ကမ္ဘာကျော် ဂန္တ၀င်သင်္ဘောပျက်များ
Posted on
ကျန်ခဲ့တဲ့နှစ်ကာလများစွာက ပင်လယ်သမုဒ္ဒရာတွေထဲမှာ လူတွေဖန်တီးထားတဲ့ နှစ်ပင်တိုင်ရွက်သဘောင်္တွေ၊ ၁၅၁၇ရာစုနှစ်များအတွင်း အသုံးပြုခဲ့တဲ့ စပိန်ရွက်သဘောင်္တွေဟာ ပင်လယ်ရေစီးနှင့်အတူ လေနှင်ရာကိုရွက်တိုက်ပြီးသွားလာလှုပ်ရှားခဲ့ကြပါတယ်။
ဒီ SS Ayrfield အမည်ရတဲ့ အမေရိကန်စစ် သင်္ဘောကြီးဟာ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့ပိုင်နက်ထဲမှာတည်ရှိပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်းက အမေရိကန် စစ်သည် တွေကိုသယ်ဆောင်ပြီး စစ်မြပြင်တွေဆီခရီးနှင်တဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာပါ။ ၁၉၇၀ခုနှစ်မှာတော့ SS Ayrfield ရေယာဉ်ဟာ ဆစ်ဒနီမြို့အနီးOlympic ကျေးရွာမှာ ရှိတဲ့ သဘောင်္သချိုင်းကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
ထိတ်လန့်ကြောက်ရွံစရာကောင်းတဲ့ ဘရာဇီးရွက်လှေသဘောင်္ပျက်တစ်စီးဟာ အန္တာတိကတိုက် တောင်ဝင်ရိုးစွန်းဒေသရှိ Ardley ပင်လယ်အော်အတွင်းမှာ နစ်မြုပ်နေပါတယ်။ ဘရာဇီးနိုင်ငံက အနုပညာရှင်တွေဟာ ဒီဒေသမှာ ယင်းရွက်လှေကိုအသုံးပြုပြီး ရုပ်သံဇာက်လမ်းတွဲတွေရိုက်ကူးရန် လာရောက်စဉ်အတွင်း တောင်ဝင်ရိုးစွန်းဒေသရဲ့ ပြင်းထန်တဲ့ရာသီဥတု အခြေအနေကြောင့် အဲဒီရွက်သဘောင်္ ကိုစွန့်ခွာထွက်ပြေးခဲ့ကြတာပါ။
ဘာကြောင့်လဲဆိုတော့ အင်အားပြင်း ထန်တဲ့မုန်တိုင်းကြောင့် SS Maheno ဟာ သြစတေးလျနိုင်ငံဧရိယာ အနီးမှာရှိတဲ့လူသူ ကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်ရှိသွားခဲ့လို့ပါ။
SS Maheno မှာ ရှိတဲ့ အမှုထမ်း တွေဟာ မုန်တိုင်းဒဏ်ကို(၃)ရက်တိုင်တိုင် ကြံကြံခိုင်ရင်ဆိုင်ပြီး ယင်းရေယာဉ်ပေါ်မှာ ပဲကယ်ဆယ်ရေး အစီစဉ်တွေကို စောင့်မျှော်နေခဲံကြတာပါ။
ဥရောပတိုက် ဂရိတ်ဗြိတိန်ကျွန်းစုက ဝေလနိုင်ငံပိုင် Anglesey ကျွန်းပေါ်မှာ သဘောင်္အိုကြီးတစ်စင်း ထင်ထင်ရှားရှားတည်ရှိပါတယ်။ ဒီငါးဖမ်းသဘောင်္ကြီး နှစ်ကာလများစွာ တည်ရှိနေတာဟာ အံ့သြစရာကောင်းပြီး ဒီရေယာဉ်ကို ဂျော်မက်ထရီနည်း ကျကျ ကြီးမားတဲ့ပုံစံနဲ့ ဗြိတိန်ကျွန်းစုမှာတည်ဆောက်ခဲ့တာပါ။
