အေမရိကန္၊ ျပင္သစ္ ႏွင့္ အဂၤလန္ေရာက္ ႏွစ္ေပါင္း ၃၀၀၀ေက်ာ္ သက္တမ္းရွိ အီဂ်စ္ေက်ာက္တုိင္ႀကီးမ်ား

Posted on

အေမရိကန္ႏုိင္ငံတြင္ အလြန္ထင္ရွားလွသည့္ နယူးေယာက္စင္ထရယ္ပတ္ဥယ်ာဥ္(Central Park) အတြင္းတြင္ ေရွးေဟာင္းအီဂ်စ္နယ္ေျမတြင္သာေတြ႔ႏိုင္သည့္ ေက်ာက္တုိင္ႀကီးတစ္တုိင္ကို စုိက္ထူထားၿပီး ကလီယုိပတ္ထရာ ေက်ာက္တုိင္ဟုေခၚသည္။ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမဳိ႕ရွိ ၀ိတိုရိယတာေပၚတြင္လည္း အလားတူေက်က္တုိင္ႀကီးကို စုိက္ထူထားသည္။ ျပင္သစ္ႏုိင္ငံပါရီၿမဳိ႕ Place de la Concorde တြင္လည္း တစ္တုိင္စုိက္ထူထားျပန္သည္။

အေမရိကန္မွေက်ာက္တုိက္သည္ ၆၉ေပ ရွိၿပီး အဂၤလန္မွေက်ာက္တုိင္သည္ ၆၈ေပခြဲျမင့္ကာ ျပင္သစ္မွေက်ာက္တုိင္သည္ ၇၅ေပ ျမင့္သည္။ ထုိ ဧရာမေက်ာက္တုိင္ႀကီးမ်ား၏ သက္တမ္းမွာ ႏွစ္ေပါင္း ၃၀၀၀ ေက်ာ္ရွိၿပီျဖစ္ၿပီး ေရွးေဟာင္းအီဂ်စ္တုိ႔၏ ရုိးရာအေမြအစစ္လည္းျဖစ္သည္။ အီဂ်စ္၏ ထုိေရွးေဟာင္းေက်ာက္တုိင္ႀကီးမ်ားသည္ ေ၀းကြာလြန္းေသာ အရပ္မ်ားဆီသုိ႔ မည္သုိ႔ မည္ပုံေရာက္ရွိခဲ့ပါသလဲ..ဆုိတာကို သုတဇုန္မိတ္ေဆြမ်ားအတြက္ မွ်ေ၀သြားပါမယ္။

အျမင့္ဆုံးေက်ာက္တုိင္ျဖစ္သည့္ အီဂ်စ္ရွိ ဘုရင္မ ဟတ္ရွိဆပ္ေက်ာက္တုိင္

ေရွးႏွစ္ေပါင္း ၃၅ဝဝ ခန္႔ က အီဂ်စ္ႏိုင္ငံတြင္ တတိယ ေသာ့သမီးဘုရင္ႀကီးသည္ ဟီလီ ယိုပိုလစ္ၿမိဳ႕၌ စံေနေတာ္မူခဲ့၏။ ဟီလီယိုပိုလစ္၏ အဓိပၸါယ္မွာ ေရၿမိဳ႕ေတာ္ျဖစ္ေလသည္။ ေသာ့သမီးဘုရင္သည္ ယခုအခါ ႏိုင္းျမစ္ေပၚရွိ အက္ဆြမ္း ၿမိဳ႕အနီး ဆိုင္အီးနီး ေက်ာက္က်င္းမ်ားမွ တန္ခ်ိန္ ၂ဝဝ ခန္႔ စီရွိေသာ အလြန္ႀကီးမား ရွည္လ်ားသည့္ လုံးခ်င္းေက်ာက္တိုင္ တစ္စုံကို တူးယူေစ၍ ျမစ္သို႔အေရာက္သူ၏ေက်းကၽြန္မ်ားကို ဆြဲယူေစခဲ့၏။ ထိုေနာက္ ၿမိဳ႕ေတာ္သို႔ေရာက္ေအာင္ ျမစ္ေၾကာ တစ္ေလၽွာက္ ေဖာင္ျဖင့္ ေမၽွာယူခဲ့သည္။ ၿမိဳ႕ေတာ္သို႔ ေရာက္ ေသာအခါ ဘုရင္၏ဘုန္းတန္ခိုးထင္ရွားေစရန္ႏွင့္ ေနနတ္သား ကို ပူေဇာ္ပသရန္ ထိုေက်ာက္တိုင္ႀကီးမ်ားကို စိုက္ထူးေစခဲ့ေလသည္။

