ကမာၻေပၚက ေရွးအက်ဆုံး ေမာ္ေတာ္ကား ၇စီး အေၾကာင္း

Posted on

လူအမ်ားစုဟာ အေမရိကန္နိုင္ငံသား Ford ကားကုမၸဏီတည္ေထာင္သူ Henery Ford ရဲ့ Model T အမ်ိဳးအစား ကားေတြကိုပဲ ကမာၻေရွးအက်ဆံုးေသာ ကားေတြအျဖစ္ ထင္မွတ္ေနၾကပါတယ္။ အမွန္ေတာ့ Fordရဲ့ကားေတြ မေပၚခင္ နွစ္ (၁၀၀)ေလာက္က တည္းကဖန္တီးသူေတြရဲ့ ေမာ္ေတာ္ကားမ်ိဳးအစားမ်ားစြာေပၚေပါက္ေနျပီပဲျဖစ္ပါတယ္။ အဲဒီတုန္းကေမာ္ေတာ္ကားေတြဟာ ေရေႏြးေငြ႕အင္ဂ်င္တပ္ဆင္ထားျပီး အလြန္ေလးလံတဲ့ ထုထည္ရွိပါတယ္။ ဒါ့အျပင္ အလြန္ေႏွးေကြးျပီး ခရီးသည္အနည္းငယ္သာ လိုက္ပါစီးနင္းနို္င္တာပါ။

ဒီကားေတြကိုေမာင္းႏွင္ရာမွာလည္း လူတစ္ေယာက္ထက္ပိုတဲ့ လုပ္အား ႏူန္းေတြလိုအပ္ျပီး ေလာင္စာအမ်ားအျပားကိုလည္း အသံုးျပဳၾကရပါတယ္။ ဒီကားေတြကို တျဖည္းျဖည္းဆန္းသစ္ထုတ္လုပ္ခဲ့ၾကျပီး အခ်ဳိ႕ကားဒီဇိုင္းေတြဆိုရင္ ယေန႔ေခတ္ ေမာ္ေတာ္ကားပံုစံေတြအေပၚေတာင္ လႊမ္းမိုးမႈရွိေနတာပါ။ ဒီေနရာမွာမ်ွေဝေပးခ်င္ တာကေတာ့ ေရွးအက်ဆံုးေသာ ကားအမ်ိဳးအစားေတြ အေၾကာင္းပါ။

(၇) Daimler-Maybach Stahlradwagen

ဒီ Stahlradwagen(စတီးဘီးေတြတပ္ဆင္ထားတဲ့ကား) ေတြကိုတီထြင္ခဲ့သူကေတာ့ ဂ်ာမနီနိုင္ငံသား အင္ဂ်င္နီယာ နဲ႔ စက္မႈလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့Gottlieb Daimler နဲ႕သူရဲ့အက်ိဳးတူစီးပြားေရးလုပ္ငန္းလုပ္ကိုင္သူ Wilhelm Maybach တို႔က ပူးေပါင္းျပီး ၁၈၈၉ ခုနွစ္မွာ တီထြင္ခဲ့တာပါ။ ဒါဟာသူတို႔ႏွစ္ဦးရဲ့တရားဝင္ခ်ျပတဲ့ ပထမဆံုးေသာ ေမာ္ေတာ္ကားျဖစ္ျပီး  ေမာ္ေတာ္ကားရဲ့ Vtwinအင္ဂ်င္ကို ၁၈၈၆ခုႏွစ္ကတည္းက ျမင္းလွည္းမွာစတင္တပ္ဆင္ခဲ့ပါတယ္။ ဒီလိုတပ္ဆင္မႈဟာပိုျပည့္စံုတဲ့ ေမာ္ေတာ္ကားပံုေပါက္ခဲ့ ေပမယ့္ သူတို႔ရဲ့တီထြင္ဖန္တီးမႈအသစ္ အျဖစ္ေတာ့အသိအမွတ္ျပဳျခင္းေတာ့မခံခဲ့ရပါဘူး။

ပထမကားကိုပဲဆင့္ပြားတီထြင္ခဲ့တယ္လို႔ လူေတြကယူဆခဲ့ၾကလို႔ပါ။ ေမာ္ေတာ္ယာဥ္ တည္ေဆာက္မႈလိုင္စင္ကိစၥနဲ႔ ပတ္သတ္ျပီး အဆင္မေျပမႈေတြရွိတာေၾကာင့္ Daimler နဲ႔ Maybachတို႔ဟာ သူတို႔ရဲ့ကားအမ်ိဳးအစားအသစ္ေတြထုတ္လုပ္မဲ့အစီစဥ္ကို ဂ်ာမနီမွာျပဳလုပ္ခဲ့ျခင္းမရွိခဲ့ပါဘူး။ ျပင္သစ္နို္င္ငံမွာေတာ့လိုင္စင္ကိစၥအဆင္ေျပခဲ့တာ ေၾကာင့္ ၁၈၈၉ခုနွစ္၊ ေအာက္တိုဘာမွာသူတို႔တီထြင္ထားတဲ့ Stahlradwagen (စတီးဘီးေတြတပ္ဆင္ထားတဲ့ကား)ကို ပဲရစ္ျမိဳ႕ကျပပြဲတစ္ခုမွာ ျပသနိုင္ခဲ့ပါတယ္။ လူစိတ္ဝင္စားမႈအမ်ားဆံုးရရွိခဲ့တာေၾကာင့္မၾကာခင္မွာပဲ Daimler နဲ႔ Maybach တို႔ဟာ DMG(Daimler Motoren Gesellschaft) ကုမၸဏီကိုတည္ေထာင္ျပီး V-twin ကားအင္ဂ်င္ေတြကို အရင္ဆံုးထုတ္လုပ္ေရာင္းခ်ခဲ့ပါတယ္။ ၁၈၉၂ ေရာက္တဲ့အခါမွာေတာ့ Daimlerနဲ႔ Maybach တို႔ဟာ ေမာ္ေတာ္ကားေတြကို ထုတ္လုပ္ေရာင္းခ်ခဲ့ၾကပါတယ္။

