အသက္ ၃၀ မတိုင္ခင္ သင္ယူသင့္တဲ့ ဘဝသင္ခန္းစာ ၁၀ ခု

Posted on

By Mon Pharmacy

ငယ္ရြယ္စဥ္အခါ တန္ဖိုးထားသင္ယူအသံုးခ်ရမယ့္ ဘဝသင္ခန္းစာအေျမာက္အျမားရွိပါတယ္။ ၿပီးခဲ့တဲ့အတိတ္ကအျဖစ္အပ်က္မ်ားကို အေတြ႔အၾကံဳယူၿပီး အက်ိဳးရွိစြာ ျပန္လည္သံုးသပ္သင္ခန္းစာယူပါ။ ေစာလ်င္စြာေလ့လာသင္ယူသင့္တဲ့ တခ်ဳိ႕ေသာဘဝသင္ခန္းစာမ်ားကေတာ့

၁။ ပိုက္ဆံကသင့္ရဲ႕ျပသနာမ်ားကို ဘယ္ေသာအခါမွအမွန္တကယ္ေျဖရွင္းေပးႏိုင္မွာမဟုတ္ပါ။

ပိုက္ဆံက သင္ရဲ႔လိုအပ္ခ်က္မ်ားနဲ႔ လိုခ်င္တပ္မက္ဖြယ္ေကာင္းတဲ့ပစၥည္းတခ်ဳိ႕ေတြကို ဝယ္ႏို္င္တဲ့ေရာင္းကုန္တမ်ိဳးျဖစ္ပါတယ္။ သို႔ေသာ္ ပိုက္ဆံကသင့္ရဲ႕ျပသနာကိစၥရပ္တိုင္းကို အလံုးစံုကိုင္တြယ္ေျဖရွင္းမေပးႏိုင္ပါ။ တခ်ိဳ႔ေသာလူအမ်ားစုက အံံ့ၾသဖြယ္ရာအတိနဲ႔ ေပ်ာ္ရႊင္ေသာဘဝမွာ ေနထိုင္ႏိုင္ၾကသလို တခ်ဳိ႕မ်ားၾကျပန္ေတာ့ ခၽြတ္ျခံဳဆင္းရဲစိတ္ပ်က္ဝမ္းနည္းစရာေကာင္းတဲ့ဘဝမွာ ေနထိုင္ၾကတဲ့လူအေျမာက္အျမားလည္းရွိၾကပါတယ္။ ပိုက္ဆံနဲ႔ အိမ္လွလွ၊ အေကာင္းစားကား၊ အမိုက္စားရွဴးဖိနပ္၊ လံုၿခံဳစိတ္ခ်သက္ေတာင့္သက္သာရွိၿပီး စည္းစိမ္အျပည္႔ ဇိမ္ခံပစၥည္းမ်ားကို ဝယ္ႏိုင္ပါတယ္။

သို႔ေသာ္ ေငြကအက္ကြဲေနတဲ့ဆက္ဆံေရးကို ျပန္လည္မတည္ေဆာက္ႏိုင္သလို အထီးက်န္မႈကိုလည္း မကုစားႏိုင္ပါ။ ေပ်ာ္ရႊင္ျခင္းကို တဒဂၤမၽွသာ ျဖစ္ေပၚေစၿပီး ၄င္းမွာအမွန္တကယ္နဲ႔စစ္မွန္ေသာ အရာမ်ိဳးမဟုတ္ပါ။ ေပ်ာ္ရႊင္မႈက ေရာင္းရန္မဟုတ္ပါ။ အကယ္၍ သင္ဝယ္ႏိုင္ဖို႔ ပို၍ေကာင္းေအာင္လုပ္ထားတယ္လို႔ ေမၽွာ္လင့္ေနမယ္ဆိုရင္သင္ဘယ္ေသာအခါမွမေပ်ာ္ရႊင္ႏိုင္ပါ။

၂။ ေျဖးေျဖးနဲ႔ ပံုမွန္အတိုင္းဆက္လုပ္ပါ။

ငယ္ရြယ္စဥ္ခါ ကၽြန္ေတာ္တို႔လုပ္ေဆာင္ရမဲ့ မည္သည့္အရာကိုမဆို ခ်က္ခ်င္းလုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ ကၽြန္ေတာ္တို႔မၾကာခဏခံစားေနရတဲ့ လူၾကီးဆိုတဲ့ခရီးရွည္ႀကီးကို စတင္ပါ။ အရာတိုင္းကို ဆံုးျဖတ္တတ္ဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔ဘဝကို စီမံကိန္းခ်ပါ။ အရာရာတိုင္းကို အေတြ႔အၾကံဳယူပါ။ ထိပ္ဆံုးေရာက္ေအာင္လုပ္ပါ။ အခ်စ္စစ္ကိုရွာေဖြပါ။ ကၽြန္ေတာ္တို႔ဘဝရည္ရြယ္ခ်က္ကို အေျဖရွာၿပီးတာနဲ႔တၿပိဳင္နက္ ခ်က္ခ်င္းေဆာင္ရြက္ပါ။ အလ်င္စလိုမလုပ္ဘဲ ေျဖးေျဖးလုပ္ေဆာင္ပါ။ သင့္ဘဝကို ဖြင့္ထားေပးပါ။ သင့္ရဲ႔ေရြးခ်ယ္မႈမ်ားကို ခ်ိန္ဆဖို႔ အခ်ိန္ယူၿပီး သင့္ကိုဘယ္ေနရာထိေခၚေဆာင္သြားမယ္ဆိုတာကို ခဏေစာင့္ၾကည့္ပါ။

