကမ္းေျခေၾကာင့္ ကမာၻလွည့္ခရီးသြားေတြ မၾကာခဏ လာေလ့ ရွိတဲ့ေနရာတစ္ခု ျဖစ္လာပါၿပီ။

VIDEO

၃။ Omura ၿမဳိ႕က ဖန္ကမ္းေျခ ၊ ဂ်ပန္

ဒီဖန္ကမ္းေျခရဲ႕ေနရာဟာ Omura ၿမဳိ႕ မီရွီးမားတံတားအနီးက မုိရီဇုိႏုိပန္းၿခံနယ္ေျမထဲမွာ တည္ရွိပါတယ္။ ဒီကမ္းေျခကို အေ၀းကၾကည့္မယ္ဆုိရင္ေတာ့ ရုိးရုိးကမ္းေျခတစ္ခုလုိ႔ပဲ ထင္မွတ္ရမွာျဖစ္ေပမယ့္ အနီးကပ္သြားၾကည့္ရင္ေတာ့ အေရာင္စုံလြန္းတဲ့ ဖန္ေတြရွိရာ ဖန္ကမ္းေျချဖစ္ေနတာကို သတိထားမိၾကမွာျဖစ္ပါတယ္။

ဒီကမ္းေျခဘယ္တုန္းကျဖစ္လာသလဲ..ဘယ္လုိျဖစ္လာသလဲ..
Sora News ရဲ႕သတင္းအရ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းက ဒီေနရာဟာ ေက်ာက္ေဆာင္ေတြရွိတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ ဆုိးတာတစ္ခုကေတာ့ အဲဒီေက်ာက္ေဆာင္ေတြမွာ အနံ႔ဆုိးရြားတဲ့ ေရညဳိေတြတြယ္ကပ္ေနရာေၾကာင့္ ဒီေနရာကို ဘယ္သူမွလာေလ့မရွိသလုိ ျဖတ္သြားတဲ့သူတုိင္းကလည္း ဆုိးရြားတဲ့အနံ႔ေတြကို ခံစားခဲ့ရပါတယ္။ ေဒသခံေတြဟာ ဒီေနရာကို ဘယ္လုိေျပာင္းလဲရမလဲ စဥ္းစားခဲ့ၾကၿပီး ေနာက္ဆုံးအေျဖတစ္ခုရခဲ့ပါတယ္။ အဲဒါကေတာ့ ရွိေနတဲ့ ေက်ာက္ေဆာင္ေတြကုိ ဖယ္ထုတ္ပစ္ၿပီး ေရညဳိမ်ားေနာက္ထပ္ေပါက္မလာေအာင္ စြန္႔ပစ္ဖန္ေတြကုိ ထုခြဲ ၾကိတ္ေထာင္းၿပီး ဒီကမ္းေျခတစ္ေလွ်ာက္ကုိ ဖုိ႔တဲ့အစီအစဥ္ပါ။

ဆုိးရြားတဲ့ အနံ႔ေၾကာင့္သာ ဒီေနရာကို ဒီလုိလုပ္ခဲ့ေပမယ့္ လူေတြကို ဆြဲေဆာင္ႏုိင္မယ့္ ဖန္ကမ္းေျခတစ္ခုျဖစ္လာေအာင္ေတာ့ လႈိင္းေတြတုိက္စားမႈကေန ေျပာင္းလဲေပးလုိက္တာျဖစ္ပါတယ္။ ခြ်န္ျမ ထိရွလြယ္တဲ့ ဖန္ကြဲ ပုလင္းကြဲေတြကုိ လုံး၀န္းတဲ့အနားေတြျဖစ္ေအာင္ သဘာ၀တရားႀကီးကေျပာင္းလဲပစ္ခဲ့ပါတယ္။ ေရာင္စုံဖန္စေတြေပၚမွာ ေျခဗလာနဲ႔ ေအးေအးေဆးေဆး လမ္းေလွ်ာက္ႏုိင္ေစတာ သဘာ၀ႀကီးရဲ႕ ထူးဆန္းတဲ့ ဖန္တီးမႈလုိ႔ ဆုိရမွာပါ။ Omura ပင္လယ္ေအာ္က ဒီကမ္းေျခေလးကို သြားခဲ့တဲ့သူအခ်ဳိ႕ရဲ႕ပုံေတြကုိ အင္စတာဂရမ္မွာ တင္ခဲ့ရာကေန လူေတြစသိေနၾကပါၿပီ။ ေရာက္ဖူးသူေတြကေတာ့ အလြန္လွပတဲ့ ဒီကမ္းေျခကုိ   နာဂါစကီနယ္ေျမရဲ႕ လ်ဳိ႕၀ွက္ရတနာ လုိ႔ အမည္ေပးထားပါတယ္။

