ေအာင္ျမင္ျခင္းအတြက္ စိတ္ခြန္အားေပးတဲ့စာတစ္ပုဒ္

Posted on

လူတုိင္းသည္ ကုိယ့္ဘ၀ကုိ ေအာင္ျမင္ဖုိ႔ႀကိဳးစားေနၾကတယ္။ ဒါေပမယ့္လူတုိင္းမေအာင္ျမင္ၾကဘူး။ ဘာေၾကာင့္လဲဆုိေတာ့ ကုိယ့္ဘ၀ကုိ ကုိယ္အရင္သိေအာင္မလုပ္ၾကဘူး၊ ကုိယ့္နဲ႔သင့္ေတာ္တဲ႔အလုပ္၊ ကုိယ္ရရွိတဲ႔၀င္ ေငြကုိလည္း မခ်ိန္တြယ္မစဥ္းစားတတ္ဘူး။ ေအာင္ျမင္လုိလ်င္အခ်က္(၄)ခ်က္ကုိ အရင္ၾကည့္ရေအာင္။

(၁) စဥ္းစားပါ–
ဘာကုိစဥ္းစားရမွာလဲ ?
အခုငါဘယ္ဘ၀ေရာက္ေနတာလဲ ? အခုငါသုံးေနတဲ႔ေငြဟာ ငါ့ဘ၀နဲ႔ကုိက္ရဲ႔လား? ငါ့အလုပ္၀င္ေငြနဲ႔ကုိက္ရဲ႔လား? ငါ့ဘ၀နဲ႔သင့္ေတာ္ရဲ႔လားဆုိတာကုိေပါ့၊

(၂) ႀကိဳးစားပါ —
ကုိယ္လုပ္ေနတဲ႔အလုပ္ကုိ ေပ်ာ္သည္ျဖစ္ေစ မေပ်ာ္သည္ျဖစ္ေစ ကုိယ္လုပ္ရတဲ႔အလုပ္ကုိ ႀကိဳးႀကိဳးစားစားလုပ္ရတယ္၊ ကုိယ္တတ္ႏိုင္သေလာက္ေပါ့ ၊ ကုိယ္ကသူမ်ားဆီမွာလုပ္ရသည္ျဖစ္ေစ ကုိယ္ပုိင္ျဖစ္ေစ ႀကိဳးစားဖုိ႔လုိအပ္တယ္ အဓိကကေတာ့ သူမ်ားအလုပ္ဆုိရင္ပုိၿပီးေတာ့အေရးႀကီးတယ္၊ ( ႀကိဳးစားသူအတြက္အခြင့္ေရးဟာ မလြဲမေသြေရာက္လာမဲ႔ အရာပါပဲ )

(၃) ယုံၾကည္ေအာင္ေနပါ —
ကုိယ္ကအလုပ္သမားျဖစ္ျဖစ္ အလုပ္ရွင္ျဖစ္ျဖစ္ ကုိယ့္ရဲ႔အႀကီးအကဲ ကုိယ့္လက္ေအာက္ငယ္သားေတြရဲ႕ယုံၾကည္မႈကုိ ရဖုိ႔လုိအပ္တယ္ အဓိက ကေတာ့ ကုိယ္စိတ္ကုိကုိယ္က ယုံၾကည္ေနဖုိ႔လုိအပ္တယ္။ အလုပ္ရွင္အမ်ားစုဟာ ယုံၾကည္မႈေတြနဲ႔ပဲတည္ေဆာက္တာမ်ားတယ္။ ဒါေၾကာင့္ ကုိယ္ရဲ႕ ကတိကုိ မဖ်က္ဆီးပါနဲ႔၊ ကုိယ္မေပးႏုိင္တဲ႔ကတိကုိလည္း မေပးနဲ႔ ေပးၿပီးရင္လည္းတည္ေအာင္လုပ္ဖုိ႔အေရးႀကီးတယ္၊ ဒါမွယုံၾကည္မွာေလ။