(၆) Benz Patent Motorwagen

ယင္းကာလက မ်ားစြာေသာကုန္းလမ္းသြားယာဥ္ေတြကိုတည္ေဆာက္ခဲ့ၾကေပမဲ့ Benz Patent Motorwagen ယာဥ္ကေတာ့ ပထမဆံုးေသာ တရားဝင္ေမာ္ေတာ္ ကားအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ဒီပထမဆံုးေသာ ကုန္းလမ္းသြားယာဥ္ကို အင္ဂ်င္တြင္း ေလာင္ကၽြမ္းေစျခင္းျဖင့္ စြမ္းအင္ထုတ္ေပးတဲ့ အင္ဂ်င္တစ္လံုးနဲ႔တြဲ ဖက္ျပီးဒီဇိုင္းေရးဆြဲထုတ္လုပ္ခဲ့ပါတယ္။ ဒီကားကိုေတာ့ ၁၈၈၅ မွာ Karl Benz ကတည္ေဆာက္ခဲ့တာျဖစ္ျပီး အစပိုင္းကာလေတြအထိေတာ့တရားဝင္ခ်ျပခဲ့ျခင္းေတာ့ မရွိခဲ့ပါဘူး။ ၁၈၈၆ခုနွစ္၊ ေႏြရာသီေရာက္မွသာ ဂ်ာမနီနိုင္ငံ Mannheim ၿမိဳ႕မွာတရားဝင္ ခ်ျပခဲ့တာပါ။

၁၈၇၃ခုနွစ္မွာ Bentzဟာဓာက္ဆီေလာင္စာစြမ္းအင္သံုး Two –stroke piston အင္ဂ်င္ကိုေအာင္ျမင္စြာတည္ေဆာင္နိုင္ခဲ့ပါတယ္။ ေနာင္ဆယ္စုနွစ္ တစ္ခု ေလာက္အၾကာမွာေတာ့ Bentz ဟာ ဒီအင္ဂ်င္္ကိုအသံုးျပဳျပီး ေခတ္မီကုန္းလမ္းသြား ယာဥ္ေတြကိုတည္ေဆာက္တဲ့ အင္ဂ်င္နီယာတစ္ေယာက္အျဖစ္ အသက္ေမြးဝမ္း ေၾကာင္းျပဳခဲ့ပါတယ္။ တစ္ဖက္ကလည္း မီးစက္၊ ပန္႔ ၊အပါအဝင္ စက္မႈလုပ္ငန္းသံုး အင္ဂ်င္စက္ေတြနဲ႔ ယင္းတို႔ရဲ့စက္ဆက္ ပစၥည္းေတြကို တြဲဖက္ထုတ္လုပ္တဲ့လုပ္ငန္း ရွင္တစ္ေယာက္အျဖစ္ လည္းရပ္တည္ခဲ့ပါေသးတယ္။ ၁၈၈၆နဲ႕ ၁၈၉၃ခုႏွစ္ၾကားမွာ ေတာ့ Bentzဟာ Patent Motorwagenအစီးေရ (၂၅) စီးအထိ ထုတ္လုပ္ေရာင္းခ် နိုင္ခဲ့ပါတယ္။

(၅) La Marquise 

La Marquise  လို႔အမည္ေပးထားတဲ့ဒီေရေႏြးေငြ႕ အင္ဂ်င္သံုးကားကိုေတာ့ ၁၈၈၄ ခုႏွစ္မွာ ျပင္သစ္နိုင္ငံသား De Dion-Bouton et Trepardoux က တီထြင္ခဲ့တာ ျဖစ္ျပီး ကြယ္လြန္သြားျပီးျဖစ္တဲ့ သူရဲ့ အေမနာမည္နဲ႕ အဲဒီကားကို အမည္ေပးခဲ့တာပါ။ ဒီကားဟာ ေရွးေဟာင္းကားစာရင္းမွာပါဝင္လာခဲ့ေပမဲ့ ယင္းကာလေတြက အျမန္ဆံုးေသာ ကားအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။ ၂၀၁၁ ခုနွစ္ကျပဳလုပ္ခဲ့တဲ့ ေလလံျပိဳင္ပြဲတစ္ခုမွာ ေတာ့ ယင္းကမာၻအျမန္ဆံုးေရွးအက်ဆံုးျဖစ္တဲ့ La Marquise ကားကို အေမရိိကန္ေဒၚ လာ ၄.၆ သန္းအထိေပးျပီး ဝယ္ယူသြားခဲ့ပါတယ္။

ေလလံပြဲမွာေဖာ္ျပခဲ့တာကေတာ့ La Marquiseေမာ္ေတာ္ကားဟာ တစ္နာ၇ီကို (၃၈) မိုင္ အထိသြားေရာက္နိုင္ေၾကာင္းနဲ႔ ယင္းကားကို လူပုဂၢိဳလ္ ေလးဦးက ၁၈၈၄ ခုႏွစ္တည္းက ပူးတြဲပိုင္ဆိုင္ခဲ့ေၾကာင္းေဖာ္ျပ ခဲ့ၾကပါတယ္။ လူအမ်ားစုကေတာ့ La Marquiseကားဟာ ေရွးအက်ဆံုးျပိဳင္ကားျဖစ္ ေၾကာင္းသတ္မွတ္ေပးခဲ့ပါတယ္။ ၁၈၈၇ ခုႏွစ္မွာေတာ့ ကားတီထြင္သူDe Dion – Bouton et Trepardoux ကိုယ္တိုင္ ေမာင္းႏွင္ကာ ျပပြဲတစ္ခုမွာျပသျပီး အျခားကားေတြနဲ႕အတူ ျပိဳင္ပြဲတစ္ခုဖန္တီးဖို႔ ဖိတ္ေခၚခဲ့ေပမဲ့ La Marquiseကားကို ျပိဳင္မဲ့ကားမရွိခဲ့ပါဘူး။

