Thutazone
Friday, December 13, 2019
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာပေါ်က ရှေးအကျဆုံး သေနတ် ၉လက် အကြောင်း

by Thutamm
December 12, 2019
2 min read
0
ကမ္ဘာပေါ်က ရှေးအကျဆုံး သေနတ် ၉လက် အကြောင်း
Share on FacebookShare on Twitter

(၉)ရာစုလောက်က တရုတ်နိုင်ငံသားတွေဟာ ယမ်းမှုန့်ကိုတီထွင်ပြီးတဲ့နာက်မှာ ပထမဆုံးသော သေနတ်တွေကို တီထွင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဥရော ပမှာတော့ အစောဆုံးသော ပုံထုတ်ရေးဆွဲထားတဲ့ သေနတ်ပုံစံတွေကို (၁၂)ရာစုနောက်ပိုင်းမှာ တွေ့ရှိလာရပြီး ပထမဆုံးသော ခြောက်လုံးပြူးသေနတ်ကိုတော့ ၁၂၈၈ ခုနှစ်ရောက်မှတီထွင်နိုင်ခဲ့တာပါ။ ရန်သူတွေကိုပတ်ခတ်တိုက်ခိုက်နိုင်တဲ့ လောင်ကျွမ်းစေနိုင်တဲ့ စက်ပစ္စည်းတွေကို မတီထွင်နိုင်ခင်ကတည်းက ဒီသေနတ်တွေကို စတင်တီထွင်ခဲ့တာပါ။ အဲဒီတုန်းကသေနတ်တွေကိုပစ်ခတ်ရင်တော့ လောင်ကျွမ်းစေနိုင်တဲ့ မီးစာကို မီးအရင်ရှို့ပြီးမှ ပစ်ခတ်နိုင်တာပါ။ ဒါကြောင့် အနီးကပ်တိုက်ပွဲတွေမှာ အသုံးမဝင်ပါဘူး။

ဒီလို လက်နက်တွေကို ပထမဆုံးမိတ်ဆတ်ပေးပြီး နောက်ပိုင်းမှာတော့ သေနတ်တွေ့ရဲ့ ထုတ်လုပ်မှုနည်းပညာတွေဟာ အလျှင်အမြန်ဖွံဖြိုးလာခဲ့ပြီး အင်ပါယာချဲ့ထွင်တဲ့ စစ်ပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာကြတာပါ။ ဒီလက်နက်တွေအစွမ်းနဲ့ အဲဒီကာလက ကိုလိုနီနယ်မြေ အပြိုင်အဆိုင်ချဲ့ထွင်နေတဲ့ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီတို့ဟာ တန်ခိုးအလွန်ထွားခဲ့ကြပြီး နေမဝင်အင်ပါယာကဲ့သို့သော ကမ္ဘာသမိုင်းဝင် အင်ပါယာတွေကို တည်ဆောက်နိုင်ခဲ့ကြတာပါ။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာပေါ်မှာအစောဆုံးတီထွင်ခဲ့တဲ့ သေနတ်အမျိုးအစားတွေနဲ့ ယနေ့ခေတ်လက်နက် ထုတ်လုပ်သူတွေဆင့်ပွားတီထွင်ခဲ့ကြရတဲ့ ရှေးဟောင်းသေနတ်တွေရဲ့ ရာဇဝင်အကြောင်းပဲ ဖြစ်ပါတယ်။

(၉) Gatling Gun

အမေရိကန်လူူမျိုး Dr.Richard J. Gatling တီထွင်ခဲ့တာကို အကြောင်းပြုပြီး Gatling Gun လို့နာမည်ပေးထားတဲ့ ဒီလက်နက်ဟာ ဥရောပမှာ အရှိန်အဟုန်နဲ့ဖွံဖြိုးလာတဲ့ သေနတ်အမျိုးအစားတွေ အနက်က အကောင်းဆုံးသော ဥပမာဖြစ်ခဲ့ပါတယ်။ ၁၈၆၁ခုနှစ်မှာ တီထွင်ခဲ့တဲ့ ဒီစက်သေနတ်ဟာ ယနေ့ခေတ်မှာသုံးစွဲနေတဲ့ စက်သေနတ်မျိုးဆက်တွေရဲ့ ပထမဆုံးသောရှေ့ပြေးလက်နက်တွေဖြစ်ခဲ့ပါတယ်။ ဒီစက်သေနတ်တွေဟာ(၁၇၀)ပေါင်အလေးချိန်၇ှိ ပြီး(၄၂.၅)လက်မအရှည်ရှိပါတယ်။ ဒီလက်နက်ကို အသုံးပြုဖို့ လူလေးဦးအထိ လိုအပ်ပါ တယ်။ GatlingGun တွေကို အမေရိကန်ပြည်တွင်းစစ်အတွင်း ပထမဆုံးသုံးစွဲခဲ့တာဖြစ်ပါတယ်။

