အခုိင္တြင္မေပါက္ ပင္စည္မွာသာေပါက္တဲ့ ထူးထူးျခားျခားစပ်စ္သီး

Posted on

ေရးသားသူ – ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

ရုတ္တရက္ၾကည္႔ရင္ ျဂိဳလ္သားေတြ ဖန္တီးထားသကဲ႔သို႔ ထူးဆန္းစြာျဖင္႔ သစ္ပင္ၾကီးတစ္ခုလုံး အေကာင္ေတြ တက္ေနတယ္လို႔ ထင္ရေလာင္ေအာင္ ပင္စည္ေပၚမွာ ျပြတ္သိပ္စြာသီးတတ္တဲ႔ အသီးတစ္မ်ိဳးက ဘရာဇီးလ္စပ်စ္သီးေခၚ Jabuticaba ျဖစ္ပါတယ္။ ဘရာဇီးစပ်စ္ (Brazilian grape) လုိ႔သာေခၚေပမယ့္ သူ႔ရဲ႕မ်ဳိးရင္းကေတာ့ သေျပမ်ဳိးရင္း Myrtaceae မွာပါ၀င္ပါတယ္။

ဘရာဇီလ္းႏုိင္ငံတြင္ အထူးထင္ရွားေသာအသီး ျဖစ္ေသာေၾကာင္႔ ဘရာဇီးလ္စပ်စ္သီးဟု ေခၚဆိုၾကေသာ္လည္း ပါရာေဂြး၊ အာဂ်င္တီးနားနဲ႔ဘရာဇီးလ္စတဲ႔ ေတာင္အေမရိက ေဒသတစ္၀ိုက္မွာ ေပါက္ေရာက္တဲ႔အပင္ ျဖစ္ပါတယ္။ အရည္ရႊမ္းတဲ႔ အသီးျဖစ္ျပီး ရင္႕မွည္႔ခ်ိန္မွာ ခရမ္းရင္႔ေရာင္ ရွိကာ အပင္ကေန ခူးဆြတ္ျပီး အလြယ္တကူ စားသံုးႏိုင္ပါတယ္။ ခ်ိဳေသာအရသာရွိျပီး ဂ်ယ္လီျပဳလုပ္ရာတြင္ ပါ၀င္ပစၥည္းအျဖစ္ ထည္႔သြင္းအသံုးျပဳၾကပါတယ္။

အပင္ေပၚတြင္ ရင္႔မွည္႔ေနေသာ အသီးကို ခူးဆြတ္ျပီးပါက ၃ရက္ခန္႔အၾကာတြင္ ၄င္းအသီးမ်ားဟာ အခ်ဥ္ေပါက္စ ျပဳလာတတ္တဲ႔အတြက္လည္း ၾကာရွည္ အထားမခံေသာအသီး ျဖစ္တာေၾကာင္႔ အျမန္ဆံုး ယိုထိုးျခင္း၊ ေဖ်ာ္ရည္အျဖစ္ ျပဳလုပ္ေရာင္းခ်ျခင္းနဲ႔ ၀ိုင္၊ အရက္အျပင္းစား စသည္တို႕ကိုလည္း ခ်က္လုပ္ၾကပါတယ္။

ႀကီးထြားမႈႏႈန္းေႏွးေကြးကာ တျဖည္းျဖည္းႀကီးထြားတဲ့အပင္မ်ဳိးျဖစ္ၿပီး အကုိင္းအခက္ေတြကို မခ်ဳိးဘူး မခုတ္ဘူးဆုိရင္ေတာ့ ၁၅မီတာ အျမင့္ထိေအာင္ ေရာက္ရွိႏုိင္ပါတယ္။ အပင္ငယ္စဥ္ကာလမွာ ဒီအပင္ရဲ႕ သစ္ရြက္ေတြဟာ ပန္းလိေမၼာ္ေရာင္ သန္းေနေပမယ့္ အရြယ္ေရာက္လာတဲ့အခါ အစိမ္းေရာင္အျဖစ္သို႔ ေျပာင္းလဲသြားပါေတာ့တယ္။ အပင္က အေစ့နဲ႔စိုက္ရင္ ၁၀ ႏွစ္ေလာက္ေနမွ အသီးသီးျပီး ပ်ိဳးပင္နဲ႔ စိုက္ရင္ေတာ့ ၅ ႏွစ္အတြင္း အသီးသီးပါတယ္။

အပင္တစ္ပင္ၾကီးထြားလာဖို႔ ႏွစ္မ်ားစြာ ေစာင္႔ဆိုင္းရေသာ္လည္း အသီးသီးလာခ်ိန္မွာေတာ႕ တစ္ပင္လံုးျပြတ္ေအာင္ သီးတတ္တာမို႔ စိုက္ပ်ိဳးထားသူမ်ားအတြက္ အခ်ိန္ကုန္ခံရက်ိဳးနပ္ေစျပီး စိတ္ေက်နပ္မႈ ရေစပါတယ္။ စြတ္စို၍ အက္စစ္ဓာတ္ရွိေသာ ေျမအမ်ိဳးအစားကို ႏွစ္သက္ျပီး တစ္ႏွစ္ကို ၂ၾကိမ္ အပြင္႔ပြင္႔တတ္ပါတယ္။ အပြင္႔ပြင္႔ဖို႔အတြက္ ရိုးတံရွိစရာမလိုဘဲ ပင္စည္ေပၚနဲ႔ သစ္ကိုင္းေတြေပၚမွာတင္ဘဲ ပြင္႕လာတာျဖစ္ပါတယ္။

