လူေပါင္း ၇၅သန္းေက်ာ္ကို ေသေစခဲ့တဲ့ ကမာၻ႔အဆုိးရြားဆုံး ကပ္ေရာဂါ

Posted on

ေရးသားသူ – Academy

Black Death သည္ ကမာၻ႔သမိုင္းတြင္ အဆိုးဆံုး ႏွင့္ အထင္ရွားဆံုး ကပ္ေရာဂါ ဆိုက္ကပ္ခဲ့သည့္ အၿဖစ္အပ်က္တစ္ခုၿဖစ္သည္ ။ Black Death အား Great Plague, the Black Plague, or the Plague ဟုလည္း ေခၚၾကသည္။ ေအဒီ ( ၁၃၄၆ မွ ၁၃၅၃ ) အခ်ိန္ထိ ဥေရာပ ေဒသ အမ်ားအၿပား ႏွင့္ ေၿမထဲပင္လယ္ေဒသ တြင္ ပလိပ္ေရာဂါ အၾကီးအက်ယ္ ၿဖစ္ပြားၿပီး ဥေရာပ တိုက္ ရွိ လူ ၄ ပံု ၁ ပံု ေက်ာ္ ( ၇၅ သန္းမွ သန္း ၂၀၀ ) အထိ ေသဆံုးခဲ့လိမ့္မည္ဟု ခန္ ႔မွန္းၾကသည္ ။

ထိုကပ္ေဘးက်ေရာက္ခဲ့သည့္အခ်ိန္ ႏွင့္ အၿဖစ္အပ်က္ ( a cycle ) ကို Black Death ဟုရည္ညႊန္း ေၿပာဆိုၿခင္းၿဖစ္သည္ ။ ပလိပ္ေရာဂါ ပိုးမ်ားအား အမဲေရာင္ရွိသည့္ ၾကြက္ (Black Rats ) မ်ားမွ အဓိက သယ္ေဆာင္ခဲ့သည္ ဟုဆိုသည္ ။

ပလိပ္ေရာဂါသည္ ကူးစက္တတ္သည့္ ေရာဂါၿဖစ္ကာ ေရာဂါၿဖစ္သည့္ လူနာမ်ားမွာ အၿပင္းဖ်ားၿပီး ေခတ္မွီကုထံုး ႏွင့္မကုသလွ်င္ လူနာ ၆၀% မွာ ၅ – ရက္အတြင္း ေသဆံုးေလ့ရွိတတ္သည္ ။ ထိုပလိပ္ေရာဂါသည္ ထိုအခ်ိန္က
ကုသရန္ေဆး၀ါးမရွိဘဲ ၁၈ -ရာစုအစ အထိၿဖစ္ပြားခဲ့သည္ ။ ဥေရာပ တြင္ ေနာက္ဆံုး ပလိပ္ေရာဂါ ျဖစ္ပြားခဲ့သည့္ၿမိဳ ့မွာ ၁၇၂၂ အခ်ိန္က ျပင္သစ္နိင္ငံ မာေဆးၿမိဳ႕ျဖစ္သည္ ။

ေခတ္သစ္ ပလိပ္ေရာဂါသည္ ေအဒီ ၁၉ -ရာစု ေႏွာင္းပိုင္း ႏွင့္ ၂၀ -ရာစု အစ တြင္ တဖန္ၿဖစ္ပြားခဲ့ေသာ္လည္း လူအေသ အေပ်ာက္မွာ မ်ားၿပားမႈ မရွိခဲ့ေပ ။

Black Death အစ

Black Death မည္ကဲ့သို ့ စတင္ခဲ့သည္ကို သိပံြပညာရွင္မ်ား ႏွင့္ သမိုင္းပညာရွင္မ်ားမွေသခ်ာတိက်စြာ မသိရွိၾကပါ ဘူး ။ ထိုအခ်ိန္က ပလိပ္ ေရာဂါ ၿဖစ္ပြားသည့္ ေနရာမ်ားသည္ မ်က္လွည္ ့ဆန္ဆန္ အလွ်င္အၿမန္ ၿပန္ ့ႏွံ ့ ခဲ့သည္ ။ဥေရာပ တိုက္သားမ်ားမွ ထိုေရာဂါ သည္ တရုတ္ေဒသ မွ စတင္ခဲ့ၿပီး ပိုးလမ္းမ တေလွ်ာက္ ခရီးသြားမ်ားမွတဆင့္ ဥေရာပၿမိဳ ့ၾကီးမ်ားသို ့ ေရာက္ရွိလာခဲ့သည္ဟုယံုၾကည္ခဲ့ၾကသည္ ။

