ဗုဒၶဂါယာ အေၾကာင္း သိေကာင္းစရာ

Posted on

ကမၻာေပၚ၌ အယူဝါဒ အမ်ိဳးမ်ိဳးရွိၾကရာ မိမိတို႔ အယူဝါဒဆိုင္ရာ မဂၤလာရွိေသာ ေျမျမတ္ဟု တေနရာရာကို ရိုေသျမတ္နိုးစြာ သတ္မွတ္ပိုင္းျခားၾကစျမဲ ျဖစ္သည္။ ဗုဒၶဝါဒီတို႔သည္လည္း သဗၺညဳဘုရားရွင္ႏွင့္ စပ္လ်ဥ္း၍ ထူးျမတ္ေသာ မဂၤလာေအာင္ေၿမ အရပ္မ်ားကို သတ္မွတ္ထားေလသည္။ ထိုေအာင္ေျမအရပ္မ်ားတြင္

ေဂါတမဘုရား အေလာင္းေတာ္ ဖြားျမင္ရာ လုမၺိနိဥယ်ာဥ္၊
သဗၺညဳတဉာဏ္ေတာ္ ရရွိေတာ္မူရာ မဟာေဗာဓိ ေအာင္ေျမ၊
ဓမၼစၾကာ တရားဦး ေဟာေတာ္မူရာ မိဂဒါဝုန္ေတာ၊
ပရိနိဗၺာန္ စံေတာ္မူရာ ကုသိနာ႐ုံ အင္ၾကင္းေတာစသည့္ သံေဝဇနိယ ေလးဌာန ပါဝင္သည္။

အဆိုပါ ေလးဌာနကို ဘုရားဖူး လာသူအေပါင္းတို႔အား ဓမၼသံေဝဂ ျဖစ္ေစကာ နတ္ရြာသုဂတိသို႔ လားေရာက္ေစတတ္ေသာ ဌာနထူး​ ဌာနျမတ္မ်ား ျဖစ္ၾကသည္ဟု ဆိုသည္။ တဖန္ ယင္းဌာန ေလးခုအနက္ မဟာေဗာဓိ ေအာင္ေျမအရပ္သည္ အထူးျမတ္ အလြန္ကဲဆုံး ျဖစ္သည္။ ကမၻာဦးအခါ နိမိတ္ၿပ ၾကာ႐ုံႀကီးမ်ားသည္ မဟာေဗာဓိပင္ ေနရာမွေပါက္၍ ေျမျပင္ေပၚထြန္းရာတြင္လည္း ဦးစြာေပၚထြန္းၿပီးလၽွင္ ကမၻာပ်က္ရာ၌လည္း ေနာက္ဆုံးမွ ပ်က္သည္ဟု က်မ္းဂန္မ်ား၌ ပါရွိသည္။ ထို႔အျပင္ ေဗာဓိပင္ႏွင့္ ပလႅင္ေတာ္ေနရာသည္ ပြင့္ေလေသာ ဘုရားရွင္တိုင္း မစြန႔္အပ္ေသာ သို႔မဟုတ္ လႊဲေျပာင္းျခင္း မရွိေသာ အဝိဇဟိတဌာန ေလးပါးတြင္ တစ္ပါးအပါအဝင္ ျဖစ္သည္။

ယင္းကဲ့သို႔ေသာ ဗုဒၶဘာသာဝင္တို႔အဖို႔ လြန္ကဲထူးျမတ္ေသာ မဟာေဗာဓိေအာင္ေၿမ သို႔မဟုတ္ ေဗာဓိပလႅင္ႏွင့္ ေရႊပလႅင္တို႔ တည္ရွိခဲ့ေသာ ေနရာေဒသ ပတ္ဝန္းက်င္တဝိုက္ကို ဗုဒၶဂါယာဟု ေခၚသည္။ ဗုဒၶဂါယာသည္ အိႏၵိယနိုင္ငံ ဗီဟားျပည္နယ္တြင္ တည္ရွိသည္။ ကာလကတၱားၿမိဳ႕မွ မီးရထားလမ္းအားျဖင့္ ၂၉၂ မိုင္ ကြာေဝးေသာ ဂါယာခရိုင္ထဲတြင္ တည္ရွိ၍ ဂါယာၿမိဳ႕မွ ေတာင္ဖက္ ၇ မိုင္ေဝးေသးသည္။ ဂါယာဘူတာမွ ဗုဒၶဂါယာသို႔ အငွားယာဥ္၊ ျမင္းလွည္းတို႔ျဖင့္ လြယ္ကူစြာ သြားေရာက္နိုင္သည္။ ေရွးယခင္က ထိုေနရာ ေဒသတဝိုက္ကို မဟန႔္ေခၚ ဟိႏၵဴဘုန္းႀကီးမ်ား ႀကီးစိုးခဲ့ရာ ဗုဒၶဘာသာဝင္ ဘုရားဖူးမ်ားအတြက္ မ်ားစြာ အေႏွာင့္အယွက္ ေတြ႕ၾကရသည္။ ယခုအခါတြင္မူ အိႏၵိယျပည္​ေထာင္စု အစိုးရက ဗုဒၶဂါယာကို ၁၉၄၉ ခုႏွစ္ ဘုရားေက်ာင္းကန္ အက္ဥပေဒအရ ၁၉၅၃ ခုႏွစ္ေမလ ၂၈ ရက္ေန႔မွစ၍ အုပ္ခ်ဳပ္ေရးအဖြဲ႕ျဖင့္ အုပ္ခ်ဳပ္လ်က္ရွိသည္။ ထို႔အျပင္ အစိုးရက ေငြေျမာက္ျမားစြာ အကုန္အက်ခံ၍ သာသနာ့ အေဆာက္အအုံမ်ားကို ျပင္ဆင္မြမ္းမံ ေပးထားသည္။

