ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးဆိုတဲ့နေရာများ

Posted on

ရေးသားသူ – သက်တန့်ချို

တစ်ကယ်တော့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာကြီးဟာ စာသားတွေနဲ့နှိုင်းယှဉ်လို့မရလောက်အောင် လှပတဲ့အရာတွေနဲ့ဖွဲ့စည်းထားပါတယ်။ လူတိုင်းလူတိုင်းဟာ အဲဒီလှပတဲ့နေရာတွေကိုသွားဖို့ အိပ်မက်မက်ကြတယ် ။ သွားရောက်ချင်ကြတယ်။ သူတို့ရဲ့ဘ၀တစ်လျှောက်လုံးမှာတော့ မြို့ကြီးပြကြီးမှာနေထိုင်ကြတဲ့လူအများစုကတော့ အန္တရာယ်များတဲ့အဆောက်အအုံတွေ…ကြားမှာကြီးပြင်းလာကြရပြီး လူတွေပြုပြင်ဖန်တီးထားတဲ့အရာတွေနဲ့သာရင်းနှီးလာကြပြီး သဘာဝအလှအပကိုသိရှိနိုင်တဲ့သူနည်းလာပါပြီ။

အောက်မှာပြထားတဲ့ပုံတွေကို သူငယ်ချင်းတို့ရဲ့မျက်လုံးနဲ့..ရှူမြင်လိုက်ပါ။ နှလုံးသားဆီကိုစီးဆင်းလာတဲ့နွေးထွေးမှုတွေကိုခံစားလိုက်ပါ။ ဒါဟာနေရာအနည်းငယ်ကလှပတဲ့ နေရာလေးတွေကိုဘဲကွက်ရိုက်ထားခြင်းမဟုတ်ဘဲ လူသားတွေအနေနဲ့ အမှန်တကယ် ရောက်ရှိဖို့ခက်တဲ့နေရာတွေလည်းပါဝင်ပါတယ်…

၁။ အမေရိကန်က Grand Canyon

အမေရိကန်မှာရှိတဲ့…Colorado မြစ်ကြားကမတ်စောက်တဲ့..ချောက်နက်ကြီးပါ..အဲဒီမှာအံ့သြဖွယ်သဘာဝတရားတွေနဲ့ပြည့်နှက်နေပါတယ်။ အရှည်က ၂၇၇ မိုင်ရှည်ပြီး အကျယ်က ၄ မိုင်ကနေ ၁၈မိုင်အထိရှိပါတယ်။ အနက်ကတော့ ၁ မိုင်လောက်ရှိပါတယ်။ ပညာရှင်တွေကတော့ဒီနက်ရှိုင်းတဲ့ချောက်ကြီးဟာ..လွန်ခဲ့တဲ့.နှစ်ပေါင်း ၆ သန်း လာက်ကတည်းကဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။

ဒီနေရာကို Pueblo လူမျိုးစုတွေရဲ့နေရာလို့လည်းခန့်မှန်းရပါတယ်။ ပထမဆုံး Grand တောင်ကြားကို ဥရောပလူမျိုးတွေစတင်ရောက်ရှိလာခဲ့တာဟာ…၁၈၆၉ ကပါ။ ကမ္ဘာပေါ်မှာရှိတဲ့အနက်ရှိုင်းဆုံးတောင်ကြားသာမက..အလွန်အရွယ်အစားကြီးမားပြီး…အသေးစိတ်အလှအပတွေခြယ်မှုန်းထားတဲ့ကုန်းမြေလည်းဖြစ်ပါတယ်။ ဒီတောင်ကြားဟာ..United State ရဲ့..ပထမဆုံးပထမဆုံးအမျိုးသားပန်းခြံလည်းဖြစ်ပါတယ်။ တစ်နှစ်ကို ဧည့်သည်ပေါင်း..၅ သန်းလောက်ဆွဲဆောင်နိုင်ပါတယ်။ ရာသီဥတုကလည်းဒီတောင်ကြားမှာ အတက်အကျမြန်လွန်းပါတယ်။ သစ်တောထူတဲ့နေရာတွေမှာ..ဆီးနှင်းတွေကျနေစဉ်မှာပဲ။ အတွင်းပိုင်းချောက်ထဲမှာတော့..ရာသီဥတုအပြောင်းအလဲသိပ်မမြန်တာကြောင့်…ကန္တာရဆန်တဲ့အပူချိန်မျိုးရှိပါတယ်။

