ထူးျခားဆန္းျပား အင္ဂ်င္နီယာတုိ႔ရဲ႕ စြမ္းပကားမ်ား

Posted on

ေရးသားသူ – ေမာင္သာ (ေရွးေဟာင္းသုေတသန)

ေက်ာက္ေခတ္ဦးႏွင့္ေက်ာက္ေခတ္ကာလမ်ားက လူသားမ်ားသည္ ကမၻာေျမေပၚရွိ လိုဏ္ဂူမ်ားအတြင္း အမ်ားဆုံး ေနထိုင္ ခဲ့ၾကသည္။ႏွစ္ကာလရွည္ၾကာလာခဲ့ခ်ိန္တြင္ လူမ်ားသည္ ဂူမ်ားမွထြက္၍ ေျမျပန္႕မ်ားတြင္ ေနထိုင္ရန္ အမိုးအကာမ်ားတည္ ေဆာက္ခဲ့ခ်ိန္မွစ၍ ေဆာက္လုပ္ေရး အင္ဂ်င္နီယာလုပ္ငန္းမ်ား စတင္ခဲ့သည္ဟုဆိုႏိုင္ေပသည္။

မိမိတို႕ေနထိုင္ရန္ အမိုးအကာ မ်ားေဆာက္လုပ္ခဲ့သည့္ အခ်ိန္မွစ၍ၿမိဳ႕ျပအင္ဂ်င္နီယာလုပ္ငန္းႏွင့္ ဗိသုကာလုပ္ငန္း မ်ားအစျပဳခဲ့ၿပီး ေနာက္ပိုင္းတြင္ လွ်ပ္စစ္၊စက္မႈ၊ဆက္သြယ္ေရး၊အထည္အလိပ္၊ရာဘာ၊ေရနံဓာတု စသည့္နယ္ပယ္မ်ိဳးစုံမွ အင္ဂ်င္နီယာလုပ္ငန္းမ်ားသည္ တစ္စထက္တစ္စ တိုးတက္ဖြံ႕ၿဖိဳးလာခဲ့သည္။ နည္းပညာမ်ား တစ္ဟုန္ထိုး တိုးတက္လာသည့္ ၁၈ ရာစု ေႏွာင္းပိုင္းတြင္ အင္ဂ်င္နီယာနည္းပညာသည္ မ်ားစြာ ဖြံ႕ၿဖိဳးလာခဲ့သျဖင့္လူသားမ်ားေနထိုင္ရာကမၻာေျမေပၚတြင္ အံ့မခန္း ေသာ အင္ဂ်င္နီယာလက္ရာမ်ားကို ေပၚထြက္လာခဲ့ၾကသည္။

၁၊ ေကာင္းကင္ၿမိဳ႕ေတာ္မ်ား(Sky Cities)

ကမၻာ့ေျမျပင္အထက္ ျမင့္မားေသာ ေလထုအတြင္း လူလုပ္ ေကာင္းကင္ၿမိဳ႕ေတာ္မ်ားကို တည္ေဆာက္မည္ဟူသည့္ အနာဂတ္ကိုေမွ်ာ္ေသာ ေခတ္လြန္အေတြးမ်ားသည္ ၿမိဳ႕ျပမ်ားတြင္ လူဦးေရမြန္းက်ပ္မႈကိုေလွ်ာ့ခ်ႏိုင္မည္ဟု ယူဆခဲ့ၾကသည္။ ထို႕ေၾကာင့္ အခ်ိဳ႕ေသာ ဗိသုကာႏွင့္အင္ဂ်င္နီယာမ်ားက ယင္းစိတ္ကူးကို အေကာင္အထည္ေဖာ္ရန္ဆုံးျဖတ္ခဲ့ၾကသည္။ တရုတ္ႏိုင္ငံသည္ ၁၉၈၉ ခုႏွစ္တြင္ Sky City 1000 ဟုအမည္ေပးထားသည့္ ဘက္စုံသုံး ေကာင္းကင္ ေမွ်ာ္စင္ႀကီး တစ္ခုတည္ေဆာက္ရန္အဆိုျပဳခဲ့သည္။ တရုတ္အင္ဂ်င္နီယာလုပ္ငန္းစု တစ္ခုက အဆိုျပဳသည့္ ယင္းစီမံကိန္းတြင္ လူဦးေရ ၃၆၀၀၀ အတြက္အိမ္ရာေနရာမ်ားခ်ထားေပးႏိုင္မည့္အျပင္ လူဦးေရ တစ္သိန္း အလုပ္လုပ္ကိုင္ႏိုင္မည့္ ေနရာအက်ယ္ အ၀န္း ကိုလည္းရရွိမည္ဟုဆိုသည္။

မိုးေမွ်ာ္ အေဆာက္အအုံမ်ား လူေနမႈေကာင္စီက Sky City 1000 မ်ားကို ၂၀၃၀ ခုႏွစ္ ၀န္းက်င္ တြင္ ဖြင့္လွစ္ႏိုင္လိမ့္မည္ဟုခန္႕မွန္းထားသည္။ ေဒါက္တာ ယူဂ်င္းဆြိ၏ အျမင္အရ ယင္းေမွ်ာ္စင္မ်ားသည္ ေျမျပင္မွအထက္သို႕ ႏွစ္မိုင္အထိ ျမင့္မားကာ လူဦးေရ တစ္သန္းအထိ ေနထိုင္ႏိုင္မည့္ ဧရိယာ ၁ ဒသမ ၅ သန္း စတုရန္းေပ က်ယ္၀န္းေသာ ေနရာအက်ယ္အ၀န္းအထိရရွိႏိုင္ မည္ဟု ေမွ်ာ္လင့္ထားသည္။

၂၊ နယူးေယာက္ ေျမေအာက္ရထားစံနစ္ (New York Subway System)

အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ၿမိဳ႕ရွိ ေျမေအာက္ရထားမ်ားကို ရုံးဖြင့္ရက္မ်ားတြင္ လူ ၅ ဒသမ ၂သန္းစီးနင္း လိုက္ပါေလ့ရွိၿပီး တစ္ႏွစ္လွ်င္ေျမေအာက္ရထားစီးသူ အေရအတြက္သည္ ၁ ဒသမ ၆ ဘီလီယံ အထိရွိသည္။ နယူးေယာက္ ေျမေအာက္ရထား လမ္းမ်ား၏ စုစုေပါင္းအရွည္သည္ မိုင္ ၇၀၀ ရွိၿပီး ထိုရထားလမ္းမ်ားေပၚတြင္ ရထားစီးေရ ၆၅၀၀ ေက်ာ္ ခုတ္ေမာင္းလ်က္ရွိရာ အေမရိကန္ျပည္ေထာင္စု၏ အႀကီးဆုံးရထား ကြန္ရက္ျဖစ္ၿပီး ၂၀၀၇ ခုႏွစ္တြင္ နယူးေယာက္ ေျမ ေအာက္ ရထားလမ္းစနစ္ သည္ ကမၻာ့ စတုတၳေျမာက္အႀကီးဆုံး ေျမေအာက္မီးရထားလမ္းကြန္ရက္ျဖစ္လာခဲ့သည္။

