အိႏၵိယႏုိင္ငံမွာ ဗုဒၶဘာသာကို ျပန္လည္ထြန္းကားေစခဲ့ၾကသူမ်ား

Posted on

အိႏၵိယႏုိင္ငံႏွင့္ သီရိလကၤာႏုိင္ငံတုိ႕ အၾကား ကူးလူးဆက္ဆံမႈသည္ အေသာကမင္းႏွင့္ တိသမင္းတုိ႕ လက္ထက္တြင္ အျမင့္မားဆုံးျဖစ္ခ့ဲသည္၊ အေသာကမင္းၾသဇာအာဏာသည္ မိမိႏုိင္ငံ အျပင္ အျခား ႏုိင္ငံ မ်ားအေပၚတြင္လည္း သက္ေရာက္ခ့ဲသည္၊  အေသာကမင္းသည္ စစ္မတုိက္ရပဲ သီရိလကၤာႏုိင္ငံ တစ္၀ွမ္းလုံး ကုိ ဓမၼျဖင့္ ေအာင္ႏုိင္သူျဖစ္ျပီး လကၤာ သားတုိ႕ႏွလုံးသား၀ယ္ အေသာကဟူေသာ အမည္ကုိ စြဲျမဲခုိင္မာ စြာေရးထုိးႏုိင္ခ့ဲသည္။

သားေတာ္မဟိႏၵႏွင့္ သမီးေတာ္သဃၤမိတၱာတုိ႕မွာ လည္းေသးငယ္ ေသာ ကၽြန္းႏုိင္ငံေလးတြင္ အသက္ထက္ ဆုံး သာသနာျပဳေတာ္မူခ့ဲၾကသည္၊ ရွင္မဟိႏၵမေထရ္သည္ ငယ္ရြယ္ႏုပ်ိဳစဥ္ သက္ေတာ္( ၃၂) ႏွစ္တြင္ အရြယ္တြင္ သီရိလကၤာႏုိင္ငံသုိ႕ေရာက္ခ့ဲသည္၊ အႏုရာဓ ပူရျမိဳ႕တြင္ ဘုရင္ေဒ၀ါနံ ပိယတိႆမင္းႏွင့္ အတူ ဗုဒၶသာသနာ့ သမုိင္း မွတ္တုိင္မ်ားစြာကုိ စုိက္ထူႏုိင္ ခ့ဲသည္၊ သီရိလကၤာႏုိင္ငံ မင္းအဆက္ဆက္တုိ႕သည္ မေထရ္ျမတ္ကုိ ႏုိင္ငံ့ေခါင္းေဆာင္ၾကီး အျဖစ္ လည္းတန္ဖုိးထားၾကသည္။

မေထရ္ျမတ္ႏွင့္ေဒ၀ါနံ ပိယတိႆမင္းတုိ႕သည္ သီရိလကၤာႏုိင္ငံ ေရႊေရာင္ ေခတ္ အဆက္ဆက္၏ ဖန္တီး ရွင္မ်ားျဖစ္ခ့ဲၾကသည္၊ ယေန႕ေခတ္တြင္လည္း သီရိလကၤာႏုိင္ငံသည္ ဗုဒၶသာသနာေတာ္ ႏွင့္ပတ္ သက္ ျပီး ေရႊေရာင္ေခတ္ကုိ ပုိင္ဆုိင္ဆဲပင္ျဖစ္သည္၊ မေထရ္ျမတ္ သည္ ဥတၱိယမင္း လက္ထက္ အႏုရာဓပူရျမိဳ႕၊ ေစတိယပဗၺတ၌၀ါဆုိေတာ္မူစဥ္ သက္ေတာ္ရွစ္ဆယ္ အရြယ္၌ ပရိနိဗၺာန္ျပဳေတာ္မူခ့ဲသည္၊

