အခက္အခဲမ်ားကို ေ႐ွာင္ဖယ္မသြားဘဲ ရဲရဲရင့္ရင့္ ရင္ဆုိင္ခဲ့သူ (သုိ႔) ေဒါက္တာစင္သီယာေမာင္

Posted on

ေဒါက္တာ စင္သီယာေမာင္သည္ ျမန္မာႏိုင္ငံသား၊ ကရင္လူမ်ိဳးျဖစ္ၿပီး၊ ၁၉၈၉ ခုႏွစ္မွစ၍ မဲေဆာက္ၿမိဳ႕၊ ထိုင္းႏိုင္ငံတြင္ ေနထိုင္ခဲ့သည္။ ျမန္မာႏိုင္ငံမွ ၈၈၈၈ ေက်ာင္းသား အေရးေတာ္ပုံ ၿပီးခ်ိန္တြင္ ထြက္ခြာခဲ့ၿပီး၊ နယ္စပ္တြင္ ေဆးခန္းဖြင့္လွစ္ကာ ျမန္မာႏိုင္ငံမွ ဒုကၡသည္မ်ား၊ မိဘမဲ့ ကေလးမ်ား၊ ေ႐ႊ႕ေျပာင္းလာေရာက္ ေနထိုင္ၾကသူမ်ားကို မဲေဆာက္ၿမိဳ႕ရွိ မယ္ေတာ္ေဆးခန္းတြင္ ေဆးကုသေပးလ်က္ရွိသည္။ ထိုေဆးခန္းသည္ အေယာက္ ၁၀ဝ ခန္႔ရွိသည့္ အေရးေပၚ ေဆးကုသႏိုင္သည့္ ဆရာဝန္မ်ား ၊ ေက်ာင္းဆရာ၊ ဆရာမမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

သူမသည္ အေရွ႕ေတာင္အာရွ ေရမြန္ မာဂါေဆးေဆး (Southeast Asia’s Ramon Magsaysay Award) ဆုကို ၊ လူမႈကူညီေရးမ်ားအတြက္ ေခါင္းေဆာင္မႈ ျပဳလုပ္ႏိုင္သည့္ အတြက္ ခ်ီးျမႇင့္ခံခဲ့ရသည္။ ၂၀၀၃ ခုႏွစ္ တိုင္းမ္ မဂၢဇင္း၏ အာရွႏိုင္ငံ အာဇာနည္မ်ား အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည္။ သူမသည္ ႏိုင္ငံတကာမွ ဆုေပါင္း ၁၃ ခုတိုင္ေအာင္ ခ်ီးျမႇင့္ခံခဲ့ရသည္။ ၁၉၉၉ ခုႏွစ္တြင္ Jonathan Mann Award ကို ပထမဦးဆုံး လက္ခံရရွိေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး၊ ထိုဆုသည္ အေမရိကန္ျပည္ေထာင္စုႏွင့္ ဆြစ္ဇာလန္ႏိုင္ငံ ေဆးဝါး အဖြဲ႕အစည္းမ်ားမွ ပူးေပါင္း ခ်ီးျမႇင့္ေသာ ဆုျဖစ္သည္။

ငယ္စဥ္ဘ၀

ေဒါက္တာ စင္သီယာေမာင္ကို ၁၉၅၉ ၊ ဒီဇင္ဘာလ ၆ရက္ေန႔တြင္ မိခင္ နမ့္လွၾကည္ ႏွင့္ ဖခင္ မန္းၿငိမ္းေမာင္ တို႔မွ အင္းစိန္ေဆး႐ုံ တြင္ေမြးဖြားခဲ့သည္။ မိဘမ်ားသည္ ဧရာဝတီတိုင္း ပုသိမ္ခ႐ိုင္ က်ဳံေပ်ာ္ၿမိဳ႕ ဇာတိမ်ားျဖစ္သည္။ စင္သီယာေမာင္သည္ ေမြးခ်င္း ၇ ဦးအနက္ တတိယေျမာက္ သမီးျဖစ္သည္။ အမွန္တြင္ သားသမီး (၈) ေယာက္ရွိေသာ္လည္း၊ မိခင္ နမ့္လွၾကည္ ႏွင့္ ဖခင္ မန္းၿငိမ္းေမာင္ တို႔မွ ေမြးဖြားခဲ့သည့္ သားဦးေယာက္်ားေလးသည္ ေမြးၿပီးစအခ်ိန္တြင္ ခ်က္ႀကိဳးျဖတ္သည့္ ဝါးႏွီးစမွာ မသန္႔စင္ သျဖင့္ ပိုးဝင္ၿပီး ေသဆုံးခဲ့သည္။ ေမာင္ႏွမမ်ား၏ နာမည္မ်ားမွာ နန္႔လားရွာ၊ နန္႔ဖန္းဃွီ၊ စင္သီယာေမာင္၊ နန္႔ရွာထူးေဝၚ၊ စလုံ႔ေမ၊ ေဒါက္တာ ရွီး႐ႈိ၊ စေစးမံ တို႔ျဖစ္ၾကသည္။

သူမသည္ ေမာ္လၿမိဳင္ၿမိဳ႕ အထက(၄) တြင္ သူငယ္တန္း မွစ၍ ပညာသင္ယူခဲ့သည္။ ဖခင္သည္ ေက်းလက္က်န္းမာေရးမႉးျဖစ္သည့္ အတြက္ တာဝန္က်ရာ ေက်း႐ြာမ်ားတြင္ က်န္းမာေရးေစာင့္ေရွာက္ ကုသရန္ ခရီးထြက္ရသျဖင့္၊ သူ႕ကို မိခင္ျဖစ္သူကသာ အိမ္တြင္ ၾကည့္႐ႈေစာင့္ေရွာက္ခဲ့သည္။ သူမ၏ မိသားစုတြင္ အိမ္ပိုင္မရွိခဲ့သျဖင့္ မၾကာခဏ အိမ္ေျပာင္းေ႐ႊ႕ၾကရသည္။ ၇ တန္း၊ ၈ တန္း သို႔တက္ေရာက္ေနေသာ ကာလမ်ားတြင္ မဆလ အစိုးရမွ ျပည္သူပိုင္သိမ္းထားေသာ ေက်ာင္း ႏွင့္ သာသနာ ေျမေနရာမ်ား အစား လယ္ေျမမ်ား ျပန္လည္ခ်ေပးခဲ့သည့္အတြက္၊ မန္းၿငိမ္းေမာင္သည္ လယ္ေျမထဲတြင္ အိမ္ယာတစ္ေနရာစာ ရရွိခဲ့သည္။ သစ္တိုင္၊ ပ်ဥ္ခင္း၊ က်ဴထရံကာ၊ အင္ဖက္မိုးထားေသာ အိမ္ကေလးတြင္ အိပ္ခန္းႏွစ္ခန္း၊ ဧည့္ခန္း ႏွင့္ မီးဖိုခန္းရွိေသာ အိမ္တစ္လုံး ျဖစ္လာခဲ့သည္။

ပညာေရး

အထက္တန္းမ်ားေအာင္ျမင္ၿပီးေနာက္ပိုင္းတြင္ ေမာ္လၿမိဳင္ ေဒသေကာလိပ္ ၂ ႏွစ္တက္ေရာက္ခဲ့ၿပီး၊ ရန္ကုန္ေဆးတကၠသိုလ္ သို႔ တက္ေရာက္ခဲ့ခ်ိန္တြင္၊ နယ္မွ တက္ေရာက္ၾကေသာ အေဆာင္ေက်ာင္းသားအုပ္စုမ်ားႏွင့္ ေနထိုင္ခဲ့သည္။

