ကမာၻ႔သမုိင္းထဲက ထူးထူးျခားျခား ကံအေကာင္းဆုံးလူ

Posted on

ေရးသားသူ – Aung Kham Kyaw (InNews Myanmar)

သမုိင္းတစ္ေလွ်ာက္ သူ႔ေလာက္ အေနာက္သန္တဲ့သူ၊ ကံေကာင္းတဲ့သူ မရွိေတာ့ပါဘူး။ ထူးျခားတာကေတာ့ သူေပါက္ပန္းေလးဆယ္ စိတ္ကူးေပါက္ရာလုပ္သမွ်ဟာ ေအာင္ျမင္မႈေတြျဖစ္သြားတာပါ။ ပညာအရည္အခ်င္း လံုးဝမရွိေပမယ့္ သူထုတ္တဲ့ စာအုပ္က ကမၻာေက်ာ္သြားရပါတယ္။ သူ႔အေၾကာင္းက ဒီလိုပါ။

သူ႔နာမည္က Timothy Dexter လို႔အမည္ရျပီး ၁၇၄၈ ဇန္နဝါရီ ၂၈ ၊ အေမရိကန္ Malden ျမိဳ ႔ဖြားျဖစ္ပါတယ္။ ေက်ာင္းမတက္ပဲ အသက္ ၈ ႏွစ္ကစလို႔ အလယ္အလုပ္ လုပ္ပါတယ္။ အသက္ ၁၆ ႏွစ္မွာေတာ့ အထည္ခ်ဳပ္အတတ္ သင္ ဝန္ထမ္းျဖစ္လာျပီး အသက္ ၂၁ ႏွစ္ေက်ာ္မွာ မုဆိုးမ သူေဌးအမ်ိဳးသမီး တစ္ဦးနဲ႔ ညားပါတယ္။ အဲ့ဒီကစလို႔ သူ႔ဘဝက အလြဲလြဲေတြ စျဖစ္ေတာတာပါပဲ။

သူေဌးအမ်ိဳးသမီးနဲ႔ ညားၿပီး ခ်မ္းသာသူ ျဖစ္တဲ့အတြက္ ဘယ္သူမွ အထင္မၾကီးပါဘူး။ စစခ်င္း စီးပြားေရးအေနနဲ႔ အေမရိကန္ေငြေၾကးေတြ ဝယ္စုပါတယ္။ အမွန္ေတာ့ အေမရိကန္ေငြေၾကးစနစ္ ပ်က္စီးခါနီးအခ်ိန္ျဖစ္ ပါတယ္။ အေမရိကန္ေတာ္လွန္ေရးစစ္ပြဲအျပီးေတာ့ ျပန္လည္ေရာင္းခ်တဲ့အခါ မရႈံးတဲ့အျပင္ အျမတ္အစြန္းမ်ားစြာ ရရွိပါတယ္။

အဂၤလန္လိုအေအးပိုင္းေဒသမွာ သံုးရတဲ့ အပူေပး ပစၥည္းေတြကို အိႏၵိယမွာ သြားေရာင္းဖို႔ အားလံုး ဝိုင္းေျမွာက္ေပးၾကပါတယ္။ တကယ္သြားေရာင္းေတာ့ မထင္မွတ္ပဲ အေရာင္းထြက္ျပီး အျမတ္ရရွိျပန္ပါတယ္။ ေပၚတူဂီလို သားေရေပါတဲ့ေနရာ ကို လက္အိတ္ေရာင္းဖို႔ ဝိုင္းေျမာက္ေတာ့လည္း သြားေရာင္းျပန္တယ္။ တရုတ္သေဘၤာနဲ႔ တိုးျပီး ပါမွ် လက္အိတ္နဲ႔ သားေရ ထုတ္ကုန္ေတြ အကုန္ေရာင္းထြက္သြားျပန္တယ္။

