မျဖစ္ႏုိင္ဘူးဆုိတဲ့ ကိစၥေတြဟာ ေနာက္ဆုံးမွာေတာ့

Posted on

ဆင္ဆိုတဲ့ သတၱဝါက တစ္တန္ေလးတဲ့ပစၥည္းကို ႏွာေမာင္းနဲ႔ အသာေလး မခ်ီႏိုင္တယ္။ ဒါေပမယ့္ ဆပ္ကပ္မွာ ကၽြန္ေတာ္တို႔ေတြ႔ျမင္တဲ့ဆင္က တုိင္တစ္တိုင္ေအာက္မွာ ၿငိမ္ၿငိမ္သက္သက္ ခ်ည္ေႏွာင္ခံခဲ့ရတယ္။ အေၾကာင္းက ဆင္ေတြဟာ ငယ္စဥ္ခြန္အား မရွိခင္ကတည္းက ႀကီးေလးတဲ့သံႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ခံခဲ့ရတယ္။ စစခ်င္းမွာ ဆင္ငယ္က ရွိသမွ်ခြန္အားနဲ႔ ရုန္းခဲ့ေပမယ့္ သံႀကိဳးမျပတ္ခဲ့ဘူး။

ဒီလိုနဲ႔ ဆင္ငယ္ကေန ဆင္ႀကီးျဖစ္လာၿပီး ခြန္အားေတြတိုးခဲ့လည္း တိုင္မွာ မလႈပ္မယွက္ ခ်ည္ေႏွာင္ခံထားရဆဲျဖစ္တယ္။ တကယ္ေတာ့ ႀကီးျပင္းလာတဲ့ဆင္ေတြမွာ အသာေလး႐ုန္း႐ုံနဲ႔ သံႀကိဳးျပတ္ႏိုင္တဲ့ ခြန္အားေတြရွိခဲ့ေပမယ့္ ငယ္စဥ္တည္းက “သံႀကိဳး လံုးဝမျပတ္ႏိုင္ဘူး” ဆိုတဲ့ အခ်ည္ေႏွာင္ခံရတဲ့ အက်င့္ဆိုးက ဦးေႏွာက္ထဲ သံမႈိစဲြေနခဲ့လို႔ျဖစ္တယ္။ ဒါေၾကာင့္ အင္အားရွိခဲ့သည့္တုိင္ ႀကိဳးကလြတ္႐ုန္းဖို႔ မႀကိဳးစားခဲ့ၾကေတာ့ဘူး။

သတၱဝါေတြမွမဟုတ္ပါဘူး။ အသိပညာရွိတဲ့ လူေတြမွာလည္း “တစ္သတ္မွတ္ အေတြး၊ အျမင္”ေတြ႔ေၾကာင့္ “ငါ့မွာ စြမ္းရည္မရွိဘူး၊ မလုပ္ႏိုင္ဘူး” ဆိုတာနဲ႔ အခ်ိန္ေတြ၊ အခြင့္အေရးေတြ အမ်ားႀကီး လက္လြတ္ဆံုး႐ႈံးေစခဲ့တယ္။

ပဒူေကာင္ (Hornet)ေတြဟာ မပ်ံသန္းႏိုင္ဘူးလို႔ သိပံၸပညာရွင္ေတြက ေလ့လာဆန္းစစ္ အေျဖထုတ္ခဲ့ၾကတယ္။ ပဒူေတြရဲ႕ကိုယ္ထည္ဟာ ႀကီးမားၿပီး အေတာင္ပံက ပါးလႊာေသးငယ္လို႔ျဖစ္တယ္။ စြမ္းအားနဲ႔ပတ္သက္တဲ့ ပညာအရ (dynamics) ပဒူေတြဟာပ်ံသန္းဖို႔ လံုးဝ မျဖစ္ႏိုင္ခဲ့ဘူး။ ဒီလိုေလ့လာဆန္းစစ္ခ်က္ကို ပဒူေတြက မသိခဲ့ဘူး။ ဒါေၾကာင့္ သူတို႔ပ်ံသန္းႏိုင္ခဲ့ၾကတယ္။

