ရွဥ့္ကေလးတစ္ေကာင္ ရွိခဲ့သည္

Posted on

လြန္ခဲ့ေသာ ၁၅ ႏွစ္ခန္႔က ျဖစ္ပါသည္။ ကၽြန္ေတာ္ စာေရးဆရာ ေပါက္စဘ၀။ ၀င္ေငြ မေသခ်ာ ေသးသည့္ အခ်ိန္။တစ္ေန႔ မွာေတာ့ လက္ရွိ ဘ၀ျပႆနာကုိ အေလးအနက္ စဥ္းစား အေျဖရွာ ေတာ့မည္ ရည္ရြယ္ကာ တိတ္ဆိတ္သည့္ ပန္းၿခံတစ္ခုထဲ ကၽြန္ေတာ္၀င္လာခဲ့သည္။

အမ်ိဳးသမီးႏွင့္ ကၽြန္ေတာ္ေစ့စပ္ေၾကာင္းလမ္းထားခဲ့တာ ေလးႏွစ္ရွိသြားၿပီ ျဖစ္သည္။ သုိ႕ေသာ္ လက္ထပ္ဖုိ႔ မစဥ္းစားႏုိင္ေသး။ ေနာက္ႏွစ္မွာ ကၽြန္ေတာ့္၀င္ေငြ ဘယ္ေလာက္ရွိမည္ဆုိတာ ခန္႔မွန္းမရႏုိင္ေသး။ ၿပီးေတာ့ ကၽြန္ေတာ္တုိ႔ ႏွစ္ေယာက္ သိပ္ေတာင့္တတာ တစ္ခုရွိသည္။ ပါရီ၊ ေရာမ၊ ဗီယင္နာ ၊ လန္ဒန္ စသျဖင့္ ဥေရာပ အႏွံ႔အျပားမွာ လွည့္လည္ေနထုိင္ရင္း စာေရးခ်င္ေသာ ဆႏၵ။

သုိ႔ေသာ္ မၾကာမၾကာ ေငြအသင့္အတင့္ ရဖုိ႕ပင္ မေသခ်ာေသးေသာ ယခုခ်ိန္ခါ၌ ကုိယ့္အတြက္ လံုၿခံဳမွဳရွိသည့္ ကုိယ္သိကၽြမ္းၿပီးသား ပတ္၀န္းက်င္ကုိ စြန္႔ခြာကာ မုိင္ ၃၀၀၀ ေက်ာ္အေ၀း ရွိ ဥေရာပသုိ႔ သြားေရာက္ရန္မွာ မစဥ္းစား ေကာင္းေသာ အရာတစ္ခု ျဖစ္ေနသည္။

အဲသည္အခုိက္အတန္႔မွာပင္ ပန္းၿခံထဲရွိ သစ္ပင္ျမင့္ႀကီးတစ္ခုထက္မွ ရွဥ့္ကေလးတစ္ေကာင္ ေနာက္သစ္ပင္ႀကီးတစ္ပင္ေပၚ လွမ္းခုန္ကူးတာ ကၽြန္ေတာ္ျမင္ရသည္။ သူ ရည္ရြယ္ပံုရသည့္ ဒုတိယသစ္ပင္ႀကီးမွ သစ္ကုိင္းက သူႏွင့္အေတာ္ပင္ အလွမ္းေ၀းသည္။ ျမင့္လည္းအျမင့္ႀကီး။ သူလုပ္ပံုက စြန္႔စားတာႏွင့္မတူ၊ သတ္ေသဖုိ႔ ႀကံစည္ေနသလားပင္ ေအာက္ေမ့ရသည္။ တကယ္လည္း သူ ခုန္သည့္ အကုိင္းႀကီးဆီသုိ႔ မေရာက္ပါ ။ ေလထဲ ျပဳတ္က်လာသည္။ သုိ႔ေသာ္ ေအာက္ဘက္အေတာ္နိမ့္သည့္ သစ္ကုိင္းတစ္ခုမွာ ေဘးမသီရန္မခ သြားခ်ိတ္မိသည္။ ၿပီးေတာ့ ဘာမွမမႈသလုိ ဟန္မ်ဳိးႏွင့္ သူနဂို ရည္မွန္းရာ သစ္ကုိင္းႀကီးဆီသုိ႔ ေျပးတက္သြားသည္။ အေတာ္ဟုတ္သည့္ ေကာင္။

