ကမာၻေပၚက တန္ဖုိးအျမင့္ဆုံး ေငြေၾကးစနစ္မ်ား

Posted on

ကြ််န္ေတာ္တုိ႔ ႏုိင္ငံရဲ႕ျမန္မာက်ပ္ေငြဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ေဒၚလာနဲ႔ ယွဥ္ရင္ အဆေပါင္း ၁၅၀၀ နီးပါးကြာျခားေနခဲ့ၿပီျဖစ္ပါတယ္။ ကြ်န္ေတာ္တုိ႔ ျမန္မာက်ပ္ေငြ ဒီေလာက္တန္ဖုိးက်ေနတာေတာင္ ကြ်န္ေတာ္တုိ႔ နဲ႔ ယွဥ္ရင္ အဆေပါင္းမ်ားစြာ နိမ့္က်ေနတဲ့ ေငြေက်းစနစ္ေတြ ကမာၻမွာအမ်ားအျပားရွိပါေသးတယ္။ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ စီးပြားေရး ခုိင္မာမႈ ၊ တုိင္းျပည္၀င္ေငြအနည္းအမ်ား ၊ ေငြေၾကးခုိင္မာမႈေတြအေပၚမွာ ေငြေၾကးတန္ဖုိး အတက္အက်ေတြ ရွိေနပါတယ္။ တခ်ဳိ႕ႏုိင္ငံႀကီးေတြကေတာ့ စီးပြားေရးတုိးတက္လြန္းေပမယ့္ ေငြေၾကးတန္ဖုိးကို ကစားတဲ့အေနနဲ႔ ႏွိမ့္ထားတတ္တာေတြလည္းရွိပါေသးတယ္။ ကမာၻမွာ လူသိအမ်ားဆုံးက အေမရိကန္ေဒၚလာျဖစ္ေပမယ့္ သူ႔ထက္တန္ဖုိးျမင့္တဲ့ ေငြေၾကးစနစ္ေတြရွိေနပါေသးတယ္။ ဒီတစ္ခါေတာ့ ကမာၻ႔တန္ဖုိးအျမင့္ဆုံး ေငြေၾကးစနစ္ ၁၀ မ်ဳိးကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ ေ၀မွ်လုိက္ပါတယ္။ တန္ဖုိးေတြကိုေတာ့ အေမရိကန္ေဒၚလာတန္ဖုိးနဲ႔ပဲ ႏႈိင္းယွဥ္သြားပါမယ္။

၁၀။ ၾသစေၾတးလ်ေဒၚလာ (Australian Dollar)

1 AUD =  0.74 USD

ၾသစေၾတးလ်ေဒၚလာ ဟာ ဩစေၾတးလ် ဓနသဟာယ ႏိုင္ငံရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ဖြံၿဖဳိးၿပီးႏုိင္ငံျဖစ္ၿပီး စီးပြားေရး နဲ႔ နည္းပညာေလာကေတြမွာ ကမာၻ႔ႏုိင္ငံႀကီးေတြနဲ႔ မတိမ္းမယိမ္းရွိတဲ့ ၾသစေၾတးလွ်ဟာ ေငြေၾကးတန္ဖုိးမွာလည္း သိပ္ကြာျခားျခင္းမရွိပါဘူး။ ၾသစေၾတးလ် ေဒၚလာကို ၾသစေၾတးလ်ႏုိင္ငံအျပင္ အနီးအနားက ကြ်န္းစုႏုိင္ငံေတြျဖစ္တဲ့ ပူပါနယူးဂီနီ၊ တုံဂါ ၊ နာအူရူး စတဲ့ႏုိင္ငံေလးေတြမွာလည္း သုံးစြဲၾကပါတယ္။ အေၾကြေစ့ေရာ ၊ ေငြစကၠဴကုိပါ သုံးစြဲပါတယ္။ ၅ဆင့္ကေန ၂ေဒၚလာ အထိက အေၾကြေစ့ေတြျဖစ္ၿပီး ၁ေဒၚလာကေန ၁၀၀ ေဒၚလာ အထိက ေငြစကၠဴေတြျဖစ္ပါတယ္။ အေၾကြေစ့ေတြမွာေတာ့ ၿဗိတိန္အဲလိဇဘက္ဘုရင္မရဲ႕ ရုပ္ပုံေတြပါရွိၿပီး ေငြစကၠဴမွာလည္း ၁ေဒၚလာတန္မွာ ဘုရင္မရဲ႕ပုံနဲ႔ရုိက္ႏွိပ္ထားပါတယ္။ က်န္တဲ့ေငြစကၠဴေတြေပၚမွာေတာ့ ၾသစေၾတးလ်ရဲ႕ နယ္ပယ္အသီးသီးက အထင္ကရပုဂၢဳိလ္ႀကီးေတြရဲ႕ပုံကိုရုိက္ႏွိပ္ထားပါတယ္။