ႏွမျဖစ္ေသာ သဃၤမိတၱာေထရီသည္လည္း ေမာင္ေတာ္မဟိႏၵ မေထရ္လြန္ျပီး ေနာက္ႏွစ္တြင္ အႏုရဓပူရျမိဳ႕ မွာပင္ ဘ၀ဇာတ္သိမ္းခ့ဲသည္၊ ေရွ႕ဆင့္ေနာက္ဆင့္ဆုိ သက့ဲသုိ႕ သီရိလကၤာႏုိင္ငံသုိ႕ ေရာက္ခ့ဲၾကေသာ အေသာကမင္း၏ ရင္ႏွင့္ခ်စ္၍မျငီးေသာ သားေတာ္ႏွင့္ သမီးေတာ္တုိ႕သည္ သာသနာေတာ္၏ တာ၀န္ကုိ အသက္ထက္ဆုံး ထမ္းေဆာင္သြားခ့ဲၾကသည္၊ အေသာက္မင္းသည္ သီရိလကၤာ သာသနာေတာ္ကုိ ရင္မွ ျဖစ္သာ ေသြးျဖင့္ ေရးထုိးႏုိင္ခ့ဲသူျဖစ္သည္၊  ေဒ၀ါနံပိယဒႆီ အေသာကမင္းႏွင့္ ေဒ၀ါနံ ပိယတိႆမင္းႏွစ္ပါးတုိ႕သည္ ေနမင္း၊ လမင္းတုိ႕အလား သာသနာ့ေ၀ဟင္တြင္ အစဥ္ထြန္းလင္းေနဦးမည္သာျဖစ္သည္။

ႏုိင္ငံ့ေခါင္းေဆာင္၊ အိႏၵိယႏုိင္ငံ၏ အေျခခံဥပေဒကုိ ဦးေဆာင္ေရးဆြဲသူ၊ တရားေရးပညာရွင္ ေဒါက္တာ ဘင္မရာအုိ ရမ္ဂ်ိ အမ္ေဘဒကာသည္ အမ်ားအားျဖင့္ ဇာတ္နိမ့္မ်ားဟုေခၚေ၀ၚသမုတ္ျခင္း ခံရေသာ အိႏၵိယႏုိင္ငံသား ငါးသိန္းႏွင့္အတူ (၁၉၅၆) ခုႏွစ္ ေအာက္တုိဘာလ( ၁၄)ရက္ တနဂၤေႏြေန႕ တြင္ နာဂပူျမိဳ႕၌ ျမန္မာႏုိင္ငံသား ကုသိနာရုံဆရာေတာ္ၾကီး ဦးစျႏၵမုနိထံမွ သရဏဂုဏ္သုံးပါးႏွင့္ ငါးပါးသီလ တုိ႕ကုိ ခံယူေဆာက္တည္ခ့ဲျပီး ဗုဒၶဘာသာ၀င္ အျဖစ္ခံယူခ့ဲၾကသည္။ ဆုိပါကူးေျပာင္းမႈသည္ အိႏၵိယႏုိင္ငံတြင္ ၾကီးက်ယ္ ထင္ရွားခ့ဲသည္၊ ဤျဖစ္ရပ္သည္ ဗုဒၶဘာသာ ကုိစိတ္၀င္ စားၾကေသာ အိႏၵိယႏုိင္ငံသားမ်ားအတြက္ ဂုဏ္ယူဖြယ္ျဖစ္သက့ဲသုိ႕ အားတက္ဖြယ္ရာ လည္း ျဖစ္ခ့ဲသည္။