ဗာဂျီးနီးယားပြည်နယ် Petersburg မြို့တိုက်ပွဲတွေမှာ အမေရိကန်စစ်သည်တွေအတွက် အလက်ပေါင်း (၁၂) လက်ကို ဝယ်ယူသုံးစွဲခဲ့ပါတယ်။ ဒါအပြင်ဒီ Gatling Gun တွေကို Boshin War နဲ့ Anglo Zulu War ကဲ့သို့သောနိုင်ငံတကာ အရေးအခင်းတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲ လာခဲ့ကြပါတယ်။ ဒါအပြင် စပိန်နှင့် အမေရိကန်ပြည်ထောင်စုဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလအတွင်းကလည်း အမေရိကန်စစ်သည်တွေ ကိုင်တွယ် အသုံးပြုခဲ့ကြပါတယ်။ အထူးသဖြင့် San Juan တောင်ကုန်းတိုက်ပွဲတွေမှာ Gatling Gun တွေရဲ့ စွမ်းဆောင်ချက်က အတော်လေးထိရောက်ခဲ့တာပါ။ ယနေ့ခေတ်အသုံးပြုနေတဲ့ စတင်းဂန်း တွေအပါအဝင် များစွာသော ခေတ်မီသေနတ်တွေဟာ Gatling Gun ရဲ့ အရိပ်အောက်ကနေ ရုန်းမထွက်နိုင်ကြသေးပါဘူး။

(၈) Colt Revolver

ယနေ့ခေတ်မှာ များစွာသော ခေတ်မီခြောက်လုံးပြူသေနတ်တွေကို တီထွင်အသုံးပြုနေ ကြပြီဖြစ်သော်လည်း အမေရိကန်လူမျိုး Samuel Colt တီထွင်ခဲ့တဲ့ ခြောက်လုံးပြူသေနတ်ကတော့ ပထမဆုံးသောခြောက်လုံးပြူ သေနက်ဖြစ်ကြောင်းသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ Coltဟာ သူ့လက်နက်အတွက် ပထမဆုံးသောမူပိုင်ခွင့်ကို ၁၈၃၅ ခုနှစ်မှာဗြိတိန် နိုင်ငံကနေရရှိခဲ့ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ အမေရိကန်ပြည်ထောင်စုက နေရရှိခဲ့ပြန်ပါတယ်။ ၁၈၃၆ ခုနှစ်မှာတော့Coltဟာ အမေရိကန်ပြည်ထောင်စု၊နယူးဂျာစီ ပြည်နယ်၊ ပတ်တာဆန် မြို့မှာတည်ရှိတဲ့ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့လက် တွဲခဲ့ပါတယ်။ Colt ဟာ ဒီကုမ္ပဏီနဲ့ လက်တွဲပြီး ၁၈၄၂ ခုနှစ်တိုင်အောင် သေနတ်တွေ ထုတ်လုပ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း Coltဟာ အမေရိကန်အစိုးရနဲ့လက်နက် ထုတ်လုပ်ရေးဆိုင်ရာ သဘောတူညီစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး စာချုပ်သက်တမ်းအတွင်း မှာပဲ ၁၈၄၆ မှာ အမေရိကန်ဟာ မက္ကဆီကိုနဲ့စစ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်Colt အနေနဲ့ သီးခြားမရပ်တည်နိုင်ခဲ့ပဲ စာချုပ်ကုန်တဲ့အထိ အမေရိကန်စစ်တပ်အတွက် လက်နက် တွေထုတ်ပေးခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ Colt ဟာအခြားပညာရှင်တစ်ယောက်ဖြစ် တဲ့ Captain Samuel H Walker နဲ့ပူးပေါင်းပြီး ခြောက်လုံးပြူးလက်နက်တွေကို ဆန်းသစ်ခဲ့ပါသေးတယ်။ မကြာခင်မှာပဲ အမေရိကန်ဗိုလ်ချုပ်ကြီး Zachary Taylor ကသူ့စစ်တပ်အတွက် ခြောက်လုံးပြူးသေနတ် အလက် ၁၀၀၀ ထုတ်လုပ်ပေးရန် Coltထံ ပစ္စည်းအမှာစာပို့ပါတော့တယ်။ အဲနောက်ပိုင်းကစပြီး ယနေ့အချိန်ထိ Colt တီထွင်ထုတ်လုပ်ထားတဲ့ ခြောက်လုံးပြူးတွေကို လူကြိုက်များနေဆဲဖြစ်ပြီး ပညာရှင်အဆင့်ဆင့်က ဆန်းသစ်ခဲ့ကာ ယနေ့အထိ လက်နက်ဈေးကွက်မှာ နေရာအခိုင်အမာရယူထားဆဲပါ။ ဒါအပြင် ကမ္ဘာလက်နက်ဈေးကွက်မှာ Colt လက်နက်ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီဟာ အကျယ်ပြန့်ဆုံးသော ဈေးကွက်ကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းနေရာကနေ ယနေ့ဦးဆောင်လျှက်ရှိနေဆဲပါ။

