ေရွးေခတ္က အေရးပါခဲ့တဲ့ အိမ္အသုံးအေဆာင္မ်ား အေၾကာင္း

Posted on

ယေန႕မ်က္ေမွာက္ေခတ္မွာေတာ့ အြန္လိုင္းမီဒီယာေတြရဲ့ ေက်းဇူးေၾကာင့္ ေခတ္မီနည္းပညာရပ္ပစၥည္းေတြရဲ့အေၾကာင္း၊ အသစ္ေတြ႕ရွိတဲ့နည္းပညာရပ္ေတြရဲ့သတင္းေတြကို အခိ်န္နဲ႔တေျပးညီၾကားသိေနရပါတယ္။ ေခတ္မီနည္းပညာ ပစၥည္းေတြျဖစ္တဲ့ ဖုန္း၊ ကြန္ပ်ဴတာ၊ အျခားစက္ကိရိယာအသံုးအေဆာင္ေတြရဲ့ အခန္းက႑ေတြဟာ လူသားေတြရဲ့လူေနမႈဘဝေတြအထိေတာင္ အေရးပါအရာေရာက္ေနပါျပီ။

ဒါေပမဲ့ လူသားေတြေန႔စဥ္အသံုးျပဳေနတဲ့အိမ္သံုးပစၥည္းေတြရဲ့ အသံုးဝင္အက်ိဳးျပဳခဲ့တာကိုေတာ့ အမ်ားစုက သတိမထားမိၾကပါဘူး။ ဒီပစၥည္းေတြဟာ လူေနမႈစနစ္တစ္ခုကို ဖြံျဖိဳးေအာင္အဓိကေနရာကေန ပါဝင္ခဲ့တယ္ဆိုတာကို ေမ့ေလ်ာ့ေနၾကပံုပါ။ ယခုမ်ွေဝေပးမွာကေတာ့ လူသားေတြရဲ့ေနအိမ္ေတြမွာ ဘိုးေဘးစဥ္ဆက္အသံုးျပဳခဲ့ျပီး ယေန႕ထက္တိုင္အသံုးျပဳေနဆဲ ျဖစ္တဲ့ အိမ္သံုးကိရိယာ ေတြရဲ့ အေၾကာင္းပဲ ျဖစ္ပါတယ္။

 

(၁) ပထမဆံုးေသာ ျမတ္ရိတ္စက္ကိုေတာ့ အဂၤလိပ္လူမ်ိဳး အင္ဂ်င္နီယာEdwin Budding က ၁၈၃၀ခုနွစ္မွာစတင္တီထြင္ခဲ့တာပါ။ ပညာရွင္အဆင့္ဆင့္ကဆန္းသစ္ခဲ့ ၾကျပီး ပံုမွာေတြ႔ရတဲ့ျမတ္ရိတ္စက္ကေတာ့ ၁၉၁၈ ေလာက္က အေမရိကန္ျပည္ေထာင္စု St.Louis ျမိဳ႕မွာတည္ရွိတဲ့ Missouri ရုကၡေဗဒ ဥယ်ာဥ္မွာစတင္အသံုးျပဳခဲ့တဲ့ျမတ္ရိတ္စက္ျဖစ္ပါတယ္။ အဲဒီျမတ္ရိတ္စက္ဟာဓာက္ဆီအင္ဂ်င္ျဖစ္ျပီးေရအားလွည့္ပတ္မႈနဲ႔ေမာင္းနွင္ပါတယ္။

