အက္ဆစ္မုိးအေၾကာင္း သိေကာင္းစရာ

Posted on

အက္ဆစ္မုိးနဲ႔ သဘာ၀ပတ္၀န္းက်င္ ထိခုိက္မႈအႏၱရာယ္

ေဒါက္တာခင္ေမာင္ညိဳ

သိပၸံပညာနဲ႔ ပတ္သက္ၿပီး လူေတြရဲ႕အျမင္ ႏွစ္မ်ဳိးကုိ ေတြ႕ရတတ္သည္။ ပထမအခ်က္က နားမလည္တာပဲ။ ကၽြန္ေတာ္ ခုေရးတဲ့ အက္ဆစ္မုိးဆုိရင္ မုိးေပၚကရြာခ်တဲ့ မုိးေရေတြဟာ အက္ဆစ္ေတြျဖစ္ၿပီး ေလာင္ကုန္ တာလား ဆုိတာမ်ဳိးေပါ့။ ဒုတိယအခ်က္ကေတာ့ ကုိယ္က်ဳိးစီးပြားနဲ႔ ပတ္သက္တာပါ။

လူေတြဟာ မိမိအက်ဳိးစီးပြားကုိ အဓိကထားၿပီး စဥ္းစားတာေတြ ရွိပါတယ္။ ဒါဟာ ျပသနာေတာ့ မဟုတ္ပါဘူး။ ဘယ္သူမဆုိ ဒီလုိစဥ္းစားတယ္ဆုိၿပီး လက္ခံႏုိင္ပါတယ္။ ဒါေပမဲ့ သူတုိ႔ဟာ အမွန္တရားကေန ေသြဖီၿပီး စဥ္းစားတာေတြဟာ ေကြ႕ေကာက္သြားတယ္။ ဒါကုိ Crooked Thinking လုိ႔ ေခၚတယ္။ အေတြးမွားေတြဟာ ျပသနာေတြကုိ ေကာင္းစြာ မေျဖရွင္းႏုိင္တဲ့အျပင္ အႏၱရာယ္လည္း ႀကီးပါတယ္။ အႏၱရာယ္ႀကီးတယ္ဆုိတာက ျငင္းခံုမႈေတြ ကုိ ဖိတ္ေခၚသလုိ ျဖစ္ေနပါတယ္။

အမွန္ေတာ့ သိပၸံပညာအေနနဲ႔ မွားတာ အယူအဆလြဲတာေတြ ရွိေပမဲ့ လည္း ဘက္လုိက္လုိ႔မရဘူး။ ( အမွန္ကုိရွာေဖြတဲ့ ဘာသာရပ္ျဖစ္တယ္ )။ ဥပမာ ဓာတ္လုိက္တယ္ဆုိတာ လူႀကီးကုိလည္း လုိက္တယ္။ အစုိးရ အရာရွိကုိလည္း လုိက္တယ္။ ဆင္းရဲ၊ သူေဌး မခြဲျခားဘူး။ ဒါေၾကာင့္ သိပၸံပညာက ေျပာတာကုိ မျငင္းတာ အေကာင္းဆံုးပဲ။

ကၽြန္ေတာ္တုိ႔ ျပည္သူေတြထဲမွာလည္း လူႏွစ္မ်ဳိး ရွိတယ္။ ပထမတစ္မ်ဳိး ကေတာ့ မိမိတုိ႔ အက်ဳိးစီးပြားနဲ႔ ပတ္သက္ေနတာကုိ ေတြ႕ရႀကဳံရရင္ လက္မခံဘဲ ျငင္းဆန္ၾကတာ ဓမၼတာပဲ။ အဓိကကေတာ့ အက်ဳိးအေၾကာင္း ကုိ ၾကည့္ဖုိ႔ လုိတာပဲေပါ့။ ေနာက္တစ္မ်ဳိးဆုိရင္ ကေတာ့ ေ၀ဖန္ပုိင္းျခားၿပီး ေဆြးေႏြးလက္ခံ သူေတြပဲ ျဖစ္တယ္။

