လူတုိင္းခ်စ္တဲ့ သူရဲေကာင္းမေလး ဟြားမုလန္

Posted on

Mulan ဆုိတဲ့ကာတြန္းကားေလးဟာ ဒစၥေနးက ထုတ္တဲ့ကာတြန္းကားေတြထဲက လူႀကဳိက္အမ်ားဆုံးရုပ္ရွင္တစ္ခုျဖစ္ပါတယ္။  ဒီဇာတ္လမ္းဟာ တရုတ္ျပည္က ဟြားမုလန္ဆုိတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ အေၾကာင္းကို ျပန္လည္ရုိက္ကူးထားတာျဖစ္ပါတယ္။ ဟြားမုလန္ ဆုိတာ တရုတ္ျပည္ ေတာင္ေျမာက္မင္းဆက္(ေအဒီ ၄၂၀-၅၈၉) လက္ထက္မွာေပၚေပါက္ခဲ့တယ္ဆုိတဲ့ အမ်ဳိးသမီးသူရဲေကာင္းတစ္ေယာက္ ျဖစ္ပါတယ္။ တကယ္ေတာ့ မုလန္ရဲ႕အေၾကာင္းေတြကို မွတ္တမ္းတိတိက်က်တင္ထားျခင္းမရွိပဲ ေရွးေခတ္ကဗ်ာေတြထဲက ေတြ႔ရတာျဖစ္ပါတယ္။ ဒီကဗ်ာထဲမွာ ပါ၀င္တဲ့အေၾကာင္းကေတာ့ အသက္ႀကီးေနၿပီျဖစ္တဲ့ ဖခင္ကုိယ္စား စစ္တပ္မွာ ခိုးေခ်ာင္ခုိး၀ွက္ နဲ႔ ၁၂ႏွစ္ေက်ာ္ အမႈထမ္းခဲ့တဲ့ သူရဲေကာင္းအမ်ဳိးသမီးေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ မုလန္ရဲ႕ ဇာတ္ေၾကာင္းကေတာ့ ဒီလုိပါ။

တခါတုန္းက တရုတ္ႏုိင္ငံ ဟဲေဘျပည္နယ္က ရြာေလးတစ္ရြာမွာ မုလန္ဆုိတဲ့ အမ်ဳိးသမီးေလးတစ္ေယာက္ေနထုိင္ပါတယ္။ မုလန္ ရဲ႕ဖခင္ျဖစ္သူကေတာ့ အနားယူသြားၿပီျဖစ္တဲ့ စစ္ဗုိလ္တစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အသက္ႀကီးၿပီျဖစ္တာေၾကာင့္ အားအင္ခ်ိနဲ႔ေနၿပီျဖစ္ၿပီး ေကာင္းေကာင္း မတုိက္ခုိက္ႏုိ္င္ေတာ့ပါဘူး။ ဒါေပမယ့္ သူဟာ သမီးျဖစ္သူ မုလန္ကို ျမင္းစီးျခင္း နဲ႔ ဓားေရး လွံေရး သုိင္းပညာေတြကို သင္ေပးခဲ့ပါတယ္။ အဲဒီေခတ္က မိန္းကေလးေတြဟာ ဒီလုိသုိင္းပညာေတြကို သင္ယူေလ့မရွိေပမယ့္ မုလန္ရဲ႕ဖခင္ျဖစ္သူက ခုခံကာကြယ္ဖုိ႔အတြက္ သုိင္းပညာကို မည္သူမဆုိ တတ္သင့္တယ္ဆုိတဲ့ ယုံၾကည္ခ်က္ရွိသူျဖစ္တာေၾကာင့္ မုလန္ကို သုိင္းသင္ေပးခဲ့ျခင္းျဖစ္ပါတယ္။