(၄) မ်က္ႏွာထားကုိ ျပင္ပါ —
ကံ ျခင္းတူလွ်င္ ဥာဏ္ရွိသူက အၿမဲအႏုိင္ရတယ္၊ ဥာဏ္ျခင္းတူလွ်င္ ၀ိရိယရွိသူက အၿမဲအႏုိင္ရတယ္၊ ၀ီရိယရွိသူျခင္းတူလွ်င္ စည္းကမ္းရွိသူက အၿမဲအႏုိင္ရတယ္၊ စည္းကမ္းရွိသူခ်င္းတူလွ်င္ ေစတနာရွိသူက အၿမဲအႏုိင္ရတယ္၊ ေစတနာရွိသူျခင္းတူလွ်င္ ရုိးသားေျဖာင့္မတ္သူက အၿမဲအႏုိင္ရတယ္၊ ရုိးသားေျဖာင့္မတ္သူျခင္းတူလွ်င္ အေျပာခ်ိဳသာသူက အၿမဲအႏုိင္ရတယ္၊ အေျပာခ်ဳိသာဖုိ႔ဆုိရင္ မိမိမ်က္ႏွာအမ်ားႀကီးမူတည္တယ္ေလ ၊ ခ်ုိသာတဲ႔မ်က္ႏွာနဲ႔ေျပာဆိုဆက္ဆံရင္ ၅၀% က အလုိလို ေအာင္ျမင္ၿပီးသားပါ။

အလုပ္လုပ္ေနတဲ႔လူဟာ က်ရႈံးသည္ျဖစ္ေစ ၊ ေအာင္ျမင္သည္ျဖစ္ေစ ၊ ဂဳဏ္ယူေနရမယ္ ။ က်ရႈံးမွာေၾကာက္လုိ႔ အလုပ္ကုိ မလုပ္ေတာ့ဘူးဆုိရင္ ဘာမွလဲျဖစ္လာမွာမဟုတ္ဘူးေလ ၊ ´´သစ္ပင္ျမင့္ေလ ေလတုိက္ခံရေလ´´ တဲ႔ ေလဆုိတဲ႔ေလာကဓံကုိ ေၾကက္ေနရင္ ကမၻာ့အခ်မ္းသာဆုံးပုဂၢဳိလ္ဆုိတာ ေပၚလာမွာမဟုတ္ေတာ့ဘူးေလ ၊ ေလာကဓံကုိ ခံႏုိင္ေအာင္ေမြးျမဴရမယ္ ။

ကုိယ္က်ရႈံးခဲ႔ရင္ေတာင္ ဘာေတြပဲရႈံးရႈံး အဲဒီအရႈံးထဲက အျမတ္ကုိ ရွာေဖြတတ္ရမယ္ေလ ။ ကုိယ္လုပ္လုိက္တဲ႔အမွား ကဘာလဲ ေနာက္တခါ ဘယ္လုိမမွားေအာင္လုပ္ရမလဲဆုိတာကုိ ေလ့လာေနရမယ္ ဘာေၾကင့္လဲဆုိေတာ့ အရႈံးဆုိတာ အၿမဲမွ မဟုတ္တာ ရႈံးတယ္ဆုိတာ အမ်ားအားျဖင့္ေငြေၾကးပါပဲ၊ ဒါေၾကာင့္စိတ္ဓာတ္မက်ပါနဲ႔ ၊ စိတ္ဓာတ္က်တယ္ဆုိတာ လူညံ႔ေတြအလုပ္ပါ ။

ေငြေၾကးရႈံးတယ္ဆုိတာ အေသးအမႊားပါပဲ၊ ေငြ ဆုိတာျပန္ရွာလုိ႔ရတဲ႔အရာပဲေလ ။ အဓိက ကေတာ့စိတ္ဓာတ္ မက်ဖုိ႔ပဲ စိတ္ဓာတ္က်ရင္ေတာ့ မင္းဘ၀ဟာ ေရစုံေမ်ာၿပီသာမွတ္ေတာ့ ။ ဒီဂရီေတြရသည္ျဖစ္ေစ မရသည္ျဖစ္ေစ အခုေလာေလာဆယ္ ဘယ္ေလာက္ေအာင္ျမင္ေနသည္ျဖစ္ေစ စိတ္ဓာတ္သာက်ေနရင္ အဲဒီလူရဲ႕ ဘ၀ဟာ လုံး၀ဆုံးရႈံးေနၿပီေလ ၊ ကုိယ္ကစိတ္ဓာတ္က်ေနရင္ ကုိယ္စိတ္ဓာတ္က်ေနသည့္အတြက္ ကုိယ္မွာစိတ္ခ်မ္းမႈဆုိတာ ဘယ္ေတာ့မွ မျဖစ္ႏိုင္ေတာ့ဘူး ၊ ေငြေၾကးေအာင္ျမင္ဖုိ႔ဆုိရင္ ကုိယ့္စိတ္ကုိ ၾကည္ေနဖုိ႕လည္းအေရးႀကီးတယ္ေလ။