အထူးသျဖင့္ ခုေခတ္မွာ စက္႐ံုေတြမ်ားလာတယ္။ ကားေတြ မ်ားလာ တယ္။ ဒီအတြက္ မလႊဲမေရွာင္သာတဲ့ အက္ဆစ္မုိးဆုိတာကုိ သတိျပဳရမွာ ျဖစ္တယ္။ အက္ဆစ္မုိးဟာ သီးႏွံေတြကုိ ပ်က္ေစတယ္။ ထံုးေက်ာက္ေတာင္ေတြကုိ ဒုကၡေပးတယ္။ ပင္လယ္ထဲက သႏၱာ ေက်ာက္တန္းေတြကုိ ပ်က္ေစတယ္။ ယေန႔ ပင္လယ္ထဲက သတၱ၀ါမ်ားစြာဟာ အက္ဆစ္မုိးဒဏ္ ခံေနရတယ္လုိ႔ ဆုိတယ္။ အထူးသျဖင့္ ပင္လယ္ေရဟာ အက္ဆစ္ေတြျဖစ္လာတယ္။ ဒီအတြက္ ပင္လယ္ထဲက ငါးလုိ ေရသတၱ၀ါေတြဟာ ပ်က္စီးတယ္။ ဥေတြ ၊ အေကာင္ေပါက္ေတြ အတြက္ အႏၱရာယ္ႀကီးတယ္။

အက္ဆစ္မုိးဆုိတာ သဘာ၀အရ မဟုတ္ဘဲ အက္ဆစ္ဂုဏ္ပါတဲ့ မုိး ရြာခ်တာကုိ ေခၚတယ္။

အဓိကအားျဖင့္ ကုန္ထုတ္လုပ္ငန္း (စက္႐ံုမ)မ်ားမွ ေလထုထဲ စြန္႔ပစ္ ထုတ္လႊတ္တဲ့ အညစ္အေၾကးေၾကာင့္ ျဖစ္တယ္။ သန္႔စင္တဲ့ေရ (ေရသန္႔) ဟာ အက္ဆစ္ဂုဏ္လည္း မရိွဘူး။ ေဘ့စ္ဂုဏ္လည္း မရွိဘူး။ (အယ္ကာ လီ မျဖစ္ဘူး) စံစေကးမွာ ေရသန္႔ရဲ႕ စံဟာ 7 ျဖစ္ပါတယ္။ ဒါကုိ ဓာတ္ ျပယ္မွတ္ (neutral) ေရာက္ေနတယ္လုိ႔ သတ္မွတ္တယ္။ မုိးေရအားလံုး ဟာ သဘာ၀အားျဖင့္ အက္ဆစ္ဂုဏ္ နည္းနည္းေတာ့ ရွိတယ္။ ဒါဟာ ဘာေၾကာင့္လဲဆုိေတာ့ ေလထဲထဲက ကာဗြန္ဒုိင္ေအာက္ဆုိဒ္နဲ႔ ပင္လယ္ ထဲက ကလုိရုိဒ္တုိ႔ ပါလာလုိ႔ပဲ။ ကာဗြန္ဒုိင္ေအာက္ဆုိဒ္ဟာ ကာဗြန္နစ္ အက္ဆစ္ (H2CO3) ျဖစ္ေစတယ္။ ကလုိ႐ုိဒ္ကေတာ့ ဟုိက္ဒ႐ုိကလုိရစ္ အက္ဆစ္ (HCl) ျဖစ္ေစတယ္။ ဒီေတာ့ ေလထုညစ္ညမ္းမႈ မရွိတဲ့အရပ္က မုိးေရဟာ (အဲဒီအက္ဆစ္ေတြ ေပ်ာ္၀င္ေနတာ ေၾကာင့္ စံ 5.6 ၀န္းက်င္မွာ ရွိေနတတ္တာကုိ ေတြ႕ရတယ္။ ဒီလုိ စံနိမ့္က်တာဟာ အစ္ဆစ္ဂုဏ္ ရွိေနတာကုိ ေဖာ္ျပတာပါပဲ။