Ford ကားကုမၸဏီပိုင္ရွင္ Fordဟာ အသက္(၄ဝ)ေရာက္မွ ေအာင္ျမင္မႈရခဲ့သူျဖစ္တယ္။ သူဟာ အတန္းပညာကို ဟုတ္တိပတ္တိ သင္ခဲ့ဖူးသူမဟုတ္ဘူး။စီးပြါးေရးေအာင္ျမင္ၿပီးေနာက္ Ford ဟာ 8-cylinder engine ကိုလုပ္ဖို႔ႀကိဳးစားခဲ့တယ္။ ပညာရွင္ အင္ဂ်င္နီယာေတြကို ေခၚယူၿပီး8-cylinder အင္ဂ်င္တစ္ခုလုပ္မယ့္အေၾကာင္း ေျပာခဲ့တယ္။ ထက္ျမက္ၿပီး၊အဆင့္ျမင့္ပညာေတြ၊ ကိန္းဂဏန္း သခၤ်ာ၊ ရႈပေဗဒ၊ သီအိုရီ စတာေတြ သင္ယူခဲ့ဖူးတဲ့ အင္ဂ်င္နီယာေတြက ဘယ္အရာကိုျဖစ္ႏိုင္တယ္၊ မျဖစ္ႏိုင္ဘူးဆိုတာ သိေနခဲ့တယ္။

သူတို႔ဟာ Ford ကို ခြင့္လြတ္နားလည္ဟန္နဲ႔ “သနားစရာဒီအဘိုးႀကီးကို ရွင္းျပရေတာ့မယ္။ ဘာပဲျဖစ္ျဖစ္ သူက ငါတို႔ရဲ႕ သူေဌးပဲ”ဆိုၿပီး အင္ဂ်င္နီယာ ပညာရွင္ေတြက Ford ကို စိတ္ရွည္သည္းခံစြာနဲ႔ 8-cylinderအင္ဂ်င္ဟာ စီးပြါးေရးအရ ဘယ္လိုမွ အဆင္မေျပတဲ့အေၾကာင္း ရွင္းျပခဲ့လည္းFordက လက္မခံခဲ့ဘူး။ သူသိတာက 8-cylinder အင္ဂ်င္ရဖို႔ဆိုတာပဲျဖစ္တယ္။

အင္ဂ်င္နီယာေတြက စိတ္မပါတပါနဲ႔ လုပ္ငန္းစၾကၿပီး ရက္အေတာ္အသင့္မွာ Ford ကို မျဖစ္ႏိုင္တဲ့အေၾကာင္း တင္ျပျပန္တယ္။

“လုပ္ေလေလ ဒီ 8-cylinder အင္ဂ်င္က မျဖစ္ႏိုင္ေလေလဆိုတာကို ကၽြန္ေတာ္တို႔သိလိုက္ရတယ္”

Ford က ဒီလိုေတာ္ရံုအေျပာနဲ႔ လက္ေလ်ာ့တတ္သူ မဟုတ္ခဲ့ဘူး။

“အင္ဂ်င္နီယာမ်ားခင္ဗ်ား .. ဒီ 8-cylinder အင္ဂ်င္ကို မျဖစ္မေန အျမန္ဆံုးျပဳလုပ္ေပးပါ”

အင္ဂ်င္နီယာေတြ လုပ္ငန္းစၾကျပန္တယ္။ ပထမတစ္ေခါက္ထက္ သူတို႔ပိုႀကိဳးစားလာၾကတယ္။ အခ်ိန္ေတြကုန္ခဲ့သလို ရင္းႏွီးမႈေတြလည္းမ်ားလာခဲ့တယ္။ ဒါေပမယ့္ Ford ကို အရင္တစ္ေခါက္လိုပဲ မျဖစ္ႏိုင္ဘူးလို႔ သူတို႔တင္ျပျပန္တယ္။ ဒါေပမယ့္ ေအာက္ေျခသိမ္းအလုပ္က စခဲ့ၿပီး၊ အဆင့္ျမင့္အတန္းပညာေတြ မသင္ခဲ့ဖူးတဲ့ Fordရဲ႕ ဦးေႏွာက္ထဲမွာ မျဖစ္ႏိုင္ဆိုတဲ့စကားကရွိမေနခဲ့ဘူး။ အင္ဂ်င္နီယာေတြကို သူခိုင္းေစခဲ့ျပန္တယ္။