အပင္ကို ေရအျမဲတမ္းေလာင္းေပးျပီး စနစ္တက် စိုက္ပ်ိဳးထားပါက တစ္ႏွစ္ပတ္လံုး အသီးအပြင္႔မ်ား မျပတ္ေအာင္ သီးတတ္တဲ႔အပင္မ်ိဳးျဖစ္ပါတယ္။ အသီးအရြယ္အစားသည္ ၄စင္တီမီတာခန္႔ ရွိျပီး အတြင္းတြင္ အေစ႔ၾကီး ၄ခုခန္႔ ပါရွိပါတယ္။

ဒီစပ်စ္သီးဟာ ဘရာဇီးေစ်းကြက္မွာေတာ့ လူႀကဳိက္မ်ားတဲ့သစ္သီးတစ္မ်ဳိးျဖစ္ၿပီး အေမရိကန္ႏုိင္ငံသုိ႔ တင္ပို႔ေရာင္းခ်ျခင္းကုိလညး္ ျပဳလုပ္ပါတယ္။ သိုေလွာင္သိမ္းဆည္းႏုိင္တဲ့သက္တမ္း တုိေတာင္းလြန္းတာေၾကာင့္ အေမရိက တ၀ုိက္ကလြဲလုိ႔ အျခားေဒသေတြမွာ ဒီအသီးေတြကို ျမင္ေတြ႔ရဖုိ႔အလြန္ခက္ပါတယ္။

အသီး၏ အတြင္းသားကို စားသံုးျပီး အခြံကို အေျခာက္ခံကာ ပန္းနာရင္ၾကပ္ေရာဂါနဲ႔ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါတို႕ကို ကုသရာတြင္ အသံုးျပဳၾကပါတယ္။  အာသီးေယာင္ျခင္းကိုလည္း သက္သာေပ်ာက္ကင္းေစႏိုင္တယ္လို႔ သိရပါတယ္။ ထို႔အျပင္ ၄င္းအသီးမွာ ကင္ဆာကို တိုက္ဖ်က္ႏိုင္ေသာ ဓါတ္ေပါင္းမ်ားကိုလည္းေတြ႔ရွိရပါတယ္။ ထို႕ေၾကာင္႔လည္း ထူးဆန္းတဲ႔ ပံုသ႑ာန္ရွိေသာ္လည္း ေဆးဘက္၀င္ျပီး အသံုးတည္႔ေသာ အပင္တစ္မ်ိဳးျဖစ္ပါတယ္။

 ေခ်ာ(အစိမ္းေရာင္လြင္ျပင္)

——————-

အခိုင်တွင်မပေါက် ပင်စည်မှာသာပေါက်တဲ့ ထူးထူးခြားခြားစပျစ်သီး (unicode)

ရေးသားသူ – ချော(အစိမ်းရောင်လွင်ပြင်)

ရုတ်တရက်ကြည့်ရင် ဂြိုလ်သားတွေ ဖန်တီးထားသကဲ့သို့ ထူးဆန်းစွာဖြင့် သစ်ပင်ကြီးတစ်ခုလုံး အကောင်တွေ တက်နေတယ်လို့ ထင်ရလောင်အောင် ပင်စည်ပေါ်မှာ ပြွတ်သိပ်စွာသီးတတ်တဲ့ အသီးတစ်မျိုးက ဘရာဇီးလ်စပျစ်သီးခေါ် Jabuticaba ဖြစ်ပါတယ်။ ဘရာဇီးစပျစ် (Brazilian grape) လို့သာခေါ်ပေမယ့် သူ့ရဲ့မျိုးရင်းကတော့ သပြေမျိုးရင်း Myrtaceae မှာပါဝင်ပါတယ်။

ဘရာဇီလ်းနိုင်ငံတွင် အထူးထင်ရှားသောအသီး ဖြစ်သောကြောင့် ဘရာဇီးလ်စပျစ်သီးဟု ခေါ်ဆိုကြသော်လည်း ပါရာဂွေး၊ အာဂျင်တီးနားနဲ့ဘရာဇီးလ်စတဲ့ တောင်အမေရိက ဒေသတစ်ဝိုက်မှာ ပေါက်ရောက်တဲ့အပင် ဖြစ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးဖြစ်ပြီး ရင့်မှည့်ချိန်မှာ ခရမ်းရင့်ရောင် ရှိကာ အပင်ကနေ ခူးဆွတ်ပြီး အလွယ်တကူ စားသုံးနိုင်ပါတယ်။ ချိုသောအရသာရှိပြီး ဂျယ်လီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းအဖြစ် ထည့်သွင်းအသုံးပြုကြပါတယ်။