ျဖစ္နိင္ေၿခမ်ားကို ေလ့လာခဲ့ၾကၿပီးေနာက္ ပလိပ္ ေရာဂါပိုးသယ္ေဆာင္လာသည္ ၾကြက္မ်ား အေရွ ့ အလယ္ပိုင္းေဒသ မွ တဆင့္ ရုရွားေတာင္ပိုင္း Black sea , Caspian sea ေဒသ သို ့ေရာက္ရွိကာ ထိုမွတဆင့္ ကုန္သြယ္လမ္းေၾကာင္းအတိုင္း ဥေရာပ ေဒသ သို ့ ၿပန္ ့ႏွံ ့လာခဲ့သည္ဟု မွတ္ယူခဲ့ၾကသည္ ။

၁၃၄၆ – ခုႏွစ္တြင္ရုရွားေတာင္ပိုင္းေဒသ၌ လူတြင္ၿဖစ္ပြားၿပီးေနာက္ Black Sea ပတ္၀န္းက်င္မွ ေရာမ အင္ပါယာ ၿမိဳ ့မ်ားသို ့ျပန္ ့ႏွံ ့လာခဲ့သည္ ။ ေရာဂါပိုးမ်ားကို ခရီးသြားကုန္သည္ မ်ားမွ သယ္ေဆာင္ၿပီး ၁၃၄၇ တြင္ အီဂ်စ္နိင္ငံ
အလက္ဇန္းဒါးၿမိဳ ့ သို ့ၿပန္ ့ႏွံ ့လာခဲ့သည္ ။ ၁၃၄၈ အခ်ိန္တြင္ လစ္ဗ်ားနိင္ငံ Damascus ၿမိဳ ့၊ ၁၃၄၉ တြင္ အီဂ်စ္အေပါ ္ပိုင္း သို ့ေရာဂါၿပန္ ့ႏွံ ့ လာခဲ့သည္ ။

ထိုမွတဖန္ အီတလီနိင္ငံ Venetian ၊ Genoese ၊ Pisa ၊ Florence ၊ Rome ၊ Venice ေဒသ ၊ ထိုမွတဆင့္ ဂ်ာမဏီ ေတာင္ပိုင္း ႏွင့္ ၾသစေၾတးလ် ၊ စပိန္နိင္ငံ ဘာစီလိုနာၿမိဳ ့ ၊ ျပင္သစ္နိင္ငံ မာေဆးၿမိဳ ့ ၊ ထိုမွတဆင့္ ၁၃၄၉ တြင္ အဂၤလန္ၿမိဳ ့မ်ား သို ့ ေရာဂါၿပန္ ့ႏွံ ့ေရာက္ရွိသြားခဲ့သည္ ။ ၁၃၄၈ မွ ၁၃၅၃ အခ်ိန္အတြင္း ဂ်ာမန္ေဒသ အမ်ားအၿပား ႏွင့္ အေရွ ့ဥေရာပ ေဒသ တြင္ ထို ေရာဂါၿဖစ္ပြားခဲ့သည္ ။

ဥေရာပသုိ႔ ပလိပ္ေရာဂါ အဆင့္ဆင့္ပ်ံ႕ႏွံ႔ပုံ

ပလိပ္ေရာဂါ ႏွင့္ ေရွးေခတ္ယံုၾကည္ခ်က္

ပလိပ္ေရာဂါ လူအမ်ားအေပၚ ကူးစက္မႈအား ဆရာ၀န္မ်ားမွ ေရာဂါေဗဒ အၿမင္ ၿဖင့္၎ ၊ ပေရာဂ ကုဆရာမ်ားမွ ဘာသာေရး အၿမင္ၿဖင့္၎ ေတြးေတာရွဴၿမင္ခဲ့ၾကသည္ ။ တခ်ိဳ ့က အၿပစ္ရွိလူမ်ားအား ဘုရားမွ အျပစ္ေပးသည္ဟု၎ ၊ တခ်ဳိ႕ကလည္း လူ ့ခႏြာထဲမွ ခံနိင္ရည္စြမ္းရည္ အားနဲ၍ဟု၎ ယူဆခဲ့ၾကသည္ ။ တခ်ဳိ႕မွလည္း ထိုေရာဂါ အား ၾကာပြတ္မ်ားကိုသံုးကာ ရိုက္ႏွက္ၿပီး လူနာမ်ားအား ကုသေလ့ ရွိၾကသည္ ။

ရုိမန္ေဒသရွိ ဆရာ၀န္မ်ားမွ လူ႕ခႏၶာကိုယ္ရွိ ဓါတ္သဘာ၀မ်ား ညီမွ်မွဴမရွိသၿဖင့္ ေရာဂါၿဖစ္ပြားသည္ ၊ ထိုေၾကာင့္ ထိုေရာဂါၿဖင့္ ေသဆံုးၿခင္းမရွိေစရန္ ခြန္အားရွိသည့္ အစားအစာမ်ား စားၿခင္း ၊ ခႏၶာကိုယ္အားေဆးရည္မ်ားလိမ္းၿပီး စိတ္လႈပ္ရွားမႈ မရွိေအာင္ ေနသင့္သည္ဟု ယံုၾကည္ၾကသည္ ။