ဗုဒၶဘာသာကုိ သက္၀င္ယုံၾကည္လာၾကေသာ ေနာင္လာေနာက္သားမ်ိဳးဆက္တုိ႕ သည္ ျမန္မာရဟန္းေတာ္ မ်ားကုိေလးစား ၾကည္ညိဳၾကသည္၊  မဟာရ႒ျပည္နယ္သား ဗုဒၶဘာသာမ်ား သည္ ဦးစျဒရမုနိမဟာေထရ္ျမတ္ကုိ ျမတ္ျမတ္ႏုိးႏုိး တန္ဖုိးထားၾက သည္၊ ရဟန္းေတာ္မ်ားကုိလည္း ရုိေသေလးစားစြာဆက္ဆံၾကသည္၊ ကုသိနာရုံကုိ ယေန႕တုိင္ ထင္ထင္ ရွားရွားမွတ္မွတ္သားသား ရွိေစရန္ အားထုတ္ၾကိဳးပမ္းခ့ဲသူမွာလည္း ဦးစျဒမုနိမဟာေထရ္ျမတ္ ပင္ျဖစ္သည္။ ဆရာေတာ္သည္ ရွင္သာမေဏဘ၀ကပင္ အိႏၵိယႏုိင္ငံတစ္ခြင္ေျခဆန္႕ျပီး ဟိႏၵဴဘုန္းေတာ္ၾကီးမ်ား၊ လူ ပညာရွိမ်ားထံ ဟင္ဒီစာေပႏွင့္ သကၠတစာေပတုိ႕ကုိ ေလ့လာသင္ယူခ့ဲသည္၊ ဆရာေတာ္ အိႏၵိယ ႏုိင္ငံ သုိ႕ေရာက္ရွိခ့ဲျခင္း၏ ေနာက္ခံ သမုိင္းသည္ သီရိလကၤာႏုိင္ငံသား အနာဂါရိကဓမၼပါလႏွင့္ ဆက္ စပ္ေနသည္။

(၁၈၉၁) ခုႏွစ္တြင္ သီရီလကၤာႏုိင္ငံသား အနာဂါရိကဓမၼပါလသည္ အိႏၵိယႏုိင္ငံ ဗုဒၶဂယာေဒသရွိ မဟာေဗာဓိေစတီေတာ္သုိ႕ ေရာက္ရွိခ့ဲသည္၊ အနာဂါရိကဓမၼပါလေတြ႕ျမင္ လုိက္ရေသာ အေျခအေန မ်ားသည္ ဗုဒၶဘာသာ၀င္မ်ားအတြက္ ၀မ္းနည္းဖြယ္ရာျဖစ္ခ့ဲသည္၊ ဗုဒၶဘာသာ၀င္မ်ား သဒၶါတရားထက္သန္စြာ လွဴဒါန္းၾကေသာ လွဴဖြယ္မ်ားကုိ ဟိႏၵဴဘုန္းေတာ္ၾကီး မဟန္႕က သိမ္းပုိက္ေနသည္ကုိ မ်က္၀ါးထင္ထင္ေတြ႕လုိက္ရသျဖင့္ ထိတ္လန္႕ခ့ဲရသည္၊

ဤသုိ႕ျဖင့္ အနာဂါရိက ဓမၼပါလသည္ မဟာေဗာဓိေစတီေတာ္ကုိ ဗုဒၶဘာသာ၀င္မ်ား၏ လက္၀ယ္သုိ႕ျပန္ လည္ ေရာက္ရွိေရးႏွင့္ ဗုဒၶဘာသာျပန္လည္ထြန္းကားေရးအတြက္ အားသြန္ ခြန္စုိက္ ၾကိဳးပမ္းေတာ့သည္၊ အိႏၵိယႏုိင္ငံတြင္ မဟာေဗာဓိအသင္းကုိလည္း ထူေထာင္ခ့ဲသည္၊ အနာဂါရိလကဓမၼပါလႏွင့္အေမရိကန္ႏုိင္ငံသားဗုိလ္မွဴးၾကီး ေအာ္လေကာ့တုိ႕သည္ ျမန္မာႏုိင္ငံ ရန္ကုန္ျမိဳ႕၊ မႏၱေလးျမိဳ႕၊ ေမာ္လျမိဳင္ျမိဳ႕၊ စစ္ေတြျမိဳ႕မ်ားသုိ႕လည္း မဟာေဗာဓိအသင္းမ်ား ထူေထာင္ ႏုိင္ရန္ေရာက္ ရွိခ့ဲသည္။