ခံုတန္းလ်ားေပၚ ထုိင္ေနသည့္ အဘုိးႀကီးတစ္ေယာက္ကလည္း သေဘာက်စြာ မွတ္ခ်က္ခ်သည္။

“အ့ံၾသစရာကြ၊ ဒီေကာင္ေတြခုန္တာ ကုိယ္ အႀကိမ္ေပါင္း ရာခ်ီၿပီး ျမင္ဖူးတယ္၊ အထူးသျဖင့္ ေအာက္မွာ ေခြးေတြ၀ုိင္းေနလုိ႕႔ ေျမႀကီးေပၚ ဆင္းမလာႏုိင္တဲ့အခ်ိန္၊ ခုန္တယ္၊ မ်ားေသာအားျဖင့္ လြဲသြားတာပဲ၊ ဒါေပမဲ့ အဲဒီလုိ ႀကိဳးစားရင္း နာသြားတာ ဒုကၡေရာက္သြားတာ တစ္ခါမွ မေတြ႕ရဘူးကြ“ အဘုိးႀကီးက ေက်နပ္အားရဟန္ျဖင့္ ရယ္သည္။ ၿပီးေတာ့မွ “ေအးေလ ၊ သစ္ပင္ တစ္ပင္တည္းေပၚမွာခ်ည္း တစ္သက္လံုး အခ်ိန္မျဖဳန္းခ်င္ရင္ေတာ့ ဒီလုိပဲ စြန္႔စားၾကရမွာပဲ“ ဟု ဆုိေလသည္။

သည္စကားၾကားၿပီး ကၽြန္ေတာ့္္ေခါင္းထဲ အေတြးတစ္ခု ၀င္သြားသည္။
“ရွဥ့္တစ္ေကာင္ေတာင္ ရွိတဲ့အခြင့္အေရးကုိ ရယူဖုိ႔ ႀကိဳးစားတယ္၊ ငါက ရွဥ့္ေလာက္ သတိၱမရွိဘူးလား“

ကၽြန္ေတာ္ ၾကာၾကာမဆုိင္းပါ။ ႏွစ္ပတ္အတြင္းမွာပင္ အမ်ဳိးသမီးႏွင့္ လက္ထပ္လုိက္သည္။ ထုိ႕ေနာက္ သေဘၤာ ခရီးအတြက္ စရိတ္စက ရေအာင္ ႀကံဖန္ စုေဆာင္းၿပီး အတၱလန္တိတ္ကုိ ျဖတ္ကူးလာခဲ့သည္။ ဥေရာပမွာ ကၽြန္ေတာ္ႏွင့္ဆတုိး ႀကိဳးစားသည္။ စာေတြႏွစ္ဆေလာက္ ျမန္ေအာင္ေရးသည္။ ထုိ႕ေနာက္တြင္ကား ကုိယ္တုိင္ အံ့အား သင့္ရေလာက္ေအာင္ပင္ ကၽြန္ေတာ္လ်င္ျမန္စြာ ေအာင္ျမင္ခဲ့သည္။ “ေလးစားေလာက္ေသာ ၀င္ေငြ” ရွိသူ အ၀န္းအ၀ုိင္းသုိ႔ မ်ားမၾကမီ ကၽြႏ္ေတာ္တုိ႔ ေရာက္ရွိသြားခဲ့သည္။