တစ္ေန႔မွာေတာ့ ဘုရင့္ရဲ႕အမိန္႔နဲ႔ စစ္သားတခ်ဳိ႕ဟာ မုလန္တုိ႔ေနတဲ့ ရြာေလးကို ေရာက္ရွိလာပါတယ္။ စစ္ပြဲျဖစ္ေနၿပီျဖစ္တဲ့အတြက္ စစ္အင္အားေတြ လုိအပ္လာၿပီျဖစ္လုိ႔ လာေရာက္စုေဆာင္းျခင္းျဖစ္ပါတယ္။ ဒီလုိစုေဆာင္းရာမွာ မိသားစုတစ္စုအတြက္ စစ္ထဲကုိလုိက္ရမယ့္ လူတစ္ေယာက္စီရဲ႕နာမည္ဟာ အမိန္႔စာမွာ ပါ၀င္ပါတယ္။ ေခါင္းေဆာင္တစ္ေယာက္က ကုိင္ထားတဲ့စာရင္း နဲ႔ စစ္တပ္ထဲလုိက္ပါရမယ့္ သူေတြရဲ႕စာရင္းကို ေၾကျငာပါေတာ့တယ္။

အဲဒီစာရင္းမွာ ဖခင္ျဖစ္သူရဲ႕နာမည္ပါ၀င္ေနတာကို မုလန္သိလုိက္ရပါတယ္။ အသက္ႀကီးေနၿပီျဖစ္တဲ့ ဖခင္ျဖစ္သူကို စစ္ပြဲေတြဆီကုိ ျပန္မသြားေစခ်င္ပါဘူး။ ဒါေပမယ့္ ဖခင္ျဖစ္သူေနရာမွာ အျခားတစ္ေယာက္အစားထုိးရမွာျဖစ္ပါတယ္။ မိသားစု ေလးေယာက္မွာ မိခင္ ဖခင္ သူမ နဲ႔ ေမာင္ေလးတုိ႔ပဲရွိပါတယ္။ ေမာင္ေလးကလညး္ ကေလးအရြယ္ပဲရွိပါေသးတယ္။ ဒါေၾကာင့္ သူမလုပ္စရာတစ္ခုပဲ ရွိပါေတာ့တယ္။ ဒါကေတာ့ ဖခင္ျဖစ္သူရဲ႕ေနရာမွာ သူမအစားထုိး အမႈထမ္းဖုိ႔ပါ။ ဒါေပမယ့္ စစ္တပ္က မိန္းကေလးေတြကို စစ္မႈထမ္းခြင့္မျပဳတာေၾကာင့္ သူမအခက္ေတြ႔ခဲ့ပါတယ္။

ေနာက္တစ္ေန႔ မနက္အေစာႀကီး ဖခင္ျဖစ္သူ စစ္မႈထမ္းဖုိ႔ သတင္းမပုိ႔ခင္အခ်ိန္မွာ မုလန္ဟာ ဖခင္ျဖစ္သူရဲ႕ စစ္၀တ္အကၤ်ီကုိ ခုိးယူခဲ့ၿပီး သူမကုိယ္လည္း ေယာက်ၤားေလးနဲ႔ တူႏုိင္သေလာက္တူေအာင္ ျပဳျပင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ ဖခင္အစား စစ္တပ္ရွိရာကို သြားပါေတာ့တယ္။ စစ္တပ္က သူမကို ႏုနယ္တဲ့ေယာကၤ်ားေလးလုိ႔ ထင္မွတ္ၿပီး ဖခင္ကုိယ္စား စစ္မႈထမ္းခြင့္ျပဳခဲ့ပါတယ္။ မုလန္ဖခင္ျဖစ္သူက စစ္မႈထမ္းဖုိ႔စာရင္းေပးတဲ့အခါ စစ္တပ္ကမလုိအပ္ေတာ့ဘူးလို႔ ျငင္းပယ္လုိက္တဲ့အတြက္ ဇေ၀ဇ၀ါျဖစ္သြားပါတယ္။ အဲဒီအခ်ိန္ထိ မုလန္ေပ်ာက္ေနေၾကာင္းကို သူမဖခင္မသိေသးပဲ အခ်ိန္အနည္းငယ္ၾကာေတာ့မွ သိပါတယ္။

