ဘယ္ေလာက္ ဝဝ ဘယ္ေလာက္ႏွစ္ေတြၾကာၾကာ ဇနီးကို ခ်စ္လုိ႔မဝတဲ့ ကမာၻေက်ာ္မင္းသားႀကီး

Posted on

အေနာက္ႏုိင္ငံက နာမည္ႀကီးေတြရဲ႕ အခ်စ္ဇာတ္လမ္းအမ်ားစုဟာ မၾကာခဏေျပာင္းလဲေနေလ့ရွိပါတယ္။ သူတုိ႔အတြက္ေတာ့ တစ္ေယာက္ေယာက္နဲ႔တြဲတယ္ ပ်က္တယ္ ဆုိတာဟာ ထမင္းစားေရေသာက္ အလုပ္မွ်သာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူတုိ႔ႏုိင္ငံမွာ ေရရွည္လက္တြဲတဲ့ နာမည္ႀကီးစုံတြဲေတြရွားပါးလြန္းပါတယ္။ တခ်ဳိ႕က်ေတာ့ ေရရွည္လက္တြဲခဲ့ေပမယ့္ ပုံမွန္အတုိင္းသာ ေရွ႕ဆက္ေနၾကတာပါ။ ဒီလုိႏွစ္ေတြအၾကာႀကီးေပါင္းလာတဲ့ စုံတြဲေတြထဲမွာ ကမာၻေက်ာ္မင္းသားႀကီးတစ္ေယာက္ရဲ႕ အခ်စ္ကေတာ့ရွားရွားပါးပါး လုိ႔ ဆုိရပါမယ္။

သူ႔ကုိဒီဘက္ေခတ္က လူငယ္ေတြသိခ်င္မွသိၾကေပမယ့္ လူလတ္ပုိင္းေတြကေတာ့ သိၾကပါလိမ့္မယ္။ ဂ်ိမ္းစဘြန္းမင္းသားႀကီး ပီယာဘေရာ့စ္နန္(Pierce Brosnan) ျဖစ္ပါတယ္။ တခ်ိန္တုန္းက ျမန္မာ့အသံမွာ သူသရုပ္ေဆာင္ထားတဲ့ ဂ်ိမ္းစဘြန္းဇာတ္လမ္းတြဲေတြကို မၾကာခဏျပေလ့ရွိပါတယ္။ ဂ်ိမ္းစဘြန္းရဲ႕ဇာတ္ရုပ္မွာေတာ့ သူဟာ ေကာင္မေလးအေခ်ာအလွေပါင္းမ်ားစြာ နဲ႔ ထည္လဲတြဲခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ အျပင္က တကယ့္ဘ၀မွာေတာ့ ဘေရာ့စ္နန္ဟာ ဇနီးအေပၚကုိ အလြန္ခ်စ္တတ္သူတစ္ဦးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ကဆုိရင္ သူတုိ႔လက္တြဲခဲ့တာဟာ ႏွစ္ေပါင္း ၂၅ႏွစ္ ရွိပါၿပီ။

တကယ္ေတာ့ အခုဇနီးဟာ သူ႔ရဲ႕ဒုတိယဇနီးျဖစ္ပါတယ္။ ပထမဇနီး Cassandra Harris က ၁၉၉၁ခုႏွစ္မွာ ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ပါၿပီ။ သူဟာ ပထမဇနီးကိုလည္း အလြန္ခ်စ္ခဲ့သူျဖစ္ပါတယ္။ Cassandra ကြယ္လြန္ၿပီး ၁၀ႏွစ္အၾကာ ၂၀၀၁ခုႏွစ္မွာေတာ့ သူနဲ႔ က်န္ရွိတဲ့ သားသမီး ၃ ဦးအေပၚ နားလည္ေပးႏုိင္တဲ့ Keely Shaye Smith အမည္ရ စာေရးဆရာ၊ ရုပ္သံလိုင္း တင္ဆက္သူ နဲ႔လက္ထပ္ခဲ့ပါတယ္။ ခ်က္ခ်င္းလက္ထပ္ခဲ့ျခင္းမဟုတ္ပဲ ၁၉၉၄ခုႏွစ္မွာ စတင္ဆုံေတြ႔ ခ်စ္ႀကဳိက္ခဲ့ၿပီး ေလ့လာခဲ့ၿပီး ၇ႏွစ္အၾကာမွ လက္ထပ္ခဲ့ျခင္းပါ။ စေတြ႔တဲ့အခ်ိန္က ဘေရာ့စ္နန္က အသက္ ၄၀ ျဖစ္ၿပီး Keely ကေတာ့ သူ႔ထက္ ၁၀ႏွစ္ငယ္ပါတယ္။