ဗုဒၶဂါယာသည္ ဗုဒၶဘာသာဝင္အေပါင္းတို႔၏ အထြဋ္အျမတ္ဆုံး ျဖစ္ရျခင္းမွာ ထိုေဒသ၌ ျမတ္စြာဘုရားသခင္သည္ သဗၺညဳတေရႊဉာဏ္ေတာ္ကို ရရွိ၍ မာရ္ငါးပါးကို ေအာင္ျမင္ခဲ့ေသာ ေအာင္ေျမျဖစ္ေသာေၾကာင့္ ျဖစ္သည္။ ထိုအရပ္ကို ျမန္မာတို႔က ေဗာဓိမ႑ သို႔မဟုတ္ ေဗာဓိမ႑ိဳင္ဟု ေခၚေဝၚေလသည္။ ဘုရားရွင္သည္ ဘုရားအျဖစ္ကို ရေတာ္မူၿပီးေနာက္တြင္ ထိုေဒသတဝိုက္ရွိ ဌာနခုနစ္ဌာနတြင္ တစ္ဌာနလၽွင္ ခုနစ္ရက္စီ သတၱသတၱာဟ စံေတာ္မူခဲ့သည္။ ထိုဌာနတို႔သည္ ဗုဒၶဂါယာ၌ အဓိကဖူးေမၽွာ္ဖြယ္ရာမ်ားတြင္ ပါဝင္ၾကသည္။

မဟာေဗာဓိေစတီေတာ္

မဟာေဗာဓိေစတီေတာ္သည္ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ၾကာခဲ့ၿပီျဖစ္၍ သီရိဓမၼာ ေသာကမင္းႀကီး နန္းစံ ၁၀ ႏွစ္ ၁၁ ႏွစ္ခန႔္တြင္ စတင္ တည္ထားေသာ ဘုရားရွင္ပြင့္ေတာ္မူရာ အထိမ္းအမွတ္ ေစတီျဖစ္သည္။ သီရိဓမၼာ ေသာကမင္းႀကီး၏ေနာက္ ဗုဒၶဘာသာဝင္ မင္းမ်ားက ထပ္မံမြမ္းမံၾက၍ ၿဗိတိသၽွ အစိုးရလက္ထက္တြင္ ျမန္မာဘုရင္ မင္းတုန္းမင္း၏ အလိုေတာ္အရ ၿဗိတိသၽွအစိုးရက မြမ္းမံျပင္ဆင္ေပးခဲ့သည္။ အိႏၵိယ အစိုးရလက္ထက္တြင္ ဘုရားေက်ာင္းကန္ အုပ္ခ်ဳပ္ေရးအဖြဲ႕က အုပ္ခ်ဳပ္၍ မြမ္းမံျပင္ဆင္ျခင္းမ်ား ျပဳလုပ္ေပးသည္။ ထိုေစတီေတာ္ႀကီးသည္ ဉာဏ္ေတာ္အျမင့္ ေပ ၁၈၀ ခန႔္ရွိသည္။ အရင္းကားၿပီးလၽွင္ အဖ်ားရွူးေသာ ေလးေထာင့္ပုံသဏၭာန္ရွိ၍ ဗိသုကာလက္ရာ ထူးျခားေကာင္းမြန္လွသည္။ ေစတီေတာ္သည္ ႏွစ္ဆင့္ျဖစ္သည္။ ေအာက္ပိုင္းသည္ ဂူေက်ာင္းပုံစံျဖစ္၍ အတြင္း၌ ႐ုပ္ပြားေတာ္ တဆူ ကိန္းဝပ္လ်က္ ရွိသည္။ အေပၚပိုင္းသည္ ေစတီျဖစ္သည္။ ေစတီ၏ ဖိနပ္ေတာ္ ေထာင့္ေလးေထာင့္၌ ေစတီမႀကီး၏ ပုံသဏၭာန္မ်ိဳး အရံေစတီ တစ္ဆူစီရွိသည္။

မဟာေဗာဓိပင္

ဗုဒၶဘာသာဝင္ ဘုရားဖူးမ်ား ဗုဒၶဂါယာ၌ အဓိက ဖူးေမၽွာ္ၾကေသာ မဟာေဗာဓိပင္သည္ ေပတရာခန္႔ျမင့္သည္။ မဟာေဗာဓိေစတီ၏ အေနာက္ဖက္တြင္ ရွိသည္။ ျမတ္စြာဘုရားသခင္၏ ဖြားဖက္ေတာ္ တစ္ပါးျဖစ္၍ သဗၺညဳတေရႊဉာဏ္ေတာ္ကို ရရွိခဲ့ရာျဖစ္သည့္ မူလေဗာဓိပင္ကား မဟုတ္ေပ။ သမိုင္းမ်ားအဆိုအရ ဟိႏၵဴဘုရင္ သသကၤသည္ ထိုေဗာဓိပင္ကို ခုတ္လွဲဖ်က္ဆီးခဲ့သည္။ သို႔ေသာ္ ထိုမဟာေဗာဓိပင္၏ အျမစ္ေနရာမွပင္ ေဗာဓိပင္ တစ္ပင္ေပါက္လာသည္။ ထိုေဗာဓိပင္သည္လည္း ၁၈၇၀ ျပည့္ႏွစ္တြင္ အပင္လဲသြားရာ ထိုအခ်ိန္က မဟာေဗာဓိေစတီအား ၿဗိတိသၽွ အစိုးရအမိန႔္ျဖင့္ ျပင္ဆင္မြမ္းမံလ်က္ရွိေသာ ဆာအယ္လက္ဇႏၵား ကႏၷင္ဂမ္က မူလေဗာဓိပင္ေနရာ၌ လဲက်သြားေသာ ပင္မႀကီးမွ အကိုင္းတကိုင္းကို ျပန္၍စိုက္ပ်ိဳးထားခဲ့ရာ ယခုဖူးေတြ႕ရသည့္ မဟာေဗာဓိပင္သည္ ထိုေဗာဓိပင္ပြား ျဖစ္ေလသည္။

