ကမာၻတလႊား ထူးထူးျခားျခား ေရေအာက္ေနရာမ်ား

Posted on

ေရးသားသူ – မယ္ရူပ (Living Fashion Magazine)

ကမၻာႀကီးရဲ႕ သံုးပံုႏွစ္ပံုေလာက္ဟာေရေတြနဲ႔ ဖံုးလႊမ္းေနတယ္ဆိုေတာ့ ေရေအာက္ကမၻာေလးေတြထဲ စူးစမ္းရွာေဖြတဲ့ခရီးမသြားဖူးေသးဘူးဆိုရင္ အေတြ႔အၾကံဳျပည့္ဝတဲ့ကမၻာလွည့္ခရီးသည္တစ္ဦးလို႔ ေျပာႏိုင္မွာမဟုတ္ဘူးေပါ့။ ေရေအာက္ထဲမွာဘာေတြရွိႏိုင္မလဲ။ သႏၱာေက်ာက္တန္းဖြဲ႔စည္းပံုေတြ၊ ေရေအာက္ျပတိုက္ေတြ၊ နစ္ျမဳပ္ေနခဲ့တဲ့သေဘၤာပ်က္ႀကီးနဲ႔ အံ့ၾသဖြယ္ရာထူးျခားလွတဲ့ ေရေအာက္ဟုိတယ္ေတြရွိေနႏိုင္တယ္။ ကမၻာ့ထိပ္တန္း ေရေအာက္ကမၻာက ထူးျခားတဲ့ေနရာေလးေတြကို လိုက္ၾကည့္ရေအာင္ေနာ္။

10. Underwater sculpture park, Grenada

ကရစ္ဘီယံပင္လယ္အေရွ႕ေတာင္ဘက္ပိုင္း ကၽြန္းႏိုင္ငံ Greneda ရဲ႕ ပန္းပုပန္းျခံဟာ တကယ့္ကိုအံအားသင့္စရာေကာင္းလွတဲ့ ေရေအာက္အႏုပညာျပခန္းတစ္ခုျဖစ္ၿပီး ႏိုင္ငံရဲ႕ moliniere ပင္လယ္ေအာ္ဘက္မွာတည္ရွိပါတယ္။ အဲဒီပန္းပုလက္ရာေတြကိုၾကည့္ရႈဖို႔ ေရေအာက္အသက္ရႈပိုက္နဲ႔ ေရငုပ္ဝတ္စံုဝတ္ဆင္ဖူးသူ၊ အေလ့အက်င့္ရွိသူျဖစ္ေနရပါလိမ့္မယ္။ Greneda ရဲ႕ ကမၻာလွည့္ခရီးသည္အာဏာပိုင္ေတြက ေရေအာက္ထဲ မဆင္းလိုသူေတြ ပန္းျခံအေပၚဘက္ျမင္ကြင္းၾကည့္ရႈႏိုင္ေအာင္လည္း ဖန္သားေအာက္ေျခပါေလွေတြစီစဥ္ေပးထားပါတယ္။ ေရေအာက္ပန္းပုပန္းျခံထဲမွာ အဂၤလိပ္ပန္းခ်ီ/ ပန္းပုပညာရွင္ Jason De Caires Taylor ရဲ႕ ကြဲျပားတဲ့ပန္းပုလက္ရာ ၆၅ ခုေက်ာ္ရွိေနပါတယ္။

ပန္းပုရုပ္ေတြရဲ႕ အေရာင္အေသြးနဲ႔တည္ေဆာက္ပံုဟာ ပင္လယ္သမုဒၵရာေရစီးေၾကာင္းရဲ႕ ရိုက္ခတ္မႈေၾကာင့္အခ်ိန္နဲ႔အမွ် ေျပာင္းလဲေနတယ္။ အဲဒီပန္းပုရုပ္ေတြဟာ ေသးငယ္လွတဲ့ သမုဒၵရာေရသတၱဝါေလးေတြရဲ႕ ေဘးမဲ့ေတာျဖစ္ေနပါတယ္။ သႏၱာေက်ာက္ေတြရဲ႕ပံုစံကလည္း အခ်ိန္နဲ႔အမွ် ပိုၿပီးႀကီးထြားလာေနပါတယ္တဲ့။ ပန္းပုရုပ္ေတြရဲ႕ သက္တမ္းက ၄ ႏွစ္ခန္႔ရွိပါၿပီ။ ပထမဆံုးပန္းပုရုပ္ကို ၂၀၁၀ ေဖေဖၚဝါရီလမွာ ေနရာခ်ခဲ့ပါတယ္။ ႏွစ္စဥ္ပန္းပုရုပ္အသစ္ေတြထပ္ၿပီးေပါင္းထည့္ေပးၾကတယ္။ အႀကီးဆံုးပန္းပုရုပ္ေတြထဲကတစ္ခုျဖစ္တဲ့ Zemi ပန္းပုရုပ္ဟာ ေက်ာက္သားကိုထြင္းထုထားၿပီး သဘာဝလြန္စြမ္းအားရွိတယ္လို႔လည္း ယံုၾကည္ၾကတယ္။ သမုဒၵရာၾကမ္းျပင္မွာ အေရာင္အေသြးစံုလင္လွတဲ့ ပင္လယ္ေရညိွနဲ႔ သႏၱာေက်ာက္သားေတြေပါင္းစပ္ၿပီး “သဘာဝတရားရဲ႕အႏုပညာ” တစ္ခုျဖစ္လို႔ေနတယ္။

