ကမာၻ႔ေရွးအက်ဆုံး ပိရမစ္ ၈ ခု အေၾကာင္း

Posted on

ေရွးေခတ္အီဂ်စ္လုိ႔ ဆုိလုိက္တာနဲ႔ အရင္ဆုံးျမင္မိၾကမွာ ပိရမစ္ေတြျဖစ္ပါလိမ့္မယ္။ ပိရမစ္ေတြဟာ ေရွးေခတ္အီဂ်စ္ယဥ္ေက်းမႈကိုေဖာ္ျပေနတဲ့ အနီးစပ္ဆုံး အေဆာက္အအုံေတြျဖစ္ပါတယ္။ အီဂ်စ္ဖာရုိဘုရင္ေတြ ေသဆုံးတဲ့အခါ ႀကီးက်ယ္ခမ္းနားတဲ့ အေဆာက္အအုံႀကီးေတြမွာ ျမဳပ္ႏွံေပးဖုိ႔အတြက္ ပိရမစ္ေတြကို တည္ေဆာက္ၾကတာျဖစ္ပါတယ္။ အီဂ်စ္ပိရမစ္ေတြမွာ ကြ်န္ေတာ္တုိ႔ အမ်ားဆုံးသိၾကတာက ဂုိင္ဇာပိရမစ္ပဲ ျဖစ္ၿပီး က်န္ပိရမစ္ေတြအေၾကာငး္ကိုေတာ့ မသိၾကပါဘူး။ တကယ္ေတာ့ ဂုိင္ဇာပိရမစ္ထက္ေရွးက်တဲ့ ပိရမစ္ေတြရွိပါေသးတယ္။  ဂုိင္ဇာပိရမစ္အပါအ၀င္ ေရွးက်တဲ့ ပိရမစ္ေတြကေတာ့….

(၈) Pyramid of Menkaure

Pyramid of Menkaure ဟာ ဂုိင္ဇာပိရမစ္စုမွာ ရွိတဲ့ပိရမစ္ (၃)ခုထဲက အငယ္ဆုံးပိရမစ္ျဖစ္ပါတယ္။ Pyramid of Menkaure ကို ဘီစီ၂၄၉၀ ကေဆာက္လုပ္ခဲ့တာျဖစ္ျပီး အီဂ်စ္ေတြရဲ့အေရးပါဆံုးေသာ အထိမ္းအမွတ္အေဆာက္အအံုေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဒီ ပိရမစ္ဟာ စတုတၳေျမာက္ဖာရိုးမင္းဆက္ရဲ့ (၅) ေယာက္ေျမာက္ ဖာရိုဘုရင္ Menkaure ရဲ့ သခ်ိဳင္းေနရာျဖစ္ပါတယ္။ Menkaure ပိရမစ္ ဟာ အျခား ထင္ရွားတဲ့ ပိရမစ္နွစ္ခုကတစ္ခုျဖစ္တဲ့ Khafre ပိရမစ္ရဲ့ ဆယ္ပံုတစ္ပံုအရြယ္အစားသာရွိပါတယ္။

ဒီပိရမစ္ကိုေတာ့ Menkaure ေသဆံုးျပီးတဲ့ အခ်ိန္မွသာ စတင္ေဆာက္လုပ္ခဲ့ျပီး သူေနာက္ဆက္ခံခဲ့တဲ့ အဲဒီမင္းဆက္ရဲ႕ ေနာက္ဆံုးဖာရိုးဘုရင္ Shepseskaf လက္ထက္မွသာ အျပီးသတ္ခဲ့ရပါတယ္။ Menkaure ပိရမစ္ ရဲ့သတိထားမိစရာအေကာင္းဆံုး အမွတ္အသားကေတာ့ ပိရမစ္ရဲ့ေျမာက္ဘက္မ်က္နွာမွာေတြ႕ရတဲ့ၾကၤိးမားတဲ့ ဟတ္တက္ကြဲအေပါက္ၾကီးျဖစ္ပါတယ္။ ဒါဟာ တူရကီနိုင္ငံက ဒုတိယေျမာက္ Ayyubid Sultan မင္းဆက္ကဘုရင္ Malek al-Aziz ရဲ့ လက္ခ်က္ျဖစ္ျပီး ၁၂ရာစုေလာက္တုန္းက Giza မွာရွိတဲ့ ပိရမစ္ေတြကို ေဖာက္ထြင္းဖို႕ၾကိဳးစားခဲ့ရာမွ Pyramid of Menkaure ကေနစတင္ခဲ့တာပဲျဖစ္ပါတယ္။

(၇) Pyramid of Khafre

Khafre ပိရမစ္ဟာလည္း အီဂ်စ္နိုင္ငံရဲ့ လူသိမ်ားထင္ရွားတဲ့ ဂုိင္ဇာပိရမစ္စု ၃ခုထဲက တစ္ခုျဖစ္ပါတယ္။ အီဂ်စ္ျပည္ရဲ့ ဒုတိယေျမာတ္အၾကီးဆံုးပိရမစ္တစ္ခုျဖစ္ျပီး ေလးဆက္ေျမာက္ ဖာရိုဘုရင္Khafre ရဲ့ သခ်ိဳင္းေနရာလည္းျဖစ္ပါတယ္။ Khafre ဟာ သူမေသဆုံးခင္ကတည္းက ဒီအေဆာက္အအံုကိုတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ဒီပိရမစ္ရဲ့ေအာက္ေျခအလ်ားက (၇၀၆)ေပရွိျပီးတျဖည္းျဖည္းအျမင့္ကို တက္လာကာ(၄၄၈)ေပအထိ အျမင့္ရွိပါတယ္။ ဒီပိရမစ္ကိုတစ္ခုကို အေလးခ်ိန္(၂)တန္ေလာက္ရွိတဲ့ထံုးေက်ာက္ေတြနဲ႔ တည္ေဆာက္ထားတာပါ။