၉။ အေမရိကန္ေဒၚလာ (American Dollor)

1 USD = 1 USD

ကမာၻေပၚက လူသိအမ်ားဆုံး ျဖစ္တဲ့ေငြေၾကးစနစ္ျဖစ္ၿပီး အေမရိကန္ႏုိင္ငံရဲ႕ေငြေၾကးစနစ္ျဖစ္ပါတယ္။ ကမာၻ႔ေနရာအားလုံးနီးပါးမွာ လဲလွယ္သုံးစြဲႏုိင္တဲ့ေငြေၾကးစနစ္ျဖစ္ပါတယ္။ အေၾကြေစ့ေရာ ၊ ေငြစကၠဴကုိပါ သုံးစြဲပါတယ္။ ၁ဆင့္ကေန ၁ေဒၚလာအထိ အေၾကြေစ့ေတြသုံးၿပီး ၁ေဒၚလာကေန ေဒၚလာ ၁၀၀ အထိ ေငြစကၠဴေတြသုံးပါတယ္။ ေငြစကၠဴေတြေပၚမွာေတာ့ အေမရိကန္ရဲ႕ အထင္ကရပုဂၢဳိလ္ႀကီးေတြ သမၼတေတြရဲ႕ ပုံရိပ္ေတြကုိ ရုိက္ႏွိပ္ထားပါတယ္။

၈။ ဆြစ္ဇ္ဖရန္႔ (Swiss Franc)

1 CHF = 1.005 USD

ဒီေငြေၾကးစနစ္ကေတာ့ ဆြစ္ဇာလန္ႏုိင္ငံနဲ႔ လက္ခ်င္းစတိန္းႏုိင္ငံ နဲ႔ အီတလီႏုိင္ငံ Campione ေဒသ တုိ႔ရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ အေမရိကန္ေဒၚလာထက္ တန္ဖုိးျမင့္တဲ့ေငြေၾကးစနစ္ျဖစ္ပါတယ္။ ဆြစ္ဇာလန္ဟာ ကမာၻ႔အခ်မ္းသာဆုံးႏုိင္ငံတစ္ႏုိင္ငံျဖစ္ၿပီး စီးပြားေရးတုိးတက္လြန္းတာေၾကာင့္ သူ႔ရဲ႕ေငြေၾကးစနစ္ကလည္း ျမင့္မားပါတယ္။ အေၾကြေစ့ေရာ ၊ ေငြစကၠဴကုိပါ သုံးစြဲပါတယ္။ ေငြစကၠဴကေတာ့ ၁၀ ဖရန္႔ ကေန ၁၀၀၀ ဖရန္႔အထိရွိပါတယ္။ ၁၉၉၅ခုႏွစ္မွာ ျပန္လည္ရုိက္ႏွိပ္တဲ့ ဆြစ္ေငြစကၠဴေတြရဲ႕ ဒီဇုိင္းက ထူးျခားပါတယ္။ ဘာလုိ႔လဲဆုိေတာ့ ေငြစကၠဴေတြအားလုံးေပၚမွာ ႏုိင္ငံေခါင္းေဆာင္ေတြအစား ကဗ်ာဆရာ ၊ သမုိင္းဆရာ ၊ စာေရးဆရာ ၊ ဗိသုကာပညာရွင္ ၊ ပန္းပု နဲ႔ ပန္းခ်ီပညာရွင္ႀကီးေတြရဲ႕ ပုံရိပ္ေတြကို ရုိက္ႏွိပ္ထားလုိ႔ပါ။

၇။ ေကးမန္းကြ်န္းစုေဒၚလာ ( Cayman Islands Dollar )

1 KYD = 1.20 USD

ေကးမန္းကြ်န္းစု ဆုိတာ ကာေရးဘီးယန္းပင္လယ္ထဲက ၿဗိတိန္တုိ႔ရဲ႕လက္ေအာက္ခံ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရႏုိင္ငံေလးျဖစ္ပါတယ္။ ၁၀၂ စတုရန္းမုိင္ပဲက်ယ္၀န္းတဲ့ ဒီႏုိင္ငံေလးဟာ ဘဏ္စနစ္အလြန္ထြန္းကားၿပီး စီးပြားေရးမွာလည္း ထိပ္တန္းရွိေနပါတယ္။ ေငြေၾကးတန္ဖုိး ဘယ္ေလာက္တည္ၿငိမ္သလဲဆုိရင္ ေကမန္း ၁ေဒၚလာကုိ ၁.၂အေမရိကန္ေဒၚလာ ျဖစ္ေနတာဟာ ၁၉၇၄ခုႏွစ္ကတည္းက ျဖစ္ၿပီး ယခုအခ်ိန္ထိတုိင္ေအာင္ ဒီတန္ဖုိးကို ထိန္းထားႏိုင္တာကိုေတြ႔ရပါတယ္။ ေငြစကၠဴေတြကေတာ့ ၁ေဒၚလာကေန ေဒၚလာ ၁၀၀ တန္အထိရွိၿပီး အားလုံးရဲ႕ေပၚမွာ ၿဗိတိန္ဘုရင္မ အဲလီဇဘက္ရဲ႕့ပုံေတြကုိ ရုိက္ႏွိပ္ထားပါတယ္။