စားခ်င္တဲ့အစာကိုစားပါ။ သင္လိုခ်င္တဲ့အရာမ်ားကို ႀကိဳးစားရွာေဖြဖို႔ အခ်ိန္ယူပါ။ တဘက္လူရဲ႔စကားကို ဆံုးေအာင္ေျပာခြင့္ေပးပါ။ သင္ကိုယ္တိုင္ ခဏတာနက္နက္နဲနဲစဥ္းစားခ်င့္ခ်ိန္သံုးသပ္ဖို႔ အခ်ိန္ေပးပါ။ ရည္မွန္းခ်က္ေပါက္ေျမာက္ေအာင္ လုပ္ေဆာင္ဖို႔က အေရးႀကီးပါတယ္။ သင့္ရဲ႔ပန္းတိုင္ဆီသို႔ေရာက္ေအာင္ အလုပ္လုပ္ပါ။ အနာဂတ္အတြက္ စီမံကိန္းခ်လုပ္ေဆာင္ျခင္းဟာ ေလးစားဂုဏ္ယူစရာေကာင္းၿပီး မၾကာခဏအလြန္အသံုးဝင္ပါတယ္။ သို႔ေသာ္ ဘယ္အရာကိုမဆို အျမန္ႏႈန္းနဲ႔အလ်င္စလိုလုပ္တာက်ေတာ့ သင့္အနားကိုျဖတ္သြားတဲ့ သင့္ဘဝရဲ႔အေကာင္းဆံုးနည္းလမ္းကို သတိေမ့ခၽြတ္ေခ်ာ္ေစႏိုင္သလို စိတ္ဖိစီးမႈမ်ားျခင္း၊ အလုပ္ဝန္ပိျခင္းေၾကာင့္ စိတ္ပင္ပန္းကာ အသြားလက္မွတ္တခုတည္းနဲ႔ ေကာက္ကာငင္ကာခရီးသြားတာနဲ႔ တူေနပါတယ္။

၃။ သင္က လူတိုင္းကိုမေက်နပ္ႏိုင္ပါ။

နာမည္ေက်ာ္အေမရိကန္လူရႊင္ေတာ္၊ မင္းသား၊ စာေရးဆရာအျဖစ္လူသိမ်ားတဲ့ Bill Cosbyက ကၽြန္ေတာ္က ေအာင္ျမင္ျခင္းရဲ႕ လ်ဳိ႕ဝွက္ခ်က္ကို မသိပါဘူး။ ဒါေပမဲ့ လူတိုင္းကို စိတ္ေက်နပ္ေအာင္ ႀကိဳးစားေနရျခင္းဟာ ဆံုးရႈံးျခင္းရဲ႕လ်ဳိ႕ဝွက္ခ်က္ပဲ ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ လူတိုင္းက သင့္ကိုသေဘာတူေထာက္ခံဖို႔ ၾကိဳက္ဖို႔ မလိုပါ။ လူ႔သဘာဝက ပိုင္ဆိုင္ခ်င္တယ္၊ အခ်စ္ခံခ်င္တယ္၊ အေလးစားခံခ်င္တယ္၊ တန္ဖိုးထားခံခ်င္ၾကတဲ့အတြက္ သင့္ရဲ႔ရိုးသားေျဖာင့္မွန္ျခင္းနဲ႔ ေပ်ာ္ရႊင္ျခင္းထိခိုက္မွာကို မစိုးရိမ္ဂရုမစိုက္ၾကေတာ့ပါ။

တျခားသူေတြကလည္း သင္ရွာေဖြေနတဲ့အရာကို တိတိက်က်အေျဖေပးႏိုင္မွာ မဟုတ္ပါ။ ဒါကအတြင္းစိတ္ကေန ထြက္ေပၚလာရပါမယ္။ ဒါေၾကာင့္ ကိုယ့္အျမင္ေတြကို ရွင္းရွင္းလင္းလင္းထုတ္ေဖာ္ေျပာၾကားပါ။ သင့္စိတ္ကူးအႀကံမ်ားကို ဘယ္သူ႔ေၾကာင့္မွ မေျပာင္းလဲဘဲ ယံုၾကည္စြာစြဲၿမဲရပ္တည္ေနပါ။ လိုအပ္လၽွင္ မိမိကိုယ္ကို ယံုၾကည္ရဲရင့္ျပတ္သားစြာ ခုခံရင္ဆိုင္ပါ။ သင့္ကိုေလးစားခ်င္လာေအာင္ လုပ္ပါ။ သင့္ရဲ႔တန္ဖိုးကို လမ္းေၾကာင္းမလြဲမွားဘဲ စစ္မွန္စြာေနထိုင္က်င့္ၾကံပါ။

၄။ သင့္က်န္းမာေရးဟာ သင့္အတြက္တန္ဖိုးအရွိဆံုး ပိုင္ဆိုင္မႈအရာျဖစ္တယ္။

က်န္းမာေရးဟာ အဖိုးမျဖတ္ႏိုင္တဲ့ရတနာတစ္ပါးျဖစ္တယ္။ အၿမဲတမ္း အျမတ္တႏိုးတန္ဖိုးထားရမယ္၊ ျပဳစုယုယရမယ္၊ကာကြယ္ေစာင့္ေရွာက္ေနရမယ္။ က်န္းမာေရးေကာင္းေနစဥ္မွာေတာ့ အဖိုးထိုက္တန္တဲ့ က်န္းမာေရးကို လူငယ္ေတြ မၾကာခဏ သတိမထား၊တန္ဖိုးမထားမိတတ္ပါ။ ဘာလို႔လဲဆိုေတာ့ အခုအခ်ိန္အခါမွာ ေကာင္းေနတဲ့အတြက္ ကၽြန္ေတာ္တို႔ရဲ႕က်န္းမာေရးကို တေရးတယူအေလးထားဖို႔ ပ်က္ကြက္မိတတ္ပါတယ္။ ဒါကို စိုးရိမ္ဖို႔မလိုအပ္ဘူး။ ဒါေၾကာင့္ တကယ္ပဲ ဂရုတစိုက္ အာရံုမစိုက္မိခဲ့ဘူး။ ႏွလံုးေရာဂါ၊အရိုးပြ၊ေလျဖတ္၊ကင္ဆာေရာဂါမ်ား အစရွိတဲ့ ႀကိဳတင္ကာကြယ္ႏိုင္တဲ့ေရာဂါမ်ားစြာရွိပါတယ္။ ဒါေၾကာင့္ ယေန႔မွစ၍ မိမိက်န္းမာေရးကို ဂရုစိုက္ပါ။ ဒါမွမဟုတ္ရင္ သင္ေနာက္မွ ေနာင္တရပါလိမ့္မယ္။