(၄) Grenville Steam Carriage

Robert Neville Grenville တီထြင္ထားတဲ့ ေရေႏြးေငြ႕ အင္ဂ်င္သံုးလူစီးတြဲဟာ ေရွး အက်ဆံုးေသာ ကုန္းလမ္းသြားယာဥ္ျဖစ္ျပီး ယေန႔အထိ ကုန္ပစၥည္းပို႔ေဆာင္တဲ့လုပ္ ငန္းေတြမွာ အသံုးျပဳေနဆဲျဖစ္ပါတယ္။ ဒီလူစီးတြဲကိုေတာ့ ၁၈၇၅ ခုႏွစ္မွာ အဂၤလန္ နိုင္ငံသား Robert Neville ဆိုသူကတီထြင္ခဲ့ပါတယ္။ သူဟာ အဂၤလန္နိုင္ငံအေနာက္ပိုင္း မွာရွိတဲ့ မီးရထားသံလမ္းေတြကို တည္ေဆာက္ရာမွာ အေရးပါတဲ့ အင္ဂ်င္နီယာတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒီလူစီးတြဲဟာယာဥ္ေမာင္း၊ လမ္းျပေမာင္းႏွင္သူ(စပယ္ယာ)၊ မီးသတ္သမား နဲ႕ခရီးသည္ေလးဦးစုစုေပါင္း(၇)ဦးစီးနင္းနိုင္ေအာင္တည္ေဆာက္ထားပါတယ္။

၁၉၃၆ ခုနွစ္မွာRobert Neville ေသဆံုးသြားတဲ့ေနာက္ သူ႕မိသားစုဟာဒီကားကို Oxford ျမိဳ႕က Cowley အရပ္မွာရွိတဲ့ John Allen& Sons ကုမၸဏီကို ငွားရမ္းခဲ့ပါ တယ္။ John Allen& Sons ကုမၸဏီ ကျပန္လည္ျပင္ဆင္မႈေတြျပဳလုပ္ခဲ့ျပီး ၁၉၄၆ ခုႏွစ္မွာေတာ့ လန္ဒန္မွာရွိတဲ့ Regent ပန္းၿခံက Jubilee Cavalcade အေဆာက္အအုံမွာျပသထားခဲ့ပါတယ္။ ဒီပန္းျခံကိုလာေရာက္သူေတြကို ပို႔ေဆာင္ေပးရတဲ့ယာဥ္ အျဖစ္အသံုးျပဳခဲ့ၾကတာပါ။ ယေန႔အခ်ိန္မွာေတာ့ ဒီကားကို အဂၤလန္နိုင္ငံ Beaulieau အရပ္မွာရွိတဲ့ National Motor ျပတိုက္မွာျပသထားပါတယ္။

(၃) Hancock Omnibus

ဒီေရေႏြးေငြ႕အင္ဂ်င္သံုး HancockOmnibus ကို အဂၤလန္နို္င္ငံသား အင္ဂ်င္နီယာတစ္ ေယာက္ျဖစ္တဲ့ Walter Hancock ဆိုသူက ၁၈၃၂ ခုနွစ္မွာတီထြင္ခဲ့တာျဖစ္ျပီး ကမာၻေပၚမွာ ေငြေၾကးနဲ႕ေျပးဆြဲေပးခဲ့တဲ့ပထမဆံုးေသာဘတ္ကားျဖစ္ပါတယ္။ ဒီခရီးသည္တင္ ဘတ္စ္ကားကို လန္ဒန္ျမိဳ႕တြင္း ဆက္သြယ္ေရးလမ္းေၾကာင္းေတြ အဆင္ေျပေစရန္အတြက္ Paddington အေျခစိုက္ Steam Carriage ကုမၸဏီက ၁၈၃၃ ဧျပီလကစျပီး London Wall ကေန Paddington မွာရွိတဲ့ Islington ေဒသကိုအသြားအျပန္ ပံုမွန္ေျပးဆြဲ ေပးခဲ့တာပါ။ ဒါဟာ ကမာၻရဲ့ပထမဆံုးေသာ ဘတ္စ္ကား လမ္းေၾကာင္းလည္းျဖစ္ပါတယ္။ အဲအခ်ိန္ကတည္းကဘတ္ ကားေျပးဆြဲေရးလုပ္ငန္း မွာ လူ(၃)ဦးနဲ႔စတင္ေဆာင္ရြက္ခဲ့ၾကပါတယ္။