လူ႕ဘ၀ဆုိတာ
(၁) စိတ္ခ်မ္းသာဖုိ႔
(၂) စိတ္ခ်မ္းသာဖုိ႔
(၃) စိတ္ခ်မ္းသာဖုိ႔

ကုိယ္စိတ္ခ်မ္းသာေနရင္ ကုိယ္လုပ္တဲ႔အလုပ္ကလဲ အဆင္ေျပေနမွာပဲေလ။ အဆင္ေျပမွလဲ စိတ္ကခ်မ္းသာမွာမဟုတ္လား ? ဘ၀ဆုိတာက တစ္ခါတေလ အရမ္းကုိပ်င္းစရာေကာင္းတယ္။ ကုိယ္ျဖစ္ခ်င္တာေတြမျဖစ္ လုပ္ခ်င္တာေတြမလုပ္ရနဲ႔ေပါ့။ ဒါေပမဲ႔လူရယ္လုိ႔ျဖစ္လာရင္ တာ၀န္ဆုိတာလဲရွိစၿမဲ မဟုတ္လား ? ကုိယ္ေပ်ာ္သည္ျဖစ္ေစ မေပ်ာ္သည္ျဖစ္ေစ ကုိယ္လုပ္ေနတဲ႔အလုပ္ကိုေတာ့ ေအာင္ျမင္ေအာင္လုပ္ရမွာဟာ လူ႕ဘ၀ရဲ႔တာ၀န္ပါပဲ ။

ဒါေၾကာင့္ကုိယ္လုပ္ခ်င္တာမလုပ္ရရင္ လုပ္ရတဲ႔အလုပ္ကုိအေကာင္းဆုံးျဖစ္ေအာင္ႀကိဳးစားရမယ္ေလ အဲဒါဟာလူ႕အရည္အခ်င္းပဲေပါ့ ၊ အေရအတြက္ေတြဘယ္္ေလာက္မ်ားမ်ား အရည္ခ်င္းမရွိလွ်င္ အဲဒီလူရဲ႕႕ဘ၀ဟာ ေအာင္ျမင္ဖု္ိ႔မလြယ္ပါဘူး ၊ ေနာက္ၿပီးစိတ္ဓာတ္ကုိလဲ မာေၾကာေအာင္ေလ့က်င့္ၾကရမယ္ ၊ ဥပမာေျပာရရင္ သူ႕အလုိလုိရွိေနတဲ႔ (အေပါက္မရွိတဲ႔) သစ္သားတစ္ခုဟာ သူထက္မာေၾကာတဲ႔သံ နဲ႔ေတြ႕လွ်င္ ေနရာဖယ္ေပးၾကရတယ္ အဲဒါဟာဘာကုိျပသလဲဆုိရင္ မာေၾကာတဲ့အရာနဲ႔ေတြ႕ရင္ေပ်ာ့ ေျပာင္းတဲ႔အရာေတြဟာ အလုိလုိေနာက္ဆုပ္ၿပီးသားျဖစ္သြားၾကတယ္မဟုတ္လား? ဒါဟာေလာက နိယာမပဲေလ ၊

ေနာက္ၿပီးဘယ္လုိလူမ်ိဳးဟာ ကုိယ္အေပၚေကာင္းတယ္။ အေထာက္အပံ႔ရတယ္ဆုိတာကုိလည္း ေ၀ဖန္ပုိင္းျခားတတ္ရမယ္။ တစ္ခါတစ္ေလ ကုိယ္ရဲ႕အႀကီးက်ယ္ဆုံးရန္သူဟာ ကုိယ္နဲ႔အနီးဆုံးလူျဖစ္ေနတတ္တယ္။ ကုိယ္နဲ႔အနီးဆုံးလူေၾကာင့္ကုိယ္ဘ၀တုိးတတ္ႏုိင္သလုိ ကုိယ္ဘ၀ကုိ တစ္စစီခ်ိဳးဖ်က္မဲ႔သူလည္းျဖစ္ႏိုင္တယ္ေလ၊ ျမန္မာစကားပုံကေတာ့ “ကၽြန္ယုံေတာ့ တစ္ဖက္ကန္း သားသမီးယုံေတာ့ စုံလုံးကန္း´´ အဲဒါကုိယ္ပတ္၀န္းက်င္ ကုိယ္အနွီၤးအနားမွာ ရွိတဲ႔သူကပဲ ကုိယ္ဘ၀ကုိ ဖ်က္ဆီးႏုိင္တယ္ဆုိတာပဲ။ ဒါေၾကာင့္ကိုယ့္ ကုိယ္ကုိပဲ ယုံၾကည္ဖုိ႔လုိတယ္။