9. Jules Undersea Lodge, Florida

Jules ေရေအာက္အပမ္းေျဖအိမ္ခန္းေလးဟာ ဖေလာ္ရီဒါျပည္နယ္ Key Largo ကၽြန္းမွာတည္ရွိၿပီး ေက်ာ္ၾကားတဲ့ ေရေအာက္ဟိုတယ္တစ္ခုပါ။ ေရမ်က္ႏွာျပင္ကေန ၂၁ ေပနက္ထဲ့ ေရေအာက္က Jules ဟုိတယ္ကိုေရာက္ရွိဖို႔ အသက္ရႈကိရိယာနဲ႔ေရငုပ္ၾကတဲ့ scuba diving အသံုးျပဳၾကရပါမယ္။ အဲဒီေရေအာက္ဟိုတယ္ေလးဟာ Florida သႏၱာေက်ာက္တန္းရဲ႕ Emarald lagoon အပူပိုင္းမ်က္ႏွာျပင္မွာတည္ေဆာက္ထားတာပါ။ ကိုယ့္ရဲ႕အိမ္ေလးလိုပဲ Jules အပမ္းေျဖအိမ္မွာ ေတာ္ေတာ္ေလးသက္ေတာင့္သက္သာရွိမယ့္ မီးဖိုခန္း၊ ေရပူခ်ဳိးခန္းနဲ႔ အိပ္ခန္းေတြရွိေနပါတယ္။

ထူထဲခိုင္မာလွတဲ့ျပတင္းေပါက္ေတြကေန ပင္လယ္သဘာဝအလွနဲ႔ ဘဝတစ္ခုကို အနီးကပ္ျမင္ေတြႏိုင္ၾကပါမယ္။ လွပတဲ့အိန္ဂ်ယ္လ္ငါး၊ ၾကက္တူေရြးငါးနဲ႔ ေဒါသထြက္ေနဟန္ရွိတဲ့ေၾကာက္စရာအရြယ္ႀကီးႀကီး ဘာရာကူဒါငါးေတြနဲ႔လည္း ဆံုႏိုင္တယ္။ ခရီးသြားေတြဟာ Emarald lagoon ရဲ႕ သဘာဝပ်ဳိးခင္းတစ္ခုအတြင္းက သိပ္ကိုလွပတဲ့ေက်ာက္တန္းေတြတည္ရွိေနတဲ့စနစ္ပံုစံကိုလည္းၾကည္ႏူးႏွစ္သက္စဖြယ္ေေတြ႔ျမင္ရမွာပါ။

8. Underwater Wedding, Bali

အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းဟာ လက္ထပ္မယ့္စံုတြဲေလးေတြေရြးခ်ယ္ၾကတဲ့ေနရာတစ္ခုအျဖစ္လည္း ေက်ာ္ၾကားလွတယ္။ သာမန္ရိုးရွင္းတဲ့မဂၤလာပြဲပံုစံနဲ႔ မတူဘဲ ကိုယ့္ဘဝရဲ႕ ေမ့မရေတာ့မယ့္ အခ်ိန္ကာလေလးအျဖစ္ ေရေအာက္မဂၤလာပြဲေလး ဘာလီမွာျပဳလုပ္ႏိုင္တယ္။ အဲဒီသုခဘံုကၽြန္းေလးဟာ ကမၻာမွာ ပ်ားရည္ဆမ္းခရီးထြက္ၾကတဲ့ေနရာအျဖစ္လည္း ေပၚျပဴလာျဖစ္လွတယ္။ ကၽြမ္းက်င္တဲ့ေရငုပ္သူေတြသာ ေရေအာက္မဂၤလာပြဲျပဳလုပ္ႏိုင္ၾကေပမယ့္ တျခားသူေတြအတြက္ေတာ့ မဂၤလာပြဲရက္မတိုင္ခင္ ကၽြမ္းက်င္သူေတြဆီက ေလ့က်င့္မႈရယူႏိုင္ပါတယ္။

ႀကိဳတင္စာရင္းေပးထားသင့္ၿပီး ဘာလီကၽြန္းရဲ႕ တခ်ဳိ႕ဘာသာေရးဆိုင္ရာ ယံုၾကည္မႈေလးေတြအတိုင္း လိုက္ပါေဆာင္ရြက္ရမွာပါ။ ပင္လယ္ထဲမွာတစ္ရက္တာအခ်ိန္ျဖဳန္းဖို႔ ေလွငွားႏိုင္တယ္။ တစ္မူထူးျခားလွတဲ့ ပင္လယ္ေနာက္ခံရႈခင္းအလွနဲ႔ တန္ဖိုးရွိလွတဲ့အခ်ိန္ကာလေလးကို မွတ္တမ္းတင္ထားႏိုင္ဖို႔ ေရေအာက္ဗီဒီယိုရိုက္ကူးေပးသူကိုလည္း တစ္ပါတည္းငွားရမ္းႏိုင္ၾကပါတယ္။

7. Underwater Post Office, Vanuatu

ေတာင္ပစိဖိတ္သမုဒၵရာထဲက တစ္သီးတစ္ျခားတည္ရွိေနတဲ့ ကၽြန္းႏိုင္ငံေလးမွာ ကမၻာ့ပထမဆံုးေရေအာက္စာတိုက္ရွိေနပါတယ္။ ေရမ်က္ႏွာျပင္ကေန ၃ မီတာအနက္မွာတည္ရွိတယ္။ ေရကူးသမားေတြနဲ႔ ေရငုပ္သမားေတြအတြက္ ကမ္းေျခနဲ႔နီးကပ္ေနတဲ့ အဲဒီေရေအာက္စာတိုက္ေလးဆီ အလြယ္တကူေရာက္ရွိႏိုင္ၾကတယ္။ အဲဒီကေန သူငယ္ခ်င္းေတြနဲ႔ ေဆြမ်ဳိးေတြဆီ အထူးျပဳလုပ္ထားတဲ့ေရစိုခံပို႔စကတ္ေတြ ပို႔ႏိုင္ပါတယ္။ ေရေအာက္စာတိုက္ကေန ေရငုပ္သမားေတြအတြက္ အသက္ရႈပိုက္၊ ေရငုပ္ဝတ္စံုတို႔ စီစဥ္ေပးပါလိမ့္မယ္။ ပို႔စကတ္ေလးေတြ ပို႔ရင္းနဲ႔ စြန္႔စားခန္းအသစ္တစ္ခုရႏိုင္မယ့္ အစီအစဥ္တစ္ခုပါ။