ဒါအျပင္ေက်ာက္တံုးေတြနဲ႔တည္ေဆာက္ထားတဲ့ Foundation ဟာ (၃၃)ေပအထိရွိတာမို႔  အၾကီးဆံုးပိရမစ္ျဖစ္တဲ့ Khufuရဲ့ ပိရမစ္ထက္ေတာင္ပိုျမင့္ေနပါေသးတယ္။ Khafre ပိရမစ္ဟာ Khufu ရဲ့ ပိရမစ္ထက္ပိုမိုရူပ္ေထြးျပီး အေသးစိတ္ျခယ္သထားတာပါ။ Khafre ပိရမစ္ အထင္ရွားဆံုးလက္ရာတစ္ခုအျဖစ္ အလြန္ၾကီးမားတဲ့ စဖင့္ရုပ္ထုကို ေတြ႕ရမွာပါ။ အဲဒီရုပ္တုေၾကာင့္ ပိရမစ္ရဲ့ျမင္ကြင္းဟာ အလြန္ရႈပ္ေထြးေနေပမဲ့ ဖာရိုးဘုရင္ Khafre ဟာ အဲဒီစဖင့္ရုပ္တုကို သူနန္္းေတာ္နဲ႔ တူေအာင္ သူရဲ့ဂူဗိမာန္မွာ တည္ေဆာက္ေစခဲ့တာလို႔ သမိုင္းပညာ ရွင္ေတြက ယံုၾကည္ၾကပါတယ္။ အဲဒီပိရမစ္ကို ဘီစီ ၂၅၂၀ ကေဆာက္လုပ္ခဲ့တာပါ။

(၆) Great Pyramid of Giza

ဂုိင္ဇာ မဟာပိရမစ္ႀကီးဟာ ကမာၻေပၚမွာ အေက်ာ္ၾကားဆံုးေသာပိရမစ္ျဖစ္ျပီး ကမာၻ႔အံံ့ဖြယ္ ေရွးေဟာင္းလက္ရာ (၇)ပါးမွာလည္း တစ္ခုအပါအဝင္လည္းျဖစ္ပါတယ္။ အဲဒီပိရမစ္ ကိုေတာ့ ဘီစီ၂၅၈၀-၂၅၆၀ အၾကားမွာ ဖာရိုးဘုရင္ Khufu က တည္ေဆာက္ခဲ့တာျဖစ္ျပီး ကမာၻေပၚမွာ လူသားေတြဖန္တီးထားတဲ့ အျမင့္ဆံုး အေဆာက္အအံုအျဖစ္ နွစ္ေပါင္း (၃၈၀၀)ေလာက္ရပ္တည္နိုင္ခဲ့ပါတယ္။ ၁၈၈၉ ခုနွစ္ ျပင္သစ္နိုင္ငံက အီဖယ္ ေမ်ွာ္စင္ေပၚေပါက္လာမွသာ ပထမေနရာကေနဆင္းေပးခဲ့ရတာပါ။ ဂုိင္ဇာ မဟာပိရမစ္ႀကီးကို သုေသသနပညာရွင္ေတြက က်ယ္က်ယ္ျပန္႔ျပန္႔ေလ့လာခဲ့ၾကေပမဲ့ ဒီအထိမ္းအမွတ္အေဆာက္အအံုကို ဘယ္လိုနည္းနဲ႕တည္ေဆာက္ခဲ့တာကေတာ့ ယေန႔တိုင္ဆန္းျပားတဲ့ ေမးခြန္းအျဖစ္ ရွိေနပါေသးတယ္။

အမ်ားစုလက္ခံထားၾကေသာ တည္ေဆာက္မႈႏွင့္ပတ္သက္သည့္ သီအိုရီကေတာ့ ႀကီးမားေသာ ေက်ာက္တုံးမ်ားကို ေက်ာက္ထုတ္ရာေဒသမွ ဆြဲယူလာၿပီး ေနရာတက်မတင္ တည္ေဆာက္ခဲ့သည္ ဟူ၍ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါဟာလည္းမွန္းဆခ်က္သက္သက္သာျဖစ္ပါတယ္။ ဒီမဟာပိရမစ္ႀကီးကို ႏွစ္ေပါင္း ၂၀ေက်ာ္ၾကာ ေဆာက္လုပ္ခဲ့ရၿပီး ေက်ာက္တုံးေပါင္း ၂.၃သန္းခန္႔ပါ၀င္ကာ ထုိအထဲတြင္ အလြန္ႀကီးမားၿပီး တန္ ၅၀ေက်ာ္ အေလးခ်ိန္ရွိေသာ ဧရာမေက်ာက္တုံးအခ်ဳိ႕လည္းပါ၀င္ေနပါေသးတယ္။ ပိရမစ္ထဲမွာေတာ့ ဘုရင္ခန္းမေဆာင္ နဲ႔ မိဖုရားခန္းမေဆာင္ အပါအ၀င္ ခန္းမေဆာင္ ၃ခုရွိပါတယ္။

(၅) Red Pyramid

Red ပိရမစ္ကို ပိရမစ္အစုအေ၀းရဲ႕ ေျမာက္ဘက္အက်ဆုံးမွာရွိတာေၾကာင့္ ေျမာက္ဖ်ားပိရမစ္လုိ႔လည္းေခၚၾကပါတယ္။ ဖာရိုဘုရင္ Sneferu ရဲ့ သခ်ိဳင္းတည္ရွိရာ အီဂ်စ္ျပည္ရဲ့ တတိယေျမာက္ အၾကီးဆံုး ပိရမစ္ျဖစ္ပါတယ္။ အဲဒီ ပိရမစ္ကို ၂၆၀၀ BCခန္႔ကေဆာက္လုပ္ခဲ့တာပါ။ ဖာရိုးဘုရင္ Sneferu ဟာဒီပိရမစ္ကို မတည္ေဆာက္ခင္က Medium နဲ႔ The Bent ပိရမစ္ႏွစ္ခုကိုတည္ေဆာက္ခဲ့ေပမယ့္သူ႕စိတ္တိုင္းက်မျဖစ္ခဲ့ပါဘူး။ တတိယေျမာက္တည္ေဆာက္တဲ့ Red Pyramid မွသာ သူ႔စိတ္တိုင္းက်ျဖစ္ေအာင္တည္ေဆာက္နိုင္္ခဲ့တာပါ။