အိႏၵိယကို  ဘာသာေရးက်မ္းစာေတြ သယ္ျပီးေရာင္းပါတယ္။ ကာေရးဘီယန္ဘက္အျခမ္းကို ေၾကာင္ေတြ တင္ေရာင္းပါတယ္။ သူမ်ားေျမာက္ေပးသမွ် လုပ္တာဆုိေပမယ့္ လုပ္သမွ် ေပါက္ေျမာက္ေအာင္ျမင္တယ္။ အေရွ ႔ပိုင္းေဒသမွာ ဘာသာေရးအဖြဲ႔အစည္းေတြ တိုးပြားလာျပီး ကာေရးဘီးယန္ မွာ ၾကြက္ေပါတဲ့အခ်ိန္ မို႔လို႔ က်မ္းစာေရာ၊ ေၾကာင္ေရာ အျမတ္မ်ားမ်ားနဲ႔ အေရာင္းထြက္ခဲ့တာျဖစ္ပါတယ္။

New England က အထက္တန္းလူ႔အဖြဲ႔အစည္းကေတာ့ Dexter နဲ႔ အေပါင္းအသင္း မလုပ္ၾကပါဘူး။ သုိ႔သည့္တိုင္ သူ႔အတြက္ ေအးေဆး ပဲ ျဖစ္ပါတယ္။ Newburyport ျမိဳ ႔မွာ နန္းေတာ္ သဖြယ္ ေနစရာ အိမ္အၾကီးၾကီးေဆာက္ပါတယ္။ ကမၻာေက်ာ္ ပုဂၢိဳလ္ ဦးေရ ၄၀ ရဲ ႔ ရုပ္တုေတြကို ျခံဝိုင္းပတ္ပတ္လည္လည္မွာ ထြင္းထု တည္ေဆာက္ ပါတယ္။ ေဂ်ာ့ဝါရွင္တန္လို သမၼတ အျပင္ သူကိုယ္တိုင္ရဲ ႔ ရုပ္တုကိုေတာင္ ထြင္းထုျပီး ထားပါတယ္။

အသက္ ၅၀ ေရာက္ေတာ့  Pickle for the Knowing Ones or Plain Truth in a Homespun Dress အမည္ရတဲ့ စာအုပ္ထုတ္ပါတယ္။ စာလံုး အလံုးေရ ၈၈၄၇ လံုး ပါရွိတဲ့ စာအုပ္ျဖစ္ျပီး အလကား ျဖန္႔ေဝပါတယ္။ စာေၾကာင္းေတြ တစ္ေၾကာင္းမွ မမွန္ပါဘူး။ ဝါက်အထားအသို တစ္လြဲေတြခ်ည္း ျဖစ္ပါတယ္။ သူ႔အေၾကာင္းေတြ ေရးထားတဲ့ စာအုပ္ျဖစ္ျပီး အဲ့လို အလြဲလြဲျဖစ္သည့္တိုင္ အားေပးသူ မ်ားပါတယ္။ ဒါေၾကာင့္ ဒုတိယအၾကိမ္ေျမာက္ေအာင္ ထပ္မံ ထုတ္ေဝရပါေသးတယ္။

ဝါက်မွားတာေတြကို လိုသလိုျပင္ဖတ္ပါ ဆုိျပီးေတာင္ ေနာက္ဆံုးစာမ်က္ႏွာမွာ အပို ၁၃ ေၾကာင္းေတာင္ ထည့္ေပး လိုက္ပါေသးတယ္။ ဒါလည္း ေရာင္းမေလာက္ျဖစ္ခဲ့ပါေသးတယ္။ စာအုပ္ထဲမွာ သူ႔ကိုယ္သူ ပုပ္ရဟန္းမင္းၾကီးလိုလို၊ ဘုရားသခင္လိုလိုေျပာ ဆုိ  ေရးသားပါတယ္။ ႏိုင္ငံေရးလည္း သူဥာဏ္မွီ သေလာက္ ေရးပါတယ္။ ရယ္စရာလိုျဖစ္ေနေပမယ့္ အားလံုး စိတ္ဝင္တစား ရွိခဲ့ပါတယ္။