(၇) Musket Modele 1777

Musket Modele 1777 တွေဟာ ဥရောပမှာတော့ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့တဲ့ ပြောင်းရှည်အမျိုးအစားသေနတ်တွေဖြစ်ပါတယ်။ မူလကတော့ဒီသေနတ်တွကို ပြင်သစ်ပညာရှင်တွေက ပြင်သစ်စစ်သည်တွေအတွက် ထုတ်လုပ်ပေးခဲ့တာပါ။ ပြင်သစ်ကြည်းတပ်စစ်သည်တွေကို ဒီ Musket Modele 1777သေနက်ကိုအသုံးပြုစေပြီး တစ်မိနစ်မှာ ပစ်မှတ်သုံးခုကိုပစ်ခတ်နိုင်ရန် ရည်ရွယ်ချက်နဲ့ တာဝန်ရှိသူတွေက လေ့ကျင့်ပေးခဲ့တာပါ။ ၁၇၇၇ခုနှစ် ကနေ ၁၈၂၆ ကာလတွေအထိ Musket Modele 1777 သေနတ်ရှည်အလက်ပေါင်း (၇)သန်းနီး ပါးထုတ်လုပ်ပေးခဲ့တာပါ။ ဒီလောက်များပြားတဲ့ လက်နက်အရေအတွက်ထုတ်လုပ်မှုကို ပထမကမ္ဘာစစ်တိုင်အောင် အခြားမည်သည့်လက်နက်မှ ကျော်လွန် မထုတ်လုပ်နိုင်ခဲ့ပါဘူး။

ပြင်သစ်တော်လှန်ရေးပြီးဆုံးခဲ့တဲ့ ၁၈၀၀ခုနှစ် အစောပိုင်းကာလတွေကတည်းက ပြင်သစ်စစ်ဘုရင် နပိုလီယံ ဘိုနာပတ် ဟာ ဒီMusket အမျိုးအစားသေနတ်တွေကို ပိုမိုပေါ့ပါးအောင်ထုတ်လုပ်ရန် လမ်းညွှန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ထုတ်လုပ်ခဲ့တဲ့ Musket Modele 1777 သေနတ်တွေဟာ ပိုမိုအရည်အသွေးပိုင်း ကောင်းမွန်လာခဲ့ပြီး ကမ္ဘာနဲ့ချီပြီး အထူးရောင်းချရတဲ့ ပို့ကုန် တွေဖြစ်ခဲ့ပါတယ်။ ၁၈၁၆ နဲ့၁၈၂၂ ကာလတွေမှာထုတ်လုပ်ခဲ့တဲ့ Musket Modele 1777 သေနတ်အမျိုးအစားတွေဟာ အသေးငယ်ဆုံး၊ အပေါ့ပါးဆုံးဖြစ်ခဲ့ပါတယ်။