ကာကြယ္ကုသၿခင္း

ထိုပလိပ္ေရာဂါသည္ ၁၄ -ရာစုအကုန္ ၁၅ -ရာစု အေရာက္တြင္ စတင္ခ်ိန္ကကဲ့သို ့ ၿပင္ထန္ၿခင္း ၊ ေရာဂါအၾကီးအက်ယ္ၿပန္ ့ႏွံ ့ၿခင္းမရွိေတာ့ပဲ တားဆီးလာႏုိင္ခဲ့သည္ ။ ပုလိပ္ေရာဂါ သည္ ေႏြရာသီ ႏွင့္ ေဆာင္းဦးရာသီတြင္ ပို၍
အၿဖစ္မ်ားေၾကာင္းသိလာၾကသည္ ။ လူေနထူထပ္သည့္ ေဒသမ်ား ႏွင့္ ဆင္းရဲသားရပ္ကြက္မ်ားတြင္ ပို၍ၿဖစ္ပြားေၾကာင္း သိလာၾကသည္ ။

အဖ်ားေရာဂါ ကာကြယ္ၿခင္းသည္ အေကာင္းဆံုးေရာဂါ ကာကြယ္သည့္နည္းဟု နားလည္လာၾကသည္ ။ ေရာဂါၿဖစ္ပြားသူမ်ားကို ၿမိဳ ့မ်ားမွေန၍ ေက်းလက္ေဒသမ်ားသို ့ေရႊ ့ေၿပာင္းၿခင္း ၊ အထူးကုသ သည့္ ဆရာ၀န္ မ်ား သူနာၿပဳမ်ားငွားရမ္းကာခြဲၿခား ကုသၿခင္းမ်ားၿပဳလုပ္လာၾကသည္ ။ ေနာက္ပိုင္းတြင္ ပါတ္၀န္းက်င္ အား သန္ ့ရွင္းစြာ ထားၿခင္း ၊ ကာကြယ္ေဆး ၿဖန္းၿခင္း စသည့္ ေရာဂါၾကိဳတင္ကာကြယ္ၿခင္းသည္ ပို၍ထိေရာက္သည့္ နည္းလမ္းၿဖစ္ေၾကာင္း သိနားလည္လာၾကသည္ ။

၁၆ -ရာစု အခ်ိန္တြင္ ဥေရာပေဒသ ၌ ကူးစက္တတ္သည့္ အနာေရာဂါမ်ား မပ်ံ႕ႏွံ့ေအာင္ တားဆီးသည့္ ( Quarantines ) အလုပ္ကို အထူးအေလးထားလာၾကသည္ ။ ပုလိပ္ေရာဂါ အားအထူးကုသသည့္ ေဆးရံုမ်ားေပၚလာခဲ့သည္ ။ ၁၇ -ရာစုတြင္ ေဒသ ဆိုင္ရာအစိုးရမ်ားသည္ ေရာဂါၿဖစ္ပြားသည့္ေဒသမွ လာေရာက္ေသာ ခရီးသြားမ်ားအား က်န္းမာေရးစစ္ေဆးခံၿပီးမွ ၀င္ေရာက္ခြင့္ၿပဳၿခင္းမ်ားၿပဳလာၾကသည္ ။ ထိုကဲ့သို ့ကာကြယ္မႈမ်ားၿပဳလုပ္ၿခင္းေၾကာင့္ ဥေရာပ ေဒသတြင္ ထိုေရာဂါ တၿဖည္းၿဖည္း ေပ်ာက္ကြယ္သြားခဲ့သည္ ။

ပလိပ္ေရာဂါ ေပ်ာက္ကြယ္ လာၿခင္း

၁၅၃၀ခုႏွစ္ အခ်ိန္တြင္ ဥေရာပ ေဒသ ၌ ေရာဂါၿဖစ္ပြားမႈ စတင္ေလ်ာ့နည္းလာခဲ့သည္ ။ အဂၤလန္ ေဒသ၌ ၁၆၆၅ အခ်ိန္တြင္၎ ၊ အေနာက္ ဥေရာပ ေဒသတြင္ ၁၇၂၂ အခ်ိန္တြင္၎ ေနာက္ဆံုး အေနၿဖင့္ ျဖစ္ပြားခဲ့သည္ ။ ပလိပ္ေရာဂါ ေပ်ာက္ကြယ္သြားမႈ ႏွင့္ ပါတ္သက္၍ သီအိုရီ မ်ားစြာရွိခဲ့သည္ ။