အဲဒီပိရမစ္ကုိ Red Pyramid လို႔နာမည္ေပးထားေပမဲ့ အျဖဴေရာင္ထံုးေက်ာက္ေတြနဲ႔ပဲ တည္ေဆာက္ထားခဲ့တာပါ။ အလယ္ေခတ္တုန္းက ကိုင္ရိုျမိဳ႕အေဆာက္အဦးေတြ တည္ေဆာက္ဖုိ႔အတြက္ ဒီပိရမစ္ရဲ့ အေပၚယံထံုးေက်ာက္ေတြကို ယူေဆာင္ျခင္းခံခဲ့ရတာပါ။ အနည္းငယ္ေသာ အျဖဴေရာင္ထံုးေက်ာက္ေတြေတြ႔ရတဲ့ အမွတ္အသားေတြအရ Red Pyramidကိုတည္ေဆာက္ခဲ့သူဟာ ဘုရင္ Sneferu ျဖစ္တယ္လို႔မွတ္ယူနိုင္တာပါ။ ယေန႔အခါမွာေတာ့ Red Pyramidကို အီဂ်စ္အစိုးရက တရားဝင္ဖြင့္လွစ္ေပးထားျပီ း တစ္ႏွစ္ပတ္လံုး လာေရာက္လည္ပတ္သူေတြနဲ႕ ျပည့္နွက္ေနပါတယ္။

(၄) Bent Pyramid

Bent ပိရမစ္ဟာ ဖာရိုးဘုရင္ Sneferu ေဆာက္လုပ္တဲ့ ဒုတိယေျမာက္ ပိရမစ္ျဖစ္ျပီး အေဆာက္အအံုရဲ့ အနားေတြကိုေခ်ာမြတ္ေအာင္အနားသတ္ထားတဲ့ အီဂ်စ္ေတြရဲ့ ပထမဆံုးေသာ ၾကိဳးစားထားတဲ့ ပိရမစ္ေတြလည္းျဖစ္ပါတယ္။ သမိုင္းသုေသသနပညာရွင္ေတြကေတာ့ Bent ပိရမစ္ကိုစတင္ေဆာက္လုပ္ခဲ့ခ်ိန္တည္းက ပိရမစ္ရဲ့ထိပ္ပိုင္းမွာရွိတဲ့ ေထာင့္အနားေတြဟာ မတည္ျငိမ္ပဲ အနည္းငယ္ ေရြ႕လ်ားေနခဲ့ၿပီး ဒီေထာင့္ေတြရဲ့ မညီမညာေျပာင္းလဲမႈေတြေၾကာင့္ အဲဒီပိရမစ္ဟာ ေကြး ေနတဲ့ပံုေပါက္ေနပါတယ္လို႔ဆိုၾကပါတယ္။

ဒါအျပင္ ဒီပိရမစ္ရဲ့ အျခားဝိေသသ တစ္ခုကေတာ့ ဒီအေဆာက္အအံုရဲ့အျပင္ဘက္မွာ ကာထားတဲ့ ထံုးေက်ာက္ေတြဟာ ယေန႕တိုင္မူလအတိုင္းရွိေနေသးတဲ့အခ်က္ပါ။ ဒီပိရမစ္မွာ ဝင္ေပါက္ႏွစ္ခုရွိျပီး Bent Pyramid ရဲ့ေျမာက္ဘက္မွာရွိတဲ့ ပထမဝင္ေပါက္မွာေတာ့ လာေရာက္လည္ပတ္တဲ့ ခရီးသည္ေတြအဆင္ေျပေစရန္ သစ္သားေစာင္းတန္းအမ်ားအျပားထားရွိေပးထားပါတယ္။ ဒုတိယဝင္ေပါက္ကေတာ့ပိရမစ္ရဲ့ ျမင့္မားတဲ့အပိုင္းျဖစ္တဲ့ အေနာက္ဘက္ကေန ဝင္ေရာက္ရတာျဖစ္ပါတယ္။ Bent Pyramid ရဲ့ အတြင္းပိုင္းေနရာေတြကိုေတာ့ အႏၱရာယ္ရွိတဲ့အတြက္ ဝင္ေရာက္ေလ့လာခြင့္မျပဳပါဘူး။ အဲဒီ ပိရမစ္ကုိေတာ့ ၂၆၀၀ ဘီစီခန္႕ကတည္ေဆာက္ထားခဲ့တာပါ။

(၃) Pyramid of Medium

အီဂ်စ္နိုင္ငံ၊ ကိုင္ရိုျမိဳ႕ေတာ္ ေတာင္ပိုင္း(၆၂)မိုင္ခန္႔အကြာမွာတည္ရွိတဲ့ Medium ပိရမစ္ ကို ၿပိဳက်တဲ့ပိရမစ္ လို႔လူသိမ်ားပါတယ္။ အျခားပိရမစ္ေတြနဲ႔ ပုံစံကြဲထြက္ေနတဲ့ ဒီ Medium ပိရမစ္ကို တတိယေျမာက္ အီဂ်စ္မင္းဆက္ရဲ့ ဖာရိုဘုရင္ Djoser ကြယ္လြန္ျပီးတဲ့ေနာက္မွာ ေဆာက္လုပ္ခဲ့ပါတယ္။ Medium ပိရမစ္လို႕အမည္ေပးခဲ့ရတာကေတာ့ အဲဒီအေဆာက္အအံုကိုတည္ေဆာက္ရာမွာ တစ္ၾကိမ္တည္းအျပီးမတည္ေဆာက္ႏုိင္ခဲ့ပဲ တျဖည္းျဖည္းခ်င္း ဖာရိုမင္းအဆက္ဆက္ကတည္ေဆာက္ခဲ့လို႕ျဖစ္ပါတယ္။