Keely နဲ႔ ဘေရာ့စ္နန္တုိ႔ဟာ သား ၂ ဦး ထပ္ထြန္းကားခဲ့ပါတယ္။ လက္ထပ္စဥ္ကေတာ့  Keely  ဟာ ေမာ္ဒယ္တစ္ေယာက္လုိလွပသူပါ။ ဒါေပမယ့္ ကေလးေတြရၿပီးတဲ့ေနာက္မွာေတာ့ အေလးခ်ိန္တျဖည္းျဖည္းတက္လာခဲ့ၿပီး သူမရဲ႕လွပတဲ့ခႏၶာကုိယ္ေပ်ာက္ဆုံးသြားပါတယ္။ မင္းသားႀကီးကေတာ့ အသက္ႀကီးလာေပမယ့္ ခန္႔ညားေနဆဲျဖစ္တာေၾကာင့္ သူနဲ႔စုံတြဲယွဥ္ရပ္တဲ့အခါတုိင္း သူမရဲ႕မလွပေတာ့တဲ့ပုံသ႑ာန္ေၾကာင့္ အၿမဲအားငယ္သိမ္ငယ္ေနတတ္ပါတယ္။ ဒါေၾကာင့္ သူမဟာ သူမရဲ႕ ခႏၶာကုိယ္ကုိ ခြဲစိတ္ၿပီး လွပသြားေအာင္ျပဳျပင္ခ်င္ေပမယ့္ မင္းသားႀကီးက ခြင့္မျပဳခဲ့ပါဘူး။ သဘာ၀အတုိင္းပဲေနဖုိ႔နဲ႔ ခြဲစိတ္မယ္ဆုိရင္ေတာ့ ကြာရွင္းမယ္လုိ႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။

ဘာေၾကာင့္လဲဆုိေတာ့ မင္းသားႀကီးက ဒီလုိျပန္ေျဖပါတယ္။
“I love every curve of your body”.
မင္းရဲ႕ ဘယ္လုိအလွေကာက္ေၾကာင္းျဖစ္ေနပါေစ ငါခ်စ္တယ္ တဲ့။

မင္းသားႀကီးဟာ စေတြ႔ခ်စ္ႀကဳိက္စဥ္ကစလုိ႔ သူ႔ဇနီးကို အရမ္းခ်စ္ျပခဲ့ပါတယ္။ တျဖည္းျဖည္း၀လာတဲ့ဇနီးသည္ကုိ ပိုလုိ႔ေတာင္ခ်စ္မိေၾကာင္းဆုိပါတယ္။ ဇနီးသည္ကလည္း မင္းသားႀကီးရဲ႕ ေႏြးေထြးတဲ့ေမတၱာေၾကာင့္ ယုံၾကည္မႈရွိလာၿပီး ေပ်ာ္ရႊင္တဲ့အခ်စ္ကုိ ပုိင္ဆုိင္ေနၿပီျဖစ္ပါတယ္။ သူတုိ႔စုံတြဲရဲ႕ ပုံရိပ္ေတြဟာ သတင္းေတြထဲမွာ မၾကာခဏပါေလ့ရွိၿပီး အဲဒီပုံေတြထဲမွာေတာ့ အၿမဲတမ္းဇနီးသည္ကို ဂရုစုိက္ ခ်စ္ျပေနတတ္တဲ့မင္းသားႀကီးရဲ႕ ပုံေတြကို ခံစားမိမွာျဖစ္ပါတယ္။ အျခားနာမည္ႀကီးေတြဟာ သူတုိ႔စုံတြဲကုိ အလြန္အားက်ၾကပါတယ္။ အခုဆုိရင္ မင္းသားႀကီးက အသက္ ၆၅ႏွစ္ရွိသြားၿပီး ဇနီးသည္ကလည္း ၅၅ႏွစ္ရွိသြားၿပီျဖစ္ေပမယ့္ သူတုိ႔စုံတြဲဟာ တစ္ေယာက္ကုိတစ္ေယာက္ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ အျပန္အလွန္ခ်စ္ေနၾကဆဲျဖစ္ပါတယ္။ ဇနီးသည္ကုိ ဘယ္ေလာက္ခ်စ္တတ္တယ္ဆုိတာ ပုံေလးေတြကုိၾကည့္တာနဲ႔ သိႏုိင္မွာျဖစ္ပါတယ္။