ဒီကမ်းခြေမှာ လာရောက်သောင်တင်နေတာဟာ နှစ်များစွာကြာညောင်းခဲ့ပြီ ဖြစ်ပြီး ဒီသဘောင်္ထဲက ထွက်လာတဲ့ လေတိုက်ခတ်သံတွေဟာ ပြင်းထန်စွာရောဂါခံစားနေရတဲ့ လူတစ်ယောက် ရဲ့ ညည်းညူသံနဲ့ အလားတူတယ်လို့ ဆိုပါတယ်။ သဘောင်္တွင်းမှာလည်း ရှေးခေတ်က ပစ္စည်းတွေ နဲ့တန်ဆာဆင်ထားပြီး သဘောင်္ရဲ့ နေရာတိုင်းကတော့ အက်ကြောင်းတွေနဲ့ အတော် ကိုပျက်စီးယိုယွင်းနေပါပြီ။
ပုံမှာမြင်ရတဲ့သဘောင်္ပျက်တွေတည်ရှိတဲ့ကျွန်းကတော့ ဘာမြူဒါတြိဂံနယ်မြေမှာ တည်ရှိတာပါ။ ဒီဒေသဟာယခင်ကတည်းကလေယာဉ်၊ သဘောင်္တွေအများအပြားထူးထူးဆန်းဆန်း ပျောက်ဆုံးမှုတွေကြောင့် အံ့သြသင့်ဖွယ်ရာဂုဏ်သတင်းတွေလွှမ်းခြုံနေတာပါ။
ကမ္ဘာပေါ်မှာ နစ်မြုပ်ခဲ့တဲ့ သဘာင်္တွေအားလုံးထဲမှာတော့ တိုက်တန်းနစ် သဘောင်္က တန်ဖိုးအများဆုံးဖြစ်ပါလိမ့်မယ်။ အလွန်ခမ်းနားကြီးကျယ်တဲ့ ဇိမ်ခံသဘောင်္ကြီး တိုက်တန်းနစ်ကို ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ သဘောင်္ကြီးလို့တောင်ခေါ်ဆိုခဲ့ကြတာပါ။
သုတဇုန်
—————
ကမ္ဘာတလွှား ထူးထူးခြားခြား ဂန္တဝင်သင်္ဘောပျက်များ (unicode)
ကျန်ခဲ့တဲ့နှစ်ကာလများစွာက ပင်လယ်သမုဒ္ဒရာတွေထဲမှာ လူတွေဖန်တီးထားတဲ့ နှစ်ပင်တိုင်ရွက်သဘောၤတွေ၊ ၁၅၁၇ရာစုနှစ်များအတွင်း အသုံးပြုခဲ့တဲ့ စပိန်ရွက်သဘောၤတွေဟာ ပင်လယ်ရေစီးနှင့်အတူ လေနှင်ရာကိုရွက်တိုက်ပြီးသွားလာလှုပ်ရှားခဲ့ကြပါတယ်။ ယင်းမှတစ်ဆင့် နည်းပညာစမ်းသစ်လာကာ အင်ဂျင်ပါဝါအားအလွန်ကောင်းတဲ့ ကုန်တင်သဘောၤ၊ ခရီးသည်တင်ဇိမ်ခံသဘောၤမှသည် စစ်သဘောၤအထိ ပေါ်ပေါက်လာခဲ့ကြပါ တယ်။ ဒါပေမဲ့ အချို့သောရေယာဉ်တွေက ကံမကောင်း ၊အကြောင်းမလှပဲ ပင်လယ်ရေအောက်ကိုနစ်မြူပ်ပြီးတော့ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်အသုံးပြုနိုင် ခြင်းမရှိပဲ လူမြင်ကွင်းကနေပျောက်ကွယ်ကြရပါတယ်။
ဒီသဘောၤပျက်တွေဟာ အဆုံးအစမရှိတဲ့ပင်လယ်ရေအောက်ကြမ်းပြင်တွေ၊ လူသူအရောက်အပေါက်နည်းတဲ့ကျွန်းတွေ၊ ယနေ့ထက်တိုင် တည်ရှိဆဲ သဘောၤဆိပ်ကမ်းတွေ၊လှပတဲ့ ကျွန်းစွယ်တွေရဲ့ ရေအောက်ကြမ်းပြင်မှာ၊ ကမ်းရိုးတန်းသောင်ပြင်သဲစပ်တွေမှာယနေ့ထက်ထိလဲလျောင်းနေကြဆဲပါ။ ဒီသင်္ဘောပျက်တွေဟာ များစွာသော အိပ်ရာဝင်ပုံပြင်တွေကိုချန်ပေးခဲ့ကြပါတယ်။ ယခု မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာရှိတဲ့နေရာ အသီးသီးမှာ ယနေ့ထက်တိုင် တည်ရှိနေဆဲဖြစ်တဲ့ အထူးဆန်း ဆုံးသော ဂန္တဝင်သင်္ဘောပျက်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။