VIDEO

သုတဇုန္

—————

ကမ္ဘာကျော် ဖန်ကမ်းခြေ ၃ ခုအကြောင်း (unicode)

သဘာဝတရားကြီးရဲ့ အံဩဖွယ်ဖန်တီးမှုတွေထဲမှာ ဖန်ကမ်းခြေတွေလည်း အပါအဝင်ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုးနီးယား နဲ့ ရုရှား Ussuri ပင်လယ်အော်က ဖန်ကမ်းခြေတွေအကြောင်းကတော့ လူသိများပါတယ်။ ထို့အတူ ဂျပန်နိုင်ငံမှာ ရှိတဲ့ ရောင်စုံဖန်ကမ်းခြေလေးတစ်ခုရှိနေပါတယ်။ ဒီတစ်ခါတော့ သုတဇုန်မိတ်ဆွေများအတွက် ဒီဖမ်းကမ်းခြေ ၃ခု အကြောင်းကို ဝေမျှသွားပါမယ်။

ကယ်လီဖိုးနီးယားက ဖန်ကမ်းခြေ ၊ အမေရိကန်

ဒီ ဖန်ကမ်းခြေ(Glass Beach) ကတော့ အမေရိကန် ကယ်လီဖိုးနီယားပြည်နယ်က ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ Fort Bragg မြို့အနီးမှာတည်ရှိပါတယ်။ ဒီကမ်းခြေတစ်လျောက်မှာ​တော့ ရောင်စုံဖန်တုံး ၊ ဖန်စ​တွေနဲ့ ကျောက်စရစ်ခဲလေးများ ​ရောလျက်​တည်​ရှိ​နေ တာကြောင့် မြင်​ရသူတွေကို အံဩကြည့်နူးစေမှာ ဖြစ်ပါတယ်။

ဖန်ကမ်းခြေဖြစ်ပေါ်လာခြင်းအစကတော့ ၁၉၀၆ခုနှစ်ကစလို့ အဲဒီဒေသမှာ နေထိုင်ကြသူတွေဟာ သံဗူး ၊ ဖန်ပုလင်း ၊ အသုံးအဆောင်ပစ္စည်း ၊ ယာဉ်တေစတဲ့ အမှိုက်သရိုက်တွေကို အဲဒီနေရာမှာ စုပုံလွှင့်ပစ်ကြတဲ့အတွက် အမှိုက်ပုံဖြစ်လာပါတယ်။ အမှိုက်တွေလျော့နည်းစေဖို့ မီးတွေရှို့ကြပါတယ်။ ၁၉၄၃ခုနှစ်မှာ တော့ အမှိုက်လုံးဝပုံလို့ မရတော့လောက်အောင် များပြားလာတဲ့အတွက် နောက်တစ်နေရာကိုရွေ့ပြီး အမှိုက်ပစ်ကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီနောက်တစ်နေရာကအမှိုက်ပုံကလည်း ၁၉၄၉ခုနှစ်မှာ ပြည့်သွားပြန်တဲ့အတွက် နောက်တစ်နေရာကို ထပ်ရွှေ့ပြီးပုံကြပြန်ပါတယ်။ အဲဒီနေရာကိုတော့ ၁၉၆၇ခုနှစ်အထိ သုံးခဲ့ကြပါတယ်။ အဲဒီနောက်ဆုံးနေရာဟာ အခုဖန်ကမ်းခြေဖြစ်လာမယ့် နေရာဖြစ်ပါတယ်။