စက္မႈေတာ္လွန္ေရး မတုိင္မီ စက္႐ံု အလုပ္႐ံုေတြမမ်ားခင္က ေတာေရာ ၿမဳိ႕မွာပါ မုိးေရရဲ႕ စံဟာ 5 နဲ႔ 6 ၾကားမွာ ေျပးလ်က္ရွိတယ္။ ယခုေခတ္မွာ ေတာ့ တစ္ကမၻာလံုးမွာ ရွိတဲ့ မုိးေရရဲ႕စံဟာ 5 ထက္ကုိ နိမ့္က်ေနပါတယ္။ ဒါဟာ ကမၻာေပၚမွာ အက္ဆစ္မုိးေတြ ျဖစ္ေနတယ္ဆုိတဲ့ သတ္မွတ္ခ်က္ ေဘာင္ထဲ ေရာက္ေနတယ္လုိ႔ လက္ခံထားတဲ့ အဆင့္ကုိ ေရာက္ေနၿပီ ျဖစ္တယ္။

အက္ဆစ္မုိးရဲ႕ အဓိက တရားခံကေတာ့ ဆာလဖာဒုိင္ေအာက္ဆုိဒ္ နဲ႔ ႏုိက္ထ႐ုိဂ်င္ေအာက္ဆုိဒ္မ်ား NOx ေၾကာင့္ပါပဲ။ ဒါေတြဟာ ဇီ၀႐ုပ္ၾကြင္း ေလာင္စာမ်ားျဖစ္တဲ့ ေက်ာက္မီးေသြး၊ သဘာ၀ဓာတ္ေငြ႕၊ ဓာတ္ဆီ၊ ဒီဇယ္နဲ႔ ေရနံဆီတုိ႔ ေလာင္ကၽြ္းရာက ထြက္လာတာေတြ ျဖစ္တယ္။ ဆာလဖာ ဒုိင္ေအာက္ဆုိဒ္ဟာ ေရထဲေရာက္ရင္ ဆာျဖဴရစ္အက္ဆစ္ (H2SO4) ျဖစ္လာၿပီး ႏုိက္ထ႐ုိဂ်င္ေအာက္ဆုိဒ္ ကေတာ့ ႏုိက္ထရစ္နဲ႔ ႏုိက္ထရစ္ အက္ဆစ္ကုိ ျဖစ္ေစတယ္။

အက္ဆစ္မုိးဟာ သက္ရွိမ်ားကုိ ေသေၾကပ်က္စီးေစႏုိင္ၿပီး ပတ္၀န္းက်င္ရဲ႕ ေဂဟာစနစ္ (ECOSYSTEMS) မ်ားကုိလည္း ပ်က္စီးေစပါတယ္။ အက္ဆစ္မုိးဟာ အပင္ေတြကုိ ေသေစႏုိင္တယ္။ ေရထဲရွိအပင္မ်ားနဲ႔ ေရေမွာ္မ်ားကုိ ပ်က္စီးေစတယ္။

အက္ဆစ္မုိးဟာ လူေတြကုိ တုိက္႐ုိက္ ထိခုိက္ေစတာ ျဖစ္တယ္။ ဒီအက္ဆစ္မုိးဟာ ေျမႀကီးထဲရိ သတၱဳေတြကုိ တုိက္စားၿပီး အဆိပ္ရွိတဲ့ သတၱမ်ားကုိ (ေသာက္သံုးေရထဲကုိ ေရာက္ေစတဲ့အတြက္) လူေတြနဲ႔ ထိေတြ႕ေစကာ အႏၱရာယ္ ရွိႏုိင္ပါတယ္။ ဒီလုိ မုိးမ်ဳိးသာမရွိခဲ့ရင္ အဲဒီသတၱဳေတြဟာ ဘယ္သူ႕ကုိမွ ဒုကၡမေပးဘဲ သူ႕ဟာသူ ေျမႀကီးထဲေနမွာ ပါပဲ။