(၂) ကေလးလက္တြန္းလွည္းေတြကို (၁၇၀၀) ခုနွစ္က အဂၤလန္လက္မႈအနုပညာရွင္ William Kent ကတီထြင္ခဲ့ပါတယ္။ သူရဲ့တီထြင္မႈဟာ အဂၤလန္နိုင္ငံသာမက အျခားနိုင္ငံေတြအတြက္ပါတန္ဖိုးရွိတာေၾကာင့္ ယင္းအခ်ိန္ကာလက အဂၤလိန္နိုင္ငံရဲ့ သူရဲေကာင္းဘြဲ႔ခံ အမ်ိဳးအႏြယ္ေတြျဖစ္တဲ့ Duke of Devonshire မိသားစုက Williamကို ဒီလိုတီထြင္ရတဲ့အေၾကာင္းအရင္းကို ေမးတဲ့အခါမွာေတာ့ “သူရဲ့ကေလးေတြအဆင္ေျပ ဖို႔တီထြင္ရာကေန စတင္ခဲ့တာပါလို႔”ျပန္လည္ေျဖၾကားခဲ့ ေၾကာင္း”သမိုင္းမွတ္တမ္းေတြ ကေဖာ္ျပၾကပါတယ္။

(၃) ဖုန္စုပ္စက္ေတြရဲ့ပထမဆံုးပင္မမ်ိဳးဆက္ျဖစ္တဲ့ ေကာေဇာလွည္းစက္(Carpet sweeper)ေတြကိုေတာ့ (၁၈၆၀)ခုနွစ္မွာ အေမရိကန္နို္င္ငံမွ DanielHess က တီထြင္ခဲ့ပါတယ္။ ပညာရွင္အဆင့္ဆင့္ဆန္းသစ္ခဲ့ၾကျပီး ေနာက္ဆံုးမွာ ဖုန္စုပ္စက္ေတြျဖစ္ လာပါတယ္။ ပထမဆံုးတီထြင္ခဲ့တဲ့ ဖုန္စုပ္စက္ေတြကို စတင္အသံုးျပဳတုန္းက ယေန႔အသံုးျပဳေနသလိုအဆင္ေျပခဲ့ျခင္းေတာ့မရွိပါဘူး။ ဒီဖုန္စုပ္စက္ကို လူအားနဲ႕လည္ပတ္ရန္အားထုတ္ရျပီး အသံုးျပဳရန္အတြက္ လူ(၂)ေယာက္လိုအပ္ပါတယ္။

(၄) ယေန႔အသံုးျပဳေနတဲ့ လ်ွပ္စစ္မီးပူေတြ မေပၚေပါက္ခင္ကာလတုန္းက လူေတြဟာ သံမီးပူကိုအသံုးျပဳျပီး အဝတ္အစားေတြကို မီးပူတိုက္ခဲ့ရတာပါ။ ဒီသံမီးပူေတြကိုေတာ့ မီးေသြးကိုသံအင္တံုထဲမွာမီးေလာင္ကၽြမ္းေစျပီး ဒီမီးပူေတြကို အသံုးျပဳၾကရတာပါ။ ဒီမီးပူအသံုးျပဳမႈဟာယေန႔ကာလအထိေပ်ာက္္ကြယ္သြားျခင္းမရွိေသးပါဘူး။ ၁၈၈၂ ခုနွစ္မွာေတာ့့ အေမရိကန္နိုင္ငံသားသခ်ၤာပညာရွင္ Henry W.Seeley ဆိုသူက ပထမဆံုးေသာလ်ွပ္စစ္မီးပူကို တီထြင္ခဲ့ပါတယ္။

(၅) ဒါကိုဘာလုိ႔ ထင္ပါသလဲ။ ေပါင္မုန္႔မီးကင္စက္ပါ။ ဟုတ္ပါတယ္ ၊ ၂၀ရာစုက သုံးခဲ့တဲ့ ေပါင္မုန္႔မီးကင္စက္ျဖစ္ပါတယ္။ အဲဒီတုန္းက ယေန႔ေခတ္လုိ ေပါင္မုန္႔ကို အလြယ္တကူမကင္ႏုိင္ေသးပဲ တစ္ဖက္ခ်င္းစီကင္ရတာျဖစ္ပါတယ္။ ယေန႔ေခတ္သစ္ေပါင္မုန္႔မီးကင္စက္ေတြရဲ႕အစျဖစ္ပါတယ္။