၆။ ဥေရာပယူရုိ (Europe Euro)

1 EUR = 1.24 USD

ယူရုိဇုံ(Eurozone) လုိ႔ေခၚတဲ့ ဥေရာပႏုိင္ငံေပါင္း ၁၉ႏုိင္ငံမွာ သုံးစြဲေနတဲ့ေငြေၾကးစနစ္ျဖစ္ပါတယ္။ ၾသစႀကီးယား ၊ ဘယ္လ္ဂ်ီယန္ ၊ လူဇင္ဘတ္ ၊ ျပင္သစ္ ၊ အီတလီ ၊ နယ္သာလန္ ၊ ဂ်ာမဏီ ၊ ေပၚတူဂီ စတဲ့ ႏုိင္ငံေတြအပါ၀အင္ ႏုိင္ငံေပါင္း ၁၉ႏုိင္ငံမွာ သုံးစြဲပါတယ္။ ေငြစကၠဴအေနနဲ႔ ၅ ယူရုိ ကေန ၂၀၀ ယူရုိအထိ ရွိပါတယ္။ ေငြစကၠဴေတြေပၚမွာေတာ့ ဗိသုကာ အေဆာက္အဦးပုံစံေတြနဲ႔ အတူ ဂရိနတ္သမီး Europa ပုံကို အေရာင္မွိန္မွိန္နဲ႔ ရုိက္ႏွိပ္ထားပါတယ္။

၅။ ေပါင္စတာလင္ (British Pound)

1 GBP = 1.31 USD

ေပါင္စတာလင္ကေတာ့ အားလုံးသိႀကတဲ့အတုိင္း ၿဗိတိန္ႏုိင္ငံေတြရဲ႕ တရား၀င္ေငြေၾကးစနစ္ျဖစ္ပါတယ္။ ကမာၻေပၚမွာ သက္တမ္းအၾကာဆုံး ေငြေၾကးစနစ္ျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၂၀၀ ခန္႔ကတည္းက စတင္သုံးစြဲခဲ့တာျဖစ္ပါတယ္။ ကမာၻေပၚက လူသိအမ်ားဆုံးေငြေၾကးစနစ္တစ္ခုျဖစ္ေပမယ့္ အျမင့္မားဆုံးေငြေၾကးစနစ္မွာေတာ့ နံပါတ္ ၅ ေနရာမွာသာ ရွိပါတယ္။  ေပါင္စတာလင္ရဲ႕ သေကၤတကေတာ့ ‘£’ ျဖစ္ပါတယ္။ အေၾကြေစ့ေရာ ၊ ေငြစကၠဴကုိပါ သုံးစြဲပါတယ္။ ၁ေပါင္ကေန ေပါင္ ၁၀၀ တန္အထိရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ၁ေပါင္ ၊ ၅၀ေပါင္ ၊ ၁၀၀ေပါင္ တန္ေတြကိုေတာ့ အဂၤလန္က ဘဏ္ေတြမွာသုံးစြဲျခင္းမရွိေတာ့ပါဘူး။ သုံးစြဲတဲ့နယ္ေျမအလုိက္ ေငြစကၠဴဒီဇုိင္းေတြဟာ ကြဲျပားသြားပါတယ္။ အဲလီဇဘက္ဘုရင္မႀကီးအျပင္ သမုိင္းထဲက အထင္ကရပုဂၢဳိလ္ႀကီးမ်ား အေဆာက္အအုံမ်ားရဲ႕ပုံေတြကို ရိုက္ႏွိပ္ထားေလ့ရွိပါတယ္။

၄။ ေဂ်ာ္ဒန္ ဒင္နာ (Jordan Dinar)

1 JOD = 1.41 USD

ေဂ်ာ္ဒန္ႏုိင္ငံရဲ႕ ေငြေၾကးစနစ္ျဖစ္ၿပီး ၁၉၅၀ ခုႏွစ္ကတည္းက စတင္အသုံးျပဳခဲ့ပါတယ္။ စီးပြားေရးလြတ္လပ္ခြင့္သာ ရွိေပမယ့္ ေဂ်ာ္ဒန္ဟာ ထုတ္ကုန္သြင္းကုန္ နဲ႔ အျခားစီးပြားေရးလုပ္ငန္းေတြမွာ အရမ္းႀကီးမတုိးတက္တာေၾကာင့္ သူ႕ရဲ႕ေငြေၾကးစနစ္ ဘာေၾကာင့္ျမင့္မားတယ္ဆုိတာကေတာ့ ေျပာရခက္ပါတယ္။ အဓိကကေတာ့ သူ႔ရဲ႕ေငြေၾကးစနစ္ဟာ အေမရိကန္ေဒၚလာ ေပၚမွာ မွီတည္ေနတယ္လုိ႔ ဆုိပါတယ္။ အေမရိကန္ေဒၚလာ တန္ဖုိးျမင့္ရင္ သူလည္းျမင့္မယ္ အေမရိကန္ေဒၚလာတန္ဖုိးနိမ့္ရင္ သူလည္းနိမ့္မယ္ ဆုိတဲ့သေဘာပါ။ ေငြစကၠဴေတြမွာ ၁ဒင္နာ ကေန ၅၀ဒင္နာအထိရွိၿပီး ေဂ်ာ္ဒန္ဘုရင္ေတြရဲ႕ပုံကို ရုိက္ႏွိပ္ထားပါတယ္။