သတၱသတၱာဟဌာနမ်ား

ဝဇီရာသန ပလႅင္ေတာ္ရွိ ရုပ္ပြားေတာ္

(က) ဝဇိရာသန ပလႅင္ေတာ္ ။ ။

ထိုပလႅင္ေတာ္သည္ မဟာေဗာဓိပလႅင္၏ ေျခရင္း၌ရွိ၍ ျမတ္စြာဘုရားသခင္ သဗၺညဳတ ေရႊဉာဏ္ေတာ္ ရရွိသည့္ အပရာဇိတပလႅင္၏ ေနရာဟုဆိုသည္။ ထိုေနရာသည္ စၾကဝဠာ၏ ဗဟိုခ်က္ဟုလည္း ဆိုၾကသည္။ ဝဇိရာသန ပလႅင္သည္ အႏုပညာ လက္ရာေျမာက္လွစြာ ထုထြင္းထားေသာ ေက်ာက္သား ပလႅင္ေတာ္ျဖစ္သည္။ ထိုပလႅင္ေတာ္သည္ မဟာေဗာဓိပင္ႏွင့္ မဟာေဗာဓိေစတီအၾကား မဟာေဗာဓိပင္၏ အေရွ႕ဖက္၌ ရွိသည္။ ဘုရားရွင္သည္ ဘုရားအျဖစ္ကို ရေတာ္မူၿပီးသည္မစ၍ အပရာဇိတ ပလႅင္ေပၚမွ မထပဲ ခုနစ္ရက္တိုင္တိုင္ အရဟတၱ ဖိုလ္ခ်မ္းသာကို ခံစားေတာ္မူသည္။ ယင္းသို႔ ပလႅင္ထက္၌ ခုနစ္ရက္ စံေတာ္မူခဲ့သည့္ ပထမ သတၱာဟကို ပလႅကၤသတၱာဟ ဟုေခၚေလသည္။

(ခ) အနိမိသဌာန ။ ။ ခုနစ္ရက္ေျမာက္၍ ပလႅင္ထက္မွ ထလၽွင္ နတ္ျဗဟၼာ အေပါင္းတို႔စိတ္၌ ဘုရားအျဖစ္သို႔ ေရာက္ျခင္းတြင္ သံသယရွိေနသည္ကို ပယ္ဖ်က္ရန္ ေကာင္းကင္သို႔တက္၍ တန္ခိုးျပာဋိဟာ ျပေတာ္မူသည္။ ယင္းသည့္ေနာက္ ပလႅင္၏ အေရွ႕ေျမာက္ေထာင့္ ၁၀၄ ေပခန႔္အကြာတြင္ ရပ္ေတာ္မူ၍​ သဗၺညဳတ ေရႊဉာဏ္ေတာ္ကိုရရာ ပလႅင္ေတာ္ႏွင့္ ေဗာဓိပင္ကို မမွိတ္မသုံၾကည့္၍ ခုနစ္ရက္စံေတာ္မူခဲ့သည့္ ေနရာကို အနိမိသ သတၱာဟ ဟုေခၚ၍ ဒုတိယ သတၱာဟျဖစ္သည္။ ထိုေနရာတြင္ အထိမ္းအမွတ္ တည္ထားေသာ အနိမိသ ေစတီတစ္ဆူရွိသည္။

(ဂ) ရတနာ စႀကၤံေတာ္ ။ ။ မဟာေဗာဓိ ေစတီေတာ္ႀကီး ေျမာက္ဖက္တြင္ကပ္လ်က္ အေရွ႕အေနာက္ ေပ ၆၀ ခန႔္အတြင္း ေက်ာက္ၾကာပြင့္ ၁၁ ပြင့္ရွိရာဌာနသည္ အနိမိသ သတၱာဟ စံေတာ္မူၿပီးေနာက္ ရတနာစႀကႍကို ဖန္ဆင္းကာ ခုနစ္ရက္ပတ္လုံး စႀကႍႂကြလ်က္ တတိယ သတၱာဟကို သီတင္းသုံးခဲ့ေသာ ေနရာျဖစ္သည္။ ထိုေနရာကို ရတနစကၤမန သတၱာဟ ဟုေခၚသည္။

(ဃ) ရတနာဃရ ေရႊအိမ္ေတာ္ ။ ။ မဟာေဗာဓိ ေစတီေတာ္ႀကီး၏ အေနာက္ေျမာက္ ေပ ၇၀ ခန႔္တြင္ နတ္တို႔ ဖန္ဆင္းအပ္ေသာ ရတနာဃရ ေရႊအိမ္၌ ပ႒ာန္းက်မ္းကို သုံးသပ္လ်က္ ခုနစ္ရက္ စံေတာ္မူခဲ့သည္။ ထိုေနရာကို ရတနဃရ သတၱာဟ ဟုေခၚသည္။ စတုတၳ သတၱာဟ စံခဲ့ေသာ ထိုေနရာတြင္ ယခုအခါ အုတ္တိုက္ေစတီငယ္တဆူ ရွိ၍ အႏုပညာ လက္ရာေျမာက္ေသာ ထူပါေက်ာက္တိုင္မ်ားျဖင့္ ဝန္းရံလ်က္ရွိသည္။
ရတနာဃရ ေစတီ

(င) အဇပါလေညာင္ပင္ ။ ။ မဟာေဗာဓိ ေစတီေတာ္ႀကီး၏ အေရွ႕မ်က္ႏွာ ေပ ၇၀ ခန႔္တြင္ ျမတ္စြာဘုရား သခင္သည္ မာရ္နတ္သမီးေတာ္ သုံးပါးႏွင့္ ဟုံဟုံက ပုဏၰားတို႔ကို ဆုံးမ၍ ခုနစ္ရက္ သီတင္သုံးေတာ္မူခဲ့ေသာ အဇပါလ ဆိတ္ေက်ာင္း ေညာင္ပင္ရွိခဲ့သည္။ ထိုေနရာတြင္ ေက်ာက္စာ ဌာနက အထိမ္းအမွတ္ စိုက္ထူထားေသာ ေက်ာက္တိုင္ရွိသည္။ ပဥၥမ သတၱာဟ စံခဲ့ေသာ ထိုေနရာကို အဇပါလ သတၱာဟ ဟုေခၚသည္။