တစ္ခါတစ္ေလ အေကာင္းဆုံးသူငယ္ခ်င္းေတြေၾကာင့္ ကုိယ့္ဘ၀ေျပာင္းလဲတတ္ပါတယ္။ ဒါေပမယ့္ အဲဒါဟာ အေထာက္ပံ႔မွ်သာပါပဲ အဓိကကေတာ့ ကုိယ္ဟာကုိႀကိဳးစားရမွာပဲေလ။ သူငယ္ခ်င္းဆုိတာ အေကာင္းအဆုိးကုိပဲ မွ်ေ၀ခံစားေပးလုိ႔ရတယ္။ အဓိကကေတာ့ ကုိယ္သာကုိပဲမဟုတ္လား? ကုိယ္ေအာင္ျမင္ရင္ ကုိယ္ကအဓိကပဲခံစားရတာ။ က်န္တဲ႔မိဘသူငယ္ခ်င္းဆုိတာ အဖ်ားေလာက္ပါပဲ — ငါ၀မ္းနည္းပါတယ္“ ဆိုတာေလာက္ပဲေျပာၾကမွာေလ ၊ တကယ္ေတာ့ ကုိယ္ဟာကုိပဲခံစားရမွာပဲေလ မဟုတ္လား?

ေနာက္ထပ္ ကုိယ့္ဘ၀ကုိ အႀကီးက်ယ္ဆုံးေသာအမွားကေတာ့ အခ်စ္ေနာက္ကုိ လိုက္ခ်င္းပဲ။ ခ်စ္တယ္ႀကိဳက္တယ္ဆုိတာ ေကာင္းတဲ႔အရာတစ္ခုျဖစ္ေပမယ့္ တစ္ခါတစ္ရံမွာ အဲဒီအခ်စ္ေၾကာင့္ပဲ ဘ၀ပ်က္ရတဲ႔မိန္းကေလးေတြအမ်ားႀကီးပဲ ၊ အဓိကကေတာ့ ကုိယ္ကမိန္းကေလးျဖစ္ေနလုိ႔ပဲေလ၊ ေယာက္က်ားအမ်ားစုက (ငါအပါအ၀င္ေပါ့) အခြင့္ယူခ်င္တတ္ၾကတယ္၊ ဒါကလဲ ကုိယ္ဘက္ကျပဳမူဆက္ဆံတဲ႔အေပၚမွာလဲအမ်ားႀကီးမူတည္တယ္ေလ၊ ေနာက္တစ္ခုက မိန္းကေလးအမ်ားစုဟာ အလွအပႀကိဳက္ၾကတယ္ ဒါက သဘာ၀ပဲေလ ဒါေပမယ့္ သဘာ၀ထက္လြန္ကဲရင္ေတာ့ ဒုကၡေရာက္တတ္တယ္ ကုိယ့္မွာရွိေနတာနဲပဲ လွပေအာင္၀တ္ လွေအာင္ေနလုိ႕႔ရတာပဲ၊ အဲဒီလုိေနႏိုင္ေအာင္လဲႀကိဳးစားရမယ္။ ကုိယ္မွာရွိတဲ႔ပုိက္ဆံထက္ ပုိၿပီးေတာ့လုိခ်င္ရင္ေတာ့ ဒုကၡေရာက္ဖုိ႔လမ္းကုိ ရွာသလုိျဖစ္ေနေတာ့မယ္။

ေနာက္ဆုံးေအာင္ျမင္ဖုိ႔လုပ္မယ္ဆုိရင္ေတာ့ ကုိယ္ရတဲ႔၀င္ေငြ ကုိယ့္မွာရွိတဲ႔၀င္ေငြ (၀င္ေငြ/ရေငြကုိ) ဘယ္လုိအသုံးခ်မလဲ၊ ဘယ္ေနရာမွာဘယ္လုိသုံးရမလဲဆုိတာ စဥ္းစားဖုိ႔လုိအပ္တယ္။ လုိအပ္တာကုိလည္း ၀ယ္ဖုိ႔လုိအပ္သလုိ မ၀ယ္သင့္ေရွာင္ၾကဥ္သင့္တဲ့အရာေတြကုိလည္း ေရွာင္ၾကဥ္ရမယ္ေလ ။ အဓိကကေတာ့ အသုံးနဲ႔အျဖဳန္းကုိ ေသေသခ်ာခ်ာ နားလည္ဖုိ႔စဥ္းစားဖုိ႔လုိအပ္တယ္ ။