Medium ပိရမစ္ကိုစတင္ေဆာက္လုပ္ခဲ့သူကေတာ့ တတိယေျမာက္ အီဂ်စ္မင္းဆက္ရဲ့ ေနာက္ဆံုးဖာရိုးဘုရင္ Huni ပဲျဖစ္ပါတယ္။ သူ႕လက္ထက္မွာမျပီးခဲ့တာေၾကာင့္ စတုတၳေျမာက္အီဂ်စ္မင္းဆက္ရဲ့ ပထမဆံုးဘုရင္ Sneferu ကျပီးဆံုးေအာင္ ဆက္လက္တည္ေဆာက္ေပးခဲ့ပါတယ္။ ဒါေပမယ့္ သူ႔စိတ္တုိုင္းက် မျဖစ္ခဲ့တာေၾကာင့္ Sneferu ဟာ ေနာက္ထပ္ပိရမစ္ေတြကုိ ထပ္ၿပီးတည္ေဆာက္ခဲ့ပါတယ္။ ဒီပိရမစ္ကိုေတာ့ ဘီစီ ၂၆၀၀ခန္႔ က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

(၂) Caral Pyramids

ဒီပိရမစ္ကေတာ့ အီဂ်စ္ႏုိင္ငံကမဟုတ္ပါဘူး။ ေတာင္အေမရိကတိုက္ရဲ့ ပိရမစ္ျမိဳ႔ေတာ္အျဖစ္ထင္ရွားတဲ့ Caral ေဒသဟာ ပီရူးနိုင္ငံျမိဳ႔ေတာ္လီမာ ေျမာက္ဘက္ (၁၂၀)မိုင္အကြာမွာတည္ရွိပါတယ္။ ေတာင္အေမရိကတိုက္ရဲ့ ေရွးအက်ဆံုးေသာ ယဥ္ေက်းမႈျမိဳ႔ေတာ္ျဖစ္တဲ့အျပင္ Norte Chico လူမ်ိဳးစုေတြေနထိုင္ခဲ့တဲ့ျမိဳ႕ေတာ္ေနရာလည္းျဖစ္ပါတယ္။ Caral Pyramids ေတြဟာ အီဂ်စ္ ပိရမစ္ေတြနဲ႔တစ္ခ်ိန္တည္းနီးပါးေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ ဒီေနရာဟာေရွးေဟာင္းအေမြအနွစ္မ်ားစြာရွိတဲ့အျပင္ ေရွးေဟာင္းလယ္ယာစိုက္ပိ္်ဳးေရးဆိုင္ရာကိရိယာေတြ၊ ဘုရားေက်ာင္းမ်ား၊ ေရွးေခတ္အားကစားကြင္း၊ ေရေအာက္ကိုနစ္ျမဳပ္ေနတဲ့ေစ်းဆိုင္ေတြ၊ လူေနအိမ္နဲ႔စီးပြားေရးဆိုင္ရာခြဲျခားထားတဲ့ဧရိယာေတြ၊ ႀကီးမားတဲ့ပိရမစ္ ပံုစံအေဆာက္အအံု (၆)ခုတုိ႔လည္း ရွိေနပါတယ္။

Caral ပိရမစ္ကိုေတာ့၁၉၄၈ခုနွစ္မွာ စတင္ေတြ႕ရွိခဲ့ေပမဲ့ အစပိုင္းမွာေတာ့စိတ္ဝင္စားစရာအေနအထားမရွိခဲ့ပါဘူး။ ၁၉၇၀ခုႏွစ္ ေရာက္မွသာ သမိုင္းသုေသသနပညာရွင္ေတြက ဒီေဒသအေၾကာင္းကိုအေသအခ်ာနားလည္လာခဲ့ျပီး ဒီေနရာဟာ ပိရမစ္ေတြရဲ့ အစျပဳတဲ့ ေနရာအျဖစ္ေတာင္သတ္မွတ္ခဲ့ၾကတာပါ။ အဲအခ်ိန္ကစျပီး ဒီေနရာမွာက်ယ္က်ယ္ျပန္႔ျပန္႔တူးေဖာ္ေတြ႕ရွိမႈေတြ ျဖစ္ေပၚလာခဲ့တာပါ။ ၂၀၀၉ ခုနွစ္မွာေတာ့ ဒီေဒသကိုUNESCOအဖြဲ႕က ကမာၻအေမြအႏွစ္ဆိုင္ရာ ထိမ္းသိန္းေစာင့္ေရွာက္ေရးနယ္ေျမ အျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။ Caral Pyramids ေတြကိုေတာ့ ဘီစီ ၂၆၂၇ မွာ စတင္တည္ေဆာက္ခဲ့တယ္လို႔ မွတ္တမ္းေတြကေဖာ္ျပၾကပါတယ္။

(၁) Pyramid of Djoser

OLYMPUS DIGITAL CAMERA

Pyramid of Djoser ကို ဘီစီ ၂၆၆၇-၂၆၄၈ အၾကားတည္ေဆာက္ခဲ့တာျဖစ္ျပီး အီဂ်စ္နုိုင္ငံ၊ Saqqara Necropolis ေဒသမွာ တည္ရွိကာ (၂၀၃)ေပအျမင့္ရွိပါတယ္။ Pyramid of Djoser ကိုေတြ႕ရွိခဲ့တဲ့အခ်ိန္ဟာ မၾကာေသးေပမဲ့ ကမာၻေပၚမွာ သက္တမ္းအရင့္ဆံုး ပိရမစ္အျဖစ္သမိုင္းပညာရွင္ေတြက အခိုင္အမာေျပာဆိုၾကပါတယ္။ Pyramid of Djoser ကို တတိယေျမာက္ အီဂ်စ္ဖာရိုမင္းဆက္ရဲ့ ပထမဆံုးဘုရင္ Djoser ရဲ့ ဂူဗိမာန္အတြက္ရည္ရြယ္ျပီး ေဆာက္လုပ္ခဲ့တာျဖစ္ျပီး Djoserရဲ့လက္စြဲေတာ္ ဗိသုကာပညာရွင္ အမ္ဟိုတက္(Imohtep) က ဦးေဆာင္ေဆာက္လုပ္ခဲ့တာပါ။