“အင္ဂ်င္နီယာမ်ားခင္ဗ်ား…ဒီ 8-cylinder အင္ဂ်င္က ကၽြန္ေတာ့္ဆီမွာ ရွိကိုရွိမွျဖစ္မယ္။ ဒါေၾကာင့္ ကၽြန္ေတာ့္အတြက္ လုပ္ေပးၾကပါ”

ဒီလိုနဲ႔ေနာက္ဆံုးမွာ 8-cylinder အင္ဂ်င္ျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တယ္။ ဘယ္လိုအရာမ်ဳိးက မျဖစ္ႏိုင္ဘူးဆိုတာကို မသိတဲ့လူတစ္ေယာက္ေၾကာင့္ လုပ္ႏိုင္ခဲ့တာျဖစ္တယ္။ဒီလိုအျဖစ္မ်ဳိးကုိ ကၽြန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ေန႔စဥ္ျမင္ေတြ႔ႏိုင္တယ္။မျဖစ္ႏိုင္ဘူးလို႔ ထင္တဲ့လူတစ္ေယာက္က ေအာင္ျမင္ေအာင္ မလုပ္ႏိုင္ခဲ့သလို ျဖစ္ႏိုင္တယ္လို႔ ထင္တဲ့လူတစ္ေယာက္က ေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။

Wright ညီအစ္ကိုႏွစ္ဦး စက္ဘီးအေရာင္းအဝယ္ ျပဳလုပ္ရင္း မိုးေပၚမွာပ်ံသန္းႏိုင္မယ့္ ေလယာဥ္ပ်ံကို ထီထြင္ခဲ့တုန္းက “မျဖစ္ႏိုင္ဘူး”လို႔ လူေတြဆိုခဲ့ၾကေပမယ့္ ေနာက္ဆံုးမွာ သူတို႔ရဲ႕ႀကိဳးစားမႈေၾကာင့္အျမင့္မွာပ်ံသန္းႏိုင္ၿပီး ပို႔ေဆာင္သယ္ယူရမွာ အျမန္ဆံုးျဖစ္တဲ့ ေလယာဥ္ပ်ံကို ေအာင္ျမင္စြာထီထြင္ႏိုင္ခဲ့တယ္။ “မျဖစ္ႏိုင္” ဆိုတာကို Wrightတို႔ ညီအစ္ကိုႏွစ္ဦးက “ျဖစ္ေအာင္” လုပ္ႏိုင္ခဲ့တယ္။

တကယ္ေတာ့တစ္ခ်ဳိ႕ကိစၥေတြဟာ မျဖစ္ႏိုင္ဘူးလို႔ ထင္ရေပမယ့္ ကိုယ့္ရဲ႕ပံုေသအေတြး၊တစ္သတ္မွတ္အျမင္ေတြကို ဖယ္ရွားၿပီး ႀကိဳးစားအားထုတ္လုပ္ေဆာင္ခဲ့ရင္ “မျဖစ္ႏိုင္” က “ျဖစ္ႏိုင္” သြားပါတယ္။

၁၉၂၁ ခုႏွစ္ ဇြန္လ (၂)ရက္ေန႔မွာ (နယူးေယာက္ တိုင္း(မ္)) ၂၅ႏွစ္ျပည့္ အထိမ္းအမွတ္လုပ္ခဲ့ၿပီး ေၾကညာစာတစ္ေစာင္ ထုတ္ေဝခဲ့တယ္။ ေၾကညာစာေစာင္မွာ ယေန႔သတင္းဖတ္ႏႈန္းသည္ ယခင္ ၂၅ႏွစ္ထက္ ၂၅ဆ ပိုခဲ့သည္ဆိုတဲ့ သတင္းတစ္ခုပါခဲ့တယ္။

စာဖတ္သူအမ်ားရဲ႕အျမင္မွာဒါဟာ သာမန္သတင္းတစ္ခုလို႔ မွတ္ယူခဲ့ၾကတယ္။ သာမန္လြန္းလို႔ တစ္ခ်ဳိ႕ကဖတ္ၿပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္ခဲ့ၾကတယ္။ ဒါေပမယ့္ ေတြးေတာတတ္ၿပီး သာမန္အျမင္နဲ႔ မျမင္တဲ့လူတစ္ခ်ဳိ႕ရဲ႕ အၾကည့္မွာ ဒါဟာ အရမ္းအဖိုးတန္တဲ့ သတင္းတစ္ခုျဖစ္ခဲ့တယ္။ အေမရိကန္မွာရွိတဲ့ လူ (၁၆)ဦးက ဒီသတင္းေၾကာင့္ ဂ်ာနယ္တစ္ေစာင္ထုတ္ေဝႏိုင္ဖို႔ အျမန္လႈပ္ရွားခဲ့ၾကတယ္။ (၃)လအတြင္းမွာ ရင္းႏွီးမတည္ေငြ ေဒၚလာ(၅ဝဝ)ကို ဘဏ္မွာ သူ႔ထက္ငါ အလုအယက္ သြားေရာက္သြင္းခဲ့ၾကၿပီး လုပ္ငန္းလုိင္စင္ေတြ ေလွ်ာက္ခဲ့ၾကတယ္။