နယူးေယာက္ေျမေအာက္ရထားလမ္း၏ ပထမဆုံးလမ္းပိုင္းကို ၁၉၀၄ ခုႏွစ္ ၊ ေအာက္တိုဘာလ ၂၇ ရက္ေန႕ တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ယခုအခါတြင္ နယူးေယာက္မွ ရွီကာဂို ၿမိဳ႕အထိ သြားေရာက္ႏိုင္ၿပီျဖစ္သည္။ဘူတာရုံေပါင္း ၄၆၈ ဘူတာ၊ ရထားလိုင္းေပါင္း ၂၆ လိုင္း ျဖင့္ နယူးေယာက္ျမိဳ႕၏ ၿမိဳ႕ျပ ငါး ေနရာကိုျဖတ္သန္းကာ ပို႕ေဆာင္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ ေန ေသာ နယူးေယာက္ေျမေအာက္ရထားလမ္းစနစ္ကို နယူးေယာက္ၿမိဳ႕ေတာ္ေကာင္စီက ပိုင္ဆိုင္ၿပီး နယူးေယာက္ၿမိဳ႕ေတာ္ သယ္ယူပို႕ေဆာင္ေရး အာဏာပိုင္အဖြဲ႕အား အငွားခ်ထားကာ ပို႕ေဆာင္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေစလ်က္ရွိရာ တစ္ရက္ လွ်င္ ၂၄ နာရီ၊ တစ္ႏွစ္လွ်င္ ၃၆၅ ရက္ ခရီးသည္မ်ားကို ပို႕ေဆာင္ေပးလ်က္ရွိေနေပသည္။

၃၊ သမုဒၵရာျဖတ္ရထား (Transatlantic Train)

နယူးေယာက္ၿမိဳ႕တြင္ ေန႕လည္စာ စားၿပီး လန္ဒန္သို႕ သြားေရာက္လိုသူမ်ားအား အတၱလန္တစ္ သမုဒၵရာျဖတ္ရထား က တစ္နာရီအတြင္းပို႕ေဆာင္ေပးမည္ျဖစ္သည္။အသံထက္ျမန္ေသာ အတၱလန္တစ္သမုဒၵရာျဖတ္ရထားသည္ တစ္နာရီ လွ်င္ မိုင္ ၄၀၀၀ ႏႈန္းျဖင့္ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွ ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕သို႕ ၅၄ မိနစ္သာေမာင္းႏွင္သည္။

ပင္လယ္ေရ မ်က္ႏွာျပင္ ေအာက္ ေပ ၁၅၀ မွ ၃၀၀ အနက္တြင္ရွိေသာ အတၱလန္တစ္သမုဒၵရာၾကမ္းျပင္တြင္ တည္ေဆာက္ထားေသာ ရထားလမ္း လိုဏ္ေခါင္းသည္ ၾကားခံေလဟာနယ္တစ္ခုျဖစ္ၿပီး မီးရထားက သံလိုက္စက္၀န္းအတြင္းမွ ျဖတ္သန္းသြားသျဖင့္ ခရီးသည္ မ်ားသည္ ၿငိမ့္ေညာင္းသက္သာစြာစီးနင္းၾကရသည္။ ယင္းရထားလမ္းကို စတင္တည္ေဆာက္ခဲ့စဥ္က ေဒၚလာ ၈၈ ဘီလီယံ ကုန္က်ခဲ့ၿပီး ေနာက္ပိုင္းတြင္ ေဒၚလာ ၁၇၅ ဘီလီယံအထိ ျဖည့္စြက္သုံးစြဲခဲ့ရာ ရထားလမ္း တစ္မိုင္အတြက္ကုန္က်ေငြမွာ ေဒၚလာ ၂၅ သန္းမွ သန္း ၅၀ ျဖစ္ေပသည္။

၄။ ဘာရင္းေရလက္ႀကားျဖတ္လမ္း (Pathway through Bering strait)

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္မွစ၍ ဥေရာပႏွင့္ေျမာက္အေမရိကတို႕ကို ဆက္သြယ္ႏိုင္မည့္ တံတားတစ္စင္း သို႕မဟုတ္ ဥမင္တစ္ခုကို တည္ေဆာက္ႏိုင္ရန္ သိပၸံပညာရွင္မ်ားက စိတ္ကူးယဥ္ အိပ္မက္မက္ခဲ့ၾကသည္။ ဘာရင္းေရ လက္ၾကားကိုျဖတ္သန္းမည့္ စီမံကိန္းကိုခ်ခဲ့သူ ဒုတိယေျမာက္ ဇာနီကိုလပ္စ္၏ အႀကံအစည္သည္ ပထမကမၻာစစ္ေၾကာင့္ ပ်က္ျပယ္ခဲ့ေသာ္လည္း စီမံကိန္း အစီအစဥ္က အရွိန္ေကာင္းခဲ့သည္။ ၆၄ မိုင္ (၁၀၂ ဒသမ ၉ ကီလိုမီတာ)ရွည္လ်ားေသာ ဘာရင္းေရလက္ၾကားကိုျဖတ္သန္းရန္ ေရေအာက္ဥမင္တစ္ခုတည္ေဆာက္မည္ဆိုပါက ေဒၚလာ ဘီလီယံ ၂၀၀ ကုန္က်မည္ ျဖစ္သည္။ထို႕အျပင္ေဒသ၏ ျပင္းထန္လြန္းသည့္ အေအးဒဏ္ေၾကာင့္ တစ္ႏွစ္လွ်င္ ငါးလခန္႕သာ တံတားေပၚမွ သြားလာ ႏိုင္မည္ျဖစ္သျဖင့္ ဥမင္လိုဏ္ေခါင္းတစ္ခုကိုသာ တည္ေဆာက္ႏိုင္မည္ဆိုပါက တစ္ႏွစ္ပတ္လုံးသြားလာႏိုင္ မည္ေၾကာင္း သိရွိထားခဲ့ၾကသည္။

သို႕ရာတြင္ ျပင္းထန္ေသာ အေအးဓာတ္ ေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္ တစ္ႏွစ္ လွ်င္ ေလးလခန္႕သာေဆာင္ရြက္ႏိုင္မည္ ျဖစ္သည္။ သို႕ျဖစ္ရာ အျခားေသာ နည္းလမ္းမ်ားကိုႀကံဆၾကရာတြင္ ကမၻာျဖတ္အေ၀းေျပးလမ္း (Trans-Global Highway ) ေဖာက္လုပ္ရန္စဥ္းစားမိၾကသည္။ဤသို႕ျဖင့္ ၾသစေၾတးလ် တိုက္မွလြဲ၍ က်န္ ကမၻာ့တိုက္ႀကီးမ်ားကို ဆက္သြယ္ႏိုင္ေသာ ကားလမ္း ၊ ရထားလမ္း ၊ ဥမင္လမ္းမ်ားပါ၀င္သည့္ ဘာရင္း ေရလက္ၾကားျဖတ္လန္းစီမံကိန္းေပၚထြန္းလာခဲ့ေပသည္။

၅၊ ပနားမား တူးေျမာင္း ( Panama Canal)