၁၉၈ဝ ခုႏွစ္ ရန္ကုန္ေဆးတကၠသိုလ္သို႔ တက္ေရာက္ႏိုင္ျခင္းသည္၊ ေမာ္လၿမိဳင္ ေကာလိပ္ ၂ ႏွစ္ တက္ေရာက္ခဲ့သည့္ ရမွတ္ ႏွင့္ ဆယ္တန္း ရမွတ္ တို႔ ေပါင္းကာ ပ်မ္းမၽွသတ္မွတ္ခ်က္အရ ေဆးတကၠသိုလ္သို႔ ဝင္ေရာက္ခြင့္ရရွိခဲ့ျခင္းျဖစ္သည္။

ဆရာ၀န္ဘ၀

ေဆးေက်ာင္းအၿပီးတြင္ ေမာ္လၿမိဳင္ ေဆး႐ုံႀကီးတြင္ အလုပ္သင္ဆရာဝန္ အျဖစ္ သင္တန္းဆင္းခဲ့သည္။ အလုပ္သင္ဆရာဝန္ဘဝ အၿပီးတြင္ ဆရာဝန္တစ္ေယာက္ျဖစ္လာသည့္အခါတြင္ သူမသည္ အစိုးရဝန္ထမ္းလက္ေထာက္ဆရာဝန္ ေလၽွာက္ထားျခင္းမရွိဘဲ၊ ေဆြမ်ိဳးသားခ်င္းမ်ားရွိရာ ပုသိမ္ၿမိဳ႕သို႔ သြားေရာက္ခဲ့သည္။ ပုသိမ္ၿမိဳ႕တြင္ “ပတၱား” အမည္ႏွင့္ ပုဂၢလိက သားဖြားေဆးခန္းတစ္ခုကို အေဒၚဝမ္းကြဲမွ ဖြင့္လွစ္ထားသည္။ ထိုေဆးခန္းတြင္ တစ္ႏွစ္ခြဲတိုင္ေအာင္ ဆရာဝန္တစ္ေယာက္အျဖစ္ တာဝန္ယူေဆာင္႐ြက္ေပးခဲ့သည္။

ထိုအခ်ိန္တြင္ မဆလ အစိုးရ၏ ေငြစကၠဴတခ်ိဳ႕ကို တရားမဝင္ေၾကညာခဲ့မႈေၾကာင့္ ေက်ာင္းသား လႈပ္ရွားမႈေတြ တကၠသိုလ္ အသီးသီးတြင္ ျပဳလုပ္ခဲ့မႈေၾကာင့္၊ တိုင္းျပည္မၿငိမ္သက္မႈမ်ား ျဖစ္လာခဲ့သည္။ ထိုအခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေနထိုင္က်န္ရစ္ခဲ့သည့္ မိဘမ်ား၏ က်န္းမာေရးအေျခအေနမေကာင္းသျဖင့္ ကရင္ျပည္နယ္ (သို႔) မြန္ျပည္နယ္ တစ္ေနရာတြင္ ေဆးခန္းဖြင့္ရန္ ဆုံးျဖတ္ခဲ့သည္။ ၁၉၈၇ ခုႏွစ္တြင္ သူမသည္ေမာ္လၿမိဳင္ၿမိဳ႕သို႔ ျပန္ေရာက္ခဲ့ၿပီး၊ မိခင္ျဖစ္သူသည္ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ဆုံးပါးသြားခဲ့သည္။ မိခင္ကြယ္လြန္ၿပီးေနာက္တြင္ သူငယ္ခ်င္း၏ အကူအညီျဖင့္ အိႏၵဴေက်း႐ြာ တြင္ ကိုယ္ပိုင္ ေဆးခန္းေလးတစ္ခု ဖြင့္၍ သူမ၏ဘဝကို ရပ္တည္ခဲ့သည္။

အိႏၵဴေက်း႐ြာသည္ ႐ြာႀကီးတ႐ြာျဖစ္ၿပီး၊ လူဦးေရ ႏွစ္ေသာင္းဝန္းက်င္ ေနထိုင္ၾကေသာ ႐ြာတစ္ခုျဖစ္သည္။ ကရင္လူမ်ိဳးမ်ား၊ မြန္လူမ်ိဳးမ်ား၊ ပအို႔ဝ္ လူမ်ိဳးမ်ား ေနထိုင္ၾကၿပီး၊ ကရင္လူမ်ိဳးအမ်ားစုသည္ လယ္ယာ၊ မြန္လူမ်ိဳးမ်ားသည္ ထန္းတက္၊ ထန္းလ်က္ခ်က္၊ ေပါက္ေပါက္ဆုပ္လုပ္ျခင္း၊ ပအို႔ဝ္လူမ်ိဳးတို႔သည္ ရက္ကန္းရက္ၿပီး အသက္ေမြးမႈျပဳၾကသည္။ ႐ြာတြင္ ေဆး႐ုံတစ္႐ုံ ရွိၿပီး၊ သူနာျပဳဆရာမ တစ္ေယာက္ရွိ၍ ဆရာဝန္မရွိေပ။ ဆရာဝန္မရွိသည့္အတြက္ က်န္းမာေရး၊ ကာကြယ္ေရး၊ ကုသေရးမ်ား လုပ္ေဆာင္ႏိုင္ျခင္း မရွိခဲ့ေပ။ ေက်း႐ြာလူထုသည္ အျပင္ေဆးခန္းမ်ားကို အားကိုးေနထိုင္ခဲ့ၾကသည္။

၈၈၈၈ လူထု ဒီမိုကေရစီ အေရးေတာ္ပုံကာလ

၁၉၈၈ ခုႏွစ္တြင္ ျပည္သူ႕ဒီမိုကေရစီ အေရးေတာ္ပုံႀကီး ျဖစ္ေပၚလာခ်ိန္တြင္၊ အိႏၵဴေက်း႐ြာမွ ဘားအံ၊ ေမာ္လၿမိဳင္၊ ရန္ကုန္စသည့္ တကၠသိုလ္အသီးသီးတြင္ တက္ေရာက္ေနၾကသည့္ ေက်ာင္သူေက်ာင္းသားမ်ားသည္ ႐ြာသို႔ ျပန္လည္ေရာက္ရွိလာၾကၿပီး၊ ဒီမိုကေရစီေရး ေတာင္းဆို ခ်ီတက္ဆႏၵျပမႈမ်ား၊ သပိတ္စခန္းမ်ား ဖြင့္လွစ္ခဲ့သည္။ တကၠသိုလ္ေက်ာင္းသားဘဝမွ ဆရာဝန္ျဖစ္လာခဲ့တာ မၾကာလွေသးသည့္ ေဒါက္တာစင္သီယာေမာင္သည္ ႐ြာမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားႏွင့္ ေပါင္းကာ သပိတ္စခန္းဖြင့္ကာ ဒီမိုကေရစီေရးအတြက္ တက္တက္ႂကြႂကြပါဝင္လႈပ္ရွားခဲ့သည္။