6. Serpent Slide at Atlantis Paradise

Atlantis Paradise ဟာ က်ဴးဘားနဲ႔ ဟစ္ပန္နီယိုလာကၽြန္းေျမာက္ပိုင္းက လွပတဲ့ Bahamas ကၽြန္းမွာတည္ရွိပါတယ္။ အဲဒီအံ့ၾသဖြယ္ရာပန္းျခံဟာ က်ယ္ေျပာလွကုန္းေျမ ၁၄၁ ဧကတစ္ေလွ်ာက္ျဖန္႔ၾကက္တည္ေဆာက္ထားတယ္။ ေရေပၚေရေအာက္အပမ္းေျဖနည္းေတြနဲ႔ ေဆာ့ကစားႏိုင္ၾကဖို႔ ေရဂါလံ သန္း ၂၀ အသံုးျပဳထားပါတယ္။ ေရလႊာေလွ်ာစီးအမ်ဳိးမ်ဳိးလည္းရွိၿပီး အဲဒီထဲကမွာ ဝကၤပါလိုေကြ႔ေကြ႕ေကာက္ေကာက္ေရလႊာေလွ်ာစီးတာကေတာ့ ရင္ဖိုစရာအေကာင္းဆံုး တစ္ခုျဖစ္ေနမွာပါ။

ဘာေၾကာင့္လဲဆိုေတာ့ ေရလႊာစီးလမ္းေၾကာင္းတစ္ေလွ်ာက္မွာ ငါးမန္းေတြျပည့္ေနတဲ့ lagoon ထဲက ျဖတ္ၿပီးေဆာက္လုပ္ထားတာေၾကာင့္ပါ။ ငါးမန္းေတြကို အနီးကပ္ျမင္ကြင္းခံစားၾကည္ရႈႏိုင္ၾကတယ္။ အဲဒီ lagoon ထဲမွာ ႏႈတ္သီးအမည္းငါးမန္းေတြ၊ ဘာရာကူဒါငါးေတြနဲ႔ လႊသြားပါ ငါးေတြနဲ႔ တူပံုစံဦးေခါင္းရွိတဲ့ ငါးမန္းေတြရွိေနပါတယ္။ ခိုင္မာထူထဲၿပီး ထြင္းေဖာက္ျမင္ရတဲ့ ျမင္ကြင္းက်ယ္မွန္ခ်ပ္ေတြဟာ ခရီးသည္ေတြ ပင္လယ္ေရသတၱဝါေတြကို အနီးကပ္ျမင္ကြင္းရရွိဖို႔ အေထာက္အပံ့ေပးေနတာေပါ့။

5. Shark Reef Aquarium, Las Vegas

ငါးမန္းေက်ာက္တန္းငါးျပတိုက္ဟာ လာ့စ္ေဗးဂတ္စ္ Mandalay ပင္လယ္ေအာ္ထဲမွာ တည္ရွိပါတယ္။ ပင္လယ္ထဲက သားရဲတိရိစၦာန္ေတြကို တစ္ေနရာထဲမွာပဲ နီးနီးကပ္ကပ္ျမင္ေတြခြင့္ရႏိုင္မယ့္ အမွန္ကန္ဆံုးေရြးခ်ယ္မႈတစ္ခုလို႔ ညႊန္းပါတယ္။ ျမင္ကြင္းက်ယ္က်ယ္ထဲ ပင္လယ္ေရေအာက္အျမင္အာရုံနဲ႔ အသံလႈိုင္းေတြဟာ မေမ့ႏိုင္တဲ့အေတြ႔အၾကံဳတစ္ခုျဖစ္သြားမွာပါ။ ငါးမန္းေက်ာက္တန္းငါးျပတိုက္မွာ ပင္လယ္ေရသတၱဝါေပါင္း ၂၀၀၀ ေက်ာ္ၾကြယ္ဝစြာရွင္သန္ေနၾကတယ္။ ငါးမန္းမ်ဳိးစိတ္ ၁၅ မ်ဳိးခန္႔ဟာ ဒီငါးျပတိုက္ထဲမွာ ဆြဲေဆာင္မႈအရွိသံုးသားရဲတိရိစၦာန္ေတြေပ့ါ။ တျခားရွားပါးတဲ့မ်ဳိးစိတ္ေတြျဖစ္တဲ့ အစိမ္းေရာင္ပင္လယ္လိပ္ႀကီးေတြ၊ ေရႊေရာင္မိေက်ာင္း၊ ငါးျခေသၤ့နဲ႔ ကိုမိုဒိုဖြတ္ႀကီးေတြကလည္း ႏွစ္စဥ္ခရီးသည္အေရအတြက္မ်ားမ်ား ဒီျပတိုက္ကိုလာေရာက္လည္ပတ္ႏိုင္ဖို႔ ဆြဲေဆာင္ေနၾကတယ္။

4. Ambassador Lagoon, The Palm, Dubai

ဒူဘိုင္းႏိုင္ငံက Ambassador Lagoon ကၽြန္းမွာ မ်ဳိးစိတ္အမ်ဳိးမ်ဳိးရွိတဲ့ ပင္လယ္ေရသတၱဝါေပါင္း ၆၅၀၀၀ ေက်ာ္ရွိပါတယ္။ ဒီထူးျခားအံ့ၾသဖြယ္ရာ lagoon မွာ သဘာဝပင္လယ္ေရလီတာ ၁၂ သန္းထိန္းထားပါတယ္။ ေပ်ာက္ဆံုးသြားတဲ့အတၱလန္တစ္ၿမိဳ႕ေတာ္ကို ရွာေဖြစူးစမ္းႏိုင္မယ့္ အေတြ႔အၾကံဳအျပည့္အဝခံစားႏိုင္မွာပါ။ scuba diver ျဖစ္ေနဖို႔မလိုပါဘူး။ အသက္ရႈပိုက္နဲ႔ မ်က္ႏွာဖံုးနဲ႔အတူ၊ အထူးဝတ္စံုေတြစီစဥ္ေပးပါလိမ့္မယ္။ မိနစ္ ၃၀ ၾကာစူးစမ္းေလ့လာၾကတဲ့ခရီးမွာ ကၽြမ္းက်င္သူေတြကို ရွင္းလင္းတဲ့လမ္းညႊန္မႈေပးသြားမွာပါ။ ျမင္ကြင္းက်ယ္မွန္ခ်ပ္ေတြကို ျဖတ္ၿပီး အျပင္ဘက္က lagoon မွာရွိေနတဲ့ ေရသတၱဝါမ်ဳိးစိတ္အမ်ဳိးမ်ဳိးကိုေစာင့္ၾကည့္ႏိုင္ပါတယ္။