တခ်ဳိ႕က ပလိပ္ေရာဂါ ပိုး သယ္ေဆာင္တတ္သည့္ Black Rats( ၾကြက္အမဲ ) အားတိုက္ခိုက္ရန္ ပို၍ၾကီးမားသည့္ Brown Rats ( အညိုေရာင္ၾကြက္ ) မ်ားအား အစားထိုးေမြးၿမဴခဲ၍ဟုဆိုသည္ ။ တခ်ိဳ ႔ကလည္း ၾကြက္မ်ားသယ္ေဆာင္သည့္ ပလိပ္ ေရာဂါ ပိုးမ်ားသည္ သူ ့အလိုလို မ်ိဳးရိုးဗီဇ ေၿပာင္းလဲသြားခဲ့သည္ဟု ဆိုၾကသည္ ။ သို ့ေသာ္လည္း  ၁၉ – ရာစုအထိ ဆရာ၀န္ မ်ားသည္ ထို ပလိပ္ေရာဂါ ကို မည္သည့္ သေႏၶမ်ိဳးေစ့ မွၿဖစ္ပြားလာသည္ကို နားမလည္ၾကပဲ ကာကြယ္ေဆးလည္း မရွိခဲ့ေပ ။

ပလိပ္ေရာဂါ ၏ သက္ေရာက္မႈ

Black Death ႏွင့္ တၿခား ပလိပ္ေရာဂါ၏ အက်ဳိးဆက္မွာ အလြန္မ်ားၿပားခဲ့သည္ ။ ေရာဂါၿဖစ္ပြားသည့္ လူမ်ား ( အမ်ားအားၿဖင့္ ဆင္းရဲသားမ်ား ၊ ကၽြန္မ်ား ၊ ဂ်ဴးလူမ်ိဳးမ်ား ) သည္ အဆိပ္ခပ္ၿပီး အသတ္ခံခဲ့ရသည္ ။ ထိုအခါ ခရစ္ယာန္ ဘာသာေရး ေခါင္းေဆာင္မ်ားမွ ၀င္ေရာက္ ျဖန္ေၿဖမႈမ်ားၿပဳလုပ္လာရသည္ ။ ေနာက္ပိုင္းလူမ်ိဳးေရးၿပသနာ ျဖစ္ပြားလာကာ ေရာဂါမရွိသည့္ ဂ်ဴးမ်ားလည္း အတိုက္အခိုက္ခံလာရသည္ ။

Black Death ၿဖစ္ပြားခဲ့ခ်ိန္သည္ ဥေရာပ တြင္ ေက်ာက္ရြံ႕မႈ ႏွင့္ ရက္စက္မႈမ်ား ေရာေထြးေနသည့္ အခ်ိန္ ၿဖစ္သည္ ။ ေနာက္ဆံုး ဥေရာပ တြင္ လူဦးေရ ၃ ပံု ၁ ပံု ေလ်ာ့နည္း သြားခဲ့သည္ ။ တခ်ိဳ ့ ဥေရာပၿမိဳ ့မ်ားတြင္ လူဦးေရ တ၀က္ ခန္ ့ ေလ်ာ့နည္း သြားခဲ့သည္ ။ လူဦးေရ ၁၂၀၀၀ ခန္ ့ေနထိုင္သည့္ ဘာလင္ၿမိဳ ့တြင္ လူ ၇၀၀၀ ခန္ ့ေပ်ာက္သြားခဲ့သည္ ။

လူဦးေရ ၉ – ေသာင္းခန္ ့ေနသည့္ အီတလီနိင္ငံ Florence ၿမိဳ ့တြင္ လူ ၄ – ေသာင္းခန္ ့ ေပ်ာက္သြားခဲ့သည္ ။ လူဦးေရ ၁သိန္း ၈ ေသာင္းရွိသည့္ ပဲရစ္ၿမိဳ ့တြင္ လူ ၅ – ေသာင္းခန္ ့ေပ်ာက္သြားခဲ့သည္ ။ ၿမိဳ ့အမ်ားအၿပားတြင္
ေသဆံုးသူမ်ားကို အစုလိုက္အၿပံဳ လိုက္ အလ်င္အၿမန္ ၿမဳပ္ႏွံရန္ အတင္းအက်ပ္စီစဥ္ခဲ့ၾကရသည္ ။ ၿမိဳ ့ၾကီးမ်ားတြင္ အလုပ္ရွင္ ၊ အလုပ္သမား ၊ စစ္သား ၊ ဆရာ၀န္ စသည္ၿဖင့္ လူတန္းစားေပါင္းစံု ေသဆံုးသူမ်ားထဲ တြင္ပါ၀င္ခဲ့သည္ ။

ဥေရာပ ေဒသ ၏ စီးပြားေရး ၊ လူမႈေရး ၊ စစ္အင္အားစသည္ၿဖင့္ အဖက္ဖက္မွက်ဆင္းခဲ့သည္ ။ Black Death ၿဖစ္ပြားၿပီးေနာက္ ဘာသာေရး ႏွင့္ ေဆးပညာ နယ္ပါယ္တြင္ အေၿပာင္းအလဲမ်ားၿဖစ္လာခဲ့သည္ ။ ျပသနာမ်ားကို ပုပ္ရဟန္းမင္းမ်ားမွ ဘာသာေရးအၿမင္ ႏွင့္ေၿဖရွင္းခဲ့သၿဖင့္ ဘာသာေရးၿပန္လည္ ထြန္းေတာက္လာခဲ့သည္ ။ ထိုအခ်ိန္က ပလိပ္ေရာဂါ ကို ကာကြယ္တားဆီးရာတြင္ ထင္ရွားသည္ ဘာသာေရး ေခါင္းေဆာင္မွာ ပုပ္ရဟန္းမင္းၾကီး St. Roch ၿဖစ္သည္ ။