သုံးႏွစ္ခန္႕အၾကာ နယူေယာက္သုိ႔ ကၽြန္ေတာ္တုိ႕ ျပန္ေရာက္လာၾကသည့္အခါ မိတ္ေဆြတစ္ေယာက္က ကၽြန္ေတာ့္အား ႏုိင္ငံရပ္ျခားတြင္ ေနထုိင္၍ စာေရးသားခဲ့သည့္ အေတြ႕အႀကံဳမ်ားအေၾကာင္း ေဟာေျပာရန္ကမ္းလွမ္းလာပါသည္။ ေဟာေျပာခ ေကာင္းေကာင္းရေစမည္ ျဖစ္ေၾကာင္းလည္း အာမခံပါသည္။ ကၽြန္ေတာ္ ေခါင္းခါသည္။ ကၽြန္ေတာ့္ ပရိသတ္ေရွ႕တြင္ တစ္ခါမွ်ေဟာေျပာဖူးသူ မဟုတ္။ စင္ေပၚတက္ၿပီး ပရိသတ္ကုိ ရင္ဆုိင္မိရုံျဖင့္ ေမ့လဲသြားႏုိင္သည္ဟု အေၾကာင္းျပၿပီး ျငင္းသည္။

သည္အခ်ိန္ ဇနီးသည္က စကားတစ္ခြန္း ၀င္ေျပာသည္။ “ တစ္ခါတုန္းက ရွဥ့္ကေလးတစ္ေကာင္ရွိတယ္၊………….. မွတ္မိလား” ဟူ၍ ။ သူက ခုန္ဖုိ႕ တုိက္တြန္းလုိက္ျခင္း ျဖစ္သည္။ ေပၚလာသည့္ အခြင့္အေရးကုိ အရယူဖုိ႕။ မွန္သည္။ ႀကိဳးစား ၾကည့္သျဖင့္ အနာတရျဖစ္သြားႏုိင္သည္မွ မဟုတ္ဘဲ။ အဲသည္ ေနရာတြင္ပဲ ဆံုးျဖတ္ခ်က္ကုိ ကၽြန္ေတာ္ျပန္ျပင္ခဲ့သည္။ ေနာက္လ အနည္းငယ္အတြင္းမွာ ပြဲေပါင္း ၂၀ ေလာက္ ကၽြန္ေတာ္ ေဟာေျပာခဲ့ရသည္။။ ဘာအနာအဆာ ထိခုိက္ဒဏ္ရာမွ်မရခဲ့။ ေပ်ာ္ပင္ ေပ်ာ္ခဲ့ေသးသည္။

သည္ေနာက္မွာေတာ့ လုပ္ငန္းသစ္တစ္ခုကုိ စြန္႕စားၿပီး လုပ္မလား ၊ ေနရာတြင္ပဲ ကုတ္တြယ္ေနမလား စဥ္းစားရသည့္ အခါတုိင္း တစ္ခါတုန္းက ရွဥ့္ကေလးတစ္ေကာင္ကုိ ကၽြန္ေတာ္ ေျပးသတိရသည္။ တစ္ဆက္တည္းပင္ ပန္းၿခံခုံတန္းလ်ားေပၚက အဘုိးအုိ၏ စကားသံကုိ နားထဲ ျပန္ၾကားေယာင္လာသည္။

“ေအးေလ၊ သစ္ပင္ တစ္ပင္တည္းေပၚမွာခ်ည္း တစ္သက္လံုး အခ်ိန္မျဖဳန္းခ်င္ရင္ေတာ့ ဒီလုိပဲ စြန္႔စားၾကရမွာပဲ” ဟူေသာ စကား။

သုိ႕ႏွင့္ အႀကိမ္ႀကိမ္ အခါခါပင္ ကၽြန္ေတာ္ ခုန္ျဖစ္ခဲ့ပါသည္။ သည္လုိခုန္ရင္းက ရွဥ့္ကေလးေတြ ဘာေၾကာင့္ မၾကခဏ ခုန္ၾကသလဲ ဆုိတာပါ ကၽြန္ေတာ္ သေဘာေပါက္လာသည္။ ခုန္ရတာ ေပ်ာ္စရာေပကုိး ။