3. Red Sea Star Underwater Restaurant, Eliat

အာေရးဘီးယန္းပင္မကုန္းေျမအေနာက္ဘက္၊ ပင္လယ္နီေျမာက္ပိုင္း၊ အစၥေရးေတာင္ဘက္အစြန္းဆံုးက ဆိပ္ကမ္းၿမိဳ႕ေလး Eliat မွာ Red Sea Star စားေသာက္ဆိုင္တည္ရွိတယ္။ အံ့ဘခန္းပင္လယ္ထဲကပန္းဥယ်ာဥ္နဲ႔ ေရသတၱဝါေတြကို ၾကည့္ရႈႏိုင္ၿပီး ပင္လယ္စာအမယ္စံုအရသာရွိရွိစားသံုးႏိုင္ပါတယ္။ ေရေအာက္စားေသာက္ဆိုင္မွာ ေနပိုင္း ညပိုင္းအခ်ိန္ခြဲျခားထားတယ္။ Red Sea Star စားေသာက္ဆိုင္ရဲ႕ တည္ေဆာက္ပံုတဲ့ အတြင္းပိုင္းအခင္းအက်င္းဟာ အင္မတန္လွပေနတယ္။ လူ ၁၀၅ ဦးဆန္႔တဲ့ စားေသာက္ဆိုင္ပါ။ ထမင္းစားပြဲတစ္ခုစီမွာ အျပင္ဘက္က ပင္လယ္သဘာဝအလွအပကိုၾကည့္ရႈခံစားႏိုင္မယ့္ ႀကီးမားတဲ့ျပတင္းေပါက္တစ္ခုစီပါဝင္တယ္။

2. Poseidon Undersea Resort, Fiji

ဖီဂ်ီကၽြန္းႏိုင္ငံက Poseidon Undersea Resort ပင္လယ္ေရေအာက္ ေပ ၄၀ ခန္႔မွာတည္ေဆာက္ထားပါတယ္။ ဒီေရေအာက္အပမ္းေျဖခန္းမွာ အဆင့္ျမင့္ခန္း ၂၄ ခန္းနဲ႔ ဘား၊ လက္ထပ္ပြဲက်င္းပဆုေတာင္းရာအခန္း၊ spa နဲ႔ စာၾကည့္တိုက္ေတြပါဝင္တယ္။ စံုတြဲေတြအတြက္ ရက္သတၱတစ္ပတ္ကို ေဒၚလာ ၁၅၀၀၀ ကုန္က်ပါလိမ့္မယ္။ Poseidon ေရေအာက္အပမ္းေျဖခန္းမွာ ခိုင္မာလွတဲ့မွန္ခ်ပ္ေတြရွိတဲ့ျပတင္းေတြကေန ပင္လယ္သဘာဝအလွအပေတြကို ေငးေမာႏိုင္ၿပီး အရသာရွိလွတဲ့ပင္လယ္စာေတြျမည္းစမ္းႏိုင္ပါတယ္။ ေရငုပ္ဝတ္စံု၊ အသက္ရႈပိုက္ေတြစီစဥ္ေပးၿပီး ေရေအာက္ကမၻာကိုလိုက္လံၾကည့္ရႈႏိုင္ဖို႔လည္း တာဝန္ရွိသူေတြက စီစဥ္ေထာက္ပံ့ေပးထားတယ္။

1. Conrad Rangili Island, Maldives

ဒီစားေသာက္ဆိုင္ဟာ အင္တာနက္ကြန္ရက္မွာ အေကာင္းဆံုးေရေအာက္အပမ္းေျဖအိမ္အျဖစ္ဆုရရွိခဲ့ဖူးပါတယ္။ အဆင့္ျမင့္အခန္းေတြ၊ ဘားနဲ႔ တျခားအျပင္အဆင္ေတြအျပည့္အစံုပါရွိတယ္။ ကမၻာမွာ တစ္ခုတည္းေသာ မွန္အားလံုး သံုးထားတဲ့ေရေအာက္စားေသာက္ဆိုင္ျဖစ္ၿပီး ပင္လယ္စာေကာင္းေကာင္းနဲ႔ အေဖ်ာ္ယမကာေကာင္းေကာင္းဧည့္ခံႏိုင္ၾကတယ္လို႔လည္း နာမည္ႀကီးလွတယ္။ စားေသာက္ဆိုင္ရဲ႕ ေနရာတိုင္းကေန ပင္လယ္ေက်ာက္တန္းဖြဲ႔စည္းပံုနဲ႔ ပင္လယ္ထဲကဘဝပံုစံ အံ့ဘနန္းျမင္ကြင္းခံစားၾကည့္ရႈႏိုင္မွာပါ။