ထိုေက်ာက္တိုင္ႀကီးမ်ားကို ကလီယို ပတ္ထရာ ဇာထိုး အပ္မ်ားဟူ၍ ေခၚေဝၚသမုတ္ၾကေသာ္လည္း၊ ထိုဘုရင္မႏွင့္ တစ္စုံတစ္ရာ မသက္ဆိုင္ေပ။ ထိုေက်ာက္တိုင္မ်ားသည္ ေလးေျမႇာက္ပုံဖစ္ၿပီးလၽွင္၊ အဖ်ားဖက္သို႔ ႐ႉးသြားကာ ခၽြန္ေနသျဖင့္ ဇာထိုးအပ္ဟု တင္စား၍ ေခၚျခင္း ျဖစ္ေလသည္။ ဒုတိယ ရမ္မီးဆီးဘုရင္ လက္ထက္သို႔ေရာက္ေသာအခါ ထိုေက်ာက္တိုင္ႀကီးမ်ားကို အလက္ဇၿႏၵီးယားၿမိဳ႕ရွိ နန္းေတာ္ သို႔ ေ႐ႊ႕ေျပာင္း စိုက္ထူးထားခဲ့သည္။ ထိုၿမိဳ႕တြင္ ႏွစ္ေပါင္း ၂ဝဝ နီးပါးမၽွ တည္ေနခဲ့ၿပီးေနာက္၊ ၿပိဳလဲသျဖင့္ ေျမဖုံးသြားရာ ထိုေက်ာက္တိုင္မ်ားသည္ ႏွစ္ေပါင္းအတန္ၾကာမၽွ တိမ္ျမဳပ္ေန ခဲ့ေလသည္။

၁၈ဝ၁ ခုႏွစ္သို႔ ေရာက္မွ ဆာရပ္အက္ဗါ က႐ြမ္ဗီသည္ ထိုေက်ာက္တိုင္မ်ားကို တူးေဖာ္ေတြ႕ရွိခဲ့သည္၊ အက္ဗာက႐ြမ္ဗီသည္ ထိုေက်ာက္တိုင္မ်ားကို အဂၤလန္ျပည္သို႔ ယူေဆာင္ၿပီးေနာက္၊ သူ၏ ေအာင္ျမင္မႈကို အမွတ္တရ ျဖစ္ေစ ျခင္းငွာ အထိမ္းအမွတ္တိုင္အျဖစ္ျဖင့္ စိုက္ထူထားလို၏။  ထိုသို႔သယ္ယူရန္ စားရိတ္စားခအတြက္ သူႏွင့္သူ႕မိတ္ေဆြ မ်ားသည္ ေပါင္ ၇ဝဝဝ ပင္ စုေဆာင္းထားခဲ့ၾက၏။ သို႔ေသာ္ ဆာရပ္၏ အႀကံအစည္ကား အထမေျမာက္ဘဲ ရွိခဲ့၏။

လန္ဒန္ရွိေက်ာက္တုိင္

ထိုမၽွေလာက္ ထုထည္ႀကီးမား၍ ရွည္လ်ားေသာ ေက်ာက္တိုင္ႀကီးကို အီဂ်စ္ႏိုင္ငံမွ အဂၤလန္ျပည္သို႔ သယ္ယူ သြားရန္မွာ မလြယ္ကူလွေပ။ အဂၤလန္ျပည္တြင္ စတုတၳ ေဂ်ာ့ ဘုရင္ နန္းတက္စဥ္က အီဂ်စ္ဘုရင္ခံ ေမဟီမတ္ အလီသည္ ေဂ်ာ့ဘုရင္အား နန္းတက္ပြဲအထိမ္းအမွတ္ လက္ေဆာင္အျဖစ္ ထိုေက်ာက္တိုင္ႀကီးကို ေပးအပ္ဘူးရာ၊ ေဂ်ာ့ ဘုရင္က ျငင္းပယ္ခဲ့ေလသည္။ ၁၈၇၇ ခုႏွစ္သို႔ ေရာက္ေသာအခါ ဆာ အီရက္ဇမမ္ဝီ လဆန္ ဆိုသူက စရိတ္ေၾကးေငြ စိုက္ထုတ္ေပးသျဖင့္ ဆာဂ်ိမ္း အယ္လက္ဇႏၵာသည္ ထိုေက်ာက္တိုင္ႀကီးကို အဂၤလန္ျပည္သို႔ သယ္ယူရန္ တာဝန္ယူခဲ့ေလသည္။