(၆) Puckle Gun

Puckle Gun တွေဟာ ပထမဆုံးအစောပိုင်းထုတ် စက်သေနတ် အမျိုးအစားတွေဖြစ်ပြီး ယနေ့ခေတ် စက်သေနတ်တွေနဲ့တော့ ကွဲလွဲပါတယ်။ ဒီစက်သေနတ်တွေကိုတော့ အင်္ဂလန်နိုင်ငံသား James Puckle က ၁၇၁၈ မှာတီထွင်ခဲ့ပါတယ်။ ဒီစက်သေနတ်တွေမှာ အောက်ခြေထောက်သုံးခုပါဝင်ပြီး ပြောင်းတစ်ခုတည်းပါဝင်ကာ အရပ်မျက်နှာတိုင်းကိုလှည့်ပတ်ပစ်ခတ်နိုင်တဲ့ ကျောက်မီး သေနတ် အမျိုးအစားတွေပဲဖြစ်ပါတယ်။ ဒီစက်သေနတ်ကိုတော့ သဘောၤတွေပေါ် မှာသာ အများဆုံးတပ်ဆင်ပြီး anti – boarding gun အဖြစ်ထားရှိပြီးသုံးစွဲခဲ့ကြတာပါ။

ဒီစက်သေနတ်တွေဟာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိတာကြောင့် လက်နက် ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ ဗြိတိန်တပ်မတော်ရဲ့မှတ်တမ်းတွေ မှာလည်း ဒီစက်သေနတ်ကို ဝယ်ယူသုံးစွဲခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒီစက်သေနတ်တွေကိုတော့ ဥပမာ တစ်ခုအနေနဲ့သာ ပြသခဲ့ပြီး Boughton House နဲ့ Beaulieu နန်းတော်မှာ တစ် လက်စီပြသထားခဲ့ပါတယ်။ ဒီစက်သေနတ်တွေကိုတော့ ဗြိတိန်ဘုရင်တပ်မတော်ရဲ့ လက်ရွေးစင် ဗိုလ်ချုပ်ကြီး မွန်ထရာဂူက ၁၇၂၂ မှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

(၅) King Louis Xlll’s Flintlock Gun

ပြင်သစ်ဘုရင် Louis Xlll ရဲ့ ကျောက်မီးသေနတ်ဟာ အဆင့်မြင့်နည်းပညာသုံးပြီးတီထွင် ပေးထားတဲ့ အထူးထုတ် သေနတ်တစ်လက်ပါ။ ပထမဆုံးသော ကျောက်မီးသွေး သေနတ်ကို ပြင်သစ်နိုင်ငံကပဲ (၁၇)ရာစုအစောပိုင်း မှာဖန်တီးခဲ့တာပါ။ ကျောက်မီးသေနတ် တွေဟာ (၁၉)ရာစုလောက်အထိ လူသုံးများခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆန်းသစ်လာတဲ့ သေနတ်အမျိုးအစားတွေကြောင့် နောက်ပိုင်းမှာ တီထွင်မှုတွေရပ်ဆိုင်း သွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ Louis Xlll ရဲ့ ကျောက်မီးသေနတ် ဟာ အစောဆုံးပေါ်ခဲ့တဲ့ ကျောက်မီးသေနတ်တွေအတွက် အကောင်းဆုံးသော ဥပမာဖြစ်ခဲ့ပါတယ်။

ဒီသေနတ်ကိုတီထွင်ပေးခဲ့သူတွေကတော့ ပြင်သစ်နာမည်ကျော် လက်နက် ပါရဂူတွေဖြစ်တဲ့ Pierre Le Bourgeois နဲ့ သူရဲ့အစ်ကို Marin တို့က တီထွင်ပေးခဲ့တာပါ။ ဒီကျောက်မီး သေနတ်မှာ တီထွင်ပေးသူတွေရဲ့ အမည် ကိုစာလုံးရိုက်နှိပ်ထားပါတယ်။ King Louis Xlll နန်းတက်တဲ့အချိန်မှာလည်း ဘုရင်အသုံးအဆောင် ပစ္စည်းစာရင်းမှာဒီကျောက်မီးသေနတ်ကို ဖော်ပြထားပြီး ဒီသေနတ်ရဲ့ ဒင်တွေကို ပန်းလိပ်ပုံဒီဇိုင်းဆွဲပြီး လှလှပပ ဖော်ကျူးပေးထားတာပါ။ ယနေ့မှာတော့King Loui Xlll ရဲ့ ကျောက်မီးသေနတ်ကိုအမေရိကန်နိုင်ငံနယူးယောက်မြို့ မှာရှိတဲ့ Museum Mile ပြတိုက်ရဲ့ Gallery 375 မှာပြသထားပါတယ်။