ပနားမားတူးေျမာင္းကို ကမၻာ့ အ႒မေျမာက္အံ့ဘြယ္ဟုဆိုၾကသည္။ ၁၉၁၄ ခုႏွစ္တြင္ အတၱလန္တစ္ သမုဒၵရာမွ ပစိဖိတ္သမုဒၵရာသို႕ ေရေၾကာင္းကုန္သြယ္လမ္းေၾကာင္းျဖစ္သည့္ ပနားမားတူးေျမာင္းကိုဖြင့္လွစ္လိုက္ျခင္းျဖင့္ ကမၻာႀကီးကို ႀကီးမားစြာေျပာင္းလဲေစခဲ့သည္။ပနားမားကၽြန္းဆြယ္ကိုျဖတ္သန္းသည့္ ပနားမားတူးေျမာင္းသည္ အက်ယ္ဆုံး ေနရာတြင္ မိုင္ ၅၀ ( ၈၀ ဒသမ ၅ ကီလိုမီတာ) က်ယ္၀န္းၿပီး နယူးေယာက္ မွ ပစိဖိတ္သမုဒၵရာသို႕သြားရမည့္ ကုန္စည္ သေဘၤာမ်ားသည္ ပနားမားတူးေျမာင္းကို ျဖတ္သန္းလ်က္ ခုတ္ေမာင္းခ်ိန္ကို ရက္ ၃၀ မွ ၆၀ အထိေလွ်ာ့ ခ်ႏိုင္ခဲ့သည္။

ပနားမားတူးေျမာင္း ေဖာက္ လုပ္ႏိုင္ခဲ့သျဖင့္ ပင္လယ္ကူးသေဘၤာမ်ားသည္ မိုင္ေပါင္း ၁၃၀၀၀ (၂၀၉၂၁ ကီလိုမီတာ) ခရီးတိုေတာင္းသြားျပီး မိုင္ ၅၀၀၀ (၈၀၄၆ ကီလိုမီတာ) ရွည္လ်ားေသာ ေတာင္အေမရိကတိုက္ကိုပတ္ရသည့္ ခရီးကို သြားရန္မလိုေတာ့ပါေခ်။ ယခုအခါတြင္ ပနားမားတူးေျမာင္း၏ မူလတူးေဖာ္ထားေသာ ေရလမ္းေၾကာင္းအား အက်ယ္အ၀န္း ႏွစ္ဆနီးပါး က်ယ္၀န္းသြားေစရန္ အသစ္ ခ်ဲ႕ထြင္တူးေဖာ္လ်က္ရွိသည္။

၆။ ဒူဘိုင္း တူးေျမာင္း (Dubai Canal)

အင္ဂ်င္နီယာလုပ္ငန္းမ်ားႏွင့္ပတ္သက္လွ်င္ ဒူဘိုင္းအင္ဂ်င္နီယာ လုပ္ငန္းမ်ားသည္ ျပပြဲ တစ္ခုခင္းက်င္း ျပသထား သည့္အလား ခမ္းနားလွေပသည္။ဒူဘိုင္းအင္ဂ်င္နီယာ လုပ္ငန္းမ်ားတြင္ ကမၻာေပၚရွိ လူတို႕ လုပ္အားျဖင့္တူးေဖာ္သည့္ အႀကီး ဆုံးတူးေျမာင္းတစ္ခုျဖစ္သည့္ အာေရဗ်တူးေျမာင္းကို ခ်န္လွပ္ထား၍ မရပါေခ်။ အာေရဗ် တူးေျမာင္းသည္ ၄၆ ဒသမ ၆ မိုင္ (၇၅ ကီလိုမီတာ) ရွည္လ်ားကာ ဒူဘိုင္းတူးေျမာင္းဟုလည္း ထင္ရွားသည္။ယင္းတူးေျမာင္းသည္ အာရပ္ပင္လယ္ေကြ႕မွ က်ယ္၀န္းေသာ သဲကႏၱာရအတြင္းသို႕ ေရမ်ားကို သယ္ယူေပးေသာ ေရသြယ္တူးေျမာင္းတစ္ခု ျဖစ္ၿပီး တူးေျမာင္းတစ္ေလ်ာက္ တြင္ ကႏၱာရအိုေအစစ္ တစ္ခုကို ဖန္တီးထားသည္။

၇၊ ယူကာေတာင္ နယူးကလီးယားသိုေလွာင္စခန္း (Yucca Mountain Nuclear Waste Repository)

အေမရိကန္ျပည္ေထာင္စုတြင္ နယူးကလီးယားစြန္႕ပစ္ပစၥည္းမ်ားကို လတ္တေလာသိမ္းဆည္းထားသည့္ ေနရာ ၁၂၁ ခု ရွိသည္။ စိုးရိမ္ဖြယ္ေကာင္းသည့္ နယူးကလီးယားစြန္႕ပစ္ပစၥည္းမ်ားသည္ အလြန္အႏၱရာယ္မ်ားသျဖင့္ယင္းတို႕ကို တစ္ေနရာ တည္းတြင္စုစည္းထားရန္ အၾကံျပဳၾကရာမွ ယူကာ နယူးကလီးယားသိုေလွာင္စခန္းစီမံကိန္း ေပၚထြန္းလာ ခဲ့သည္။

ယခုအခ်ိန္တြင္ယူကာနယူးကလီးယားသိုေလွာင္ စခန္းစီမံကိန္းတြင္ နယူးကလီးယား တစ္မႈန္မွပင္ မသိုေလွာင္ရ ေသးေသာ္လည္း စီမံကန္းအတြက္ ေဒၚလာ ၉ ဘီလီယံကုန္က်ခဲ့ၿပီးျဖစ္သည္။အေမရိကန္ျပည္ေထာင္စုရွိ နယူးကလီးယား ဓာတ္အားေပးစက္ရုံမ်ားမွ ထြက္ရွိသည့္ ေရဒီယိုသတၱိၾကြ စြန္႕ပစ္ ပစၥည္းမ်ား အားလုံးကိုသိုေလွာင္ရန္အဆိုျပဳထားေသာေနရာ အက်ယ္အ၀န္းသည္ လားဗီးဂတ္္စ္မွစတင္ကာ ေတာင္ကို ျဖတ္၍ မိုင္၈၀ (၁၂၈ ကီလိုမီတာ) ရွည္လ်ားသည့္ အလြန္ ႀကီးမား သည့္ ဥမင္ တစ္ခုကို ေဖာက္လုပ္ရမည္ျဖစ္သည္။ ယူကာ နယူးကလီးယားသိုေလွာင္ စခန္းစီမံကိန္းသည္ ဥပေဒႏွင့္ ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ႏွစ္အတန္ၾကာ တည္ေဆာက္ရန္ မေသမခ်ာျဖစ္ခဲ့ရၿပီး၂၀၁၀ ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ စီမံကိန္းကိုရပ္ဆိုင္းထားခဲ့သည္။

၈၊ ေဘာ့စ္တြန္ ၿမိဳ႕ျပ စီမံကိန္းစံနစ္ (Big Dig)