အဲဒီေနာက္ သက္ဆိုင္ရာ စာရြက္စာတမ္းျပဳလုပ္ဖို႔အတြက္ စာတိုက္ကို သြားေရာက္ခဲ့ၾကတယ္။ စာတိုက္တာဝန္ခံေတြက ေရြးေကာက္ပဲြေတြ မၾကာခင္ျပဳလုပ္မွာျဖစ္တဲ့အတြက္ ဒီလိုစာေစာင္ရဲ႕ ေလွ်ာက္လႊာနဲ႔ ထုတ္ေဝမႈေတြကို ေလာေလာဆယ္ လုပ္မေပးႏိုင္ေသးေၾကာင္း၊ လုပ္ေပးႏိုင္မယ့္ အခ်ိန္အခါကိုလည္း တိတိက်က် မသိေသးေၾကာင္းေျပာခဲ့တယ္။

အဲဒီသတင္းေၾကာင့္လူ (၁၅)ဦးက ဒီလိုအခ်ိန္အခါနဲ႔ ဂ်ာနယ္ထုတ္ေဝဖို႔ မသင့္ေလွ်ာ္ဘူးဆိုၿပီးလုပ္ငန္းလိုင္စင္ေလွ်ာက္ဖို႔ ရက္ကို ေနာက္ေရြ႕လိုက္ၾကတယ္။ ဒါေပမယ့္ DeWitt Wallace လို႔ေခၚသူတစ္ဦးက ဒီသတင္းကို ဂရုမစိုက္ခဲ့ဘူး။ “မျဖစ္ႏိုင္ဘူး” ဆိုတဲ့ စကားကိုလည္း စိတ္ထဲမွာ မထည့္ခဲ့ဘူး။ စာတိုက္တာဝန္ခံရဲ႕ “မျဖစ္ႏိုင္” ဆိုတဲ့စကားက သူ႔ၿပိဳင္ဖက္ (၁၅)ဦးကို အလဲထိုးလိုက္တယ္လို႔ပဲ မွတ္ယူခဲ့တယ္။

Wallace က သူငွားေနတဲ့ နယူးေယာက္က Greenwich Village ေနအိမ္ကို ျပန္ေရာက္ၿပီးေနာက္ စာအေစာင္ (၂ဝဝဝ) နဲ႔အတူ Card ordersကို သူ႔ရဲ႕ဇနီးမယားျဖစ္လာမယ့္ ခ်စ္သူရဲ႕ အကူအညီနဲ႔ အနယ္နယ္ အရပ္ရပ္ကို ပို႔ခဲ့တယ္။ ဒီလိုနဲ႔ “Reader’s Digest” ဆိုတဲ့စာေစာင္တစ္ခု အရွိန္အဟုန္ျပင္းျပင္းနဲ႔ေမြးဖြားခဲ့တယ္။ ၂ဝ ရာစုေႏွာင္းပိုင္းမွာ “Reader’s Digest”က ဘာသာ (၁၉)မ်ဳိး၊ ဗား႐ွင္း (၄၈)မ်ဳိးနဲ႔ ထုတ္ေဝခဲ့ၿပီးျဖစ္တယ္။ ႏိုင္ငံေပါင္း(၁၂၇) ကို ျဖန္႔ခ်ီခဲ့ၿပီး ဝယ္ယူသူေပါင္း သန္းတစ္ရာ့တစ္ဆယ္ေက်ာ္ရွိခဲ့တဲ့အျပင္ ႏွစ္စဥ္ဝင္ေငြ ေဒၚလာသန္း (၅ဝ)ေက်ာ္ရွိခဲ့တယ္။ အေမရိကန္စာေစာင္ေတြမွာ နံပါတ္ (၁)ေနရာအျဖစ္ ဆယ္စုႏွစ္ေက်ာ္ ေနရာယူထားတဲ့ စာေစာင္ျဖစ္ခဲ့တယ္။ “Reader’s Digest” ရဲ႕ ေအာင္ျမင္မႈက လူေတြ “မျဖစ္ႏိုင္ဘူး” လို႔ ထင္တဲ့အရာကုိ “ျဖစ္ေအာင္” Wallace လုပ္ခဲ့ေၾကာင္း သက္ေသျပေနခဲ့တယ္။