Saint Roch

အမွန္ေတာ့

ပလိပ္ေရာဂါ ကို တိုက္ဖ်က္ခဲ့သည့္ ပထမဆံုး အေရးၾကီးအေတြးအေခၚမွာ လူအမ်ားအား ေရာဂါၾကိဳ တင္ ကာကြယ္ ရန္ ႏွင့္ မပ်ံ႕ႏွံ့ေအာင္ တားဆီးသည့္ ( Quarantines ) အလုပ္ မ်ားၿဖစ္သည္ ။ ၁၈၈၀ အခ်ိန္ေရာက္မွ ဥေရာပ တြင္
Cholera အမည္ရ က်န္းမာေရးဆိုင္ရာ အဓိက ေရာဂါမ်ားကို ကုသသည့္ ေဆးေပၚေပါက္လာခဲ့သည္ ။

ထိုေဆးကို ဂ်ာမန္ ပညာရွင္ Robert Koch မွ ရွာေဖြေတြ ့ရွိခဲ့သည္ ။ သူသည္ ၁၉၀၅ – ခုႏွစ္တြင္ႏုိဘယ္ဆုကို ရရွိခဲ့ၿပီး ေခတ္သစ္ ေရာဂါပိုးမႊားအတတ္ပညာ ( bacteriology ) ပညာရပ္၏ ဖခင္တစ္ဦးၿဖစ္သည္ ။

Robert Koch

Academy

—————-

လူပေါင်း ၇၅သန်းကျော်ကို သေစေခဲ့တဲ့ ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါ (unicode)

ရေးသားသူ – Academy

Black Death သည် ကမ္ဘာ့သမိုင်းတွင် အဆိုးဆုံး နှင့် အထင်ရှားဆုံး ကပ်ရောဂါ ဆိုက်ကပ်ခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်သည် ။ Black Death အား Great Plague, the Black Plague, or the Plague ဟုလည်း ခေါ်ကြသည်။ အေဒီ ( ၁၃၄၆ မှ ၁၃၅၃ ) အချိန်ထိ ဥရောပ ဒေသ အများအပြား နှင့် မြေထဲပင်လယ်ဒေသ တွင် ပလိပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားပြီး ဥရောပ တိုက် ရှိ လူ ၄ ပုံ ၁ ပုံ ကျော် ( ၇၅ သန်းမှ သန်း ၂၀၀ ) အထိ သေဆုံးခဲ့လိမ့်မည်ဟု ခန့်မှန်းကြသည် ။

ထိုကပ်ဘေးကျရောက်ခဲ့သည့်အချိန် နှင့် အဖြစ်အပျက် ( a cycle ) ကို Black Death ဟုရည်ညွှန်း ပြောဆိုခြင်းဖြစ်သည် ။ ပလိပ်ရောဂါ ပိုးများအား အမဲရောင်ရှိသည့် ကြွက် (Black Rats ) များမှ အဓိက သယ်ဆောင်ခဲ့သည် ဟုဆိုသည် ။

ပလိပ်ရောဂါသည် ကူးစက်တတ်သည့် ရောဂါဖြစ်ကာ ရောဂါဖြစ်သည့် လူနာများမှာ အပြင်းဖျားပြီး ခေတ်မှီကုထုံး နှင့်မကုသလျှင် လူနာ ၆၀% မှာ ၅ – ရက်အတွင်း သေဆုံးလေ့ရှိတတ်သည် ။ ထိုပလိပ်ရောဂါသည် ထိုအချိန်က
ကုသရန်ဆေးဝါးမရှိဘဲ ၁၈ -ရာစုအစ အထိဖြစ်ပွားခဲ့သည် ။ ဥရောပ တွင် နောက်ဆုံး ပလိပ်ရောဂါ ဖြစ်ပွားခဲ့သည့်မြို့မှာ ၁၇၂၂ အချိန်က ပြင်သစ်နိင်ငံ မာဆေးမြို့ဖြစ်သည် ။

ခေတ်သစ် ပလိပ်ရောဂါသည် အေဒီ ၁၉ -ရာစု နှောင်းပိုင်း နှင့် ၂၀ -ရာစု အစ တွင် တဖန်ဖြစ်ပွားခဲ့သော်လည်း လူအသေ အပျောက်မှာ များပြားမှု မရှိခဲ့ပေ ။