Imohtep ဟာ သူရဲ့အရွင္သခင္အတြက္အခမ္းနားဆံုးေသာ သခ်ိဳင္းဂူကိုတည္ေဆာက္ေပးရန္ဆံုးျဖတ္ခဲ့ျပီး တည္ေဆာက္ျပီးသား mastabs ေတြေပၚမွာ အမိုးျပားသ႑န္အနားေတြကိုေဘာင္ခတ္ထားတဲ့အုတ္ခ်ပ္ေတြကို တစ္ခုရဲ့ထိပ္မွာတစ္ခု ထိုးေပးကာ ပထမဆံုးေသာ ပိရမစ္ေတြရဲ့အဆင့္အျဖစ္ ဖန္တီးခဲ့ပါတယ္။ ဒီပိရမစ္ဟာ အလြန္ၾကီးမားတဲ့ ဘုရင္Djoser သခ်ိဳင္းၾကီးရဲ့အလယ္မွာတည္ရွိျပီး ဒီသခ်ိဳင္းထဲမွာ လ်ိဳ႕ဝွက္တည္ေဆာက္ထားတဲ့ ထံုးေက်ာက္နံရံေတြ၊ ဘုရားေက်ာင္းတစ္ခု၊ Djoser ဘုရင္ ရဲ့ရုပ္တု လည္းပါဝင္ေအာင္တည္ေဆာက္ထားပါတယ္။

သုတဇုန္

—————–

ကမ္ဘာ့ရှေးအကျဆုံး ပိရမစ် ၈ ခု အကြောင်း (unicode)

ရှေးခေတ်အီဂျစ်လို့ ဆိုလိုက်တာနဲ့ အရင်ဆုံးမြင်မိကြမှာ ပိရမစ်တွေဖြစ်ပါလိမ့်မယ်။ ပိရမစ်တွေဟာ ရှေးခေတ်အီဂျစ်ယဉ်ကျေးမှုကိုဖော်ပြနေတဲ့ အနီးစပ်ဆုံး အဆောက်အအုံတွေဖြစ်ပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေ သေဆုံးတဲ့အခါ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံကြီးတွေမှာ မြုပ်နှံပေးဖို့အတွက် ပိရမစ်တွေကို တည်ဆောက်ကြတာဖြစ်ပါတယ်။ အီဂျစ်ပိရမစ်တွေမှာ ကျွန်တော်တို့ အများဆုံးသိကြတာက ဂိုင်ဇာပိရမစ်ပဲ ဖြစ်ပြီး ကျန်ပိရမစ်တွေအကြောင်းကိုတော့ မသိကြပါဘူး။ တကယ်တော့ ဂိုင်ဇာပိရမစ်ထက်ရှေးကျတဲ့ ပိရမစ်တွေရှိပါသေးတယ်။  ဂိုင်ဇာပိရမစ်အပါအဝင် ရှေးကျတဲ့ ပိရမစ်တွေကတော့….

(၈) Pyramid of Menkaure

Pyramid of Menkaure ဟာ ဂိုင်ဇာပိရမစ်စုမှာ ရှိတဲ့ပိရမစ် (၃)ခုထဲက အငယ်ဆုံးပိရမစ်ဖြစ်ပါတယ်။ Pyramid of Menkaure ကို ဘီစီ၂၄၉၀ ကဆောက်လုပ်ခဲ့တာဖြစ်ပြီး အီဂျစ်တွေရဲ့အရေးပါဆုံးသော အထိမ်းအမှတ်အဆောက်အအုံတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီ ပိရမစ်ဟာ စတုတ္ထမြောက်ဖာရိုးမင်းဆက်ရဲ့ (၅) ယောက်မြောက် ဖာရိုဘုရင် Menkaure ရဲ့ သချိုင်းနေရာဖြစ်ပါတယ်။ Menkaure ပိရမစ် ဟာ အခြား ထင်ရှားတဲ့ ပိရမစ်နှစ်ခုကတစ်ခုဖြစ်တဲ့ Khafre ပိရမစ်ရဲ့ ဆယ်ပုံတစ်ပုံအရွယ်အစားသာရှိပါတယ်။ ဒီပိရမစ်ကိုတော့ Menkaure သေဆုံးပြီးတဲ့ အချိန်မှသာ စတင်ဆောက်လုပ်ခဲ့ပြီး သူနောက်ဆက်ခံခဲ့တဲ့ အဲဒီမင်းဆက်ရဲ့ နောက်ဆုံးဖာရိုးဘုရင် Shepseskaf လက်ထက်မှသာ အပြီးသတ်ခဲ့ရပါတယ်။ Menkaure ပိရမစ် ရဲ့သတိထားမိစရာအကောင်းဆုံး အမှတ်အသားကတော့ ပိရမစ်ရဲ့မြောက်ဘက်မျက်နှာမှာတွေ့ရတဲ့င်္ကြိးမားတဲ့ ဟတ်တက်ကွဲအပေါက်ကြီးဖြစ်ပါတယ်။ ဒါဟာ တူရကီနိုင်ငံက ဒုတိယမြောက် Ayyubid Sultan မင်းဆက်ကဘုရင် Malek al-Aziz ရဲ့ လက်ချက်ဖြစ်ပြီး ၁၂ရာစုလောက်တုန်းက Giza မှာရှိတဲ့ ပိရမစ်တွေကို ဖောက်ထွင်းဖို့ကြိုးစားခဲ့ရာမှ Pyramid of Menkaure ကနေစတင်ခဲ့တာပဲဖြစ်ပါတယ်။

