ကမာၻေပၚက တန္ဖုိးအနိမ့္ဆုံး ေငြေၾကးစနစ္မ်ား

Posted on

ဟိုေန႔က ကမာၻ႔တန္ဖုိးအျမင့္ဆုံး ေငြေၾကးစနစ္မ်ား အေၾကာင္းကိုမွ်ေ၀ခဲ့ၿပီိးပါၿပီ။ ဒီတစ္ခါေတာ့ ေျပာင္းျပန္ျဖစ္တဲ့ ကမာၻ႔တန္ဖုိးအနိမ့္ဆုံး ေငြေၾကးစနစ္မ်ား အေၾကာင္းကို မွ်ေ၀သြားပါမယ္။  လက္ရွိအခ်ိန္မွာ ကြ်န္ေတာ္တုိ႔ ျမန္မာက်ပ္ေငြဟာ ၁၄၅၀ ၀န္းက်င္မွ အေမရိကန္ ၁ေဒၚလာနဲ႔ သြားညီတဲ့အတြက္ က်ပ္ေငြတန္ဖုိး အလြန္နိမ့္တယ္လုိ႔ ဆုိရမွာပါ။ ဒါေပမယ့္ ကြ်န္ေတာ္တုိ႔ ႏုိင္ငံထက္ အဆေပါင္းမ်ားစြာ ေငြေၾကးစနစ္နိမ့္က်တဲ့ ႏုိင္ငံေတြရွိေနပါေသးတယ္။ ေငြေၾကးအလြန္ေဖာင္းပြတယ္လုိ႔ ကြ်န္ေတာ္တုိ႔သိထားၾကတဲ့ ဇင္ဘာေဘြ ၊ ေတာင္ကုိရီးယား ၊ ေျမာက္ကုိရီးယား စတဲ့ႏုိင္ငံေတြဟာ ဒီစာရင္းမွာ မပါေတာ့ပါဘူး။

၂၀၁၈ခုႏွစ္မွေတာ့ ဒီႏုိင္ငံေတြရဲ႕ ေငြေၾကးစနစ္ဟာ ကြ်န္ေတာ္တုိ႔ႏိုင္ငံ ထက္မ်ားစြာ တန္ဖုိးျမင့္တက္သြားပါၿပီ။ ဇင္ဘာေဘြ ဘယ္ေလာက္ေငြေၾကးေဖာင္းပြခဲ့သလဲဆုိရင္ ဘီလ်ံ(သန္း၁ေထာင္) ထရီလီယံ ေငြစကၠဴေတြထြက္ခဲ့တဲ့ အထိပါပဲ။ လက္ရွိအခ်ိန္မွာေတာ့ ဇင္ဘာေဘြရဲ႕ ေငြေၾကးစနစ္ကို အေမရိကန္ေဒၚလာနဲ႔ အစားထုိးလုိက္တာေၾကာင့္ ဇင္ဘာေဘြဟာ တန္ဖုိးအနိမ့္ဆုံးေငြေၾကးစနစ္ႏုိင္ငံထဲမွာ မပါ၀င္ေတာ့ပါဘူး။ ထုိ႔အတူ အေမရိကန္ ၁ေဒၚလာဟာ ကိုရီးယား ၁၁၂၀ ၀မ္ ၊ ေျမာက္ကုိရီးယား၀မ္ ၉၀၀ တုိ႔နဲ႔ သြားညီေနၿပီျဖစ္တဲ့အတြက္ သူတုိ႔လည္း အနိမ့္ဆုံးေငြေၾကးစနစ္ထဲမွာ မပါ၀င္ေတာ့ပါဘူး။ လက္ရွိေငြေၾကး စနစ္အနိမ့္ဆုံးႏုိင္ငံေတြကေတာ့-

၁၀။ Ugandan Shilling

1 USD = 3695 UGX

ယူဂန္ဒါရွိလင္ဟာ ယူဂန္ဒါႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ယူဂန္ဒါဟာ အာဖရိကတုိက္ အေရွ႕ပိုင္းက ႏုိင္ငံငယ္ေလးတစ္ခုျဖစ္ပါတယ္။ ေကာ္ဖီ ၊ လက္ဖက္ ၊ ေဆးရြက္ႀကီး ၊ သၾကား ၊ ၀ါဂြမ္း စတာေတြဟာ ယူဂန္ဒါရဲ႕ အဓိကစီးပြားေရးလုပ္ငန္းေတြျဖစ္ပါတယ္။ ေဒသအလုိက္ စစ္ပြဲေတြနဲ႔ ႏုိင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ယူဂန္ဒါရဲ႕စီးပြားေရး ဟာ အလြန္က်ဆင္းခဲ့ေပမယ့္ ယခုႏွစ္ပုိင္းမွာေတာ့ ျဖည္းျဖည္းခ်င္း ျပန္တုိးတက္လာခဲ့ၿပီျဖစ္ပါတယ္။ မႏွစ္က အေမရိကန္ ၁ေဒၚလာဟာ ယူဂန္ဒါရွီလင္ ၃၈၄၁ နဲ႔ တူညီေနရာမွ ယခုအခါ ၃၆၉၅ သုိ႔ က်ဆင္းခဲ့ပါၿပီ။ ဒါေပမယ့္ တန္ဖုိးအနိမ့္ဆုံး ေငြေၾကးစနစ္ထဲမွာ ပါ၀င္လွ်က္ရွိေနတုန္းပါပဲ။ ေငြစကၠဴအေနနဲ႔ကေတာ့  1000 shillings ကေန 50,000 shillings တန္အထိရွိပါတယ္။