ထိုေက်ာက္တိုင္ႀကီးကို အလြန္ခဲယဥ္းစြာ သယ္ယူခဲ့ရ၏။ အယ္လက္ဇၿႏၵီးယားၿမိဳ႕ ဆိပ္ကမ္းတြင္ ေက်ာက္တိုင္ ကိုငုံ၍ ေျပာင္းသဏၭာန္ အေခါင္း ရွည္ အိမ္ႀကီး (ဝါ)ေသတၱာႀကီး ျပဳလုပ္ၿပီးလၽွင္၊ ေအာက္တြင္ သေဘၤာဧရာကဲ့သို႔ ဧရာခံေပးၿပီးေနာက္ တက္မလည္း တပ္ဆင္ ေပးရသည္။ ထိုေက်ာက္တိုင္ကို လူ ၆ ေယာက္ထိန္းလ်က္ အတူလိုက္ပါႏိုင္ရန္ အခန္းတစ္ခုကိုလည္း ေဆာက္လုပ္ ေပးရသည္။ ထိုေနာက္ မီးသေဘၤာႏွစ္စင္းျဖင့္ ဆြဲယူရန္ စီစဥ္ခဲ့ေလသည္။

အဆင့္ဆင့္သယ္ယူခဲ့ရပုံ

သို႔ေသာ္ ပင္လယ္သို႔ မေရာက္မီ ေက်ာက္တိုင္ႀကီးသည္ ေရွးေဟာင္း သင္းခ်ိဳင္းတြင္းႀကီးတခုထဲသို႔ က်သြားခဲ့၏။ တြင္းထဲမွ ခဲခဲယဥ္းယဥ္း ထုတ္ယူၿပီးေနာက္၊ ပင္လယ္ထဲသို႔ ဆြဲယူသည့္အခါ၊ ေက်ာက္ေဆာင္တစ္ခုႏွင့္ တိုက္မိသျဖင့္ နစ္ျမဳပ္သြားျပန္ရာ တစ္ဖန္ ဆယ္တင္ရၿပီးလၽွင္၊ အပ်က္ အစီးမ်ားကို ျပင္ဆင္၍ အဂၤလန္ျပည္သို႔ သေဘၤာျဖင့္ တျဖည္းျဖည္း ဆြဲယူခဲ့ရေလသည္။ သို႔ရာတြင္ အဂၤလန္ျပည္သို႔ မေရာက္မီ လမ္းခရီး၌ ဗစေကးပင္လယ္ေအာ္သို႔ ေရာက္ေသာအခါ လႈိင္းေလအလြန္ ျပင္းထန္သျဖင့္ ဆြဲယူ လာေသာ သေဘၤာသည္ႀကိဳးကို ျဖတ္၍ ထိုေသတၱာရွည္ႀကီးကို ေမၽွာလိုက္ရသည္။

သို႔ေသာ္ ကံအားေလ်ာ္စြာ အျခား အဂၤလိပ္ သေဘၤာတစ္စင္းကေတြ႕၍ ဆြဲယူလာသျဖင့္၊ ထိုေက်ာက္တိုင္ႀကီး သည္ အဂၤလန္ျပည္သို႔ ေခ်ာေမာစြာ ဆိုက္ေရာက္သြားေလ သည္။ ထိုေက်ာက္တိုင္ႀကီးသည္ အလ်ား ၆၈ ေပခြဲ ရွည္၍ ၁၈၆ တန္ခန္႔ စီးၿပီးလၽွင္ ႏွင္းဆီေသြးေရာင္ရွိေသာ ႏွမ္းဖတ္ေက်ာက္ မ်ိဳးျဖစ္သည္။ ထိုေက်ာက္တိုင္ကို လန္ဒန္ၿမိဳ႕ရွိ ဝိတိုရိယေပၚ တြင္ ၁၈၇၈ ခု စက္တင္ဘာလ ၁၂ ရက္ေန႔၌ စိုက္ထူးၿပီးလၽွင္ ေအာက္ခုံတစ္ဖက္တစ္ခ်က္၌ ေၾကးၫိုစဖင့္႐ုပ္ တစ္႐ုပ္စီထား ရွိသည္။