(စ) မုစလိႏၵာအိုင္ ။ ။ ဘုရားရွင္ ဆ႒ သတၱာဟကို စံေတာ္မူခဲ့သည့္ ေနရာျဖစ္သည္။ မဟာေဗာဓိ ေစတီေတာ္ႀကီး၏ အေရွ႕ေတာင္ဖက္ ေပ ၁၇၀ ခန႔္တြင္ မုစလိႏၵာအိုင္ ရွိခဲ့ရာ ထိုအိုင္အနီး က်ည္းပင္းရင္း၌ ခုနစ္ရက္လုံး စံေနစဥ္ မိုးႀကီးေစြသျဖင့္ မုစလိႏၵ နဂါးမင္းက မိမိပါးပ်ဥ္းျဖင့္မိုး၍ ကိုယ္ကိုေခြလ်က္ ပလႅင္ျပဳကာ လွူဒါန္းျခင္းကို ၿခီးေျမႇာက္ စံေနေတာ္မူခဲ့သည္။ ထိုေနရာကို အထိမ္းအမွတ္ျပဳေသာ အေဆာက္အအုံ မေတြ႕ရေသာ္လည္း တခါက ရွိခဲ့ဖူးဟန္တူ၍​ ေျမေအာက္ျမဳပ္ေနဟန္ ရွိေၾကာင္း အေထာက္အထား အစအနမ်ား ေတြ႕ရသည္။ ထိုသတၱာဟကို မုစလိႏၵ သတၱာဟ ဟုေခၚသည္။

မုစလိႏၵာအိုင္

(ဆ) ရာဇာယတနလင္းလြန္းပင္ ။ ။ မဟာေဗာဓိ ေစတီေတာ္ႀကီး၏ ေတာင္ဖက္ ေပ ၁၇၀ ခန႔္တြင္ ဘုရားရွင္ သတၱမသတၱာဟ စံေတာ္မူခဲ့ေသာ လင္းလြန္းပင္ေနရာျဖစ္သည္။ ထိုေနရာတြင္ ယခု အထိမ္းအမွတ္ အုတ္တိုက္ေစတီ ရွိသည္။ ထိုေနရာကို ရာဇာယတန သတၱာဟဟု ေခၚသည္။

ရာဇာယတန လင္လြန္းပင္

ထိုေနရာ၌ ခုနစ္ရက္ စံေတာ္မူၿပီး၍ ဘုရားအျဖစ္ ရရွိၿပီးသည္မွ ၄၉ ရက္ေျမာက္တြင္ ထိုလင္းလြန္းပင္ရင္း၌ပင္ ဥကၠလာ ဇနပုဒ္မွ တပုႆ – ဘလႅိက ကုန္သည္ညီေနာင္တို႔အား ဆံေတာ္ရွစ္ဆူ ေပးသနားေတာ္မူ၍ သရဏဂုံ ႏွစ္ပါးတည္ေစခဲ့သည္။ ဆံေတာ္မ်ားကို ေရႊတိဂံု ေစတီေတာ္၌ ဌာပနာတည္ေစခဲ့သည္။

အျခား ထင္ရွားသည့္ သမုိင္းဝင္ ေနရာမ်ား

ေဖာ္ျပခဲ့ေသာ အဓိကဌာနမ်ားအျပင္ အေလာင္းေတာ္ ဆံေတာ္ပယ္ရာ အေနာ္မာ ေသာင္ကမ္းေနရာ၊​ ဒုကၠရစရိယ ၆ ႏွစ္က်င့္ရာ ဥ႐ုေဝ႒ေတာတန္း (မဟာေဗာဓိ ေစတီေတာ္မွ အေရွ႕ေျမာက္ဖက္ ေနရဥၥရာျမစ္၏ အေရွ႕ဖက္ ၆ မိုင္ခန႔္)၊ ေသနနိဂုံးရြာမွ သူေဌးသမီး သုဇာတာ ဃနာနို႔ဆြမ္း ခ်က္ရာဌာန၊ ဃနာနို႔ဆြမ္းကို ဘုရားရွင္ ဘုဥ္းေပးရာဌာန၊ နို႔ဆြမ္းထည့္ေသာ ေရႊခြက္ကို အဓိ႒ာန္ျဖင့္ ေမၽွာရာျဖစ္ေသာ ေနရဥၥရာျမစ္ စသည္တို႔ကိုလည္း အနီးပတ္ဝန္းက်င္ တဝိုက္၌ လွည့္လည္ ဖူးေျမာ္နိုင္သည္။

ေရခမ္းေျခာက္ေနၿပီျဖစ္တဲ့ ေနရဥၥရာျမစ္

ဆိုခဲ့ၿပီးေသာ မဟာေဗာဓိပင္ႏွင့္တကြ သတၱဌာနတို႔ တည္ရွိရာ နယ္ေျမကို ဘုရားရွင္လက္ထက္ေတာ္အခါက ဂါယာဟု မေခၚေသးေပ။ ထိုစဥ္က ဂါယာဟူသည္ သီးျခားေဒသတခု၏ အမည္ျဖစ္သည္။ ျမတ္စြာဘုရားသည္ ဘုရားျဖစ္ေတာ္မူၿပီးေနာက္ ဓမၼစၾကာတရားဦး ေဟာေတာ္မူရန္ မဟာေဗာဓိပလႅင္မွ ၁၈ ယူဇနာကြာေဝးေသာ မိဂဒါဝုန္ေတာသို႔ ေျခလ်င္ႂကြေတာ္မူရာ မဟာေဗာဓိပင္ႏွင့္ ဂါယာ၏ စပ္ၾကား၌ ဥပကအမည္ရွိ တကၠတြန္းႏွင့္ ေတြ႕ဆုံေၾကာင္း ဝိနည္းမဟာဝါ ပါဠိေတာ္ႏွင့္ အ႒ကထာတို႔၌ ပါရွိသည္။ ဋီကာ၌ည္း မဟာေဗာဓိႏွင့္ ဂါယာသည္ သုံးဂါဝုတ္ ကြာေၾကာင္း ေျပာဆိုသည္။