ပံုေသအေတြး၊ တစ္သတ္မွတ္တည္းေသာ အျမင္ကိုေျပာင္းလဲၿပီး ခ်ံဳ႕ခ်ဲ႕ေကြးဆန္႔လို႔ရတဲ့အေတြးနဲ႔ ေတြးေတာမယ္၊ ဇဲြလံုလမေလွ်ာ့ ႀကိဳးစားမယ္၊ စူးစမ္းမယ္ဆိုရင္ “မျဖစ္ႏိုင္” တဲ့ကိစၥက ေနာက္ဆံုးမွာ “ျဖစ္ႏိုင္”ခဲ့ပါတယ္။

Forward Mail မွ

—————-

မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စတွေဟာ နောက်ဆုံးမှာတော့ (unicode)

ဆင်ဆိုတဲ့ သတ္တဝါက တစ်တန်လေးတဲ့ပစ္စည်းကို နှာမောင်းနဲ့ အသာလေး မချီနိုင်တယ်။ ဒါပေမယ့် ဆပ်ကပ်မှာ ကျွန်တော်တို့တွေ့မြင်တဲ့ဆင်က တိုင်တစ်တိုင်အောက်မှာ ငြိမ်ငြိမ်သက်သက် ချည်နှောင်ခံခဲ့ရတယ်။ အကြောင်းက ဆင်တွေဟာ ငယ်စဉ်ခွန်အား မရှိခင်ကတည်းက ကြီးလေးတဲ့သံကြိုးတွေနဲ့ ချည်နှောင်ခံခဲ့ရတယ်။ စစချင်းမှာ ဆင်ငယ်က ရှိသမျှခွန်အားနဲ့ ရုန်းခဲ့ပေမယ့် သံကြိုးမပြတ်ခဲ့ဘူး။

ဒီလိုနဲ့ ဆင်ငယ်ကနေ ဆင်ကြီးဖြစ်လာပြီး ခွန်အားတွေတိုးခဲ့လည်း တိုင်မှာ မလှုပ်မယှက် ချည်နှောင်ခံထားရဆဲဖြစ်တယ်။ တကယ်တော့ ကြီးပြင်းလာတဲ့ဆင်တွေမှာ အသာလေးရုန်းရုံနဲ့ သံကြိုးပြတ်နိုင်တဲ့ ခွန်အားတွေရှိခဲ့ပေမယ့် ငယ်စဉ်တည်းက “သံကြိုး လုံးဝမပြတ်နိုင်ဘူး” ဆိုတဲ့ အချည်နှောင်ခံရတဲ့ အကျင့်ဆိုးက ဦးနှောက်ထဲ သံမှိုစွဲနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် အင်အားရှိခဲ့သည့်တိုင် ကြိုးကလွတ်ရုန်းဖို့ မကြိုးစားခဲ့ကြတော့ဘူး။

သတ္တဝါတွေမှမဟုတ်ပါဘူး။ အသိပညာရှိတဲ့ လူတွေမှာလည်း “တစ်သတ်မှတ် အတွေး၊ အမြင်”တွေ့ကြောင့် “ငါ့မှာ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူး” ဆိုတာနဲ့ အချိန်တွေ၊ အခွင့်အရေးတွေ အများကြီး လက်လွတ်ဆုံးရှုံးစေခဲ့တယ်။