၂။ သြစတြေးလျ ရဲ့ မဟာသန္တာကျောက်တန်း

Australia ရဲ့အရှေ့ဘက် အငူမှာရှိတဲ့…ဘယ်ရီယာသောင်ခုံကျောက်တန်းဟာ ကမ္ဘာပေါ်မှာအကြီးဆုံးသန္တာကျာက်တန်းဖြစ်ပြီး သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။ သူဟာ အမျိုးသားအမွေအနှစ်သာမက ကမ္ဘာ့အမွေအနှစ်အဖြစ်ပါ ထည့်သွင်းဖော်ပြခြင်းခံရပါတယ်။ သူဟာ..ကျွန်းပေါင်း ၆၀၀ ကျော်နဲ့..သန္တာကျောက်ဆောင်တွေရှိပြီး…အကျယ်ကတော့ 300 000 sq km လောက်ရှိပါတယ်။ ဒီအငူဟာ..သန္တာကျောက်တန်းပေါင်းများစွာ..ကျောက်ဆောင်သဲမြေများစွာနဲ့ ဖွဲ့စည်းထားပြီး..ကျယ်ပြန့်တဲ့ပင်လယ်ကြီးရဲ့အလှအပကိုခံစားနိုင်ပါတယ်။ အစိမ်းရောင်လိပ်တွေ ဝေလငါးပေါင်းများစွာ…လင်းပိုင်တွေနဲ့…အမျိုးအစားပေါင်းလေးထောင်ကျော်တဲ့..ခရုတွေ..ပက်ကျိတွေနဲ့..ငါးအမျိုးအစားပေါင်း ၁၅၀၀ ကျော်..ငှက်အမျိုးအစားပေါင်း..၂၀၀ ကျော်ကိုလည်းတွေ့နိုင်ပါတယ်။ နိုင်ငံခြားသားတွေအတွက်အဓိကဆွဲဆောင်မှုရှိတဲ့နေရာဖြစ်သလို သန်းချီတဲ့တိုးရစ်စ်တွေကိုလည်းခေါ်ဆောင်ပေးနိုင်ပါတယ်။
အားကစားအနေနဲ့လည်း ရေလွှာလျှောစီးတာ..ရေကူးတာ..သဲသောင်ပြင်ဘော်လီဘောနဲ့အခြားနည်းမျိုးစုံကိုလည်းကစားနိင်ပါသေးတယ်။ လက်ရှိအချိန်မှာတော့ ရာသီဥတုပြောင်းလဲမှု နဲ့ ရေအပူချိန်မြင့်မားမှုတွေကြောင့် မဟာသန္တာကျောက်တန်းကြီးရဲ့ အစိတ်အပိုင်းအတော်များများ ပျက်စီးခဲ့ရတာဟာ ၀မ်းနည်းစရာပါ။

၃။ ကနေဒါနိုင်ငံရဲ့ Canadian တောင်တန်း

ဖော်ပြနိုင်စွမ်းမရှိလောက်အောင်လှပတဲ့ ကနေဒီယန်တာင်တန်းတွေဟာ မြောက်အမေရိကတောင်တန်းတွေနဲ့တစ်ဆက်တည်းဖြစ်ပါတယ်။ ဒီတောင်တန်းတွေဟာဧည့်သည်တွေအတွက် ထူးခြားတဲ့နယ်မြေဖြစ်ပါတယ်။ ဒီတောင်တန်းတွေဟာ အမေရိကန်တောင်တန်းတွေထက် သက်တမ်းရင့်ပါတယ်။ ကနေဒီယန်တောင်တန်းတွေမှာ..အမျိုးသားပန်းခြံအနေနဲ့ ၅ ခုပါဝင်ပြီး…အဲဒီအထဲကမှလေးခုက.. ကမ္ဘာ့အမွေအနှစ် UNESCO ရဲ့အစိတ်အပိုင်းပေါင်းစပ်ပါဝင်ပါတယ်။ ကနေဒီယမ်တောင်တန်းမှာ Robson တောင် ကအမြင့်ဆုံးဖြစ်ပြီး ၁၂၉၇၂ပေ မြင့်ပါတယ်။ ဒီတောင်ပေါ်တက်ဖို့ကတော့စိန်ခေါ်မှုတစ်ခုပါပဲ။ တောင်တန်းဆိုပေမယ့် အေးချမ်းတဲ့သဘာဝရှု့ခင်းတွေ ရေကန်တွေရှိနေတာကြောင့် ဒီတောင်တန်းတွေဟာ..အမြင့်ကြိုက်သူတွေအတွက်နဲ့ လမ်းလျှောက်ချင်သူတွေအဖို့တော့..အကြိုက်ပဲပေါ့။

၎။ နော်ဝေနိုင်ငံမှ Sognefjord ( Sogne Fjord )

ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံး ရေလက်ကြားနေရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်တဲ့ဒီနေရာရဲ့ ရေအနက်ဟာ ၁၃၀၀ မီတာ အထိရှိပါတယ် ။ ကျယ်ပြန့်တဲ့အပြာရောင် ရေပြင်ကြီးရယ် လှပတဲ့ ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ်။

၅။ Baekdu တောင်ထိပ်မှ လှပသောကောင်းကင်ရေကန်

ကောင်းကင်ရေကန်ဟာ တရုတ်ပြည်နဲ့ မြောက်ကိုရီးယား ကြား နယ်စပ်က မီးတောင်ဝတစ်ခုဖြစ်ပါတယ် ။ ဒီရေ ကန်ဟာ မီးတောင်ဟောင်းတစ်ခုဖြစ်တဲ့ Baekdu တောင်ရဲ့ ထိပ်တည့်တည့်မှ ဘေစင်ကဲ့သို့ မီးတောင်ဝပေါ်မှာ တည်ရှိပြီး Baekdudaegan တောင်းတန်းတွေရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ် ။ ဒီရေကန်ဟာ Ryanggang စီရင်စုရဲ့ အစိတ်အပိုင်းထဲမှာလည်းပါဝင်ပါတယ် ။ လှပတဲ့ တောင်ထိပ်ပေါ်မှာ သဘာဝအလား ဖြစ်ပေါ်နေတဲ့ နတ်ေ၇ကန်လေးကို အလည်တခေါက်သွားရောက်ကြဖို့ တိုက်တွန်းလိုပါတယ် ။ သဘာဝအလှတဲ့ ပြည့်စုံတဲ့ ကောင်းကင်ရေကန် လေးကို ခံစားကြည့်ကြရအောင်လား ။

Leave a Reply