စစ္တပ္သည္ လူထုဒီမိုကေရစီ အေရးေတာ္ပုံႀကီးကို လက္နက္ျဖင့္ ရက္ရက္စက္စက္ ပစ္ခတ္ႏွိမ္နင္းခဲ့ကာ၊ ၁၉၈၈ ခုႏွစ္ စက္တင္ဘာလ ၁၈ ရက္ေန႔တြင္ တိုင္းျပည္အာဏာကို သိမ္းယူခဲ့ၿပီး၊ စစ္အာဏာရွင္စနစ္ကို တည္ေထာင္ခဲ့သည္။ ဒီမိုကေရစီ တိုက္ပြဲကို ဆက္လက္ဆင္ႏႊဲၿပီး၊ စစ္အာဏာရွင္စံနစ္ကို ေခ်မႈန္းဖယ္ရွားခ်င္ၾကသည့္ ေက်ာင္းသားေက်ာင္းသူမ်ား ႏွင့္ လူငယ္မ်ားသည္၊ နယ္စပ္ေဒသ တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရး အင္အားစုမ်ားရွိရာသို႔ အစုလိုက္ အၿပဳံလိုက္ ထြက္ခြာခဲ့ခ်ိန္တြင္၊ ေဒါက္တာစင္သီယာေမာင္ တစ္ေယာက္လည္း လိုက္ပါသြားခဲ့သည္။

ေတာ္လွန္ေရး ခရီးအစ

ေဒါက္တာစင္သီယာေမာင္သည္ နယ္စပ္ေဒသခရီး လမ္းပန္းအေျခအေနႏွင့္ နယ္စပ္ေဒသ တိုင္းရင္းသား လက္နက္ကိုင္အင္အားစုမ်ား၏ အေျခအေနကို သိမထားခဲ့ေသာ္လည္း၊ ဆုံးျဖတ္ခ်က္အတိုင္း စက္တင္ဘာလ (၂၂) ရက္ နံနက္ (၄) နာရီတြင္ ေျခလ်င္ခရီးထြက္ဖို႔ စီစဥ္ခဲ့ၾကသည္။ အိႏၵဴ႐ြာမွ သူမႏွင့္အတူ လိုက္ပါမည့္ လူငယ္တေယာက္အိမ္တြင္ စက္တင္ဘာလ (၂၁) ရက္ေန႔ည (၉) နာရီေလာက္ ကတည္းက သြားအိပ္ခဲ့ၾကသည္။ အစီအစဥ္အတိုင္း ေနာက္တေန႔နံနက္ (၄) နာရီတြင္ အိႏၵဴ႐ြာမွေနၿပီးေျခလ်င္ခရီး စတင္ ထြက္ခြာခဲ့ၾကသည္။ သူမအပါအဝင္ တကၠသိုလ္ေက်ာင္းသား ႏွစ္ေယာက္ ဆယ္တန္းေက်ာင္းသား ႏွစ္ေယာက္ႏွင့္ အဖြဲ႕ ဝင္ (၁၄) ေယာက္ျဖစ္သည္။

သူမတို႔ (၁၄) ေယာက္သည္ အမ်ားအားျဖင့္ ညဘက္အခ်ိန္တြင္သာ ခရီးသြားခဲ့ၾကၿပီး၊ ေန႔ဘက္အခ်ိန္မ်ားတြင္ ဇရပ္၊ ဘုန္းႀကီးေက်ာင္း သို႔မဟုတ္ အိမ္တစ္အိမ္တြင္ အနားယူခဲ့ၾကကာ ခရီးဆက္ခဲ့ၾကသည္။ ညဘက္အခ်ိန္တြင္ ခရီးစမ္းတဝါးဝါးသြားခဲ့ရသည့္အတြက္ လမ္းတြင္ ျဖတ္ေက်ာ္ခဲ့သည့္ ေက်း႐ြာမ်ား၏ အမည္ကို မမွတ္မိခဲ့ေပ။ သူတို႔အဖြဲ႕သည္ ေကအန္ယူ တပ္မဟာ (၂) နယ္ေျမထဲမွာရွိသည့္ ‘သိကၡာရ’ (သိကၠာယ) ဆိုသည့္ ေက်း႐ြာသို႔ ေဘးမသီ ရန္မခပဲ ေရာက္ရွိသြားခဲ့ၾကသည္။ သိကၡာရ႐ြာသည္ နယ္စပ္ေဒသတြင္ ရွိသည့္ ႐ြာတစ္႐ြာျဖစ္သည္။ ထို႐ြာတြင္ သူမတို႔အားလုံးကို ေကအန္ယူ လူႀကီးတေယာက္၏ ေနအိမ္တြင္ ေနရာခ်ထားေပးခဲ့သည္။

တပတ္အေက်ာ္တြင္ သူတို႔အဖြဲ႕ကို သက္ဆိုင္ရာ တာဝန္ရွိသည့္ ေကအန္ယူ လူႀကီးမ်ားမွ ဘယ္စခန္း ကို ဆက္လက္သြားေရာက္လိုသလဲဟု ေမးျမန္းခဲ့သည္။ သူတို႔ အားလုံး စဥ္းစားၾကသည့္ အခါတြင္ (၁၄) ေယာက္မွ အမ်ားစုသည္ ဘားအံမွ လာၾကသည့္သူေတြျဖစ္သည့္အတိုင္း ဘားအံၿမိဳ႕မွ အသိမ်ားေနထိုင္ၾကသည့္ ‘ဝမ္ခ’ စခန္းသို႔ သြားဖို႔ ဆုံးျဖတ္ခဲ့ၾကသည္။ ေကအန္ယူမွ သူမ၏ အဖြဲ႕သြားေရာက္လိုသည့္ ဝမ္ခစခန္းကို လိုက္ပါပို႔ေဆာင္ေပးခဲ့သည္။ ဝမ္ခေရာက္သည့္အခ်ိန္တြင္ ေက်ာင္းသားတပ္မေတာ္ စတင္တည္ေထာင္ၿပီးခ်ိန္ ျဖစ္သည့္အတြက္ တခ်ိဳ႕သည္ ABSDF ႏွင့္ ပူးေပါင္းခဲ့ၿပီး၊ တခ်ိဳ႕မွာ ေကအန္ယူ ႏွင့္ ပူးေပါင္းခဲ့ၾကသည္။

ေဒါက္တာစင္သီယာေမာင္သည္ စထြက္ခဲ့စဥ္ကကတည္းက နယ္စပ္ေရာက္လၽွင္ ဘာဆက္လုပ္မည္ကို ျပင္ဆင္ထားခဲ့သူ မဟုတ္ေပ။ ထို႔ေၾကာင့္ မည္သည့္အဖြဲ႕အစည္းႏွင့္မၽွ ပူးေပါင္းျခင္း မရွိခဲ့ေပ။ သို႔ေသာ္ ေကအန္ယူမွ ေက်ာင္းသား အဖြဲ႕တာဝန္ခံတေယာက္ ႏွင့္ ဆက္သြယ္ေပးခဲ့သည္။ ေက်ာင္းသားတာဝန္ခံမွ သူမ၏ ဆရာဝန္ပညာရပ္အား ေက်ာင္းသားမ်ားအတြက္ အသုံးျပဳေပးရန္ ႏွင့္ ႏိုင္ငံျခား ဆက္ဆံေရး ကိစၥမ်ားတြင္ အကူအညီေပးရန္ ေတာင္းဆိုခဲ့သည္။ သူမသည္လည္း သေဘာတူ ကူညီေဆာင္႐ြက္ခဲ့ၿပီး ေဆးဝါးဘက္ပိုင္းတြင္ အနည္းအပါး ကူညီေဆာင္႐ြက္ခဲ့ရာမွ လုပ္ငန္းမ်ားႏွင့္ ထိေတြ႕ဆက္စပ္မႈမ်ား ရွိလာခဲ့သည္။ နယ္စပ္ေဒသ ေက်ာင္းသားစခန္းမ်ားအတြက္ ေဆးဝါးရိကၡာေထာက္ပံ့ဖို႔ ေဆာင္႐ြက္ရာတြင္ ထိုင္းႏိုင္ငံရွိ NGO အဖြဲ႕ေသးမ်ား ႏွင့္ ဆက္သြယ္မႈ ရရွိခဲ့သည္။