ထံုးေက်ာက္မ်ားနဲ႔ ေဆာက္ထားတဲ့ အေဆာက္အအံုေတြဟာလည္း အက္ဆစ္မုိးေၾကာင့္ တျဖည္းျဖည္း ပ်က္စီးသြားႏုိင္တယ္။ ဒီအက္ဆစ္မုိးဟာ ကမၻာမွာ ထင္ရွားေက်ာ္ေဇာတဲ့ အေဆာက္အဦမ်ား၊ အထိမ္းအမွတ္မ်ားနဲ႔ ႐ုပ္တုမ်ားကုိ ဖ်က္ဆီးပစ္ခဲ့ၿပီး ျဖစ္တယ္။

အက္ဆစ္မုိးကုိ အဓိကေလွ်ာ့ပစ္ဖုိ႔ကေတာ့ SO2 နဲ႔ NO2 တုိ႔ကုိ ေလထဲစြန္႔ပစ္ျခင္း မျပဳဖုိ႔ပါပဲ။ ဒီဓာတ္ေငြ႕ေတြဟာ အဓိကအားျဖင့္ ေမာ္ေတာ္ယာဥ္ေတြနဲ႔ ဓာတ္အားေပးစက္႐ံုေတြကေန ထြက္လာတာ ျဖစ္တယ္။ စက္႐ံုေတြ၊ ေမာ္ေတာ္ကားေတြဆီက အေျမာက္အျမား ထြက္လာတာပါ။ ေနာက္တစ္နည္း ႀကဳိးစားဖုိ႔ကေတာ့ ဇီ၀႐ုပ္ၾကြင္း ေလာင္စာအစား အျခားနည္းလမ္းတစ္ခုခုနဲ႔ စြမ္းအင္ရေအာင္ လုပ္ဖုိ႔ပါ။ ဒီအခါမွာ ဇီ၀႐ုပ္ၾကြင္းေလာင္စာေတြ ေလာင္ကၽြမ္းစရာ မလုိေတာ့ဘူးေပါ့။ ဒီေနရာမွာ ျပည့္ၿဖဳိးၿမဲ စြမ္းအင္ကုိ အေလးထားရမွာ ျဖစ္တယ္။

အက္ဆစ္မုိးကုိ သက္သာေစၿပီး ကမၻာႀကီးကုိ ကာကြယ္မွာကေတာ့ ျပည့္ၿဖဳိးၿမဲစြမ္းအင္ (Renewable Energy) ျပည့္ၿဖဳိးၿမဲ စြမ္းအင္ ေတြထဲမွာပါတာ ေတြကေတာ့ အမ်ားႀကီးပါပဲ။ ကာဗြန္ဒုိင္ေအာက္ဆုိဒ္ မထြက္တဲ့ ျပည့္ၿဖဳိးၿမဲ စြမ္းအင္ ၁၀ မ်ဳိး ရွိတယ္လုိ႔ တင္ျပထားတယ္။ ဒါေပမဲ့ အခ်ဳိ႕ကုိေတာ့ ပတ္၀န္းက်င္ အႏၱရာယ္ ရွိတယ္ဆုိၿပီး လက္မခံတာ ရွိတယ္။