၉။ Cambodian Riel

1 USD = 4071 KHR

ကေမာၻဒီးယန္းရီယယ္ကေတာ့ ကေမာၻဒီးယားႏုိင္ငံရဲ႕ ေငြေၾကးစနစ္ျဖစ္ပါတယ္။ ကေမာၻဒီးယားဟာ ႏုိင္ငံသားခ်င္း တစ္ဦးခ်င္းစီပ်မ္းမွ်၀င္ေငြ ေဒၚလာ ၁၃၈၄ နဲ႔ အာဆီယံ အနိမ့္ဆုံးႏုိင္ငံေတြထဲမွာပါ၀င္ပါတယ္။ သူ႔ရဲ႕ေအာက္မွာေတာ့ ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံက ၁၂၉၉ နဲ႔ ရပ္တည္ေနပါတယ္။ အက်င့္ပ်က္ျခစားမႈေတြ နဲ႔ တရားမ၀င္ေရာင္း၀ယ္ေဖာက္ကားမႈေတြဟာ ဒီႏုိင္ငံရဲ႕စီးပြားေရးက်ဆင္းေနျခင္း ရဲ႕ အဓိကအေၾကာင္းအရာေတြျဖစ္တယ္လုိ႔ သိရပါတယ္။ ေဆာက္လုပ္ေရး ၊ ေလာင္းကစား ၊ ငါးဖမ္းျခင္း ၊ ဆန္စပါး ၊ ဟုိတယ္နဲ႔ ခရီးသြားလာေရးလုပ္ငန္းေတြဟာ ကေမာၻဒီးယားရဲ႕ အဓိကစီးပြားေရး လုပ္ငန္းေတြျဖစ္ပါတယ္။ ေငြစကၠဴအေနနဲ႔ 50 riels ကေန 100,000 riels အထိရွိပါတယ္။

၈။ Paraguayan Guarani

1 USD = 5735 PYG

ကမာၻ႔တန္ဖုိး အနိမ့္ဆုံး ေငြေၾကးစနစ္မ်ား ရဲ႕ နံပါတ္ ၈မွာရပ္တည္ေနတာကေတာ့ ပါရာေဂြးယန္းဂြာရာနီ ျဖစ္ပါတယ္။ ေတာင္အေမရိကတုိက္က ပါရာေဂြးႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးနစ္ျဖစ္ပါတယ္။ အက်င့္ပ်က္ျခစားမႈ ၊ ေငြေၾကးေဖာင္းပြမႈ နဲ႔ ပညာေရးစနစ္နိမ့္က်ျခင္းတုိ႔ေၾကာင့္ စီးပြားေရးဘက္မွာလည္း က်ဆင္းေနရတဲ့ႏုိင္ငံျဖစ္ပါတယ္။ စီးပြားေရးအေနနဲ႔ ၀ါဂြမ္းစုိက္ပ်ဳိးျခင္း ႏွင့္ တိရစာၦန္ေမြးျမဴေရးလုပ္ငန္း အႀကီးအက်ယ္လုပ္ကုိင္တဲ့ ႏုိင္ငံျဖစ္ပါတယ္။ အျခားအဓိကလုပ္ငန္းေတြကေတာ့ သၾကားစုိက္ပ်ဳိးတင္ပုိ႔ေရး ၊ ဘိလပ္ေျမ ၊ ခ်ည္မွ်င္ႏွင့္ အထည္ ၊ အေဖ်ာ္ယမကာ ၊ သံမဏိ ၊ ပရိေဘာဂ ၊ အေျခခံသတၱဳမ်ား ႏွင့္ လွ်ပ္စစ္လုပ္ငန္းတုိ႔ျဖစ္ပါတယ္။ ပါရာေဂြးႏုိင္ငံဟာ ၂၀၁၇ခုႏွစ္ စာရင္းအရ ႏုိင္ငံသားတစ္ဦးခ်င္းစီ ပ်မ္းမွ်၀င္ေငြ ၄၃၆၆ေဒၚလာ နဲ႔ ကမာၻ႔အဆင့္ ၁၀၂ မွာ ရပ္တည္ေနပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 2000 PGY ကေန 100,000 PGY အထိရွိပါတယ္။ ၁သိန္းတန္ ပါရာေငြးေငြစကၠဴေပၚမွာေတာ့ ဂါရာနီလူမ်ဳိးတုိ႔ရဲ႕ ပထမဆုံး ဘုန္းေတာ္ႀကီး Roque González de Santa Cruz ရဲ႕ ပုံကို ရုိက္ႏွိပ္ထားပါတယ္။

၇။ Uzbekistani soʻm

1 USD = 7796 UZS

ဥဇဘက္ကစၥတန္နီးဆြမ္း ကေတာ့ အာရွအလယ္ပုိင္းႏုိင္ငံတစ္ခုျဖစ္တဲ့ ဥဇဘက္ကစၥတန္ႏုိင္ငံ ရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ စီးပြားေရးက်ဆင္းမႈေၾကာင့္ ၁၉၉၂ခုႏွစ္က ဥဇဘက္ ၁ဆြမ္းဟာ အေမရိကန္ ၁ေဒၚလာ နဲ႔ တူညီခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ အဆေပါင္း ၈၀၀၀ နီးပါးက်ဆင္းသြားခဲ့ပါၿပီ။ စီးပြားေရးအေနနဲ႔ ခ်ည္မွ်င္ ၊ အစားအစာ နဲ႔ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ားကို သာအဓိကလုပ္ကိုက္တဲ့ ဥဇဘက္ကစၥတန္ႏုိင္ငံဟာ ႏုိင္ငံသားတစ္ဦးခ်င္းစီ ပ်မ္းမွ်၀င္ေငြ  ၁၅၀၄ေဒၚလာသာ ရွိၿပီး ကမာၻ႔အဆင့္ ၁၄၈ မွာရပ္တည္ေနပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 1 soʻm ကေန 50,000 soʻm တန္အထိ ရွိပါတယ္။