ပဒူကောင် (Hornet)တွေဟာ မပျံသန်းနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက လေ့လာဆန်းစစ် အဖြေထုတ်ခဲ့ကြတယ်။ ပဒူတွေရဲ့ကိုယ်ထည်ဟာ ကြီးမားပြီး အတောင်ပံက ပါးလွှာသေးငယ်လို့ဖြစ်တယ်။ စွမ်းအားနဲ့ပတ်သက်တဲ့ ပညာအရ (dynamics) ပဒူတွေဟာပျံသန်းဖို့ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။ ဒီလိုလေ့လာဆန်းစစ်ချက်ကို ပဒူတွေက မသိခဲ့ဘူး။ ဒါကြောင့် သူတို့ပျံသန်းနိုင်ခဲ့ကြတယ်။

Ford ကားကုမ္ပဏီပိုင်ရှင် Fordဟာ အသက်(၄ဝ)ရောက်မှ အောင်မြင်မှုရခဲ့သူဖြစ်တယ်။ သူဟာ အတန်းပညာကို ဟုတ်တိပတ်တိ သင်ခဲ့ဖူးသူမဟုတ်ဘူး။စီးပွါးရေးအောင်မြင်ပြီးနောက် Ford ဟာ 8-cylinder engine ကိုလုပ်ဖို့ကြိုးစားခဲ့တယ်။ ပညာရှင် အင်ဂျင်နီယာတွေကို ခေါ်ယူပြီး8-cylinder အင်ဂျင်တစ်ခုလုပ်မယ့်အကြောင်း ပြောခဲ့တယ်။ ထက်မြက်ပြီး၊အဆင့်မြင့်ပညာတွေ၊ ကိန်းဂဏန်း သင်္ချာ၊ ရှုပဗေဒ၊ သီအိုရီ စတာတွေ သင်ယူခဲ့ဖူးတဲ့ အင်ဂျင်နီယာတွေက ဘယ်အရာကိုဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့တယ်။ သူတို့ဟာ Ford ကို ခွင့်လွတ်နားလည်ဟန်နဲ့ “သနားစရာဒီအဘိုးကြီးကို ရှင်းပြရတော့မယ်။ ဘာပဲဖြစ်ဖြစ် သူက ငါတို့ရဲ့ သူဌေးပဲ”ဆိုပြီး အင်ဂျင်နီယာ ပညာရှင်တွေက Ford ကို စိတ်ရှည်သည်းခံစွာနဲ့ 8-cylinderအင်ဂျင်ဟာ စီးပွါးရေးအရ ဘယ်လိုမှ အဆင်မပြေတဲ့အကြောင်း ရှင်းပြခဲ့လည်းFordက လက်မခံခဲ့ဘူး။ သူသိတာက 8-cylinder အင်ဂျင်ရဖို့ဆိုတာပဲဖြစ်တယ်။

အင်ဂျင်နီယာတွေက စိတ်မပါတပါနဲ့ လုပ်ငန်းစကြပြီး ရက်အတော်အသင့်မှာ Ford ကို မဖြစ်နိုင်တဲ့အကြောင်း တင်ပြပြန်တယ်။

“လုပ်လေလေ ဒီ 8-cylinder အင်ဂျင်က မဖြစ်နိုင်လေလေဆိုတာကို ကျွန်တော်တို့သိလိုက်ရတယ်”

Ford က ဒီလိုတော်ရုံအပြောနဲ့ လက်လျော့တတ်သူ မဟုတ်ခဲ့ဘူး။

“အင်ဂျင်နီယာများခင်ဗျား .. ဒီ 8-cylinder အင်ဂျင်ကို မဖြစ်မနေ အမြန်ဆုံးပြုလုပ်ပေးပါ”

အင်ဂျင်နီယာတွေ လုပ်ငန်းစကြပြန်တယ်။ ပထမတစ်ခေါက်ထက် သူတို့ပိုကြိုးစားလာကြတယ်။ အချိန်တွေကုန်ခဲ့သလို ရင်းနှီးမှုတွေလည်းများလာခဲ့တယ်။ ဒါပေမယ့် Ford ကို အရင်တစ်ခေါက်လိုပဲ မဖြစ်နိုင်ဘူးလို့ သူတို့တင်ပြပြန်တယ်။ ဒါပေမယ့် အောက်ခြေသိမ်းအလုပ်က စခဲ့ပြီး၊ အဆင့်မြင့်အတန်းပညာတွေ မသင်ခဲ့ဖူးတဲ့ Fordရဲ့ ဦးနှောက်ထဲမှာ မဖြစ်နိုင်ဆိုတဲ့စကားကရှိမနေခဲ့ဘူး။ အင်ဂျင်နီယာတွေကို သူခိုင်းစေခဲ့ပြန်တယ်။