၅။ သင္လိုခ်င္တာအားလံုး သင္ဘယ္ေတာ့မွ မရႏိုင္ပါ။

စီမံကိန္းေတြခ်ရင္း အလုပ္ရႈပ္ေနတုန္းမွာ ဘဝဆိုတာ ျဖစ္ေပၚလာပါတယ္။ သင္ဘယ္လိုပဲ ေသေသခ်ာခ်ာဂရုတစိုက္စီမံကိန္းေတြခ်ခ်၊ ဘယ္ေလာက္ပဲ အလုပ္ကို ႀကိဳးႀကိဳးစားစားလုပ္လုပ္၊ တခါတရံမွာ သင္လုိခ်င္သေလာက္ ျဖစ္မလာလည္း ကိစၥမရွိပါဘူး။ ေမၽွာ္လင့္ခ်က္ေတြအားလံုး ကၽြန္ေတာ္တို႔မွာရွိတယ္၊ ကၽြန္ေတာ္တို႔ရဲ႔ စံျပဘဝကို ဘယ္လိုစိတ္ကူးပံုေဖာ္မယ္ဆိုတာေတြ ၿကိဳတင္ဆံုးျဖတ္ထားရပါမယ္။ သို႔ေသာ္ မၾကာခဏဆိုသလို ကၽြန္ေတာ္တို႔အဆံုးသတ္ျဖစ္ေစခ်င္တဲ့ ဘဝရဲ႔အစစ္အမွန္မ်ား ျဖစ္မလာၾကပါဘူး။ ရံဖန္ရံခါ ကၽြန္ေတာ္တို႔ရဲ႔စိတ္ကူးယဥ္အိပ္မက္ဟာ က်ရံႈးမယ္၊ တခါတရံမွာ ကၽြန္ေတာ္တို႔စိတ္ေတြ တဝက္တပ်က္မွာ ေျပာင္းလဲသြားႏိုင္ပါတယ္။ တခါတေလလဲ လမ္းေၾကာင္းမွန္ရွာဖို႔ လမ္းလႊဲဲၿပီး လမ္းေၾကာင္းမွန္ရွာမေတြ႔ခင္မွာ တခ်ိဳ႔ေသာအရာမ်ားကို စမ္းသပ္ႀကိဳးစားၾကည္႔ရပါတယ္။

၆။ အဲဒါေတြအားလံုးက သင့္အေၾကာင္းမဟုတ္ပါ။

သင္ဟာစႀကဝဠာရဲ႔ ဗဟိုခ်က္မႀကီးမဟုတ္ပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ရဲ့ဘဝမွာ ဘာေတြျဖစ္ပ်က္ေနမလဲဆိုတာကိုပဲ အၿမဲတမ္းအာရံုစိုက္ေနေသာေၾကာင့္ သင္ကိုယ္တိုင္ျမင္ကြင္းအျပင္ဘက္ကေနၿပီး ကမာၻႀကီးကိုရႈစားၾကည့္ဖို႔ အလြန္အင္မတန္ခက္ခဲပါတယ္။ ဒီေန႔ကၽြန္ေတာ္ဘာေတြလုပ္ရမလဲ။ ကၽြန္ေတာ့္အတြက္၊ ကၽြန္ေတာ့္အသက္ေမြးဝမ္းေက်ာင္းအတြက္၊ ကၽြန္ေတာ့္ဘဝအတြက္ ဒီဟာေတြက ဘာကိုဆိုလိုတာလဲ။ ကၽြန္ေတာ္ဘာလိုခ်င္တာလဲ။

ေယဘူယ်အားျဖင့္ သင့္ဘဝမွာ ျဖစ္ပ်က္ေနတဲ့အရာမွန္သမၽွကို ျပင္းျပစြာသိရွိထားရပါမယ္။ သို႔ေသာ္ သင့္အနားမွာဘာေတြျဖစ္ပ်က္ေနသလဲ၊ သင့္ကိုယ္ပိုင္ဘဝကို သင္လုပ္ေဆာင္တဲ့အခါမွာ ဘယ္အရာေတြက ကမာၻေပၚရွိတျခားလူေတြကို အက်ိဳးဆုတ္ယုတ္ေစသလဲဆိုတာေတြကို အစဥ္တစိုက္ သတိျပဳေနဖို႔ေတာ့ လိုပါတယ္။ ဒီနည္းအားျဖင့္ အေျခအေနျပႆ နာအရပ္ရပ္ကို က်ိဳးေၾကာင္းေလ်ာ္ညီတဲ့နည္းလမ္းျဖင့္ ႀကံစည္ေတြးေတာေျဖရွင္းေပးဖို႔ အေထာက္အကူျဖစ္ေစပါတယ္။

၇။ မသိတာက ရွက္စရာမဟုတ္ပါ။

လူတိုင္းက အားလံုးကို နားလည္အေျဖရွာႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါ။ လူတိုင္းမွာ အေျဖအားလံုးမရွိႏိုင္ပါ။ “ကၽြန္ေတာ္မသိပါဘူး”ဆိုတာကို ေျပာဖို႔မရွက္ပါနဲ႔။ ျပည္႔ဝခ်င္ေယာင္ေဆာင္ေနျခင္းက သင့္ကို မျပည္႔ဝေစပါ။ ကၽြန္ေတာ္တို႔သိထားရမွာက တခါတရံ ကၽြန္ေတာ္တို႔ရဲ႔ကန္႔သတ္ထိန္းခ်ဳပ္မႈနဲ႔ မေသခ်ာမေရရာမႈမ်ားကို ဝန္ခံရဲဖို႔ လိုပါတယ္။ ကၽြန္ေတာ္တို႔အရာအားလံုးကို မသိႏိုင္ပါ။ အမွားမ်ားကို ျပဳလုပ္မိမယ္၊ ရံဖန္္ရံခါ ေရာယွက္ေထြျဖားမိမယ္။

ဒါ့အျပင္ ဘယ္သူမွ အရာအားလံုးကို ကၽြမ္းက်င္စြာသင္ယူမတတ္ေျမာက္ႏိုင္ပါ။ ဘယ္အရာကိုမွ ကၽြမ္းက်င္ပိုင္ႏိုင္စြာမသင္ယူဘဲ ဟိုစပ္စပ္ဒီစပ္စပ္အနည္းငယ္သင္ယူခ်င္တဲ့သူဟာ အရူးတပိုင္းနဲ႔ တူပါတယ္။ ဒါေၾကာင့္ လ်စ္လ်ဴ ရွဳသင့္တာကိုရွဳပါ။ သို႔ေသာ္ လူပီသၿပီး လက္လွမ္းမီသေလာက္ အနည္းငယ္တီးမိေခါက္မိသေလာက္သိရွိဖို႔ေတာ့ လိုပါတယ္။