၃။ အုိမန္ရီယယ္ ( Oman Rial)

1 OMR = 2.60 USD

ကမာၻ႔ေငြေၾကးတန္ဖုိးအျမင့္ဆုံး တတိယေနရာမွာ ရပ္တည္ေနတာကေတာ့ အာရပ္ကြ်န္းဆြယ္မွာရွိတဲ့ အုိမန္ႏုိင္ငံရဲ႕ ေငြေၾကးစနစ္ျဖစ္ပါတယ္။ ၁၉၈၀ခုႏွစ္ကတည္းက စီးပြားေရတရွိန္ ထုိးတက္ခဲ့တဲ့ အုိမန္ႏိုင္ငံဟာ ေရနံအဓိက ထုတ္လုပ္တဲ့ႏုိင္ငံတစ္ႏုိင္ငံျဖစ္ပါတယ္။ အခ်မ္းသာဆုံးႏုိင္ငံစာရင္းမွာ မ၀င္ေပမယ့္ အုိမန္ရဲ႕ေရနံေစ်းႏႈန္းဟာ အေမရိကန္ေဒၚလာေပၚမွာ မွီတည္ထားတာေၾကာင့္ ေငြေၾကးတန္ဖုိးတည္ၿငိမ္ျမင့္မားေနတာ ျဖစ္တယ္လုိ႔ သိရပါတယ္။ ေငြစကၠဴအေနနဲ႔ကေတာ့ ၁ baisa ကေန ၅၀ရီယယ္ အထိထုတ္လုပ္ထားပါတယ္။ အိုမန္ေငြစကၠဴေတြမွာေတာ့ အုိမန္ဘုရင္ Qaboos ရဲ႕ ပုံေတြကိုျမင္ရမွာျဖစ္ပါတယ္။

၂။ ဘာရိန္း ဒင္နာ (Bahrain Dinar)

1 BHD = 2.65 USD

ပါရွန္းပင္လယ္ေကြ႔မွာတည္ရွိတဲ့ ဘာရိန္းႏုိင္ငံဟာ စတုရန္းမုိင္ ၃၀၀ ခန္႔သာ က်ယ္၀န္းၿပီး လူဦးေရကလည္း စုစုေပါင္းမွ ၁.၅သန္းခန္႔သာ ရွိတဲ့ႏုိင္ငံေလးပါ။ ဒါေပမယ့္ သူ႔ရဲ႕ေငြေၾကးစနစ္ကေတာ့ ကမာၻေပၚမွာ ဒုတိယေျမာက္ အျမင့္ဆုံးျဖစ္ၿပီး အေမရိကန္ေဒၚလာထက္ ၂ဆခြဲနီးပါး ပုိတန္ဖုိးျမင့္ပါတယ္။ ဘာရိန္းႏုိင္ငံဟာ ေရနံအျပင္ ခရီးသြားလာေရး နဲ႔ ဘဏ္လုပ္ငန္းေတြမွာ ၂၀ရာစုေႏွာင္းပိုင္းကတည္းက  တုိးခ်ဲ႕လုပ္ေဆာင္ခဲ့တဲ့ႏုိင္ငံျဖစ္ပါတယ္။ေသးငယ္တဲ့ႏုိင္ငံနဲ႔မလုိက္ေအာင္ ၀င္ေငြအေျမာက္အမ်ားရရွိတာေၾကာင့္ ကမာၻ႔ဘဏ္ရဲ႕ ၀င္ေငြအမ်ားဆုံးႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခံရတဲ့ႏုိင္ငံလည္းျဖစ္ပါတယ္။ ေငြစကၠဴေတြမွာ ၀.၅ BHD ကေန ၂၀ BHD တန္အထိရွိပါတယ္။ ၁၀တန္ နဲ႔ ၂၀တန္မွာေတာ့ ဘာရိန္းဘုရင္ရဲ႕ ပုံကိုရုိက္ႏွိပ္ထားၿပီး က်န္ေငြစကၠဴေတြမွာေတာ့ အေဆာက္အဦးပုံရိပ္ေတြကုိ ရိုက္ႏွိပ္ထားပါတယ္။