(၁) Fairytale Floating Forest, Australia
ဒီ SS Ayrfield အမည်ရတဲ့ အမေရိကန်စစ် သင်္ဘောကြီးဟာ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့ပိုင်နက်ထဲမှာတည်ရှိပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်းက အမေရိကန် စစ်သည် တွေကိုသယ်ဆောင်ပြီး စစ်မြပြင်တွေဆီခရီးနှင်တဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာပါ။ ၁၉၇ဝခုနှစ်မှာတော့ SS Ayrfield ရေယာဉ်ဟာ ဆစ်ဒနီမြို့အနီးOlympic ကျေးရွာမှာ ရှိတဲ့ သဘောၤသချိုင်းကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
ကာလကြာမသုံးစွဲပဲထားရှိတာကြောင့် သင်္ဘောကြီးဟာ တောအုပ်တစ်ခုနဲ့အလားတူပြီး လမုပင်တွေနဲ့ပြည့်နှက်နေတဲ့ အနေအထားပါ။ ၂၀၀၀ ပြည့်နှစ်မှာပြုလုပ်ခဲ့တဲ့ ဆစ်ဒနီအိုလံပစ်ပြိုင်ပွဲကာလရောက်တဲ့အချိန်မှာတော့ဩစတေးလျအာဏာပိုင်တွေဟာ အဲဒီဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန်သဘောၤဟောင်းကြီး SS Ayrfieldကို စိမ်းလန်းတဲ့ ကျွန်းလေးတစ်ခုအသွင် ဖန်တီးပြီး ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်ခဲ့ပါတယ်။
(၂) Swedish flagship of the XVI Century
ဆွီဒင်နိုင်ငံရဲ့ ဒုတိမြောက်အကြီးမားဆုံးကျွန်းဖြစ်တဲ့ Olandကျွန်းရဲ့ ရေမိုင်(၁၀)မိုင်ခန့် အကွာမှာရှိတဲ့ Beltic ပင်လယ်အောက်မှ ဆွီဒင်နိုင်ငံရဲ့စစ်ရေယာဉ် Mars နစ်မြုပ်နေပါတယ်။ Mars ဟာ (၁၆)ရာစု အတွင်းအကြီးမားဆုံးသော စစ်သဘောၤဖြစ်ပြီး သင်္ဘောသား(၃၅၀) နဲ့စစ်သည် (၄၅၀)ဦးလောက် လိုက်ပါနိုင်ကာ အမြောက်လက်နက် (၁၀၇)လက် တပ်ဆင်ထားပါတယ်။
တန်(၇၀၀)လောက် အလေးချိန်ရှိတဲ့ အဲဒီစစ်သင်္ဘော ဟာ ၁၅၆၄ ၊မတ်လ(၃၁)ရက်နေ့ (Northern Seven Year’s)စစ်ပွဲကာလအတွင်း အခြားရန်သူစစ်ရေယာဉ်သုံးစီးရဲ့ တိုက်ခိုက်ခဲ့မှုကြောင့်နစ်မြုပ်ခဲ့ရတာပါ။ Mars နဲ့ ပတ်သတ်ပြီးရေယာဉ်ဆိုင်ရာ အထူးကျွမ်းကျင်သူတွေပါဝင်တဲ့ အဖွဲ့က ၁၉၆၀လောက်ကတည်းက ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပါတယ်။ Mars ဟာ ကမ္ဘာရေကြောင်းဆိုင်ရာစစ်ပွဲသမိုင်းမှာလည်း တိုက်ပွဲတွေအတွင်း အခြားစစ်သင်္ဘောကတိုက်ခိုက်လို့နစ်မြုပ်ရတဲ့ ပထမဆုံးသောစစ်ရေယာဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