စစ္တပ္ထဲေရာက္တဲ့အခ်ိန္မွာ မုလန္ဟာ သူမကိုယ္ အျခားသူေတြ မိန္းကေလးလုိ႔ မသိေစရန္ ဂရုတစုိက္ေနခဲ့ပါတယ္။ သူမရဲ႕ ဓားေရး နဲ႔ သုိင္းပညာကြ်န္းက်င္မႈေတြေၾကာင့္ တုိက္ပြဲအလီလီမွာေအာင္ပြဲ ဆင္ႏုိင္ခဲ့ပါတယ္။ သူမကို ဆုခ်ီးျမွင့္တဲ့အခါတုိင္းမွာ ဆုကို လက္မခံပဲ အိမ္ျပန္ဖုိ႔ကိုသာ ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေပမယ့္ စစ္တပ္အတြက္ သူမဟာ အလြန္အရည္အခ်င္းရွိတဲ့သူျဖစ္တာေၾကာင့္ ေပးမျပန္ခဲ့ပါဘူး။ ဒီလုိနဲ႔ ၁၀ႏွစ္ေက်ာ္ တုိက္ပြဲထမ္းေဆာင္ၿပီးတဲ့အခ်ိန္မွာေတာ့ သူမဟာ ရာထူးအဆင့္ဆင့္တက္ကာ စစ္သူႀကီးရာထူးအထိ ရရွိခဲ့ပါတယ္။ သူမကုိ မိန္းမပ်ဳိးေလးမွန္းသိၿပီး က်ိတ္ခ်စ္ေနတဲ့ အရာရွိေလးတစ္ေယာက္ရွိပါတယ္။

တစ္ေန႔မွာေတာ့ သူတုိ႔စစ္တပ္ဟာ အင္အားႀကီးမားတဲ့ ရန္သူစစ္တပ္ႀကီးရဲ႕၀ုိင္းထားျခင္းကို ခံရပါတယ္။ အင္အားအဆမတန္ ကြာျခားတဲ့အတြက္ မုလန္စစ္သည္ေတြဟာ စိတ္ဓာတ္က်ေနပါၿပီ။ ဒီအခ်ိန္မွာ မုလန္ဟာ သူမဟာ ေယာကၤ်ားေလးေယာင္ေဆာင္ထားတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တယ္ဆုိတာ တစ္တပ္လုံးကို သိေစခဲ့ပါတယ္။ ဒီေတာ့မွ စစ္သည္ေတြဟာ သူတုိ႔ေရွ႕ကေန အၿမဲရဲ၀ံ့စြာ တုိက္ခုိက္ေနတတ္သူဟာ မိန္းကေလးတစ္ေယာက္ျဖစ္ေၾကာင္း သိသြားပါတယ္။ သူတုိ႔ကုိယ္သူတုိ႔လည္း ရွက္သြားၿပီး မိန္းကေလးေတာင္ဒီလုိရဲရင့္ေနႏုိင္ေသးရင္ ငါတုိ႔ကပိုရဲရင့္မွာေပါ့ဆုိတဲ့ စိတ္ဓာတ္ေတြျပန္လည္တက္ၾကြလာခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ မုလန္ညႊန္ၾကားတဲ့ စစ္ဗ်ဴဟာေတြနဲ႔ အင္အားႀကီးမားတဲ့ ရန္သူတပ္ႀကီးကိုေအာင္ျမင္စြာ တြန္းလွန္ႏုိင္ခဲ့ပါတယ္။