၈။ အခ်စ္က ခံစားမႈတခုထက္ပိုတယ္၊ ေရြးခ်ယ္မႈတခုျဖစ္တယ္။

စစခ်င္းစိတ္လႈပ္ရွားေပ်ာ္ရႊင္မႈ၊ စိတ္လႈပ္ရွား စိတ္ဝင္စားစရာျဖစ္ေစတဲ့ အခ်စ္နဲ႔ စိတ္ခံစားမႈတို႔ ေပါက္ကြဲျခင္းဟာ ၾကာရွည္မခံပါ။ သို႔ေသာ္ ၾကာရွည္ခံတဲ့အခ်စ္ဟာ မျဖစ္ႏိုင္ဘူးလို႔ မဆိုလိုပါ။ အခ်စ္က စိတ္ခံစားမႈသာမက သင္ေန႔စဥ္ျပဳလုပ္တဲ့ ေရြးခ်ယ္မႈတခုလည္း ျဖစ္တယ္။ စိတ္တိုေဒါသထြက္မႈကို ေျပေပ်ာက္ဖို႔၊ ခြင့္လႊတ္ဖို႔ ၊ၾကင္နာဖို႔၊ ရိုေသေလးစားဖို႔၊ ေဖးမကူညီဖို႔နဲ႔ သစၥာရွိဖို႔တို႔ကို ကၽြန္ေတာ္တို႔ေရြးခ်ယ္ရပါတယ္။

ပတ္သက္ဆက္ႏြယ္မႈဟာ အလုပ္ပိုမ်ားေစတယ္။ တခါတရံမွာ လြယ္ကူအဆင္ေျပၿပီး တခါတရံ မယံုႏိုင္ေလာက္ေအာင္ ခက္ခဲပါတယ္။ ဒါေပမဲ့ ပတ္သက္မႈမွာ ကၽြန္ေတာ္တို႔ဘယ္လိုလုပ္ေဆာင္မယ္၊ ထင္ျမင္ယူဆမယ္၊ ေျပာဆိုမယ္ဆိုတာကို ေရြးခ်ယ္ဖို႔ဟာ ကၽြန္ေတာ္တို႔အေပၚမွာ မူတည္ေနပါတယ္။

၉။ အရာရာကိုစဥ္းစားခ်င့္ခ်ိန္ႏိုင္ျခင္းဟာ လွပတဲ့ အရာတခုျဖစ္ပါတယ္။

ေယဘူယ်အားျဖင့္ ကၽြန္ေတာ္တို႔ စိုးရိမ္တဲ့အခါ (သို႔) စိတ္ပ်က္အားငယ္တဲ့အခါမွာ ဆင္ျခင္တံုတရားဆံုးရံႈးတတ္ပါတယ္။ ကၽြန္ေတာ္တို႔ဘဝမွာ ျဖစ္ပ်က္ေနတဲ့အရာတိုင္းဟာ ႀကီးက်ယ္တယ္၊ အေရးပါတယ္လို႔ထင္ရပါတယ္။ ဒါေၾကာင့္ ထင္ရာစိုင္းလုပ္ခ်င္လုပ္မယ္ (သို႔) ေသခ်င္လည္းေသမယ္။ သို႔ေသာ္ ရုပ္ရွင္ေတြထဲမွာ မၾကာခဏဆိုသလိုအဆိုပါအခက္အခဲျပႆ နာေတြဟာ မဆိုသေလာက္နည္းပါတယ္ ။ လက္ေတြ႔မွာ ကၽြန္ေတာ္တို႔ျဖစ္ေနတဲ့ရန္ပြဲေတြ၊ ကၽြန္ေတာ္တို႔မရခဲ့တဲ့အလုပ္ေတြ၊ အမွန္တကယ္(သို႔) စိတ္ကူးနဲ႔ေစာ္ကားမိတာေတြ၊ ေမၽွာ္လင့္မထားပဲ သင္တန္းေျပာင္းေရႊ႔ရတာေတြ၊ ကၽြန္ေတာ္တို႔လိုခ်င္တဲ့အရာေတြ မရခဲ့တာေတြလည္း ျဖစ္တတ္ၾကပါတယ္။ အမ်ားစုမွာ ယေန႔မွစ၍ ႏွစ္၂၀၊၃၀၊၄၀အထိေတာ့ အေရးမပါ၊ကိစၥမရွိပါ။ သင္သိထားတာအားလံုးက ေရတိုအတြက္ပဲဆိုရင္ ေရရွည္ကိုျမင္ဖို႔ ခဲယဥ္းပါတယ္။ ဒါေပမဲ့ အသက္အႏၱရာယ္မရွိရင္ ကိစၥမရွိပါ။ ေရွ႔ဆက္သြားပါေစ။

၁၀။ ဘယ္ဟာမွ အပိုင္မတြက္ထားပါနဲ႔။

မၾကာခဏဆိုသလို ကၽြန္ေတာ္တို႔မွာ ရွိေနတဲ့အရာေတြ မဆံုးရႈံးမခ်င္းမေလးစား၊ တန္ဖိုးမထားမိတတ္ၾကပါ။ ၄င္းတို႔မွာ က်န္းမာေရး၊ မိသားစုနဲ႔ မိတ္ေဆြအေပါင္းအသင္း၊ အလုပ္အကိုင္၊ ကၽြန္ေတာ္တို႔မွာရွိတဲ့ပိုက္ဆံတို႔ပါဝင္ၿပီး မနက္ျဖန္မွာလည္း သင္ရွိႏိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ေတြးေတာမိတတ္ပါတယ္။ သင္ငယ္ရြယ္စဥ္အခါမွာေတာ့ သင့္မိဘကအၿမဲတမ္းအတူရွိေနႏိုင္ပါတယ္။ ဒါေပမဲ့သူတို႔အၿမဲတမ္းမရွိႏိုင္ပါ။ သင့္မွာ ငယ္သူငယ္ခ်င္းေဟာင္းမိတ္ေဆြေတြနဲ႔ အဆက္အသြယ္လုပ္ဖို႔ (သို႔) မိတ္ေဆြသစ္ေတြနဲ႔အခ်ိန္ျဖဳန္းဖို႔ အခ်ိန္အမ်ားႀကီးရွိမယ္လို႔ ထင္ထားေပမဲ့ သင့္မွာအခ်ိန္မရွိခဲ့ပါ။ သင္သံုးဖို႔ေငြရွိမယ္(သို႔) ေနာက္လမွာ သင္ပိုက္ဆံရွိလိမ့္မယ္လို႔ ထင္ထားေပမဲ့ သင့္မွာရွိခ်င္မွရွိပါလိမ့္မယ္။ သင့္ဘဝမွာ ဘယ္အရာမွ သင္ခ်စ္တဲ့သူေတြအပါအဝင္ မနက္ျဖန္အတြက္ အာမမခံႏိုင္ပါ။