ေနာက္တစ္ခုက က်န္းမာေရးကုိလည္း ဂရုစုိက္ဖုိ႔လုိအပ္တယ္ ၊ ကုိယ္လုိအပ္တာေတြရဖုိ႔ ေအာင္ျမင္ဖုိ႔ဆုိရင္လဲ က်န္းမာေရးကုိ လုိက္စားဖုိ႔လုိအပ္တယ္။ အဓိကကေတာ့ပုံမွန္အိပ္ ပုံမွန္စားေပါ့ ၊ ကုိယ္ကအၿမဲတမ္းထုိင္ၿပီးအလုပ္လုပ္ရတဲ႔သူဆုိရင္နံနက္ျဖစ္ေစ ညေနျဖစ္ေစ လမ္းေလွ်ာက္ဖုိ႔လုိအပ္တယ္။

ကုိရီးယားစကားပုံလုိေျပာရရင္ေတာ့ “ ကုိယ္က်ရႈံးလဲက်ခဲ႔ရင္ အဲဒၤီလဲက်တဲ႔ေနရာကပဲ ကုိယ့္ဟာကုိ ထႏိုင္ေအာင္ႀကိဳးစားရမယ္´´ ေနာက္ၿပီး ကုိယ္က်ရႈံးခဲ႔တာေတြကုိ ေမ႔ေဖ်ာက္ၿပီး ဘ၀သစ္ကုိ ထူေထာင္ေအာင္ႀကိဳးစားရမယ္ေလ၊ လူရယ္လုိ႔ျဖစ္လာရင္ အတိတ္ဆုိတာရွိစၿမဲပဲေလ။ ဒါေပမယ့္ကုိယ့္ ဘ၀တုိးတတ္ခ်င္ရင္ေတာ့ အဲဒီမေကာင္းခဲ႔တဲ႔အတိိတ္ေတြအားလုံးကုိ ေမ့ေဖ်ာက္ၿပီး အခုလက္ရွိဘ၀ကုိ ေသေသခ်ာခ်ာႀကိဳးစားၿပီးဘ၀ကုိတည္ေဆာက္ၾကပါ။

ေအာင္ျမင္စြာနဲ႔ဘ၀ကိုေက်ာ္ျဖတ္ႏိုင္ၾကပါေစဗ်ာ

Forward Mail မွ
—————
အောင်မြင်ခြင်းအတွက် စိတ်ခွန်အားပေးတဲ့စာတစ်ပုဒ် (unicode)

လူတိုင်းသည် ကိုယ့်ဘဝကို အောင်မြင်ဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း မချိန်တွယ်မစဉ်းစားတတ်ဘူး။ အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင်။

(၁) စဉ်းစားပါ–
ဘာကိုစဉ်းစားရမှာလဲ ?
အခုငါဘယ်ဘ၀ရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ ငါ့ဘဝနဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား? ငါ့ဘဝနဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊

(၂) ကြိုးစားပါ —
ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊ ( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ )

(၃) ယုံကြည်အောင်နေပါ —
ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ် ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိက ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ်။ အလုပ်ရှင်အများစုဟာ ယုံကြည်မှုတွေနဲ့ပဲတည်ဆောက်တာများတယ်။ ဒါကြောင့် ကိုယ်ရဲ့ ကတိကို မဖျက်ဆီးပါနဲ့၊ ကိုယ်မပေးနိုင်တဲ့ကတိကိုလည်း မပေးနဲ့ ပေးပြီးရင်လည်းတည်အောင်လုပ်ဖို့အရေးကြီးတယ်၊ ဒါမှယုံကြည်မှာလေ။