Black Death အစ

Black Death မည်ကဲ့သို့ စတင်ခဲ့သည်ကို သိပွံပညာရှင်များ နှင့် သမိုင်းပညာရှင်များမှသေချာတိကျစွာ မသိရှိကြပါ ဘူး ။ ထိုအချိန်က ပလိပ် ရောဂါ ဖြစ်ပွားသည့် နေရာများသည် မျက်လှည့်ဆန်ဆန် အလျှင်အမြန် ပြန့်နှံ့ ခဲ့သည် ။ဥရောပ တိုက်သားများမှ ထိုရောဂါ သည် တရုတ်ဒေသ မှ စတင်ခဲ့ပြီး ပိုးလမ်းမ တလျှောက် ခရီးသွားများမှတဆင့် ဥရောပမြို့ကြီးများသို့ ရောက်ရှိလာခဲ့သည်ဟုယုံကြည်ခဲ့ကြသည် ။

ဖြစ်နိင်ခြေများကို လေ့လာခဲ့ကြပြီးနောက် ပလိပ် ရောဂါပိုးသယ်ဆောင်လာသည် ကြွက်များ အရှေ့ အလယ်ပိုင်းဒေသ မှ တဆင့် ရုရှားတောင်ပိုင်း Black sea , Caspian sea ဒေသ သို့ရောက်ရှိကာ ထိုမှတဆင့် ကုန်သွယ်လမ်းကြောင်းအတိုင်း ဥရောပ ဒေသ သို့ ပြန့်နှံ့လာခဲ့သည်ဟု မှတ်ယူခဲ့ကြသည် ။

၁၃၄၆ – ခုနှစ်တွင်ရုရှားတောင်ပိုင်းဒေသ၌ လူတွင်ဖြစ်ပွားပြီးနောက် Black Sea ပတ်ဝန်းကျင်မှ ရောမ အင်ပါယာ မြို့များသို့ပြန့်နှံ့လာခဲ့သည် ။ ရောဂါပိုးများကို ခရီးသွားကုန်သည် များမှ သယ်ဆောင်ပြီး ၁၃၄၇ တွင် အီဂျစ်နိင်ငံ
အလက်ဇန်းဒါးမြို့ သို့ပြန့်နှံ့လာခဲ့သည် ။ ၁၃၄၈ အချိန်တွင် လစ်ဗျားနိင်ငံ Damascus မြို့၊ ၁၃၄၉ တွင် အီဂျစ်အပေါ ္ပိုင်း သို့ရောဂါပြန့်နှံ့ လာခဲ့သည် ။

ထိုမှတဖန် အီတလီနိင်ငံ Venetian ၊ Genoese ၊ Pisa ၊ Florence ၊ Rome ၊ Venice ဒေသ ၊ ထိုမှတဆင့် ဂျာမဏီ တောင်ပိုင်း နှင့် ဩစတြေးလျ ၊ စပိန်နိင်ငံ ဘာစီလိုနာမြို့ ၊ ပြင်သစ်နိင်ငံ မာဆေးမြို့ ၊ ထိုမှတဆင့် ၁၃၄၉ တွင် အင်္ဂလန်မြို့များ သို့ ရောဂါပြန့်နှံ့ရောက်ရှိသွားခဲ့သည် ။ ၁၃၄၈ မှ ၁၃၅၃ အချိန်အတွင်း ဂျာမန်ဒေသ အများအပြား နှင့် အရှေ့ဥရောပ ဒေသ တွင် ထို ရောဂါဖြစ်ပွားခဲ့သည် ။

ပလိပ်ရောဂါ နှင့် ရှေးခေတ်ယုံကြည်ချက်

ပလိပ်ရောဂါ လူအများအပေါ် ကူးစက်မှုအား ဆရာဝန်များမှ ရောဂါဗေဒ အမြင် ဖြင့်၎င်း ၊ ပရောဂ ကုဆရာများမှ ဘာသာရေး အမြင်ဖြင့်၎င်း တွေးတောရှူမြင်ခဲ့ကြသည် ။ တချို့က အပြစ်ရှိလူများအား ဘုရားမှ အပြစ်ပေးသည်ဟု၎င်း ၊ တချို့ကလည်း လူ့ခနွာထဲမှ ခံနိင်ရည်စွမ်းရည် အားနဲ၍ဟု၎င်း ယူဆခဲ့ကြသည် ။ တချို့မှလည်း ထိုရောဂါ အား ကြာပွတ်များကိုသုံးကာ ရိုက်နှက်ပြီး လူနာများအား ကုသလေ့ ရှိကြသည် ။

ရိုမန်ဒေသရှိ ဆရာဝန်များမှ လူ့ခန္ဓာကိုယ်ရှိ ဓါတ်သဘာဝများ ညီမျှမှူမရှိသဖြင့် ရောဂါဖြစ်ပွားသည် ၊ ထိုကြောင့် ထိုရောဂါဖြင့် သေဆုံးခြင်းမရှိစေရန် ခွန်အားရှိသည့် အစားအစာများ စားခြင်း ၊ ခန္ဓာကိုယ်အားဆေးရည်များလိမ်းပြီး စိတ်လှုပ်ရှားမှု မရှိအောင် နေသင့်သည်ဟု ယုံကြည်ကြသည် ။