ဒီနည္းဟာ သင္ယူရမဲ့ ခက္ခဲတဲ့ဘဝသင္ခန္္းစာတစ္ခုျဖစ္တယ္။ သို႔ေသာ္ အဲဒါဟာအားလံုးထဲမွာ အေရးအႀကီးဆံုးျဖစ္ႏိုင္ပါတယ္။ ဘဝဟာ ခ်က္ခ်င္းေျပာင္းလဲႏိုင္ပါတယ္။ ဒါေၾကာင့္ သင္ပိုင္ဆိုင္ထားတာေတြ၊ လက္ရွိမွာရွိေနတဲ့အရာေတြကို တန္ဖိုးထားျမတ္ႏိုးပါ။

Reference- 10 Life Lessons People Should Learn Before They Turn 30 by BY ROYALE SCUDERI

Mon Pharmacy

—————-

အသက် ၃၀ မတိုင်ခင် သင်ယူသင့်တဲ့ ဘဝသင်ခန်းစာ ၁၀ ခု (unicode)

By Mon Pharmacy

ငယ်ရွယ်စဉ်အခါ တန်ဖိုးထားသင်ယူအသုံးချရမယ့် ဘဝသင်ခန်းစာအမြောက်အမြားရှိပါတယ်။ ပြီးခဲ့တဲ့အတိတ်ကအဖြစ်အပျက်များကို အတွေ့အကြုံယူပြီး အကျိုးရှိစွာ ပြန်လည်သုံးသပ်သင်ခန်းစာယူပါ။ စောလျင်စွာလေ့လာသင်ယူသင့်တဲ့ တချို့သောဘဝသင်ခန်းစာများကတော့

၁။ ပိုက်ဆံကသင့်ရဲ့ပြသ နာများကို ဘယ်သောအခါမှအမှန်တကယ်ဖြေရှင်းပေးနိုင်မှာမဟုတ်ပါ။

ပိုက်ဆံက သင်ရဲ့လိုအပ်ချက်များနဲ့ လိုချင်တပ်မက်ဖွယ်ကောင်းတဲ့ပစ္စည်းတချို့တွေကို ဝယ်န်ိုင်တဲ့ရောင်းကုန်တမျိုးဖြစ်ပါတယ်။ သို့သော် ပိုက်ဆံကသင့်ရဲ့ပြသနာကိစ္စရပ်တိုင်းကို အလုံးစုံကိုင်တွယ်ဖြေရှင်းမပေးနိုင်ပါ။ တချို့သောလူအများစုက အံ့ဩဖွယ်ရာအတိနဲ့ ပျော်ရွှင်သောဘဝမှာ နေထိုင်နိုင်ကြသလို တချို့များကြပြန်တော့ ချွတ်ခြုံဆင်းရဲစိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့ဘဝမှာ နေထိုင်ကြတဲ့လူအမြောက်အမြားလည်းရှိကြပါတယ်။ ပိုက်ဆံနဲ့ အိမ်လှလှ၊ အကောင်းစားကား၊ အမိုက်စားရှူးဖိနပ်၊ လုံခြုံစိတ်ချသက်တောင့်သက်သာရှိပြီး စည်းစိမ်အပြည့် ဇိမ်ခံပစ္စည်းများကို ဝယ်နိုင်ပါတယ်။ သို့သော် ငွေကအက်ကွဲနေတဲ့ဆက်ဆံရေးကို ပြန်လည်မတည်ဆောက်နိုင်သလို အထီးကျန်မှုကိုလည်း မကုစားနိုင်ပါ။ ပျော်ရွှင်ခြင်းကို တဒင်္ဂမျှသာ ဖြစ်ပေါ်စေပြီး ၎င်းမှာအမှန်တကယ်နဲ့စစ်မှန်သော အရာမျိုးမဟုတ်ပါ။ ပျော်ရွှင်မှုက ရောင်းရန်မဟုတ်ပါ။ အကယ်၍ သင်ဝယ်နိုင်ဖို့ ပို၍ကောင်းအောင်လုပ်ထားတယ်လို့ မျှော်လင့်နေမယ်ဆိုရင်သင်ဘယ်သောအခါမှမပျော်ရွှင်နိုင်ပါ။