(၇) Pyramid of Khafre

Khafre ပိရမစ်ဟာလည်း အီဂျစ်နိုင်ငံရဲ့ လူသိများထင်ရှားတဲ့ ဂိုင်ဇာပိရမစ်စု ၃ခုထဲက တစ်ခုဖြစ်ပါတယ်။ အီဂျစ်ပြည်ရဲ့ ဒုတိယမြောတ်အကြီးဆုံးပိရမစ်တစ်ခုဖြစ်ပြီး လေးဆက်မြောက် ဖာရိုဘုရင်Khafre ရဲ့ သချိုင်းနေရာလည်းဖြစ်ပါတယ်။ Khafre ဟာ သူမသေဆုံးခင်ကတည်းက ဒီအဆောက်အအုံကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီပိရမစ်ရဲ့အောက်ခြေအလျားက (၇၀၆)ပေရှိပြီးတဖြည်းဖြည်းအမြင့်ကို တက်လာကာ(၄၄၈)ပေအထိ အမြင့်ရှိပါတယ်။ ဒီပိရမစ်ကိုတစ်ခုကို အလေးချိန်(၂)တန်လောက်ရှိတဲ့ထုံးကျောက်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါအပြင်ကျောက်တုံးတွေနဲ့တည်ဆောက်ထားတဲ့ Foundation ဟာ (၃၃)ပေအထိရှိတာမို့  အကြီးဆုံးပိရမစ်ဖြစ်တဲ့ Khufuရဲ့ ပိရမစ်ထက်တောင်ပိုမြင့်နေပါသေးတယ်။ Khafre ပိရမစ်ဟာ Khufu ရဲ့ ပိရမစ်ထက်ပိုမိုရူပ်ထွေးပြီး အသေးစိတ်ခြယ်သထားတာပါ။ Khafre ပိရမစ် အထင်ရှားဆုံးလက်ရာတစ်ခုအဖြစ် အလွန်ကြီးမားတဲ့ စဖင့်ရုပ်ထုကို တွေ့ရမှာပါ။ အဲဒီရုပ်တုကြောင့် ပိရမစ်ရဲ့မြင်ကွင်းဟာ အလွန်ရှုပ်ထွေးနေပေမဲ့ ဖာရိုးဘုရင် Khafre ဟာ အဲဒီစဖင့်ရုပ်တုကို သူနန်းတော်နဲ့ တူအောင် သူရဲ့ဂူဗိမာန်မှာ တည်ဆောက်စေခဲ့တာလို့ သမိုင်းပညာ ရှင်တွေက ယုံကြည်ကြပါတယ်။ အဲဒီပိရမစ်ကို ဘီစီ ၂၅၂၀ ကဆောက်လုပ်ခဲ့တာပါ။

(၆) Great Pyramid of Giza

ဂိုင်ဇာ မဟာပိရမစ်ကြီးဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးသောပိရမစ်ဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ် ရှေးဟောင်းလက်ရာ (၇)ပါးမှာလည်း တစ်ခုအပါအဝင်လည်းဖြစ်ပါတယ်။ အဲဒီပိရမစ် ကိုတော့ ဘီစီ၂၅၈၀-၂၅၆၀ အကြားမှာ ဖာရိုးဘုရင် Khufu က တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ လူသားတွေဖန်တီးထားတဲ့ အမြင့်ဆုံး အဆောက်အအုံအဖြစ် နှစ်ပေါင်း (၃၈၀၀)လောက်ရပ်တည်နိုင်ခဲ့ပါတယ်။ ၁၈၈၉ ခုနှစ် ပြင်သစ်နိုင်ငံက အီဖယ် မျှော်စင်ပေါ်ပေါက်လာမှသာ ပထမနေရာကနေဆင်းပေးခဲ့ရတာပါ။ ဂိုင်ဇာ မဟာပိရမစ်ကြီးကို သုသေသနပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ကြပေမဲ့ ဒီအထိမ်းအမှတ်အဆောက်အအုံကို ဘယ်လိုနည်းနဲ့တည်ဆောက်ခဲ့တာကတော့ ယနေ့တိုင်ဆန်းပြားတဲ့ မေးခွန်းအဖြစ် ရှိနေပါသေးတယ်။ အများစုလက်ခံထားကြသော တည်ဆောက်မှုနှင့်ပတ်သက်သည့် သီအိုရီကတော့ ကြီးမားသော ကျောက်တုံးများကို ကျောက်ထုတ်ရာဒေသမှ ဆွဲယူလာပြီး နေရာတကျမတင် တည်ဆောက်ခဲ့သည် ဟူ၍ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်းမှန်းဆချက်သက်သက်သာဖြစ်ပါတယ်။ ဒီမဟာပိရမစ်ကြီးကို နှစ်ပေါင်း ၂၀ကျော်ကြာ ဆောက်လုပ်ခဲ့ရပြီး ကျောက်တုံးပေါင်း ၂.၃သန်းခန့်ပါဝင်ကာ ထိုအထဲတွင် အလွန်ကြီးမားပြီး တန် ၅၀ကျော် အလေးချိန်ရှိသော ဧရာမကျောက်တုံးအချို့လည်းပါဝင်နေပါသေးတယ်။ ပိရမစ်ထဲမှာတော့ ဘုရင်ခန်းမဆောင် နဲ့ မိဖုရားခန်းမဆောင် အပါအဝင် ခန်းမဆောင် ၃ခုရှိပါတယ်။