၆။ Sierra Leonean Leone

1 USD = 7955 SLL

Sierra Leonean Leone ကေတာ့ အာဖရိကတုိက္ အေနာက္ပိုင္းက ဆီရာလီယြန္ႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ပညာေရး နိမ့္က်လြန္းၿပီး အဆင္းရဲဆုံးႏုိင္ငံေတြထဲမွာပါ၀င္ပါတယ္။ အီဘုိလာလုိ ေရာဂါကပ္ေဘးရဲ႕ဒါဏ္ေတြကိုလည္း ခံစားရရွိေလ့ႏုိင္ငံျဖစ္ပါတယ္။ စိန္တူးေဖာ္ျခင္း ၊ စီးကရက္ ၊ အေဖ်ာ္ယမကာ ၊ ခ်ည္မွ်င္ စတဲ့လုပ္ငန္းေတြဟာ ဒီႏုိင္ငံရဲ႕ အဓိကစီးပြားေရးလုပ္ငန္းေတြျဖစ္ပါတယ္။ ၂၀၁၇ခုႏွစ္စာရင္းအရ ႏုိင္ငံသားတစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်၀င္ေငြဟာ ၄၉၉ေဒၚလာသာ ရွိၿပီး ကမာၻ႔အဆင့္ ၁၇၅ မွာ ရပ္တည္ေနပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 1000 leones  ကေန 10 000 leones တန္အထိရွိပါတယ္။

၅။  Laotian Kip

1 USD = 8457 LAK

ဟုတ္ပါတယ္ Lao Kip ဟာ ကြ်န္ေတာ္တုိ႔ အိမ္နီးခ်င္းႏုိင္ငံ လာအုိႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ လာအုိႏုိင္ငံကေတာ့ စီးပြားေရးအသင့္အတင့္ရွိတဲ့ႏုိင္ငံျဖစ္ေပမယ့္ သူ႔ရဲ႕ေငြေၾကးတန္ဖုိးကေတာ့ နိမ့္က်ပါတယ္။ ၂၀၁၇ ခုႏွစ္ကစလုိ စီပြားေရးတျဖည္းျဖည္း တုိးတက္လာတဲ့လာအုိဟာ ၿပီးခဲ့တဲ့လက တည္ေဆာက္ဆဲရွိေသးတဲ့ ဆီပီယမ္ ဆီနမ္ႏြိဳင္ ဆည္ က်ဳိးမႈေၾကာင့္ လူရာနဲ႔ခ်ီေသဆုံးကာ ေသာင္းနဲ႔ခ်ီ အုိးမဲ့အိမ္မဲ့ ျဖစ္ခဲ့ရပါတယ္။  ေရအားလွ်ပ္စစ္ ထုတ္လုပ္မႈကို စီးပြားေရးအတြက္ ထြက္ေပါက္တစ္ခုအျဖစ္ ေရြးခ်ယ္တဲ့ ႏိုင္ငံငယ္ေတြအတြက္ ဒီဆည္က်ိဳးမႈဟာ သင္ခန္းစာ ယူရမယ့္ ျဖစ္ရပ္ တစ္ခုပါပဲ။

လာအုိရဲ႕အဓိကစီးပြားေရးလုပ္ငန္းေတြကေတာ့ ေၾကးနီ ၊ ေရႊ ၊ သစ္မာ ၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ ၊ စုိက္ပ်ဳိးေရး ၊ ခရီးသြားလာေရး အစရွိတဲ့လုပ္ငန္းေတြျဖစ္ပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 1kip ကေန 100,000 kip တန္အထိရွိပါတယ္။ ၁သိန္းတန္ ေငြစကၠဴကို ႏွစ္မ်ဳိးရုိက္ႏွိပ္ပါတယ္။ တစ္မ်ဳိးမွာေတာ့ လာအုိသမုိင္းရဲ႕ အႀကီးက်ယ္ဆုံးဘုရင္တစ္ပါးျဖစ္တဲ့ ဆက္သာသီရပ္(Setthathirath) ရဲ႕ ပုံကုိ ရုိက္ႏွိပ္ထားၿပီး ေနာက္တစ္မ်ဳိးမွာေတာ့ လာအုိရဲ႕ပထမဆုံး၀န္ႀကီးခ်ဳပ္ Kaysone Phomvihane ရဲ႕ပုံကုိရုိက္ႏွိပ္ထားပါတယ္။

၄။ Guinean Franc

1 USD = 9080 GNF

Guinean Franc ကေတာ့ ဂိနီသမၼတႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ဂီနီႏုိင္ငံဟာ အာဖရိက တိုက္ အေနာက္ဘက္ပိုင္း အတၱလႏၲိတ္ သမုဒၵရာကမ္းေျခတြင္ တည္ရွိတဲ့ႏုိင္ငံျဖစ္ပါတယ္။ ဆင္းရဲႏြမ္းပါးတဲ့ အျပင္ လူဆုိးဂုိဏ္းေတြေပါမ်ားလြန္းတဲ့ ဂီနီႏုိင္ငံဟာ အာဖရိကရဲ႕ ေငြေၾကးအေဖာင္းပြဆုံးႏုိင္ငံျဖစ္ပါတယ္။ ဂီနီဟာ တကယ္ေတာ့ သံသတၱဳရုိင္း ၊ စိန္ နဲ႔ ေငြတုိ႔အျပင္ ယူေရနီယံကိုပါ တူးေဖာင္ရရွိတဲ့ သဘာ၀အရင္းအျမစ္မ်ား ေပါၾကြယ္၀တဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။ စုိက္ပ်ဳိးေရးနဲ႔ ငါးဖမ္းလုပ္ငန္းေတြကို လညး္လုပ္ကုိင္တဲ့ ဂီနီႏုိင္ငံဟာ တစ္ဦးခ်င္းပ်မ္းမွ်၀င္ေငြ ၇၂၄ ေဒၚလာနဲ႔ ကမာၻ႔အဆင့္ ၁၆၈ေနရာ မွာ ရပ္တည္ေနပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 25 francs ကေန 20,000 francs အထိရွိပါတယ္။