၁၉၆၇ခုနှစ်မှာတော့ ကယ်လီဖိုးနီးယားရေအရင်းအမြစ် ထိမ်းချုပ်မှုအဖွဲ့ နဲ့ မြို့နယ်ခေါင်းဆောင်တွေဟာ အဲဒီနေရာတွေမှာ အမှိုက်ပစ်ခြင်းကို လုံးဝပိတ်ပင်လိုက်ပါတယ်။ နေရာတိုင်းလိုလိုမှာ အမှိုက်တွေကြောင့် ညစ်ပတ်နေပြီး ဒေသခံတွေရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒီဝန်းကျင်ကို သန့်ရှင်းစေဖို့အတွက် သန့်ရှင်းရေး program ပေါင်းများစွာကို ပြုလုပ်ခဲ့ပေမယ့် အမှိုက်တွေထူထဲများပြားလွန်းတာကြောင့် သတ္တုအမှိုက်တွေလောက်ကိုသာ ဖယ်ရှားနိုင်ခဲ့ပြီး ကုန်စင်အောင်ဖယ်ရှားနိုင်ခြင်း မရှိပဲ လက်လျှော့ခဲ့ရပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ အဲဒီအမှိုက်ပုံဟာ ရောင်စုံ ဖန်ကမ်းခြေအဖြစ်ပြောင်းလဲသွားပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ လူသားတွေကြောင့် မဟုတ်ပဲ သဘာဝတရားကြီးရဲ့ အံဩဖွယ်အစွမ်းကြောင့်ပါ။ လှိုင်းတွေဟာ အမှိုက်သရိုက်တွေကို ပင်လယ်ကြမ်းပြင်ထဲသို့ ဆွဲချလိုက်ပြီး ကမ်းဆီပြန်ခတ်လာတဲ့လှိုင်းတွေက ဖန်ပုလင်းတွေ ၊ မြေအိုးစတာတွေကို ချောမွတ်စေတဲ့ ဖန်တုံးဖန်ခဲလေးတွေအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်တစ်ဝိုက်တုန်းက စလို့နာမည်ကျော်လာခဲ့ပေမယ့် ဒီနေရာကို လည်ပတ်သူတွေအား ခြေဖဝါးချည်းသက်သက် နင်းခွင့်မပြုခဲ့ပါဘူး။

လုံးဝမထိခိုက်နိုင်ကြောင်း စမ်းသပ်ပြီးတဲ့နောက် ၂၀၁၅ခုနှစ်မှာတော့ တရားဝင်ခြေနင်းခွင့်ပေးခဲ့ပါတယ်။ ၁၈ ဧက အကျယ်​ရှိတဲ့ ဒီကမ်​း​ခြေတ​လျောက်​လှည်​့ပတ်​ သွားလာကြပေမယ့် ဖန်​ကွဲများ ထိခိုက်​ခြင်​း၊ ရှခြင်​း၊ စူးခြင်​းမျိုး လုံးဝ ဖြစ်​​ပေါ်ခြင်​း မရှိဘူးလို့လည်​း သိရပါတယ်။ သဘာဝတရားကြီးက ပြောင်းလဲပေးလိုက်တဲ့ ဒီဖန်ကမ်းခြေဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သိန်းပေါင်းများစွာကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။

USsuri ပင်လယ်အော် ဖန်ကမ်းခြေ ၊ ရုရှား

ရုရှားက USsuri ပင်လယ်အော်ဟာ ဆိုဗီယက်ခေတ်တုန်းက အရက်ပုလင်းခွံ နဲ့ ကြွေပုလင်းခွံတွေကို စွန့်ပစ်ရာ နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီတုန်းက ဒီနေရာဟာ ပုလင်းခွံပေါင်းများစွာနဲ့ စုပုံနေတဲ့နေရာဖြစ်ပါတယ်။ ပုလင်းကွဲတွေနဲ့ ထိခိုက်နိုင်တာကြောင့် အဲဒီနေရာကို လူတွေသာမက တိရစ္ဆာန်များကပါ ရှောင်ရှားခဲ့ၾ႕ပါတယ်။

ဒါပေမယ့် နှစ်ပြောင်းများစွာ ကြာလာခဲ့ပြီး ယခုအချိန်မှာတော့ သဘာ၀ကြီးက ဒီအရာတွေကို ပြောင်းလဲပေးလိုက်ပါတယ်။ Vladivostok မြို့အနီးမှာ ရှိတဲ့ ဒီကမ်းခြေဟာ အခုအချိန်မှာတော့ အလှပဆုံး ကမ်းခြေတစ်ခု ဖြစ်လို့နေပါပြီ။ အကြောင်းကတော့ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် မြောက်ပစ်စိဖိတ် လှိုင်းတွေ နဲ့ တိုက်ခတ်တဲ့လေတွေဟာ ပုလင်းတွေ၊ ကြွေတွေကို အစိတ်စိတ်ခွဲခြေပြီး ချောမွတ်စေခဲ့အတွက်ကြောင့်ပါ။ အချိန်နဲ့ သဘာဝတရားကြီးရဲ့ အံဩဖွယ် ဖန်တီးမှုပါ။