စင္သီယာေမာင္သည္ ေဆးဝါးရိကၡာရရွိေရးအတြက္သာ မဟုတ္ေတာ့ဘဲ ေက်ာင္းသားမ်ား နာဖ်ားမက်န္းရွိလာသည့္ အခါ ေက်ာင္းသားလူနာတခ်ိဳ႕ကို မဲေဆာက္ေဆး႐ုံသို႔ ပို႔ရမည့္အေျခအေနမ်ိဳး ႀကဳံေတြ႕ခဲ့ရသည္။ မဲေဆာက္ ေဆး႐ုံႏွင့္ အဆက္အသြယ္ ရေစရန္ ခရစ္ယာန္ဘုရားေက်ာင္းမ်ား၏ အကူအညီကို ရယူခဲ့ရသည္။ သို႔ေသာ္ ေက်ာင္းသားတပ္မ်ား ႏွင့္ စစ္အစိုးရတို႔၏ တပ္မ်ားသည္ တိုက္ပြဲျပင္းထန္စြာ မျဖစ္ေသးေသာ အခ်ိန္ျဖစ္သည့္အတြက္၊ ေက်ာင္းသားမ်ား ထိခိုက္ဒဏ္ရာ နည္းခဲ့သည္။ ထိုအခ်ိန္တြင္ စင္သီယာေမာင္သည္ သာမန္ထိခိုက္ဒဏ္ရာအနည္းအပါးရွိေသာ ေက်ာင္းသားမ်ားကိုသာ ကုသေပးခဲ့ရသည္။

“ဝမ္ခ” တိုက္ပြဲတြင္ အျပင္းအထန္တိုက္ခိုက္မႈမ်ားေၾကာင့္ ဒဏ္ရာရလာသည့္ လူနာမ်ားကို အေရးေပၚကုသရန္ ႏွင့္ ABSDF အဖြဲ႕ဝင္ျဖစ္ၾကသည့္ အသက္ငယ္႐ြယ္သည့္ ကေလးငယ္မ်ားကို တိုက္ပြဲမ်ားတြင္ ပါဝင္တိုက္ခိုက္မႈမျပဳရန္ စင္သီယာေမာင္မွ ေနရာေပးရန္ ရင္ဆိုင္ခဲ့ရသည္။

မယ္ေတာ္ေဆးခန္း၏ အစ

လိုအပ္လာသည့္အေျခအေနအရ ေဆးဝါးရရွိေရး၊ အေရးႀကီး လူနာမ်ားကို မဲေဆာက္ေဆး႐ုံႀကီးသို႔ အလြယ္တကူ လႊဲေျပာင္း ႏိုင္ေရးႏွင့္ ေက်ာင္းသားတပ္မ်ားမွာ ေဆးတပ္သားမ်ား လိုအပ္လာသည့္အတြက္ ေဆးသင္တန္းေပးရန္ မဲေဆာက္တြင္ မျဖစ္မေန ေဆးခန္းကေလးတခု ေျခကုပ္ရယူခဲ့သည္။ ၁၉၈၉ ခုႏွစ္ ေဖေဖာ္ဝါရီလ တြင္ လူအင္အား ၆ ေယာက္ႏွင့္ ေဆးခန္းစတင္တည္ေထာင္ခဲ့သည္။ ေဆး႐ုံေဆးခန္း ႀကီးတစ္ခုျဖစ္ေအာင္ တျဖည္းျဖည္းတိုးခ်ဲ႕ တည္ေထာင္ရန္ သူ႕တြင္ အစီအစဥ္မရွိခဲ့ေပ။

တရားဝင္ရထားသည့္ေနရာမဟုတ္သည့္အတြက္ မည္သူ႕ကိုမၽွ အသိေပးအေၾကာင္းၾကားခဲ့ျခင္းမရွိဘဲ ေဆးခန္းေလးကို စတင္ခဲ့ျခင္းျဖစ္သည္။ လူအင္အားနည္းေသာ္လည္း ကူညီပံ့ပိုးမႈမ်ားစြာ ရရွိခဲ့သည္။ ABSDF မွ ဆရာဝန္တခ်ိဳ႕သည္လည္း လူနာကုသေပးျခင္း၊ ေဆးသင္တန္းေပးျခင္းမ်ားတြင္ ပါဝင္ခဲ့ၾကသည္။ ေကာ့ကရိတ္၊ ဒူးပလာ၊ ဘားအံ စသည့္ ABSDF စခန္းေခါင္းေဆာင္မ်ား အေနႏွင့္ တပ္ဖြဲ႕ဝင္လူနာမ်ား လိုက္ပို႔ရင္း၊ လာၾကည့္ရင္း ႏွင့္ ကူညီပံ့ပိုးမႈမ်ားကို ရရွိခဲ့သည္။

စင္သီယာေမာင္ မည္သို႔ပင္ တိုးတိုးတိတ္တိတ္လုပ္ခဲ့ေသာ္လည္း ေဆးခန္းရွိေနသည္ဆိုသည္ကို တစထက္တစ သိရွိလာၾကသည္။ အထူးသျဖင့္ ထိုင္းႏိုင္ငံထဲတြင္ အလုပ္လာလုပ္ေနၾကသည့္ အလုပ္သမားမ်ား သိလာသည့္အခ်ိန္တြင္၊ စက္႐ုံအလုပ္႐ုံမ်ားတြင္ ထိခိုက္ဒဏ္ရာရလာသည့္လူနာမ်ိဳး၊ ငွက္ဖ်ားေရာဂါ ခံစား ေနရသည့္ လူနာမ်ိဳးေတြကိုပါ ကုသေပးႏိုင္ေရးအတြက္ တစ္ပါတ္ ႏွစ္ရက္ နံနက္ပိုင္းအခ်ိန္မ်ားတြင္ စတင္ကုသေပးခဲ့သည္။ ေနာက္ပိုင္းတြင္ အမ်ိဳးသမီးအလုပ္သမားမ်ားပါ ေရာက္လာသည့္အခ်ိန္တြင္ ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈ၊ သားဖြားမႈႏွင့္ ကေလးက်န္းမာေရး ေစာင့္ေရွာက္ကုသမႈမ်ားပါ လုပ္ေဆာင္ေပးခဲ့ရသည္။  ထိုမွတစ္ဆင့္ မ်က္စိကုဌာန၊ ကေလးအာဟာရႏွင့္ ကာကြယ္ေဆးထိုးေရး အစီအစဥ္မ်ား၊ မိသားစု စီမံကိန္းအႀကံေပးဌာနမ်ားဖြင့္လွစ္ထားခဲ့ၿပီး နယ္စပ္သို႔ေရာက္လာၾကေသာ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားအတြက္ပါ က်န္းမာေရးေစာင့္ေရွာက္မႈ မ်ားကို ေဆာင္႐ြက္ေပးခဲ့သည္။

ယင္းေဆးခန္းတြင္ အတြင္းလူနာ၊ အျပင္လူနာ တရက္လၽွင္ လူနာ ၃၀၀ ဝန္းက်င္ ကုသေပးေနရၿပီး မဲေဆာက္ၿမိဳ႕ရွိ ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား၏ ကေလးငယ္မ်ား အတြက္လည္း ေက်ာင္းဖြင့္လွစ္ကာ အခမဲ့ပညာ သင္ၾကားေပးထားသည္။