၁။ ကူ၀ိတ္ ဒင္နာ (Kuwait Dinar)

1 KWD = 3.33 USD

ဟုတ္ပါတယ္။ ကမာၻ႔ေငြေၾကးတန္ဖုိးအျမင့္ဆုံးကေတာ့ ကူ၀ိတ္ ဒင္နာပဲျဖစ္ပါတယ္။ ႏုိင္ငံသားတစ္ဦးခ်င္းစီ ႏွစ္စဥ္ပ်မ္းမွ်၀င္ေငြ ေဒၚလာ ၇ေသာင္း ခန္႔ရွိတဲ့ ကူ၀ိတ္ႏုိင္ငံရဲ႕ ေငြေၾကးစနစ္ဟာ အေမရိကန္ေဒၚလာထက္ ၃ဆေက်ာ္ေတာင္ ျမင့္မားေနပါတယ္။ ကမာၻ႔ေစ်းကြက္ကို ေရနံအဓိကတင္ပို႔တဲ့ႏုိင္ငံျဖစ္ၿပီး အာရပ္ကမာၻရဲ႕ဒုတိယအႀကီးမားဆုံး စေတာ့ေစ်းကြက္ကို ပုိင္ဆုိင္ထားတဲ့ႏုိင္ငံလည္းျဖစ္ပါတယ္။ အာရပ္ကမာၻရဲ႕ ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈအမ်ားဆုံး ရရွိထားတဲ့ႏုိင္ငံလည္းျဖစ္ပါတယ္။ ကူ၀ိတ္ဗဟုိဘဏ္ကေန ၀.၂၅ဒင္နာ ကေန ၂၀ ဒင္နာ တန္ အထိ ေငြစကၠဴမ်ားကို ထုတ္လုပ္ထားၿပီး ေငြစကၠဴေတြေပၚမွာေတာ့ ကူ၀ိတ္ရဲ႕ သမုိင္း၀င္အေဆာက္အအုံပုံေတြကို ရုိက္ႏွိပ္ထားပါတယ္။

သုတဇုန္

————-

ကမ္ဘာပေါ်က တန်ဖိုးအမြင့်ဆုံး ငွေကြေးစနစ်များ (unicode)

ကျွ်န်တော်တို့ နိုင်ငံရဲ့မြန်မာကျပ်ငွေဟာ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် အဆပေါင်း ၁၅၀၀ နီးပါးကွာခြားနေခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာကျပ်ငွေ ဒီလောက်တန်ဖိုးကျနေတာတောင် ကျွန်တော်တို့ နဲ့ ယှဉ်ရင် အဆပေါင်းများစွာ နိမ့်ကျနေတဲ့ ငွေကျေးစနစ်တွေ ကမ္ဘာမှာအများအပြားရှိပါသေးတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ခိုင်မာမှု ၊ တိုင်းပြည်ဝင်ငွေအနည်းအများ ၊ ငွေကြေးခိုင်မာမှုတွေအပေါ်မှာ ငွေကြေးတန်ဖိုး အတက်အကျတွေ ရှိနေပါတယ်။ တချို့နိုင်ငံကြီးတွေကတော့ စီးပွားရေးတိုးတက်လွန်းပေမယ့် ငွေကြေးတန်ဖိုးကို ကစားတဲ့အနေနဲ့ နှိမ့်ထားတတ်တာတွေလည်းရှိပါသေးတယ်။ ကမ္ဘာမှာ လူသိအများဆုံးက အမေရိကန်ဒေါ်လာဖြစ်ပေမယ့် သူ့ထက်တန်ဖိုးမြင့်တဲ့ ငွေကြေးစနစ်တွေရှိနေပါသေးတယ်။ ဒီတစ်ခါတော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ငွေကြေးစနစ် ၁၀ မျိုးကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ ဝေမျှလိုက်ပါတယ်။ တန်ဖိုးတွေကိုတော့ အမေရိကန်ဒေါ်လာတန်ဖိုးနဲ့ပဲ နှိုင်းယှဉ်သွားပါမယ်။

၁၀။ ဩစတြေးလျဒေါ်လာ (Australian Dollar)