၂။ ဖြေးဖြေးနဲ့ ပုံမှန်အတိုင်းဆက်လုပ်ပါ။

ငယ်ရွယ်စဉ်ခါ ကျွန်တော်တို့လုပ်ဆောင်ရမဲ့ မည်သည့်အရာကိုမဆို ချက်ချင်းလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့မကြာခဏခံစားနေရတဲ့ လူကြီးဆိုတဲ့ခရီးရှည်ကြီးကို စတင်ပါ။ အရာတိုင်းကို ဆုံးဖြတ်တတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဘဝကို စီမံကိန်းချပါ။ အရာရာတိုင်းကို အတွေ့အကြုံယူပါ။ ထိပ်ဆုံးရောက်အောင်လုပ်ပါ။ အချစ်စစ်ကိုရှာဖွေပါ။ ကျွန်တော်တို့ဘဝရည်ရွယ်ချက်ကို အဖြေရှာပြီးတာနဲ့တပြိုင်နက် ချက်ချင်းဆောင်ရွက်ပါ။ အလျင်စလိုမလုပ်ဘဲ ဖြေးဖြေးလုပ်ဆောင်ပါ။ သင့်ဘဝကို ဖွင့်ထားပေးပါ။ သင့်ရဲ့ရွေးချယ်မှုများကို ချိန်ဆဖို့ အချိန်ယူပြီး သင့်ကိုဘယ်နေရာထိခေါ်ဆောင်သွားမယ်ဆိုတာကို ခဏစောင့်ကြည့်ပါ။ စားချင်တဲ့အစာကိုစားပါ။ သင်လိုချင်တဲ့အရာများကို ကြိုးစားရှာဖွေဖို့ အချိန်ယူပါ။ တဘက်လူရဲ့စကားကို ဆုံးအောင်ပြောခွင့်ပေးပါ။ သင်ကိုယ်တိုင် ခဏတာနက်နက်နဲနဲစဉ်းစားချင့်ချိန်သုံးသပ်ဖို့ အချိန်ပေးပါ။ ရည်မှန်းချက်ပေါက်မြောက်အောင် လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ သင့်ရဲ့ပန်းတိုင်ဆီသို့ရောက်အောင် အလုပ်လုပ်ပါ။ အနာဂတ်အတွက် စီမံကိန်းချလုပ်ဆောင်ခြင်းဟာ လေးစားဂုဏ်ယူစရာကောင်းပြီး မကြာခဏအလွန်အသုံးဝင်ပါတယ်။ သို့သော် ဘယ်အရာကိုမဆို အမြန်နှုန်းနဲ့အလျင်စလိုလုပ်တာကျတော့ သင့်အနားကိုဖြတ်သွားတဲ့ သင့်ဘဝရဲ့အကောင်းဆုံးနည်းလမ်းကို သတိမေ့ချွတ်ချော်စေနိုင်သလို စိတ်ဖိစီးမှုများခြင်း၊ အလုပ်ဝန်ပိခြင်းကြောင့် စိတ်ပင်ပန်းကာ အသွားလက်မှတ်တခုတည်းနဲ့ ကောက်ကာငင်ကာခရီးသွားတာနဲ့ တူနေပါတယ်။

၃။ သင်က လူတိုင်းကိုမကျေနပ်နိုင်ပါ။

နာမည်ကျော်အမေရိကန်လူရွှင်တော်၊ မင်းသား၊ စာရေးဆရာအဖြစ်လူသိများတဲ့ Bill Cosbyက ကျွန်တော်က အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်ကို မသိပါဘူး။ ဒါပေမဲ့ လူတိုင်းကို စိတ်ကျေနပ်အောင် ကြိုးစားနေရခြင်းဟာ ဆုံးရှုံးခြင်းရဲ့လျို့ဝှက်ချက်ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ လူတိုင်းက သင့်ကိုသဘောတူထောက်ခံဖို့ ကြိုက်ဖို့ မလိုပါ။ လူ့သဘာဝက ပိုင်ဆိုင်ချင်တယ်၊ အချစ်ခံချင်တယ်၊ အလေးစားခံချင်တယ်၊ တန်ဖိုးထားခံချင်ကြတဲ့အတွက် သင့်ရဲ့ရိုးသားဖြောင့်မှန်ခြင်းနဲ့ ပျော်ရွှင်ခြင်းထိခိုက်မှာကို မစိုးရိမ်ဂရုမစိုက်ကြတော့ပါ။ တခြားသူတွေကလည်း သင်ရှာဖွေနေတဲ့အရာကို တိတိကျကျအဖြေပေးနိုင်မှာ မဟုတ်ပါ။ ဒါကအတွင်းစိတ်ကနေ ထွက်ပေါ်လာရပါမယ်။ ဒါကြောင့် ကိုယ့်အမြင်တွေကို ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားပါ။ သင့်စိတ်ကူးအကြံများကို ဘယ်သူ့ကြောင့်မှ မပြောင်းလဲဘဲ ယုံကြည်စွာစွဲမြဲရပ်တည်နေပါ။ လိုအပ်လျှင် မိမိကိုယ်ကို ယုံကြည်ရဲရင့်ပြတ်သားစွာ ခုခံရင်ဆိုင်ပါ။ သင့်ကိုလေးစားချင်လာအောင် လုပ်ပါ။ သင့်ရဲ့တန်ဖိုးကို လမ်းကြောင်းမလွဲမှားဘဲ စစ်မှန်စွာနေထိုင်ကျင့်ကြံပါ။

၄။ သင့်ကျန်းမာရေးဟာ သင့်အတွက်တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုအရာဖြစ်တယ်။

ကျန်းမာရေးဟာ အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ပါးဖြစ်တယ်။ အမြဲတမ်း အမြတ်တနိုးတန်ဖိုးထားရမယ်၊ ပြုစုယုယရမယ်၊ကာကွယ်စောင့်ရှောက်နေရမယ်။ ကျန်းမာရေးကောင်းနေစဉ်မှာတော့ အဖိုးထိုက်တန်တဲ့ ကျန်းမာရေးကို လူငယ်တွေ မကြာခဏ သတိမထား၊တန်ဖိုးမထားမိတတ်ပါ။ ဘာလို့လဲဆိုတော့ အခုအချိန်အခါမှာ ကောင်းနေတဲ့အတွက် ကျွန်တော်တို့ရဲ့ကျန်းမာရေးကို တရေးတယူအလေးထားဖို့ ပျက်ကွက်မိတတ်ပါတယ်။ ဒါကို စိုးရိမ်ဖို့မလိုအပ်ဘူး။ ဒါကြောင့် တကယ်ပဲ ဂရုတစိုက် အာရုံမစိုက်မိခဲ့ဘူး။ နှလုံးရောဂါ၊အရိုးပွ၊လေဖြတ်၊ကင်ဆာရောဂါများ အစရှိတဲ့ ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါများစွာရှိပါတယ်။ ဒါကြောင့် ယနေ့မှစ၍ မိမိကျန်းမာရေးကို ဂရုစိုက်ပါ။ ဒါမှမဟုတ်ရင် သင်နောက်မှ နောင်တရပါလိမ့်မယ်။