Oscar Schisgall ၏ Once There Was a Squirrel

ဆေရာေဖျမင့္ ရဲ႕ ႏွလံုးသား အာဟာရ ရသစာမ်ား ၂ မွ
—————–
ရှဉ့်ကလေးတစ်ကောင် ရှိခဲ့သည် (unicode)

လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော် စာရေးဆရာ ပေါက်စဘ၀။ ဝင်ငွေ မသေချာ သေးသည့် အချိန်။တစ်နေ့ မှာတော့ လက်ရှိ ဘ၀ပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာ တော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။

အမျိုးသမီးနှင့် ကျွန်တော်စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီ ဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့်ဝင်ငွေ ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည်နေထိုင်ရင်း စာရေးချင်သော ဆန္ဒ။

သို့သော် မကြာမကြာ ငွေအသင့်အတင့် ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ ကျော်အဝေး ရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစား ကောင်းသော အရာတစ်ခု ဖြစ်နေသည်။

အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီးတစ်ခုထက်မှ ရှဉ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီးတစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူ ရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှ သစ်ကိုင်းက သူနှင့်အတော်ပင် အလှမ်းဝေးသည်။ မြင့်လည်းအမြင့်ကြီး။ သူလုပ်ပုံက စွန့်စားတာနှင့်မတူ၊ သတ်သေဖို့ ကြံစည်နေသလားပင် အောက်မေ့ရသည်။ တကယ်လည်း သူ ခုန်သည့် အကိုင်းကြီးဆီသို့ မရောက်ပါ ။ လေထဲ ပြုတ်ကျလာသည်။ သို့သော် အောက်ဘက်အတော်နိမ့်သည့် သစ်ကိုင်းတစ်ခုမှာ ဘေးမသီရန်မခ သွားချိတ်မိသည်။ ပြီးတော့ ဘာမှမမှုသလို ဟန်မျိုးနှင့် သူနဂို ရည်မှန်းရာ သစ်ကိုင်းကြီးဆီသို့ ပြေးတက်သွားသည်။ အတော်ဟုတ်သည့် ကောင်။

ခုံတန်းလျားပေါ် ထိုင်နေသည့် အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်။

“အံ့ဩစရာကွ၊ ဒီကောင်တွေခုန်တာ ကိုယ် အကြိမ်ပေါင်း ရာချီပြီး မြင်ဖူးတယ်၊ အထူးသဖြင့် အောက်မှာ ခွေးတွေဝိုင်းနေလို့ မြေကြီးပေါ် ဆင်းမလာနိုင်တဲ့အချိန်၊ ခုန်တယ်၊ များသောအားဖြင့် လွဲသွားတာပဲ၊ ဒါပေမဲ့ အဲဒီလို ကြိုးစားရင်း နာသွားတာ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ“ အဘိုးကြီးက ကျေနပ်အားရဟန်ဖြင့် ရယ်သည်။ ပြီးတော့မှ “အေးလေ ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ“ ဟု ဆိုလေသည်။

သည်စကားကြားပြီး ကျွန်တော့်္ခေါင်းထဲ အတွေးတစ်ခု ဝင်သွားသည်။
“ရှဉ့်တစ်ကောင်တောင် ရှိတဲ့အခွင့်အရေးကို ရယူဖို့ ကြိုးစားတယ်၊ ငါက ရှဉ့်လောက် သတ္တိမရှိဘူးလား“