စစ္ေတြျမိဳ႕သုိ႕ ေရာက္စဥ္ မဟာာေဗာဓိ အသင္း ဖြဲ႕စည္းေရး အခမ္း အနားတြင္ အိႏၵိယႏုိင္ငံ ဗုဒၶဘာသာ ျပန္လည္ ထြန္းကားေရး အတြက္ သတၱိ ဗ်တၱိႏွင့္ျပည့္စုံေသာ ရဟန္း၊ သာမေဏ အလုိရွိေၾကာင္း တင္ျပသည္။ ေနာက္ဆုံးတြင္ စႏၵိမာရာမေက်ာင္းတုိက္တြင္ ပိဋကတ္စာေပ သင္ယူေနေသာ ဆရာေတာ္ စျဒမုနိေလာင္းလ်ာ ကုိ ေတြ႕ရွိခ့ဲၾကသည္၊ အနာဂါရိကဓမၼပါလႏွင့္ ေအာလေကာ့တုိ႕သည္ ဆရာေတာ္  ေလာင္း လ်ာကုိ ရလုိက္သျဖင့္ မ်ားစြာ၀မ္းေျမာက္၀မ္းသာ ျဖစ္ၾကသည္၊ အနာဂတ္အိႏၵိယ ႏုိင္ငံတြင္ ဗုဒၶဘာသာ ျပန္လည္ထြန္းကားေရး အတြက္လည္း အားတက္သေရာ ျဖစ္ခ့ဲၾက သည္။

ေနာက္ပုိင္းတြင္ ဦးစျဒမုနိသည္ အနာဂါရိကဓမၼပါလ၊ ဗုိလ္မွဴးၾကီး ေအာ္လေကာ့ တုိ႕ႏွင့္ လက္တြဲကာ အိႏၵိယႏုိင္ငံ ဗုဒၶဘာသာ ျပန္လည္ ထြန္းကားေရးအတြက္ အသက္ထက္ဆုံး ေဆာင္ရြက္သြားခ့ဲသည္။ သီရိလကၤာႏုိင္ငံသား အနာဂါရိက ဓမၼပါလသူေတာ္စင္၏ ေက်းဇူးျဖင့္ မဟာေဗာဓိေစတီေတာ္ၾကီးကုိ ဗုဒၶဘာသာ၀င္မ်ား စိတ္တုိင္းက် ဖူးေျမာ္ႏုိင္သက့ဲသုိ႕ ရခုိင္တုိင္းရင္းသား ျမန္မာရဟန္းေတာ္ဦးစျဒမုနိ မဟာေထရ္ျမတ္၏ ေက်းဇူးေၾကာင့္ အိႏၵိယႏုိင္ငံတြင္ ဗုဒၶဘာသာ၀င္မ်ားတုိးပြားခ့ဲရျပီး ယေန႕ကုသိနာရုံ ကုိ ဗုဒၶဘာသာ၀င္မ်ား စိတ္တုိင္းက် ၾကည္ႏူးခ်မ္းေျမ႕စြာပူေဇာ္ႏုိင္ခ့ဲျပီျဖစ္သည္။

ကမၻာ့ေရစီး ေၾကာင္းသည္ အႏွစ္တစ္ေထာင္က်လွ်င္ ကမၻာကုိ တစ္ပတ္ပတ္မိေအာင္စီးသည္ဟု ၾကားဖူး သည္၊ ျမတ္ဗုဒၶ သာသနာေတာ္သည္ အိႏၵိယႏုိင္ငံတြင္ ႏွစ္ေပါင္း ( ၁၇၀၀) ေက်ာ္ ရွင္သန္ ခ့ဲသည္၊ ခရစ္ႏွစ္ ( ၁၂၀၀) ေနာက္ပုိင္းတြင္ အိႏၵိယႏုိင္ငံမွ ေပ်ာက္ကြယ္သြားခ့ဲရသည္၊ သီရိလကၤာႏုိင္ငံသုိ႕ စီး၀င္သြားခ့ဲေသာ ဗုဒၶသာသနာ့ေရစီးေၾကာင္းသည္လည္းေကာင္း၊ သု၀ဏ္ဏဘူမိ သုိ႕စီး၀င္သြားေသာ ဗုဒၶသာသနာ့ ေရစီးေၾကာင္းသည္လည္းေကာင္း ႏွစ္ေပါင္းတစ္ေထာင္မျပည့္မီပင္ မိခင္တုိင္းျပည္ အိႏၵိယႏုိင္ငံ ၾကီးသုိ႕ ျပန္လည္ေရာက္ရွိခ့ဲျပီျဖစ္သည္။