ကာကွယ်ကုသခြင်း

ထိုပလိပ်ရောဂါသည် ၁၄ -ရာစုအကုန် ၁၅ -ရာစု အရောက်တွင် စတင်ချိန်ကကဲ့သို့ ပြင်ထန်ခြင်း ၊ ရောဂါအကြီးအကျယ်ပြန့်နှံ့ခြင်းမရှိတော့ပဲ တားဆီးလာနိုင်ခဲ့သည် ။ ပုလိပ်ရောဂါ သည် နွေရာသီ နှင့် ဆောင်းဦးရာသီတွင် ပို၍
အဖြစ်များကြောင်းသိလာကြသည် ။ လူနေထူထပ်သည့် ဒေသများ နှင့် ဆင်းရဲသားရပ်ကွက်များတွင် ပို၍ဖြစ်ပွားကြောင်း သိလာကြသည် ။

အဖျားရောဂါ ကာကွယ်ခြင်းသည် အကောင်းဆုံးရောဂါ ကာကွယ်သည့်နည်းဟု နားလည်လာကြသည် ။ ရောဂါဖြစ်ပွားသူများကို မြို့များမှနေ၍ ကျေးလက်ဒေသများသို့ရွှေ့ပြောင်းခြင်း ၊ အထူးကုသ သည့် ဆရာဝန် များ သူနာပြုများငှားရမ်းကာခွဲခြား ကုသခြင်းများပြုလုပ်လာကြသည် ။ နောက်ပိုင်းတွင် ပါတ်ဝန်းကျင် အား သန့်ရှင်းစွာ ထားခြင်း ၊ ကာကွယ်ဆေး ဖြန်းခြင်း စသည့် ရောဂါကြိုတင်ကာကွယ်ခြင်းသည် ပို၍ထိရောက်သည့် နည်းလမ်းဖြစ်ကြောင်း သိနားလည်လာကြသည် ။

၁၆ -ရာစု အချိန်တွင် ဥရောပဒေသ ၌ ကူးစက်တတ်သည့် အနာရောဂါများ မပျံ့နှံ့အောင် တားဆီးသည့် ( Quarantines ) အလုပ်ကို အထူးအလေးထားလာကြသည် ။ ပုလိပ်ရောဂါ အားအထူးကုသသည့် ဆေးရုံများပေါ်လာခဲ့သည် ။ ၁၇ -ရာစုတွင် ဒေသ ဆိုင်ရာအစိုးရများသည် ရောဂါဖြစ်ပွားသည့်ဒေသမှ လာရောက်သော ခရီးသွားများအား ကျန်းမာရေးစစ်ဆေးခံပြီးမှ ဝင်ရောက်ခွင့်ပြုခြင်းများပြုလာကြသည် ။ ထိုကဲ့သို့ကာကွယ်မှုများပြုလုပ်ခြင်းကြောင့် ဥရောပ ဒေသတွင် ထိုရောဂါ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည် ။

ပလိပ်ရောဂါ ပျောက်ကွယ် လာခြင်း

၁၅၃ဝခုနှစ် အချိန်တွင် ဥရောပ ဒေသ ၌ ရောဂါဖြစ်ပွားမှု စတင်လျော့နည်းလာခဲ့သည် ။ အင်္ဂလန် ဒေသ၌ ၁၆၆၅ အချိန်တွင်၎င်း ၊ အနောက် ဥရောပ ဒေသတွင် ၁၇၂၂ အချိန်တွင်၎င်း နောက်ဆုံး အနေဖြင့် ဖြစ်ပွားခဲ့သည် ။ ပလိပ်ရောဂါ ပျောက်ကွယ်သွားမှု နှင့် ပါတ်သက်၍ သီအိုရီ များစွာရှိခဲ့သည် ။

တချို့က ပလိပ်ရောဂါ ပိုး သယ်ဆောင်တတ်သည့် Black Rats( ကြွက်အမဲ ) အားတိုက်ခိုက်ရန် ပို၍ကြီးမားသည့် Brown Rats ( အညိုရောင်ကြွက် ) များအား အစားထိုးမွေးမြူခဲ၍ဟုဆိုသည် ။ တချို့ကလည်း ကြွက်များသယ်ဆောင်သည့် ပလိပ် ရောဂါ ပိုးများသည် သူ့အလိုလို မျိုးရိုးဗီဇ ပြောင်းလဲသွားခဲ့သည်ဟု ဆိုကြသည် ။ သို့သော်လည်း  ၁၉ – ရာစုအထိ ဆရာဝန် များသည် ထို ပလိပ်ရောဂါ ကို မည်သည့် သန္ဓေမျိုးစေ့ မှဖြစ်ပွားလာသည်ကို နားမလည်ကြပဲ ကာကွယ်ဆေးလည်း မရှိခဲ့ပေ ။