“ျမန္မာႏိုင္ငံမွာ ေတြ႔ေနက် အျဖစ္အပ်က္မ်ိဳးေတြက ဒီမွာ အၿမဲေတြ႔ေနရတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာ စီးပြားေရးအဆင္မေျပမႈေတြေၾကာင့္ ႐ိုက္ခတ္လာတဲ့ဒဏ္ေတြေပါ့။ ျမန္မာမိသားစုေတြမွာက မိသားစုျပႆနာတက္လာၿပီ၊ စီးပြားေရး အဆင္မေျပေတာ့ဘူးဆိုရင္ မိန္းကေလးကို ေက်ာင္းထုတ္ေတာ့တာပဲ။ အဲဒီ မိန္းကေလးက ေက်ာင္းထြက္ၿပီး သူ႔ထက္ငယ္သူေတြကို ျပန္ၿပီးရွာေကၽြးေပါ့။ ဒီေတာ့ သူတို႔လည္း သားေကာင္ဘဝကို က်ေရာက္ေတာ့တာပဲ” ဟု ေဒါက္တာစင္သီယာေမာင္က ဆုိသည္။

ရရွိခဲ့ေသာဆုမ်ား

ေဒါက္တာ စင္သီယာေမာင္သည္ ႏိုင္ငံတကာက ခ်ီးျမႇင့္သည့္ ဆုေပါင္း ၂၀ ေက်ာ္ ရရွိထားၿပီး ၁၉၉၉ ခု ႏွစ္တြင္ ဂ်ိဳနသန္မန္းဆု၊ ၂၀၀၂ ခုႏွစ္တြင္ ေရမြန္မက္ေဆးေဆးဆု၊ ၂၀၁၃ ခုႏွစ္တြင္ ဆစ္ဒနီ ၿငိမ္းခ်မ္းေရးဆု၊ ၂၀၁၅ ခုႏွစ္တြင္ the South Korean POSCO TJ Park Prize ၊ ၂၀၁၆ ခုႏွစ္အတြက္ လူသားခ်င္း စာနာေထာက္ထားမႈ သူရဲေကာင္းဆု၊ ၂၀၁၇ ခုႏွစ္ အတြက္ Denton and Janice Lotz လူ႕အခြင့္အေရးဆု ၊ ၂၀၀၃ ခုႏွစ္တြင္ တိုင္းမ္မဂၢဇင္း၏ အာရွသူရဲေကာင္းမ်ားထဲမွ တဦးအျဖစ္ ေဖာ္ျပျခင္းခံခဲ့ရသည္။

အျခားဆုမ်ား

၂၀၀၈ Catalonia International Prize along with Daw Aung San Suu Kyi
၂၀၀၇ Asia Democracy and Human Rights Award (Taiwan Foundation for Democracy)
၂၀၀၇ World’s Children’s Prize for the Rights of the Child Honorary Award (Children’s World Association, Sweden)
၂၀၀၅ 1,000 Women Nobel Peace Prize Nomination (Global)

၂၀၀၅ Unsung Heroes of Compassion Award (The Dalai Lama and Wisdom in Action, USA)
၂၀၀၅ The Eighth Global Concern for Human Life Award (Chou-Ta Kuan Foundation, Taiwan)
၂၀၀၅ Included in Time Magazine’s November Article on 18 Global Health Heroes

၂၀၀၂ Ramon Magsaysay Award for Community Leadership (Philippines)
၂၀၀၁ Foundation for Human Rights in Asia Special Award (Japan)
၂၀၀၁ Van Hueven Goedhart Award (Netherlands)

၁၉၉၉ Jonathan Mann Health and Human Rights Award (USA)
၁၉၉၉ American Women’s Medical Association President’s Award (USA)
၁၉၉၉ John Humphries Freedom Award (Canada)

Irrawaddy Burmese
The Voice Myanmar
MaeTao Clinic
Myanmar Wikipedia

———————

အခက်အခဲများကို ရှောင်ဖယ်မသွားဘဲ ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့သူ (သို့) ဒေါက်တာစင်သီယာမောင် (unicodee)

ဒေါက်တာ စင်သီယာမောင်သည် မြန်မာနိုင်ငံသား၊ ကရင်လူမျိုးဖြစ်ပြီး၊ ၁၉၈၉ ခုနှစ်မှစ၍ မဲဆောက်မြို့၊ ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့သည်။ မြန်မာနိုင်ငံမှ ၈၈၈၈ ကျောင်းသား အရေးတော်ပုံ ပြီးချိန်တွင် ထွက်ခွာခဲ့ပြီး၊ နယ်စပ်တွင် ဆေးခန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ ကလေးများ၊ ရွှေ့ပြောင်းလာရောက် နေထိုင်ကြသူများကို မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ဆေးကုသပေးလျက်ရှိသည်။ ထိုဆေးခန်းသည် အယောက် ၁ဝဝ ခန့်ရှိသည့် အရေးပေါ် ဆေးကုသနိုင်သည့် ဆရာဝန်များ ၊ ကျောင်းဆရာ၊ ဆရာမများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သူမသည် အရှေ့တောင်အာရှ ရေမွန် မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award) ဆုကို ၊ လူမှုကူညီရေးများအတွက် ခေါင်းဆောင်မှု ပြုလုပ်နိုင်သည့် အတွက် ချီးမြှင့်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တိုင်းမ် မဂ္ဂဇင်း၏ အာရှနိုင်ငံ အာဇာနည်များ အဖြစ် ရွေးချယ်ခံခဲ့ရသည်။ သူမသည် နိုင်ငံတကာမှ ဆုပေါင်း ၁၃ ခုတိုင်အောင် ချီးမြှင့်ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် Jonathan Mann Award ကို ပထမဦးဆုံး လက်ခံရရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ထိုဆုသည် အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံ ဆေးဝါး အဖွဲ့အစည်းများမှ ပူးပေါင်း ချီးမြှင့်သော ဆုဖြစ်သည်။

ငယ်စဉ်ဘ၀

ဒေါက်တာ စင်သီယာမောင်ကို ၁၉၅၉ ၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ အင်းစိန်ဆေးရုံ တွင်မွေးဖွားခဲ့သည်။ မိဘများသည် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့ ဇာတိများဖြစ်သည်။ စင်သီယာမောင်သည် မွေးချင်း ၇ ဦးအနက် တတိယမြောက် သမီးဖြစ်သည်။ အမှန်တွင် သားသမီး (၈) ယောက်ရှိသော်လည်း၊ မိခင် နမ့်လှကြည် နှင့် ဖခင် မန်းငြိမ်းမောင် တို့မှ မွေးဖွားခဲ့သည့် သားဦးယောက်ျားလေးသည် မွေးပြီးစအချိန်တွင် ချက်ကြိုးဖြတ်သည့် ဝါးနှီးစမှာ မသန့်စင် သဖြင့် ပိုးဝင်ပြီး သေဆုံးခဲ့သည်။ မောင်နှမများ၏ နာမည်များမှာ နန့်လားရှာ၊ နန့်ဖန်းဃှီ၊ စင်သီယာမောင်၊ နန့်ရှာထူးဝေါ်၊ စလုံ့မေ၊ ဒေါက်တာ ရှီးရှို၊ စစေးမံ တို့ဖြစ်ကြသည်။