ဗုဒၶသာသနာေတာ္ကုိ မိခင္တုိင္းျပည္ၾကီးသုိ႕ ျပန္လည္ သယ္ေဆာင္ရာတြင္ ျမန္မာႏုိင္ငံသား ဦးစျဒမုနိ မဟာေထရ္သည္ အဓိကေနရာက ပါ၀င္ခ့ဲသက့ဲသုိ႕ သီရိလကၤာႏုိင္ငံသား သူေတာ္စင္ၾကီး အနာဂါရိက ဓမၼပါလသည္လည္း ေမ့၍ မရစေကာင္းေသာ ပုဂၢိဳလ္ ၾကီးျဖစ္သည္၊ အဆုိပါပုဂၢိဳလ္ ၾကီးမ်ား ကုိ ေခတ္သစ္ ဗုဒၶသာသနာ့ သမုိင္းတြင္ ထာ၀စဥ္ထြန္းလင္းေနမည့္ ၾကယ္စင္ၾကီးမ်ားဟု ဆုိလွ်င္ ရႏုိင္ပါ ေတာ့သည္။

သီရိလကၤာႏုိင္ငံ၊ ျမန္မာေက်ာင္းသားမ်ား ဦးစီးထုတ္ေ၀ေသာ တတိယ အၾကိမ္ေျမာက္ “လကၤာတမန္” မဂၢဇင္းတြင္ ေဖာ္ျပခ့ဲေသာေဆာင္းပါးျဖစ္ပါသည္။

————————–

အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာကို ပြန်လည်ထွန်းကားစေခဲ့ကြသူများ (unicode)

အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ အကြား ကူးလူးဆက်ဆံမှုသည် အသောကမင်းနှင့် တိသမင်းတို့ လက်ထက်တွင် အမြင့်မားဆုံးဖြစ်ခဲ့သည်၊ အသောကမင်းဩဇာအာဏာသည် မိမိနိုင်ငံ အပြင် အခြား နိုင်ငံ များအပေါ်တွင်လည်း သက်ရောက်ခဲ့သည်၊  အသောကမင်းသည် စစ်မတိုက်ရပဲ သီရိလင်္ကာနိုင်ငံ တစ်ဝှမ်းလုံး ကို ဓမ္မဖြင့် အောင်နိုင်သူဖြစ်ပြီး လင်္ကာ သားတို့နှလုံးသားဝယ် အသောကဟူသော အမည်ကို စွဲမြဲခိုင်မာ စွာရေးထိုးနိုင်ခဲ့သည်။

သားတော်မဟိန္ဒနှင့် သမီးတော်သင်္ဃမိတ္တာတို့မှာ လည်းသေးငယ် သော ကျွန်းနိုင်ငံလေးတွင် အသက်ထက် ဆုံး သာသနာပြုတော်မူခဲ့ကြသည်၊ ရှင်မဟိန္ဒမထေရ်သည် ငယ်ရွယ်နုပျိုစဉ် သက်တော်( ၃၂) နှစ်တွင် အရွယ်တွင် သီရိလင်္ကာနိုင်ငံသို့ရောက်ခဲ့သည်၊ အနုရာဓ ပူရမြို့တွင် ဘုရင်ဒေဝါနံ ပိယတိဿမင်းနှင့် အတူ ဗုဒ္ဓသာသနာ့ သမိုင်း မှတ်တိုင်များစွာကို စိုက်ထူနိုင် ခဲ့သည်၊ သီရိလင်္ကာနိုင်ငံ မင်းအဆက်ဆက်တို့သည် မထေရ်မြတ်ကို နိုင်ငံ့ခေါင်းဆောင်ကြီး အဖြစ် လည်းတန်ဖိုးထားကြသည်။