မဟာေဗာဓိ ပလႅင္ရွိရာ နယ္ေျမသည္ ဂါယာနယ္တြင္ အပါအဝင္ျဖစ္ခဲ့ေသာ္ ဤသို႔ ျပဆိုရန္ မရွိေပ။ သို႔ျဖစ္၍ ျမတ္စြာဘုရား ပြင့္ေတာ္မမူမီကပင္ မဟာေဗာဓိပင္ႏွင့္ သုံးဂါဝုတ္ ေဝးေသာအရပ္၌​ ဂါယာဟုေခၚေသာအရပ္ သီးျခားရွိသည္။ ဘုရား ပရိနိဗၺာန္ျပဳၿပီးေနာက္တြင္ ဂါယာနယ္ က်ယ္ျပန႔္လာ၍ မဟာေဗာဓိပင္ရွိေသာ အရပ္သည္ ဂါယာနယ္အတြင္း ဝင္သြားၿပီးလၽွင္ ဗုဒၶဘုရားရွင္ သဗၺညဳတ ေရႊဉာဏ္ေတာ္ရျခင္းႏွင့္ စပ္လ်ဥ္းေသာ ေဒသတဝိုက္ကို ဗုဒၶဂါယာဟု ေခၚတြင္လာသည္။ ဗုဒၶဂါယာ၌ ဘုရားရွင္ သဗၺညဳတ ဉာဏ္ရရွိျခင္းႏွင့္ စပ္လ်ဥ္းေသာ ေနရာမ်ားတြင္ အဓိက အထိမ္းအမွတ္မ်ား စတင္စိုက္ထူခဲ့သူမွာ အေသာကမင္းေခၚ သီရိဓမၼာ ေသာကမင္းႀကီး ျဖစ္သည္။

အာေသာကေက်ာက္တုိက္

သယ္ယူပို႔ေဆာင္ေရး

ဗုဒၶဂါယာသည္ ဂါယာၿမိဳ႕မွ ၁၂ ကီလိုမီတာခန္႔အကြာတြင္ တည္ရွိသည္။ ဂါယာႏွင့္ ဗုဒၶဂါယာကို NH83 အေဝးေျပးလမ္းျဖင့္ ဆက္သြယ္ထားသည္။ ပတၱနၿမိဳ႕မွ ဗုဒၶဂါယာသို႔ သြားလာရန္ ျပည္နယ္ခရီးသြားလုပ္ငန္းဌာနမွ စီစဥ္ေပးထားသည္။ ကာလကတၱားၿမိဳ႕မွ ဂါယာသို႔ ပုံမွန္ရထားႏွင့္ ဘတ္စ္ကားမ်ားျဖင့္လည္း သြားလာႏိုင္သည္။ ပတၱနၿမိဳ႕ႏွင့္ ဗုဒၶဂါယာကို ေျပးဆြဲသည့္ Wonder on Wheel ဟု ေခၚေသာ အထူးယာဥ္မ်ားလည္း ဗီဟာခရီးသြားလုပ္ငန္းမွ စီစဥ္ေပးထားသည္။

ဗုဒၶဂါယာ မွာ ဗုံးကြဲမႈ

ဗုဒၶဘာသာဝင္တို႔ အထြဋ္အျမတ္ အထားဆုံး ေနရာျဖစ္ေသာ အိႏၵိယႏိုင္ငံ ဗုဒၶဂါယာ (Bodh Gaya) မဟာေဗာဓိေစတီႏွင့္ အနီးတဝိုက္တြင္ ၂၀၁၃ ခုနစ္၊ ဇူလိုင္လ ၇ ရက္ေန႔ တနဂၤေႏြေန႔ မနက္ ၆ နာရီ နီးပါးတြင္ အၾကမ္းဖက္သမားမ်ား၏ ဗုံးေပါက္ကြဲမႈ ၄ ခု ဆက္တိုက္ ျဖစ္ခဲ့သည္။ မဟာေဗာဓိေစတီ အနီးဝန္းက်င္ရွိ ေနရာမ်ားတြင္လည္း ေနာက္ထပ္ ဗုံး ၅ လုံးခန္႔ ထပ္မံ ေပါက္ကြဲခဲ့သည္။ ဗုံးမ်ားသည္ ခ်ိန္ကိုက္ဗုံးမ်ားျဖစ္ကာ၊ တလုံးႏွင့္တလုံး ၅ မိနစ္ခန္႔ ျခားၿပီး ေပါက္ကြဲသည္ဟု ဆိုသည္။ ေပါက္ကြဲမႈေၾကာင့္ ျမန္မာ ဆရာေတာ္ တစ္ပါး၊ တိဘက္ ဘုန္းေတာ္ႀကီး တစ္ပါးႏွင့္ ေဒသခံ ၅ ဦးခန္႔ ဒဏ္ရာ ရရွိသြားသည္။ မေပါက္ကြဲေသးေသာ ေနာက္ထပ္ ဗုံး ၂ လုံးကိုလည္း ဗုဒၶဂါယာနယ္ေျမထဲတြင္ ရွာေဖြေတြ႕ရွိခဲ့သည္။

အိႏၵိယအစိုးရမွ အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္ တိုက္ခိုက္မႈ တစ္ခု ျဖစ္ေၾကာင္း ေဖၚျပလိုက္ၿပီး၊ အိႏၵိယႏိုင္ငံ ဝန္ႀကီးခ်ဳပ္ မန္မိုဟန္ဆင္းမွ ဤေဖါက္ခြဲမႈ အေပၚ ျပစ္တင္႐ႈတ္ခ်ခဲ့သည္။ အိႏၵိယႏိုင္ငံ ကြန္ဂရက္ပါတီဥကၠ႒ ဆိုနီယာဂႏၵီ ႏွင့္ သီရိလကၤာႏိုင္ငံ သမၼတ မာဟင္ဒါ ရာဂ်ာ ပါကစ တို႔ကလည္း ဗုဒၶဂါယာ မဟာေဗာဓိေစတီ အနီးတဝိုက္ ဗုံးေပါက္ခြဲအၾကမ္းဖက္မႈအေပၚ (cowardly attack) အျဖစ္ျပစ္တင္႐ႈတ္ခ်ခဲ့ၾကသည္။ ဗုံးေပါက္ကြဲအၾကမ္းဖက္မႈမ်ား ျဖစ္ခဲ့ၿပီး ေနာက္တစ္ေန႔၂၀၁၃ ခုနစ္၊ ဇူလိုင္လ ၈ ရက္ေန႔တြင္ ဂါယာက ေဈးဆိုင္ေတြ အားလုံး ပိတ္ထားခဲ့ၾကသည္။

မွတ္စုစာအုပ္
Myanmar Wikipedia

—————————–

ဗုဒ္ဓဂါယာ အကြောင်း သိကောင်းစရာ (unicode)

ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိကြရာ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်ဟု တနေရာရာကို ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲ ဖြစ်သည်။ ဗုဒ္ဓဝါဒီတို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်

ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊
သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊
ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊
ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောစသည့် သံဝေဇနိယ လေးဌာန ပါဝင်သည်။

အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး​ ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။ တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။ ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။ ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။ ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။ ရှေးယခင်က ထိုနေရာ ဒေသတဝိုက်ကို မဟန့်ခေါ် ဟိန္ဒူဘုန်းကြီးများ ကြီးစိုးခဲ့ရာ ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် များစွာ အနှောင့်အယှက် တွေ့ကြရသည်။ ယခုအခါတွင်မူ အိန္ဒိယပြည်​ထောင်စု အစိုးရက ဗုဒ္ဓဂါယာကို ၁၉၄၉ ခုနှစ် ဘုရားကျောင်းကန် အက်ဥပဒေအရ ၁၉၅၃ ခုနှစ်မေလ ၂၈ ရက်နေ့မှစ၍ အုပ်ချုပ်ရေးအဖွဲ့ဖြင့် အုပ်ချုပ်လျက်ရှိသည်။ ထို့အပြင် အစိုးရက ငွေမြောက်မြားစွာ အကုန်အကျခံ၍ သာသနာ့ အဆောက်အအုံများကို ပြင်ဆင်မွမ်းမံ ပေးထားသည်။

ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွဋ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမျှော်ဖွယ်ရာများတွင် ပါဝင်ကြသည်။

မဟာဗောဓိစေတီတော်

မဟာဗောဓိစေတီတော်သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍ သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင် တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ် စေတီဖြစ်သည်။ သီရိဓမ္မာ သောကမင်းကြီး၏နောက် ဗုဒ္ဓဘာသာဝင် မင်းများက ထပ်မံမွမ်းမံကြ၍ ဗြိတိသျှ အစိုးရလက်ထက်တွင် မြန်မာဘုရင် မင်းတုန်းမင်း၏ အလိုတော်အရ ဗြိတိသျှအစိုးရက မွမ်းမံပြင်ဆင်ပေးခဲ့သည်။ အိန္ဒိယ အစိုးရလက်ထက်တွင် ဘုရားကျောင်းကန် အုပ်ချုပ်ရေးအဖွဲ့က အုပ်ချုပ်၍ မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပေးသည်။ ထိုစေတီတော်ကြီးသည် ဉာဏ်တော်အမြင့် ပေ ၁၈၀ ခန့်ရှိသည်။ အရင်းကားပြီးလျှင် အဖျားရှူးသော လေးထောင့်ပုံသဏ္ဌာန်ရှိ၍ ဗိသုကာလက်ရာ ထူးခြားကောင်းမွန်လှသည်။ စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော် တဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။

မဟာဗောဓိပင်

ဗုဒ္ဓဘာသာဝင် ဘုရားဖူးများ ဗုဒ္ဓဂါယာ၌ အဓိက ဖူးမျှော်ကြသော မဟာဗောဓိပင်သည် ပေတရာခန့်မြင့်သည်။ မဟာဗောဓိစေတီ၏ အနောက်ဖက်တွင် ရှိသည်။ မြတ်စွာဘုရားသခင်၏ ဖွားဖက်တော် တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာဖြစ်သည့် မူလဗောဓိပင်ကား မဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိပင်ကို ခုတ်လှဲဖျက်ဆီးခဲ့သည်။ သို့သော် ထိုမဟာဗောဓိပင်၏ အမြစ်နေရာမှပင် ဗောဓိပင် တစ်ပင်ပေါက်လာသည်။ ထိုဗောဓိပင်သည်လည်း ၁၈၇၀ ပြည့်နှစ်တွင် အပင်လဲသွားရာ ထိုအချိန်က မဟာဗောဓိစေတီအား ဗြိတိသျှ အစိုးရအမိန့်ဖြင့် ပြင်ဆင်မွမ်းမံလျက်ရှိသော ဆာအယ်လက်ဇန္ဒား ကန္နင်ဂမ်က မူလဗောဓိပင်နေရာ၌ လဲကျသွားသော ပင်မကြီးမှ အကိုင်းတကိုင်းကို ပြန်၍စိုက်ပျိုးထားခဲ့ရာ ယခုဖူးတွေ့ရသည့် မဟာဗောဓိပင်သည် ထိုဗောဓိပင်ပွား ဖြစ်လေသည်။

သတ္တသတ္တာဟဌာနများ

ဝဇီရာသန ပလ္လင်တော်ရှိ ရုပ်ပွားတော်

(က) ဝဇိရာသန ပလ္လင်တော် ။ ။ ထိုပလ္လင်တော်သည် မဟာဗောဓိပလ္လင်၏ ခြေရင်း၌ရှိ၍ မြတ်စွာဘုရားသခင် သဗ္ဗညုတ ရွှေဉာဏ်တော် ရရှိသည့် အပရာဇိတပလ္လင်၏ နေရာဟုဆိုသည်။ ထိုနေရာသည် စကြဝဠာ၏ ဗဟိုချက်ဟုလည်း ဆိုကြသည်။ ဝဇိရာသန ပလ္လင်သည် အနုပညာ လက်ရာမြောက်လှစွာ ထုထွင်းထားသော ကျောက်သား ပလ္လင်တော်ဖြစ်သည်။ ထိုပလ္လင်တော်သည် မဟာဗောဓိပင်နှင့် မဟာဗောဓိစေတီအကြား မဟာဗောဓိပင်၏ အရှေ့ဖက်၌ ရှိသည်။ ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးသည်မစ၍ အပရာဇိတ ပလ္လင်ပေါ်မှ မထပဲ ခုနစ်ရက်တိုင်တိုင် အရဟတ္တ ဖိုလ်ချမ်းသာကို ခံစားတော်မူသည်။ ယင်းသို့ ပလ္လင်ထက်၌ ခုနစ်ရက် စံတော်မူခဲ့သည့် ပထမ သတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟုခေါ်လေသည်။