ဥပမာ အဏုျမဴစြမ္းအင္ကုိ လက္မခံတာမ်ဳိးပါပဲ။ ေရအားလွ်ပ္စစ္ဟာလည္း ပတ္၀န္းက်င္ကုိ ထိခုိက္တဲ့ ဆည္ေတြ ျပဳလုပ္တာေတြ ရွိလုိ႔ အခ်ဳိ႕က ေရအားလွ်ပ္စစ္ကုိ သေဘာမက်ဘူး။ ေနေရာင္ျခည္နဲ႔ ေလအား လွ်ပ္စစ္စြမ္းအင္ေတြကုိ သေဘာက်တယ္။ သုိ႔ေသာ္ ဘက္ထရီေတြ လုိအပ္တာမ်ဳိး က်ရင္ေတာ့ သဘာ၀ပတ္၀န္းက်င္ကုိ ထိခုိက္ပါတယ္။

ဒီအတုိင္းပဲ ဆုိလာျပားေတြကုိ ျပဳလုပ္ရာမွာ ျပသ၁နာအမ်ားႀကီး ရွိတယ္။ ဆုိလုိတာက စြမ္းအင္သံုးတဲ့အခါမွာ သဘာ၀ ပတ္၀န္းက်င္ထိခိုက္မႈ မ်ားတာနဲ႔ နည္းတာပဲ ရွိတယ္။ လံုး၀မထိခုိက္ဘူး ဆုိတာ မဟုတ္ပါဘူး။ အဓိကကေတာ့ လူေတြပါပဲ။ ခ်ဳိးၿခံေခၽြတာတဲ့ အေလ့ကုိ လုပ္ဖုိ႔လုိတယ္။ အက္ဆစ္မုိးဟာ သဘာ၀ပတ္၀န္းက်င္ကုိ ထိခုိက္ေစတဲ့ အဆုိးေတြထဲက တစ္ခုပါပဲ။

ဆင္ျခင္ၾကပါ။
ေဒါက္တာခင္ေမာင္ညိဳ

Ladies News Journal

——————-

အက်ဆစ်မိုးအကြောင်း သိကောင်းစရာ (unicode)

အက်ဆစ်မိုးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်

ဒေါက်တာခင်မောင်ညို

သိပ္ပံပညာနဲ့ ပတ်သက်ပြီး လူတွေရဲ့အမြင် နှစ်မျိုးကို တွေ့ရတတ်သည်။ ပထမအချက်က နားမလည်တာပဲ။ ကျွန်တော် ခုရေးတဲ့ အက်ဆစ်မိုးဆိုရင် မိုးပေါ်ကရွာချတဲ့ မိုးရေတွေဟာ အက်ဆစ်တွေဖြစ်ပြီး လောင်ကုန် တာလား ဆိုတာမျိုးပေါ့။ ဒုတိယအချက်ကတော့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်တာပါ။

လူတွေဟာ မိမိအကျိုးစီးပွားကို အဓိကထားပြီး စဉ်းစားတာတွေ ရှိပါတယ်။ ဒါဟာ ပြသနာတော့ မဟုတ်ပါဘူး။ ဘယ်သူမဆို ဒီလိုစဉ်းစားတယ်ဆိုပြီး လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အမှန်တရားကနေ သွေဖီပြီး စဉ်းစားတာတွေဟာ ကွေ့ကောက်သွားတယ်။ ဒါကို Crooked Thinking လို့ ခေါ်တယ်။ အတွေးမှားတွေဟာ ပြသနာတွေကို ကောင်းစွာ မဖြေရှင်းနိုင်တဲ့အပြင် အန္တရာယ်လည်း ကြီးပါတယ်။ အန္တရာယ်ကြီးတယ်ဆိုတာက ငြင်းခုံမှုတွေ ကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။