(၆) အခုျမင္ေတြ႔ေနရတဲ့ TV ပံုစံေတြကိုေတာ့ ၁၉၄၆ ခုနွစ္ေလာက္ကတည္းက ပထမအၾကိမ္အျဖစ္ထုတ္လုပ္ျပီးအမ်ားအျပားေရာင္းခ်ခဲ့ရပါတယ္။ ဒီTVရဲ့ မ်က္နွာျပင္အရြယ္အစားဟာ ယေန႔ေခတ္အသံုးျပဳေနတဲ့ Ipad အရြယ္အစားေလာက္ပဲရွိပါတယ္။

(၇) ပစားစရာမ်ားကို ေရာေနွာေပးတဲ့ ပထမဆံုးေသာ စက္ကို (၁၉၃၀)ခုနွစ္ေလာက္က ထုတ္လုပ္ခဲ့တာပါ။ ပံုထဲမွာျပထားတဲ့ စက္ထဲကို မလိုင္ပါတဲ့ ေပါင္မုန္႕၊ကိတ္မုန္႔ေတြ ဘယ္လိုထည့္ျပီးေရာေႏွာခဲ့လဲဆိုတာကေတာ့ စိတ္ဝင္စားစရာေကာင္းပါတယ္။

(၈) ယေန႔ေခတ္အလြယ္တကူ Selfie ရုိက္သလုိ ေတာ့ ဒီကင္မရာေတြက လုပ္မေပးႏုိင္ပါဘူး။ ဒီကင္မရာရဲ့အေနအထားဟာ ယေန႔ေခတ္ ဖုန္းေတြမွာပါတဲ့ကင္မရာေတြနဲ႔ အေတာ္ႀကီးကိုကြဲျပားေနလို႕ပါ။ ပံုမွာေဖာ္ျပထားတဲ့ေငြမင္ပလိပ္ျပားနဲ႕ျပဒါးေငြ႕ကိုသံုး ထားတဲ့ေရွးေခတ္ဓာက္ပံု ရိုက္ကူးတဲ့ကင္မရာ ကို  daguerreotype ကင္ရာလုိ႔ေခၚၿပီး ၁၈၄၀ခုႏွစ္လာက္မွာ ထုတ္လုပ္ခဲ့ပါ တယ္။ ဒီကင္မရာရဲ့ ပံုစံအရ ေရွးေခတ္ကင္မရာအမ်ိဳးအစားေတြၾကားထဲမွာေတာင္ အေတာ္ကိုရိုးရွင္းတဲ့ပံုသ႑ာန္ရွိပါတယ္။

(၉) (၁၉)ရာစုေလာက္က ထုတ္လုပ္ခဲ့တဲ့ မီးဖိုေခ်ာင္သံုး ဓာက္မီးဖိုဟာ ယေန႔ေခတ္ လ်ွပ္စစ္မီးဖိုေတြနဲ႕ ယွဥ္ၾကည့္ရင္ အေတာ္ကို ျခားနားေနတာကိုေတြ႕ရပါတယ္။

(၁၀) ပံုမွာေတြ႕ရတဲ့ ပစၥည္းထဲမွာ မင္းရဲ့ေလ်ာ္ရမဲ့အဝတ္အထည္ေတြကို ထည့္ျပီး ေလ်ာ္နိုင္မယ္လို႔ ထင္သလား။ ဒီအဝတ္ေလ်ာ္စက္ေတြဟာ ၁၉၈၀ ၀န္းက်င္ကာလမွာ အသံုးဝင္တဲ့ အိမ္သံုးပစၥည္းအျဖစ္ရွိေနတာျဖစ္ျပီး မ်ားစြာေသာမူလီ၊ဝက္အူ ေတြ၊အတြင္းပိုင္းပြတ္တိုက္မႈျဖစ္ေစတဲ့ကိရိယာေတြအမ်ားၾကီး သံုးထားတာကိုေတြ႕ရပါတယ္။ အဲဒီတုန္းက အသုံး၀င္လြန္းလုိ႔ေတာင္ ဒီအ၀တ္ေလွ်ာ္စက္ရဲ႕နာမည္ကုိ အမ်ဳိးသမီးရဲ႕သူငယ္ခ်င္း (Woman’s Friend) လုိ႔ေပးထားပါေသးတယ္။ အဲဒီတုန္းကအဝတ္ေလ်ာ္စက္ေတြနဲ႔ ယေန႔ေခတ္ အဝတ္ေလ်ာ္စက္ေတြမတူ ညီတဲ့အခ်က္က ယင္းကာလက အဝတ္ေလ်ာ္စက္ေတြဟာ လ်ွပ္စစ္ဓာက္အား မလိုအပ္ပါဘူး။