ပါရီမွေက်ာက္တုိင္

ျပင္သစ္မွေက်ာက္တုိင္ကုိမူ Luxor ေက်ာက္တုိင္ဟုေခၚသည္။ မူလက အီဂ်စ္ႏုိင္ငံလူဆာဘုရားေက်ာင္း ၀င္ေပါက္တြင္စုိက္ထူထားသည့္ေက်ာက္တုိင္ျဖစ္သည္။ လူဆာမွတစ္ဆင့္ အလက္ဇၿႏၵီးယားၿမိဳ႕ ၊ ထုိမွ ျပင္သစ္ႏုိင္ငံ Cherbourg ၿမဳိ႕သုိ႔ ၁၈၃၃ခုႏွစ္တြင္ ေရာက္ရွိခဲ့သည္။ အဆင့္ဆင့္ခက္ခဲစြာသက္ယူခဲ့ရေသာ ထုိေက်ာက္တုိင္ကုိ ၁၈၃၆ခုႏွစ္ ေအာက္တုိဘာလ ၌ ျပင္သစ္ဘုရင္ လူး၀စ္ဖိလစ္က ပါရီၿမဳိ႕ Place de la Concorde တြင္စိုက္ထူေစခဲ့သည္။

အဂၤလန္ ႏွင့္ ျပင္သစ္တုိ႔တြင္ တစ္တုိင္စီရွိၿပီးေသာ္လည္း အေမရိကန္တြင္ မရွိေသးေခ် ။ ထုိ႔ေၾကာင့္ ေနာက္ထပ္ ၄၆ႏွစ္အၾကာ ၁၈၇၉ခုႏွစ္တြင္ အေမရိကန္အရာရွိ Elbert E. Farman က အဂၤလန္ ၊ ျပင္သစ္တုိ႔ႏွင့္အၿပဳိင္ အီဂ်စ္ႏုိင္ငံ ဟီလီယိုပိုလစ္ ၿမဳိ႕မွ ေရွးေဟာင္းေက်ာက္တုိင္ႀကီးကို အေမရိကန္ႏုိင္ငံသို႔ သယ္ေဆာင္ခဲ့ေတာ့သည္။ ၁၈၈၁ခုႏွစ္တြင္ နယူးေယက္ၿမဳိ႕ စင္ထရယ္ပတ္ဥယ်ာဥ္အတြင္းတြင္ စုိက္ထူထားခဲ့သည္။ ထုိ ကလီယိုပက္ထရာေက်ာက္တုိင္သည္ ၆၉ေပ ျမင့္ၿပီး တန္ ၂၀၀ အေလးခ်ိန္ေလးသည္။

အေမရိကန္သုိ႔သယ္ေဆာင္ပုံ
စင္ထရယ္ပတ္ထဲရွိ ေက်ာက္တုိင္

ဤသို႔ျဖင့္ ႏွစ္ေပါင္း ၃၀၀၀ေက်ာ္ သက္တမ္းရွိ အီဂ်စ္ႏုိင္ငံ၏ ေရွးေဟာင္းအေမြအႏွစ္ ကလီယုိပက္ထရာေက်ာက္တုိင္ႀကီးမ်ားသည္ ႏုိင္ငံရပ္ျခားေဒသမ်ားသုိ႔ ေရာက္ရွိကုန္ေလေတာ့သည္။

ျမန္မာ့စြယ္စုံက်မ္း
Cleopatra’s Needle – Wikipedia

——————-

အမေရိကန်၊ ပြင်သစ် နှင့် အင်္ဂလန်ရောက် နှစ်ပေါင်း ၃၀၀၀ကျော် သက်တမ်းရှိ အီဂျစ်ကျောက်တိုင်ကြီးများ (unicode)