ယာဥ္ေမာင္းသူဟာ စတီယာကိုင္းရဲ့ ေရွ့မွာေနရာယူျပီး အေစာပိုင္းကေပၚေပါက္ခဲ့တဲ့ အျခားကုန္လမ္းသြားယာဥ္ေမာင္း ေတြလိုပဲ အဓိကေနရာကေန ယာဥ္ကိုတာဝန္ယူရပါတယ္။ ဒုတိယလိုက္ပါသူက ေတာ့ သြားတဲ့ခရီးလမ္းတစ္ေလ်ာတ္ မိမိယာဥ္ရဲ့ ေဘးကင္းေရးကို ေရွးရႈျပီး လူသူတိရိစာၦန္နဲ႔ အျခားေသာယာဥ္မ်ားကို ေစာင့္ၾကည့္/သတိေပးမႈေတြျပဳလုပ္ရပါ တယ္။ ဒါအျပင္ ေရေႏြးေငြ႕အင္ဂ်င္ရဲ့ ဘြိဳင္လာအတြင္းရွိေရမ်က္ႏွာျပင္အေနအထား ကိုေစာင့္ၾကည့္ရတဲ့အျပင္ လိုအပ္ပါက ေနာက္ဆုတ္ရတဲ့ ဂီယာကိုေရြးခ်ယ္ေပးရပါ တယ္။ တတိယေျမာက္လိုက္ပါသူကေတာ့ ယာဥ္ရဲအေနာက္ပိုင္းမွာရွိတဲ့ စင္ေပၚမွာ မတ္တပ္ရပ္အေနအထားနဲ႔လိုက္ပါရမွာျဖစ္ျပီး မီးနဲ႔ဘရိတ္စနစ္ကိုထိန္းသိမ္းရတဲ့ တာဝန္ကိုယူပါတယ္။ ဒါေပမဲ့ ဘတ္စ္ကားကို ေမာင္းႏွင္ေနတဲ့အခ်ိန္မွာေတာ့ ဒီလူသံုး ဦးဟာကြဲျပားတဲ့တာဝန္ေတြကိုရယူျပီး အခ်င္းခ်င္းဘယ္လိုဆက္သြယ္မႈေတြအသံုးျပဳ ျပီး အလုပ္လုပ္ၾကသလဲဆိုတာ ေတာ့မွတ္တမ္းေတြက အေသအခ်ာေဖာ္ျပထားျခင္း မရွိခဲ့ပါဘူး။

(၂) London Steam Carriage

လန္ဒန္ျမိဳ႕ေတာ္က ေရေႏြးေငြ႕အင္ဂ်င္သံုးရထားလံုးကိုေတာ့ ၁၈၀၃ ခုႏွစ္မွာ အဂၤလန္ နိုင္ငံသားသတၳဳတြင္းအင္ဂ်င္နီယာနဲ႔ တီထြင္သူ Richard Trevithickဆိုသူကတီထြင္ခဲ့ပါတယ္။ ဒီယာဥ္ဟာ ပထမဆံုးေသာတစ္နိုင္တစ္ပိုင္ခရီးသည္ပို႕ေဆာင္တဲ့ယာဥ္ျဖစ္ပါ တယ္။(ယေန႕ေခတ္Taxi ကားေတြရဲ႕ခရီးသည္ပို႕ေဆာင္ေရးအစီစဥ္)လိုပါပဲ။ သတ္မွတ္ထားတဲ့ေနရာ မရွိပဲ ခရီးသည္ရဲ့လမ္းေၾကာင္း အလိုက္ ေျပးဆြဲတဲ့ပံုစံမ်ိဳးပါ။ ျပင္သစ္လူမ်ိဳးတီထြင္သူ Cugnot ရဲ႕ ေရေႏြးေငြ႕အင္ဂ်င္သံုးကုန္းလမ္းသြားယာဥ္ေတြဟာ Richard Trevithick ထက္အရင္ေစာျပီးေပၚေပါက္ခဲ့ေပမဲ့ Cugnot ရဲ့ကားေတြဟာ အေျမာက္တြတင္ျပီးပစ္ခတ္ဖို႔ပဲ ဒီဇိုင္း ဆြဲထားတာေၾကာင့္ ခရီးသည္တင္ရန္အခက္အခဲရွိပါတယ္။

၁၈၀၁ မွာေတာ့ Richard ဟာသူစမ္းသပ္ထုတ္လုပ္ထားတဲ့ Puffing Devil လို႔နာမည္ေပးထားတဲ့ ေရေႏြးေငြ႕အင္ ဂ်င္သံုးရထားလံုးကိုတည္ေဆာက္ခဲ့ျပီး အဂၤလန္အေနာက္ေျမာက္ပိုင္းက Camborne ျမိဳ႕ကေတာင္ကုန္းတစ္ခုေပၚကို ကိုယ္တိုင္ေမာင္းႏွင္ျပီးတက္ျပခဲ့ပါတယ္။ ဒါအျပင္ Richard ဟာသူရဲ့ကားကို ကိုယ္တိုင္ေမာင္းနွင္ျပီး တစ္နာရီကို ၄ မိုင္ကေန ၉မိုင္ ၾကားေရာက္ရွိေအာင္ ေမာင္းနွင္ျပခဲ့ပါေသးတယ္။ ကံဆိုးစြာနဲ႔ပဲ Richardရဲ့ကား ဟာမီးေလာင္ကၽြမ္းျပီး ပ်က္ဆီးခဲ့ရပါတယ္။ ဒါေပမဲ့ မူလလက္ရာေတြအတိုင္းဒီ ဇိုင္းဆြဲသားခ်က္ေတြကိုသက္ဆိုင္ရာကို တင္ျပနိုင္ခဲ့တဲ့အတြက္ မူပိုင္ခြင့္ရရွိခဲ့ျပီး London Steam Carriage ေတြရဲ့ နည္းပညာဟာဆက္လက္ရွင္သန္ခဲ့ပါတယ္။

(၁) Cugnot Fardier

Cugnot Fardier ကားေတြဟာ ျပင္သစ္လူမ်ိဳးတီထြင္ဖန္တီးသူ Nicolas Joseph Cugnot ရဲ့လက္ရာေတြျဖစ္ျပီး ပထမဆံုးေသာ ကိုယ္တိုင္ေမာင္းနွင္နိုင္တဲ့ လူစီးတြဲတစ္ ခုျဖစ္ကာ ၁၇၇၀ ခုႏွစ္ကတီထြင္ခဲ့ပါတယ္။ တစ္ႏွစ္ေလာက္ၾကာတဲ့အခါမွာေတာ့ Fardier a vapeur(ဝန္တင္ေဆာင္နိုင္တဲ့ေလးဘီးတက္လွည္း) ေတြကိုတည္ေဆာက္ ခဲ့ပါတယ္။ Cugnot ဟာ ဒီယာဥ္ေတြကိုမတည္ေဆာက္ခင္ တစ္ႏွစ္အလို ၁၇၆၉ခုႏွစ္ ကတည္းက ဒီယာဥ္ပံုစံ အေသးေလးေတြကို အရင္တည္ေဆာက္ေလ့လာခဲ့တာပါ။