အပင်ပေါ်တွင် ရင့်မှည့်နေသော အသီးကို ခူးဆွတ်ပြီးပါက ၃ရက်ခန့်အကြာတွင် ၎င်းအသီးများဟာ အချဉ်ပေါက်စ ပြုလာတတ်တဲ့အတွက်လည်း ကြာရှည် အထားမခံသောအသီး ဖြစ်တာကြောင့် အမြန်ဆုံး ယိုထိုးခြင်း၊ ဖျော်ရည်အဖြစ် ပြုလုပ်ရောင်းချခြင်းနဲ့ ဝိုင်၊ အရက်အပြင်းစား စသည်တို့ကိုလည်း ချက်လုပ်ကြပါတယ်။

ကြီးထွားမှုနှုန်းနှေးကွေးကာ တဖြည်းဖြည်းကြီးထွားတဲ့အပင်မျိုးဖြစ်ပြီး အကိုင်းအခက်တွေကို မချိုးဘူး မခုတ်ဘူးဆိုရင်တော့ ၁၅မီတာ အမြင့်ထိအောင် ရောက်ရှိနိုင်ပါတယ်။ အပင်ငယ်စဉ်ကာလမှာ ဒီအပင်ရဲ့ သစ်ရွက်တွေဟာ ပန်းလိမ္မော်ရောင် သန်းနေပေမယ့် အရွယ်ရောက်လာတဲ့အခါ အစိမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။ အပင်က အစေ့နဲ့စိုက်ရင် ၁၀ နှစ်လောက်နေမှ အသီးသီးပြီး ပျိုးပင်နဲ့ စိုက်ရင်တော့ ၅ နှစ်အတွင်း အသီးသီးပါတယ်။

အပင်တစ်ပင်ကြီးထွားလာဖို့ နှစ်များစွာ စောင့်ဆိုင်းရသော်လည်း အသီးသီးလာချိန်မှာတော့ တစ်ပင်လုံးပြွတ်အောင် သီးတတ်တာမို့ စိုက်ပျိုးထားသူများအတွက် အချိန်ကုန်ခံရကျိုးနပ်စေပြီး စိတ်ကျေနပ်မှု ရစေပါတယ်။ စွတ်စို၍ အက်စစ်ဓာတ်ရှိသော မြေအမျိုးအစားကို နှစ်သက်ပြီး တစ်နှစ်ကို ၂ကြိမ် အပွင့်ပွင့်တတ်ပါတယ်။ အပွင့်ပွင့်ဖို့အတွက် ရိုးတံရှိစရာမလိုဘဲ ပင်စည်ပေါ်နဲ့ သစ်ကိုင်းတွေပေါ်မှာတင်ဘဲ ပွင့်လာတာဖြစ်ပါတယ်။

အပင်ကို ရေအမြဲတမ်းလောင်းပေးပြီး စနစ်တကျ စိုက်ပျိုးထားပါက တစ်နှစ်ပတ်လုံး အသီးအပွင့်များ မပြတ်အောင် သီးတတ်တဲ့အပင်မျိုးဖြစ်ပါတယ်။ အသီးအရွယ်အစားသည် ၄စင်တီမီတာခန့် ရှိပြီး အတွင်းတွင် အစေ့ကြီး ၄ခုခန့် ပါရှိပါတယ်။

ဒီစပျစ်သီးဟာ ဘရာဇီးဈေးကွက်မှာတော့ လူကြိုက်များတဲ့သစ်သီးတစ်မျိုးဖြစ်ပြီး အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကိုလည်း ပြုလုပ်ပါတယ်။ သိုလှောင်သိမ်းဆည်းနိုင်တဲ့သက်တမ်း တိုတောင်းလွန်းတာကြောင့် အမေရိက တဝိုက်ကလွဲလို့ အခြားဒေသတွေမှာ ဒီအသီးတွေကို မြင်တွေ့ရဖို့အလွန်ခက်ပါတယ်။

အသီး၏ အတွင်းသားကို စားသုံးပြီး အခွံကို အခြောက်ခံကာ ပန်းနာရင်ကြပ်ရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတို့ကို ကုသရာတွင် အသုံးပြုကြပါတယ်။  အာသီးယောင်ခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။ ထို့အပြင် ၎င်းအသီးမှာ ကင်ဆာကို တိုက်ဖျက်နိုင်သော ဓါတ်ပေါင်းများကိုလည်းတွေ့ရှိရပါတယ်။ ထို့ကြောင့်လည်း ထူးဆန်းတဲ့ ပုံသဏ္ဍာန်ရှိသော်လည်း ဆေးဘက်ဝင်ပြီး အသုံးတည့်သော အပင်တစ်မျိုးဖြစ်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်)

Leave a Reply