သူမသည် မော်လမြိုင်မြို့ အထက(၄) တွင် သူငယ်တန်း မှစ၍ ပညာသင်ယူခဲ့သည်။ ဖခင်သည် ကျေးလက်ကျန်းမာရေးမှူးဖြစ်သည့် အတွက် တာဝန်ကျရာ ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက် ကုသရန် ခရီးထွက်ရသဖြင့်၊ သူ့ကို မိခင်ဖြစ်သူကသာ အိမ်တွင် ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ သူမ၏ မိသားစုတွင် အိမ်ပိုင်မရှိခဲ့သဖြင့် မကြာခဏ အိမ်ပြောင်းရွှေ့ကြရသည်။ ၇ တန်း၊ ၈ တန်း သို့တက်ရောက်နေသော ကာလများတွင် မဆလ အစိုးရမှ ပြည်သူပိုင်သိမ်းထားသော ကျောင်း နှင့် သာသနာ မြေနေရာများ အစား လယ်မြေများ ပြန်လည်ချပေးခဲ့သည့်အတွက်၊ မန်းငြိမ်းမောင်သည် လယ်မြေထဲတွင် အိမ်ယာတစ်နေရာစာ ရရှိခဲ့သည်။ သစ်တိုင်၊ ပျဉ်ခင်း၊ ကျူထရံကာ၊ အင်ဖက်မိုးထားသော အိမ်ကလေးတွင် အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း နှင့် မီးဖိုခန်းရှိသော အိမ်တစ်လုံး ဖြစ်လာခဲ့သည်။

ပညာရေး

အထက်တန်းများအောင်မြင်ပြီးနောက်ပိုင်းတွင် မော်လမြိုင် ဒေသကောလိပ် ၂ နှစ်တက်ရောက်ခဲ့ပြီး၊ ရန်ကုန်ဆေးတက္ကသိုလ် သို့ တက်ရောက်ခဲ့ချိန်တွင်၊ နယ်မှ တက်ရောက်ကြသော အဆောင်ကျောင်းသားအုပ်စုများနှင့် နေထိုင်ခဲ့သည်။

၁၉၈ဝ ခုနှစ် ရန်ကုန်ဆေးတက္ကသိုလ်သို့ တက်ရောက်နိုင်ခြင်းသည်၊ မော်လမြိုင် ကောလိပ် ၂ နှစ် တက်ရောက်ခဲ့သည့် ရမှတ် နှင့် ဆယ်တန်း ရမှတ် တို့ ပေါင်းကာ ပျမ်းမျှသတ်မှတ်ချက်အရ ဆေးတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဆရာဝန်ဘ၀

ဆေးကျောင်းအပြီးတွင် မော်လမြိုင် ဆေးရုံကြီးတွင် အလုပ်သင်ဆရာဝန် အဖြစ် သင်တန်းဆင်းခဲ့သည်။ အလုပ်သင်ဆရာဝန်ဘဝ အပြီးတွင် ဆရာဝန်တစ်ယောက်ဖြစ်လာသည့်အခါတွင် သူမသည် အစိုးရဝန်ထမ်းလက်ထောက်ဆရာဝန် လျှောက်ထားခြင်းမရှိဘဲ၊ ဆွေမျိုးသားချင်းများရှိရာ ပုသိမ်မြို့သို့ သွားရောက်ခဲ့သည်။ ပုသိမ်မြို့တွင် “ပတ္တား” အမည်နှင့် ပုဂ္ဂလိက သားဖွားဆေးခန်းတစ်ခုကို အဒေါ်ဝမ်းကွဲမှ ဖွင့်လှစ်ထားသည်။ ထိုဆေးခန်းတွင် တစ်နှစ်ခွဲတိုင်အောင် ဆရာဝန်တစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

ထိုအချိန်တွင် မဆလ အစိုးရ၏ ငွေစက္ကူတချို့ကို တရားမဝင်ကြေညာခဲ့မှုကြောင့် ကျောင်းသား လှုပ်ရှားမှုတွေ တက္ကသိုလ် အသီးသီးတွင် ပြုလုပ်ခဲ့မှုကြောင့်၊ တိုင်းပြည်မငြိမ်သက်မှုများ ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် မော်လမြိုင်မြို့တွင် နေထိုင်ကျန်ရစ်ခဲ့သည့် မိဘများ၏ ကျန်းမာရေးအခြေအနေမကောင်းသဖြင့် ကရင်ပြည်နယ် (သို့) မွန်ပြည်နယ် တစ်နေရာတွင် ဆေးခန်းဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် သူမသည်မော်လမြိုင်မြို့သို့ ပြန်ရောက်ခဲ့ပြီး၊ မိခင်ဖြစ်သူသည် မော်လမြိုင်မြို့တွင် ဆုံးပါးသွားခဲ့သည်။ မိခင်ကွယ်လွန်ပြီးနောက်တွင် သူငယ်ချင်း၏ အကူအညီဖြင့် အိန္ဒူကျေးရွာ တွင် ကိုယ်ပိုင် ဆေးခန်းလေးတစ်ခု ဖွင့်၍ သူမ၏ဘဝကို ရပ်တည်ခဲ့သည်။

အိန္ဒူကျေးရွာသည် ရွာကြီးတရွာဖြစ်ပြီး၊ လူဦးရေ နှစ်သောင်းဝန်းကျင် နေထိုင်ကြသော ရွာတစ်ခုဖြစ်သည်။ ကရင်လူမျိုးများ၊ မွန်လူမျိုးများ၊ ပအို့ဝ် လူမျိုးများ နေထိုင်ကြပြီး၊ ကရင်လူမျိုးအများစုသည် လယ်ယာ၊ မွန်လူမျိုးများသည် ထန်းတက်၊ ထန်းလျက်ချက်၊ ပေါက်ပေါက်ဆုပ်လုပ်ခြင်း၊ ပအို့ဝ်လူမျိုးတို့သည် ရက်ကန်းရက်ပြီး အသက်မွေးမှုပြုကြသည်။ ရွာတွင် ဆေးရုံတစ်ရုံ ရှိပြီး၊ သူနာပြုဆရာမ တစ်ယောက်ရှိ၍ ဆရာဝန်မရှိပေ။ ဆရာဝန်မရှိသည့်အတွက် ကျန်းမာရေး၊ ကာကွယ်ရေး၊ ကုသရေးများ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ ကျေးရွာလူထုသည် အပြင်ဆေးခန်းများကို အားကိုးနေထိုင်ခဲ့ကြသည်။

၈၈၈၈ လူထု ဒီမိုကရေစီ အရေးတော်ပုံကာလ

၁၉၈၈ ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပေါ်လာချိန်တွင်၊ အိန္ဒူကျေးရွာမှ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်စသည့် တက္ကသိုလ်အသီးသီးတွင် တက်ရောက်နေကြသည့် ကျောင်သူကျောင်းသားများသည် ရွာသို့ ပြန်လည်ရောက်ရှိလာကြပြီး၊ ဒီမိုကရေစီရေး တောင်းဆို ချီတက်ဆန္ဒပြမှုများ၊ သပိတ်စခန်းများ ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်ကျောင်းသားဘဝမှ ဆရာဝန်ဖြစ်လာခဲ့တာ မကြာလှသေးသည့် ဒေါက်တာစင်သီယာမောင်သည် ရွာမှ ကျောင်းသူ၊ ကျောင်းသားများနှင့် ပေါင်းကာ သပိတ်စခန်းဖွင့်ကာ ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။

စစ်တပ်သည် လူထုဒီမိုကရေစီ အရေးတော်ပုံကြီးကို လက်နက်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့ကာ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ကို တည်ထောင်ခဲ့သည်။ ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက်ဆင်နွှဲပြီး၊ စစ်အာဏာရှင်စံနစ်ကို ချေမှုန်းဖယ်ရှားချင်ကြသည့် ကျောင်းသားကျောင်းသူများ နှင့် လူငယ်များသည်၊ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများရှိရာသို့ အစုလိုက် အပြုံလိုက် ထွက်ခွာခဲ့ချိန်တွင်၊ ဒေါက်တာစင်သီယာမောင် တစ်ယောက်လည်း လိုက်ပါသွားခဲ့သည်။