(၃) Sunken yacht, Antarctica
ထိတ်လန့်ကြောက်ရွံစရာကောင်းတဲ့ ဘရာဇီးရွက်လှေသဘောၤပျက်တစ်စီးဟာ အန္တာတိကတိုက် တောင်ဝင်ရိုးစွန်းဒေသရှိ Ardley ပင်လယ်အော်အတွင်းမှာ နစ်မြုပ်နေပါတယ်။ ဘရာဇီးနိုင်ငံက အနုပညာရှင်တွေဟာ ဒီဒေသမှာ ယင်းရွက်လှေကိုအသုံးပြုပြီး ရုပ်သံဇာက်လမ်းတွဲတွေရိုက်ကူးရန် လာရောက်စဉ်အတွင်း တောင်ဝင်ရိုးစွန်းဒေသရဲ့ ပြင်းထန်တဲ့ရာသီဥတု အခြေအနေကြောင့် အဲဒီရွက်သဘောၤ ကိုစွန့်ခွာထွက်ပြေးခဲ့ကြတာပါ။ အဲအချိန်တည်းက ဒီရွက်သင်္ဘောဟာ ရေအောက်ကို နစ်မြုပ်နေခဲ့ရတာပါ။ ခြောက်ခြားစရာကောင်းတဲ့ဖြစ်စဉ်အချို့လည်း အဲဒီသင်္ဘောမျာဖြစ်ခဲ့ တယ်လို့ သတင်းတွေထွက်ဖူးပါတယ်။
(၄)A mysterious Ghost ship, USA
ဒီရွက်သင်္ဘောကိုတော့ Circle Line V လို့အမည်ရပြီး အတ္တလနိတ်သမုဒ္ဒရာအတွင်း ကမ်းရိုးတန်းလုံခြုံရေး ဆောင်ရွက်တဲ့ ရေယာဉ်ပုံစံ ဖန်တီးထားပါတယ်။ အဲဒီရေယာဉ် ကို ၁၉၀၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုရိုင်းနားပြည်နယ် Wilmington မြို့မှာ စတင်တည်ဆောက်အသုံးပြုခဲ့ပြီးနောက် နှစ်ပေါင်း(၈၀)ကာလ အတွင်း ပိုင်ရှင်များစွာ ပြောင်းလဲခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေရဲ့အဆိုအရတော့ ပရလောကသားတွေရဲ့ စိတ်နယ်လွန်ခြောက်လှန့်မှုတွေဟာ အဲဒီသင်္ဘောပေါ်မှာပဲအကြိမ်ရေများစွာဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်။၁၉၈၄ ခုနှစ်မှာတော့ အဲဒီရွက်သဘောၤကိုLourensburg မြို့အနီးက Ohio မြစ်ထဲမှာ ဘယ်သူကလာရောက်စွန့်ပစ်ခဲ့လဲဆိုတာမသိတဲ့ အနေအထားနဲ့ ပြန်လည်တွေ့ရှိခဲ့ပါ တယ်။
(၅)The sunken barge ,British Columbia
ပုံမှာမြင်တွေ့ရတဲ့ သစ်သားနဲ့ပြုလုပ်ထားတဲ့ စက်တပ်သမ္ဗန်ဟာ ၁၉၂၉ ကာလတည်း က ကနေဒါနိုင်ငံ British Columbia နယ်ထဲမှာ နစ်မြုပ်နေခဲ့တာပါ။ ဒါပေမဲ့ ဒီသဘောၤပျက်မှာ ဝမ်းနည်းစရာကောင်းတဲ့ သေခြင်းတရားရဲ့အငွေ့အသက်တွေကို ခံစားသိရှိရမှာပါ။
(၆) Hospital ship, Australia