“အင်ဂျင်နီယာများခင်ဗျား…ဒီ 8-cylinder အင်ဂျင်က ကျွန်တော့်ဆီမှာ ရှိကိုရှိမှဖြစ်မယ်။ ဒါကြောင့် ကျွန်တော့်အတွက် လုပ်ပေးကြပါ”

ဒီလိုနဲ့နောက်ဆုံးမှာ 8-cylinder အင်ဂျင်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘယ်လိုအရာမျိုးက မဖြစ်နိုင်ဘူးဆိုတာကို မသိတဲ့လူတစ်ယောက်ကြောင့် လုပ်နိုင်ခဲ့တာဖြစ်တယ်။ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်မြင်တွေ့နိုင်တယ်။မဖြစ်နိုင်ဘူးလို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ဖြစ်နိုင်တယ်လို့ ထင်တဲ့လူတစ်ယောက်က အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။

Wright ညီအစ်ကိုနှစ်ဦး စက်ဘီးအရောင်းအဝယ် ပြုလုပ်ရင်း မိုးပေါ်မှာပျံသန်းနိုင်မယ့် လေယာဉ်ပျံကို ထီထွင်ခဲ့တုန်းက “မဖြစ်နိုင်ဘူး”လို့ လူတွေဆိုခဲ့ကြပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ကြိုးစားမှုကြောင့်အမြင့်မှာပျံသန်းနိုင်ပြီး ပို့ဆောင်သယ်ယူရမှာ အမြန်ဆုံးဖြစ်တဲ့ လေယာဉ်ပျံကို အောင်မြင်စွာထီထွင်နိုင်ခဲ့တယ်။ “မဖြစ်နိုင်” ဆိုတာကို Wrightတို့ ညီအစ်ကိုနှစ်ဦးက “ဖြစ်အောင်” လုပ်နိုင်ခဲ့တယ်။

တကယ်တော့တစ်ချို့ကိစ္စတွေဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကိုယ့်ရဲ့ပုံသေအတွေး၊တစ်သတ်မှတ်အမြင်တွေကို ဖယ်ရှားပြီး ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့ရင် “မဖြစ်နိုင်” က “ဖြစ်နိုင်” သွားပါတယ်။

၁၉၂၁ ခုနှစ် ဇွန်လ (၂)ရက်နေ့မှာ (နယူးယောက် တိုင်း(မ်)) ၂၅နှစ်ပြည့် အထိမ်းအမှတ်လုပ်ခဲ့ပြီး ကြေညာစာတစ်စောင် ထုတ်ဝေခဲ့တယ်။ ကြေညာစာစောင်မှာ ယနေ့သတင်းဖတ်နှုန်းသည် ယခင် ၂၅နှစ်ထက် ၂၅ဆ ပိုခဲ့သည်ဆိုတဲ့ သတင်းတစ်ခုပါခဲ့တယ်။

စာဖတ်သူအများရဲ့အမြင်မှာဒါဟာ သာမန်သတင်းတစ်ခုလို့ မှတ်ယူခဲ့ကြတယ်။ သာမန်လွန်းလို့ တစ်ချို့ကဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် တွေးတောတတ်ပြီး သာမန်အမြင်နဲ့ မမြင်တဲ့လူတစ်ချို့ရဲ့ အကြည့်မှာ ဒါဟာ အရမ်းအဖိုးတန်တဲ့ သတင်းတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်မှာရှိတဲ့ လူ (၁၆)ဦးက ဒီသတင်းကြောင့် ဂျာနယ်တစ်စောင်ထုတ်ဝေနိုင်ဖို့ အမြန်လှုပ်ရှားခဲ့ကြတယ်။ (၃)လအတွင်းမှာ ရင်းနှီးမတည်ငွေ ဒေါ်လာ(၅ဝဝ)ကို ဘဏ်မှာ သူ့ထက်ငါ အလုအယက် သွားရောက်သွင်းခဲ့ကြပြီး လုပ်ငန်းလိုင်စင်တွေ လျှောက်ခဲ့ကြတယ်။