တော်လှန်ရေး ခရီးအစ

ဒေါက်တာစင်သီယာမောင်သည် နယ်စပ်ဒေသခရီး လမ်းပန်းအခြေအနေနှင့် နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၏ အခြေအနေကို သိမထားခဲ့သော်လည်း၊ ဆုံးဖြတ်ချက်အတိုင်း စက်တင်ဘာလ (၂၂) ရက် နံနက် (၄) နာရီတွင် ခြေလျင်ခရီးထွက်ဖို့ စီစဉ်ခဲ့ကြသည်။ အိန္ဒူရွာမှ သူမနှင့်အတူ လိုက်ပါမည့် လူငယ်တယောက်အိမ်တွင် စက်တင်ဘာလ (၂၁) ရက်နေ့ည (၉) နာရီလောက် ကတည်းက သွားအိပ်ခဲ့ကြသည်။ အစီအစဉ်အတိုင်း နောက်တနေ့နံနက် (၄) နာရီတွင် အိန္ဒူရွာမှနေပြီးခြေလျင်ခရီး စတင် ထွက်ခွာခဲ့ကြသည်။ သူမအပါအဝင် တက္ကသိုလ်ကျောင်းသား နှစ်ယောက် ဆယ်တန်းကျောင်းသား နှစ်ယောက်နှင့် အဖွဲ့ ဝင် (၁၄) ယောက်ဖြစ်သည်။

သူမတို့ (၁၄) ယောက်သည် အများအားဖြင့် ညဘက်အချိန်တွင်သာ ခရီးသွားခဲ့ကြပြီး၊ နေ့ဘက်အချိန်များတွင် ဇရပ်၊ ဘုန်းကြီးကျောင်း သို့မဟုတ် အိမ်တစ်အိမ်တွင် အနားယူခဲ့ကြကာ ခရီးဆက်ခဲ့ကြသည်။ ညဘက်အချိန်တွင် ခရီးစမ်းတဝါးဝါးသွားခဲ့ရသည့်အတွက် လမ်းတွင် ဖြတ်ကျော်ခဲ့သည့် ကျေးရွာများ၏ အမည်ကို မမှတ်မိခဲ့ပေ။ သူတို့အဖွဲ့သည် ကေအန်ယူ တပ်မဟာ (၂) နယ်မြေထဲမှာရှိသည့် ‘သိက္ခာရ’ (သိက္ကာယ) ဆိုသည့် ကျေးရွာသို့ ဘေးမသီ ရန်မခပဲ ရောက်ရှိသွားခဲ့ကြသည်။ သိက္ခာရရွာသည် နယ်စပ်ဒေသတွင် ရှိသည့် ရွာတစ်ရွာဖြစ်သည်။ ထိုရွာတွင် သူမတို့အားလုံးကို ကေအန်ယူ လူကြီးတယောက်၏ နေအိမ်တွင် နေရာချထားပေးခဲ့သည်။

တပတ်အကျော်တွင် သူတို့အဖွဲ့ကို သက်ဆိုင်ရာ တာဝန်ရှိသည့် ကေအန်ယူ လူကြီးများမှ ဘယ်စခန်း ကို ဆက်လက်သွားရောက်လိုသလဲဟု မေးမြန်းခဲ့သည်။ သူတို့ အားလုံး စဉ်းစားကြသည့် အခါတွင် (၁၄) ယောက်မှ အများစုသည် ဘားအံမှ လာကြသည့်သူတွေဖြစ်သည့်အတိုင်း ဘားအံမြို့မှ အသိများနေထိုင်ကြသည့် ‘ဝမ်ခ’ စခန်းသို့ သွားဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကေအန်ယူမှ သူမ၏ အဖွဲ့သွားရောက်လိုသည့် ဝမ်ခစခန်းကို လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ဝမ်ခရောက်သည့်အချိန်တွင် ကျောင်းသားတပ်မတော် စတင်တည်ထောင်ပြီးချိန် ဖြစ်သည့်အတွက် တချို့သည် ABSDF နှင့် ပူးပေါင်းခဲ့ပြီး၊ တချို့မှာ ကေအန်ယူ နှင့် ပူးပေါင်းခဲ့ကြသည်။

ဒေါက်တာစင်သီယာမောင်သည် စထွက်ခဲ့စဉ်ကကတည်းက နယ်စပ်ရောက်လျှင် ဘာဆက်လုပ်မည်ကို ပြင်ဆင်ထားခဲ့သူ မဟုတ်ပေ။ ထို့ကြောင့် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပူးပေါင်းခြင်း မရှိခဲ့ပေ။ သို့သော် ကေအန်ယူမှ ကျောင်းသား အဖွဲ့တာဝန်ခံတယောက် နှင့် ဆက်သွယ်ပေးခဲ့သည်။ ကျောင်းသားတာဝန်ခံမှ သူမ၏ ဆရာဝန်ပညာရပ်အား ကျောင်းသားများအတွက် အသုံးပြုပေးရန် နှင့် နိုင်ငံခြား ဆက်ဆံရေး ကိစ္စများတွင် အကူအညီပေးရန် တောင်းဆိုခဲ့သည်။ သူမသည်လည်း သဘောတူ ကူညီဆောင်ရွက်ခဲ့ပြီး ဆေးဝါးဘက်ပိုင်းတွင် အနည်းအပါး ကူညီဆောင်ရွက်ခဲ့ရာမှ လုပ်ငန်းများနှင့် ထိတွေ့ဆက်စပ်မှုများ ရှိလာခဲ့သည်။ နယ်စပ်ဒေသ ကျောင်းသားစခန်းများအတွက် ဆေးဝါးရိက္ခာထောက်ပံ့ဖို့ ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံရှိ NGO အဖွဲ့သေးများ နှင့် ဆက်သွယ်မှု ရရှိခဲ့သည်။

စင်သီယာမောင်သည် ဆေးဝါးရိက္ခာရရှိရေးအတွက်သာ မဟုတ်တော့ဘဲ ကျောင်းသားများ နာဖျားမကျန်းရှိလာသည့် အခါ ကျောင်းသားလူနာတချို့ကို မဲဆောက်ဆေးရုံသို့ ပို့ရမည့်အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်။ မဲဆောက် ဆေးရုံနှင့် အဆက်အသွယ် ရစေရန် ခရစ်ယာန်ဘုရားကျောင်းများ၏ အကူအညီကို ရယူခဲ့ရသည်။ သို့သော် ကျောင်းသားတပ်များ နှင့် စစ်အစိုးရတို့၏ တပ်များသည် တိုက်ပွဲပြင်းထန်စွာ မဖြစ်သေးသော အချိန်ဖြစ်သည့်အတွက်၊ ကျောင်းသားများ ထိခိုက်ဒဏ်ရာ နည်းခဲ့သည်။ ထိုအချိန်တွင် စင်သီယာမောင်သည် သာမန်ထိခိုက်ဒဏ်ရာအနည်းအပါးရှိသော ကျောင်းသားများကိုသာ ကုသပေးခဲ့ရသည်။

“ဝမ်ခ” တိုက်ပွဲတွင် အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရလာသည့် လူနာများကို အရေးပေါ်ကုသရန် နှင့် ABSDF အဖွဲ့ဝင်ဖြစ်ကြသည့် အသက်ငယ်ရွယ်သည့် ကလေးငယ်များကို တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်မှုမပြုရန် စင်သီယာမောင်မှ နေရာပေးရန် ရင်ဆိုင်ခဲ့ရသည်။