၃။ Indonesian Rupiah

1 USD = 14434 IDR

Indonesian Rupiah ကေတာ့ အင္ဒုိနီးရွားႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ အင္ဒုိနီးရွားႏုိင္ငံဟာ အေရွ႕ေတာင္အာရွက ႏုိင္ငံေတြထဲ စီးပြားေရးတုိးတက္တဲ့ႏုိင္ငံျဖစ္ေပမယ့္ သူ႔ရဲ႕ေငြေၾကးစနစ္တန္ဖုိးကေတာ့ အလြန္နိမ့္က်လွပါတယ္။ အင္ဒိုးနီးရွားအစုိးရဟာ ေငြေၾကးတန္ဖုိးကို အတည္ၿငိမ္ဆုံး ထိမ္းခ်ဳပ္ဖုိ႔ႀကဳိးစားေနေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ အဆင္မေျပေသးပါဘူး။ စုိက္ပ်ဳိးေရး နဲ႔ စက္မႈလုပ္ငန္းေတြအျပင္ အင္ဒုိနီးရွားရဲ႕ အဓိကစီးပြားေရးလုပ္ငန္းေတြကေတာ့ ေရနံ ၊ သဘာဝဓာတ္ေငြ႔ ၊ ခ်ည္မွ်င္ ၊ လွ်ပ္စစ္ပစၥည္းမ်ား ၊ အ၀တ္အထည္ ၊ သတၱဳတူးေဖာ္ေရး ၊ ဘိလပ္ေျမ စတဲ့လုပ္ငန္းေတြျဖစ္ပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ Rp1000 ကေန Rp100000 အထိ ရွိပါတယ္။ ၁သိန္းတန္ေပၚမွာေတာ့ အင္ဒုိနီးရွားရဲ႕ ပထမဆုံးသမၼတ ဆူကာႏုိ နဲ႔ ပထမဆုံး ဒုတိယသမၼတ Mohammad Hatta တုိ႔ရဲ႕ပုံရိပ္ေတြကုိ ထည့္သြင္းရုိက္ႏွိပ္ထားပါတယ္။

၂။ Vietnamese Dong

1 USD= 23280 VND

Vietnamese Dong ကေတာ့ ဗီယက္နမ္ႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ဗီယက္နမ္ကလည္း အင္ဒုိနီးရွားလုိ စီးပြားေရးတုိးတက္စႏုိင္ငံျဖစ္ေနေပမယ့္ သူ႔ရဲ႕ေငြေၾကးစနစ္ကေတာ့ ကမာၻ႔တန္ဖုိး အနိမ့္ဆုံး နံပါတ္ ၂ မွာ ရွိေနပါတယ္။ ေတာင္ေျမာက္ ဗီယက္နမ္ျပန္လည္ေပါင္းစည္းၿပီးတဲ့ေနာက္ စီးပြားေရးျပန္လည္တည္ေဆာက္ေရးကာလမွ ကုန္ေစ်းႏႈနး္ေခါင္ခုိက္ေအာင္တက္ျခင္း နဲ႔ ေငြေၾကးေဖာင္းပြမႈေတြဟာ ယခုထိတုိက္က်န္ရွိေနဆဲျဖစ္ပါတယ္။ ၁၉၈၀ ခုႏွစ္၀န္းက်င္က အေမရိကန္ ၁ေဒၚလာဟာ ဗီယက္နမ္ ၁၀ေဒါင္၊ ၁၅ေဒါင္ နဲ႔ တန္ဖုိးတူညီခဲ့ေပမယ့္ ၁၉၈၆ ခုႏွစ္ကစလုိ႔ အဆမတန္က်ဆင္းခဲ့ပါတယ္။

၁၉၉၀ မွာ ၁ေဒၚလာ ၅၀၀၀ ၊ ၁၉၉၁ခုႏွစ္မွာ ၁ေဒၚလာ ၁၀၀၀၀ အထိ ျဖစ္သြားရာကေန ပုိပုိၿပီးက်ဆင္းခဲ့ပါတယ္။ ဗီယက္နမ္ရဲ႕ အဓိကစီးပြားေရး လုပ္ငန္းေတြကေတာ့ ဖုန္းနဲ႔ အီလက္ထေရာနစ္ပစၥည္းမ်ား ၊ စတီး နဲ႔ စက္ပစၥည္းမ်ား ၊ အစားအစာ ၊ ခ်ည္မွ်င္ ၊ စုိက္ပ်ဳိးေရး နဲ႔ ခရီးသြားလာမႈလုပ္ငန္းေတြျဖစ္ပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 100₫ ကေန 500,000₫ အထိရွိပါတယ္။ ေငြစကၠဴတုိင္းလုိလုိမွာ ဗီယက္နမ္ရဲ႕အမ်ဳိးသားေခါင္းေဆာင္ႀကီး ဟုိခ်ီမင္းရဲ႕ပုံကို ရုိက္ႏွိပ္ထားပါတယ္။

၁။ Iranian Rial

1 USD = 44271 IRR

ကမာၻ႔ေငြေၾကးတန္ဖုိး အနိမ့္ဆုံး နံပါတ္ ၁မွာ ရပ္တည္ေနတာကေတာ့ Iranian Rial ျဖစ္ပါတယ္။ အီရန္ႏုိင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ အေမရိကန္ ၁ေဒၚလာဟာ အီရန္ေငြ ၄ေသာင္းေက်ာ္နဲ႔ ညီမွ်တဲ့အထိ အီရန္ရဲ႕ေငြေၾကးစနစ္ဟာ နိမ့္က်လွ်က္ရွိပါတယ္။ ဒါေတာင္မွ တရား၀င္ေပါက္ေစ်းျဖစ္ၿပီး တရားမ၀င္ေစ်းကြက္မွာ ၁ေဒၚလာကို အီရန္ေငြ ၉ေသာင္းအထိေပါက္ပါတယ္။ မၿပီးႏုိင္မစီးႏုိင္တဲ့ စစ္ပြဲေတြနဲ႔ ႏုိင္ငံတကာအေရးရႈ႔ပ္ေထြးမႈေတြဟာ အီရန္ရဲ႕စီးပြားေရးကို ထိခုိက္ေစပါတယ္။ ဒါအျပင္ ကမာၻ႔ေစ်းကြက္က အီရန္ရဲ႕ စီပြားေရးလုပ္ငန္းေတြကို တင္သြင္းခြင့္ပိတ္ပင္ထားမႈေတြလည္းရွိေနျပန္ပါတယ္။ ၁၉၇၃ခုႏွစ္မွာ အေမရိကန္ ၁ေဒၚလာ ဟာ အီရန္ေငြ ၆၈.၇ နဲ႔ ညီမွ်ခဲ့ေပမယ့္ ၁၉၇၅ခုႏွစ္ကစလုိ႔ အီရန္ေငြတန္ဖုိး အဆေပါင္းမ်ားစြာ က်ဆင္းသြားခဲ့တာ ယေန႔ထိတုိင္ပါပဲ။