အမေရိကန်နိုင်ငံတွင် အလွန်ထင်ရှားလှသည့် နယူးယောက်စင်ထရယ်ပတ်ဥယျာဉ်(Central Park) အတွင်းတွင် ရှေးဟောင်းအီဂျစ်နယ်မြေတွင်သာတွေ့နိုင်သည့် ကျောက်တိုင်ကြီးတစ်တိုင်ကို စိုက်ထူထားပြီး ကလီယိုပတ်ထရာ ကျောက်တိုင်ဟုခေါ်သည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝိတိုရိယတာပေါ်တွင်လည်း အလားတူကျေက်တိုင်ကြီးကို စိုက်ထူထားသည်။ ပြင်သစ်နိုင်ငံပါရီမြို့ Place de la Concorde တွင်လည်း တစ်တိုင်စိုက်ထူထားပြန်သည်။ အမေရိကန်မှကျောက်တိုက်သည် ၆၉ပေ ရှိပြီး အင်္ဂလန်မှကျောက်တိုင်သည် ၆၈ပေခွဲမြင့်ကာ ပြင်သစ်မှကျောက်တိုင်သည် ၇၅ပေ မြင့်သည်။ ထို ဧရာမကျောက်တိုင်ကြီးများ၏ သက်တမ်းမှာ နှစ်ပေါင်း ၃၀၀၀ ကျော်ရှိပြီဖြစ်ပြီး ရှေးဟောင်းအီဂျစ်တို့၏ ရိုးရာအမွေအစစ်လည်းဖြစ်သည်။ အီဂျစ်၏ ထိုရှေးဟောင်းကျောက်တိုင်ကြီးများသည် ဝေးကွာလွန်းသော အရပ်များဆီသို့ မည်သို့ မည်ပုံရောက်ရှိခဲ့ပါသလဲ..ဆိုတာကို သုတဇုန်မိတ်ဆွေများအတွက် မျှဝေသွားပါမယ်။

ရှေးနှစ်ပေါင်း ၃၅ဝဝ ခန့် က အီဂျစ်နိုင်ငံတွင် တတိယ သော့သမီးဘုရင်ကြီးသည် ဟီလီ ယိုပိုလစ်မြို့၌ စံနေတော်မူခဲ့၏။ ဟီလီယိုပိုလစ်၏ အဓိပ္ပါယ်မှာ ရေမြို့တော်ဖြစ်လေသည်။ သော့သမီးဘုရင်သည် ယခုအခါ နိုင်းမြစ်ပေါ်ရှိ အက်ဆွမ်း မြို့အနီး ဆိုင်အီးနီး ကျောက်ကျင်းများမှ တန်ချိန် ၂ဝဝ ခန့် စီရှိသော အလွန်ကြီးမား ရှည်လျားသည့် လုံးချင်းကျောက်တိုင် တစ်စုံကို တူးယူစေ၍ မြစ်သို့အရောက်သူ၏ကျေးကျွန်များကို ဆွဲယူစေခဲ့၏။ ထိုနောက် မြို့တော်သို့ရောက်အောင် မြစ်ကြော တစ်လျှောက် ဖောင်ဖြင့် မျှောယူခဲ့သည်။ မြို့တော်သို့ ရောက် သောအခါ ဘုရင်၏ဘုန်းတန်ခိုးထင်ရှားစေရန်နှင့် နေနတ်သား ကို ပူဇော်ပသရန် ထိုကျောက်တိုင်ကြီးများကို စိုက်ထူးစေခဲ့လေသည်။

ထိုကျောက်တိုင်ကြီးများကို ကလီယို ပတ်ထရာ ဇာထိုး အပ်များဟူ၍ ခေါ်ဝေါ်သမုတ်ကြသော်လည်း၊ ထိုဘုရင်မနှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပေ။ ထိုကျောက်တိုင်များသည် လေးမြှောက်ပုံဖစ်ပြီးလျှင်၊ အဖျားဖက်သို့ ရှူးသွားကာ ချွန်နေသဖြင့် ဇာထိုးအပ်ဟု တင်စား၍ ခေါ်ခြင်း ဖြစ်လေသည်။ ဒုတိယ ရမ်မီးဆီးဘုရင် လက်ထက်သို့ရောက်သောအခါ ထိုကျောက်တိုင်ကြီးများကို အလက်ဇန္ဒြီးယားမြို့ရှိ နန်းတော် သို့ ရွှေ့ပြောင်း စိုက်ထူးထားခဲ့သည်။ ထိုမြို့တွင် နှစ်ပေါင်း ၂ဝဝ နီးပါးမျှ တည်နေခဲ့ပြီးနောက်၊ ပြိုလဲသဖြင့် မြေဖုံးသွားရာ ထိုကျောက်တိုင်များသည် နှစ်ပေါင်းအတန်ကြာမျှ တိမ်မြုပ်နေ ခဲ့လေသည်။