သုတဇုန္

—————–

ရှေးခေတ်က အရေးပါခဲ့တဲ့ အိမ်အသုံးအဆောင်များ အကြောင်း (unicode)

ယနေ့မျက်မှောက်ခေတ်မှာတော့ အွန်လိုင်းမီဒီယာတွေရဲ့ ကျေးဇူးကြောင့် ခေတ်မီနည်းပညာရပ်ပစ္စည်းတွေရဲ့အကြောင်း၊ အသစ်တွေ့ရှိတဲ့နည်းပညာရပ်တွေရဲ့သတင်းတွေကို အချိန်နဲ့တပြေးညီကြားသိနေရပါတယ်။ ခေတ်မီနည်းပညာ ပစ္စည်းတွေဖြစ်တဲ့ ဖုန်း၊ ကွန်ပျူတာ၊ အခြားစက်ကိရိယာအသုံးအဆောင်တွေရဲ့ အခန်းကဏ္ဍတွေဟာ လူသားတွေရဲ့လူနေမှုဘဝတွေအထိတောင် အရေးပါအရာရောက်နေပါပြီ။ ဒါပေမဲ့ လူသားတွေနေ့စဉ်အသုံးပြုနေတဲ့အိမ်သုံးပစ္စည်းတွေရဲ့ အသုံးဝင်အကျိုးပြုခဲ့တာကိုတော့ အများစုက သတိမထားမိကြပါဘူး။ ဒီပစ္စည်းတွေဟာ လူနေမှုစနစ်တစ်ခုကို ဖွံဖြိုးအောင်အဓိကနေရာကနေ ပါဝင်ခဲ့တယ်ဆိုတာကို မေ့လျော့နေကြပုံပါ။ ယခုမျှဝေပေးမှာကတော့ လူသားတွေရဲ့နေအိမ်တွေမှာ ဘိုးဘေးစဉ်ဆက်အသုံးပြုခဲ့ပြီး ယနေ့ထက်တိုင်အသုံးပြုနေဆဲ ဖြစ်တဲ့ အိမ်သုံးကိရိယာ တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

(၁) ပထမဆုံးသော မြတ်ရိတ်စက်ကိုတော့ အင်္ဂလိပ်လူမျိုး အင်ဂျင်နီယာEdwin Budding က ၁၈၃ဝခုနှစ်မှာစတင်တီထွင်ခဲ့တာပါ။ ပညာရှင်အဆင့်ဆင့်ကဆန်းသစ်ခဲ့ ကြပြီး ပုံမှာတွေ့ရတဲ့မြတ်ရိတ်စက်ကတော့ ၁၉၁၈ လောက်က အမေရိကန်ပြည်ထောင်စု St.Louis မြို့မှာတည်ရှိတဲ့ Missouri ရုက္ခဗေဒ ဥယျာဉ်မှာစတင်အသုံးပြုခဲ့တဲ့မြတ်ရိတ်စက်ဖြစ်ပါတယ်။ အဲဒီမြတ်ရိတ်စက်ဟာဓာက်ဆီအင်ဂျင်ဖြစ်ပြီးရေအားလှည့်ပတ်မှုနဲ့မောင်းနှင်ပါတယ်။