စီးပြားေရးအေနနဲ႔ကေတာ့ ေရနံ ၊ ေမာ္ေတာ္ကား နဲ႔ အပုိပစၥည္းမ်ား ၊ အီလက္ထေရာနစ္ နဲ႔ ဆက္သြယ္ေရး ၊ စြမ္းအင္ ၊ ခ်ည္မွ်င္ ဈ ေဆာက္လုပ္ေရး နဲ႔ အစားအစာ လုပ္ငန္းမ်ားကို လုပ္ကုိင္ၾကပါတယ္။ ပိတ္ပင္မႈေတြၾကားထဲမွာပဲ အီရန္ရဲ႕ စီးပြားေရးဟာ အသင့္အတင့္ ရွိေနပါတယ္။ အီရန္ႏုိင္ငံသား တစ္ဦးခ်င္းစီရဲ႕ ပ်မ္းမွ်၀င္ေငြဟာ ၅၄၁၅ေဒၚလာ နဲ႔ ကမာၻ႔အဆင့္ ၉၁ မွာရပ္တည္ေနပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ 100 rials ကေန 100,000 rials တန္အထိရွိပါတယ္။ ၁သိန္းတန္ေငြစကၠဴေပၚမွာေတာ့ အီရန္ေခါင္းေဆာင္ႀကီး Ruhollah Khomeini ပုံကို ရုိက္ႏွိပ္ထားပါတယ္။

ဒါေတြကေတာ့ ကြ်န္ေတာ္ေတြ႔ရွိရသေလာက္ ကမာၻ႔တန္ဖုိးအနိမ့္ဆုံး ေငြေၾကးစနစ္ေတြအေၾကာင္းကို ဗဟုသုတ အေနနဲ႔ မွ်ေ၀လုိက္ျခင္းျဖစ္ပါတယ္။ မိတ္ေဆြသိထားတဲ့ အခ်က္ေတြရွိရင္လည္း ျပန္လည္မွ်ေ၀သြားပါဦး

သုတဇုန္

———————

ကမ္ဘာပေါ်က တန်ဖိုးအနိမ့်ဆုံး ငွေကြေးစနစ်များ (unicode)

ဟိုနေ့က ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးစနစ်များ အကြောင်းကိုမျှဝေခဲ့ပြိးပါပြီ။ ဒီတစ်ခါတော့ ပြောင်းပြန်ဖြစ်တဲ့ ကမ္ဘာ့တန်ဖိုးအနိမ့်ဆုံး ငွေကြေးစနစ်များ အကြောင်းကို မျှဝေသွားပါမယ်။  လက်ရှိအချိန်မှာ ကျွန်တော်တို့ မြန်မာကျပ်ငွေဟာ ၁၄၅၀ ဝန်းကျင်မှ အမေရိကန် ၁ဒေါ်လာနဲ့ သွားညီတဲ့အတွက် ကျပ်ငွေတန်ဖိုး အလွန်နိမ့်တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံထက် အဆပေါင်းများစွာ ငွေကြေးစနစ်နိမ့်ကျတဲ့ နိုင်ငံတွေရှိနေပါသေးတယ်။ ငွေကြေးအလွန်ဖောင်းပွတယ်လို့ ကျွန်တော်တို့သိထားကြတဲ့ ဇင်ဘာဘွေ ၊ တောင်ကိုရီးယား ၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေဟာ ဒီစာရင်းမှာ မပါတော့ပါဘူး။

၂၀၁၈ခုနှစ်မှတော့ ဒီနိုင်ငံတွေရဲ့ ငွေကြေးစနစ်ဟာ ကျွန်တော်တို့နိုင်ငံ ထက်များစွာ တန်ဖိုးမြင့်တက်သွားပါပြီ။ ဇင်ဘာဘွေ ဘယ်လောက်ငွေကြေးဖောင်းပွခဲ့သလဲဆိုရင် ဘီလျံ(သန်း၁ထောင်) ထရီလီယံ ငွေစက္ကူတွေထွက်ခဲ့တဲ့ အထိပါပဲ။ လက်ရှိအချိန်မှာတော့ ဇင်ဘာဘွေရဲ့ ငွေကြေးစနစ်ကို အမေရိကန်ဒေါ်လာနဲ့ အစားထိုးလိုက်တာကြောင့် ဇင်ဘာဘွေဟာ တန်ဖိုးအနိမ့်ဆုံးငွေကြေးစနစ်နိုင်ငံထဲမှာ မပါဝင်တော့ပါဘူး။ ထို့အတူ အမေရိကန် ၁ဒေါ်လာဟာ ကိုရီးယား ၁၁၂၀ ဝမ် ၊ မြောက်ကိုရီးယားဝမ် ၉၀၀ တို့နဲ့ သွားညီနေပြီဖြစ်တဲ့အတွက် သူတို့လည်း အနိမ့်ဆုံးငွေကြေးစနစ်ထဲမှာ မပါဝင်တော့ပါဘူး။ လက်ရှိငွေကြေး စနစ်အနိမ့်ဆုံးနိုင်ငံတွေကတော့-