1 AUD =  0.74 USD

ဩစတြေးလျဒေါ်လာ ဟာ ဩစတြေးလျ ဓနသဟာယ နိုင်ငံရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ဖွံဖြိုးပြီးနိုင်ငံဖြစ်ပြီး စီးပွားရေး နဲ့ နည်းပညာလောကတွေမှာ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ မတိမ်းမယိမ်းရှိတဲ့ ဩစတြေးလျှဟာ ငွေကြေးတန်ဖိုးမှာလည်း သိပ်ကွာခြားခြင်းမရှိပါဘူး။ ဩစတြေးလျ ဒေါ်လာကို ဩစတြေးလျနိုင်ငံအပြင် အနီးအနားက ကျွန်းစုနိုင်ငံတွေဖြစ်တဲ့ ပူပါနယူးဂီနီ၊ တုံဂါ ၊ နာအူရူး စတဲ့နိုင်ငံလေးတွေမှာလည်း သုံးစွဲကြပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ၅ဆင့်ကနေ ၂ဒေါ်လာ အထိက အကြွေစေ့တွေဖြစ်ပြီး ၁ဒေါ်လာကနေ ၁၀၀ ဒေါ်လာ အထိက ငွေစက္ကူတွေဖြစ်ပါတယ်။ အကြွေစေ့တွေမှာတော့ ဗြိတိန်အဲလိဇဘက်ဘုရင်မရဲ့ ရုပ်ပုံတွေပါရှိပြီး ငွေစက္ကူမှာလည်း ၁ဒေါ်လာတန်မှာ ဘုရင်မရဲ့ပုံနဲ့ရိုက်နှိပ်ထားပါတယ်။ ကျန်တဲ့ငွေစက္ကူတွေပေါ်မှာတော့ ဩစတြေးလျရဲ့ နယ်ပယ်အသီးသီးက အထင်ကရပုဂ္ဂိုလ်ကြီးတွေရဲ့ပုံကိုရိုက်နှိပ်ထားပါတယ်။

၉။ အမေရိကန်ဒေါ်လာ (American Dollor)

1 USD = 1 USD

ကမ္ဘာပေါ်က လူသိအများဆုံး ဖြစ်တဲ့ငွေကြေးစနစ်ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ ကမ္ဘာ့နေရာအားလုံးနီးပါးမှာ လဲလှယ်သုံးစွဲနိုင်တဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ၁ဆင့်ကနေ ၁ဒေါ်လာအထိ အကြွေစေ့တွေသုံးပြီး ၁ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အထိ ငွေစက္ကူတွေသုံးပါတယ်။ ငွေစက္ကူတွေပေါ်မှာတော့ အမေရိကန်ရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးတွေ သမ္မတတွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်ထားပါတယ်။

၈။ ဆွစ်ဇ်ဖရန့် (Swiss Franc)

1 CHF = 1.005 USD

ဒီငွေကြေးစနစ်ကတော့ ဆွစ်ဇာလန်နိုင်ငံနဲ့ လက်ချင်းစတိန်းနိုင်ငံ နဲ့ အီတလီနိုင်ငံ Campione ဒေသ တို့ရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာထက် တန်ဖိုးမြင့်တဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ ဆွစ်ဇာလန်ဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး စီးပွားရေးတိုးတက်လွန်းတာကြောင့် သူ့ရဲ့ငွေကြေးစနစ်ကလည်း မြင့်မားပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ငွေစက္ကူကတော့ ၁၀ ဖရန့် ကနေ ၁၀၀၀ ဖရန့်အထိရှိပါတယ်။ ၁၉၉၅ခုနှစ်မှာ ပြန်လည်ရိုက်နှိပ်တဲ့ ဆွစ်ငွေစက္ကူတွေရဲ့ ဒီဇိုင်းက ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ငွေစက္ကူတွေအားလုံးပေါ်မှာ နိုင်ငံခေါင်းဆောင်တွေအစား ကဗျာဆရာ ၊ သမိုင်းဆရာ ၊ စာရေးဆရာ ၊ ဗိသုကာပညာရှင် ၊ ပန်းပု နဲ့ ပန်းချီပညာရှင်ကြီးတွေရဲ့ ပုံရိပ်တွေကို ရိုက်နှိပ်ထားလို့ပါ။

၇။ ကေးမန်းကျွန်းစုဒေါ်လာ ( Cayman Islands Dollar )

1 KYD = 1.20 USD

ကေးမန်းကျွန်းစု ဆိုတာ ကာရေးဘီးယန်းပင်လယ်ထဲက ဗြိတိန်တို့ရဲ့လက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံလေးဖြစ်ပါတယ်။ ၁၀၂ စတုရန်းမိုင်ပဲကျယ်ဝန်းတဲ့ ဒီနိုင်ငံလေးဟာ ဘဏ်စနစ်အလွန်ထွန်းကားပြီး စီးပွားရေးမှာလည်း ထိပ်တန်းရှိနေပါတယ်။ ငွေကြေးတန်ဖိုး ဘယ်လောက်တည်ငြိမ်သလဲဆိုရင် ကေမန်း ၁ဒေါ်လာကို ၁.၂အမေရိကန်ဒေါ်လာ ဖြစ်နေတာဟာ ၁၉၇၄ခုနှစ်ကတည်းက ဖြစ်ပြီး ယခုအချိန်ထိတိုင်အောင် ဒီတန်ဖိုးကို ထိန်းထားနိုင်တာကိုတွေ့ရပါတယ်။ ငွေစက္ကူတွေကတော့ ၁ဒေါ်လာကနေ ဒေါ်လာ ၁၀၀ တန်အထိရှိပြီး အားလုံးရဲ့ပေါ်မှာ ဗြိတိန်ဘုရင်မ အဲလီဇဘက်ရဲ့ပုံတွေကို ရိုက်နှိပ်ထားပါတယ်။