ဒီ Cugnot Fardier ကားေတြကို ျပင္သစ္စစ္တပ္ အတြက္တည္ေဆာက္ေပးခဲ့တာျဖစ္ေပမယ့္ ဒီကားေတြဟာဝန္တန္ခ်ိန္ (၄)တန္ေလာက္ ကိုသာသယ္ေဆာင္နိုင္ျပီး တစ္နာရီကို (၄.၈)မိုင္ေလာက္သာ ခရီးေရာက္တာမို႕စစ္ေျမ ျပင္မွာအသံုးျပဳရန္အတြက္အဆင္မေျပပါဘူး။ ဒါေၾကာင့္ဒီစီမံခ်က္ကိုေနာက္ဆံုးမွာ ေတာ့ စြန္႔လႊတ္ခဲ့ရပါတယ္။ ၁၈၀၀ ျပည့္ႏွစ္မွာေတာ့ Cugnot Fardier ကို ျပင္သစ္ နိုင္ငံ ပဲရစ္မွာရွိတဲ့ Conservatoire National des Arts et Metiers (ေရွးေဟာင္းအနုပညာနဲ႔လက္မႈပညာပစၥည္းမ်ား ထိန္းသိမ္းေစာင့္ေရွာက္ေရးျပတိုက္) မွာယေန႔အခ်ိန္ထိ ခင္းက်င္း ျပသထားပါတယ္။

သုတဇုန္

——————–

ကမ္ဘာပေါ်က ရှေးအကျဆုံး မော်တော်ကား ၇စီး အကြောင်း (unicode)

လူအများစုဟာ အမေရိကန်နိုင်ငံသား Ford ကားကုမ္ပဏီတည်ထောင်သူ Henery Ford ရဲ့ Model T အမျိုးအစား ကားတွေကိုပဲ ကမ္ဘာရှေးအကျဆုံးသော ကားတွေအဖြစ် ထင်မှတ်နေကြပါတယ်။ အမှန်တော့ Fordရဲ့ကားတွေ မပေါ်ခင် နှစ် (၁၀၀)လောက်က တည်းကဖန်တီးသူတွေရဲ့ မော်တော်ကားမျိုးအစားများစွာပေါ်ပေါက်နေပြီပဲဖြစ်ပါတယ်။ အဲဒီတုန်းကမော်တော်ကားတွေဟာ ရေနွေးငွေ့အင်ဂျင်တပ်ဆင်ထားပြီး အလွန်လေးလံတဲ့ ထုထည်ရှိပါတယ်။ ဒါ့အပြင် အလွန်နှေးကွေးပြီး ခရီးသည်အနည်းငယ်သာ လိုက်ပါစီးနင်းန်ိုင်တာပါ။

ဒီကားတွေကိုမောင်းနှင်ရာမှာလည်း လူတစ်ယောက်ထက်ပိုတဲ့ လုပ်အား နူန်းတွေလိုအပ်ပြီး လောင်စာအများအပြားကိုလည်း အသုံးပြုကြရပါတယ်။ ဒီကားတွေကို တဖြည်းဖြည်းဆန်းသစ်ထုတ်လုပ်ခဲ့ကြပြီး အချို့ကားဒီဇိုင်းတွေဆိုရင် ယနေ့ခေတ် မော်တော်ကားပုံစံတွေအပေါ်တောင် လွှမ်းမိုးမှုရှိနေတာပါ။ ဒီနေရာမှာမျှဝေပေးချင် တာကတော့ ရှေးအကျဆုံးသော ကားအမျိုးအစားတွေ အကြောင်းပါ။

(၇) Daimler-Maybach Stahlradwagen

ဒီ Stahlradwagen(စတီးဘီးတွေတပ်ဆင်ထားတဲ့ကား) တွေကိုတီထွင်ခဲ့သူကတော့ ဂျာမနီနိုင်ငံသား အင်ဂျင်နီယာ နဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့Gottlieb Daimler နဲ့သူရဲ့အကျိုးတူစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ Wilhelm Maybach တို့က ပူးပေါင်းပြီး ၁၈၈၉ ခုနှစ်မှာ တီထွင်ခဲ့တာပါ။ ဒါဟာသူတို့နှစ်ဦးရဲ့တရားဝင်ချပြတဲ့ ပထမဆုံးသော မော်တော်ကားဖြစ်ပြီး  မော်တော်ကားရဲ့ Vtwinအင်ဂျင်ကို ၁၈၈၆ခုနှစ်ကတည်းက မြင်းလှည်းမှာစတင်တပ်ဆင်ခဲ့ပါတယ်။ ဒီလိုတပ်ဆင်မှုဟာပိုပြည့်စုံတဲ့ မော်တော်ကားပုံပေါက်ခဲ့ ပေမယ့် သူတို့ရဲ့တီထွင်ဖန်တီးမှုအသစ် အဖြစ်တော့အသိအမှတ်ပြုခြင်းတော့မခံခဲ့ရပါဘူး။