(၄) မျက်နှာထားကို ပြင်ပါ —
ကံ ခြင်းတူလျှင် ဥာဏ်ရှိသူက အမြဲအနိုင်ရတယ်၊ ဥာဏ်ခြင်းတူလျှင် ဝိရိယရှိသူက အမြဲအနိုင်ရတယ်၊ ဝီရိယရှိသူခြင်းတူလျှင် စည်းကမ်းရှိသူက အမြဲအနိုင်ရတယ်၊ စည်းကမ်းရှိသူချင်းတူလျှင် စေတနာရှိသူက အမြဲအနိုင်ရတယ်၊ စေတနာရှိသူခြင်းတူလျှင် ရိုးသားဖြောင့်မတ်သူက အမြဲအနိုင်ရတယ်၊ ရိုးသားဖြောင့်မတ်သူခြင်းတူလျှင် အပြောချိုသာသူက အမြဲအနိုင်ရတယ်၊ အပြောချိုသာဖို့ဆိုရင် မိမိမျက်နှာအများကြီးမူတည်တယ်လေ ၊ ချိုသာတဲ့မျက်နှာနဲ့ပြောဆိုဆက်ဆံရင် ၅၀% က အလိုလို အောင်မြင်ပြီးသားပါ။

အလုပ်လုပ်နေတဲ့လူဟာ ကျရှုံးသည်ဖြစ်စေ ၊ အောင်မြင်သည်ဖြစ်စေ ၊ ဂုဏ်ယူနေရမယ် ။ ကျရှုံးမှာကြောက်လို့ အလုပ်ကို မလုပ်တော့ဘူးဆိုရင် ဘာမှလဲဖြစ်လာမှာမဟုတ်ဘူးလေ ၊ ´´သစ်ပင်မြင့်လေ လေတိုက်ခံရလေ´´ တဲ့ လေဆိုတဲ့လောကဓံကို ကြေက်နေရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာ ပေါ်လာမှာမဟုတ်တော့ဘူးလေ ၊ လောကဓံကို ခံနိုင်အောင်မွေးမြူရမယ် ။

ကိုယ်ကျရှုံးခဲ့ရင်တောင် ဘာတွေပဲရှုံးရှုံး အဲဒီအရှုံးထဲက အမြတ်ကို ရှာဖွေတတ်ရမယ်လေ ။ ကိုယ်လုပ်လိုက်တဲ့အမှား ကဘာလဲ နောက်တခါ ဘယ်လိုမမှားအောင်လုပ်ရမလဲဆိုတာကို လေ့လာနေရမယ် ဘာကြေင့်လဲဆိုတော့ အရှုံးဆိုတာ အမြဲမှ မဟုတ်တာ ရှုံးတယ်ဆိုတာ အများအားဖြင့်ငွေကြေးပါပဲ၊ ဒါကြောင့်စိတ်ဓာတ်မကျပါနဲ့ ၊ စိတ်ဓာတ်ကျတယ်ဆိုတာ လူညံ့တွေအလုပ်ပါ ။

ငွေကြေးရှုံးတယ်ဆိုတာ အသေးအမွှားပါပဲ၊ ငွေ ဆိုတာပြန်ရှာလို့ရတဲ့အရာပဲလေ ။ အဓိက ကတော့စိတ်ဓာတ် မကျဖို့ပဲ စိတ်ဓာတ်ကျရင်တော့ မင်းဘဝဟာ ရေစုံမျောပြီသာမှတ်တော့ ။ ဒီဂရီတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ အခုလောလောဆယ် ဘယ်လောက်အောင်မြင်နေသည်ဖြစ်စေ စိတ်ဓာတ်သာကျနေရင် အဲဒီလူရဲ့ ဘဝဟာ လုံးဝဆုံးရှုံးနေပြီလေ ၊ ကိုယ်ကစိတ်ဓာတ်ကျနေရင် ကိုယ်စိတ်ဓာတ်ကျနေသည့်အတွက် ကိုယ်မှာစိတ်ချမ်းမှုဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး ၊ ငွေကြေးအောင်မြင်ဖို့ဆိုရင် ကိုယ့်စိတ်ကို ကြည်နေဖို့လည်းအရေးကြီးတယ်လေ။