ပထမကမ္ဘာစစ်ကာလတုန်းက SS Maheno ဟာ စစ်ဆေးရုံတစ်ခုအဖြစ်တာဝန်ထမ်း ဆောင်ခဲ့ရပါတယ်။ ၁၉၃၅ ခုနှစ်မှာတော့ ဒီရေယာဉ်ဟာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ကုသရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ရကာ ရက်အနည်းငယ်အကြာမှာတော့ အားလုံး ရဲ့မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်အားပြင်း ထန်တဲ့မုန်တိုင်းကြောင့် SS Maheno ဟာ ဩစတေးလျနိုင်ငံဧရိယာ အနီးမှာရှိတဲ့လူသူ ကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်ရှိသွားခဲ့လို့ပါ။
SS Maheno မှာ ရှိတဲ့ အမှုထမ်း တွေဟာ မုန်တိုင်းဒဏ်ကို(၃)ရက်တိုင်တိုင် ကြံကြံခိုင်ရင်ဆိုင်ပြီး ယင်းရေယာဉ်ပေါ်မှာ ပဲကယ်ဆယ်ရေး အစီစဉ်တွေကို စောင့်မျှော်နေခံကြတာပါ။ (၃)ရက်မြောတ်နေ့မှာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ဆက်သွယ်မိပြီး အမှုထမ်းအားလုံး ဘေးလွတ်ရာကိုရွေပြောင်း သွားခဲ့ကြပေမယ့် SS Maheno စစ်ဆေးရုံသင်္ဘော ကြီးကတော့ ပြန်လည်ယူဆောင်ခြင်းမခံရပဲ သူမရဲ့ရက်စွဲတွေကို အထီးကျန်ဆန်စွာဖြတ်သန်းနေခဲ့ရပါတော့တယ်။
(၇) An Old ship on the island of Anglesey ,Wales
ဥရောပတိုက် ဂရိတ်ဗြိတိန်ကျွန်းစုက ဝေလနိုင်ငံပိုင် Anglesey ကျွန်းပေါ်မှာ သဘောၤအိုကြီးတစ်စင်း ထင်ထင်ရှားရှားတည်ရှိပါတယ်။ ဒီငါးဖမ်းသဘောၤကြီး နှစ်ကာလများစွာ တည်ရှိနေတာဟာ အံ့ဩစရာကောင်းပြီး ဒီရေယာဉ်ကို ဂျော်မက်ထရီနည်း ကျကျ ကြီးမားတဲ့ပုံစံနဲ့ ဗြိတိန်ကျွန်းစုမှာတည်ဆောက်ခဲ့တာပါ။ ဒီကမ်းခြေမှာ လာရောက်သောင်တင်နေတာဟာ နှစ်များစွာကြာညောင်းခဲ့ပြီ ဖြစ်ပြီး ဒီသဘောၤထဲက ထွက်လာတဲ့ လေတိုက်ခတ်သံတွေဟာ ပြင်းထန်စွာရောဂါခံစားနေရတဲ့ လူတစ်ယောက် ရဲ့ ညည်းညူသံနဲ့ အလားတူတယ်လို့ ဆိုပါတယ်။ သဘောၤတွင်းမှာလည်း ရှေးခေတ်က ပစ္စည်းတွေ နဲ့တန်ဆာဆင်ထားပြီး သဘောၤရဲ့ နေရာတိုင်းကတော့ အက်ကြောင်းတွေနဲ့ အတော် ကိုပျက်စီးယိုယွင်းနေပါပြီ။
(၈) Island of Shipwrecks,Bermuda
ပုံမှာမြင်ရတဲ့သဘောၤပျက်တွေတည်ရှိတဲ့ကျွန်းကတော့ ဘာမြူဒါတြိဂံနယ်မြေမှာ တည်ရှိတာပါ။ ဒီဒေသဟာယခင်ကတည်းကလေယာဉ်၊ သဘောၤတွေအများအပြားထူးထူးဆန်းဆန်း ပျောက်ဆုံးမှုတွေကြောင့် အံ့ဩသင့်ဖွယ်ရာဂုဏ်သတင်းတွေလွှမ်းခြုံနေတာပါ။ ပုံမှာ မြင်တွေ့ရတဲ့ သင်္ဘောသချိုင်းထဲက ရေယာဉ်တွေဟာ တွေ့မြင်ရသူတွေအဖို့ ထူးဆန်းမှုတွေအပြင် စိတ်ထဲမှာ တမျိုးခံစားစေနိုင်ပါတယ်။
(၉) The Last Day of the Icon