၁၀။ Ugandan Shilling

1 USD = 3695 UGX

ယူဂန်ဒါရှိလင်ဟာ ယူဂန်ဒါနိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ယူဂန်ဒါဟာ အာဖရိကတိုက် အရှေ့ပိုင်းက နိုင်ငံငယ်လေးတစ်ခုဖြစ်ပါတယ်။ ကော်ဖီ ၊ လက်ဖက် ၊ ဆေးရွက်ကြီး ၊ သကြား ၊ ဝါဂွမ်း စတာတွေဟာ ယူဂန်ဒါရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ဒေသအလိုက် စစ်ပွဲတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ယူဂန်ဒါရဲ့စီးပွားရေး ဟာ အလွန်ကျဆင်းခဲ့ပေမယ့် ယခုနှစ်ပိုင်းမှာတော့ ဖြည်းဖြည်းချင်း ပြန်တိုးတက်လာခဲ့ပြီဖြစ်ပါတယ်။ မနှစ်က အမေရိကန် ၁ဒေါ်လာဟာ ယူဂန်ဒါရှီလင် ၃၈၄၁ နဲ့ တူညီနေရာမှ ယခုအခါ ၃၆၉၅ သို့ ကျဆင်းခဲ့ပါပြီ။ ဒါပေမယ့် တန်ဖိုးအနိမ့်ဆုံး ငွေကြေးစနစ်ထဲမှာ ပါဝင်လျှက်ရှိနေတုန်းပါပဲ။ ငွေစက္ကူအနေနဲ့ကတော့  1000 shillings ကနေ 50,000 shillings တန်အထိရှိပါတယ်။

၉။ Cambodian Riel

1 USD = 4071 KHR

ကမ္ဘောဒီးယန်းရီယယ်ကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ငွေကြေးစနစ်ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဟာ နိုင်ငံသားချင်း တစ်ဦးချင်းစီပျမ်းမျှဝင်ငွေ ဒေါ်လာ ၁၃၈၄ နဲ့ အာဆီယံ အနိမ့်ဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။ သူ့ရဲ့အောက်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက ၁၂၉၉ နဲ့ ရပ်တည်နေပါတယ်။ အကျင့်ပျက်ခြစားမှုတွေ နဲ့ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေဟာ ဒီနိုင်ငံရဲ့စီးပွားရေးကျဆင်းနေခြင်း ရဲ့ အဓိကအကြောင်းအရာတွေဖြစ်တယ်လို့ သိရပါတယ်။ ဆောက်လုပ်ရေး ၊ လောင်းကစား ၊ ငါးဖမ်းခြင်း ၊ ဆန်စပါး ၊ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေဟာ ကမ္ဘောဒီးယားရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေစက္ကူအနေနဲ့ 50 riels ကနေ 100,000 riels အထိရှိပါတယ်။

၈။ Paraguayan Guarani

1 USD = 5735 PYG

ကမ္ဘာ့တန်ဖိုး အနိမ့်ဆုံး ငွေကြေးစနစ်များ ရဲ့ နံပါတ် ၈မှာရပ်တည်နေတာကတော့ ပါရာဂွေးယန်းဂွာရာနီ ဖြစ်ပါတယ်။ တောင်အမေရိကတိုက်က ပါရာဂွေးနိုင်ငံရဲ့ တရားဝင်ငွေကြေးနစ်ဖြစ်ပါတယ်။ အကျင့်ပျက်ခြစားမှု ၊ ငွေကြေးဖောင်းပွမှု နဲ့ ပညာရေးစနစ်နိမ့်ကျခြင်းတို့ကြောင့် စီးပွားရေးဘက်မှာလည်း ကျဆင်းနေရတဲ့နိုင်ငံဖြစ်ပါတယ်။ စီးပွားရေးအနေနဲ့ ဝါဂွမ်းစိုက်ပျိုးခြင်း နှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ အခြားအဓိကလုပ်ငန်းတွေကတော့ သကြားစိုက်ပျိုးတင်ပို့ရေး ၊ ဘိလပ်မြေ ၊ ချည်မျှင်နှင့် အထည် ၊ အဖျော်ယမကာ ၊ သံမဏိ ၊ ပရိဘောဂ ၊ အခြေခံသတ္တုများ နှင့် လျှပ်စစ်လုပ်ငန်းတို့ဖြစ်ပါတယ်။ ပါရာဂွေးနိုင်ငံဟာ ၂၀၁၇ခုနှစ် စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီ ပျမ်းမျှဝင်ငွေ ၄၃၆၆ဒေါ်လာ နဲ့ ကမ္ဘာ့အဆင့် ၁၀၂ မှာ ရပ်တည်နေပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 2000 PGY ကနေ 100,000 PGY အထိရှိပါတယ်။ ၁သိန်းတန် ပါရာငွေးငွေစက္ကူပေါ်မှာတော့ ဂါရာနီလူမျိုးတို့ရဲ့ ပထမဆုံး ဘုန်းတော်ကြီး Roque González de Santa Cruz ရဲ့ ပုံကို ရိုက်နှိပ်ထားပါတယ်။

၇။ Uzbekistani soʻm

1 USD = 7796 UZS

ဥဇဘက်ကစ္စတန်နီးဆွမ်း ကတော့ အာရှအလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ ရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ စီးပွားရေးကျဆင်းမှုကြောင့် ၁၉၉၂ခုနှစ်က ဥဇဘက် ၁ဆွမ်းဟာ အမေရိကန် ၁ဒေါ်လာ နဲ့ တူညီခဲ့ပေမယ့် ယခုအချိန်မှာတော့ အဆပေါင်း ၈၀၀၀ နီးပါးကျဆင်းသွားခဲ့ပါပြီ။ စီးပွားရေးအနေနဲ့ ချည်မျှင် ၊ အစားအစာ နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများကို သာအဓိကလုပ်ကိုက်တဲ့ ဥဇဘက်ကစ္စတန်နိုင်ငံဟာ နိုင်ငံသားတစ်ဦးချင်းစီ ပျမ်းမျှဝင်ငွေ  ၁၅၀၄ဒေါ်လာသာ ရှိပြီး ကမ္ဘာ့အဆင့် ၁၄၈ မှာရပ်တည်နေပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 1 soʻm ကနေ 50,000 soʻm တန်အထိ ရှိပါတယ်။