ဒီေလာက္အင္အားႀကီးမားတဲ့ ရန္သူတပ္ႀကီးကို အင္အားမမွ်ေပမယ့္ အႏုိင္ယူႏုိင္ခဲ့တဲ့ မုလန္ရဲ႕အစြမ္းကို ဘုရင္ကုိယ္တုိင္ သေဘာက်သြားၿပီး နန္းတြင္းကို ဆုခ်ီးျမွင့္ဖုိ႔ ဖိတ္ေခၚခဲ့ပါတယ္။ မုလန္ဟာ သူမရဲ႕ဘ၀ျဖစ္စဥ္ေတြကို ဘုရင္အား ေျပာျပခဲ့ပါတယ္။ ဒီေတာ့မွ သူ႔စစ္တပ္ရဲ႕အေတာ္ဆုံးစစ္သည္ဟာ မိန္းကေလးတစ္ေယာက္သာ ျဖစ္ေၾကာင္း ဘုရင္ျဖစ္သူ သိခဲ့ပါတယ္။ ဒါေၾကာင့္ သူမကို ေျမာက္မ်ားစြာေသာ ဆုေတြခ်ီးျမွင့္ခဲ့ေပမယ့္ မုလန္ကေတာ့ ဆုေတြကို လက္မခံပဲ အိမ္ျပန္ခြင့္ကိုသာ ေတာင္းဆုိခဲ့ပါတယ္။ ဘုရင္ကုိယ္တုိင္ မုလန္ကို နားခ်လုိ႔ မရတဲ့အဆုံးမွာေတာ့ မုလန္ဆႏၵအတုိင္း အေကာင္းဆုံးျမင္းတစ္စီးနဲ႔ အတူ အိမ္ျပန္ခြင့္ကိုေပးလုိက္ပါေတာ့တယ္။

မုလန္ရဲ႕ ဂုဏ္ယူဖြယ္အေၾကာင္းဟာ တရုတ္ျပည္တစ္ခုလုံးကုိပ်ံ႔ႏွံ႔သြားၿပီး တဲ့ေနာက္ ငယ္ရြယ္တဲ့မိန္းမပ်ဳိေလးေတြဟာ ျမင္းစီးျခင္း နဲ႔အတူ ဓားေရး သုိင္းပညာတုိ႔ကုိ သင္ၾကားၾကပါေတာ့တယ္။ ဒါကေတာ့ ဟြားမုလန္ပုံျပင္ ဒ႑ာရီေတြမ်ားစြာရွိတဲ့ အထဲက လူသိမ်ားတဲ့ပုံျပင္တစ္ခုထဲက အတုိင္းျဖစ္ပါတယ္။ တခ်ဳိ႕ပုံျပင္ေတြမွာေတာ့ အခုအေၾကာင္းနဲ႔ အနည္းငယ္စီကြာေနတာကိုေတြ႔ရမွာပါ။ မုလန္ရဲ႕အေၾကာင္းကို ရုပ္ရွင္ေပါင္းမ်ားစြာ ျပန္လည္ရုိက္ကူးခဲ့ေပမယ့္ ဒီအထဲမွာ နာမည္အႀကီးဆုံးကေတာ့ ဒစၥေနးကရိုက္ကူးခဲ့တဲ့ Mulan(1998) ကုိေတာ့ လူသိအမ်ားဆုံးျဖစ္ၿပီး ၾကည့္မိတဲ့လူႀကီး လူငယ္မေရြးႀကဳိက္ႏွစ္သက္တဲ့ ကာတြန္းကားေလးတစ္ကားျဖစ္ပါတယ္။ မၾကည့္ရေသးရင္ေတာ့ ရွာၿပီးသာၾကည့္လုိက္ၾကပါ။ သေဘာက်သြားပါလိမ့္မယ္ 🙂

အိမ္ျပန္လာတဲ့ မုလန္ကို ဖခင္ျဖစ္သူက ႀကဳိဆုိေနဟန္ရုပ္တု

သုတဇုန္

——————–

လူတိုင်းချစ်တဲ့ သူရဲကောင်းမလေး ဟွားမုလန်

Mulan ဆိုတဲ့ကာတွန်းကားလေးဟာ ဒစ္စနေးက ထုတ်တဲ့ကာတွန်းကားတွေထဲက လူကြိုက်အများဆုံးရုပ်ရှင်တစ်ခုဖြစ်ပါတယ်။  ဒီဇာတ်လမ်းဟာ တရုတ်ပြည်က ဟွားမုလန်ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟွားမုလန် ဆိုတာ တရုတ်ပြည် တောင်မြောက်မင်းဆက်(အေဒီ ၄၂၀-၅၈၉) လက်ထက်မှာပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။ တကယ်တော့ မုလန်ရဲ့အကြောင်းတွေကို မှတ်တမ်းတိတိကျကျတင်ထားခြင်းမရှိပဲ ရှေးခေတ်ကဗျာတွေထဲက တွေ့ရတာဖြစ်ပါတယ်။ ဒီကဗျာထဲမှာ ပါဝင်တဲ့အကြောင်းကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ဖခင်ကိုယ်စား စစ်တပ်မှာ ခိုးချောင်ခိုးဝှက် နဲ့ ၁၂နှစ်ကျော် အမှုထမ်းခဲ့တဲ့ သူရဲကောင်းအမျိုးသမီးလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ မုလန်ရဲ့ ဇာတ်ကြောင်းကတော့ ဒီလိုပါ။