ကမၻာ့အဆင့္မီ spa နဲ႔ အားကစားအေထာက္အပံ့ပစၥည္းေတြလည္းစီစဥ္ထားတယ္။ အသက္ရႈပိုက္သံုးၿပီး ေဝလငါးေတြနဲ႔ ေရေအာက္ထဲစူးစမ္းၾကည့္ရတဲ့ခရီးသြားအေတြ႔အၾကံဳရရွိႏိုင္ပါလိမ့္မယ္။ Conrad Rangili ကၽြန္းစားေသာက္ဆိုင္ကေန ေရလႊာေလွ်ာစီး၊ အားကစားေတြဆင္ႏႊဲႏိုင္ေသးတယ္။ Maldives ကၽြန္းေတြမွာ ကမၻာ့အံ့ဘနန္းထူးျခားလွပတဲ့ကမ္းေျခေတြရွိေနပါတယ္။ အဲဒီကမ္းေျခေတြမွာ ပင္လယ္ေရေအာက္ျမင္ကြင္း ခံစားၾကည့္တာဟာလည္း အေကာင္းဆံုးေရြးခ်ယ္မႈတစ္ခုပါပဲ။ ။

Source: Top 10 must see underwater places in the world | www.themysteriousworld.com

မယ္ရူပ
(Living Fashion Magazine)

ၿဖဳိးၿဖဳိး (My World Blog)
——————
ကမ္ဘာတလွှား ထူးထူးခြားခြား ရေအောက်နေရာများ (unicode)

ရေးသားသူ – မယ်ရူပ (Living Fashion Magazine)

ကမ္ဘာကြီးရဲ့ သုံးပုံနှစ်ပုံလောက်ဟာရေတွေနဲ့ ဖုံးလွှမ်းနေတယ်ဆိုတော့ ရေအောက်ကမ္ဘာလေးတွေထဲ စူးစမ်းရှာဖွေတဲ့ခရီးမသွားဖူးသေးဘူးဆိုရင် အတွေ့အကြုံပြည့်ဝတဲ့ကမ္ဘာလှည့်ခရီးသည်တစ်ဦးလို့ ပြောနိုင်မှာမဟုတ်ဘူးပေါ့။ ရေအောက်ထဲမှာဘာတွေရှိနိုင်မလဲ။ သန္တာကျောက်တန်းဖွဲ့စည်းပုံတွေ၊ ရေအောက်ပြတိုက်တွေ၊ နစ်မြုပ်နေခဲ့တဲ့သင်္ဘောပျက်ကြီးနဲ့ အံ့ဩဖွယ်ရာထူးခြားလှတဲ့ ရေအောက်ဟိုတယ်တွေရှိနေနိုင်တယ်။ ကမ္ဘာ့ထိပ်တန်း ရေအောက်ကမ္ဘာက ထူးခြားတဲ့နေရာလေးတွေကို လိုက်ကြည့်ရအောင်နော်။

10. Underwater sculpture park, Grenada

ကရစ်ဘီယံပင်လယ်အရှေ့တောင်ဘက်ပိုင်း ကျွန်းနိုင်ငံ Greneda ရဲ့ ပန်းပုပန်းခြံဟာ တကယ့်ကိုအံအားသင့်စရာကောင်းလှတဲ့ ရေအောက်အနုပညာပြခန်းတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ moliniere ပင်လယ်အော်ဘက်မှာတည်ရှိပါတယ်။ အဲဒီပန်းပုလက်ရာတွေကိုကြည့်ရှုဖို့ ရေအောက်အသက်ရှုပိုက်နဲ့ ရေငုပ်ဝတ်စုံဝတ်ဆင်ဖူးသူ၊ အလေ့အကျင့်ရှိသူဖြစ်နေရပါလိမ့်မယ်။ Greneda ရဲ့ ကမ္ဘာလှည့်ခရီးသည်အာဏာပိုင်တွေက ရေအောက်ထဲ မဆင်းလိုသူတွေ ပန်းခြံအပေါ်ဘက်မြင်ကွင်းကြည့်ရှုနိုင်အောင်လည်း ဖန်သားအောက်ခြေပါလှေတွေစီစဉ်ပေးထားပါတယ်။ ရေအောက်ပန်းပုပန်းခြံထဲမှာ အင်္ဂလိပ်ပန်းချီ/ ပန်းပုပညာရှင် Jason De Caires Taylor ရဲ့ ကွဲပြားတဲ့ပန်းပုလက်ရာ ၆၅ ခုကျော်ရှိနေပါတယ်။ ပန်းပုရုပ်တွေရဲ့ အရောင်အသွေးနဲ့တည်ဆောက်ပုံဟာ ပင်လယ်သမုဒ္ဒရာရေစီးကြောင်းရဲ့ ရိုက်ခတ်မှုကြောင့်အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ အဲဒီပန်းပုရုပ်တွေဟာ သေးငယ်လှတဲ့ သမုဒ္ဒရာရေသတ္တဝါလေးတွေရဲ့ ဘေးမဲ့တောဖြစ်နေပါတယ်။ သန္တာကျောက်တွေရဲ့ပုံစံကလည်း အချိန်နဲ့အမျှ ပိုပြီးကြီးထွားလာနေပါတယ်တဲ့။ ပန်းပုရုပ်တွေရဲ့ သက်တမ်းက ၄ နှစ်ခန့်ရှိပါပြီ။ ပထမဆုံးပန်းပုရုပ်ကို ၂၀၁၀ ဖေဖေါ်ဝါရီလမှာ နေရာချခဲ့ပါတယ်။ နှစ်စဉ်ပန်းပုရုပ်အသစ်တွေထပ်ပြီးပေါင်းထည့်ပေးကြတယ်။ အကြီးဆုံးပန်းပုရုပ်တွေထဲကတစ်ခုဖြစ်တဲ့ Zemi ပန်းပုရုပ်ဟာ ကျောက်သားကိုထွင်းထုထားပြီး သဘာဝလွန်စွမ်းအားရှိတယ်လို့လည်း ယုံကြည်ကြတယ်။ သမုဒ္ဒရာကြမ်းပြင်မှာ အရောင်အသွေးစုံလင်လှတဲ့ ပင်လယ်ရေညှိနဲ့ သန္တာကျောက်သားတွေပေါင်းစပ်ပြီး “သဘာဝတရားရဲ့အနုပညာ” တစ်ခုဖြစ်လို့နေတယ်။