လူ့ဘဝဆိုတာ
(၁) စိတ်ချမ်းသာဖို့
(၂) စိတ်ချမ်းသာဖို့
(၃) စိတ်ချမ်းသာဖို့

ကိုယ်စိတ်ချမ်းသာနေရင် ကိုယ်လုပ်တဲ့အလုပ်ကလဲ အဆင်ပြေနေမှာပဲလေ။ အဆင်ပြေမှလဲ စိတ်ကချမ်းသာမှာမဟုတ်လား ? ဘဝဆိုတာက တစ်ခါတလေ အရမ်းကိုပျင်းစရာကောင်းတယ်။ ကိုယ်ဖြစ်ချင်တာတွေမဖြစ် လုပ်ချင်တာတွေမလုပ်ရနဲ့ပေါ့။ ဒါပေမဲ့လူရယ်လို့ဖြစ်လာရင် တာဝန်ဆိုတာလဲရှိစမြဲ မဟုတ်လား ? ကိုယ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်နေတဲ့အလုပ်ကိုတော့ အောင်မြင်အောင်လုပ်ရမှာဟာ လူ့ဘဝရဲ့တာဝန်ပါပဲ ။

ဒါကြောင့်ကိုယ်လုပ်ချင်တာမလုပ်ရရင် လုပ်ရတဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားရမယ်လေ အဲဒါဟာလူ့အရည်အချင်းပဲပေါ့ ၊ အရေအတွက်တွေဘယ်လောက်များများ အရည်ချင်းမရှိလျှင် အဲဒီလူရဲ့ဘဝဟာ အောင်မြင်ဖ်ုိ႔မလွယ်ပါဘူး ၊ နောက်ပြီးစိတ်ဓာတ်ကိုလဲ မာကြောအောင်လေ့ကျင့်ကြရမယ် ၊ ဥပမာပြောရရင် သူ့အလိုလိုရှိနေတဲ့ (အပေါက်မရှိတဲ့) သစ်သားတစ်ခုဟာ သူထက်မာကြောတဲ့သံ နဲ့တွေ့လျှင် နေရာဖယ်ပေးကြရတယ် အဲဒါဟာဘာကိုပြသလဲဆိုရင် မာကြောတဲ့အရာနဲ့တွေ့ရင်ပျော့ ပြောင်းတဲ့အရာတွေဟာ အလိုလိုနောက်ဆုပ်ပြီးသားဖြစ်သွားကြတယ်မဟုတ်လား? ဒါဟာလောက နိယာမပဲလေ ၊

နောက်ပြီးဘယ်လိုလူမျိုးဟာ ကိုယ်အပေါ်ကောင်းတယ်။ အထောက်အပံ့ရတယ်ဆိုတာကိုလည်း ဝေဖန်ပိုင်းခြားတတ်ရမယ်။ တစ်ခါတစ်လေ ကိုယ်ရဲ့အကြီးကျယ်ဆုံးရန်သူဟာ ကိုယ်နဲ့အနီးဆုံးလူဖြစ်နေတတ်တယ်။ ကိုယ်နဲ့အနီးဆုံးလူကြောင့်ကိုယ်ဘဝတိုးတတ်နိုင်သလို ကိုယ်ဘဝကို တစ်စစီချိုးဖျက်မဲ့သူလည်းဖြစ်နိုင်တယ်လေ၊ မြန်မာစကားပုံကတော့ “ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့ စုံလုံးကန်း´´ အဲဒါကိုယ်ပတ်ဝန်းကျင် ကိုယ်အနှီၤးအနားမှာ ရှိတဲ့သူကပဲ ကိုယ်ဘဝကို ဖျက်ဆီးနိုင်တယ်ဆိုတာပဲ။ ဒါကြောင့်ကိုယ့် ကိုယ်ကိုပဲ ယုံကြည်ဖို့လိုတယ်။

တစ်ခါတစ်လေ အကောင်းဆုံးသူငယ်ချင်းတွေကြောင့် ကိုယ့်ဘ၀ပြောင်းလဲတတ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အထောက်ပံ့မျှသာပါပဲ အဓိကကတော့ ကိုယ်ဟာကိုကြိုးစားရမှာပဲလေ။ သူငယ်ချင်းဆိုတာ အကောင်းအဆိုးကိုပဲ မျှဝေခံစားပေးလို့ရတယ်။ အဓိကကတော့ ကိုယ်သာကိုပဲမဟုတ်လား? ကိုယ်အောင်မြင်ရင် ကိုယ်ကအဓိကပဲခံစားရတာ။ ကျန်တဲ့မိဘသူငယ်ချင်းဆိုတာ အဖျားလောက်ပါပဲ — ငါဝမ်းနည်းပါတယ်“ ဆိုတာလောက်ပဲပြောကြမှာလေ ၊ တကယ်တော့ ကိုယ်ဟာကိုပဲခံစားရမှာပဲလေ မဟုတ်လား?