၆။ Sierra Leonean Leone

1 USD = 7955 SLL

Sierra Leonean Leone ကတော့ အာဖရိကတိုက် အနောက်ပိုင်းက ဆီရာလီယွန်နိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ပညာရေး နိမ့်ကျလွန်းပြီး အဆင်းရဲဆုံးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။ အီဘိုလာလို ရောဂါကပ်ဘေးရဲ့ဒါဏ်တွေကိုလည်း ခံစားရရှိလေ့နိုင်ငံဖြစ်ပါတယ်။ စိန်တူးဖော်ခြင်း ၊ စီးကရက် ၊ အဖျော်ယမကာ ၊ ချည်မျှင် စတဲ့လုပ်ငန်းတွေဟာ ဒီနိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်စာရင်းအရ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ ၄၉၉ဒေါ်လာသာ ရှိပြီး ကမ္ဘာ့အဆင့် ၁၇၅ မှာ ရပ်တည်နေပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 1000 leones  ကနေ 10 000 leones တန်အထိရှိပါတယ်။

၅။  Laotian Kip

1 USD = 8457 LAK

ဟုတ်ပါတယ် Lao Kip ဟာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံ လာအိုနိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ လာအိုနိုင်ငံကတော့ စီးပွားရေးအသင့်အတင့်ရှိတဲ့နိုင်ငံဖြစ်ပေမယ့် သူ့ရဲ့ငွေကြေးတန်ဖိုးကတော့ နိမ့်ကျပါတယ်။ ၂၀၁၇ ခုနှစ်ကစလို စီပွားရေးတဖြည်းဖြည်း တိုးတက်လာတဲ့လာအိုဟာ ပြီးခဲ့တဲ့လက တည်ဆောက်ဆဲရှိသေးတဲ့ ဆီပီယမ် ဆီနမ်နွိုင် ဆည် ကျိုးမှုကြောင့် လူရာနဲ့ချီသေဆုံးကာ သောင်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။  ရေအားလျှပ်စစ် ထုတ်လုပ်မှုကို စီးပွားရေးအတွက် ထွက်ပေါက်တစ်ခုအဖြစ် ရွေးချယ်တဲ့ နိုင်ငံငယ်တွေအတွက် ဒီဆည်ကျိုးမှုဟာ သင်ခန်းစာ ယူရမယ့် ဖြစ်ရပ် တစ်ခုပါပဲ။ လာအိုရဲ့အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ကြေးနီ ၊ ရွှေ ၊ သစ်မာ ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၊ စိုက်ပျိုးရေး ၊ ခရီးသွားလာရေး အစရှိတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 1kip ကနေ 100,000 kip တန်အထိရှိပါတယ်။ ၁သိန်းတန် ငွေစက္ကူကို နှစ်မျိုးရိုက်နှိပ်ပါတယ်။ တစ်မျိုးမှာတော့ လာအိုသမိုင်းရဲ့ အကြီးကျယ်ဆုံးဘုရင်တစ်ပါးဖြစ်တဲ့ ဆက်သာသီရပ်(Setthathirath) ရဲ့ ပုံကို ရိုက်နှိပ်ထားပြီး နောက်တစ်မျိုးမှာတော့ လာအိုရဲ့ပထမဆုံးဝန်ကြီးချုပ် Kaysone Phomvihane ရဲ့ပုံကိုရိုက်နှိပ်ထားပါတယ်။

၄။ Guinean Franc

1 USD = 9080 GNF

Guinean Franc ကတော့ ဂိနီသမ္မတနိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ဂီနီနိုင်ငံဟာ အာဖရိက တိုက် အနောက်ဘက်ပိုင်း အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေတွင် တည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ အပြင် လူဆိုးဂိုဏ်းတွေပေါများလွန်းတဲ့ ဂီနီနိုင်ငံဟာ အာဖရိကရဲ့ ငွေကြေးအဖောင်းပွဆုံးနိုင်ငံဖြစ်ပါတယ်။ ဂီနီဟာ တကယ်တော့ သံသတ္တုရိုင်း ၊ စိန် နဲ့ ငွေတို့အပြင် ယူရေနီယံကိုပါ တူးဖောင်ရရှိတဲ့ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေကို လည်းလုပ်ကိုင်တဲ့ ဂီနီနိုင်ငံဟာ တစ်ဦးချင်းပျမ်းမျှဝင်ငွေ ၇၂၄ ဒေါ်လာနဲ့ ကမ္ဘာ့အဆင့် ၁၆၈နေရာ မှာ ရပ်တည်နေပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 25 francs ကနေ 20,000 francs အထိရှိပါတယ်။

၃။ Indonesian Rupiah

1 USD = 14434 IDR

Indonesian Rupiah ကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှက နိုင်ငံတွေထဲ စီးပွားရေးတိုးတက်တဲ့နိုင်ငံဖြစ်ပေမယ့် သူ့ရဲ့ငွေကြေးစနစ်တန်ဖိုးကတော့ အလွန်နိမ့်ကျလှပါတယ်။ အင်ဒိုးနီးရှားအစိုးရဟာ ငွေကြေးတန်ဖိုးကို အတည်ငြိမ်ဆုံး ထိမ်းချုပ်ဖို့ကြိုးစားနေပေမယ့် လက်ရှိအချိန်အထိတော့ အဆင်မပြေသေးပါဘူး။ စိုက်ပျိုးရေး နဲ့ စက်မှုလုပ်ငန်းတွေအပြင် အင်ဒိုနီးရှားရဲ့ အဓိကစီးပွားရေးလုပ်ငန်းတွေကတော့ ရေနံ ၊ သဘာဝဓာတ်ငွေ့ ၊ ချည်မျှင် ၊ လျှပ်စစ်ပစ္စည်းများ ၊ အဝတ်အထည် ၊ သတ္တုတူးဖော်ရေး ၊ ဘိလပ်မြေ စတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ Rp1000 ကနေ Rp100000 အထိ ရှိပါတယ်။ ၁သိန်းတန်ပေါ်မှာတော့ အင်ဒိုနီးရှားရဲ့ ပထမဆုံးသမ္မတ ဆူကာနို နဲ့ ပထမဆုံး ဒုတိယသမ္မတ Mohammad Hatta တို့ရဲ့ပုံရိပ်တွေကို ထည့်သွင်းရိုက်နှိပ်ထားပါတယ်။