9. Jules Undersea Lodge, Florida

Jules ရေအောက်အပမ်းဖြေအိမ်ခန်းလေးဟာ ဖလော်ရီဒါပြည်နယ် Key Largo ကျွန်းမှာတည်ရှိပြီး ကျော်ကြားတဲ့ ရေအောက်ဟိုတယ်တစ်ခုပါ။ ရေမျက်နှာပြင်ကနေ ၂၁ ပေနက်ထဲ့ ရေအောက်က Jules ဟိုတယ်ကိုရောက်ရှိဖို့ အသက်ရှုကိရိယာနဲ့ရေငုပ်ကြတဲ့ scuba diving အသုံးပြုကြရပါမယ်။ အဲဒီရေအောက်ဟိုတယ်လေးဟာ Florida သန္တာကျောက်တန်းရဲ့ Emarald lagoon အပူပိုင်းမျက်နှာပြင်မှာတည်ဆောက်ထားတာပါ။ ကိုယ့်ရဲ့အိမ်လေးလိုပဲ Jules အပမ်းဖြေအိမ်မှာ တော်တော်လေးသက်တောင့်သက်သာရှိမယ့် မီးဖိုခန်း၊ ရေပူချိုးခန်းနဲ့ အိပ်ခန်းတွေရှိနေပါတယ်။ ထူထဲခိုင်မာလှတဲ့ပြတင်းပေါက်တွေကနေ ပင်လယ်သဘာဝအလှနဲ့ ဘဝတစ်ခုကို အနီးကပ်မြင်တွေနိုင်ကြပါမယ်။ လှပတဲ့အိန်ဂျယ်လ်ငါး၊ ကြက်တူရွေးငါးနဲ့ ဒေါသထွက်နေဟန်ရှိတဲ့ကြောက်စရာအရွယ်ကြီးကြီး ဘာရာကူဒါငါးတွေနဲ့လည်း ဆုံနိုင်တယ်။ ခရီးသွားတွေဟာ Emarald lagoon ရဲ့ သဘာဝပျိုးခင်းတစ်ခုအတွင်းက သိပ်ကိုလှပတဲ့ကျောက်တန်းတွေတည်ရှိနေတဲ့စနစ်ပုံစံကိုလည်းကြည်နူးနှစ်သက်စဖွယ်ေတွေ့မြင်ရမှာပါ။

8. Underwater Wedding, Bali

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဟာ လက်ထပ်မယ့်စုံတွဲလေးတွေရွေးချယ်ကြတဲ့နေရာတစ်ခုအဖြစ်လည်း ကျော်ကြားလှတယ်။ သာမန်ရိုးရှင်းတဲ့မင်္ဂလာပွဲပုံစံနဲ့ မတူဘဲ ကိုယ့်ဘဝရဲ့ မေ့မရတော့မယ့် အချိန်ကာလလေးအဖြစ် ရေအောက်မင်္ဂလာပွဲလေး ဘာလီမှာပြုလုပ်နိုင်တယ်။ အဲဒီသုခဘုံကျွန်းလေးဟာ ကမ္ဘာမှာ ပျားရည်ဆမ်းခရီးထွက်ကြတဲ့နေရာအဖြစ်လည်း ပေါ်ပြူလာဖြစ်လှတယ်။ ကျွမ်းကျင်တဲ့ရေငုပ်သူတွေသာ ရေအောက်မင်္ဂလာပွဲပြုလုပ်နိုင်ကြပေမယ့် တခြားသူတွေအတွက်တော့ မင်္ဂလာပွဲရက်မတိုင်ခင် ကျွမ်းကျင်သူတွေဆီက လေ့ကျင့်မှုရယူနိုင်ပါတယ်။ ကြိုတင်စာရင်းပေးထားသင့်ပြီး ဘာလီကျွန်းရဲ့ တချို့ဘာသာရေးဆိုင်ရာ ယုံကြည်မှုလေးတွေအတိုင်း လိုက်ပါဆောင်ရွက်ရမှာပါ။ ပင်လယ်ထဲမှာတစ်ရက်တာအချိန်ဖြုန်းဖို့ လှေငှားနိုင်တယ်။ တစ်မူထူးခြားလှတဲ့ ပင်လယ်နောက်ခံရှုခင်းအလှနဲ့ တန်ဖိုးရှိလှတဲ့အချိန်ကာလလေးကို မှတ်တမ်းတင်ထားနိုင်ဖို့ ရေအောက်ဗီဒီယိုရိုက်ကူးပေးသူကိုလည်း တစ်ပါတည်းငှားရမ်းနိုင်ကြပါတယ်။

7. Underwater Post Office, Vanuatu

တောင်ပစိဖိတ်သမုဒ္ဒရာထဲက တစ်သီးတစ်ခြားတည်ရှိနေတဲ့ ကျွန်းနိုင်ငံလေးမှာ ကမ္ဘာ့ပထမဆုံးရေအောက်စာတိုက်ရှိနေပါတယ်။ ရေမျက်နှာပြင်ကနေ ၃ မီတာအနက်မှာတည်ရှိတယ်။ ရေကူးသမားတွေနဲ့ ရေငုပ်သမားတွေအတွက် ကမ်းခြေနဲ့နီးကပ်နေတဲ့ အဲဒီရေအောက်စာတိုက်လေးဆီ အလွယ်တကူရောက်ရှိနိုင်ကြတယ်။ အဲဒီကနေ သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေဆီ အထူးပြုလုပ်ထားတဲ့ရေစိုခံပို့စကတ်တွေ ပို့နိုင်ပါတယ်။ ရေအောက်စာတိုက်ကနေ ရေငုပ်သမားတွေအတွက် အသက်ရှုပိုက်၊ ရေငုပ်ဝတ်စုံတို့ စီစဉ်ပေးပါလိမ့်မယ်။ ပို့စကတ်လေးတွေ ပို့ရင်းနဲ့ စွန့်စားခန်းအသစ်တစ်ခုရနိုင်မယ့် အစီအစဉ်တစ်ခုပါ။