(၄) Georg Von Reichwein’s Revolver

ဒီသေနတ်ကိုတော့ဂျာမနီနိုင်ငံသား Georg Von Reichweinက(၁၇)ရာစုအလယ် လောက်မှာစတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာ ရှေးအကျဆုံးသော ခြောက်လုံးပြူးသေနတ်လည်းဖြစ်ပါတယ်။ ဒီသေနတ်ကို ၁၅၉၇ မှာဂျာမန် လက်နက်ပစ္စည်းတီထွင်သူ Hans Stopler ကဖန်တီးခဲ့ကြောင်း သေနတ်ရဲ့ကိုယ်ထည်မှာ တိတိကျကျဖော်ပြထားပါတယ်။ ဒီသေနတ်ကို တော်ဝင်မျိုးနွယ်တစ်ဦးကို ရည်ရွယ်ပြီးထုတ်လုပ်ခဲ့တာ့ဖြစ်ပြီး ကြေးဝါ၊ အရိုး၊ ကမာခွံရဲ့အတွင်းလွှာတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ယနေ့ခေတ် ခြောက်လုံးပြူ သေနတ်တွေနဲ့မတူညီတာ ကတော့ သေနတ်ရဲ့ကျည်အိမ်ဟာအလို အလျောက် လည်ပတ်တာမဟုတ်ပဲ လူကလက်နဲ့လှည့်ပေး နေရတဲ့ အနေအထားဖြစ်ပါတယ်။

Georg Von Reichwein ဟာ ဒီသေနတ်ကို နောက်ဆုံးပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ဒီသေနတ်ကိုတော့ ၁၆၃၆ ခုနှစ်မှာ နော်ဝေနိုင်ငံ Bergenhusခံတပ်တိုက်ပွဲတွေမှာ အထူးချွန်ဆုံးစွမ်းဆောင်ပြခဲ့တာကြောင့် ဗိုလ်မှူးအဖြစ် ရာထူးတိုးခြင်းခံရတဲ့ စစ်သည်တော်တစ်ဦး ထံကနေ တစ်ဆင့်ပြန်လည် ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီခြောက်လုံးပြူသေနတ်ကို နော်ဝေနိုင်ငံ Lillehammerမြို့ Maihaugen Folk ပြတိုက်မှာ ထားရှိပါတယ်။ ၂၀၁၄ ခုနှစ်မှာကျင်းပခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ အကြိမ် ၂၀၀ မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်ပတ်လည်နေ့ အခမ်းအနားမှာ Georg Von Reichwein’s ခြောက်လုံးပြူကို ခေတ္တခင်းကျင်း ပြသထားခဲ့ပါသေးတယ်။

(၃) Tanegashima

ဒီမီးစာသေနတ်တွေဟာ ဂျပန်က ဖန်တီးထားတာဖြစ်ပြီး အထူးသဖြင့် ဆာမူရိုင်းတွေနဲ့ သူတို့ရဲ့လက်အောက်ခံ စစ်သည်တွေ ကိုင်တွယ်အသုံးပြုကြတာပါ။ ဒီမီးစာသေနတ်တွေကို ဂျပန်တွေဆီစတင် မိတ်ဆက်ပေးခဲ့သူတွေကတော့ ပေါ်တူဂီတွေဖြစ်ပါတယ်။ ၁၅၄၃ခုနှစ်မှာ မုန်တိုင်းဒဏ်ကြောင့် ပေါ်တူဂီနယ်မြေသစ်ရှာဖွေသူတွေဟာ Tanegashimaကျွန်းကို ရောက်ရှိလာခဲ့ပြီး ဒီကျွန်းစုရဲ့သခင် ဂျပန်လူမျိုး Tanegashima Tokitaka ကလက်ခံတွေ့ဆုံခဲ့ပါတယ်။ ထို့နောက် Tokitakaဟာ ပေါ်တူဂီတွေဆီကနေ မီးစာသေနတ် (၂)လက်ကိုဝယ်ယူခဲ့ပြီး ဒီလိုလက်နက်တွေကို ဓါးရှည်တွေထုတ်လုပ်တဲ့ ပန်းပဲတွေမှာ ပုံစံတူ/အရည်အသွေးတူ ထုတ်လုပ်နိုင်သလားလို့မေးမြန်းခဲ့ပါတယ်။ ပေါ်တူဂီတွေကလည်း ပြုလုပ်နိုင်ပါကြောင်း ပြောဆိုကာ မီးစာသေနတ်ထုတ်လုပ်မှု နည်းပညာဆိုင်ရာ စာပေတွေကို ပေးခဲ့ပါတယ်။