ကမၻာေပၚတြင္ အရႈပ္ေထြးဆုံးအင္ဂ်င္နီယာ လုပ္ငန္းႏွင့္ ေငြကုန္ေၾကးက်အမ်ားဆုံး ျပည္သူ႕၀န္ေဆာင္မႈေဆာက္လုပ္ ေရးလုပ္ငန္းတစ္ခု ျဖစ္ေသာ ေဘာ့စ္တြန္ ၿမိဳ႕ျပ စီမံကိန္းစံနစ္ကို ငါးႏွစ္ၾကာစီမံကိန္းေရးဆြဲၿပီး ႏွစ္ ၃၀ တည္ေဆာက္ကာ ၂၀၀၃ ခုႏွစ္တြင္ ေအာင္ျမင္စြာ ဖြင့္လွစ္ႏိုင္ခဲ့သည္။မူက စီမံကိန္းေရးဆြဲခဲ့စဥ္က ေဒၚလာ ၄ ဘီလီယံကုန္က်မည္ဟုခန္႕မွန္းခဲ့ ေသာ္လည္းစီမံကိန္းၿပီးစီးခ်ိန္တြင္ ေဒၚလာ ၁၄ ဘီလီယံခန္႕ ကုန္က်ခဲ့သည္။ တည္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကိုေဆာင္ရြက္ခဲ့စဥ္က ေဆာက္လုပ္ေရး လုပ္သားမ်ားသည္ ေဘာ့စ္တြန္ၿမိဳ႕၏ အေ၀းေျပးကုန္းေက်ာ္တံတားႀကီး(အင္တာစတိတ္ ၉၃) ၏ေအာက္တြင္ ဆူညံေနေသာအသံမ်ားအၾကား အလုပ္လုပ္ခဲ့ၾကရ သည္။ႀကိဳတင္ ပုံေလာင္းထားေသာ လိုဏ္ေခါင္းျပြန္မ်ားကို ႀကီးမားလွသည့္ စက္ယႏၱရားမ်ားျဖင့္ ေျမေအာက္ရထားလမ္းမ်ား ရွိရာ ေအးခဲ ေနေသာ ေျမျပင္ေအာက္အတြင္းသို႕ ထိုးသြင္းၾကရသည္။

သက္တမ္းရာေက်ာ္ေနၿပီးျဖစ္ေသာ ဓာတ္ေငြ႕ပိုက္လိုင္း၊ ေရပိုက္လိုင္း၊လွ်ပ္စစ္လိုင္း၊တယ္လီဖုန္းလိုင္း၊ေကဘယ္လိုင္းမ်ားကို ျပန္လည္ေနရာခ်ထားရသည္။အေ၀းေျပးလမ္း ေလးခုပါ ၀င္ေသာ ဥမင္ အသစ္ကိုတည္ေဆာက္ၾကရသည္။ယင္းစီမံကိန္းတြင္ လိုဂန္ ေလဆိပ္သို႕သြားသည့္ လိုဏ္တစ္ခုလည္း ပါ၀င္ ခဲ့ၿပီးခ်ားစ္ ျမစ္ကို ေက်ာ္ျဖတ္ထားသည့္ သံဒိုင္းႏွစ္ထပ္တံတားကို ႀကိဳးတံတားျဖင့္ ေျပာင္းလဲ အစားထိုးသည့္ လုပ္ငန္း တစ္ ရပ္ကိုလည္း ေဆာင္ရြက္္ခဲ့ရသည္။ ေဘာ့စ္တြန္ ၿမိဳ႕ျပ စီမံကိန္းစံနစ္ (Big Dig)၏ ဗိသုကာလက္ရာကိုကမၻာအ၀န္းခ်ီးမြမ္းႀကရသည္။ထိုစဥ္ကေဘာ့စ္တြန္ ၿမိဳ႕၏တည္ရွိေနဆဲ ၿမိဳ႕ျပ သယ္ယူပို႕ေဆာင္ေရးစံနစ္ကို ဖ်က္သိမ္းခဲ့ကာ ပန္းျခံမ်ား၊ စိမ္းလန္းစိုေျပ ေနရာမ်ားပါ၀င္သည့္ ၿမိဳ႕ျပ ရႈခင္းအသစ္ကို ပုံေဖာ္ႏိုင္ခဲ့သည္။

၉၊ေခ်ာက္သုံးခုဆည္ (Three Georges System)

တရုတ္ျပည္သူ႕သမၼတႏိုင္ငံရွိ ေခ်ာက္ကမ္းပါးသုံးခုဆည္သည္ တရုတ္ႏိုင္ငံတြင္မဟာတံတိုင္းၿပီးလွ်င္ အႀကီးမားဆုံး ေသာ အင္ဂ်င္နီယာ စီမံကိန္းျဖစ္သည္ဟု ဆိုၾကသည္။အဆိုပါေရေလွာင္ဆည္ႀကီးသည္ မိုင္၀က္ ျမင့္ကာ ၁ ဒသမ ၅ မိုင္ (၂ ဒသမ ၄ ကီလိုမီတာ) က်ယ္၀န္းသည္။ကုန္တင္သေဘၤာမ်ားသည္ ဆည္အတြင္း ေရျပင္မွတစ္ဆင့္ တရုတ္ႏိုင္ငံ ကုန္းတြင္းပိုင္း မိုင္ တစ္ေထာင့္ငါးရာအထိ ၀င္ေရာက္ႏိုင္ၾကသည္။

အဆိုပါ ဆည္ႀကီးကို လုပ္သားအင္အား ၂၀၀၀၀ ျဖင့္ ၂၄ နာရီ ပတ္လုံးေန႕ဆိုင္းညဆိုင္းခြဲကာ တည္ေဆာက္ခဲ့ ရၿပီး ၂၀၀၉ ခုႏွစ္တြင္ လုပ္ငန္းမ်ားၿပီးဆုံးခဲ့သည္။ေဒသခံ လူဦးေရ ၁ ဒသမ ၅ သန္းေက်ာ္ခန္႕ကိုစီမံကိန္းမွ လြတ္ရာေနရာ မ်ားတြင္ ျပန္လည္ေနရာခ်ထားေပးခဲ့ၿပီး ၿမိဳ႕ေပါင္း ၁၀၀ ကိုအဆင့္ျမွင့္ေပးႏိုင္ခဲ့သည္။ဆည္ရွိ လွ်ပ္စစ္ဓာတ္အားေပး စက္မ်ားကို တရုတ္ႏိုင္ငံ၏ လွ်ပ္စစ္လိုအပ္ခ်က္ ၁၀ ရာခိုင္ႏႈန္းနီးပါးကို ျဖည့္ဆည္းႏိုင္ရန္ တည္ေဆာက္တပ္ဆင္ ခဲ့သည္။ယင္းဆည္ကို ေဆာက္လုပ္အၿပီးတြင္ တရုတ္အစိုးရကေဒသခံတို႕၏ စီးပြားေရးလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးခဲ့ၿပီး ျပန္လည္ေနရာ ခ် ထားေသာ ေနရာမ်ားတြင္ ျပည္သူမ်ားအေျခတက်ေနထိုင္ႏိုင္ေရးစီမံကိန္းမ်ားကို ဆက္လက္ေဆာင္ရြက္ ေပးခဲ့ သည္။

၁၀၊ႏိုင္ငံတကာ အာကာသစခန္း (International Space System)

ႏိုင္ငံတကာ အာကာသစခန္း(ISS)သည္ အာကာသအတြင္းသို႕ လူတို႕ လႊတ္တင္သမွ် ယာဥ္မ်ား၊ ၀တၳဳပစၥည္းမ်ား ထဲတြင္ အႀကီးမားဆုံး ျဖစ္သည္။ ပညာရွင္မ်ားက ဘိုးရင္း ၇၄၇ ေလယာဥ္ ႏွစ္စီးကို ယွဥ္ထားသည့္ပုံကိုၾကည့္ကာ အာကာသ စခန္း တစ္ခု တည္ေဆာက္ ရန္ စိတ္ကူးရခဲ့ၾကသည္။အဆိုပါ အာကာသစခန္းသည္ ၄၃၀၀၀ ကုဗေပ (၁၂၁၇.၆ ကုဗမီတာ) ခန္႕ ႀကီးမားက်ယ္၀န္းေသာေၾကာင့္ ကမၻာ့ေျမျပင္၏ ၉၀ ရာခိုင္ႏႈန္းေသာေနရာမ်ားကို ယင္းစခန္းမွပကတိ မ်က္လုံး ျဖင့္ျမင္ ႏိုင္ၾကမည္ဟု ဆိုသည္။