ပထမကားကိုပဲဆင့်ပွားတီထွင်ခဲ့တယ်လို့ လူတွေကယူဆခဲ့ကြလို့ပါ။ မော်တော်ယာဉ် တည်ဆောက်မှုလိုင်စင်ကိစ္စနဲ့ ပတ်သတ်ပြီး အဆင်မပြေမှုတွေရှိတာကြောင့် Daimler နဲ့ Maybachတို့ဟာ သူတို့ရဲ့ကားအမျိုးအစားအသစ်တွေထုတ်လုပ်မဲ့အစီစဉ်ကို ဂျာမနီမှာပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ပြင်သစ်န်ိုင်ငံမှာတော့လိုင်စင်ကိစ္စအဆင်ပြေခဲ့တာ ကြောင့် ၁၈၈၉ခုနှစ်၊ အောက်တိုဘာမှာသူတို့တီထွင်ထားတဲ့ Stahlradwagen (စတီးဘီးတွေတပ်ဆင်ထားတဲ့ကား)ကို ပဲရစ်မြို့ကပြပွဲတစ်ခုမှာ ပြသနိုင်ခဲ့ပါတယ်။ လူစိတ်ဝင်စားမှုအများဆုံးရရှိခဲ့တာကြောင့်မကြာခင်မှာပဲ Daimler နဲ့ Maybach တို့ဟာ DMG(Daimler Motoren Gesellschaft) ကုမ္ပဏီကိုတည်ထောင်ပြီး V-twin ကားအင်ဂျင်တွေကို အရင်ဆုံးထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၁၈၉၂ ရောက်တဲ့အခါမှာတော့ Daimlerနဲ့ Maybach တို့ဟာ မော်တော်ကားတွေကို ထုတ်လုပ်ရောင်းချခဲ့ကြပါတယ်။

(၆) Benz Patent Motorwagen

ယင်းကာလက များစွာသောကုန်းလမ်းသွားယာဉ်တွေကိုတည်ဆောက်ခဲ့ကြပေမဲ့ Benz Patent Motorwagen ယာဉ်ကတော့ ပထမဆုံးသော တရားဝင်မော်တော် ကားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒီပထမဆုံးသော ကုန်းလမ်းသွားယာဉ်ကို အင်ဂျင်တွင်း လောင်ကျွမ်းစေခြင်းဖြင့် စွမ်းအင်ထုတ်ပေးတဲ့ အင်ဂျင်တစ်လုံးနဲ့တွဲ ဖက်ပြီးဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကိုတော့ ၁၈၈၅ မှာ Karl Benz ကတည်ဆောက်ခဲ့တာဖြစ်ပြီး အစပိုင်းကာလတွေအထိတော့တရားဝင်ချပြခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ၁၈၈၆ခုနှစ်၊ နွေရာသီရောက်မှသာ ဂျာမနီနိုင်ငံ Mannheim မြို့မှာတရားဝင် ချပြခဲ့တာပါ။

၁၈၇၃ခုနှစ်မှာ Bentzဟာဓာက်ဆီလောင်စာစွမ်းအင်သုံး Two –stroke piston အင်ဂျင်ကိုအောင်မြင်စွာတည်ဆောင်နိုင်ခဲ့ပါတယ်။ နောင်ဆယ်စုနှစ် တစ်ခု လောက်အကြာမှာတော့ Bentz ဟာ ဒီအင်ဂျင်ကိုအသုံးပြုပြီး ခေတ်မီကုန်းလမ်းသွား ယာဉ်တွေကိုတည်ဆောက်တဲ့ အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးဝမ်း ကြောင်းပြုခဲ့ပါတယ်။ တစ်ဖက်ကလည်း မီးစက်၊ ပန့် ၊အပါအဝင် စက်မှုလုပ်ငန်းသုံး အင်ဂျင်စက်တွေနဲ့ ယင်းတို့ရဲ့စက်ဆက် ပစ္စည်းတွေကို တွဲဖက်ထုတ်လုပ်တဲ့လုပ်ငန်း ရှင်တစ်ယောက်အဖြစ် လည်းရပ်တည်ခဲ့ပါသေးတယ်။ ၁၈၈၆နဲ့ ၁၈၉၃ခုနှစ်ကြားမှာ တော့ Bentzဟာ Patent Motorwagenအစီးရေ (၂၅) စီးအထိ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပါတယ်။

(၅)La Marquise

La Marquise  လို့အမည်ပေးထားတဲ့ဒီရေနွေးငွေ့ အင်ဂျင်သုံးကားကိုတော့ ၁၈၈၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံသား De Dion-Bouton et Trepardoux က တီထွင်ခဲ့တာ ဖြစ်ပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ သူရဲ့ အမေနာမည်နဲ့ အဲဒီကားကို အမည်ပေးခဲ့တာပါ။ ဒီကားဟာ ရှေးဟောင်းကားစာရင်းမှာပါဝင်လာခဲ့ပေမဲ့ ယင်းကာလတွေက အမြန်ဆုံးသော ကားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လေလံပြိုင်ပွဲတစ်ခုမှာ တော့ ယင်းကမ္ဘာအမြန်ဆုံးရှေးအကျဆုံးဖြစ်တဲ့ La Marquise ကားကို အမေရိကန်ဒေါ် လာ ၄.၆ သန်းအထိပေးပြီး ဝယ်ယူသွားခဲ့ပါတယ်။

လေလံပွဲမှာဖော်ပြခဲ့တာကတော့ La Marquiseမော်တော်ကားဟာ တစ်နာရီကို (၃၈) မိုင် အထိသွားရောက်နိုင်ကြောင်းနဲ့ ယင်းကားကို လူပုဂ္ဂိုလ် လေးဦးက ၁၈၈၄ ခုနှစ်တည်းက ပူးတွဲပိုင်ဆိုင်ခဲ့ကြောင်းဖော်ပြ ခဲ့ကြပါတယ်။ လူအများစုကတော့ La Marquiseကားဟာ ရှေးအကျဆုံးပြိုင်ကားဖြစ် ကြောင်းသတ်မှတ်ပေးခဲ့ပါတယ်။ ၁၈၈၇ ခုနှစ်မှာတော့ ကားတီထွင်သူDe Dion – Bouton et Trepardoux ကိုယ်တိုင် မောင်းနှင်ကာ ပြပွဲတစ်ခုမှာပြသပြီး အခြားကားတွေနဲ့အတူ ပြိုင်ပွဲတစ်ခုဖန်တီးဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ La Marquiseကားကို ပြိုင်မဲ့ကားမရှိခဲ့ပါဘူး။