6. Serpent Slide at Atlantis Paradise

Atlantis Paradise ဟာ ကျူးဘားနဲ့ ဟစ်ပန်နီယိုလာကျွန်းမြောက်ပိုင်းက လှပတဲ့ Bahamas ကျွန်းမှာတည်ရှိပါတယ်။ အဲဒီအံ့ဩဖွယ်ရာပန်းခြံဟာ ကျယ်ပြောလှကုန်းမြေ ၁၄၁ ဧကတစ်လျှောက်ဖြန့်ကြက်တည်ဆောက်ထားတယ်။ ရေပေါ်ရေအောက်အပမ်းဖြေနည်းတွေနဲ့ ဆော့ကစားနိုင်ကြဖို့ ရေဂါလံ သန်း ၂၀ အသုံးပြုထားပါတယ်။ ရေလွှာလျှောစီးအမျိုးမျိုးလည်းရှိပြီး အဲဒီထဲကမှာ ဝင်္ကပါလိုကွေ့ကွေ့ကောက်ကောက်ရေလွှာလျှောစီးတာကတော့ ရင်ဖိုစရာအကောင်းဆုံး တစ်ခုဖြစ်နေမှာပါ။ ဘာကြောင့်လဲဆိုတော့ ရေလွှာစီးလမ်းကြောင်းတစ်လျှောက်မှာ ငါးမန်းတွေပြည့်နေတဲ့ lagoon ထဲက ဖြတ်ပြီးဆောက်လုပ်ထားတာကြောင့်ပါ။ ငါးမန်းတွေကို အနီးကပ်မြင်ကွင်းခံစားကြည်ရှုနိုင်ကြတယ်။ အဲဒီ lagoon ထဲမှာ နှုတ်သီးအမည်းငါးမန်းတွေ၊ ဘာရာကူဒါငါးတွေနဲ့ လွှသွားပါ ငါးတွေနဲ့ တူပုံစံဦးခေါင်းရှိတဲ့ ငါးမန်းတွေရှိနေပါတယ်။ ခိုင်မာထူထဲပြီး ထွင်းဖောက်မြင်ရတဲ့ မြင်ကွင်းကျယ်မှန်ချပ်တွေဟာ ခရီးသည်တွေ ပင်လယ်ရေသတ္တဝါတွေကို အနီးကပ်မြင်ကွင်းရရှိဖို့ အထောက်အပံ့ပေးနေတာပေါ့။

5. Shark Reef Aquarium, Las Vegas

ငါးမန်းကျောက်တန်းငါးပြတိုက်ဟာ လာ့စ်ဗေးဂတ်စ် Mandalay ပင်လယ်အော်ထဲမှာ တည်ရှိပါတယ်။ ပင်လယ်ထဲက သားရဲတိရိစ္ဆာန်တွေကို တစ်နေရာထဲမှာပဲ နီးနီးကပ်ကပ်မြင်တွေခွင့်ရနိုင်မယ့် အမှန်ကန်ဆုံးရွေးချယ်မှုတစ်ခုလို့ ညွှန်းပါတယ်။ မြင်ကွင်းကျယ်ကျယ်ထဲ ပင်လယ်ရေအောက်အမြင်အာရုံနဲ့ အသံလှိုင်းတွေဟာ မမေ့နိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်သွားမှာပါ။ ငါးမန်းကျောက်တန်းငါးပြတိုက်မှာ ပင်လယ်ရေသတ္တဝါပေါင်း ၂၀၀၀ ကျော်ကြွယ်ဝစွာရှင်သန်နေကြတယ်။ ငါးမန်းမျိုးစိတ် ၁၅ မျိုးခန့်ဟာ ဒီငါးပြတိုက်ထဲမှာ ဆွဲဆောင်မှုအရှိသုံးသားရဲတိရိစ္ဆာန်တွေပေါ့။ တခြားရှားပါးတဲ့မျိုးစိတ်တွေဖြစ်တဲ့ အစိမ်းရောင်ပင်လယ်လိပ်ကြီးတွေ၊ ရွှေရောင်မိကျောင်း၊ ငါးခြင်္သေ့နဲ့ ကိုမိုဒိုဖွတ်ကြီးတွေကလည်း နှစ်စဉ်ခရီးသည်အရေအတွက်များများ ဒီပြတိုက်ကိုလာရောက်လည်ပတ်နိုင်ဖို့ ဆွဲဆောင်နေကြတယ်။

4. Ambassador Lagoon, The Palm, Dubai

ဒူဘိုင်းနိုင်ငံက Ambassador Lagoon ကျွန်းမှာ မျိုးစိတ်အမျိုးမျိုးရှိတဲ့ ပင်လယ်ရေသတ္တဝါပေါင်း ၆၅၀၀၀ ကျော်ရှိပါတယ်။ ဒီထူးခြားအံ့ဩဖွယ်ရာ lagoon မှာ သဘာဝပင်လယ်ရေလီတာ ၁၂ သန်းထိန်းထားပါတယ်။ ပျောက်ဆုံးသွားတဲ့အတ္တလန်တစ်မြို့တော်ကို ရှာဖွေစူးစမ်းနိုင်မယ့် အတွေ့အကြုံအပြည့်အဝခံစားနိုင်မှာပါ။ scuba diver ဖြစ်နေဖို့မလိုပါဘူး။ အသက်ရှုပိုက်နဲ့ မျက်နှာဖုံးနဲ့အတူ၊ အထူးဝတ်စုံတွေစီစဉ်ပေးပါလိမ့်မယ်။ မိနစ် ၃၀ ကြာစူးစမ်းလေ့လာကြတဲ့ခရီးမှာ ကျွမ်းကျင်သူတွေကို ရှင်းလင်းတဲ့လမ်းညွှန်မှုပေးသွားမှာပါ။ မြင်ကွင်းကျယ်မှန်ချပ်တွေကို ဖြတ်ပြီး အပြင်ဘက်က lagoon မှာရှိနေတဲ့ ရေသတ္တဝါမျိုးစိတ်အမျိုးမျိုးကိုစောင့်ကြည့်နိုင်ပါတယ်။