(၅) Red Pyramid

Red ပိရမစ်ကို ပိရမစ်အစုအဝေးရဲ့ မြောက်ဘက်အကျဆုံးမှာရှိတာကြောင့် မြောက်ဖျားပိရမစ်လို့လည်းခေါ်ကြပါတယ်။ ဖာရိုဘုရင် Sneferu ရဲ့ သချိုင်းတည်ရှိရာ အီဂျစ်ပြည်ရဲ့ တတိယမြောက် အကြီးဆုံး ပိရမစ်ဖြစ်ပါတယ်။ အဲဒီ ပိရမစ်ကို ၂၆၀၀ BCခန့်ကဆောက်လုပ်ခဲ့တာပါ။ ဖာရိုးဘုရင် Sneferu ဟာဒီပိရမစ်ကို မတည်ဆောက်ခင်က Medium နဲ့ The Bent ပိရမစ်နှစ်ခုကိုတည်ဆောက်ခဲ့ပေမယ့်သူ့စိတ်တိုင်းကျမဖြစ်ခဲ့ပါဘူး။ တတိယမြောက်တည်ဆောက်တဲ့ Red Pyramid မှသာ သူ့စိတ်တိုင်းကျဖြစ်အောင်တည်ဆောက်နိုင်ခဲ့တာပါ။ အဲဒီပိရမစ်ကို Red Pyramid လို့နာမည်ပေးထားပေမဲ့ အဖြူရောင်ထုံးကျောက်တွေနဲ့ပဲ တည်ဆောက်ထားခဲ့တာပါ။ အလယ်ခေတ်တုန်းက ကိုင်ရိုမြို့အဆောက်အဦးတွေ တည်ဆောက်ဖို့အတွက် ဒီပိရမစ်ရဲ့ အပေါ်ယံထုံးကျောက်တွေကို ယူဆောင်ခြင်းခံခဲ့ရတာပါ။ အနည်းငယ်သော အဖြူရောင်ထုံးကျောက်တွေတွေ့ရတဲ့ အမှတ်အသားတွေအရ Red Pyramidကိုတည်ဆောက်ခဲ့သူဟာ ဘုရင် Sneferu ဖြစ်တယ်လို့မှတ်ယူနိုင်တာပါ။ ယနေ့အခါမှာတော့ Red Pyramidကို အီဂျစ်အစိုးရက တရားဝင်ဖွင့်လှစ်ပေးထားပြီ း တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နှက်နေပါတယ်။

(၄) Bent Pyramid

Bent ပိရမစ်ဟာ ဖာရိုးဘုရင် Sneferu ဆောက်လုပ်တဲ့ ဒုတိယမြောက် ပိရမစ်ဖြစ်ပြီး အဆောက်အအုံရဲ့ အနားတွေကိုချောမွတ်အောင်အနားသတ်ထားတဲ့ အီဂျစ်တွေရဲ့ ပထမဆုံးသော ကြိုးစားထားတဲ့ ပိရမစ်တွေလည်းဖြစ်ပါတယ်။ သမိုင်းသုသေသနပညာရှင်တွေကတော့ Bent ပိရမစ်ကိုစတင်ဆောက်လုပ်ခဲ့ချိန်တည်းက ပိရမစ်ရဲ့ထိပ်ပိုင်းမှာရှိတဲ့ ထောင့်အနားတွေဟာ မတည်ငြိမ်ပဲ အနည်းငယ် ရွေ့လျားနေခဲ့ပြီး ဒီထောင့်တွေရဲ့ မညီမညာပြောင်းလဲမှုတွေကြောင့် အဲဒီပိရမစ်ဟာ ကွေး နေတဲ့ပုံပေါက်နေပါတယ်လို့ဆိုကြပါတယ်။ ဒါအပြင် ဒီပိရမစ်ရဲ့ အခြားဝိသေသ တစ်ခုကတော့ ဒီအဆောက်အအုံရဲ့အပြင်ဘက်မှာ ကာထားတဲ့ ထုံးကျောက်တွေဟာ ယနေ့တိုင်မူလအတိုင်းရှိနေသေးတဲ့အချက်ပါ။ ဒီပိရမစ်မှာ ဝင်ပေါက်နှစ်ခုရှိပြီး Bent Pyramid ရဲ့မြောက်ဘက်မှာရှိတဲ့ ပထမဝင်ပေါက်မှာတော့ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေအဆင်ပြေစေရန် သစ်သားစောင်းတန်းအများအပြားထားရှိပေးထားပါတယ်။ ဒုတိယဝင်ပေါက်ကတော့ပိရမစ်ရဲ့ မြင့်မားတဲ့အပိုင်းဖြစ်တဲ့ အနောက်ဘက်ကနေ ဝင်ရောက်ရတာဖြစ်ပါတယ်။ Bent Pyramid ရဲ့ အတွင်းပိုင်းနေရာတွေကိုတော့ အန္တရာယ်ရှိတဲ့အတွက် ဝင်ရောက်လေ့လာခွင့်မပြုပါဘူး။ အဲဒီ ပိရမစ်ကိုတော့ ၂၆၀၀ ဘီစီခန့်ကတည်ဆောက်ထားခဲ့တာပါ။

(၃) Pyramid of Medium

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော် တောင်ပိုင်း(၆၂)မိုင်ခန့်အကွာမှာတည်ရှိတဲ့ Medium ပိရမစ် ကို ပြိုကျတဲ့ပိရမစ် လို့လူသိများပါတယ်။ အခြားပိရမစ်တွေနဲ့ ပုံစံကွဲထွက်နေတဲ့ ဒီ Medium ပိရမစ်ကို တတိယမြောက် အီဂျစ်မင်းဆက်ရဲ့ ဖာရိုဘုရင် Djoser ကွယ်လွန်ပြီးတဲ့နောက်မှာ ဆောက်လုပ်ခဲ့ပါတယ်။ Medium ပိရမစ်လို့အမည်ပေးခဲ့ရတာကတော့ အဲဒီအဆောက်အအုံကိုတည်ဆောက်ရာမှာ တစ်ကြိမ်တည်းအပြီးမတည်ဆောက်နိုင်ခဲ့ပဲ တဖြည်းဖြည်းချင်း ဖာရိုမင်းအဆက်ဆက်ကတည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။ Medium ပိရမစ်ကိုစတင်ဆောက်လုပ်ခဲ့သူကတော့ တတိယမြောက် အီဂျစ်မင်းဆက်ရဲ့ နောက်ဆုံးဖာရိုးဘုရင် Huni ပဲဖြစ်ပါတယ်။ သူ့လက်ထက်မှာမပြီးခဲ့တာကြောင့် စတုတ္ထမြောက်အီဂျစ်မင်းဆက်ရဲ့ ပထမဆုံးဘုရင် Sneferu ကပြီးဆုံးအောင် ဆက်လက်တည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့စိတ်တိုင်းကျ မဖြစ်ခဲ့တာကြောင့် Sneferu ဟာ နောက်ထပ်ပိရမစ်တွေကို ထပ်ပြီးတည်ဆောက်ခဲ့ပါတယ်။ ဒီပိရမစ်ကိုတော့ ဘီစီ ၂၆၀ဝခန့် က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