၅။ သင်လိုချင်တာအားလုံး သင်ဘယ်တော့မှ မရနိုင်ပါ။

စီမံကိန်းတွေချရင်း အလုပ်ရှုပ်နေတုန်းမှာ ဘဝဆိုတာ ဖြစ်ပေါ်လာပါတယ်။ သင်ဘယ်လိုပဲ သေသေချာချာဂရုတစိုက်စီမံကိန်းတွေချချ၊ ဘယ်လောက်ပဲ အလုပ်ကို ကြိုးကြိုးစားစားလုပ်လုပ်၊ တခါတရံမှာ သင်လိုချင်သလောက် ဖြစ်မလာလည်း ကိစ္စမရှိပါဘူး။ မျှော်လင့်ချက်တွေအားလုံး ကျွန်တော်တို့မှာရှိတယ်၊ ကျွန်တော်တို့ရဲ့ စံပြဘဝကို ဘယ်လိုစိတ်ကူးပုံဖော်မယ်ဆိုတာတွေ ကြိုတင်ဆုံးဖြတ်ထားရပါမယ်။ သို့သော် မကြာခဏဆိုသလို ကျွန်တော်တို့အဆုံးသတ်ဖြစ်စေချင်တဲ့ ဘဝရဲ့အစစ်အမှန်များ ဖြစ်မလာကြပါဘူး။ ရံဖန်ရံခါ ကျွန်တော်တို့ရဲ့စိတ်ကူးယဉ်အိပ်မက်ဟာ ကျရှုံးမယ်၊ တခါတရံမှာ ကျွန်တော်တို့စိတ်တွေ တဝက်တပျက်မှာ ပြောင်းလဲသွားနိုင်ပါတယ်။ တခါတလေလဲ လမ်းကြောင်းမှန်ရှာဖို့ လမ်းလွှဲဲပြီး လမ်းကြောင်းမှန်ရှာမတွေ့ခင်မှာ တချို့သောအရာများကို စမ်းသပ်ကြိုးစားကြည့်ရပါတယ်။

၆။ အဲဒါတွေအားလုံးက သင့်အကြောင်းမဟုတ်ပါ။

သင်ဟာစကြဝဠာရဲ့ ဗဟိုချက်မကြီးမဟုတ်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ဘဝမှာ ဘာတွေဖြစ်ပျက်နေမလဲဆိုတာကိုပဲ အမြဲတမ်းအာရုံစိုက်နေသောကြောင့် သင်ကိုယ်တိုင်မြင်ကွင်းအပြင်ဘက်ကနေပြီး ကမ္ဘာကြီးကိုရှုစားကြည့်ဖို့ အလွန်အင်မတန်ခက်ခဲပါတယ်။ ဒီနေ့ကျွန်တော်ဘာတွေလုပ်ရမလဲ။ ကျွန်တော့်အတွက်၊ ကျွန်တော့်အသက်မွေးဝမ်းကျောင်းအတွက်၊ ကျွန်တော့်ဘဝအတွက် ဒီဟာတွေက ဘာကိုဆိုလိုတာလဲ။ ကျွန်တော်ဘာလိုချင်တာလဲ။ ယေဘူယျအားဖြင့် သင့်ဘဝမှာ ဖြစ်ပျက်နေတဲ့အရာမှန်သမျှကို ပြင်းပြစွာသိရှိထားရပါမယ်။ သို့သော် သင့်အနားမှာဘာတွေဖြစ်ပျက်နေသလဲ၊ သင့်ကိုယ်ပိုင်ဘဝကို သင်လုပ်ဆောင်တဲ့အခါမှာ ဘယ်အရာတွေက ကမ္ဘာပေါ်ရှိတခြားလူတွေကို အကျိုးဆုတ်ယုတ်စေသလဲဆိုတာတွေကို အစဉ်တစိုက် သတိပြုနေဖို့တော့ လိုပါတယ်။ ဒီနည်းအားဖြင့် အခြေအနေပြဿ နာအရပ်ရပ်ကို ကျိုးကြောင်းလျော်ညီတဲ့နည်းလမ်းဖြင့် ကြံစည်တွေးတောဖြေရှင်းပေးဖို့ အထောက်အကူဖြစ်စေပါတယ်။

၇။ မသိတာက ရှက်စရာမဟုတ်ပါ။

လူတိုင်းက အားလုံးကို နားလည်အဖြေရှာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါ။ လူတိုင်းမှာ အဖြေအားလုံးမရှိနိုင်ပါ။ “ကျွန်တော်မသိပါဘူး”ဆိုတာကို ပြောဖို့မရှက်ပါနဲ့။ ပြည့်ဝချင်ယောင်ဆောင်နေခြင်းက သင့်ကို မပြည့်ဝစေပါ။ ကျွန်တော်တို့သိထားရမှာက တခါတရံ ကျွန်တော်တို့ရဲ့ကန့်သတ်ထိန်းချုပ်မှုနဲ့ မသေချာမရေရာမှုများကို ဝန်ခံရဲဖို့ လိုပါတယ်။ ကျွန်တော်တို့အရာအားလုံးကို မသိနိုင်ပါ။ အမှားများကို ပြုလုပ်မိမယ်၊ ရံဖန်ရံခါ ရောယှက်ထွေဖြားမိမယ်။ ဒါ့အပြင် ဘယ်သူမှ အရာအားလုံးကို ကျွမ်းကျင်စွာသင်ယူမတတ်မြောက်နိုင်ပါ။ ဘယ်အရာကိုမှ ကျွမ်းကျင်ပိုင်နိုင်စွာမသင်ယူဘဲ ဟိုစပ်စပ်ဒီစပ်စပ်အနည်းငယ်သင်ယူချင်တဲ့သူဟာ အရူးတပိုင်းနဲ့ တူပါတယ်။ ဒါကြောင့် လျစ်လျူ ရှုသင့်တာကိုရှုပါ။ သို့သော် လူပီသပြီး လက်လှမ်းမီသလောက် အနည်းငယ်တီးမိခေါက်မိသလောက်သိရှိဖို့တော့ လိုပါတယ်။