အဲဒီနောက် သက်ဆိုင်ရာ စာရွက်စာတမ်းပြုလုပ်ဖို့အတွက် စာတိုက်ကို သွားရောက်ခဲ့ကြတယ်။ စာတိုက်တာဝန်ခံတွေက ရွေးကောက်ပွဲတွေ မကြာခင်ပြုလုပ်မှာဖြစ်တဲ့အတွက် ဒီလိုစာစောင်ရဲ့ လျှောက်လွှာနဲ့ ထုတ်ဝေမှုတွေကို လောလောဆယ် လုပ်မပေးနိုင်သေးကြောင်း၊ လုပ်ပေးနိုင်မယ့် အချိန်အခါကိုလည်း တိတိကျကျ မသိသေးကြောင်းပြောခဲ့တယ်။

အဲဒီသတင်းကြောင့်လူ (၁၅)ဦးက ဒီလိုအချိန်အခါနဲ့ ဂျာနယ်ထုတ်ဝေဖို့ မသင့်လျှော်ဘူးဆိုပြီးလုပ်ငန်းလိုင်စင်လျှောက်ဖို့ ရက်ကို နောက်ရွေ့လိုက်ကြတယ်။ ဒါပေမယ့် DeWitt Wallace လို့ခေါ်သူတစ်ဦးက ဒီသတင်းကို ဂရုမစိုက်ခဲ့ဘူး။ “မဖြစ်နိုင်ဘူး” ဆိုတဲ့ စကားကိုလည်း စိတ်ထဲမှာ မထည့်ခဲ့ဘူး။ စာတိုက်တာဝန်ခံရဲ့ “မဖြစ်နိုင်” ဆိုတဲ့စကားက သူ့ပြိုင်ဖက် (၁၅)ဦးကို အလဲထိုးလိုက်တယ်လို့ပဲ မှတ်ယူခဲ့တယ်။

Wallace က သူငှားနေတဲ့ နယူးယောက်က Greenwich Village နေအိမ်ကို ပြန်ရောက်ပြီးနောက် စာအစောင် (၂ဝဝဝ) နဲ့အတူ Card ordersကို သူ့ရဲ့ဇနီးမယားဖြစ်လာမယ့် ချစ်သူရဲ့ အကူအညီနဲ့ အနယ်နယ် အရပ်ရပ်ကို ပို့ခဲ့တယ်။ ဒီလိုနဲ့ “Reader’s Digest” ဆိုတဲ့စာစောင်တစ်ခု အရှိန်အဟုန်ပြင်းပြင်းနဲ့မွေးဖွားခဲ့တယ်။ ၂ဝ ရာစုနှောင်းပိုင်းမှာ “Reader’s Digest”က ဘာသာ (၁၉)မျိုး၊ ဗားရှင်း (၄၈)မျိုးနဲ့ ထုတ်ဝေခဲ့ပြီးဖြစ်တယ်။ နိုင်ငံပေါင်း(၁၂၇) ကို ဖြန့်ချီခဲ့ပြီး ဝယ်ယူသူပေါင်း သန်းတစ်ရာ့တစ်ဆယ်ကျော်ရှိခဲ့တဲ့အပြင် နှစ်စဉ်ဝင်ငွေ ဒေါ်လာသန်း (၅ဝ)ကျော်ရှိခဲ့တယ်။ အမေရိကန်စာစောင်တွေမှာ နံပါတ် (၁)နေရာအဖြစ် ဆယ်စုနှစ်ကျော် နေရာယူထားတဲ့ စာစောင်ဖြစ်ခဲ့တယ်။ “Reader’s Digest” ရဲ့ အောင်မြင်မှုက လူတွေ “မဖြစ်နိုင်ဘူး” လို့ ထင်တဲ့အရာကို “ဖြစ်အောင်” Wallace လုပ်ခဲ့ကြောင်း သက်သေပြနေခဲ့တယ်။

ပုံသေအတွေး၊ တစ်သတ်မှတ်တည်းသော အမြင်ကိုပြောင်းလဲပြီး ချုံ့ချဲ့ကွေးဆန့်လို့ရတဲ့အတွေးနဲ့ တွေးတောမယ်၊ ဇွဲလုံလမလျှော့ ကြိုးစားမယ်၊ စူးစမ်းမယ်ဆိုရင် “မဖြစ်နိုင်” တဲ့ကိစ္စက နောက်ဆုံးမှာ “ဖြစ်နိုင်”ခဲ့ပါတယ်။

Forward Mail မှ

Leave a Reply