ဒါပေမဲ့ ဂျပန် ပညာရှင်တွေအနေနဲ့လက်တွေ့ဆောင်ရွက်တဲ့ အခါမှာတော့ နှစ်အနည်းငယ်ကြာတဲ့အထိ မီးစာသေနတ်တွေကို ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ ပေါ်တှုဂီကလက်နက်ပညာရှင်တွေကို အခကြေးငွေနဲ့ခေါ်ယူပြီး ပေါင်းစပ်ဆောင်ရွက်တဲ့ အခါမှသာ ဂျပန်တွေရဲ့ မီးစာသေနတ်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ် အောင်မြင်သွားခဲ့ရတာပါ။ နောက်ထပ် (၁၀)စုနှစ်တစ်ခုကြာပြီးတဲ့ အခါမှာတော့ ဂျပန် လက်နက်ပညာရှင်တွေဟာ Tanegashima မီးစာသေနတ် အလက်ပေါင်း ၃၀၀၀၀၀ လောက်ကို ထုတ်လုပ်ပြီး ဂျပန်စစ်တပ်ကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒီ Tanegashima သေနတ်တွေကြောင့် ဂျပန်တပ်မတော်ရဲ့ တိုက်ပွဲဝင် စနစ်တွေပြောင်းလဲသွားခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

(၂) Emperor Charles V’s Wheellock Pistol

သေနတ်တွေထုတ်လုပ်တဲ့ နည်းပညာတွေမြင့်မားလာတဲ့အမျှ ပစ်ခတ်တဲ့အခါ ကွဲပြား တဲ့ သက်ရောက်မှုရှိတဲ့ စက်ပစ္စည်းကိရိယာတွေ ပေါ်ပေါက်လာပါတယ်။ မီးစာသေနတ် တွေဟာ Wheellock အမျိုးအစားသေနတ်တွေထက် ပိုရှေးကျတဲ့အကြောင်း အနည်းငယ်သော ဥပမာတွေက သက်သေပြနေပါတယ်။ ဒါပေမဲ့လည်း Wheellock သေနတ်တွေဟာ ၁၆ရာစု လောက်ကတည်းက ပထမဆုံးဖန်တီးသုံးစွဲနေ ခဲ့ကြတာဖြစ်ပြီး ယနေ့ထက်ထိ အသုံးပြုနေဆဲပါ။ Wheellockသေနတ်တွေဟာ ပထမဆုံး မီးရှို့ပြီးမှ ပစ်ခတ်ရတဲ့လက်နက်တွေဖြစ်ပြီး လက်တစ်ဖက်ကိုအသုံးပြုပြီး ပစ်ခတ်ခြင်းအမှုကို ပြီးဆုံးအောင်ပြုလုပ်နိုင်ပါတယ်။ ပြောင်းဝနှစ်ခုပါရှိတဲ့ Wheellock သေနတ်အမျိုးအစား ပစ္စတိုဟာ ဂျာမနီဘုရင် Charles V အတွက်သီးသန့်ဖန်တီးပေးထားခဲ့တာပါ။