(၂) ကလေးလက်တွန်းလှည်းတွေကို (၁၇၀၀) ခုနှစ်က အင်္ဂလန်လက်မှုအနုပညာရှင် William Kent ကတီထွင်ခဲ့ပါတယ်။ သူရဲ့တီထွင်မှုဟာ အင်္ဂလန်နိုင်ငံသာမက အခြားနိုင်ငံတွေအတွက်ပါတန်ဖိုးရှိတာကြောင့် ယင်းအချိန်ကာလက အင်္ဂလိန်နိုင်ငံရဲ့ သူရဲကောင်းဘွဲ့ခံ အမျိုးအနွယ်တွေဖြစ်တဲ့ Duke of Devonshire မိသားစုက Williamကို ဒီလိုတီထွင်ရတဲ့အကြောင်းအရင်းကို မေးတဲ့အခါမှာတော့ “သူရဲ့ကလေးတွေအဆင်ပြေ ဖို့တီထွင်ရာကနေ စတင်ခဲ့တာပါလို့”ပြန်လည်ဖြေကြားခဲ့ ကြောင်း”သမိုင်းမှတ်တမ်းတွေ ကဖော်ပြကြပါတယ်။

(၃) ဖုန်စုပ်စက်တွေရဲ့ပထမဆုံးပင်မမျိုးဆက်ဖြစ်တဲ့ ကောဇောလှည်းစက်(Carpet sweeper)တွေကိုတော့ (၁၈၆၀)ခုနှစ်မှာ အမေရိကန်န်ိုင်ငံမှ DanielHess က တီထွင်ခဲ့ပါတယ်။ ပညာရှင်အဆင့်ဆင့်ဆန်းသစ်ခဲ့ကြပြီး နောက်ဆုံးမှာ ဖုန်စုပ်စက်တွေဖြစ် လာပါတယ်။ ပထမဆုံးတီထွင်ခဲ့တဲ့ ဖုန်စုပ်စက်တွေကို စတင်အသုံးပြုတုန်းက ယနေ့အသုံးပြုနေသလိုအဆင်ပြေခဲ့ခြင်းတော့မရှိပါဘူး။ ဒီဖုန်စုပ်စက်ကို လူအားနဲ့လည်ပတ်ရန်အားထုတ်ရပြီး အသုံးပြုရန်အတွက် လူ(၂)ယောက်လိုအပ်ပါတယ်။

(၄) ယနေ့အသုံးပြုနေတဲ့ လျှပ်စစ်မီးပူတွေ မပေါ်ပေါက်ခင်ကာလတုန်းက လူတွေဟာ သံမီးပူကိုအသုံးပြုပြီး အဝတ်အစားတွေကို မီးပူတိုက်ခဲ့ရတာပါ။ ဒီသံမီးပူတွေကိုတော့ မီးသွေးကိုသံအင်တုံထဲမှာမီးလောင်ကျွမ်းစေပြီး ဒီမီးပူတွေကို အသုံးပြုကြရတာပါ။ ဒီမီးပူအသုံးပြုမှုဟာယနေ့ကာလအထိပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး။ ၁၈၈၂ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံသားသင်္ချာပညာရှင် Henry W.Seeley ဆိုသူက ပထမဆုံးသောလျှပ်စစ်မီးပူကို တီထွင်ခဲ့ပါတယ်။

(၅) ဒါကိုဘာလို့ ထင်ပါသလဲ။ ပေါင်မုန့်မီးကင်စက်ပါ။ ဟုတ်ပါတယ် ၊ ၂ဝရာစုက သုံးခဲ့တဲ့ ပေါင်မုန့်မီးကင်စက်ဖြစ်ပါတယ်။ အဲဒီတုန်းက ယနေ့ခေတ်လို ပေါင်မုန့်ကို အလွယ်တကူမကင်နိုင်သေးပဲ တစ်ဖက်ချင်းစီကင်ရတာဖြစ်ပါတယ်။ ယနေ့ခေတ်သစ်ပေါင်မုန့်မီးကင်စက်တွေရဲ့အစဖြစ်ပါတယ်။