တခါတုန်းက တရုတ်နိုင်ငံ ဟဲဘေပြည်နယ်က ရွာလေးတစ်ရွာမှာ မုလန်ဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နေထိုင်ပါတယ်။ မုလန် ရဲ့ဖခင်ဖြစ်သူကတော့ အနားယူသွားပြီဖြစ်တဲ့ စစ်ဗိုလ်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အသက်ကြီးပြီဖြစ်တာကြောင့် အားအင်ချိနဲ့နေပြီဖြစ်ပြီး ကောင်းကောင်း မတိုက်ခိုက်န်ိုင်တော့ပါဘူး။ ဒါပေမယ့် သူဟာ သမီးဖြစ်သူ မုလန်ကို မြင်းစီးခြင်း နဲ့ ဓားရေး လှံရေး သိုင်းပညာတွေကို သင်ပေးခဲ့ပါတယ်။ အဲဒီခေတ်က မိန်းကလေးတွေဟာ ဒီလိုသိုင်းပညာတွေကို သင်ယူလေ့မရှိပေမယ့် မုလန်ရဲ့ဖခင်ဖြစ်သူက ခုခံကာကွယ်ဖို့အတွက် သိုင်းပညာကို မည်သူမဆို တတ်သင့်တယ်ဆိုတဲ့ ယုံကြည်ချက်ရှိသူဖြစ်တာကြောင့် မုလန်ကို သိုင်းသင်ပေးခဲ့ခြင်းဖြစ်ပါတယ်။

တစ်နေ့မှာတော့ ဘုရင့်ရဲ့အမိန့်နဲ့ စစ်သားတချို့ဟာ မုလန်တို့နေတဲ့ ရွာလေးကို ရောက်ရှိလာပါတယ်။ စစ်ပွဲဖြစ်နေပြီဖြစ်တဲ့အတွက် စစ်အင်အားတွေ လိုအပ်လာပြီဖြစ်လို့ လာရောက်စုဆောင်းခြင်းဖြစ်ပါတယ်။ ဒီလိုစုဆောင်းရာမှာ မိသားစုတစ်စုအတွက် စစ်ထဲကိုလိုက်ရမယ့် လူတစ်ယောက်စီရဲ့နာမည်ဟာ အမိန့်စာမှာ ပါဝင်ပါတယ်။ ခေါင်းဆောင်တစ်ယောက်က ကိုင်ထားတဲ့စာရင်း နဲ့ စစ်တပ်ထဲလိုက်ပါရမယ့် သူတွေရဲ့စာရင်းကို ကြေငြာပါတော့တယ်။

အဲဒီစာရင်းမှာ ဖခင်ဖြစ်သူရဲ့နာမည်ပါဝင်နေတာကို မုလန်သိလိုက်ရပါတယ်။ အသက်ကြီးနေပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို စစ်ပွဲတွေဆီကို ပြန်မသွားစေချင်ပါဘူး။ ဒါပေမယ့် ဖခင်ဖြစ်သူနေရာမှာ အခြားတစ်ယောက်အစားထိုးရမှာဖြစ်ပါတယ်။ မိသားစု လေးယောက်မှာ မိခင် ဖခင် သူမ နဲ့ မောင်လေးတို့ပဲရှိပါတယ်။ မောင်လေးကလည်း ကလေးအရွယ်ပဲရှိပါသေးတယ်။ ဒါကြောင့် သူမလုပ်စရာတစ်ခုပဲ ရှိပါတော့တယ်။ ဒါကတော့ ဖခင်ဖြစ်သူရဲ့နေရာမှာ သူမအစားထိုး အမှုထမ်းဖို့ပါ။ ဒါပေမယ့် စစ်တပ်က မိန်းကလေးတွေကို စစ်မှုထမ်းခွင့်မပြုတာကြောင့် သူမအခက်တွေ့ခဲ့ပါတယ်။