(၂) Caral Pyramids

ဒီပိရမစ်ကတော့ အီဂျစ်နိုင်ငံကမဟုတ်ပါဘူး။ တောင်အမေရိကတိုက်ရဲ့ ပိရမစ်မြို့တော်အဖြစ်ထင်ရှားတဲ့ Caral ဒေသဟာ ပီရူးနိုင်ငံမြို့တော်လီမာ မြောက်ဘက် (၁၂၀)မိုင်အကွာမှာတည်ရှိပါတယ်။ တောင်အမေရိကတိုက်ရဲ့ ရှေးအကျဆုံးသော ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့အပြင် Norte Chico လူမျိုးစုတွေနေထိုင်ခဲ့တဲ့မြို့တော်နေရာလည်းဖြစ်ပါတယ်။ Caral Pyramids တွေဟာ အီဂျစ် ပိရမစ်တွေနဲ့တစ်ချိန်တည်းနီးပါးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒီနေရာဟာရှေးဟောင်းအမွေအနှစ်များစွာရှိတဲ့အပြင် ရှေးဟောင်းလယ်ယာစိုက်ပ်ျိုးရေးဆိုင်ရာကိရိယာတွေ၊ ဘုရားကျောင်းများ၊ ရှေးခေတ်အားကစားကွင်း၊ ရေအောက်ကိုနစ်မြုပ်နေတဲ့ဈေးဆိုင်တွေ၊ လူနေအိမ်နဲ့စီးပွားရေးဆိုင်ရာခွဲခြားထားတဲ့ဧရိယာတွေ၊ ကြီးမားတဲ့ပိရမစ် ပုံစံအဆောက်အအုံ (၆)ခုတို့လည်း ရှိနေပါတယ်။ Caral ပိရမစ်ကိုတော့၁ ၉၄၈ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပေမဲ့ အစပိုင်းမှာတော့စိတ်ဝင်စားစရာအနေအထားမရှိခဲ့ပါဘူး။ ၁၉၇ဝခုနှစ် ရောက်မှသာ သမိုင်းသုသေသနပညာရှင်တွေက ဒီဒေသအကြောင်းကိုအသေအချာနားလည်လာခဲ့ပြီး ဒီနေရာဟာ ပိရမစ်တွေရဲ့ အစပြုတဲ့ နေရာအဖြစ်တောင်သတ်မှတ်ခဲ့ကြတာပါ။ အဲအချိန်ကစပြီး ဒီနေရာမှာကျယ်ကျယ်ပြန့်ပြန့်တူးဖော်တွေ့ရှိမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ ၂၀၀၉ ခုနှစ်မှာတော့ ဒီဒေသကိုUNESCOအဖွဲ့က ကမ္ဘာအမွေအနှစ်ဆိုင်ရာ ထိမ်းသိန်းစောင့်ရှောက်ရေးနယ်မြေ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။ Caral Pyramids တွေကိုတော့ ဘီစီ ၂၆၂၇ မှာ စတင်တည်ဆောက်ခဲ့တယ်လို့ မှတ်တမ်းတွေကဖော်ပြကြပါတယ်။

(၁) Pyramid of Djoser

Pyramid of Djoser ကို ဘီစီ ၂၆၆၇-၂၆၄၈ အကြားတည်ဆောက်ခဲ့တာဖြစ်ပြီး အီဂျစ်နိုင်ငံ၊ Saqqara Necropolis ဒေသမှာ တည်ရှိကာ (၂၀၃)ပေအမြင့်ရှိပါတယ်။ Pyramid of Djoser ကိုတွေ့ရှိခဲ့တဲ့အချိန်ဟာ မကြာသေးပေမဲ့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ပိရမစ်အဖြစ်သမိုင်းပညာရှင်တွေက အခိုင်အမာပြောဆိုကြပါတယ်။ Pyramid of Djoser ကို တတိယမြောက် အီဂျစ်ဖာရိုမင်းဆက်ရဲ့ ပထမဆုံးဘုရင် Djoser ရဲ့ ဂူဗိမာန်အတွက်ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာဖြစ်ပြီး Djoserရဲ့လက်စွဲတော် ဗိသုကာပညာရှင် အမ်ဟိုတက်(Imohtep) က ဦးဆောင်ဆောက်လုပ်ခဲ့တာပါ။ Imohtep ဟာ သူရဲ့အရှင်သခင်အတွက်အခမ်းနားဆုံးသော သချိုင်းဂူကိုတည်ဆောက်ပေးရန်ဆုံးဖြတ်ခဲ့ပြီး တည်ဆောက်ပြီးသား mastabs တွေပေါ်မှာ အမိုးပြားသဏ္ဍန်အနားတွေကိုဘောင်ခတ်ထားတဲ့အုတ်ချပ်တွေကို တစ်ခုရဲ့ထိပ်မှာတစ်ခု ထိုးပေးကာ ပထမဆုံးသော ပိရမစ်တွေရဲ့အဆင့်အဖြစ် ဖန်တီးခဲ့ပါတယ်။ ဒီပိရမစ်ဟာ အလွန်ကြီးမားတဲ့ ဘုရင်Djoser သချိုင်းကြီးရဲ့အလယ်မှာတည်ရှိပြီး ဒီသချိုင်းထဲမှာ လျို့ဝှက်တည်ဆောက်ထားတဲ့ ထုံးကျောက်နံရံတွေ၊ ဘုရားကျောင်းတစ်ခု၊ Djoser ဘုရင် ရဲ့ရုပ်တု လည်းပါဝင်အောင်တည်ဆောက်ထားပါတယ်။

သုတဇုန်

Leave a Reply