အမှန်တော့ သိပ္ပံပညာအနေနဲ့ မှားတာ အယူအဆလွဲတာတွေ ရှိပေမဲ့ လည်း ဘက်လိုက်လို့မရဘူး။ ( အမှန်ကိုရှာဖွေတဲ့ ဘာသာရပ်ဖြစ်တယ် )။ ဥပမာ ဓာတ်လိုက်တယ်ဆိုတာ လူကြီးကိုလည်း လိုက်တယ်။ အစိုးရ အရာရှိကိုလည်း လိုက်တယ်။ ဆင်းရဲ၊ သူဌေး မခွဲခြားဘူး။ ဒါကြောင့် သိပ္ပံပညာက ပြောတာကို မငြင်းတာ အကောင်းဆုံးပဲ။

ကျွန်တော်တို့ ပြည်သူတွေထဲမှာလည်း လူနှစ်မျိုး ရှိတယ်။ ပထမတစ်မျိုး ကတော့ မိမိတို့ အကျိုးစီးပွားနဲ့ ပတ်သက်နေတာကို တွေ့ရကြုံရရင် လက်မခံဘဲ ငြင်းဆန်ကြတာ ဓမ္မတာပဲ။ အဓိကကတော့ အကျိုးအကြောင်း ကို ကြည့်ဖို့ လိုတာပဲပေါ့။ နောက်တစ်မျိုးဆိုရင် ကတော့ ဝေဖန်ပိုင်းခြားပြီး ဆွေးနွေးလက်ခံ သူတွေပဲ ဖြစ်တယ်။

အထူးသဖြင့် ခုခေတ်မှာ စက်ရုံတွေများလာတယ်။ ကားတွေ များလာ တယ်။ ဒီအတွက် မလွှဲမရှောင်သာတဲ့ အက်ဆစ်မိုးဆိုတာကို သတိပြုရမှာ ဖြစ်တယ်။ အက်ဆစ်မိုးဟာ သီးနှံတွေကို ပျက်စေတယ်။ ထုံးကျောက်တောင်တွေကို ဒုက္ခပေးတယ်။ ပင်လယ်ထဲက သန္တာ ကျောက်တန်းတွေကို ပျက်စေတယ်။ ယနေ့ ပင်လယ်ထဲက သတ္တဝါများစွာဟာ အက်ဆစ်မိုးဒဏ် ခံနေရတယ်လို့ ဆိုတယ်။ အထူးသဖြင့် ပင်လယ်ရေဟာ အက်ဆစ်တွေဖြစ်လာတယ်။ ဒီအတွက် ပင်လယ်ထဲက ငါးလို ရေသတ္တဝါတွေဟာ ပျက်စီးတယ်။ ဥတွေ ၊ အကောင်ပေါက်တွေ အတွက် အန္တရာယ်ကြီးတယ်။

အက်ဆစ်မိုးဆိုတာ သဘာဝအရ မဟုတ်ဘဲ အက်ဆစ်ဂုဏ်ပါတဲ့ မိုး ရွာချတာကို ခေါ်တယ်။

အဓိကအားဖြင့် ကုန်ထုတ်လုပ်ငန်း (စက်ရုံမ)များမှ လေထုထဲ စွန့်ပစ် ထုတ်လွှတ်တဲ့ အညစ်အကြေးကြောင့် ဖြစ်တယ်။ သန့်စင်တဲ့ရေ (ရေသန့်) ဟာ အက်ဆစ်ဂုဏ်လည်း မရှိဘူး။ ဘေ့စ်ဂုဏ်လည်း မရှိဘူး။ (အယ်ကာ လီ မဖြစ်ဘူး) စံစကေးမှာ ရေသန့်ရဲ့ စံဟာ 7 ဖြစ်ပါတယ်။ ဒါကို ဓာတ် ပြယ်မှတ် (neutral) ရောက်နေတယ်လို့ သတ်မှတ်တယ်။ မိုးရေအားလုံး ဟာ သဘာဝအားဖြင့် အက်ဆစ်ဂုဏ် နည်းနည်းတော့ ရှိတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ လေထဲထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ပင်လယ် ထဲက ကလိုရိုဒ်တို့ ပါလာလို့ပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ကာဗွန်နစ် အက်ဆစ် (H2CO3) ဖြစ်စေတယ်။ ကလိုရိုဒ်ကတော့ ဟိုက်ဒရိုကလိုရစ် အက်ဆစ် (HCl) ဖြစ်စေတယ်။ ဒီတော့ လေထုညစ်ညမ်းမှု မရှိတဲ့အရပ်က မိုးရေဟာ (အဲဒီအက်ဆစ်တွေ ပျော်ဝင်နေတာ ကြောင့် စံ 5.6 ဝန်းကျင်မှာ ရှိနေတတ်တာကို တွေ့ရတယ်။ ဒီလို စံနိမ့်ကျတာဟာ အစ်ဆစ်ဂုဏ် ရှိနေတာကို ဖော်ပြတာပါပဲ။