နောက်တစ်နေ့ မနက်အစောကြီး ဖခင်ဖြစ်သူ စစ်မှုထမ်းဖို့ သတင်းမပို့ခင်အချိန်မှာ မုလန်ဟာ ဖခင်ဖြစ်သူရဲ့ စစ်ဝတ်အင်္ကျီကို ခိုးယူခဲ့ပြီး သူမကိုယ်လည်း ယောင်္ကျားလေးနဲ့ တူနိုင်သလောက်တူအောင် ပြုပြင်ခဲ့ပါတယ်။ အဲဒီနောက်တော့ ဖခင်အစား စစ်တပ်ရှိရာကို သွားပါတော့တယ်။ စစ်တပ်က သူမကို နုနယ်တဲ့ယောင်္ကျားလေးလို့ ထင်မှတ်ပြီး ဖခင်ကိုယ်စား စစ်မှုထမ်းခွင့်ပြုခဲ့ပါတယ်။ မုလန်ဖခင်ဖြစ်သူက စစ်မှုထမ်းဖို့စာရင်းပေးတဲ့အခါ စစ်တပ်ကမလိုအပ်တော့ဘူးလို့ ငြင်းပယ်လိုက်တဲ့အတွက် ဇဝေဇဝါဖြစ်သွားပါတယ်။ အဲဒီအချိန်ထိ မုလန်ပျောက်နေကြောင်းကို သူမဖခင်မသိသေးပဲ အချိန်အနည်းငယ်ကြာတော့မှ သိပါတယ်။
စစ်တပ်ထဲရောက်တဲ့အချိန်မှာ မုလန်ဟာ သူမကိုယ် အခြားသူတွေ မိန်းကလေးလို့ မသိစေရန် ဂရုတစိုက်နေခဲ့ပါတယ်။ သူမရဲ့ ဓားရေး နဲ့ သိုင်းပညာကျွန်းကျင်မှုတွေကြောင့် တိုက်ပွဲအလီလီမှာအောင်ပွဲ ဆင်နိုင်ခဲ့ပါတယ်။ သူမကို ဆုချီးမြှင့်တဲ့အခါတိုင်းမှာ ဆုကို လက်မခံပဲ အိမ်ပြန်ဖို့ကိုသာ ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်အတွက် သူမဟာ အလွန်အရည်အချင်းရှိတဲ့သူဖြစ်တာကြောင့် ပေးမပြန်ခဲ့ပါဘူး။ ဒီလိုနဲ့ ၁၀နှစ်ကျော် တိုက်ပွဲထမ်းဆောင်ပြီးတဲ့အချိန်မှာတော့ သူမဟာ ရာထူးအဆင့်ဆင့်တက်ကာ စစ်သူကြီးရာထူးအထိ ရရှိခဲ့ပါတယ်။ သူမကို မိန်းမပျိုးလေးမှန်းသိပြီး ကျိတ်ချစ်နေတဲ့ အရာရှိလေးတစ်ယောက်ရှိပါတယ်။

တစ်နေ့မှာတော့ သူတို့စစ်တပ်ဟာ အင်အားကြီးမားတဲ့ ရန်သူစစ်တပ်ကြီးရဲ့ဝိုင်းထားခြင်းကို ခံရပါတယ်။ အင်အားအဆမတန် ကွာခြားတဲ့အတွက် မုလန်စစ်သည်တွေဟာ စိတ်ဓာတ်ကျနေပါပြီ။ ဒီအချိန်မှာ မုလန်ဟာ သူမဟာ ယောင်္ကျားလေးယောင်ဆောင်ထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ တစ်တပ်လုံးကို သိစေခဲ့ပါတယ်။ ဒီတော့မှ စစ်သည်တွေဟာ သူတို့ရှေ့ကနေ အမြဲရဲဝံ့စွာ တိုက်ခိုက်နေတတ်သူဟာ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သိသွားပါတယ်။ သူတို့ကိုယ်သူတို့လည်း ရှက်သွားပြီး မိန်းကလေးတောင်ဒီလိုရဲရင့်နေနိုင်သေးရင် ငါတို့ကပိုရဲရင့်မှာပေါ့ဆိုတဲ့ စိတ်ဓာတ်တွေပြန်လည်တက်ကြွလာခဲ့ပါတယ်။ အဲဒီနောက်တော့ မုလန်ညွှန်ကြားတဲ့ စစ်ဗျူဟာတွေနဲ့ အင်အားကြီးမားတဲ့ ရန်သူတပ်ကြီးကိုအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပါတယ်။