(၆) အခုမြင်တွေ့နေရတဲ့ TV ပုံစံတွေကိုတော့ ၁၉၄၆ ခုနှစ်လောက်ကတည်းက ပထမအကြိမ်အဖြစ်ထုတ်လုပ်ပြီးအများအပြားရောင်းချခဲ့ရပါတယ်။ ဒီTVရဲ့ မျက်နှာပြင်အရွယ်အစားဟာ ယနေ့ခေတ်အသုံးပြုနေတဲ့ Ipad အရွယ်အစားလောက်ပဲရှိပါတယ်။

(၇) ပထမဆုံးသော စားစရာများကို ရောနှောပေးသောစက်ကို (၁၉၃၀)ခုနှစ်လောက်က ထုတ်လုပ်ခဲ့တာပါ။ ပုံထဲမှာပြထားတဲ့ စက်ထဲကို မလိုင်ပါတဲ့ ပေါင်မုန့်၊ကိတ်မုန့်တွေ ဘယ်လိုထည့်ပြီးရောနှောခဲ့လဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

(၈) ယနေ့ခေတ်အလွယ်တကူ Selfie ရိုက်သလို တော့ ဒီကင်မရာတွေက လုပ်မပေးနိုင်ပါဘူး။ ဒီကင်မရာရဲ့အနေအထားဟာ ယနေ့ခေတ် ဖုန်းတွေမှာပါတဲ့ကင်မရာတွေနဲ့ အတော်ကြီးကိုကွဲပြားနေလို့ပါ။ ပုံမှာဖော်ပြထားတဲ့ငွေမင်ပလိပ်ပြားနဲ့ပြဒါးငွေ့ကိုသုံး ထားတဲ့ရှေးခေတ်ဓာက်ပုံ ရိုက်ကူးတဲ့ကင်မရာ ကို  daguerreotype ကင်ရာလို့ခေါ်ပြီး ၁၈၄ဝခုနှစ်လာက်မှာ ထုတ်လုပ်ခဲ့ပါ တယ်။ ဒီကင်မရာရဲ့ ပုံစံအရ ရှေးခေတ်ကင်မရာအမျိုးအစားတွေကြားထဲမှာတောင် အတော်ကိုရိုးရှင်းတဲ့ပုံသဏ္ဍာန်ရှိပါတယ်။

(၉) (၁၉)ရာစုလောက်က ထုတ်လုပ်ခဲ့တဲ့ မီးဖိုချောင်သုံး ဓာက်မီးဖိုဟာ ယနေ့ခေတ် လျှပ်စစ်မီးဖိုတွေနဲ့ ယှဉ်ကြည့်ရင် အတော်ကို ခြားနားနေတာကိုတွေ့ရပါတယ်။

(၁၀) ပုံမှာတွေ့ရတဲ့ ပစ္စည်းထဲမှာ မင်းရဲ့လျော်ရမဲ့အဝတ်အထည်တွေကို ထည့်ပြီး လျော်နိုင်မယ်လို့ ထင်သလား။ ဒီအဝတ်လျော်စက်တွေဟာ ၁၉၈၀ ဝန်းကျင်ကာလမှာ အသုံးဝင်တဲ့ အိမ်သုံးပစ္စည်းအဖြစ်ရှိနေတာဖြစ်ပြီး များစွာသောမူလီ၊ဝက်အူ တွေ၊အတွင်းပိုင်းပွတ်တိုက်မှုဖြစ်စေတဲ့ကိရိယာတွေအများကြီး သုံးထားတာကိုတွေ့ရပါတယ်။ အဲဒီတုန်းက အသုံးဝင်လွန်းလို့တောင် ဒီအဝတ်လျှော်စက်ရဲ့နာမည်ကို အမျိုးသမီးရဲ့သူငယ်ချင်း (Woman’s Friend) လို့ပေးထားပါသေးတယ်။ အဲဒီတုန်းကအဝတ်လျော်စက်တွေနဲ့ ယနေ့ခေတ် အဝတ်လျော်စက်တွေမတူ ညီတဲ့အချက်က ယင်းကာလက အဝတ်လျော်စက်တွေဟာ လျှပ်စစ်ဓာက်အား မလိုအပ်ပါဘူး။

သုတဇုန်

Leave a Reply