စက်မှုတော်လှန်ရေး မတိုင်မီ စက်ရုံ အလုပ်ရုံတွေမများခင်က တောရော မြို့မှာပါ မိုးရေရဲ့ စံဟာ 5 နဲ့ 6 ကြားမှာ ပြေးလျက်ရှိတယ်။ ယခုခေတ်မှာ တော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုးရေရဲ့စံဟာ 5 ထက်ကို နိမ့်ကျနေပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အက်ဆစ်မိုးတွေ ဖြစ်နေတယ်ဆိုတဲ့ သတ်မှတ်ချက် ဘောင်ထဲ ရောက်နေတယ်လို့ လက်ခံထားတဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်တယ်။

အက်ဆစ်မိုးရဲ့ အဓိက တရားခံကတော့ ဆာလဖာဒိုင်အောက်ဆိုဒ် နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်များ NOx ကြောင့်ပါပဲ။ ဒါတွေဟာ ဇီ၀ရုပ်ကြွင်း လောင်စာများဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့၊ ဓာတ်ဆီ၊ ဒီဇယ်နဲ့ ရေနံဆီတို့ လောင်က်ျွးရာက ထွက်လာတာတွေ ဖြစ်တယ်။ ဆာလဖာ ဒိုင်အောက်ဆိုဒ်ဟာ ရေထဲရောက်ရင် ဆာဖြူရစ်အက်ဆစ် (H2SO4) ဖြစ်လာပြီး နိုက်ထရိုဂျင်အောက်ဆိုဒ် ကတော့ နိုက်ထရစ်နဲ့ နိုက်ထရစ် အက်ဆစ်ကို ဖြစ်စေတယ်။

အက်ဆစ်မိုးဟာ သက်ရှိများကို သေကြေပျက်စီးစေနိုင်ပြီး ပတ်ဝန်းကျင်ရဲ့ ဂေဟာစနစ် (ECOSYSTEMS) များကိုလည်း ပျက်စီးစေပါတယ်။ အက်ဆစ်မိုးဟာ အပင်တွေကို သေစေနိုင်တယ်။ ရေထဲရှိအပင်များနဲ့ ရေမှော်များကို ပျက်စီးစေတယ်။

အက်ဆစ်မိုးဟာ လူတွေကို တိုက်ရိုက် ထိခိုက်စေတာ ဖြစ်တယ်။ ဒီအက်ဆစ်မိုးဟာ မြေကြီးထဲရိ သတ္တုတွေကို တိုက်စားပြီး အဆိပ်ရှိတဲ့ သတ္တများကို (သောက်သုံးရေထဲကို ရောက်စေတဲ့အတွက်) လူတွေနဲ့ ထိတွေ့စေကာ အန္တရာယ် ရှိနိုင်ပါတယ်။ ဒီလို မိုးမျိုးသာမရှိခဲ့ရင် အဲဒီသတ္တုတွေဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူ့ဟာသူ မြေကြီးထဲနေမှာ ပါပဲ။