သူ႔ဘဝတစ္ေလွ်ာက္ အၾကီးမားဆံုး လွည့္ကြက္တစ္ခုနဲ႔ေတာင္ လွည့္စားခဲ့ ပါေသးတယ္။ သူ႔ကိုယ္သူ ေသျပီလို႔ေၾကညာျပီး လူဘယ္ႏွစ္ေယာက္ သူ႔ကုိ စိတ္ဝင္တစား ရွိလည္း ဆုိတာ သိခ်င္လုိ႔ ျဖစ္ပါတယ္။ အေလာင္းေကာင္ အျဖစ္ ဟန္ေဆာင္ထားခ်ိန္ လာၾကည့္သူေပါင္း လူ ၃ ေထာင္ေက်ာ္ျပီး တကယ္မေသဘူးလို႔ ျပန္ထျပီး လာသမွ်လူေတြကို ဆံုးမလိုက္ပါေသးတယ္။ ဒီလို ဘဝသက္တမ္း တစ္ေလွ်ာက္ တလြဲတေခ်ာ္နဲ႔ အေနာက္သန္ခဲ့သူ ျဖစ္ ပါတယ္။

၁၈၀၆ ေအာက္တိုဘာမွာေတာ့ တကယ္ ကြယ္လြန္ခဲ့ပါတယ္။ သုိ႔ေပမယ့္ သူ႔ရဲ ႔ ထူးဆန္းတဲ့အမူအက်င့္၊ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ အေမရိကန္ရဲ ႔ လူသိထင္ရွား သမုိင္းထဲမွာ ယေန႔တိုင္ တည္ရွိေနပါေသးတယ္။ ပညာ မတတ္ ဥာဏ္မေကာင္းသည့္တိုင္ ႏိုင္ငံေက်ာ္ျဖစ္သြားရတဲ့ Timothy Dexter ရဲ ႔ ျဖစ္ရပ္ဟာ ယေန႔တိုင္ ရယ္စရာ အျဖစ္ သမိုင္းတြင္လ်က္ ရွိေၾကာင္း သိရပါတယ္။



Ref: wiki

Aung Kham Kyaw
Internatinal News For Myanmar

———————

ကမ္ဘာ့သမိုင်းထဲက ထူးထူးခြားခြား ကံအကောင်းဆုံးလူ (unicode)

ရေးသားသူ – Aung Kham Kyaw (InNews Myanmar)

သမိုင်းတစ်လျှောက် သူ့လောက် အနောက်သန်တဲ့သူ၊ ကံကောင်းတဲ့သူ မရှိတော့ပါဘူး။ ထူးခြားတာကတော့ သူပေါက်ပန်းလေးဆယ် စိတ်ကူးပေါက်ရာလုပ်သမျှဟာ အောင်မြင်မှုတွေဖြစ်သွားတာပါ။ ပညာအရည်အချင်း လုံးဝမရှိပေမယ့် သူထုတ်တဲ့ စာအုပ်က ကမ္ဘာကျော်သွားရပါတယ်။ သူ့အကြောင်းက ဒီလိုပါ။

သူ့နာမည်က Timothy Dexter လို့အမည်ရပြီး ၁၇၄၈ ဇန်နဝါရီ ၂၈ ၊ အမေရိကန် Malden မြို့ဖွားဖြစ်ပါတယ်။ ကျောင်းမတက်ပဲ အသက် ၈ နှစ်ကစလို့ အလယ်အလုပ် လုပ်ပါတယ်။ အသက် ၁၆ နှစ်မှာတော့ အထည်ချုပ်အတတ် သင် ဝန်ထမ်းဖြစ်လာပြီး အသက် ၂၁ နှစ်ကျော်မှာ မုဆိုးမ သူဌေးအမျိုးသမီး တစ်ဦးနဲ့ ညားပါတယ်။ အဲ့ဒီကစလို့ သူ့ဘဝက အလွဲလွဲတွေ စဖြစ်တောတာပါပဲ။