မထေရ်မြတ်နှင့်ဒေဝါနံ ပိယတိဿမင်းတို့သည် သီရိလင်္ကာနိုင်ငံ ရွှေရောင် ခေတ် အဆက်ဆက်၏ ဖန်တီး ရှင်များဖြစ်ခဲ့ကြသည်၊ ယနေ့ခေတ်တွင်လည်း သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓသာသနာတော် နှင့်ပတ် သက် ပြီး ရွှေရောင်ခေတ်ကို ပိုင်ဆိုင်ဆဲပင်ဖြစ်သည်၊ မထေရ်မြတ် သည် ဥတ္တိယမင်း လက်ထက် အနုရာဓပူရမြို့၊ စေတိယပဗ္ဗတ၌ဝါဆိုတော်မူစဉ် သက်တော်ရှစ်ဆယ် အရွယ်၌ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်၊

နှမဖြစ်သော သင်္ဃမိတ္တာထေရီသည်လည်း မောင်တော်မဟိန္ဒ မထေရ်လွန်ပြီး နောက်နှစ်တွင် အနုရဓပူရမြို့ မှာပင် ဘဝဇာတ်သိမ်းခဲ့သည်၊ ရှေ့ဆင့်နောက်ဆင့်ဆို သကဲ့သို့ သီရိလင်္ကာနိုင်ငံသို့ ရောက်ခဲ့ကြသော အသောကမင်း၏ ရင်နှင့်ချစ်၍မငြီးသော သားတော်နှင့် သမီးတော်တို့သည် သာသနာတော်၏ တာဝန်ကို အသက်ထက်ဆုံး ထမ်းဆောင်သွားခဲ့ကြသည်၊ အသောက်မင်းသည် သီရိလင်္ကာ သာသနာတော်ကို ရင်မှ ဖြစ်သာ သွေးဖြင့် ရေးထိုးနိုင်ခဲ့သူဖြစ်သည်၊  ဒေဝါနံပိယဒဿီ အသောကမင်းနှင့် ဒေဝါနံ ပိယတိဿမင်းနှစ်ပါးတို့သည် နေမင်း၊ လမင်းတို့အလား သာသနာ့ဝေဟင်တွင် အစဉ်ထွန်းလင်းနေဦးမည်သာဖြစ်သည်။