ႏိုင္ငံတကာ အာကာသစခန္းစီမံကိန္းကို ႏိုင္ငံ ၁၆ ႏိုင္ငံမွ မ်ားစြာေသာ ေကာ္ပိုေရးရွင္းမ်ားႏွင့္ လူေပါင္း တစ္သိန္း ေက်ာ္က ပါ၀င္ပူးေပါင္းခဲ့ၾကသည္။ကုန္က်ေငြ အမ်ားဆုံးႏွင့္ လုပ္ငန္းပမာဏအႀကီးမားဆုံးျဖစ္ေသာ ယင္းစီမံကိန္းသည္ ေဒၚ လာ ဘီလီယံ ၁၀၀ ခန္႕ကုန္က်မည္ျဖစ္ရာ ၊ ေဒၚလာဘီလီယံ ၁၀၀ ဟူသည့္ ေငြပမာဏ သည္ အပိုလို အာကာသ ယာဥ္ မ်ား အားလုံးကို ေျမျပင္မွ လ သို႕ပို႕လႊတ္ႏိုင္ခဲ့သည့္ ကုန္က်စရိတ္ ျဖစ္သည္္။
နည္းပညာတို႕ တစ္ဟုန္ထိုး စဥ္ဆက္မျပတ္ တိုးတက္ေနသည့္ယေန႕ေခတ္ကာလတြင္ကမၻာတစ္၀န္းမွအင္ဂ်င္နီယာ မ်ား၏ စြမ္းေဆာင္မႈမ်ားေၾကာင့္ လွပ ဆန္းၾကယ္ေသာ ဒီဇိုင္းမ်ားႏွင့္တကြ ထူးဆန္းအံ့ၾသဘြယ္ အင္ဂ်င္နီယာလုပ္ငန္း မ်ား သည္ ဆက္လက္ေပၚထြန္းေနဦးမည္သာ ျဖစ္ေပသည္။

 ေမာင္သာ (ေရွးေဟာင္းသုေတသန)
၂၀၁၇ ခုႏွစ္ ေဖေဖာ္၀ါရီလထုတ္ သုတအလင္း မဂၢဇင္းမွ

—————————–

ထူးခြားဆန်းပြား အင်ဂျင်နီယာတို့ရဲ့ စွမ်းပကားများ (unicode)

ရေးသားသူ – မောင်သာ (ရှေးဟောင်းသုတေသန)

ကျောက်ခေတ်ဦးနှင့်ကျောက်ခေတ်ကာလများက လူသားများသည် ကမ္ဘာမြေပေါ်ရှိ လိုဏ်ဂူများအတွင်း အများဆုံး နေထိုင် ခဲ့ကြသည်။နှစ်ကာလရှည်ကြာလာခဲ့ချိန်တွင် လူများသည် ဂူများမှထွက်၍ မြေပြန့်များတွင် နေထိုင်ရန် အမိုးအကာများတည် ဆောက်ခဲ့ချိန်မှစ၍ ဆောက်လုပ်ရေး အင်ဂျင်နီယာလုပ်ငန်းများ စတင်ခဲ့သည်ဟုဆိုနိုင်ပေသည်။

မိမိတို့နေထိုင်ရန် အမိုးအကာ များဆောက်လုပ်ခဲ့သည့် အချိန်မှစ၍မြို့ပြအင်ဂျင်နီယာလုပ်ငန်းနှင့် ဗိသုကာလုပ်ငန်း များအစပြုခဲ့ပြီး နောက်ပိုင်းတွင် လျှပ်စစ်၊စက်မှု၊ဆက်သွယ်ရေး၊အထည်အလိပ်၊ရာဘာ၊ရေနံဓာတု စသည့်နယ်ပယ်မျိုးစုံမှ အင်ဂျင်နီယာလုပ်ငန်းများသည် တစ်စထက်တစ်စ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ နည်းပညာများ တစ်ဟုန်ထိုး တိုးတက်လာသည့် ၁၈ ရာစု နှောင်းပိုင်းတွင် အင်ဂျင်နီယာနည်းပညာသည် များစွာ ဖွံ့ဖြိုးလာခဲ့သဖြင့်လူသားများနေထိုင်ရာကမ္ဘာမြေပေါ်တွင် အံ့မခန်း သော အင်ဂျင်နီယာလက်ရာများကို ပေါ်ထွက်လာခဲ့ကြသည်။

၁၊ ကောင်းကင်မြို့တော်များ(Sky Cities)

ကမ္ဘာ့မြေပြင်အထက် မြင့်မားသော လေထုအတွင်း လူလုပ် ကောင်းကင်မြို့တော်များကို တည်ဆောက်မည်ဟူသည့် အနာဂတ်ကိုမျှော်သော ခေတ်လွန်အတွေးများသည် မြို့ပြများတွင် လူဦးရေမွန်းကျပ်မှုကိုလျှော့ချနိုင်မည်ဟု ယူဆခဲ့ကြသည်။ ထို့ကြောင့် အချို့သော ဗိသုကာနှင့်အင်ဂျင်နီယာများက ယင်းစိတ်ကူးကို အကောင်အထည်ဖော်ရန်ဆုံးဖြတ်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် ၁၉၈၉ ခုနှစ်တွင် Sky City 1000 ဟုအမည်ပေးထားသည့် ဘက်စုံသုံး ကောင်းကင် မျှော်စင်ကြီး တစ်ခုတည်ဆောက်ရန်အဆိုပြုခဲ့သည်။တရုတ်အင်ဂျင်နီယာလုပ်ငန်းစု တစ်ခုက အဆိုပြုသည့် ယင်းစီမံကိန်းတွင် လူဦးရေ ၃၆၀၀၀ အတွက်အိမ်ရာနေရာများချထားပေးနိုင်မည့်အပြင် လူဦးရေ တစ်သိန်း အလုပ်လုပ်ကိုင်နိုင်မည့် နေရာအကျယ် အဝန်း ကိုလည်းရရှိမည်ဟုဆိုသည်။

မိုးမျှော် အဆောက်အအုံများ လူနေမှုကောင်စီက Sky City 1000 များကို ၂၀၃၀ ခုနှစ် ဝန်းကျင် တွင် ဖွင့်လှစ်နိုင်လိမ့်မည်ဟုခန့်မှန်းထားသည်။ ဒေါက်တာ ယူဂျင်းဆွိ၏ အမြင်အရ ယင်းမျှော်စင်များသည် မြေပြင်မှအထက်သို့ နှစ်မိုင်အထိ မြင့်မားကာ လူဦးရေ တစ်သန်းအထိ နေထိုင်နိုင်မည့် ဧရိယာ ၁ ဒသမ ၅ သန်း စတုရန်းပေ ကျယ်ဝန်းသော နေရာအကျယ်အဝန်းအထိရရှိနိုင် မည်ဟု မျှော်လင့်ထားသည်။

၂၊ နယူးယောက် မြေအောက်ရထားစံနစ် (New York Subway System)