ဒီလောက်အင်အားကြီးမားတဲ့ ရန်သူတပ်ကြီးကို အင်အားမမျှပေမယ့် အနိုင်ယူနိုင်ခဲ့တဲ့ မုလန်ရဲ့အစွမ်းကို ဘုရင်ကိုယ်တိုင် သဘောကျသွားပြီး နန်းတွင်းကို ဆုချီးမြှင့်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မုလန်ဟာ သူမရဲ့ဘ၀ဖြစ်စဉ်တွေကို ဘုရင်အား ပြောပြခဲ့ပါတယ်။ ဒီတော့မှ သူ့စစ်တပ်ရဲ့အတော်ဆုံးစစ်သည်ဟာ မိန်းကလေးတစ်ယောက်သာ ဖြစ်ကြောင်း ဘုရင်ဖြစ်သူ သိခဲ့ပါတယ်။ ဒါကြောင့် သူမကို မြောက်များစွာသော ဆုတွေချီးမြှင့်ခဲ့ပေမယ့် မုလန်ကတော့ ဆုတွေကို လက်မခံပဲ အိမ်ပြန်ခွင့်ကိုသာ တောင်းဆိုခဲ့ပါတယ်။ ဘုရင်ကိုယ်တိုင် မုလန်ကို နားချလို့ မရတဲ့အဆုံးမှာတော့ မုလန်ဆန္ဒအတိုင်း အကောင်းဆုံးမြင်းတစ်စီးနဲ့ အတူ အိမ်ပြန်ခွင့်ကိုပေးလိုက်ပါတော့တယ်။
မုလန်ရဲ့ ဂုဏ်ယူဖွယ်အကြောင်းဟာ တရုတ်ပြည်တစ်ခုလုံးကိုပျံ့နှံ့သွားပြီး တဲ့နောက် ငယ်ရွယ်တဲ့မိန်းမပျိုလေးတွေဟာ မြင်းစီးခြင်း နဲ့အတူ ဓားရေး သိုင်းပညာတို့ကို သင်ကြားကြပါတော့တယ်။ ဒါကတော့ ဟွားမုလန်ပုံပြင် ဒဏ္ဍာရီတွေများစွာရှိတဲ့ အထဲက လူသိများတဲ့ပုံပြင်တစ်ခုထဲက အတိုင်းဖြစ်ပါတယ်။ တချို့ပုံပြင်တွေမှာတော့ အခုအကြောင်းနဲ့ အနည်းငယ်စီကွာနေတာကိုတွေ့ရမှာပါ။ မုလန်ရဲ့အကြောင်းကို ရုပ်ရှင်ပေါင်းများစွာ ပြန်လည်ရိုက်ကူးခဲ့ပေမယ့် ဒီအထဲမှာ နာမည်အကြီးဆုံးကတော့ ဒစ္စနေးကရိုက်ကူးခဲ့တဲ့ Mulan(1998) ကိုတော့ လူသိအများဆုံးဖြစ်ပြီး ကြည့်မိတဲ့လူကြီး လူငယ်မရွေးကြိုက်နှစ်သက်တဲ့ ကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။ မကြည့်ရသေးရင်တော့ ရှာပြီးသာကြည့်လိုက်ကြပါ။ သဘောကျသွားပါလိမ့်မယ် 🙂

သုတဇုန်

 

Leave a Reply