သူဌေးအမျိုးသမီးနဲ့ ညားပြီး ချမ်းသာသူ ဖြစ်တဲ့အတွက် ဘယ်သူမှ အထင်မကြီးပါဘူး။ စစချင်း စီးပွားရေးအနေနဲ့ အမေရိကန်ငွေကြေးတွေ ဝယ်စုပါတယ်။ အမှန်တော့ အမေရိကန်ငွေကြေးစနစ် ပျက်စီးခါနီးအချိန်ဖြစ် ပါတယ်။ အမေရိကန်တော်လှန်ရေးစစ်ပွဲအပြီးတော့ ပြန်လည်ရောင်းချတဲ့အခါ မရှုံးတဲ့အပြင် အမြတ်အစွန်းများစွာ ရရှိပါတယ်။

အင်္ဂလန်လိုအအေးပိုင်းဒေသမှာ သုံးရတဲ့ အပူပေး ပစ္စည်းတွေကို အိန္ဒိယမှာ သွားရောင်းဖို့ အားလုံး ဝိုင်းမြှောက်ပေးကြပါတယ်။ တကယ်သွားရောင်းတော့ မထင်မှတ်ပဲ အရောင်းထွက်ပြီး အမြတ်ရရှိပြန်ပါတယ်။ ပေါ်တူဂီလို သားရေပေါတဲ့နေရာ ကို လက်အိတ်ရောင်းဖို့ ဝိုင်းမြောက်တော့လည်း သွားရောင်းပြန်တယ်။ တရုတ်သင်္ဘောနဲ့ တိုးပြီး ပါမျှ လက်အိတ်နဲ့ သားရေ ထုတ်ကုန်တွေ အကုန်ရောင်းထွက်သွားပြန်တယ်။

အိန္ဒိယကို  ဘာသာရေးကျမ်းစာတွေ သယ်ပြီးရောင်းပါတယ်။ ကာရေးဘီယန်ဘက်အခြမ်းကို ကြောင်တွေ တင်ရောင်းပါတယ်။ သူများမြောက်ပေးသမျှ လုပ်တာဆိုပေမယ့် လုပ်သမျှ ပေါက်မြောက်အောင်မြင်တယ်။ အရှေ့ပိုင်းဒေသမှာ ဘာသာရေးအဖွဲ့အစည်းတွေ တိုးပွားလာပြီး ကာရေးဘီးယန် မှာ ကြွက်ပေါတဲ့အချိန် မို့လို့ ကျမ်းစာရော၊ ကြောင်ရော အမြတ်များများနဲ့ အရောင်းထွက်ခဲ့တာဖြစ်ပါတယ်။

New England က အထက်တန်းလူ့အဖွဲ့အစည်းကတော့ Dexter နဲ့ အပေါင်းအသင်း မလုပ်ကြပါဘူး။ သို့သည့်တိုင် သူ့အတွက် အေးဆေး ပဲ ဖြစ်ပါတယ်။ Newburyport မြို့မှာ နန်းတော် သဖွယ် နေစရာ အိမ်အကြီးကြီးဆောက်ပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ် ဦးရေ ၄၀ ရဲ့ ရုပ်တုတွေကို ခြံဝိုင်းပတ်ပတ်လည်လည်မှာ ထွင်းထု တည်ဆောက် ပါတယ်။ ဂျော့ဝါရှင်တန်လို သမ္မတ အပြင် သူကိုယ်တိုင်ရဲ့ ရုပ်တုကိုတောင် ထွင်းထုပြီး ထားပါတယ်။