မယ်တော်ဆေးခန်း၏ အစ

လိုအပ်လာသည့်အခြေအနေအရ ဆေးဝါးရရှိရေး၊ အရေးကြီး လူနာများကို မဲဆောက်ဆေးရုံကြီးသို့ အလွယ်တကူ လွှဲပြောင်း နိုင်ရေးနှင့် ကျောင်းသားတပ်များမှာ ဆေးတပ်သားများ လိုအပ်လာသည့်အတွက် ဆေးသင်တန်းပေးရန် မဲဆောက်တွင် မဖြစ်မနေ ဆေးခန်းကလေးတခု ခြေကုပ်ရယူခဲ့သည်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူအင်အား ၆ ယောက်နှင့် ဆေးခန်းစတင်တည်ထောင်ခဲ့သည်။ ဆေးရုံဆေးခန်း ကြီးတစ်ခုဖြစ်အောင် တဖြည်းဖြည်းတိုးချဲ့ တည်ထောင်ရန် သူ့တွင် အစီအစဉ်မရှိခဲ့ပေ။

တရားဝင်ရထားသည့်နေရာမဟုတ်သည့်အတွက် မည်သူ့ကိုမျှ အသိပေးအကြောင်းကြားခဲ့ခြင်းမရှိဘဲ ဆေးခန်းလေးကို စတင်ခဲ့ခြင်းဖြစ်သည်။ လူအင်အားနည်းသော်လည်း ကူညီပံ့ပိုးမှုများစွာ ရရှိခဲ့သည်။ ABSDF မှ ဆရာဝန်တချို့သည်လည်း လူနာကုသပေးခြင်း၊ ဆေးသင်တန်းပေးခြင်းများတွင် ပါဝင်ခဲ့ကြသည်။ ကော့ကရိတ်၊ ဒူးပလာ၊ ဘားအံ စသည့် ABSDF စခန်းခေါင်းဆောင်များ အနေနှင့် တပ်ဖွဲ့ဝင်လူနာများ လိုက်ပို့ရင်း၊ လာကြည့်ရင်း နှင့် ကူညီပံ့ပိုးမှုများကို ရရှိခဲ့သည်။

စင်သီယာမောင် မည်သို့ပင် တိုးတိုးတိတ်တိတ်လုပ်ခဲ့သော်လည်း ဆေးခန်းရှိနေသည်ဆိုသည်ကို တစထက်တစ သိရှိလာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံထဲတွင် အလုပ်လာလုပ်နေကြသည့် အလုပ်သမားများ သိလာသည့်အချိန်တွင်၊ စက်ရုံအလုပ်ရုံများတွင် ထိခိုက်ဒဏ်ရာရလာသည့်လူနာမျိုး၊ ငှက်ဖျားရောဂါ ခံစား နေရသည့် လူနာမျိုးတွေကိုပါ ကုသပေးနိုင်ရေးအတွက် တစ်ပါတ် နှစ်ရက် နံနက်ပိုင်းအချိန်များတွင် စတင်ကုသပေးခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးအလုပ်သမားများပါ ရောက်လာသည့်အချိန်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ သားဖွားမှုနှင့် ကလေးကျန်းမာရေး စောင့်ရှောက်ကုသမှုများပါ လုပ်ဆောင်ပေးခဲ့ရသည်။  ထိုမှတစ်ဆင့် မျက်စိကုဌာန၊ ကလေးအာဟာရနှင့် ကာကွယ်ဆေးထိုးရေး အစီအစဉ်များ၊ မိသားစု စီမံကိန်းအကြံပေးဌာနများဖွင့်လှစ်ထားခဲ့ပြီး နယ်စပ်သို့ရောက်လာကြသော ရွှေ့ပြောင်းလုပ်သားများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု များကို ဆောင်ရွက်ပေးခဲ့သည်။

ယင်းဆေးခန်းတွင် အတွင်းလူနာ၊ အပြင်လူနာ တရက်လျှင် လူနာ ၃၀၀ ဝန်းကျင် ကုသပေးနေရပြီး မဲဆောက်မြို့ရှိ ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ်များ အတွက်လည်း ကျောင်းဖွင့်လှစ်ကာ အခမဲ့ပညာ သင်ကြားပေးထားသည်။

“မြန်မာနိုင်ငံမှာ တွေ့နေကျ အဖြစ်အပျက်မျိုးတွေက ဒီမှာ အမြဲတွေ့နေရတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးအဆင်မပြေမှုတွေကြောင့် ရိုက်ခတ်လာတဲ့ဒဏ်တွေပေါ့။ မြန်မာမိသားစုတွေမှာက မိသားစုပြဿနာတက်လာပြီ၊ စီးပွားရေး အဆင်မပြေတော့ဘူးဆိုရင် မိန်းကလေးကို ကျောင်းထုတ်တော့တာပဲ။ အဲဒီ မိန်းကလေးက ကျောင်းထွက်ပြီး သူ့ထက်ငယ်သူတွေကို ပြန်ပြီးရှာကျွေးပေါ့။ ဒီတော့ သူတို့လည်း သားကောင်ဘဝကို ကျရောက်တော့တာပဲ” ဟု ဒေါက်တာစင်သီယာမောင်က ဆိုသည်။

ရရှိခဲ့သောဆုများ

ဒေါက်တာ စင်သီယာမောင်သည် နိုင်ငံတကာက ချီးမြှင့်သည့် ဆုပေါင်း ၂၀ ကျော် ရရှိထားပြီး ၁၉၉၉ ခု နှစ်တွင် ဂျိုနသန်မန်းဆု၊ ၂၀၀၂ ခုနှစ်တွင် ရေမွန်မက်ဆေးဆေးဆု၊ ၂၀၁၃ ခုနှစ်တွင် ဆစ်ဒနီ ငြိမ်းချမ်းရေးဆု၊ ၂၀၁၅ ခုနှစ်တွင် the South Korean POSCO TJ Park Prize ၊ ၂၀၁၆ ခုနှစ်အတွက် လူသားချင်း စာနာထောက်ထားမှု သူရဲကောင်းဆု၊ ၂၀၁၇ ခုနှစ် အတွက် Denton and Janice Lotz လူ့အခွင့်အရေးဆု ၊ ၂၀၀၃ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်း၏ အာရှသူရဲကောင်းများထဲမှ တဦးအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။

အခြားဆုများ

၂၀၀၈ Catalonia International Prize along with Daw Aung San Suu Kyi
၂၀၀၇ Asia Democracy and Human Rights Award (Taiwan Foundation for Democracy)
၂၀၀၇ World’s Children’s Prize for the Rights of the Child Honorary Award (Children’s World Association, Sweden)
၂၀၀၅ 1,000 Women Nobel Peace Prize Nomination (Global)

၂၀၀၅ Unsung Heroes of Compassion Award (The Dalai Lama and Wisdom in Action, USA)
၂၀၀၅ The Eighth Global Concern for Human Life Award (Chou-Ta Kuan Foundation, Taiwan)
၂၀၀၅ Included in Time Magazine’s November Article on 18 Global Health Heroes

၂၀၀၂ Ramon Magsaysay Award for Community Leadership (Philippines)
၂၀၀၁ Foundation for Human Rights in Asia Special Award (Japan)
၂၀၀၁ Van Hueven Goedhart Award (Netherlands)

၁၉၉၉ Jonathan Mann Health and Human Rights Award (USA)
၁၉၉၉ American Women’s Medical Association President’s Award (USA)
၁၉၉၉ John Humphries Freedom Award (Canada)

Irrawaddy Burmese
The Voice Myanmar
MaeTao Clinic
Myanmar Wikipedia

Leave a Reply