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ မြေအောက်ရထားများကို ရုံးဖွင့်ရက်များတွင် လူ ၅ ဒသမ ၂သန်းစီးနင်း လိုက်ပါလေ့ရှိပြီး တစ်နှစ်လျှင်မြေအောက်ရထားစီးသူ အရေအတွက်သည် ၁ ဒသမ ၆ ဘီလီယံ အထိရှိသည်။ နယူးယောက် မြေအောက်ရထား လမ်းများ၏ စုစုပေါင်းအရှည်သည် မိုင် ၇၀၀ ရှိပြီး ထိုရထားလမ်းများပေါ်တွင် ရထားစီးရေ ၆၅၀၀ ကျော် ခုတ်မောင်းလျက်ရှိရာ အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံးရထား ကွန်ရက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် နယူးယောက် မြေ အောက် ရထားလမ်းစနစ် သည် ကမ္ဘာ့ စတုတ္ထမြောက်အကြီးဆုံး မြေအောက်မီးရထားလမ်းကွန်ရက်ဖြစ်လာခဲ့သည်။

နယူးယောက်မြေအောက်ရထားလမ်း၏ ပထမဆုံးလမ်းပိုင်းကို ၁၉၀၄ ခုနှစ် ၊ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင် နယူးယောက်မှ ရှီကာဂို မြို့အထိ သွားရောက်နိုင်ပြီဖြစ်သည်။ဘူတာရုံပေါင်း ၄၆၈ ဘူတာ၊ ရထားလိုင်းပေါင်း ၂၆ လိုင်း ဖြင့် နယူးယောက်မြို့၏ မြို့ပြ ငါး နေရာကိုဖြတ်သန်းကာ ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက် နေ သော နယူးယောက်မြေအောက်ရထားလမ်းစနစ်ကို နယူးယောက်မြို့တော်ကောင်စီက ပိုင်ဆိုင်ပြီး နယူးယောက်မြို့တော် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အား အငှားချထားကာ ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်စေလျက်ရှိရာ တစ်ရက် လျှင် ၂၄ နာရီ၊ တစ်နှစ်လျှင် ၃၆၅ ရက် ခရီးသည်များကို ပို့ဆောင်ပေးလျက်ရှိနေပေသည်။

၃၊ သမုဒ္ဒရာဖြတ်ရထား (Transatlantic Train)

နယူးယောက်မြို့တွင် နေ့လည်စာ စားပြီး လန်ဒန်သို့ သွားရောက်လိုသူများအား အတ္တလန်တစ် သမုဒ္ဒရာဖြတ်ရထား က တစ်နာရီအတွင်းပို့ဆောင်ပေးမည်ဖြစ်သည်။အသံထက်မြန်သော အတ္တလန်တစ်သမုဒ္ဒရာဖြတ်ရထားသည် တစ်နာရီ လျှင် မိုင် ၄၀၀၀ နှုန်းဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့မှ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ၅၄ မိနစ်သာမောင်းနှင်သည်။

ပင်လယ်ရေ မျက်နှာပြင် အောက် ပေ ၁၅၀ မှ ၃၀၀ အနက်တွင်ရှိသော အတ္တလန်တစ်သမုဒ္ဒရာကြမ်းပြင်တွင် တည်ဆောက်ထားသော ရထားလမ်း လိုဏ်ခေါင်းသည် ကြားခံလေဟာနယ်တစ်ခုဖြစ်ပြီး မီးရထားက သံလိုက်စက်ဝန်းအတွင်းမှ ဖြတ်သန်းသွားသဖြင့် ခရီးသည် များသည် ငြိမ့်ညောင်းသက်သာစွာစီးနင်းကြရသည်။ ယင်းရထားလမ်းကို စတင်တည်ဆောက်ခဲ့စဉ်က ဒေါ်လာ ၈၈ ဘီလီယံ ကုန်ကျခဲ့ပြီး နောက်ပိုင်းတွင် ဒေါ်လာ ၁၇၅ ဘီလီယံအထိ ဖြည့်စွက်သုံးစွဲခဲ့ရာ ရထားလမ်း တစ်မိုင်အတွက်ကုန်ကျငွေမှာ ဒေါ်လာ ၂၅ သန်းမှ သန်း ၅၀ ဖြစ်ပေသည်။

၄။ ဘာရင်းရေလက်ကြားဖြတ်လမ်း (Pathway through Bering strait)

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်မှစ၍ ဥရောပနှင့်မြောက်အမေရိကတို့ကို ဆက်သွယ်နိုင်မည့် တံတားတစ်စင်း သို့မဟုတ် ဥမင်တစ်ခုကို တည်ဆောက်နိုင်ရန် သိပ္ပံပညာရှင်များက စိတ်ကူးယဉ် အိပ်မက်မက်ခဲ့ကြသည်။ ဘာရင်းရေ လက်ကြားကိုဖြတ်သန်းမည့် စီမံကိန်းကိုချခဲ့သူ ဒုတိယမြောက် ဇာနီကိုလပ်စ်၏ အကြံအစည်သည် ပထမကမ္ဘာစစ်ကြောင့် ပျက်ပြယ်ခဲ့သော်လည်း စီမံကိန်း အစီအစဉ်က အရှိန်ကောင်းခဲ့သည်။ ၆၄ မိုင် (၁၀၂ ဒသမ ၉ ကီလိုမီတာ)ရှည်လျားသော ဘာရင်းရေလက်ကြားကိုဖြတ်သန်းရန် ရေအောက်ဥမင်တစ်ခုတည်ဆောက်မည်ဆိုပါက ဒေါ်လာ ဘီလီယံ ၂၀၀ ကုန်ကျမည် ဖြစ်သည်။ထို့အပြင်ဒေသ၏ ပြင်းထန်လွန်းသည့် အအေးဒဏ်ကြောင့် တစ်နှစ်လျှင် ငါးလခန့်သာ တံတားပေါ်မှ သွားလာ နိုင်မည်ဖြစ်သဖြင့် ဥမင်လိုဏ်ခေါင်းတစ်ခုကိုသာ တည်ဆောက်နိုင်မည်ဆိုပါက တစ်နှစ်ပတ်လုံးသွားလာနိုင် မည်ကြောင်း သိရှိထားခဲ့ကြသည်။

သို့ရာတွင် ပြင်းထန်သော အအေးဓာတ် ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တစ်နှစ် လျှင် လေးလခန့်သာဆောင်ရွက်နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ အခြားသော နည်းလမ်းများကိုကြံဆကြရာတွင် ကမ္ဘာဖြတ်အဝေးပြေးလမ်း (Trans-Global Highway ) ဖောက်လုပ်ရန်စဉ်းစားမိကြသည်။ဤသို့ဖြင့် ဩစတြေးလျ တိုက်မှလွဲ၍ ကျန် ကမ္ဘာ့တိုက်ကြီးများကို ဆက်သွယ်နိုင်သော ကားလမ်း ၊ ရထားလမ်း ၊ ဥမင်လမ်းများပါဝင်သည့် ဘာရင်း ရေလက်ကြားဖြတ်လန်းစီမံကိန်းပေါ်ထွန်းလာခဲ့ပေသည်။

၅၊ ပနားမား တူးမြောင်း ( Panama Canal)