(ခ) အနိမိသဌာန ။ ။ ခုနစ်ရက်မြောက်၍ ပလ္လင်ထက်မှ ထလျှင် နတ်ဗြဟ္မာ အပေါင်းတို့စိတ်၌ ဘုရားအဖြစ်သို့ ရောက်ခြင်းတွင် သံသယရှိနေသည်ကို ပယ်ဖျက်ရန် ကောင်းကင်သို့တက်၍ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ ယင်းသည့်နောက် ပလ္လင်၏ အရှေ့မြောက်ထောင့် ၁၀၄ ပေခန့်အကွာတွင် ရပ်တော်မူ၍​ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက်စံတော်မူခဲ့သည့် နေရာကို အနိမိသ သတ္တာဟ ဟုခေါ်၍ ဒုတိယ သတ္တာဟဖြစ်သည်။ ထိုနေရာတွင် အထိမ်းအမှတ် တည်ထားသော အနိမိသ စေတီတစ်ဆူရှိသည်။

(ဂ) ရတနာ စင်္ကြံတော် ။ ။ မဟာဗောဓိ စေတီတော်ကြီး မြောက်ဖက်တွင်ကပ်လျက် အရှေ့အနောက် ပေ ၆၀ ခန့်အတွင်း ကျောက်ကြာပွင့် ၁၁ ပွင့်ရှိရာဌာနသည် အနိမိသ သတ္တာဟ စံတော်မူပြီးနောက် ရတနာစင်္ကြံကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံး စင်္ကြံကြွလျက် တတိယ သတ္တာဟကို သီတင်းသုံးခဲ့သော နေရာဖြစ်သည်။ ထိုနေရာကို ရတနစင်္ကမန သတ္တာဟ ဟုခေါ်သည်။

(ဃ) ရတနာဃရ ရွှေအိမ်တော် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အနောက်မြောက် ပေ ၇၀ ခန့်တွင် နတ်တို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ပဋ္ဌာန်းကျမ်းကို သုံးသပ်လျက် ခုနစ်ရက် စံတော်မူခဲ့သည်။ ထိုနေရာကို ရတနဃရ သတ္တာဟ ဟုခေါ်သည်။ စတုတ္ထ သတ္တာဟ စံခဲ့သော ထိုနေရာတွင် ယခုအခါ အုတ်တိုက်စေတီငယ်တဆူ ရှိ၍ အနုပညာ လက်ရာမြောက်သော ထူပါကျောက်တိုင်များဖြင့် ဝန်းရံလျက်ရှိသည်။
ရတနာဃရ စေတီ

(င) အဇပါလညောင်ပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့မျက်နှာ ပေ ၇၀ ခန့်တွင် မြတ်စွာဘုရား သခင်သည် မာရ်နတ်သမီးတော် သုံးပါးနှင့် ဟုံဟုံက ပုဏ္ဏားတို့ကို ဆုံးမ၍ ခုနစ်ရက် သီတင်သုံးတော်မူခဲ့သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့သည်။ ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော ကျောက်တိုင်ရှိသည်။ ပဥ္စမ သတ္တာဟ စံခဲ့သော ထိုနေရာကို အဇပါလ သတ္တာဟ ဟုခေါ်သည်။

(စ) မုစလိန္ဒာအိုင် ။ ။ ဘုရားရှင် ဆဋ္ဌ သတ္တာဟကို စံတော်မူခဲ့သည့် နေရာဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့တောင်ဖက် ပေ ၁၇၀ ခန့်တွင် မုစလိန္ဒာအိုင် ရှိခဲ့ရာ ထိုအိုင်အနီး ကျည်းပင်းရင်း၌ ခုနစ်ရက်လုံး စံနေစဉ် မိုးကြီးစွေသဖြင့် မုစလိန္ဒ နဂါးမင်းက မိမိပါးပျဉ်းဖြင့်မိုး၍ ကိုယ်ကိုခွေလျက် ပလ္လင်ပြုကာ လှူဒါန်းခြင်းကို ခြီးမြှောက် စံနေတော်မူခဲ့သည်။ ထိုနေရာကို အထိမ်းအမှတ်ပြုသော အဆောက်အအုံ မတွေ့ရသော်လည်း တခါက ရှိခဲ့ဖူးဟန်တူ၍​ မြေအောက်မြုပ်နေဟန် ရှိကြောင်း အထောက်အထား အစအနများ တွေ့ရသည်။ ထိုသတ္တာဟကို မုစလိန္ဒ သတ္တာဟ ဟုခေါ်သည်။

မုစလိန္ဒာအိုင်

(ဆ) ရာဇာယတနလင်းလွန်းပင် ။ ။ မဟာဗောဓိ စေတီတော်ကြီး၏ တောင်ဖက် ပေ ၁၇၀ ခန့်တွင် ဘုရားရှင် သတ္တမသတ္တာဟ စံတော်မူခဲ့သော လင်းလွန်းပင်နေရာဖြစ်သည်။ ထိုနေရာတွင် ယခု အထိမ်းအမှတ် အုတ်တိုက်စေတီ ရှိသည်။ ထိုနေရာကို ရာဇာယတန သတ္တာဟဟု ခေါ်သည်။

ရာဇာယတန လင်လွန်းပင်

ထိုနေရာ၌ ခုနစ်ရက် စံတော်မူပြီး၍ ဘုရားအဖြစ် ရရှိပြီးသည်မှ ၄၉ ရက်မြောက်တွင် ထိုလင်းလွန်းပင်ရင်း၌ပင် ဥက္ကလာ ဇနပုဒ်မှ တပုဿ – ဘလ္လိက ကုန်သည်ညီနောင်တို့အား ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၍ သရဏဂုံ နှစ်ပါးတည်စေခဲ့သည်။ ဆံတော်များကို ရွှေတိဂုံ စေတီတော်၌ ဌာပနာတည်စေခဲ့သည်။

အခြား ထင်ရှားသည့် သမိုင်းဝင် နေရာများ

ဖော်ပြခဲ့သော အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊​ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း (မဟာဗောဓိ စေတီတော်မှ အရှေ့မြောက်ဖက် နေရဥ္စရာမြစ်၏ အရှေ့ဖက် ၆ မိုင်ခန့်)၊ သေနနိဂုံးရွာမှ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဥ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်သည်။