နိုင်ငံ့ခေါင်းဆောင်၊ အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲသူ၊ တရားရေးပညာရှင် ဒေါက်တာ ဘင်မရာအို ရမ်ဂျိ အမ်ဘေဒကာသည် အများအားဖြင့် ဇာတ်နိမ့်များဟုခေါ်ဝေါ်သမုတ်ခြင်း ခံရသော အိန္ဒိယနိုင်ငံသား ငါးသိန်းနှင့်အတူ (၁၉၅၆) ခုနှစ် အောက်တိုဘာလ( ၁၄)ရက် တနင်္ဂနွေနေ့ တွင် နာဂပူမြို့၌ မြန်မာနိုင်ငံသား ကုသိနာရုံဆရာတော်ကြီး ဦးစန္ဒြမုနိထံမှ သရဏဂုဏ်သုံးပါးနှင့် ငါးပါးသီလ တို့ကို ခံယူဆောက်တည်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူခဲ့ကြသည်။ ဆိုပါကူးပြောင်းမှုသည် အိန္ဒိယနိုင်ငံတွင် ကြီးကျယ် ထင်ရှားခဲ့သည်၊ ဤဖြစ်ရပ်သည် ဗုဒ္ဓဘာသာ ကိုစိတ်ဝင် စားကြသော အိန္ဒိယနိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ဖြစ်သကဲ့သို့ အားတက်ဖွယ်ရာ လည်း ဖြစ်ခဲ့သည်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြသော နောင်လာနောက်သားမျိုးဆက်တို့ သည် မြန်မာရဟန်းတော် များကိုလေးစား ကြည်ညိုကြသည်၊  မဟာရဋ္ဌပြည်နယ်သား ဗုဒ္ဓဘာသာများ သည် ဦးစဒြရမုနိမဟာထေရ်မြတ်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထားကြ သည်၊ ရဟန်းတော်များကိုလည်း ရိုသေလေးစားစွာဆက်ဆံကြသည်၊ ကုသိနာရုံကို ယနေ့တိုင် ထင်ထင် ရှားရှားမှတ်မှတ်သားသား ရှိစေရန် အားထုတ်ကြိုးပမ်းခဲ့သူမှာလည်း ဦးစဒြမုနိမဟာထေရ်မြတ် ပင်ဖြစ်သည်။ ဆရာတော်သည် ရှင်သာမဏေဘဝကပင် အိန္ဒိယနိုင်ငံတစ်ခွင်ခြေဆန့်ပြီး ဟိန္ဒူဘုန်းတော်ကြီးများ၊ လူ ပညာရှိများထံ ဟင်ဒီစာပေနှင့် သက္ကတစာပေတို့ကို လေ့လာသင်ယူခဲ့သည်၊ ဆရာတော် အိန္ဒိယ နိုင်ငံ သို့ရောက်ရှိခဲ့ခြင်း၏ နောက်ခံ သမိုင်းသည် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလနှင့် ဆက် စပ်နေသည်။

(၁၈၉၁) ခုနှစ်တွင် သီရီလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလသည် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဒေသရှိ မဟာဗောဓိစေတီတော်သို့ ရောက်ရှိခဲ့သည်၊ အနာဂါရိကဓမ္မပါလတွေ့မြင် လိုက်ရသော အခြေအနေ များသည် ဗုဒ္ဓဘာသာဝင်များအတွက် ဝမ်းနည်းဖွယ်ရာဖြစ်ခဲ့သည်၊ ဗုဒ္ဓဘာသာဝင်များ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းကြသော လှူဖွယ်များကို ဟိန္ဒူဘုန်းတော်ကြီး မဟန့်က သိမ်းပိုက်နေသည်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရသဖြင့် ထိတ်လန့်ခဲ့ရသည်၊

ဤသို့ဖြင့် အနာဂါရိက ဓမ္မပါလသည် မဟာဗောဓိစေတီတော်ကို ဗုဒ္ဓဘာသာဝင်များ၏ လက်ဝယ်သို့ပြန် လည် ရောက်ရှိရေးနှင့် ဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းတော့သည်၊ အိန္ဒိယနိုင်ငံတွင် မဟာဗောဓိအသင်းကိုလည်း ထူထောင်ခဲ့သည်၊ အနာဂါရိလကဓမ္မပါလနှင့်အမေရိကန်နိုင်ငံသားဗိုလ်မှူးကြီး အော်လကော့တို့သည် မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့၊ မော်လမြိုင်မြို့၊ စစ်တွေမြို့များသို့လည်း မဟာဗောဓိအသင်းများ ထူထောင် နိုင်ရန်ရောက် ရှိခဲ့သည်။

စစ်တွေမြို့သို့ ရောက်စဉ် မဟာဗောဓိ အသင်း ဖွဲ့စည်းရေး အခမ်း အနားတွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေး အတွက် သတ္တိ ဗျတ္တိနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ အလိုရှိကြောင်း တင်ပြသည်။ နောက်ဆုံးတွင် စန္ဒိမာရာမကျောင်းတိုက်တွင် ပိဋကတ်စာပေ သင်ယူနေသော ဆရာတော် စဒြမုနိလောင်းလျာ ကို တွေ့ရှိခဲ့ကြသည်၊ အနာဂါရိကဓမ္မပါလနှင့် အောလကော့တို့သည် ဆရာတော်  လောင်း လျာကို ရလိုက်သဖြင့် များစွာဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်၊ အနာဂတ်အိန္ဒိယ နိုင်ငံတွင် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး အတွက်လည်း အားတက်သရော ဖြစ်ခဲ့ကြ သည်။