၁၈ဝ၁ ခုနှစ်သို့ ရောက်မှ ဆာရပ်အက်ဗါ ကရွမ်ဗီသည် ထိုကျောက်တိုင်များကို တူးဖော်တွေ့ရှိခဲ့သည်၊ အက်ဗာကရွမ်ဗီသည် ထိုကျောက်တိုင်များကို အင်္ဂလန်ပြည်သို့ ယူဆောင်ပြီးနောက်၊ သူ၏ အောင်မြင်မှုကို အမှတ်တရ ဖြစ်စေ ခြင်းငှာ အထိမ်းအမှတ်တိုင်အဖြစ်ဖြင့် စိုက်ထူထားလို၏။  ထိုသို့သယ်ယူရန် စားရိတ်စားခအတွက် သူနှင့်သူ့မိတ်ဆွေ များသည် ပေါင် ၇ဝဝဝ ပင် စုဆောင်းထားခဲ့ကြ၏။ သို့သော် ဆာရပ်၏ အကြံအစည်ကား အထမမြောက်ဘဲ ရှိခဲ့၏။

ထိုမျှလောက် ထုထည်ကြီးမား၍ ရှည်လျားသော ကျောက်တိုင်ကြီးကို အီဂျစ်နိုင်ငံမှ အင်္ဂလန်ပြည်သို့ သယ်ယူ သွားရန်မှာ မလွယ်ကူလှပေ။ အင်္ဂလန်ပြည်တွင် စတုတ္ထ ဂျော့ ဘုရင် နန်းတက်စဉ်က အီဂျစ်ဘုရင်ခံ မေဟီမတ် အလီသည် ဂျော့ဘုရင်အား နန်းတက်ပွဲအထိမ်းအမှတ် လက်ဆောင်အဖြစ် ထိုကျောက်တိုင်ကြီးကို ပေးအပ်ဘူးရာ၊ ဂျော့ ဘုရင်က ငြင်းပယ်ခဲ့လေသည်။ ၁၈၇၇ ခုနှစ်သို့ ရောက်သောအခါ ဆာ အီရက်ဇမမ်ဝီ လဆန် ဆိုသူက စရိတ်ကြေးငွေ စိုက်ထုတ်ပေးသဖြင့် ဆာဂျိမ်း အယ်လက်ဇန္ဒာသည် ထိုကျောက်တိုင်ကြီးကို အင်္ဂလန်ပြည်သို့ သယ်ယူရန် တာဝန်ယူခဲ့လေသည်။

ထိုကျောက်တိုင်ကြီးကို အလွန်ခဲယဉ်းစွာ သယ်ယူခဲ့ရ၏။ အယ်လက်ဇန္ဒြီးယားမြို့ ဆိပ်ကမ်းတွင် ကျောက်တိုင် ကိုငုံ၍ ပြောင်းသဏ္ဌာန် အခေါင်း ရှည် အိမ်ကြီး (ဝါ)သေတ္တာကြီး ပြုလုပ်ပြီးလျှင်၊ အောက်တွင် သင်္ဘောဧရာကဲ့သို့ ဧရာခံပေးပြီးနောက် တက်မလည်း တပ်ဆင် ပေးရသည်။ ထိုကျောက်တိုင်ကို လူ ၆ ယောက်ထိန်းလျက် အတူလိုက်ပါနိုင်ရန် အခန်းတစ်ခုကိုလည်း ဆောက်လုပ် ပေးရသည်။ ထိုနောက် မီးသင်္ဘောနှစ်စင်းဖြင့် ဆွဲယူရန် စီစဉ်ခဲ့လေသည်။

သို့သော် ပင်လယ်သို့ မရောက်မီ ကျောက်တိုင်ကြီးသည် ရှေးဟောင်း သင်းချိုင်းတွင်းကြီးတခုထဲသို့ ကျသွားခဲ့၏။ တွင်းထဲမှ ခဲခဲယဉ်းယဉ်း ထုတ်ယူပြီးနောက်၊ ပင်လယ်ထဲသို့ ဆွဲယူသည့်အခါ၊ ကျောက်ဆောင်တစ်ခုနှင့် တိုက်မိသဖြင့် နစ်မြုပ်သွားပြန်ရာ တစ်ဖန် ဆယ်တင်ရပြီးလျှင်၊ အပျက် အစီးများကို ပြင်ဆင်၍ အင်္ဂလန်ပြည်သို့ သင်္ဘောဖြင့် တဖြည်းဖြည်း ဆွဲယူခဲ့ရလေသည်။ သို့ရာတွင် အင်္ဂလန်ပြည်သို့ မရောက်မီ လမ်းခရီး၌ ဗစကေးပင်လယ်အော်သို့ ရောက်သောအခါ လှိုင်းလေအလွန် ပြင်းထန်သဖြင့် ဆွဲယူ လာသော သင်္ဘောသည်ကြိုးကို ဖြတ်၍ ထိုသေတ္တာရှည်ကြီးကို မျှောလိုက်ရသည်။