သုတဇုန္
——————–
ဘယ်လောက် ဝဝ ဘယ်လောက်နှစ်တွေကြာကြာ ဇနီးကို ချစ်လို့မဝတဲ့ ကမ္ဘာကျော်မင်းသားကြီး

အနောက်နိုင်ငံက နာမည်ကြီးတွေရဲ့ အချစ်ဇာတ်လမ်းအများစုဟာ မကြာခဏပြောင်းလဲနေလေ့ရှိပါတယ်။ သူတို့အတွက်တော့ တစ်ယောက်ယောက်နဲ့တွဲတယ် ပျက်တယ် ဆိုတာဟာ ထမင်းစားရေသောက် အလုပ်မျှသာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့နိုင်ငံမှာ ရေရှည်လက်တွဲတဲ့ နာမည်ကြီးစုံတွဲတွေရှားပါးလွန်းပါတယ်။ တချို့ကျတော့ ရေရှည်လက်တွဲခဲ့ပေမယ့် ပုံမှန်အတိုင်းသာ ရှေ့ဆက်နေကြတာပါ။ ဒီလိုနှစ်တွေအကြာကြီးပေါင်းလာတဲ့ စုံတွဲတွေထဲမှာ ကမ္ဘာကျော်မင်းသားကြီးတစ်ယောက်ရဲ့ အချစ်ကတော့ရှားရှားပါးပါး လို့ ဆိုရပါမယ်။

သူ့ကိုဒီဘက်ခေတ်က လူငယ်တွေသိချင်မှသိကြပေမယ့် လူလတ်ပိုင်းတွေကတော့ သိကြပါလိမ့်မယ်။ ဂျိမ်းစဘွန်းမင်းသားကြီး ပီယာဘရော့စ်နန်(Pierce Brosnan) ဖြစ်ပါတယ်။ တချိန်တုန်းက မြန်မာ့အသံမှာ သူသရုပ်ဆောင်ထားတဲ့ ဂျိမ်းစဘွန်းဇာတ်လမ်းတွဲတွေကို မကြာခဏပြလေ့ရှိပါတယ်။ ဂျိမ်းစဘွန်းရဲ့ဇာတ်ရုပ်မှာတော့ သူဟာ ကောင်မလေးအချောအလှပေါင်းများစွာ နဲ့ ထည်လဲတွဲခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အပြင်က တကယ့်ဘဝမှာတော့ ဘရော့စ်နန်ဟာ ဇနီးအပေါ်ကို အလွန်ချစ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကဆိုရင် သူတို့လက်တွဲခဲ့တာဟာ နှစ်ပေါင်း ၂၅နှစ် ရှိပါပြီ။

တကယ်တော့ အခုဇနီးဟာ သူ့ရဲ့ဒုတိယဇနီးဖြစ်ပါတယ်။ ပထမဇနီး Cassandra Harris က ၁၉၉၁ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ ပထမဇနီးကိုလည်း အလွန်ချစ်ခဲ့သူဖြစ်ပါတယ်။ Cassandra ကွယ်လွန်ပြီး ၁၀နှစ်အကြာ ၂၀၀၁ခုနှစ်မှာတော့ သူနဲ့ ကျန်ရှိတဲ့ သားသမီး ၃ ဦးအပေါ် နားလည်ပေးနိုင်တဲ့ Keely Shaye Smith အမည်ရ စာရေးဆရာ၊ ရုပ်သံလိုင်း တင်ဆက်သူ နဲ့လက်ထပ်ခဲ့ပါတယ်။ ချက်ချင်းလက်ထပ်ခဲ့ခြင်းမဟုတ်ပဲ ၁၉၉၄ခုနှစ်မှာ စတင်ဆုံတွေ့ ချစ်ကြိုက်ခဲ့ပြီး လေ့လာခဲ့ပြီး ၇နှစ်အကြာမှ လက်ထပ်ခဲ့ခြင်းပါ။ စတွေ့တဲ့အချိန်က ဘရော့စ်နန်က အသက် ၄၀ ဖြစ်ပြီး Keely ကတော့ သူ့ထက် ၁၀နှစ်ငယ်ပါတယ်။