(၄) Grenville Steam Carriage

Robert Neville Grenville တီထွင်ထားတဲ့ ရေနွေးငွေ့ အင်ဂျင်သုံးလူစီးတွဲဟာ ရှေး အကျဆုံးသော ကုန်းလမ်းသွားယာဉ်ဖြစ်ပြီး ယနေ့အထိ ကုန်ပစ္စည်းပို့ဆောင်တဲ့လုပ် ငန်းတွေမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ ဒီလူစီးတွဲကိုတော့ ၁၈၇၅ ခုနှစ်မှာ အင်္ဂလန် နိုင်ငံသား Robert Neville ဆိုသူကတီထွင်ခဲ့ပါတယ်။ သူဟာ အင်္ဂလန်နိုင်ငံအနောက်ပိုင်း မှာရှိတဲ့ မီးရထားသံလမ်းတွေကို တည်ဆောက်ရာမှာ အရေးပါတဲ့ အင်ဂျင်နီယာတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလူစီးတွဲဟာယာဉ်မောင်း၊ လမ်းပြမောင်းနှင်သူ(စပယ်ယာ)၊ မီးသတ်သမား နဲ့ခရီးသည်လေးဦးစုစုပေါင်း(၇)ဦးစီးနင်းနိုင်အောင်တည်ဆောက်ထားပါတယ်။

၁၉၃၆ ခုနှစ်မှာRobert Neville သေဆုံးသွားတဲ့နောက် သူ့မိသားစုဟာဒီကားကို Oxford မြို့က Cowley အရပ်မှာရှိတဲ့ John Allen& Sons ကုမ္ပဏီကို ငှားရမ်းခဲ့ပါ တယ်။ John Allen& Sons ကုမ္ပဏီ ကပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ၁၉၄၆ ခုနှစ်မှာတော့ လန်ဒန်မှာရှိတဲ့ Regent ပန်းခြံက Jubilee Cavalcade အဆောက်အအုံမှာပြသထားခဲ့ပါတယ်။ ဒီပန်းခြံကိုလာရောက်သူတွေကို ပို့ဆောင်ပေးရတဲ့ယာဉ် အဖြစ်အသုံးပြုခဲ့ကြတာပါ။ ယနေ့အချိန်မှာတော့ ဒီကားကို အင်္ဂလန်နိုင်ငံ Beaulieau အရပ်မှာရှိတဲ့ National Motor ပြတိုက်မှာပြသထားပါတယ်။

(၃) Hancock Omnibus

ဒီရေနွေးငွေ့အင်ဂျင်သုံး HancockOmnibus ကို အင်္ဂလန်န်ိုင်ငံသား အင်ဂျင်နီယာတစ် ယောက်ဖြစ်တဲ့ Walter Hancock ဆိုသူက ၁၈၃၂ ခုနှစ်မှာတီထွင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ငွေကြေးနဲ့ပြေးဆွဲပေးခဲ့တဲ့ပထမဆုံးသောဘတ်ကားဖြစ်ပါတယ်။ ဒီခရီးသည်တင် ဘတ်စ်ကားကို လန်ဒန်မြို့တွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ အဆင်ပြေစေရန်အတွက် Paddington အခြေစိုက် Steam Carriage ကုမ္ပဏီက ၁၈၃၃ ဧပြီလကစပြီး London Wall ကနေ Paddington မှာရှိတဲ့ Islington ဒေသကိုအသွားအပြန် ပုံမှန်ပြေးဆွဲ ပေးခဲ့တာပါ။ ဒါဟာ ကမ္ဘာရဲ့ပထမဆုံးသော ဘတ်စ်ကား လမ်းကြောင်းလည်းဖြစ်ပါတယ်။ အဲအချိန်ကတည်းကဘတ် ကားပြေးဆွဲရေးလုပ်ငန်း မှာ လူ(၃)ဦးနဲ့စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

ယာဉ်မောင်းသူဟာ စတီယာကိုင်းရဲ့ ရှေ့မှာနေရာယူပြီး အစောပိုင်းကပေါ်ပေါက်ခဲ့တဲ့ အခြားကုန်လမ်းသွားယာဉ်မောင်း တွေလိုပဲ အဓိကနေရာကနေ ယာဉ်ကိုတာဝန်ယူရပါတယ်။ ဒုတိယလိုက်ပါသူက တော့ သွားတဲ့ခရီးလမ်းတစ်လျောတ် မိမိယာဉ်ရဲ့ ဘေးကင်းရေးကို ရှေးရှုပြီး လူသူတိရိစ္ဆာန်နဲ့ အခြားသောယာဉ်များကို စောင့်ကြည့်/သတိပေးမှုတွေပြုလုပ်ရပါ တယ်။ ဒါအပြင် ရေနွေးငွေ့အင်ဂျင်ရဲ့ ဘွိုင်လာအတွင်းရှိရေမျက်နှာပြင်အနေအထား ကိုစောင့်ကြည့်ရတဲ့အပြင် လိုအပ်ပါက နောက်ဆုတ်ရတဲ့ ဂီယာကိုရွေးချယ်ပေးရပါ တယ်။ တတိယမြောက်လိုက်ပါသူကတော့ ယာဉ်ရဲအနောက်ပိုင်းမှာရှိတဲ့ စင်ပေါ်မှာ မတ်တပ်ရပ်အနေအထားနဲ့လိုက်ပါရမှာဖြစ်ပြီး မီးနဲ့ဘရိတ်စနစ်ကိုထိန်းသိမ်းရတဲ့ တာဝန်ကိုယူပါတယ်။ ဒါပေမဲ့ ဘတ်စ်ကားကို မောင်းနှင်နေတဲ့အချိန်မှာတော့ ဒီလူသုံး ဦးဟာကွဲပြားတဲ့တာဝန်တွေကိုရယူပြီး အချင်းချင်းဘယ်လိုဆက်သွယ်မှုတွေအသုံးပြု ပြီး အလုပ်လုပ်ကြသလဲဆိုတာ တော့မှတ်တမ်းတွေက အသေအချာဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