နောက်ထပ် ကိုယ့်ဘဝကို အကြီးကျယ်ဆုံးသောအမှားကတော့ အချစ်နောက်ကို လိုက်ချင်းပဲ။ ချစ်တယ်ကြိုက်တယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ အဲဒီအချစ်ကြောင့်ပဲ ဘဝပျက်ရတဲ့မိန်းကလေးတွေအများကြီးပဲ ၊ အဓိကကတော့ ကိုယ်ကမိန်းကလေးဖြစ်နေလို့ပဲလေ၊ ယောက်ကျားအများစုက (ငါအပါအဝင်ပေါ့) အခွင့်ယူချင်တတ်ကြတယ်၊ ဒါကလဲ ကိုယ်ဘက်ကပြုမူဆက်ဆံတဲ့အပေါ်မှာလဲအများကြီးမူတည်တယ်လေ၊ နောက်တစ်ခုက မိန်းကလေးအများစုဟာ အလှအပကြိုက်ကြတယ် ဒါက သဘာဝပဲလေ ဒါပေမယ့် သဘာဝထက်လွန်ကဲရင်တော့ ဒုက္ခရောက်တတ်တယ် ကိုယ့်မှာရှိနေတာနဲပဲ လှပအောင်ဝတ် လှအောင်နေလို့ရတာပဲ၊ အဲဒီလိုနေနိုင်အောင်လဲကြိုးစားရမယ်။ ကိုယ်မှာရှိတဲ့ပိုက်ဆံထက် ပိုပြီးတော့လိုချင်ရင်တော့ ဒုက္ခရောက်ဖို့လမ်းကို ရှာသလိုဖြစ်နေတော့မယ်။

နောက်ဆုံးအောင်မြင်ဖို့လုပ်မယ်ဆိုရင်တော့ ကိုယ်ရတဲ့ဝင်ငွေ ကိုယ့်မှာရှိတဲ့ဝင်ငွေ (ဝင်ငွေ/ရငွေကို) ဘယ်လိုအသုံးချမလဲ၊ ဘယ်နေရာမှာဘယ်လိုသုံးရမလဲဆိုတာ စဉ်းစားဖို့လိုအပ်တယ်။ လိုအပ်တာကိုလည်း ဝယ်ဖို့လိုအပ်သလို မဝယ်သင့်ရှောင်ကြဉ်သင့်တဲ့အရာတွေကိုလည်း ရှောင်ကြဉ်ရမယ်လေ ။ အဓိကကတော့ အသုံးနဲ့အဖြုန်းကို သေသေချာချာ နားလည်ဖို့စဉ်းစားဖို့လိုအပ်တယ် ။

နောက်တစ်ခုက ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ် ၊ ကိုယ်လိုအပ်တာတွေရဖို့ အောင်မြင်ဖို့ဆိုရင်လဲ ကျန်းမာရေးကို လိုက်စားဖို့လိုအပ်တယ်။ အဓိကကတော့ပုံမှန်အိပ် ပုံမှန်စားပေါ့ ၊ ကိုယ်ကအမြဲတမ်းထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင်နံနက်ဖြစ်စေ ညနေဖြစ်စေ လမ်းလျှောက်ဖို့လိုအပ်တယ်။

ကိုရီးယားစကားပုံလိုပြောရရင်တော့ “ ကိုယ်ကျရှုံးလဲကျခဲ့ရင် အဲင်္ဒီလဲကျတဲ့နေရာကပဲ ကိုယ့်ဟာကို ထနိုင်အောင်ကြိုးစားရမယ်´´ နောက်ပြီး ကိုယ်ကျရှုံးခဲ့တာတွေကို မေ့ဖျောက်ပြီး ဘဝသစ်ကို ထူထောင်အောင်ကြိုးစားရမယ်လေ၊ လူရယ်လို့ဖြစ်လာရင် အတိတ်ဆိုတာရှိစမြဲပဲလေ။ ဒါပေမယ့်ကိုယ့် ဘဝတိုးတတ်ချင်ရင်တော့ အဲဒီမကောင်းခဲ့တဲ့အတိတ်တွေအားလုံးကို မေ့ဖျောက်ပြီး အခုလက်ရှိဘဝကို သေသေချာချာကြိုးစားပြီးဘဝကိုတည်ဆောက်ကြပါ။

အောင်မြင်စွာနဲ့ဘဝကိုကျော်ဖြတ်နိုင်ကြပါစေဗျာ

Forward Mail မှ

Leave a Reply