တစ်ချိန်က အန္တရာယ်နေရာတစ်ခုအဖြစ် ပိတ်ပင်ခံထားရတဲ့ ဒီပင်လယ်အော်တစ်ဝိုက်ဟာ ယခုအချိန်မှာတော့ အလွန်လှပတဲ့ ဒီဖန်ကမ်းခြေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မကြာခဏ လာလေ့ ရှိတဲ့နေရာတစ်ခု ဖြစ်လာပါပြီ။

Omura မြို့က ဖန်ကမ်းခြေ ၊ ဂျပန်

ဒီဖန်ကမ်းခြေရဲ့နေရာဟာ Omura မြို့ မီရှီးမားတံတားအနီးက မိုရီဇိုနိုပန်းခြံနယ်မြေထဲမှာ တည်ရှိပါတယ်။ ဒီကမ်းခြေကို အဝေးကကြည့်မယ်ဆိုရင်တော့ ရိုးရိုးကမ်းခြေတစ်ခုလို့ပဲ ထင်မှတ်ရမှာဖြစ်ပေမယ့် အနီးကပ်သွားကြည့်ရင်တော့ အရောင်စုံလွန်းတဲ့ ဖန်တွေရှိရာ ဖန်ကမ်းခြေဖြစ်နေတာကို သတိထားမိကြမှာဖြစ်ပါတယ်။

ဒီကမ်းခြေဘယ်တုန်းကဖြစ်လာသလဲ..ဘယ်လိုဖြစ်လာသလဲ..
Sora News ရဲ့သတင်းအရ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဒီနေရာဟာ ကျောက်ဆောင်တွေရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဆိုးတာတစ်ခုကတော့ အဲဒီကျောက်ဆောင်တွေမှာ အနံ့ဆိုးရွားတဲ့ ရေညိုတွေတွယ်ကပ်နေရာကြောင့် ဒီနေရာကို ဘယ်သူမှလာလေ့မရှိသလို ဖြတ်သွားတဲ့သူတိုင်းကလည်း ဆိုးရွားတဲ့အနံ့တွေကို ခံစားခဲ့ရပါတယ်။ ဒေသခံတွေဟာ ဒီနေရာကို ဘယ်လိုပြောင်းလဲရမလဲ စဉ်းစားခဲ့ကြပြီး နောက်ဆုံးအဖြေတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ရှိနေတဲ့ ကျောက်ဆောင်တွေကို ဖယ်ထုတ်ပစ်ပြီး ရေညိုများနောက်ထပ်ပေါက်မလာအောင် စွန့်ပစ်ဖန်တွေကို ထုခွဲ ကြိတ်ထောင်းပြီး ဒီကမ်းခြေတစ်လျှောက်ကို ဖို့တဲ့အစီအစဉ်ပါ။

ဆိုးရွားတဲ့ အနံ့ကြောင့်သာ ဒီနေရာကို ဒီလိုလုပ်ခဲ့ပေမယ့် လူတွေကို ဆွဲဆောင်နိုင်မယ့် ဖန်ကမ်းခြေတစ်ခုဖြစ်လာအောင်တော့ လှိုင်းတွေတိုက်စားမှုကနေ ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ ချွန်မြ ထိရှလွယ်တဲ့ ဖန်ကွဲ ပုလင်းကွဲတွေကို လုံးဝန်းတဲ့အနားတွေဖြစ်အောင် သဘာဝတရားကြီးကပြောင်းလဲပစ်ခဲ့ပါတယ်။ ရောင်စုံဖန်စတွေပေါ်မှာ ခြေဗလာနဲ့ အေးအေးဆေးဆေး လမ်းလျှောက်နိုင်စေတာ သဘာ၀ကြီးရဲ့ ထူးဆန်းတဲ့ ဖန်တီးမှုလို့ ဆိုရမှာပါ။ Omura ပင်လယ်အော်က ဒီကမ်းခြေလေးကို သွားခဲ့တဲ့သူအချို့ရဲ့ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ရာကနေ လူတွေစသိနေကြပါပြီ။ ရောက်ဖူးသူတွေကတော့ အလွန်လှပတဲ့ ဒီကမ်းခြေကို   နာဂါစကီနယ်မြေရဲ့ လျို့ဝှက်ရတနာ လို့ အမည်ပေးထားပါတယ်။

သုတဇုန်

Leave a Reply