ပနားမားတူးမြောင်းကို ကမ္ဘာ့ အဋ္ဌမမြောက်အံ့ဘွယ်ဟုဆိုကြသည်။ ၁၉၁၄ ခုနှစ်တွင် အတ္တလန်တစ် သမုဒ္ဒရာမှ ပစိဖိတ်သမုဒ္ဒရာသို့ ရေကြောင်းကုန်သွယ်လမ်းကြောင်းဖြစ်သည့် ပနားမားတူးမြောင်းကိုဖွင့်လှစ်လိုက်ခြင်းဖြင့် ကမ္ဘာကြီးကို ကြီးမားစွာပြောင်းလဲစေခဲ့သည်။ပနားမားကျွန်းဆွယ်ကိုဖြတ်သန်းသည့် ပနားမားတူးမြောင်းသည် အကျယ်ဆုံး နေရာတွင် မိုင် ၅၀ ( ၈၀ ဒသမ ၅ ကီလိုမီတာ) ကျယ်ဝန်းပြီး နယူးယောက် မှ ပစိဖိတ်သမုဒ္ဒရာသို့သွားရမည့် ကုန်စည် သင်္ဘောများသည် ပနားမားတူးမြောင်းကို ဖြတ်သန်းလျက် ခုတ်မောင်းချိန်ကို ရက် ၃၀ မှ ၆၀ အထိလျှော့ ချနိုင်ခဲ့သည်။

ပနားမားတူးမြောင်း ဖောက် လုပ်နိုင်ခဲ့သဖြင့် ပင်လယ်ကူးသင်္ဘောများသည် မိုင်ပေါင်း ၁၃၀၀၀ (၂၀၉၂၁ ကီလိုမီတာ) ခရီးတိုတောင်းသွားပြီး မိုင် ၅၀၀၀ (၈၀၄၆ ကီလိုမီတာ) ရှည်လျားသော တောင်အမေရိကတိုက်ကိုပတ်ရသည့် ခရီးကို သွားရန်မလိုတော့ပါချေ။ ယခုအခါတွင် ပနားမားတူးမြောင်း၏ မူလတူးဖော်ထားသော ရေလမ်းကြောင်းအား အကျယ်အဝန်း နှစ်ဆနီးပါး ကျယ်ဝန်းသွားစေရန် အသစ် ချဲ့ထွင်တူးဖော်လျက်ရှိသည်။

၆။ ဒူဘိုင်း တူးမြောင်း (Dubai Canal)

အင်ဂျင်နီယာလုပ်ငန်းများနှင့်ပတ်သက်လျှင် ဒူဘိုင်းအင်ဂျင်နီယာ လုပ်ငန်းများသည် ပြပွဲ တစ်ခုခင်းကျင်း ပြသထား သည့်အလား ခမ်းနားလှပေသည်။ဒူဘိုင်းအင်ဂျင်နီယာ လုပ်ငန်းများတွင် ကမ္ဘာပေါ်ရှိ လူတို့ လုပ်အားဖြင့်တူးဖော်သည့် အကြီး ဆုံးတူးမြောင်းတစ်ခုဖြစ်သည့် အာရေဗျတူးမြောင်းကို ချန်လှပ်ထား၍ မရပါချေ။ အာရေဗျ တူးမြောင်းသည် ၄၆ ဒသမ ၆ မိုင် (၇၅ ကီလိုမီတာ) ရှည်လျားကာ ဒူဘိုင်းတူးမြောင်းဟုလည်း ထင်ရှားသည်။ယင်းတူးမြောင်းသည် အာရပ်ပင်လယ်ကွေ့မှ ကျယ်ဝန်းသော သဲကန္တာရအတွင်းသို့ ရေများကို သယ်ယူပေးသော ရေသွယ်တူးမြောင်းတစ်ခု ဖြစ်ပြီး တူးမြောင်းတစ်လျောက် တွင် ကန္တာရအိုအေစစ် တစ်ခုကို ဖန်တီးထားသည်။

၇၊ ယူကာတောင် နယူးကလီးယားသိုလှောင်စခန်း (Yucca Mountain Nuclear Waste Repository)

အမေရိကန်ပြည်ထောင်စုတွင် နယူးကလီးယားစွန့်ပစ်ပစ္စည်းများကို လတ်တလောသိမ်းဆည်းထားသည့် နေရာ ၁၂၁ ခု ရှိသည်။ စိုးရိမ်ဖွယ်ကောင်းသည့် နယူးကလီးယားစွန့်ပစ်ပစ္စည်းများသည် အလွန်အန္တရာယ်များသဖြင့်ယင်းတို့ကို တစ်နေရာ တည်းတွင်စုစည်းထားရန် အကြံပြုကြရာမှ ယူကာ နယူးကလီးယားသိုလှောင်စခန်းစီမံကိန်း ပေါ်ထွန်းလာ ခဲ့သည်။

ယခုအချိန်တွင်ယူကာနယူးကလီးယားသိုလှောင် စခန်းစီမံကိန်းတွင် နယူးကလီးယား တစ်မှုန်မှပင် မသိုလှောင်ရ သေးသော်လည်း စီမံကန်းအတွက် ဒေါ်လာ ၉ ဘီလီယံကုန်ကျခဲ့ပြီးဖြစ်သည်။အမေရိကန်ပြည်ထောင်စုရှိ နယူးကလီးယား ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် ရေဒီယိုသတ္တိကြွ စွန့်ပစ် ပစ္စည်းများ အားလုံးကိုသိုလှောင်ရန်အဆိုပြုထားသောနေရာ အကျယ်အဝန်းသည် လားဗီးဂတ်စ်မှစတင်ကာ တောင်ကို ဖြတ်၍ မိုင်၈၀ (၁၂၈ ကီလိုမီတာ) ရှည်လျားသည့် အလွန် ကြီးမား သည့် ဥမင် တစ်ခုကို ဖောက်လုပ်ရမည်ဖြစ်သည်။ ယူကာ နယူးကလီးယားသိုလှောင် စခန်းစီမံကိန်းသည် ဥပဒေနှင့် နိုင်ငံရေးအခြေအနေများကြောင့် နှစ်အတန်ကြာ တည်ဆောက်ရန် မသေမချာဖြစ်ခဲ့ရပြီး၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလတွင် စီမံကိန်းကိုရပ်ဆိုင်းထားခဲ့သည်။

၈၊ ဘော့စ်တွန် မြို့ပြ စီမံကိန်းစံနစ် (Big Dig)

ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးအင်ဂျင်နီယာ လုပ်ငန်းနှင့် ငွေကုန်ကြေးကျအများဆုံး ပြည်သူ့ဝန်ဆောင်မှုဆောက်လုပ် ရေးလုပ်ငန်းတစ်ခု ဖြစ်သော ဘော့စ်တွန် မြို့ပြ စီမံကိန်းစံနစ်ကို ငါးနှစ်ကြာစီမံကိန်းရေးဆွဲပြီး နှစ် ၃၀ တည်ဆောက်ကာ ၂၀၀၃ ခုနှစ်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။မူက စီမံကိန်းရေးဆွဲခဲ့စဉ်က ဒေါ်လာ ၄ ဘီလီယံကုန်ကျမည်ဟုခန့်မှန်းခဲ့ သော်လည်းစီမံကိန်းပြီးစီးချိန်တွင် ဒေါ်လာ ၁၄ ဘီလီယံခန့် ကုန်ကျခဲ့သည်။ တည်ဆောက်လုပ်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့စဉ်က ဆောက်လုပ်ရေး လုပ်သားများသည် ဘော့စ်တွန်မြို့၏ အဝေးပြေးကုန်းကျော်တံတားကြီး(အင်တာစတိတ် ၉၃) ၏အောက်တွင် ဆူညံနေသောအသံများအကြား အလုပ်လုပ်ခဲ့ကြရ သည်။ကြိုတင် ပုံလောင်းထားသော လိုဏ်ခေါင်းပြွန်များကို ကြီးမားလှသည့် စက်ယန္တရားများဖြင့် မြေအောက်ရထားလမ်းများ ရှိရာ အေးခဲ နေသော မြေပြင်အောက်အတွင်းသို့ ထိုးသွင်းကြရသည်။