Keely နဲ့ ဘရော့စ်နန်တို့ဟာ သား ၂ ဦး ထပ်ထွန်းကားခဲ့ပါတယ်။ လက်ထပ်စဉ်ကတော့  Keely  ဟာ မော်ဒယ်တစ်ယောက်လိုလှပသူပါ။ ဒါပေမယ့် ကလေးတွေရပြီးတဲ့နောက်မှာတော့ အလေးချိန်တဖြည်းဖြည်းတက်လာခဲ့ပြီး သူမရဲ့လှပတဲ့ခန္ဓာကိုယ်ပျောက်ဆုံးသွားပါတယ်။ မင်းသားကြီးကတော့ အသက်ကြီးလာပေမယ့် ခန့်ညားနေဆဲဖြစ်တာကြောင့် သူနဲ့စုံတွဲယှဉ်ရပ်တဲ့အခါတိုင်း သူမရဲ့မလှပတော့တဲ့ပုံသဏ္ဍာန်ကြောင့် အမြဲအားငယ်သိမ်ငယ်နေတတ်ပါတယ်။ ဒါကြောင့် သူမဟာ သူမရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး လှပသွားအောင်ပြုပြင်ချင်ပေမယ့် မင်းသားကြီးက ခွင့်မပြုခဲ့ပါဘူး။ သဘာဝအတိုင်းပဲနေဖို့နဲ့ ခွဲစိတ်မယ်ဆိုရင်တော့ ကွာရှင်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ မင်းသားကြီးက ဒီလိုပြန်ဖြေပါတယ်။
“I love every curve of your body”.
မင်းရဲ့ ဘယ်လိုအလှကောက်ကြောင်းဖြစ်နေပါစေ ငါချစ်တယ် တဲ့။

မင်းသားကြီးဟာ စတွေ့ချစ်ကြိုက်စဉ်ကစလို့ သူ့ဇနီးကို အရမ်းချစ်ပြခဲ့ပါတယ်။ တဖြည်းဖြည်းဝလာတဲ့ဇနီးသည်ကို ပိုလို့တောင်ချစ်မိကြောင်းဆိုပါတယ်။ ဇနီးသည်ကလည်း မင်းသားကြီးရဲ့ နွေးထွေးတဲ့မေတ္တာကြောင့် ယုံကြည်မှုရှိလာပြီး ပျော်ရွှင်တဲ့အချစ်ကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သူတို့စုံတွဲရဲ့ ပုံရိပ်တွေဟာ သတင်းတွေထဲမှာ မကြာခဏပါလေ့ရှိပြီး အဲဒီပုံတွေထဲမှာတော့ အမြဲတမ်းဇနီးသည်ကို ဂရုစိုက် ချစ်ပြနေတတ်တဲ့မင်းသားကြီးရဲ့ ပုံတွေကို ခံစားမိမှာဖြစ်ပါတယ်။ အခြားနာမည်ကြီးတွေဟာ သူတို့စုံတွဲကို အလွန်အားကျကြပါတယ်။ အခုဆိုရင် မင်းသားကြီးက အသက် ၆၅နှစ်ရှိသွားပြီး ဇနီးသည်ကလည်း ၅၅နှစ်ရှိသွားပြီဖြစ်ပေမယ့် သူတို့စုံတွဲဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်နဲ့ အပြန်အလှန်ချစ်နေကြဆဲဖြစ်ပါတယ်။ ဇနီးသည်ကို ဘယ်လောက်ချစ်တတ်တယ်ဆိုတာ ပုံလေးတွေကိုကြည့်တာနဲ့ သိနိုင်မှာဖြစ်ပါတယ်။
သုတဇုန်

Leave a Reply