3. Red Sea Star Underwater Restaurant, Eliat

အာရေးဘီးယန်းပင်မကုန်းမြေအနောက်ဘက်၊ ပင်လယ်နီမြောက်ပိုင်း၊ အစ္စရေးတောင်ဘက်အစွန်းဆုံးက ဆိပ်ကမ်းမြို့လေး Eliat မှာ Red Sea Star စားသောက်ဆိုင်တည်ရှိတယ်။ အံ့ဘခန်းပင်လယ်ထဲကပန်းဥယျာဉ်နဲ့ ရေသတ္တဝါတွေကို ကြည့်ရှုနိုင်ပြီး ပင်လယ်စာအမယ်စုံအရသာရှိရှိစားသုံးနိုင်ပါတယ်။ ရေအောက်စားသောက်ဆိုင်မှာ နေပိုင်း ညပိုင်းအချိန်ခွဲခြားထားတယ်။ Red Sea Star စားသောက်ဆိုင်ရဲ့ တည်ဆောက်ပုံတဲ့ အတွင်းပိုင်းအခင်းအကျင်းဟာ အင်မတန်လှပနေတယ်။ လူ ၁၀၅ ဦးဆန့်တဲ့ စားသောက်ဆိုင်ပါ။ ထမင်းစားပွဲတစ်ခုစီမှာ အပြင်ဘက်က ပင်လယ်သဘာဝအလှအပကိုကြည့်ရှုခံစားနိုင်မယ့် ကြီးမားတဲ့ပြတင်းပေါက်တစ်ခုစီပါဝင်တယ်။

2. Poseidon Undersea Resort, Fiji

ဖီဂျီကျွန်းနိုင်ငံက Poseidon Undersea Resort ပင်လယ်ရေအောက် ပေ ၄၀ ခန့်မှာတည်ဆောက်ထားပါတယ်။ ဒီရေအောက်အပမ်းဖြေခန်းမှာ အဆင့်မြင့်ခန်း ၂၄ ခန်းနဲ့ ဘား၊ လက်ထပ်ပွဲကျင်းပဆုတောင်းရာအခန်း၊ spa နဲ့ စာကြည့်တိုက်တွေပါဝင်တယ်။ စုံတွဲတွေအတွက် ရက်သတ္တတစ်ပတ်ကို ဒေါ်လာ ၁၅၀၀၀ ကုန်ကျပါလိမ့်မယ်။ Poseidon ရေအောက်အပမ်းဖြေခန်းမှာ ခိုင်မာလှတဲ့မှန်ချပ်တွေရှိတဲ့ပြတင်းတွေကနေ ပင်လယ်သဘာဝအလှအပတွေကို ငေးမောနိုင်ပြီး အရသာရှိလှတဲ့ပင်လယ်စာတွေမြည်းစမ်းနိုင်ပါတယ်။ ရေငုပ်ဝတ်စုံ၊ အသက်ရှုပိုက်တွေစီစဉ်ပေးပြီး ရေအောက်ကမ္ဘာကိုလိုက်လံကြည့်ရှုနိုင်ဖို့လည်း တာဝန်ရှိသူတွေက စီစဉ်ထောက်ပံ့ပေးထားတယ်။

1. Conrad Rangili Island, Maldives

ဒီစားသောက်ဆိုင်ဟာ အင်တာနက်ကွန်ရက်မှာ အကောင်းဆုံးရေအောက်အပမ်းဖြေအိမ်အဖြစ်ဆုရရှိခဲ့ဖူးပါတယ်။ အဆင့်မြင့်အခန်းတွေ၊ ဘားနဲ့ တခြားအပြင်အဆင်တွေအပြည့်အစုံပါရှိတယ်။ ကမ္ဘာမှာ တစ်ခုတည်းသော မှန်အားလုံး သုံးထားတဲ့ရေအောက်စားသောက်ဆိုင်ဖြစ်ပြီး ပင်လယ်စာကောင်းကောင်းနဲ့ အဖျော်ယမကာကောင်းကောင်းဧည့်ခံနိုင်ကြတယ်လို့လည်း နာမည်ကြီးလှတယ်။ စားသောက်ဆိုင်ရဲ့ နေရာတိုင်းကနေ ပင်လယ်ကျောက်တန်းဖွဲ့စည်းပုံနဲ့ ပင်လယ်ထဲကဘဝပုံစံ အံ့ဘနန်းမြင်ကွင်းခံစားကြည့်ရှုနိုင်မှာပါ။ ကမ္ဘာ့အဆင့်မီ spa နဲ့ အားကစားအထောက်အပံ့ပစ္စည်းတွေလည်းစီစဉ်ထားတယ်။ အသက်ရှုပိုက်သုံးပြီး ဝေလငါးတွေနဲ့ ရေအောက်ထဲစူးစမ်းကြည့်ရတဲ့ခရီးသွားအတွေ့အကြုံရရှိနိုင်ပါလိမ့်မယ်။ Conrad Rangili ကျွန်းစားသောက်ဆိုင်ကနေ ရေလွှာလျှောစီး၊ အားကစားတွေဆင်နွှဲနိုင်သေးတယ်။ Maldives ကျွန်းတွေမှာ ကမ္ဘာ့အံ့ဘနန်းထူးခြားလှပတဲ့ကမ်းခြေတွေရှိနေပါတယ်။ အဲဒီကမ်းခြေတွေမှာ ပင်လယ်ရေအောက်မြင်ကွင်း ခံစားကြည့်တာဟာလည်း အကောင်းဆုံးရွေးချယ်မှုတစ်ခုပါပဲ။ ။

Source: Top 10 must see underwater places in the world | www.themysteriousworld.com

မယ်ရူပ
(Living Fashion Magazine)

ဖြိုးဖြိုး (My World Blog)

Leave a Reply