၈။ အချစ်က ခံစားမှုတခုထက်ပိုတယ်၊ ရွေးချယ်မှုတခုဖြစ်တယ်။

စစချင်းစိတ်လှုပ်ရှားပျော်ရွှင်မှု၊ စိတ်လှုပ်ရှား စိတ်ဝင်စားစရာဖြစ်စေတဲ့ အချစ်နဲ့ စိတ်ခံစားမှုတို့ ပေါက်ကွဲခြင်းဟာ ကြာရှည်မခံပါ။ သို့သော် ကြာရှည်ခံတဲ့အချစ်ဟာ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ အချစ်က စိတ်ခံစားမှုသာမက သင်နေ့စဉ်ပြုလုပ်တဲ့ ရွေးချယ်မှုတခုလည်း ဖြစ်တယ်။ စိတ်တိုဒေါသထွက်မှုကို ပြေပျောက်ဖို့၊ ခွင့်လွှတ်ဖို့ ၊ကြင်နာဖို့၊ ရိုသေလေးစားဖို့၊ ဖေးမကူညီဖို့နဲ့ သစ္စာရှိဖို့တို့ကို ကျွန်တော်တို့ရွေးချယ်ရပါတယ်။ ပတ်သက်ဆက်နွယ်မှုဟာ အလုပ်ပိုများစေတယ်။ တခါတရံမှာ လွယ်ကူအဆင်ပြေပြီး တခါတရံ မယုံနိုင်လောက်အောင် ခက်ခဲပါတယ်။ ဒါပေမဲ့ ပတ်သက်မှုမှာ ကျွန်တော်တို့ဘယ်လိုလုပ်ဆောင်မယ်၊ ထင်မြင်ယူဆမယ်၊ ပြောဆိုမယ်ဆိုတာကို ရွေးချယ်ဖို့ဟာ ကျွန်တော်တို့အပေါ်မှာ မူတည်နေပါတယ်။

၉။ အရာရာကိုစဉ်းစားချင့်ချိန်နိုင်ခြင်းဟာ လှပတဲ့ အရာတခုဖြစ်ပါတယ်။

ယေဘူယျအားဖြင့် ကျွန်တော်တို့ စိုးရိမ်တဲ့အခါ (သို့) စိတ်ပျက်အားငယ်တဲ့အခါမှာ ဆင်ခြင်တုံတရားဆုံးရှုံးတတ်ပါတယ်။ ကျွန်တော်တို့ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတိုင်းဟာ ကြီးကျယ်တယ်၊ အရေးပါတယ်လို့ထင်ရပါတယ်။ ဒါကြောင့် ထင်ရာစိုင်းလုပ်ချင်လုပ်မယ် (သို့) သေချင်လည်းသေမယ်။ သို့သော် ရုပ်ရှင်တွေထဲမှာ မကြာခဏဆိုသလိုအဆိုပါအခက်အခဲပြဿ နာတွေဟာ မဆိုသလောက်နည်းပါတယ် ။ လက်တွေ့မှာ ကျွန်တော်တို့ဖြစ်နေတဲ့ရန်ပွဲတွေ၊ ကျွန်တော်တို့မရခဲ့တဲ့အလုပ်တွေ၊ အမှန်တကယ်(သို့) စိတ်ကူးနဲ့စော်ကားမိတာတွေ၊ မျှော်လင့်မထားပဲ သင်တန်းပြောင်းရွှေ့ရတာတွေ၊ ကျွန်တော်တို့လိုချင်တဲ့အရာတွေ မရခဲ့တာတွေလည်း ဖြစ်တတ်ကြပါတယ်။ အများစုမှာ ယနေ့မှစ၍ နှစ်၂၀၊၃၀၊၄ဝအထိတော့ အရေးမပါ၊ကိစ္စမရှိပါ။ သင်သိထားတာအားလုံးက ရေတိုအတွက်ပဲဆိုရင် ရေရှည်ကိုမြင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ အသက်အန္တရာယ်မရှိရင် ကိစ္စမရှိပါ။ ရှေ့ဆက်သွားပါစေ။

၁၀။ ဘယ်ဟာမှ အပိုင်မတွက်ထားပါနဲ့။

မကြာခဏဆိုသလို ကျွန်တော်တို့မှာ ရှိနေတဲ့အရာတွေ မဆုံးရှုံးမချင်းမလေးစား၊ တန်ဖိုးမထားမိတတ်ကြပါ။ ၎င်းတို့မှာ ကျန်းမာရေး၊ မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်း၊ အလုပ်အကိုင်၊ ကျွန်တော်တို့မှာရှိတဲ့ပိုက်ဆံတို့ပါဝင်ပြီး မနက်ဖြန်မှာလည်း သင်ရှိနိုင်လိမ့်မယ်လို့ မျှော်လင့်တွေးတောမိတတ်ပါတယ်။ သင်ငယ်ရွယ်စဉ်အခါမှာတော့ သင့်မိဘကအမြဲတမ်းအတူရှိနေနိုင်ပါတယ်။ ဒါပေမဲ့သူတို့အမြဲတမ်းမရှိနိုင်ပါ။ သင့်မှာ ငယ်သူငယ်ချင်းဟောင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်လုပ်ဖို့ (သို့) မိတ်ဆွေသစ်တွေနဲ့အချိန်ဖြုန်းဖို့ အချိန်အများကြီးရှိမယ်လို့ ထင်ထားပေမဲ့ သင့်မှာအချိန်မရှိခဲ့ပါ။ သင်သုံးဖို့ငွေရှိမယ်(သို့) နောက်လမှာ သင်ပိုက်ဆံရှိလိမ့်မယ်လို့ ထင်ထားပေမဲ့ သင့်မှာရှိချင်မှရှိပါလိမ့်မယ်။ သင့်ဘဝမှာ ဘယ်အရာမှ သင်ချစ်တဲ့သူတွေအပါအဝင် မနက်ဖြန်အတွက် အာမမခံနိုင်ပါ။ ဒီနည်းဟာ သင်ယူရမဲ့ ခက်ခဲတဲ့ဘဝသင်ခန်းစာတစ်ခုဖြစ်တယ်။ သို့သော် အဲဒါဟာအားလုံးထဲမှာ အရေးအကြီးဆုံးဖြစ်နိုင်ပါတယ်။ ဘဝဟာ ချက်ချင်းပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် သင်ပိုင်ဆိုင်ထားတာတွေ၊ လက်ရှိမှာရှိနေတဲ့အရာတွေကို တန်ဖိုးထားမြတ်နိုးပါ။

Reference- 10 Life Lessons People Should Learn Before They Turn 30 by BY ROYALE SCUDERI

Mon Pharmacy

Leave a Reply