နောက်ပိုင်းတွင် ဦးစဒြမုနိသည် အနာဂါရိကဓမ္မပါလ၊ ဗိုလ်မှူးကြီး အော်လကော့ တို့နှင့် လက်တွဲကာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားရေးအတွက် အသက်ထက်ဆုံး ဆောင်ရွက်သွားခဲ့သည်။ သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလသူတော်စင်၏ ကျေးဇူးဖြင့် မဟာဗောဓိစေတီတော်ကြီးကို ဗုဒ္ဓဘာသာဝင်များ စိတ်တိုင်းကျ ဖူးမြော်နိုင်သကဲ့သို့ ရခိုင်တိုင်းရင်းသား မြန်မာရဟန်းတော်ဦးစဒြမုနိ မဟာထေရ်မြတ်၏ ကျေးဇူးကြောင့် အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များတိုးပွားခဲ့ရပြီး ယနေ့ကုသိနာရုံ ကို ဗုဒ္ဓဘာသာဝင်များ စိတ်တိုင်းကျ ကြည်နူးချမ်းမြေ့စွာပူဇော်နိုင်ခဲ့ပြီဖြစ်သည်။

ကမ္ဘာ့ရေစီး ကြောင်းသည် အနှစ်တစ်ထောင်ကျလျှင် ကမ္ဘာကို တစ်ပတ်ပတ်မိအောင်စီးသည်ဟု ကြားဖူး သည်၊ မြတ်ဗုဒ္ဓ သာသနာတော်သည် အိန္ဒိယနိုင်ငံတွင် နှစ်ပေါင်း ( ၁၇၀၀) ကျော် ရှင်သန် ခဲ့သည်၊ ခရစ်နှစ် ( ၁၂၀၀) နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ ပျောက်ကွယ်သွားခဲ့ရသည်၊ သီရိလင်္ကာနိုင်ငံသို့ စီးဝင်သွားခဲ့သော ဗုဒ္ဓသာသနာ့ရေစီးကြောင်းသည်လည်းကောင်း၊ သုဝဏ်ဏဘူမိ သို့စီးဝင်သွားသော ဗုဒ္ဓသာသနာ့ ရေစီးကြောင်းသည်လည်းကောင်း နှစ်ပေါင်းတစ်ထောင်မပြည့်မီပင် မိခင်တိုင်းပြည် အိန္ဒိယနိုင်ငံ ကြီးသို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။

ဗုဒ္ဓသာသနာတော်ကို မိခင်တိုင်းပြည်ကြီးသို့ ပြန်လည် သယ်ဆောင်ရာတွင် မြန်မာနိုင်ငံသား ဦးစဒြမုနိ မဟာထေရ်သည် အဓိကနေရာက ပါဝင်ခဲ့သကဲ့သို့ သီရိလင်္ကာနိုင်ငံသား သူတော်စင်ကြီး အနာဂါရိက ဓမ္မပါလသည်လည်း မေ့၍ မရစကောင်းသော ပုဂ္ဂိုလ် ကြီးဖြစ်သည်၊ အဆိုပါပုဂ္ဂိုလ် ကြီးများ ကို ခေတ်သစ် ဗုဒ္ဓသာသနာ့ သမိုင်းတွင် ထာဝစဉ်ထွန်းလင်းနေမည့် ကြယ်စင်ကြီးများဟု ဆိုလျှင် ရနိုင်ပါ တော့သည်။

သီရိလင်္ကာနိုင်ငံ၊ မြန်မာကျောင်းသားများ ဦးစီးထုတ်ဝေသော တတိယ အကြိမ်မြောက် “လင်္ကာတမန်” မဂ္ဂဇင်းတွင် ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။

Leave a Reply