ဒုတိယကမ္ဘာစစ်ကာလအတွင်းက SS American Star စစ်သဘောၤဟာ အမေရိကန်ကနေ ဥရောပတိုက်ကို စစ်လက်နက်တင်ပို့မှု၊ စစ်သည်တွေကိုပေးပို့ရာမှာ အရေးပါတဲ့ ကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ အဲဒီရေယာဉ်ဟာ အမေရိကန်နိုင်ငံအတွင်းမှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း အလွန်နာမည်ကျော်ကြားခဲ့ပါတယ်။ ၁၉၈ဝခုနှစ် မှာတော့ အမေရိကန်တာဝန်ရှိသူတွေဟာ SS American Star စစ်သဘောၤကို အနား ပေးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။
တိုက်ဆိုင်စွာပဲ အဲဒီရေယာဉ်ဟာ အလွန်ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ကိုခံခဲရပြီး အပျက်အဆီးများစွာနဲ့ ကနေဒါနိုင်ငံတွင်းရှိ ကနေရီကျွန်းမှာ သွားရောက်သောင်တင်ခဲ့ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေ ပြန်လည်ပြင်ဆင်ခြင်း မပြုတော့ပဲ ဒီအတိုင်းပဲထားရှိခဲ့ပါတယ်။
(၁၀) RMS Titanic- a fallen giant
ကမ္ဘာပေါ်မှာ နစ်မြုပ်ခဲ့တဲ့ သဘာၤတွေအားလုံးထဲမှာတော့ တိုက်တန်းနစ် သဘောၤက တန်ဖိုးအများဆုံးဖြစ်ပါလိမ့်မယ်။ အလွန်ခမ်းနားကြီးကျယ်တဲ့ ဇိမ်ခံသဘောၤကြီး တိုက်တန်းနစ်ကို ဘယ်တော့မှ မနစ်မြုပ်နိုင်တဲ့ သဘောၤကြီးလို့တောင်ခေါ်ဆိုခဲ့ကြတာပါ။ ဒါပေမဲ့ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် ရေခဲတောင်နဲ့ဝင်တိုက်မိရာ ကနေ ၁၉၁၂ ဧပြီလ (၁၅)ရက်နေ့မှာ သူမရဲ့ ပင်လယ်ရေကြောင်းခရီးရှည်ကိုအတ္တ လနိတ်သမုဒ္ဒရာကြမ်းပြင်အောက်မှာရပ်နားခဲ့ရပါတယ်။ တိုက်တန်းနစ်ရဲ့နစ်မြုပ်မှု ကြောင့်လိုက်ပါလာသူ (၂၂၂၄)ယောက်မှာ (၁၅၀၀)ထက်မနည်းသေဆုံးခဲ့ရပါတယ်။
ပင်လယ်သမုဒ္ဒရာရေအနက် (၂.၄)မိုင်လောက်မှာ ဆယ်စုနှစ်တစ်စုကြာအောင် နစ်မြုပ် နေခဲ့ပြီးရေစီးကြောင်းကိုလိုက်ပြီး ဖြည်းဖြည်းချင်းရွေလျားနေခဲ့ရတာပါ။ ၁၉၈၅မှာတော့ တိုက်တန်းနစ်သင်္ဘောပျက်ကို ပြန်လည်ရှာတွေ့ခဲ့ကြပါတယ်။ နောက်ဆယ်နှစ်ကြာတဲ့ အခါမှာတော့ ဟောလီးဝုဒ်နာမည်ကျော်ဒါရိုက်တာ ဂျိမ်းကင်မရွန်းက တိုက်တန်းနစ် ဇာက်ကားကို ရိုက်ကူးပြသခဲ့ပြီး တိုက်တန်းနစ်သင်္ဘောရဲ့ အကြောင်းကို ကမ္ဘာကျော် အောင်ဖော်ပြနိုင်ခဲ့ပါတယ်။ ဂျိမ်းကင်မရွန်းဟာတိုက်တန်းနစ်သမိုင်းကို အချိန်ကာလ အတော်ကြာအောင် ရေအောက်သုံးကိရိယာများစွာအသုံးပြုပြီးလေ့လာကာ ဒီဇာက်ကားကိုဖန်တီးခဲ့တာပါ။
သုတဇုန်
Leave a Reply