ကျွန်တော် ကြာကြာမဆိုင်းပါ။ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်။ ထို့နောက် သင်္ဘော ခရီးအတွက် စရိတ်စက ရအောင် ကြံဖန် စုဆောင်းပြီး အတ္တလန်တိတ်ကို ဖြတ်ကူးလာခဲ့သည်။ ဥရောပမှာ ကျွန်တော်နှင့်ဆတိုး ကြိုးစားသည်။ စာတွေနှစ်ဆလောက် မြန်အောင်ရေးသည်။ ထို့နောက်တွင်ကား ကိုယ်တိုင် အံ့အား သင့်ရလောက်အောင်ပင် ကျွန်တော်လျင်မြန်စွာ အောင်မြင်ခဲ့သည်။ “လေးစားလောက်သော ဝင်ငွေ” ရှိသူ အဝန်းအဝိုင်းသို့ များမကြမီ ကျွန်တော်တို့ ရောက်ရှိသွားခဲ့သည်။

သုံးနှစ်ခန့်အကြာ နယူယောက်သို့ ကျွန်တော်တို့ ပြန်ရောက်လာကြသည့်အခါ မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား နိုင်ငံရပ်ခြားတွင် နေထိုင်၍ စာရေးသားခဲ့သည့် အတွေ့အကြုံများအကြောင်း ဟောပြောရန်ကမ်းလှမ်းလာပါသည်။ ဟောပြောခ ကောင်းကောင်းရစေမည် ဖြစ်ကြောင်းလည်း အာမခံပါသည်။ ကျွန်တော် ခေါင်းခါသည်။ ကျွန်တော့် ပရိသတ်ရှေ့တွင် တစ်ခါမျှဟောပြောဖူးသူ မဟုတ်။ စင်ပေါ်တက်ပြီး ပရိသတ်ကို ရင်ဆိုင်မိရုံဖြင့် မေ့လဲသွားနိုင်သည်ဟု အကြောင်းပြပြီး ငြင်းသည်။

သည်အချိန် ဇနီးသည်က စကားတစ်ခွန်း ဝင်ပြောသည်။ “ တစ်ခါတုန်းက ရှဉ့်ကလေးတစ်ကောင်ရှိတယ်၊………….. မှတ်မိလား” ဟူ၍ ။ သူက ခုန်ဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ပေါ်လာသည့် အခွင့်အရေးကို အရယူဖို့။ မှန်သည်။ ကြိုးစား ကြည့်သဖြင့် အနာတရဖြစ်သွားနိုင်သည်မှ မဟုတ်ဘဲ။ အဲသည် နေရာတွင်ပဲ ဆုံးဖြတ်ချက်ကို ကျွန်တော်ပြန်ပြင်ခဲ့သည်။ နောက်လ အနည်းငယ်အတွင်းမှာ ပွဲပေါင်း ၂၀ လောက် ကျွန်တော် ဟောပြောခဲ့ရသည်။။ ဘာအနာအဆာ ထိခိုက်ဒဏ်ရာမျှမရခဲ့။ ပျော်ပင် ပျော်ခဲ့သေးသည်။

သည်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီး လုပ်မလား ၊ နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့် အခါတိုင်း တစ်ခါတုန်းက ရှဉ့်ကလေးတစ်ကောင်ကို ကျွန်တော် ပြေးသတိရသည်။ တစ်ဆက်တည်းပင် ပန်းခြံခုံတန်းလျားပေါ်က အဘိုးအို၏ စကားသံကို နားထဲ ပြန်ကြားယောင်လာသည်။

“အေးလေ၊ သစ်ပင် တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ” ဟူသော စကား။

သို့နှင့် အကြိမ်ကြိမ် အခါခါပင် ကျွန်တော် ခုန်ဖြစ်ခဲ့ပါသည်။ သည်လိုခုန်ရင်းက ရှဉ့်ကလေးတွေ ဘာကြောင့် မကြခဏ ခုန်ကြသလဲ ဆိုတာပါ ကျွန်တော် သဘောပေါက်လာသည်။ ခုန်ရတာ ပျော်စရာပေကိုး ။

Oscar Schisgall ၏ Once There Was a Squirrel

ဆရောဖေမြင့် ရဲ့ နှလုံးသား အာဟာရ ရသစာများ ၂ မှ

Leave a Reply