ပလိပ်ရောဂါ ၏ သက်ရောက်မှု

Black Death နှင့် တခြား ပလိပ်ရောဂါ၏ အကျိုးဆက်မှာ အလွန်များပြားခဲ့သည် ။ ရောဂါဖြစ်ပွားသည့် လူများ ( အများအားဖြင့် ဆင်းရဲသားများ ၊ ကျွန်များ ၊ ဂျူးလူမျိုးများ ) သည် အဆိပ်ခပ်ပြီး အသတ်ခံခဲ့ရသည် ။ ထိုအခါ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များမှ ဝင်ရောက် ဖြန်ဖြေမှုများပြုလုပ်လာရသည် ။ နောက်ပိုင်းလူမျိုးရေးပြသနာ ဖြစ်ပွားလာကာ ရောဂါမရှိသည့် ဂျူးများလည်း အတိုက်အခိုက်ခံလာရသည် ။

Black Death ဖြစ်ပွားခဲ့ချိန်သည် ဥရောပ တွင် ကျောက်ရွံ့မှု နှင့် ရက်စက်မှုများ ရောထွေးနေသည့် အချိန် ဖြစ်သည် ။ နောက်ဆုံး ဥရောပ တွင် လူဦးရေ ၃ ပုံ ၁ ပုံ လျော့နည်း သွားခဲ့သည် ။ တချို့ ဥရောပမြို့များတွင် လူဦးရေ တဝက် ခန့် လျော့နည်း သွားခဲ့သည် ။ လူဦးရေ ၁၂၀၀၀ ခန့်နေထိုင်သည့် ဘာလင်မြို့တွင် လူ ၇၀၀၀ ခန့်ပျောက်သွားခဲ့သည် ။

လူဦးရေ ၉ – သောင်းခန့်နေသည့် အီတလီနိင်ငံ Florence မြို့တွင် လူ ၄ – သောင်းခန့် ပျောက်သွားခဲ့သည် ။ လူဦးရေ ၁သိန်း ၈ သောင်းရှိသည့် ပဲရစ်မြို့တွင် လူ ၅ – သောင်းခန့်ပျောက်သွားခဲ့သည် ။ မြို့အများအပြားတွင်
သေဆုံးသူများကို အစုလိုက်အပြုံ လိုက် အလျင်အမြန် မြုပ်နှံရန် အတင်းအကျပ်စီစဉ်ခဲ့ကြရသည် ။ မြို့ကြီးများတွင် အလုပ်ရှင် ၊ အလုပ်သမား ၊ စစ်သား ၊ ဆရာဝန် စသည်ဖြင့် လူတန်းစားပေါင်းစုံ သေဆုံးသူများထဲ တွင်ပါဝင်ခဲ့သည် ။

ဥရောပ ဒေသ ၏ စီးပွားရေး ၊ လူမှုရေး ၊ စစ်အင်အားစသည်ဖြင့် အဖက်ဖက်မှကျဆင်းခဲ့သည် ။ Black Death ဖြစ်ပွားပြီးနောက် ဘာသာရေး နှင့် ဆေးပညာ နယ်ပါယ်တွင် အပြောင်းအလဲများဖြစ်လာခဲ့သည် ။ ပြသနာများကို ပုပ်ရဟန်းမင်းများမှ ဘာသာရေးအမြင် နှင့်ဖြေရှင်းခဲ့သဖြင့် ဘာသာရေးပြန်လည် ထွန်းတောက်လာခဲ့သည် ။ ထိုအချိန်က ပလိပ်ရောဂါ ကို ကာကွယ်တားဆီးရာတွင် ထင်ရှားသည် ဘာသာရေး ခေါင်းဆောင်မှာ ပုပ်ရဟန်းမင်းကြီး St. Roch ဖြစ်သည် ။

အမှန်တော့

ပလိပ်ရောဂါ ကို တိုက်ဖျက်ခဲ့သည့် ပထမဆုံး အရေးကြီးအတွေးအခေါ်မှာ လူအများအား ရောဂါကြို တင် ကာကွယ် ရန် နှင့် မပျံ့နှံ့အောင် တားဆီးသည့် ( Quarantines ) အလုပ် များဖြစ်သည် ။ ၁၈၈၀ အချိန်ရောက်မှ ဥရောပ တွင်
Cholera အမည်ရ ကျန်းမာရေးဆိုင်ရာ အဓိက ရောဂါများကို ကုသသည့် ဆေးပေါ်ပေါက်လာခဲ့သည် ။

ထိုဆေးကို ဂျာမန် ပညာရှင် Robert Koch မှ ရှာဖွေတွေ့ရှိခဲ့သည် ။ သူသည် ၁၉၀၅ – ခုနှစ်တွင်နိုဘယ် ဆုကို ရရှိခဲ့ပြီး ခေတ်သစ် ရောဂါပိုးမွှားအတတ်ပညာ ( bacteriology ) ပညာရပ်၏ ဖခင်တစ်ဦးဖြစ်သည် ။

Academy

Leave a Reply