ဒီပစ္စတိုဟာ ရှေးအကျဆုံးသော ပစ္စတိုဖြစ်ပြီး ၁၅၄၀-၁၅၄၅ ပတ်ဝန်းကျင်မှာဂျာမနီနိုင်ငံသား Peter Peck ကစတင် တီထွင်ခဲ့တာပါ။ သူဟာ လက်ပတ်နာရီတွေကိုလည်း တီထွင်ခဲ့ပါသေးတယ်။ ဒီသေနတ်ရဲ့ ပုံသဏ္ဍာန်ဟာ ကျည်အိမ်နှစ်ခုကိုလောင်ကျွမ်းစေတဲ့ စက်ကိရိယာတစ်ခုနဲ့ ပေါင်းစပ်ပေးထားပြီး ပြောင်းဝနှစ်ဘက်ကလည်း တစ်သီးတစ်ခြားလောင်ကျွမ်းပြီး ကျည် ဆန်ကို ထွက်ခွာစေတာပါ။ သိန်းငှက်ပုံခေါင်းနှစ်ခေါင်းနဲ့ Hercules မဏ္ဍိုင်ပေါ်မှာ လက်တင်ဘာသာစကား PLVS VLTRA (ဒီထက်မက ကျော်လွန်)လို့အဓိပ္ပါယ်ရတဲ့ အသုံးအနူန်းကို ရေးထိုးထားတဲ့ဒီလက်နက်ကို Charles V ရဲ့ ကိုယ်ပိုင်အမှတ်အသား အနေနဲ့တောင် အသိအမှတ်ပြုခဲ့တာပါ။

(၁) Heilongjiang Hand Cannon

တရုတ်နိုင်ငံမှာရှိတဲ့ Heilongjiang ပြည်နယ်က Hand Cannon ကိုတော့ကမ္ဘာကြီးရဲ့ရှေးအကျဆုံးသောသေနတ်ကဲ့သို့သော ပစ်ခတ်နိုင်တဲ့ လက်နက်အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။ Heilongjiang Hand Cannon ဟာ သေနတ်မဟုတ်ပေမဲ့ ပစ်ခတ်နိုင်အောင်ဖန်တီးထားပြီး မျက်မှောက်ခေတ် သေနတ်တွေရဲ့ ရှေပြေးတီထွင်မှုလည်းဖြစ်ပါတယ်။ ဒီလက်နက်ကိုတော့ ၁၉၇၀ ခုနှစ်မှာ တရုတ်နိုင်ငံက Heilongjiangပြည်နယ်ထဲက Banlachengzi ကျေးရွာမှာ တူးဖော်တွေ့ရှိခဲ့တာပါ။ Heilongjiang Hand Cannonဟာ (၇.၈၃)ပေါင်လေးပြီး (၁၃.၄)လက်မရှည်ပါတယ်။

လေ့လာသူတွေကတော့ ဒီလက်နက်ကို ၁၂၈၇-၁၂၈၈ခုနှစ် အကြား Banlachengzi ကျေးရွာအနီးဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေမှာသုံးစွဲခဲ့ကြတာလို့ယူဆကြပါတယ်။ Yuan သမိုင်းမှာဖော်ပြထားတာကတော့ စစ်သူကြီး Li Ting ဦးဆောင်လာ တဲ့ Jurchen စစ်သည်တွေဟာ ဒီ Hand Cannon လက်နက်တွေကိုတပ်ဆင်ထားပြီး  Yuan မင်းဆက်ကို တော်လှန်တဲ့နေရာမှာ သုံးစွဲခဲ့တာလို့ ဖော်ပြထားပါတယ်။ ယနေ့မှာတော့ Heilongjiang Hand Cannonကို တရုတ်နိုင်ငံ Heilongjiang ပြည်နယ်ရဲ့ မြို့တော် Harbin မှာရှိတဲ့ Heilongjiang ပြည်နယ်ပြတိုက်မှာ ပြသထားပါတယ်။

သုတဇုန်

Tags: kaung htetknowledgemilitary
Next Post
ကမ္ဘာတလွှား ထူးထူးခြားခြား ရေအောက်နေရာများ

ကမ္ဘာတလွှား ထူးထူးခြားခြား ရေအောက်နေရာများ

Discussion about this post

Trending

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 
Knowledge

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 

by Thutamm
December 11, 2019
မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်
Knowledge

မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်

by Thutamm
December 11, 2019
ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 
Amazing

ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 

by Thutamm
December 11, 2019
ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 
History

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 

by Thutamm
December 9, 2019
အမေရိကန်တွေ အရက်ကို နိုင်ငံလုံးကျွတ် ဖျက်သိမ်းခဲ့စဉ်က
History

အမေရိကန်တွေ အရက်ကို နိုင်ငံလုံးကျွတ် ဖျက်သိမ်းခဲ့စဉ်က

by Thutamm
December 8, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

 

Null