သက်တမ်းရာကျော်နေပြီးဖြစ်သော ဓာတ်ငွေ့ပိုက်လိုင်း၊ ရေပိုက်လိုင်း၊လျှပ်စစ်လိုင်း၊တယ်လီဖုန်းလိုင်း၊ကေဘယ်လိုင်းများကို ပြန်လည်နေရာချထားရသည်။အဝေးပြေးလမ်း လေးခုပါ ဝင်သော ဥမင် အသစ်ကိုတည်ဆောက်ကြရသည်။ယင်းစီမံကိန်းတွင် လိုဂန် လေဆိပ်သို့သွားသည့် လိုဏ်တစ်ခုလည်း ပါဝင် ခဲ့ပြီးချားစ် မြစ်ကို ကျော်ဖြတ်ထားသည့် သံဒိုင်းနှစ်ထပ်တံတားကို ကြိုးတံတားဖြင့် ပြောင်းလဲ အစားထိုးသည့် လုပ်ငန်း တစ် ရပ်ကိုလည်း ဆောင်ရွက်ခဲ့ရသည်။ ဘော့စ်တွန် မြို့ပြ စီမံကိန်းစံနစ် (Big Dig)၏ ဗိသုကာလက်ရာကိုကမ္ဘာအဝန်းချီးမွမ်းကြရသည်။ထိုစဉ်ကဘော့စ်တွန် မြို့၏တည်ရှိနေဆဲ မြို့ပြ သယ်ယူပို့ဆောင်ရေးစံနစ်ကို ဖျက်သိမ်းခဲ့ကာ ပန်းခြံများ၊ စိမ်းလန်းစိုပြေ နေရာများပါဝင်သည့် မြို့ပြ ရှုခင်းအသစ်ကို ပုံဖော်နိုင်ခဲ့သည်။

၉၊ချောက်သုံးခုဆည် (Three Georges System)

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ချောက်ကမ်းပါးသုံးခုဆည်သည် တရုတ်နိုင်ငံတွင်မဟာတံတိုင်းပြီးလျှင် အကြီးမားဆုံး သော အင်ဂျင်နီယာ စီမံကိန်းဖြစ်သည်ဟု ဆိုကြသည်။အဆိုပါရေလှောင်ဆည်ကြီးသည် မိုင်ဝက် မြင့်ကာ ၁ ဒသမ ၅ မိုင် (၂ ဒသမ ၄ ကီလိုမီတာ) ကျယ်ဝန်းသည်။ကုန်တင်သင်္ဘောများသည် ဆည်အတွင်း ရေပြင်မှတစ်ဆင့် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်း မိုင် တစ်ထောင့်ငါးရာအထိ ဝင်ရောက်နိုင်ကြသည်။

အဆိုပါ ဆည်ကြီးကို လုပ်သားအင်အား ၂၀၀၀၀ ဖြင့် ၂၄ နာရီ ပတ်လုံးနေ့ဆိုင်းညဆိုင်းခွဲကာ တည်ဆောက်ခဲ့ ရပြီး ၂၀၀၉ ခုနှစ်တွင် လုပ်ငန်းများပြီးဆုံးခဲ့သည်။ဒေသခံ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ခန့်ကိုစီမံကိန်းမှ လွတ်ရာနေရာ များတွင် ပြန်လည်နေရာချထားပေးခဲ့ပြီး မြို့ပေါင်း ၁၀၀ ကိုအဆင့်မြှင့်ပေးနိုင်ခဲ့သည်။ဆည်ရှိ လျှပ်စစ်ဓာတ်အားပေး စက်များကို တရုတ်နိုင်ငံ၏ လျှပ်စစ်လိုအပ်ချက် ၁၀ ရာခိုင်နှုန်းနီးပါးကို ဖြည့်ဆည်းနိုင်ရန် တည်ဆောက်တပ်ဆင် ခဲ့သည်။ယင်းဆည်ကို ဆောက်လုပ်အပြီးတွင် တရုတ်အစိုးရကဒေသခံတို့၏ စီးပွားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ပြီး ပြန်လည်နေရာ ချ ထားသော နေရာများတွင် ပြည်သူများအခြေတကျနေထိုင်နိုင်ရေးစီမံကိန်းများကို ဆက်လက်ဆောင်ရွက် ပေးခဲ့ သည်။

၁၀၊နိုင်ငံတကာ အာကာသစခန်း (International Space System)

နိုင်ငံတကာ အာကာသစခန်း(ISS)သည် အာကာသအတွင်းသို့ လူတို့ လွှတ်တင်သမျှ ယာဉ်များ၊ ဝတ္ထုပစ္စည်းများ ထဲတွင် အကြီးမားဆုံး ဖြစ်သည်။ ပညာရှင်များက ဘိုးရင်း ၇၄၇ လေယာဉ် နှစ်စီးကို ယှဉ်ထားသည့်ပုံကိုကြည့်ကာ အာကာသ စခန်း တစ်ခု တည်ဆောက် ရန် စိတ်ကူးရခဲ့ကြသည်။အဆိုပါ အာကာသစခန်းသည် ၄၃၀၀၀ ကုဗပေ (၁၂၁၇.၆ ကုဗမီတာ) ခန့် ကြီးမားကျယ်ဝန်းသောကြောင့် ကမ္ဘာ့မြေပြင်၏ ၉၀ ရာခိုင်နှုန်းသောနေရာများကို ယင်းစခန်းမှပကတိ မျက်လုံး ဖြင့်မြင် နိုင်ကြမည်ဟု ဆိုသည်။

နိုင်ငံတကာ အာကာသစခန်းစီမံကိန်းကို နိုင်ငံ ၁၆ နိုင်ငံမှ များစွာသော ကော်ပိုရေးရှင်းများနှင့် လူပေါင်း တစ်သိန်း ကျော်က ပါဝင်ပူးပေါင်းခဲ့ကြသည်။ကုန်ကျငွေ အများဆုံးနှင့် လုပ်ငန်းပမာဏအကြီးမားဆုံးဖြစ်သော ယင်းစီမံကိန်းသည် ဒေါ် လာ ဘီလီယံ ၁၀၀ ခန့်ကုန်ကျမည်ဖြစ်ရာ ၊ ဒေါ်လာဘီလီယံ ၁၀၀ ဟူသည့် ငွေပမာဏ သည် အပိုလို အာကာသ ယာဉ် များ အားလုံးကို မြေပြင်မှ လ သို့ပို့လွှတ်နိုင်ခဲ့သည့် ကုန်ကျစရိတ် ဖြစ်သည်။
နည်းပညာတို့ တစ်ဟုန်ထိုး စဉ်ဆက်မပြတ် တိုးတက်နေသည့်ယနေ့ခေတ်ကာလတွင်ကမ္ဘာတစ်ဝန်းမှအင်ဂျင်နီယာ များ၏ စွမ်းဆောင်မှုများကြောင့် လှပ ဆန်းကြယ်သော ဒီဇိုင်းများနှင့်တကွ ထူးဆန်းအံ့ဩဘွယ် အင်ဂျင်နီယာလုပ်ငန်း များ သည် ဆက်လက်ပေါ်ထွန်းနေဦးမည်သာ ဖြစ်ပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတအလင်း မဂ္ဂဇင်းမှ

Leave a Reply