၆။ ဥရောပယူရို (Europe Euro)

1 EUR = 1.24 USD

ယူရိုဇုံ(Eurozone) လို့ခေါ်တဲ့ ဥရောပနိုင်ငံပေါင်း ၁၉နိုင်ငံမှာ သုံးစွဲနေတဲ့ငွေကြေးစနစ်ဖြစ်ပါတယ်။ ဩစကြီးယား ၊ ဘယ်လ်ဂျီယန် ၊ လူဇင်ဘတ် ၊ ပြင်သစ် ၊ အီတလီ ၊ နယ်သာလန် ၊ ဂျာမဏီ ၊ ပေါ်တူဂီ စတဲ့ နိုင်ငံတွေအပါဝအင် နိုင်ငံပေါင်း ၁၉နိုင်ငံမှာ သုံးစွဲပါတယ်။ ငွေစက္ကူအနေနဲ့ ၅ ယူရို ကနေ ၂၀၀ ယူရိုအထိ ရှိပါတယ်။ ငွေစက္ကူတွေပေါ်မှာတော့ ဗိသုကာ အဆောက်အဦးပုံစံတွေနဲ့ အတူ ဂရိနတ်သမီး Europa ပုံကို အရောင်မှိန်မှိန်နဲ့ ရိုက်နှိပ်ထားပါတယ်။

၅။ ပေါင်စတာလင် (British Pound)

1 GBP = 1.31 USD

ပေါင်စတာလင်ကတော့ အားလုံးသိကြတဲ့အတိုင်း ဗြိတိန်နိုင်ငံတွေရဲ့ တရားဝင်ငွေကြေးစနစ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး ငွေကြေးစနစ်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၀၀ ခန့်ကတည်းက စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူသိအများဆုံးငွေကြေးစနစ်တစ်ခုဖြစ်ပေမယ့် အမြင့်မားဆုံးငွေကြေးစနစ်မှာတော့ နံပါတ် ၅ နေရာမှာသာ ရှိပါတယ်။  ပေါင်စတာလင်ရဲ့ သင်္ကေတကတော့ ‘£’ ဖြစ်ပါတယ်။ အကြွေစေ့ရော ၊ ငွေစက္ကူကိုပါ သုံးစွဲပါတယ်။ ၁ပေါင်ကနေ ပေါင် ၁၀၀ တန်အထိရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ၁ပေါင် ၊ ၅၀ပေါင် ၊ ၁၀၀ပေါင် တန်တွေကိုတော့ အင်္ဂလန်က ဘဏ်တွေမှာသုံးစွဲခြင်းမရှိတော့ပါဘူး။ သုံးစွဲတဲ့နယ်မြေအလိုက် ငွေစက္ကူဒီဇိုင်းတွေဟာ ကွဲပြားသွားပါတယ်။ အဲလီဇဘက်ဘုရင်မကြီးအပြင် သမိုင်းထဲက အထင်ကရပုဂ္ဂိုလ်ကြီးများ အဆောက်အအုံများရဲ့ပုံတွေကို ရိုက်နှိပ်ထားလေ့ရှိပါတယ်။

၄။ ဂျော်ဒန် ဒင်နာ (Jordan Dinar)

1 JOD = 1.41 USD

ဂျော်ဒန်နိုင်ငံရဲ့ ငွေကြေးစနစ်ဖြစ်ပြီး ၁၉၅၀ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ စီးပွားရေးလွတ်လပ်ခွင့်သာ ရှိပေမယ့် ဂျော်ဒန်ဟာ ထုတ်ကုန်သွင်းကုန် နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေမှာ အရမ်းကြီးမတိုးတက်တာကြောင့် သူ့ရဲ့ငွေကြေးစနစ် ဘာကြောင့်မြင့်မားတယ်ဆိုတာကတော့ ပြောရခက်ပါတယ်။ အဓိကကတော့ သူ့ရဲ့ငွေကြေးစနစ်ဟာ အမေရိကန်ဒေါ်လာ ပေါ်မှာ မှီတည်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်ရင် သူလည်းမြင့်မယ် အမေရိကန်ဒေါ်လာတန်ဖိုးနိမ့်ရင် သူလည်းနိမ့်မယ် ဆိုတဲ့သဘောပါ။ ငွေစက္ကူတွေမှာ ၁ဒင်နာ ကနေ ၅ဝဒင်နာအထိရှိပြီး ဂျော်ဒန်ဘုရင်တွေရဲ့ပုံကို ရိုက်နှိပ်ထားပါတယ်။

၃။ အိုမန်ရီယယ် ( Oman Rial)