ထုံးကျောက်များနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေဟာလည်း အက်ဆစ်မိုးကြောင့် တဖြည်းဖြည်း ပျက်စီးသွားနိုင်တယ်။ ဒီအက်ဆစ်မိုးဟာ ကမ္ဘာမှာ ထင်ရှားကျော်ဇောတဲ့ အဆောက်အဦများ၊ အထိမ်းအမှတ်များနဲ့ ရုပ်တုများကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်တယ်။

အက်ဆစ်မိုးကို အဓိကလျှော့ပစ်ဖို့ကတော့ SO2 နဲ့ NO2 တို့ကို လေထဲစွန့်ပစ်ခြင်း မပြုဖို့ပါပဲ။ ဒီဓာတ်ငွေ့တွေဟာ အဓိကအားဖြင့် မော်တော်ယာဉ်တွေနဲ့ ဓာတ်အားပေးစက်ရုံတွေကနေ ထွက်လာတာ ဖြစ်တယ်။ စက်ရုံတွေ၊ မော်တော်ကားတွေဆီက အမြောက်အမြား ထွက်လာတာပါ။ နောက်တစ်နည်း ကြိုးစားဖို့ကတော့ ဇီ၀ရုပ်ကြွင်း လောင်စာအစား အခြားနည်းလမ်းတစ်ခုခုနဲ့ စွမ်းအင်ရအောင် လုပ်ဖို့ပါ။ ဒီအခါမှာ ဇီ၀ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းစရာ မလိုတော့ဘူးပေါ့။ ဒီနေရာမှာ ပြည့်ဖြိုးမြဲ စွမ်းအင်ကို အလေးထားရမှာ ဖြစ်တယ်။

အက်ဆစ်မိုးကို သက်သာစေပြီး ကမ္ဘာကြီးကို ကာကွယ်မှာကတော့ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) ပြည့်ဖြိုးမြဲ စွမ်းအင် တွေထဲမှာပါတာ တွေကတော့ အများကြီးပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုဒ် မထွက်တဲ့ ပြည့်ဖြိုးမြဲ စွမ်းအင် ၁၀ မျိုး ရှိတယ်လို့ တင်ပြထားတယ်။ ဒါပေမဲ့ အချို့ကိုတော့ ပတ်ဝန်းကျင် အန္တရာယ် ရှိတယ်ဆိုပြီး လက်မခံတာ ရှိတယ်။

ဥပမာ အဏုမြူစွမ်းအင်ကို လက်မခံတာမျိုးပါပဲ။ ရေအားလျှပ်စစ်ဟာလည်း ပတ်ဝန်းကျင်ကို ထိခိုက်တဲ့ ဆည်တွေ ပြုလုပ်တာတွေ ရှိလို့ အချို့က ရေအားလျှပ်စစ်ကို သဘောမကျဘူး။ နေရောင်ခြည်နဲ့ လေအား လျှပ်စစ်စွမ်းအင်တွေကို သဘောကျတယ်။ သို့သော် ဘက်ထရီတွေ လိုအပ်တာမျိုး ကျရင်တော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပါတယ်။

ဒီအတိုင်းပဲ ဆိုလာပြားတွေကို ပြုလုပ်ရာမှာ ပြသ၁နာအများကြီး ရှိတယ်။ ဆိုလိုတာက စွမ်းအင်သုံးတဲ့အခါမှာ သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု များတာနဲ့ နည်းတာပဲ ရှိတယ်။ လုံးဝမထိခိုက်ဘူး ဆိုတာ မဟုတ်ပါဘူး။ အဓိကကတော့ လူတွေပါပဲ။ ချိုးခြံချွေတာတဲ့ အလေ့ကို လုပ်ဖို့လိုတယ်။ အက်ဆစ်မိုးဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ အဆိုးတွေထဲက တစ်ခုပါပဲ။

ဆင်ခြင်ကြပါ။
ဒေါက်တာခင်မောင်ညို

Ladies News Journal

Leave a Reply