အသက် ၅၀ ရောက်တော့  Pickle for the Knowing Ones or Plain Truth in a Homespun Dress အမည်ရတဲ့ စာအုပ်ထုတ်ပါတယ်။ စာလုံး အလုံးရေ ၈၈၄၇ လုံး ပါရှိတဲ့ စာအုပ်ဖြစ်ပြီး အလကား ဖြန့်ဝေပါတယ်။ စာကြောင်းတွေ တစ်ကြောင်းမှ မမှန်ပါဘူး။ ဝါကျအထားအသို တစ်လွဲတွေချည်း ဖြစ်ပါတယ်။ သူ့အကြောင်းတွေ ရေးထားတဲ့ စာအုပ်ဖြစ်ပြီး အဲ့လို အလွဲလွဲဖြစ်သည့်တိုင် အားပေးသူ များပါတယ်။ ဒါကြောင့် ဒုတိယအကြိမ်မြောက်အောင် ထပ်မံ ထုတ်ဝေရပါသေးတယ်။

ဝါကျမှားတာတွေကို လိုသလိုပြင်ဖတ်ပါ ဆိုပြီးတောင် နောက်ဆုံးစာမျက်နှာမှာ အပို ၁၃ ကြောင်းတောင် ထည့်ပေး လိုက်ပါသေးတယ်။ ဒါလည်း ရောင်းမလောက်ဖြစ်ခဲ့ပါသေးတယ်။ စာအုပ်ထဲမှာ သူ့ကိုယ်သူ ပုပ်ရဟန်းမင်းကြီးလိုလို၊ ဘုရားသခင်လိုလိုပြော ဆို  ရေးသားပါတယ်။ နိုင်ငံရေးလည်း သူဥာဏ်မှီ သလောက် ရေးပါတယ်။ ရယ်စရာလိုဖြစ်နေပေမယ့် အားလုံး စိတ်ဝင်တစား ရှိခဲ့ပါတယ်။

သူ့ဘဝတစ်လျှောက် အကြီးမားဆုံး လှည့်ကွက်တစ်ခုနဲ့တောင် လှည့်စားခဲ့ ပါသေးတယ်။ သူ့ကိုယ်သူ သေပြီလို့ကြေညာပြီး လူဘယ်နှစ်ယောက် သူ့ကို စိတ်ဝင်တစား ရှိလည်း ဆိုတာ သိချင်လို့ ဖြစ်ပါတယ်။ အလောင်းကောင် အဖြစ် ဟန်ဆောင်ထားချိန် လာကြည့်သူပေါင်း လူ ၃ ထောင်ကျော်ပြီး တကယ်မသေဘူးလို့ ပြန်ထပြီး လာသမျှလူတွေကို ဆုံးမလိုက်ပါသေးတယ်။ ဒီလို ဘဝသက်တမ်း တစ်လျှောက် တလွဲတချော်နဲ့ အနောက်သန်ခဲ့သူ ဖြစ် ပါတယ်။

၁၈၀၆ အောက်တိုဘာမှာတော့ တကယ် ကွယ်လွန်ခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ ထူးဆန်းတဲ့အမူအကျင့်၊ လုပ်ဆောင်ချက်များကြောင့် အမေရိကန်ရဲ့ လူသိထင်ရှား သမိုင်းထဲမှာ ယနေ့တိုင် တည်ရှိနေပါသေးတယ်။ ပညာ မတတ် ဥာဏ်မကောင်းသည့်တိုင် နိုင်ငံကျော်ဖြစ်သွားရတဲ့ Timothy Dexter ရဲ့ ဖြစ်ရပ်ဟာ ယနေ့တိုင် ရယ်စရာ အဖြစ် သမိုင်းတွင်လျက် ရှိကြောင်း သိရပါတယ်။

Ref: wiki

Aung Kham Kyaw
Internatinal News For Myanmar

Leave a Reply