1 OMR = 2.60 USD

ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်ဆုံး တတိယနေရာမှာ ရပ်တည်နေတာကတော့ အာရပ်ကျွန်းဆွယ်မှာရှိတဲ့ အိုမန်နိုင်ငံရဲ့ ငွေကြေးစနစ်ဖြစ်ပါတယ်။ ၁၉၈ဝခုနှစ်ကတည်းက စီးပွားရေတရှိန် ထိုးတက်ခဲ့တဲ့ အိုမန်နိုင်ငံဟာ ရေနံအဓိက ထုတ်လုပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အချမ်းသာဆုံးနိုင်ငံစာရင်းမှာ မဝင်ပေမယ့် အိုမန်ရဲ့ရေနံဈေးနှုန်းဟာ အမေရိကန်ဒေါ်လာပေါ်မှာ မှီတည်ထားတာကြောင့် ငွေကြေးတန်ဖိုးတည်ငြိမ်မြင့်မားနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ငွေစက္ကူအနေနဲ့ကတော့ ၁ baisa ကနေ ၅ဝရီယယ် အထိထုတ်လုပ်ထားပါတယ်။ အိုမန်ငွေစက္ကူတွေမှာတော့ အိုမန်ဘုရင် Qaboos ရဲ့ ပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။

၂။ ဘာရိန်း ဒင်နာ (Bahrain Dinar)

1 BHD = 2.65 USD

ပါရှန်းပင်လယ်ကွေ့မှာတည်ရှိတဲ့ ဘာရိန်းနိုင်ငံဟာ စတုရန်းမိုင် ၃၀၀ ခန့်သာ ကျယ်ဝန်းပြီး လူဦးရေကလည်း စုစုပေါင်းမှ ၁.၅သန်းခန့်သာ ရှိတဲ့နိုင်ငံလေးပါ။ ဒါပေမယ့် သူ့ရဲ့ငွေကြေးစနစ်ကတော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အမြင့်ဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာထက် ၂ဆခွဲနီးပါး ပိုတန်ဖိုးမြင့်ပါတယ်။ ဘာရိန်းနိုင်ငံဟာ ရေနံအပြင် ခရီးသွားလာရေး နဲ့ ဘဏ်လုပ်ငန်းတွေမှာ ၂ဝရာစုနှောင်းပိုင်းကတည်းက  တိုးချဲ့လုပ်ဆောင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။သေးငယ်တဲ့နိုင်ငံနဲ့မလိုက်အောင် ဝင်ငွေအမြောက်အများရရှိတာကြောင့် ကမ္ဘာ့ဘဏ်ရဲ့ ဝင်ငွေအများဆုံးနိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခံရတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ငွေစက္ကူတွေမှာ ၀.၅ BHD ကနေ ၂၀ BHD တန်အထိရှိပါတယ်။ ၁ဝတန် နဲ့ ၂ဝတန်မှာတော့ ဘာရိန်းဘုရင်ရဲ့ ပုံကိုရိုက်နှိပ်ထားပြီး ကျန်ငွေစက္ကူတွေမှာတော့ အဆောက်အဦးပုံရိပ်တွေကို ရိုက်နှိပ်ထားပါတယ်။

၁။ ကူဝိတ် ဒင်နာ (Kuwait Dinar)

1 KWD = 3.33 USD

ဟုတ်ပါတယ်။ ကမ္ဘာ့ငွေကြေးတန်ဖိုးအမြင့်ဆုံးကတော့ ကူဝိတ် ဒင်နာပဲဖြစ်ပါတယ်။ နိုင်ငံသားတစ်ဦးချင်းစီ နှစ်စဉ်ပျမ်းမျှဝင်ငွေ ဒေါ်လာ ၇သောင်း ခန့်ရှိတဲ့ ကူဝိတ်နိုင်ငံရဲ့ ငွေကြေးစနစ်ဟာ အမေရိကန်ဒေါ်လာထက် ၃ဆကျော်တောင် မြင့်မားနေပါတယ်။ ကမ္ဘာ့ဈေးကွက်ကို ရေနံအဓိကတင်ပို့တဲ့နိုင်ငံဖြစ်ပြီး အာရပ်ကမ္ဘာရဲ့ဒုတိယအကြီးမားဆုံး စတော့ဈေးကွက်ကို ပိုင်ဆိုင်ထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အာရပ်ကမ္ဘာရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများဆုံး ရရှိထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ကူဝိတ်ဗဟိုဘဏ်ကနေ ၀.၂၅ဒင်နာ ကနေ ၂၀ ဒင်နာ တန် အထိ ငွေစက္ကူများကို ထုတ်လုပ်ထားပြီး ငွေစက္ကူတွေပေါ်မှာတော့ ကူဝိတ်ရဲ့ သမိုင်းဝင်အဆောက်အအုံပုံတွေကို ရိုက်နှိပ်ထားပါတယ်။

Leave a Reply