ဆိုခဲ့ပြီးသော မဟာဗောဓိပင်နှင့်တကွ သတ္တဌာနတို့ တည်ရှိရာ နယ်မြေကို ဘုရားရှင်လက်ထက်တော်အခါက ဂါယာဟု မခေါ်သေးပေ။ ထိုစဉ်က ဂါယာဟူသည် သီးခြားဒေသတခု၏ အမည်ဖြစ်သည်။ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူရန် မဟာဗောဓိပလ္လင်မှ ၁၈ ယူဇနာကွာဝေးသော မိဂဒါဝုန်တောသို့ ခြေလျင်ကြွတော်မူရာ မဟာဗောဓိပင်နှင့် ဂါယာ၏ စပ်ကြား၌ ဥပကအမည်ရှိ တက္ကတွန်းနှင့် တွေ့ဆုံကြောင်း ဝိနည်းမဟာဝါ ပါဠိတော်နှင့် အဋ္ဌကထာတို့၌ ပါရှိသည်။ ဋီကာ၌ည်း မဟာဗောဓိနှင့် ဂါယာသည် သုံးဂါဝုတ် ကွာကြောင်း ပြောဆိုသည်။

မဟာဗောဓိ ပလ္လင်ရှိရာ နယ်မြေသည် ဂါယာနယ်တွင် အပါအဝင်ဖြစ်ခဲ့သော် ဤသို့ ပြဆိုရန် မရှိပေ။ သို့ဖြစ်၍ မြတ်စွာဘုရား ပွင့်တော်မမူမီကပင် မဟာဗောဓိပင်နှင့် သုံးဂါဝုတ် ဝေးသောအရပ်၌​ ဂါယာဟုခေါ်သောအရပ် သီးခြားရှိသည်။ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်တွင် ဂါယာနယ် ကျယ်ပြန့်လာ၍ မဟာဗောဓိပင်ရှိသော အရပ်သည် ဂါယာနယ်အတွင်း ဝင်သွားပြီးလျှင် ဗုဒ္ဓဘုရားရှင် သဗ္ဗညုတ ရွှေဉာဏ်တော်ရခြင်းနှင့် စပ်လျဉ်းသော ဒေသတဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်တွင်လာသည်။ ဗုဒ္ဓဂါယာ၌ ဘုရားရှင် သဗ္ဗညုတ ဉာဏ်ရရှိခြင်းနှင့် စပ်လျဉ်းသော နေရာများတွင် အဓိက အထိမ်းအမှတ်များ စတင်စိုက်ထူခဲ့သူမှာ အသောကမင်းခေါ် သီရိဓမ္မာ သောကမင်းကြီး ဖြစ်သည်။

သယ်ယူပို့ဆောင်ရေး

ဗုဒ္ဓဂါယာသည် ဂါယာမြို့မှ ၁၂ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ ဂါယာနှင့် ဗုဒ္ဓဂါယာကို NH83 အဝေးပြေးလမ်းဖြင့် ဆက်သွယ်ထားသည်။ ပတ္တနမြို့မှ ဗုဒ္ဓဂါယာသို့ သွားလာရန် ပြည်နယ်ခရီးသွားလုပ်ငန်းဌာနမှ စီစဉ်ပေးထားသည်။ ကာလကတ္တားမြို့မှ ဂါယာသို့ ပုံမှန်ရထားနှင့် ဘတ်စ်ကားများဖြင့်လည်း သွားလာနိုင်သည်။ ပတ္တနမြို့နှင့် ဗုဒ္ဓဂါယာကို ပြေးဆွဲသည့် Wonder on Wheel ဟု ခေါ်သော အထူးယာဉ်များလည်း ဗီဟာခရီးသွားလုပ်ငန်းမှ စီစဉ်ပေးထားသည်။

ဗုဒ္ဓဂါယာ မှာ ဗုံးကွဲမှု

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ် အထားဆုံး နေရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ (Bodh Gaya) မဟာဗောဓိစေတီနှင့် အနီးတဝိုက်တွင် ၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၇ ရက်နေ့ တနင်္ဂနွေနေ့ မနက် ၆ နာရီ နီးပါးတွင် အကြမ်းဖက်သမားများ၏ ဗုံးပေါက်ကွဲမှု ၄ ခု ဆက်တိုက် ဖြစ်ခဲ့သည်။ မဟာဗောဓိစေတီ အနီးဝန်းကျင်ရှိ နေရာများတွင်လည်း နောက်ထပ် ဗုံး ၅ လုံးခန့် ထပ်မံ ပေါက်ကွဲခဲ့သည်။ ဗုံးများသည် ချိန်ကိုက်ဗုံးများဖြစ်ကာ၊ တလုံးနှင့်တလုံး ၅ မိနစ်ခန့် ခြားပြီး ပေါက်ကွဲသည်ဟု ဆိုသည်။ ပေါက်ကွဲမှုကြောင့် မြန်မာ ဆရာတော် တစ်ပါး၊ တိဘက် ဘုန်းတော်ကြီး တစ်ပါးနှင့် ဒေသခံ ၅ ဦးခန့် ဒဏ်ရာ ရရှိသွားသည်။ မပေါက်ကွဲသေးသော နောက်ထပ် ဗုံး ၂ လုံးကိုလည်း ဗုဒ္ဓဂါယာနယ်မြေထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။ အိန္ဒိယအစိုးရမှ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ဖေါ်ပြလိုက်ပြီး၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမှ ဤဖေါက်ခွဲမှု အပေါ် ပြစ်တင်ရှုတ်ချခဲ့သည်။ အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီ နှင့် သီရိလင်္ကာနိုင်ငံ သမ္မတ မာဟင်ဒါ ရာဂျာ ပါကစ တို့ကလည်း ဗုဒ္ဓဂါယာ မဟာဗောဓိစေတီ အနီးတဝိုက် ဗုံးပေါက်ခွဲအကြမ်းဖက်မှုအပေါ် (cowardly attack) အဖြစ်ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဗုံးပေါက်ကွဲအကြမ်းဖက်မှုများ ဖြစ်ခဲ့ပြီး နောက်တစ်နေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဂါယာက ဈေးဆိုင်တွေ အားလုံး ပိတ်ထားခဲ့ကြသည်။

မှတ်စုစာအုပ်
Myanmar Wikipedia

Leave a Reply