(၂) London Steam Carriage

လန်ဒန်မြို့တော်က ရေနွေးငွေ့အင်ဂျင်သုံးရထားလုံးကိုတော့ ၁၈၀၃ ခုနှစ်မှာ အင်္ဂလန် နိုင်ငံသားသတ္ထုတွင်းအင်ဂျင်နီယာနဲ့ တီထွင်သူ Richard Trevithickဆိုသူကတီထွင်ခဲ့ပါတယ်။ ဒီယာဉ်ဟာ ပထမဆုံးသောတစ်နိုင်တစ်ပိုင်ခရီးသည်ပို့ဆောင်တဲ့ယာဉ်ဖြစ်ပါ တယ်။(ယနေ့ခေတ်Taxi ကားတွေရဲ့ခရီးသည်ပို့ဆောင်ရေးအစီစဉ်)လိုပါပဲ။ သတ်မှတ်ထားတဲ့နေရာ မရှိပဲ ခရီးသည်ရဲ့လမ်းကြောင်း အလိုက် ပြေးဆွဲတဲ့ပုံစံမျိုးပါ။ ပြင်သစ်လူမျိုးတီထွင်သူ Cugnot ရဲ့ ရေနွေးငွေ့အင်ဂျင်သုံးကုန်းလမ်းသွားယာဉ်တွေဟာ Richard Trevithick ထက်အရင်စောပြီးပေါ်ပေါက်ခဲ့ပေမဲ့ Cugnot ရဲ့ကားတွေဟာ အမြောက်တွတင်ပြီးပစ်ခတ်ဖို့ပဲ ဒီဇိုင်း ဆွဲထားတာကြောင့် ခရီးသည်တင်ရန်အခက်အခဲရှိပါတယ်။

၁၈၀၁ မှာတော့ Richard ဟာသူစမ်းသပ်ထုတ်လုပ်ထားတဲ့ Puffing Devil လို့နာမည်ပေးထားတဲ့ ရေနွေးငွေ့အင် ဂျင်သုံးရထားလုံးကိုတည်ဆောက်ခဲ့ပြီး အင်္ဂလန်အနောက်မြောက်ပိုင်းက Camborne မြို့ကတောင်ကုန်းတစ်ခုပေါ်ကို ကိုယ်တိုင်မောင်းနှင်ပြီးတက်ပြခဲ့ပါတယ်။ ဒါအပြင် Richard ဟာသူရဲ့ကားကို ကိုယ်တိုင်မောင်းနှင်ပြီး တစ်နာရီကို ၄ မိုင်ကနေ ၉မိုင် ကြားရောက်ရှိအောင် မောင်းနှင်ပြခဲ့ပါသေးတယ်။ ကံဆိုးစွာနဲ့ပဲ Richardရဲ့ကား ဟာမီးလောင်ကျွမ်းပြီး ပျက်ဆီးခဲ့ရပါတယ်။ ဒါပေမဲ့ မူလလက်ရာတွေအတိုင်းဒီ ဇိုင်းဆွဲသားချက်တွေကိုသက်ဆိုင်ရာကို တင်ပြနိုင်ခဲ့တဲ့အတွက် မူပိုင်ခွင့်ရရှိခဲ့ပြီး London Steam Carriage တွေရဲ့ နည်းပညာဟာဆက်လက်ရှင်သန်ခဲ့ပါတယ်။

(၁) Cugnot Fardier

Cugnot Fardier ကားတွေဟာ ပြင်သစ်လူမျိုးတီထွင်ဖန်တီးသူ Nicolas Joseph Cugnot ရဲ့လက်ရာတွေဖြစ်ပြီး ပထမဆုံးသော ကိုယ်တိုင်မောင်းနှင်နိုင်တဲ့ လူစီးတွဲတစ် ခုဖြစ်ကာ ၁၇၇၀ ခုနှစ်ကတီထွင်ခဲ့ပါတယ်။ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ Fardier a vapeur(ဝန်တင်ဆောင်နိုင်တဲ့လေးဘီးတက်လှည်း) တွေကိုတည်ဆောက် ခဲ့ပါတယ်။ Cugnot ဟာ ဒီယာဉ်တွေကိုမတည်ဆောက်ခင် တစ်နှစ်အလို ၁၇၆၉ခုနှစ် ကတည်းက ဒီယာဉ်ပုံစံ အသေးလေးတွေကို အရင်တည်ဆောက်လေ့လာခဲ့တာပါ။

ဒီ Cugnot Fardier ကားတွေကို ပြင်သစ်စစ်တပ် အတွက်တည်ဆောက်ပေးခဲ့တာဖြစ်ပေမယ့် ဒီကားတွေဟာဝန်တန်ချိန် (၄)တန်လောက် ကိုသာသယ်ဆောင်နိုင်ပြီး တစ်နာရီကို (၄.၈)မိုင်လောက်သာ ခရီးရောက်တာမို့စစ်မြေ ပြင်မှာအသုံးပြုရန်အတွက်အဆင်မပြေပါဘူး။ ဒါကြောင့်ဒီစီမံချက်ကိုနောက်ဆုံးမှာ တော့ စွန့်လွှတ်ခဲ့ရပါတယ်။ ၁၈၀၀ ပြည့်နှစ်မှာတော့ Cugnot Fardier ကို ပြင်သစ် နိုင်ငံ ပဲရစ်မှာရှိတဲ့ Conservatoire National des Arts et Metiers (ရှေးဟောင်းအနုပညာနဲ့လက်မှုပညာပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ရေးပြတိုက်) မှာယနေ့အချိန်ထိ ခင်းကျင်း ပြသထားပါတယ်။

သုတဇုန်

Leave a Reply