၂။ Vietnamese Dong

1 USD= 23280 VND

Vietnamese Dong ကတော့ ဗီယက်နမ်နိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ဗီယက်နမ်ကလည်း အင်ဒိုနီးရှားလို စီးပွားရေးတိုးတက်စနိုင်ငံဖြစ်နေပေမယ့် သူ့ရဲ့ငွေကြေးစနစ်ကတော့ ကမ္ဘာ့တန်ဖိုး အနိမ့်ဆုံး နံပါတ် ၂ မှာ ရှိနေပါတယ်။ တောင်မြောက် ဗီယက်နမ်ပြန်လည်ပေါင်းစည်းပြီးတဲ့နောက် စီးပွားရေးပြန်လည်တည်ဆောက်ရေးကာလမှ ကုန်ဈေးနှုန်းခေါင်ခိုက်အောင်တက်ခြင်း နဲ့ ငွေကြေးဖောင်းပွမှုတွေဟာ ယခုထိတိုက်ကျန်ရှိနေဆဲဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ဝန်းကျင်က အမေရိကန် ၁ဒေါ်လာဟာ ဗီယက်နမ် ၁၀ဒေါင်၊ ၁၅ဒေါင် နဲ့ တန်ဖိုးတူညီခဲ့ပေမယ့် ၁၉၈၆ ခုနှစ်ကစလို့ အဆမတန်ကျဆင်းခဲ့ပါတယ်။ ၁၉၉၀ မှာ ၁ဒေါ်လာ ၅၀၀၀ ၊ ၁၉၉၁ခုနှစ်မှာ ၁ဒေါ်လာ ၁၀၀၀၀ အထိ ဖြစ်သွားရာကနေ ပိုပိုပြီးကျဆင်းခဲ့ပါတယ်။ ဗီယက်နမ်ရဲ့ အဓိကစီးပွားရေး လုပ်ငန်းတွေကတော့ ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများ ၊ စတီး နဲ့ စက်ပစ္စည်းများ ၊ အစားအစာ ၊ ချည်မျှင် ၊ စိုက်ပျိုးရေး နဲ့ ခရီးသွားလာမှုလုပ်ငန်းတွေဖြစ်ပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 100₫ ကနေ 500,000₫ အထိရှိပါတယ်။ ငွေစက္ကူတိုင်းလိုလိုမှာ ဗီယက်နမ်ရဲ့အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။

၁။ Iranian Rial

1 USD = 44271 IRR

ကမ္ဘာ့ငွေကြေးတန်ဖိုး အနိမ့်ဆုံး နံပါတ် ၁မှာ ရပ်တည်နေတာကတော့ Iranian Rial ဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ အမေရိကန် ၁ဒေါ်လာဟာ အီရန်ငွေ ၄သောင်းကျော်နဲ့ ညီမျှတဲ့အထိ အီရန်ရဲ့ငွေကြေးစနစ်ဟာ နိမ့်ကျလျှက်ရှိပါတယ်။ ဒါတောင်မှ တရားဝင်ပေါက်ဈေးဖြစ်ပြီး တရားမဝင်ဈေးကွက်မှာ ၁ဒေါ်လာကို အီရန်ငွေ ၉သောင်းအထိပေါက်ပါတယ်။ မပြီးနိုင်မစီးနိုင်တဲ့ စစ်ပွဲတွေနဲ့ နိုင်ငံတကာအရေးရှု့ပ်ထွေးမှုတွေဟာ အီရန်ရဲ့စီးပွားရေးကို ထိခိုက်စေပါတယ်။ ဒါအပြင် ကမ္ဘာ့ဈေးကွက်က အီရန်ရဲ့ စီပွားရေးလုပ်ငန်းတွေကို တင်သွင်းခွင့်ပိတ်ပင်ထားမှုတွေလည်းရှိနေပြန်ပါတယ်။ ၁၉၇၃ခုနှစ်မှာ အမေရိကန် ၁ဒေါ်လာ ဟာ အီရန်ငွေ ၆၈.၇ နဲ့ ညီမျှခဲ့ပေမယ့် ၁၉၇၅ခုနှစ်ကစလို့ အီရန်ငွေတန်ဖိုး အဆပေါင်းများစွာ ကျဆင်းသွားခဲ့တာ ယနေ့ထိတိုင်ပါပဲ။ စီးပွားရေးအနေနဲ့ကတော့ ရေနံ ၊ မော်တော်ကား နဲ့ အပိုပစ္စည်းများ ၊ အီလက်ထရောနစ် နဲ့ ဆက်သွယ်ရေး ၊ စွမ်းအင် ၊ ချည်မျှင် ဈ ဆောက်လုပ်ရေး နဲ့ အစားအစာ လုပ်ငန်းများကို လုပ်ကိုင်ကြပါတယ်။ ပိတ်ပင်မှုတွေကြားထဲမှာပဲ အီရန်ရဲ့ စီးပွားရေးဟာ အသင့်အတင့် ရှိနေပါတယ်။ အီရန်နိုင်ငံသား တစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ ၅၄၁၅ဒေါ်လာ နဲ့ ကမ္ဘာ့အဆင့် ၉၁ မှာရပ်တည်နေပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ 100 rials ကနေ 100,000 rials တန်အထိရှိပါတယ်။ ၁သိန်းတန်ငွေစက္ကူပေါ်မှာတော့ အီရန်ခေါင်းဆောင်ကြီး Ruhollah Khomeini ပုံကို ရိုက်နှိပ်ထားပါတယ်။

ဒါတွေကတော့ ကျွန်တော်တွေ့ရှိရသလောက် ကမ္ဘာ့တန်ဖိုးအနိမ့်ဆုံး ငွေကြေးစနစ်တွေအကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ မိတ်ဆွေသိထားတဲ့ အချက်တွေရှိရင်လည်း ပြန်လည်မျှဝေသွားပါဦး

သုတဇုန်

Leave a Reply