သို့သော် ကံအားလျော်စွာ အခြား အင်္ဂလိပ် သင်္ဘောတစ်စင်းကတွေ့၍ ဆွဲယူလာသဖြင့်၊ ထိုကျောက်တိုင်ကြီး သည် အင်္ဂလန်ပြည်သို့ ချောမောစွာ ဆိုက်ရောက်သွားလေ သည်။ ထိုကျောက်တိုင်ကြီးသည် အလျား ၆၈ ပေခွဲ ရှည်၍ ၁၈၆ တန်ခန့် စီးပြီးလျှင် နှင်းဆီသွေးရောင်ရှိသော နှမ်းဖတ်ကျောက် မျိုးဖြစ်သည်။ ထိုကျောက်တိုင်ကို လန်ဒန်မြို့ရှိ ဝိတိုရိယပေါ် တွင် ၁၈၇၈ ခု စက်တင်ဘာလ ၁၂ ရက်နေ့၌ စိုက်ထူးပြီးလျှင် အောက်ခုံတစ်ဖက်တစ်ချက်၌ ကြေးညိုစဖင့်ရုပ် တစ်ရုပ်စီထား ရှိသည်။

ပြင်သစ်မှကျောက်တိုင်ကိုမူ Luxor ကျောက်တိုင်ဟုခေါ်သည်။ မူလက အီဂျစ်နိုင်ငံလူဆာဘုရားကျောင်း ဝင်ပေါက်တွင်စိုက်ထူထားသည့်ကျောက်တိုင်ဖြစ်သည်။ လူဆာမှတစ်ဆင့် အလက်ဇန္ဒြီးယားမြို့ ၊ ထိုမှ ပြင်သစ်နိုင်ငံ Cherbourg မြို့သို့ ၁၈၃၃ခုနှစ်တွင် ရောက်ရှိခဲ့သည်။ အဆင့်ဆင့်ခက်ခဲစွာသက်ယူခဲ့ရသော ထိုကျောက်တိုင်ကို ၁၈၃၆ခုနှစ် အောက်တိုဘာလ ၌ ပြင်သစ်ဘုရင် လူးဝစ်ဖိလစ်က ပါရီမြို့ Place de la Concorde တွင်စိုက်ထူစေခဲ့သည်။

အင်္ဂလန် နှင့် ပြင်သစ်တို့တွင် တစ်တိုင်စီရှိပြီးသော်လည်း အမေရိကန်တွင် မရှိသေးချေ ။ ထို့ကြောင့် နောက်ထပ် ၄၆နှစ်အကြာ ၁၈၇၉ခုနှစ်တွင် အမေရိကန်အရာရှိ Elbert E. Farman က အင်္ဂလန် ၊ ပြင်သစ်တို့နှင့်အပြိုင် အီဂျစ်နိုင်ငံ ဟီလီယိုပိုလစ် မြို့မှ ရှေးဟောင်းကျောက်တိုင်ကြီးကို အမေရိကန်နိုင်ငံသို့ သယ်ဆောင်ခဲ့တော့သည်။ ၁၈၈၁ခုနှစ်တွင် နယူးယေက်မြို့ စင်ထရယ်ပတ်ဥယျာဉ်အတွင်းတွင် စိုက်ထူထားခဲ့သည်။ ထို ကလီယိုပက်ထရာကျောက်တိုင်သည် ၆၉ပေ မြင့်ပြီး တန် ၂၀၀ အလေးချိန်လေးသည်။

ဤသို့ဖြင့် နှစ်ပေါင်း ၃၀၀၀ကျော် သက်တမ်းရှိ အီဂျစ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် ကလီယိုပက်ထရာကျောက်တိုင်ကြီးများသည် နိုင်ငံရပ်ခြားဒေသများသို့ ရောက်ရှိကုန်လေတော့သည်။

မြန်မာ့စွယ်စုံကျမ်း
Cleopatra’s Needle – Wikipedia

Leave a Reply